သူေဌးႀကီး လင္ခ်င္းေခ်ာင္းရဲ႕ သမိုင္း၀င္ ခ်င္းေခ်ာင္း နန္းေတာ္

Posted on

ေရးသားသူ – ေမာင္သာ(ေရွးေဟာင္းသုေတသန)

ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္ ၊ ကမၻာေအးေစတီလမ္း အမွတ္(၁၃၁)တြင္ တည္ရွိသည့္ ကေမၻာဇရိပ္သာ ဟု ထင္ရွားေသာခ်င္းေခ်ာင္းနန္းေတာ္သည္  သက္တမ္း ႏွစ္ တစ္ရာျပည့္ခဲ့ၿပီျဖစ္သည္။

ခ်င္းေခ်ာင္းနန္းေတာ္ကို ျမန္မာႏိုင္ငံတြင္ အေျခခ်ေနထိုင္ခဲ့သည့္ တရုတ္လူမ်ိဳး မစၥတာ လင္ခ်င္းေခ်ာင္း(Mr. Lim Chin Tsong)က ၁၉၁၅ ခုႏွစ္တြင္ တည္ေဆာက္ခဲ့သည္။ အနီေရာင္အုတ္မ်ား၊ အစိမ္းေရာင္အုတ္ၾကြပ္မ်ားျဖင့္ တည္ေဆာက္ ထားသည့္ အထပ္ ငါး ထပ္ပါဝင္ေသာ ေပ ၁၂၀ ျမင့္သည့္ ခ်င္းေခ်ာင္း နန္းေတာ္ အေဆာက္အအံု သည္ တရုတ္ႏိုင္ငံ၊ေဘဂ်င္းၿမိဳ႕ရွိ Yihe Yuan ေႏြရာသီနန္းေတာ္ မွ Fu Xiang ပြဲၾကည့္ေဆာင္ ႏွင့္ ပုံသ႑ာန္ ဆင္တူသည္။ ခ်င္းေခ်ာင္းနန္းေတာ္သည္ အေရွ႕တိုင္း ႏွင့္ အေနာက္တိုင္း ဗိသုကာ ဒီဇိုင္းမ်ား ကို ေပါင္းစပ္တည္ေဆာက္ထားသည့္ ကိုလိုနီေခတ္ လက္ရာအေဆာက္အအုံ ျဖစ္သည္။ ေကာင္းကင္ အျမင့္မွၾကည့္လွ်င္ ၾကယ္ပြင့္ ပုံ သ႑ာန္ ျမင္ရ သည့္ ခ်င္းေခ်ာင္းနန္းေတာ္ကို ႏွစ္ ႏွစ္ ေက်ာ္ၾကာ တည္ေဆာက္ခဲ့ရၿပီး ႐ူပီးေငြ ႏွစ္ ဒသမ ႏွစ္သန္း ေက်ာ္ ကုန္က်ခဲ့ ကာ ၁၉၁၈ ခုႏွစ္တြင္ၿပီးစီးခဲ့သည္။

ခ်င္းေခ်ာင္းနန္းေတာ္သည္ ေအာက္ပိုင္းကို အဂၤလိပ္ အိမ္ႀကီးရခိုင္ပုံစံယူထားၿပီး အေပၚပိုင္းကို တရုတ္ ဘုရားေက်ာင္းပုံစံ ယူကာ အထက္သို႕ ခၽြန္လ်က္ တည္ေဆာက္ထားသည္။ အေဆာက္အအုံ တစ္ခုမွာပင္အေနာက္တိုင္း ႏွင့္ အေရွ႕တိုင္းပုံစံ ႏွစ္မ်ိဳးကို ထူးထူး ျခားျခား ယွဥ္တြဲ ထားသည့္ ပုံစံျဖစ္သည္။နန္းေတာ္ အထက္တြင္ အဂၤလိပ္ပုံစံ ရာသီဥတု ႏွင့္ ေလတိုက္ႏႈန္း ညႊန္းတံ ဇာမဏီ ငွက္ရုပ္ေလး တစ္ခုတပ္ဆင္ထားကာ အေဆာက္အအုံတြင္ ျပဴတင္းေပါက္အမ်ားအျပားထည့္သြင္းထားသည္။(၂၀၀၈ ခုႏွစ္ နာဂစ္ မုန္တိုင္းေၾကာင့္ ယခုအခါတြင္ ထို ငွက္ရုပ္ကေလးမရွိေတာ့ပါ)။ နန္းေတာ္ ေရွ႕ ပန္းဥယ်ာဥ္အား သန္႕ရွင္းသပ္ရပ္ေသာ အဂၤလိပ္ပုံစံ ပန္းၿခံ အျဖစ္ဖန္တီးထားသည္။ ဒုတိယထပ္တြင္ ဥယ်ာဥ္တစ္ခုလုံးကို ပတ္ပတ္လည္ ျမင္ႏိုင္သည့္ လသာေဆာင္ကို ထည့္သြင္း တည္ ေဆာက္ထားသည္။

မစၥတာ လင္ခ်င္းေခ်ာင္းသည္ နန္းေတာ္ ဟု တင္စားေခၚဆိုသည့္ သူ၏ေနအိမ္ႀကီးကို တ႐ုတ္ ႏွင့္ အီတလီႏိုင္ငံမွ မွာယူခဲ့ ေသာ ပစၥည္းမ်ားျဖင့္ အလွဆင္ခဲ့သည္။ အေဆာက္အုံ အတြင္းပိုင္းဒီဇိုင္းမ်ား ျပဳလုပ္ရန္ အဂၤလန္ႏိုင္ငံမွ ထင္ရွားသည့္ အဂၤလိပ္ လူမ်ိဳး ပန္းခ်ီဆရာ Ernest Procter ႏွင့္ ဇနီးျဖစ္သူ ပန္းခ်ီဆရာမ Dod Procter တို႔ ကို ဖိတ္ေခၚခဲ့သည္။ အေဆာက္အအုံ အတြင္း ပိုင္း နံရံပန္းခ်ီမ်ားကို ယင္းအဂၤလိပ္ ပန္းခ်ီ ဆရာ ေမာင္ႏွံ က ေရးဆြဲခဲ့သည္။

လင္ခ်င္းေခ်ာင္းသည္ သူ၏ ခ်င္းေခ်ာင္းနန္းေတာ္တြင္ ဧည့္ခံပြဲမ်ားစြာ က်င္းပျပဳလုပ္ခဲ့ရာ၁၉၂၀ ျပည့္ႏွစ္တြင္ အေရွ႕ေတာင္ အာရွသို႔ ခရီးထြက္လာေသာ ျပင္သစ္ဝန္ႀကီးခ်ဳပ္ Georges Clemenceau ျမန္မာႏိုင္ငံသို႔ ေရာက္ရွိခဲ့စဥ္ လင္ခ်င္းေခ်ာင္းက ျပင္သစ္ ၀န္ႀကီးခ်ဳပ္အား ခ်င္းေခ်ာင္းနန္းေတာ္သို႔ ဖိတ္ေခၚဧည့္ခံခဲ့သည္။ ကမၻာေက်ာ္ စာေရးဆရာ ေမာလင္ေကာလစ္သည္ လင္ခ်င္းေခ်ာင္း ကြယ္လြန္ ၿပီးေနာက္ ခ်င္းေခ်ာင္းနန္းေတာ္သို႕ လာေရာက္လည္ပတ္ခဲ့ဖူးသည္။ ေမာရစ္ေကာလစ္က ခ်င္းေခ်ာင္းနန္းေတာ္၌ တ႐ုတ္ ေၾကြထည္မ်ား၊ ပါရွန္း ေကာေဇာမ်ား၊ ေၾကးသြန္း စည္ႀကီးမ်ား၊ ေျပာင္လက္ေနေသာၾကမ္းခင္းမ်ား၊ အျဖဴေရာင္အေမႊးပြ ေခြးေလး တစ္ေကာင္ တို႔ႏွင့္ အတူ ့္ ျမန္မာပန္းခ်ီဆရာႀကီး ဦးဘဉာဏ္ ၏ လက္ရာပန္းခ်ီကား ကို ေတြ႕ရွိခဲ့ရေၾကာင္း သူ၏ “ေနဝင္ ဘုရင္မ်ား” စာအုပ္ တြင္ ေရးသားခဲ့ သည္။

လင္ခ်င္းေခ်ာင္းသည္ တ႐ုတ္လူမ်ိဳး စီးပြားေရး လုပ္ငန္းရွင္ႀကီး တစ္ဦးျဖစ္ၿပီး ေရာ္ဘာစိုက္ပ်ိဳးေရးလုပ္ငန္း၊အထည္အလိပ္ လုပ္ငန္း၊ ဆီလုပ္ငန္း၊ ဆန္ကုန္သြယ္ေရး၊ သတၲဳတူးေဖာ္ျခင္းႏွင့္ ဘဏ္လုပ္ငန္း မ်ားကို ေအာင္ျမင္စြာ ေဆာင္ရြက္ႏိုင္ခဲ့သည္။ လင္ ခ်င္းေခ်ာင္းအား တ႐ုတ္ႏိုင္ငံ ဖူက်န္႔ (Fujian) ျပည္နယ္မွ ျမန္မာႏိုင္ငံသို႔ ၁၈၆၁ ခုႏွစ္တြင္ ေျပာင္းေရႊ႕ အေျခ ခ်ခဲ့ သည့္ တ႐ုတ္ လူမ်ိဳး လင္ဆူဟင္း (Lim Soo Hean) က ၁၈၆၇ ခုႏွစ္ ေအာက္တိုဘာလ ၂၈ ရက္တြင္ေမြးဖြားခဲ့သည္။ လင္ခ်င္းေခ်ာင္း၏ ဖခင္ သည္ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိ လာၿပီးေနာက္ ဆန္ႏွင့္ စိုက္ပ်ိဳးေရး ထြက္ကုန္ မ်ား အေရာင္းအ၀ယ္လုပ္ငန္းကို လုပ္ကိုင္ခဲ့သည္။

ယင္းအခ်ိန္သည္ ၿဗိတိသွ်တို႔က ေအာက္ျမန္မာႏိုင္ငံကို သိမ္းပိုက္ၿပီးေနာက္ အထက္ ျမန္မာႏိုင္ငံကို ဆက္လက္ သိမ္းပိုက္ ရန္ ႀကံစည္ေနခ်ိန္ျဖစ္သည္။ လင္ဆူဟင္းသည္ အဂၤလိပ္မ်ားႏွင့္ စီးပြားေရးယွဥ္ၿပိဳင္ လုပ္ကိုင္ခဲ့ရာတြင္ အဓိက ရင္ဆိုင္ခဲ့ရသည့္ အခက္ အခဲတစ္ခုျဖစ္သည့္ ပညာေရး အားနည္းမႈကို ေကာင္းစြာ သေဘာေပါက္ သိရွိခဲ့သျဖင့္ မိမိ၏ သားျဖစ္သူ လင္ခ်င္းေခ်ာင္းကို ရန္ကုန္ၿမိဳ႕ရွိ စိန္႔ေပါလ္ ေက်ာင္း(ယခု ဗိုလ္တေထာင္ အထက ၆ ) ႏွင့္ ရန္ကုန္ ေကာလိပ္ တို႕တြင္ အဂၤလိပ္စာ ေကာင္းစြာ တတ္ ေျမာက္ေစရန္ ပညာသင္ယူေစခဲ့သည္။

၁၈၈၅ ခုႏွစ္တြင္ လင္ဆူဟင္းကြယ္လြန္သြားသည့္အခါ အသက္ ၁၈ ႏွစ္သာရွိေသးသည့္ လင္ခ်င္ေခ်ာင္းသည္ ဖခင္၏ စီးပြားေရးလုပ္ငန္းမ်ား ကို ဆက္ခံ လုပ္ကိုင္ခဲ့ သည္။ ထိုႏွစ္မွာပင္ သီေပါမင္းႏွင့္ မိဖုရားတို႔ ပါေတာ္မူကာ ျမန္မာတစ္ႏိုင္ငံလံုး ၿဗိတိသွ်တို႔ လက္ေအာက္သို႔ က်ေရာက္ခဲ့သည္။ ထို႕ေၾကာင့္ လင္ခ်င္းေခ်ာင္းသည္ အဂံလိပ္မ်ားႏွင့္ စီးပြားေရးယွဥ္ၿပိဳင္ လုပ္ကိုင္ခဲ့ ရသည္။ ငယ္ရြယ္တက္ၾကြေသာ လင္ခ်င္းေခ်ာင္း သည္ ပင္လယ္ကူး သေဘၤာမ်ား ဝယ္ယူကာ သူ၏ စီးပြားေရးလုပ္ငန္းကို စကၤာပူ၊ ပီနန္၊ ေဟာင္ေကာင္၊ ကြမ္တံု ႏွင့္ အမြိဳင္ တို႔အထိ တိုးခ်ဲ႕လုပ္ေဆာင္ခဲ့သည္။လန္ဒန္တြင္ အေျခစိုက္သည့္ ေရနံကုမၸဏီႀကီး ျဖစ္ ေသာ ဘားမားေရနံ ေကာ္ပိုေရးရွင္း (BOC) က လင္ခ်င္းေခ်ာင္းအား ၁၈၉၁ ခုႏွစ္တြင္ ေဒသတြင္း တစ္ဦးတည္း ကိုယ္စားလွယ္ အျဖစ္ခန္႕အပ္ခဲ့သည္။

ထို႕ေၾကာင့္ လင္ခ်င္းေခ်ာင္းသည္ျမန္မာႏုိင္ငံအတြင္းေရနံျဖန္႕ျဖဴးေရးကိုလုပ္ကိုင္ခဲ့ရုံသာမက ပီနန္၊စကၤာပူ၊ ေဟာင္ေကာင္ ႏွင့္ အမြိဳင္ ေဒသမ်ားအထိ ေရနံျဖန္႕ျဖဴးေရာင္းခ်ႏိုင္ခဲ့သည္။ေရနံလုပ္ငန္းေၾကာင့္ လင္ခ်င္းေခ်ာင္းသည္ အလြန္ ၾကြယ္ဝလာခဲ့ကာ ေရနံ တင္သေဘၤာမ်ားကို ပိုင္ဆိုင္ခဲ့သည္။ ေရာ္ဘာ၊ ဂြမ္း၊ဆီစက္၊ ဓာတ္သတၳဳတူးေဖာ္ေရးလုပ္ငန္းမ်ားကို တိုးခ်ဲ႕ လုပ္ကိုင္ခဲ့သည္။ပင္လယ္ ရပ္ျခားတြင္ အေျခစိုက္သည့္ အခ်မ္းသာဆံုး တ႐ုတ္လူမ်ိဳး လုပ္ငန္းရွင္တစ္ဦးျဖစ္လာခဲ့သည္။ လင္ခ်င္း ေခ်ာင္းသည္ ျမန္မာအမည္ ပိုးဥေခၚ Tan Guat Tean ႏွင့္ လက္ထပ္ ခဲ့ ကာ သားသမီးရွစ္ဦးထြန္းကားခဲ့သည္။

လင္ခ်င္းေခ်ာင္းသည္ ထည္ထည္ဝါဝါ ေနထိုင္သူတစ္ေယာက္ျဖစ္သကဲ့သို႕ပရဟိတလုပ္ငန္းမ်ားတြင္ လည္းသဒၶါတရား ထက္သန္စြာ လွဴဒါန္းသူ တစ္ေယာက္ ျဖစ္သည္။ ရန္ကုန္ၿမိဳ႕တြင္ အဂၤလိပ္စာသင္ၾကားေရးေက်ာင္းမ်ား ႏွင့္ အမ်ိဳး သမီးေဆး႐ံတစ္ရုံ ေဆာက္လုပ္ရန္ ေငြမ်ားလွဴဒါန္းခဲ့သည္။ ၁၉၀၅ ခုႏွစ္တြင္ သူႏွင့္ သူ၏စီးပြားဖက္မ်ားက ရန္ကုန္ ၿမိဳ႕တြင္ အဂၤလိပ္ႏွင့္ တ႐ုတ္ကျပား ေယာက္်ားေလးမ်ားႏွင့္ မိန္းကေလးမ်ားအတြက္ Anglo Vernacular ေက်ာင္းမ်ားတည္ ေထာင္ ခဲ့သည္။ ေနာက္ ႏွစ္ ႏွစ္အၾကာ ၁၉၀၇ ခုႏွစ္တြင္ လင္ခ်င္းေခ်ာင္းေက်ာင္းဟု ထင္ရွားသည့္ ကိုယ္ပိုင္ေက်ာင္းကို တည္ေထာင္ ခဲ့ သည္။ အဆိုပါေက်ာင္းမွ အဂၤလိပ္ ဘာသာျဖင့္ ေလ့က်င့္သင္ၾကားေပးထားသည့္ ပညာတတ္ အေျမာက္အျမား ေပၚထြက္ခဲ့ၿပီး ရန္ကုန္ၿမိဳ႕ တြင္ လာေရာက္ပညာ သင္ယူၾကသည့္ ေဟာင္ေကာင္ႏွင့္ မကာအိုမွ ေက်ာင္းသားမ်ားလည္း ပါဝင္သည္ဟု ဆိုေပသည္။

လင္ခ်င္းေခ်ာင္းသည္ ျမန္မာႏိုင္ငံ ဥပေဒျပဳ ေကာင္စီ၏အဖြဲ႕ဝင္ျဖစ္လာခဲ့ၿပီး ၁၉၁၉ ခုႏွစ္တြင္ ပထမကမၻာစစ္အတြင္းက အစိုးရကို ေငြေၾကးေထာက္ပံ့မႈမ်ားေပးခဲ့သျဖင့္ ၿဗိတိသွ် အင္ပါယာ ဂုဏ္ထူး ေဆာင္ဘြဲ႕ (OBE) ခ်ီးျမႇင့္ျခင္းခဲ့ရသည္။ ၁၉၂၁ ခုႏွစ္ တြင္ ၿဗိတိသွ် အစိုးရက အိႏၵိယႏိုင္ငံမွအပ အျခားႏိုင္ငံမ်ားသို႔ ဆန္တင္ပို႔ ေရာင္းခ်ျခင္းကို ပိတ္ပင္လိုက္သည့္အခါ ျမန္မာႏိုင္ငံ၏ ဆန္ေစ်း ကြက္ ပ်က္ခဲ့ရကာ လင္ခ်င္းေခ်ာင္း၏ စီးပြားေရးလုပ္ငန္းမ်ား ရပ္တံ့ခဲ့သည္။ လင္ခ်င္းေခ်ာင္း၏ဆန္ ေရာင္း၀ယ္မႈလုပ္ငန္း ပ်က္စီးသြားခဲ့ သည္။

႐ုတ္ျခည္း စီးပြားက်ခဲ့ကာ သူ၏ ႐ိုးရြိဳက္စ္ကားမ်ား အပါအဝင္ ပိုင္ဆိုင္မႈမ်ားကို ေရာင္းခ်ခဲ့ရၿပီး မိတ္ေဆြ မ်ားထံ မွ ေငြ ေခ်း ငွားရသည့္ အေနအထားသို႕ ေရာက္ရွိသြားခဲ့သည္။ထိုအခ်ိန္မွာပင္ ပင္လယ္ကူးမီးသေဘၤာနစ္ျမဳပ္မႈမ်ားႏွင့္ ထပ္မံရင္ဆိုင္ ရျပန္သည္။ လင္ခ်င္းေခ်ာင္းသည္ မိမိႏွင့္ ပူးေပါင္းလုပ္ကိုင္ခဲ့သူတို႕၏ လိမ္လည္မႈမ်ား၊မွားယြင္းစြာခ်ဳပ္ဆိုမိခဲ့ေသာစာခ်ဳပ္မ်ားေၾကာင့္ သူ၏ကုမၸဏီသည္ အေၾကြးမ်ားျဖင့္ ပတ္လည္၀ိုင္းခဲ့သည္။ တစ္ခ်ိန္က အလြန္ ခ်မ္းသာၾကြယ္ဝ ခဲ့ ေသာ တ႐ုတ္သူေဌးႀကီး လင္ခ်င္းေခ်ာင္း၏ ေနာက္ဆံုးေန႔ ရက္မ်ားသည္ ဆင္းရဲ သား လူမြဲတစ္ေယာက္ အျဖစ္ ဘ၀နိဂုံးခ်ဳပ္ခဲ့ရသည္။ လင္ခ်င္းေခ်ာင္းသည္ ခ်င္းေခ်ာင္းနန္း ေတာ္ ႀကီး ဖြင့္လွစ္ၿပီး သုံး ႏွစ္အၾကာ ၁၉၂၃ ခု ႏွစ္၊ ႏို၀င္ဘာလ ၅ ရက္တြင္ ႏွလုံးေရာဂါျဖင့္ အိပ္ေပ်ာ္ေနစဥ္ ကြယ္လြန္ခဲ့သည္။

၁၉၂၄ ခုႏွစ္ ဇြန္လ ၁၀ ရက္တြင္ ခ်င္းေခ်ာင္း နန္းေတာ္ ကို ေဒ၀ါလီခံ ေၾကြးသိမ္းပစၥည္းအျဖစ္ေၾကညာခဲ့သည္။ ခ်င္းေခ်ာင္းနန္းေတာ္သည္ ဂ်ပန္ လူမ်ိဳး ေၾကြးရွင္တစ္ေယာက္၏လက္သို႔ ပထမဆံုး ေရာက္ရွိသြားၿပီး ၁၉၄၁ ခုႏွစ္မွ ၁၉၄၅ ခုႏွစ္ အတြင္း ျမန္မာႏိုင္ငံကို ဂ်ပန္တို႔ အုပ္စိုးထားစဥ္ ေရဒီယို အသံလႊင့္ဌာနအျဖစ္ အသံုးျပဳခဲ့သည္။ ေနာက္ပိုင္းတြင္ အိႏၵိယ လူမ်ိဳး စီးပြားေရးသမားမ်ား လက္ေအာက္သို႔ ေရာက္ရွိသြားၿပီး ၁၉၅၁ ခုႏွစ္တြင္ ႏိုင္ငံေတာ္ပိုင္ ကေမၻာဇရိပ္သာ ျဖစ္လာခဲ့ကာ ၁၉၈၈ ခုႏွစ္ အထိ လမ္းစဥ္လူငယ္ စည္း႐ံုးေရး ဗဟိုေကာ္မတီ ဌာနခ်ဳပ္ အျဖစ္ ဖြင့္လွစ္ခဲ့သည္။ ၁၉၈၈ ခုႏွစ္ ေနာက္ပိုင္းတြင္ ယဥ္ေက်းမႈ ဝန္ႀကီး ဌာနမွ ထိန္းသိမ္းထားခဲ့သည္။

ကိုလိုနီေခတ္လက္ရာ ေရွး ေဟာင္းအေဆာက္အအုံ တစ္ခုျဖစ္သည့္ ခ်င္းေခ်ာင္းနန္းေတာ္သည္ ယဥ္ေက်းမႈ အေမြအႏွစ္ေဒသမ်ား ကာကြယ္ထိန္း သိမ္း ေရး ဥပေဒ ပုဒ္မ၂ (က) အရ ယဥ္ေက်းမႈအေမြအႏွစ္အျဖစ္ ကိုက္ညီမႈရွိသျဖင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာန က ယဥ္ေက်းမႈအေမြ အႏွစ္ အျဖစ္ ၂၀၁၅ ခုႏွစ္ ဇူလိုင္လ ၇ ရက္တြင္ သတ္မွတ္ခဲ့သည္။ ယခုအခါတြင္ ကေမၻာဇရိပ္သာ(ခ်င္းေခ်ာင္းနန္းေတာ္)သည္ ယဥ္ေက်းမႈ၀န္ႀကီးဌာန၏ကြပ္ကဲမႈေအာက္တြင္ရွိကာ အႏုပညာဦးစီးဌာနက အႏုပညာအထက္တန္းေက်ာင္း ဖြင့္လွစ္ထားသည္။

ကေမၻာဇ ရိပ္သာ (ခ်င္းေခ်ာင္းနန္းေတာ္) သည္ ဆယ္စုႏွစ္ ဆယ္ခုနီးပါး ျမန္မာႏိုင္ငံ၏ သမိုင္းအဆက္ဆက္ကို ျဖတ္သန္းခဲ့ သည့္ သမိုင္း၀င္ အေဆာက္အဦတစ္ခု ျဖစ္သျဖင့္ ယင္းအေဆာက္အအုံကို ယဥ္ေက်းမႈအေမြအႏွစ္ေဒသ ေရွးေဟာင္းအထိမ္းအမွတ္ အေဆာက္အအုံတည္ရွိရာ ဇုန္( Ancient Monumental Zone) အျဖစ္ သတ္မွတ္ႏိုင္ရန္ ယဥ္ေက်းမႈ၀န္ႀကီးဌာနက ဥပေဒႏွင့္ နည္း ဥပေဒမ်ားပါ ျပ႒ာန္းခ်က္မ်ား လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္ရြက္လ်က္ရွိေနသည္။သို႕ျဖစ္ေပရာ ကိုလိုနီေခတ္လက္ရာေရွး ေဟာင္း သမိုင္း၀င္ အေဆာက္အအုံႀကီးအား ေရရွည္တည္တံ့ ေနေစရန္ အားလုံးက ၀ိုင္း၀န္းထိန္းသိမ္းၾကျခင္းျဖင့္ ျမန္မာ့အတိတ္ သမိုင္း သက္ေသ တစ္ခုကို ေစာင့္ေရွာက္ရာ ေရာက္မည္သာျဖစ္ေပသည္။

ေမာင္သာ(ေရွးေဟာင္းသုေတသန)
၆ ၊ ၉ ၊ ၂၀၁၅ ရက္ထုတ္ ျမန္မာ့အလင္း သတင္းစာမွ

—————-

သူဌေးကြီး လင်ချင်းချောင်းရဲ့ သမိုင်းဝင် ချင်းချောင်း နန်းတော် (unicode)

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ၊ ကမ္ဘာအေးစေတီလမ်း အမှတ်(၁၃၁)တွင် တည်ရှိသည့် ကမ္ဘောဇရိပ်သာ ဟု ထင်ရှားသောချင်းချောင်းနန်းတော်သည်  သက်တမ်း နှစ် တစ်ရာပြည့်ခဲ့ပြီဖြစ်သည်။

ချင်းချောင်းနန်းတော်ကို မြန်မာနိုင်ငံတွင် အခြေချနေထိုင်ခဲ့သည့် တရုတ်လူမျိုး မစ္စတာ လင်ချင်းချောင်း(Mr. Lim Chin Tsong)က ၁၉၁၅ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ အနီရောင်အုတ်များ၊ အစိမ်းရောင်အုတ်ကြွပ်များဖြင့် တည်ဆောက် ထားသည့် အထပ် ငါး ထပ်ပါဝင်သော ပေ ၁၂၀ မြင့်သည့် ချင်းချောင်း နန်းတော် အဆောက်အအုံ သည် တရုတ်နိုင်ငံ၊ဘေဂျင်းမြို့ရှိ Yihe Yuan နွေရာသီနန်းတော် မှ Fu Xiang ပွဲကြည့်ဆောင် နှင့် ပုံသဏ္ဍာန် ဆင်တူသည်။ ချင်းချောင်းနန်းတော်သည် အရှေ့တိုင်း နှင့် အနောက်တိုင်း ဗိသုကာ ဒီဇိုင်းများ ကို ပေါင်းစပ်တည်ဆောက်ထားသည့် ကိုလိုနီခေတ် လက်ရာအဆောက်အအုံ ဖြစ်သည်။ ကောင်းကင် အမြင့်မှကြည့်လျှင် ကြယ်ပွင့် ပုံသဏ္ဍာန် မြင်ရ သည့် ချင်းချောင်းနန်းတော်ကို နှစ် နှစ် ကျော်ကြာ တည်ဆောက်ခဲ့ရပြီး ရူပီးငွေ နှစ် ဒသမ နှစ်သန်း ကျော် ကုန်ကျခဲ့ ကာ ၁၉၁၈ ခုနှစ်တွင်ပြီးစီးခဲ့သည်။

ချင်းချောင်းနန်းတော်သည် အောက်ပိုင်းကို အင်္ဂလိပ် အိမ်ကြီးရခိုင်ပုံစံယူထားပြီး အပေါ်ပိုင်းကို တရုတ် ဘုရားကျောင်းပုံစံ ယူကာ အထက်သို့ ချွန်လျက် တည်ဆောက်ထားသည်။ အဆောက်အအုံ တစ်ခုမှာပင်အနောက်တိုင်း နှင့် အရှေ့တိုင်းပုံစံ နှစ်မျိုးကို ထူးထူး ခြားခြား ယှဉ်တွဲ ထားသည့် ပုံစံဖြစ်သည်။နန်းတော် အထက်တွင် အင်္ဂလိပ်ပုံစံ ရာသီဥတု နှင့် လေတိုက်နှုန်း ညွှန်းတံ ဇာမဏီ ငှက်ရုပ်လေး တစ်ခုတပ်ဆင်ထားကာ အဆောက်အအုံတွင် ပြူတင်းပေါက်အများအပြားထည့်သွင်းထားသည်။(၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းကြောင့် ယခုအခါတွင် ထို ငှက်ရုပ်ကလေးမရှိတော့ပါ)။ နန်းတော် ရှေ့ ပန်းဥယျာဉ်အား သန့်ရှင်းသပ်ရပ်သော အင်္ဂလိပ်ပုံစံ ပန်းခြံ အဖြစ်ဖန်တီးထားသည်။ ဒုတိယထပ်တွင် ဥယျာဉ်တစ်ခုလုံးကို ပတ်ပတ်လည် မြင်နိုင်သည့် လသာဆောင်ကို ထည့်သွင်း တည် ဆောက်ထားသည်။

မစ္စတာ လင်ချင်းချောင်းသည် နန်းတော် ဟု တင်စားခေါ်ဆိုသည့် သူ၏နေအိမ်ကြီးကို တရုတ် နှင့် အီတလီနိုင်ငံမှ မှာယူခဲ့ သော ပစ္စည်းများဖြင့် အလှဆင်ခဲ့သည်။ အဆောက်အုံ အတွင်းပိုင်းဒီဇိုင်းများ ပြုလုပ်ရန် အင်္ဂလန်နိုင်ငံမှ ထင်ရှားသည့် အင်္ဂလိပ် လူမျိုး ပန်းချီဆရာ Ernest Procter နှင့် ဇနီးဖြစ်သူ ပန်းချီဆရာမ Dod Procter တို့ ကို ဖိတ်ခေါ်ခဲ့သည်။ အဆောက်အအုံ အတွင်း ပိုင်း နံရံပန်းချီများကို ယင်းအင်္ဂလိပ် ပန်းချီ ဆရာ မောင်နှံ က ရေးဆွဲခဲ့သည်။

လင်ချင်းချောင်းသည် သူ၏ ချင်းချောင်းနန်းတော်တွင် ဧည့်ခံပွဲများစွာ ကျင်းပပြုလုပ်ခဲ့ရာ၁၉၂၀ ပြည့်နှစ်တွင် အရှေ့တောင် အာရှသို့ ခရီးထွက်လာသော ပြင်သစ်ဝန်ကြီးချုပ် Georges Clemenceau မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ် လင်ချင်းချောင်းက ပြင်သစ် ဝန်ကြီးချုပ်အား ချင်းချောင်းနန်းတော်သို့ ဖိတ်ခေါ်ဧည့်ခံခဲ့သည်။ ကမ္ဘာကျော် စာရေးဆရာ မောလင်ကောလစ်သည် လင်ချင်းချောင်း ကွယ်လွန် ပြီးနောက် ချင်းချောင်းနန်းတော်သို့ လာရောက်လည်ပတ်ခဲ့ဖူးသည်။ မောရစ်ကောလစ်က ချင်းချောင်းနန်းတော်၌ တရုတ် ကြွေထည်များ၊ ပါရှန်း ကောဇောများ၊ ကြေးသွန်း စည်ကြီးများ၊ ပြောင်လက်နေသောကြမ်းခင်းများ၊ အဖြူရောင်အမွှေးပွ ခွေးလေး တစ်ကောင် တို့နှင့် အတူ ့္ မြန်မာပန်းချီဆရာကြီး ဦးဘဉာဏ် ၏ လက်ရာပန်းချီကား ကို တွေ့ရှိခဲ့ရကြောင်း သူ၏ “နေဝင် ဘုရင်များ” စာအုပ် တွင် ရေးသားခဲ့ သည်။

လင်ချင်းချောင်းသည် တရုတ်လူမျိုး စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ပြီး ရော်ဘာစိုက်ပျိုးရေးလုပ်ငန်း၊အထည်အလိပ် လုပ်ငန်း၊ ဆီလုပ်ငန်း၊ ဆန်ကုန်သွယ်ရေး၊ သတ္တုတူးဖော်ခြင်းနှင့် ဘဏ်လုပ်ငန်း များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ လင် ချင်းချောင်းအား တရုတ်နိုင်ငံ ဖူကျန့် (Fujian) ပြည်နယ်မှ မြန်မာနိုင်ငံသို့ ၁၈၆၁ ခုနှစ်တွင် ပြောင်းရွှေ့ အခြေ ချခဲ့ သည့် တရုတ် လူမျိုး လင်ဆူဟင်း (Lim Soo Hean) က ၁၈၆၇ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင်မွေးဖွားခဲ့သည်။ လင်ချင်းချောင်း၏ ဖခင် သည် ရန်ကုန်မြို့သို့ ရောက်ရှိ လာပြီးနောက် ဆန်နှင့် စိုက်ပျိုးရေး ထွက်ကုန် များ အရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

ယင်းအချိန်သည် ဗြိတိသျှတို့က အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် အထက် မြန်မာနိုင်ငံကို ဆက်လက် သိမ်းပိုက် ရန် ကြံစည်နေချိန်ဖြစ်သည်။ လင်ဆူဟင်းသည် အင်္ဂလိပ်များနှင့် စီးပွားရေးယှဉ်ပြိုင် လုပ်ကိုင်ခဲ့ရာတွင် အဓိက ရင်ဆိုင်ခဲ့ရသည့် အခက် အခဲတစ်ခုဖြစ်သည့် ပညာရေး အားနည်းမှုကို ကောင်းစွာ သဘောပေါက် သိရှိခဲ့သဖြင့် မိမိ၏ သားဖြစ်သူ လင်ချင်းချောင်းကို ရန်ကုန်မြို့ရှိ စိန့်ပေါလ် ကျောင်း(ယခု ဗိုလ်တထောင် အထက ၆ ) နှင့် ရန်ကုန် ကောလိပ် တို့တွင် အင်္ဂလိပ်စာ ကောင်းစွာ တတ် မြောက်စေရန် ပညာသင်ယူစေခဲ့သည်။

၁၈၈၅ ခုနှစ်တွင် လင်ဆူဟင်းကွယ်လွန်သွားသည့်အခါ အသက် ၁၈ နှစ်သာရှိသေးသည့် လင်ချင်ချောင်းသည် ဖခင်၏ စီးပွားရေးလုပ်ငန်းများ ကို ဆက်ခံ လုပ်ကိုင်ခဲ့ သည်။ ထိုနှစ်မှာပင် သီပေါမင်းနှင့် မိဖုရားတို့ ပါတော်မူကာ မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှတို့ လက်အောက်သို့ ကျရောက်ခဲ့သည်။ ထို့ကြောင့် လင်ချင်းချောင်းသည် အဂံလိပ်များနှင့် စီးပွားရေးယှဉ်ပြိုင် လုပ်ကိုင်ခဲ့ ရသည်။ ငယ်ရွယ်တက်ကြွသော လင်ချင်းချောင်း သည် ပင်လယ်ကူး သင်္ဘောများ ဝယ်ယူကာ သူ၏ စီးပွားရေးလုပ်ငန်းကို စင်္ကာပူ၊ ပီနန်၊ ဟောင်ကောင်၊ ကွမ်တုံ နှင့် အမွိုင် တို့အထိ တိုးချဲ့လုပ်ဆောင်ခဲ့သည်။လန်ဒန်တွင် အခြေစိုက်သည့် ရေနံကုမ္ပဏီကြီး ဖြစ် သော ဘားမားရေနံ ကော်ပိုရေးရှင်း (BOC) က လင်ချင်းချောင်းအား ၁၈၉၁ ခုနှစ်တွင် ဒေသတွင်း တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ်ခန့်အပ်ခဲ့သည်။

ထို့ကြောင့် လင်ချင်းချောင်းသည်မြန်မာနိုင်ငံအတွင်းရေနံဖြန့်ဖြူးရေးကိုလုပ်ကိုင်ခဲ့ရုံသာမက ပီနန်၊စင်္ကာပူ၊ ဟောင်ကောင် နှင့် အမွိုင် ဒေသများအထိ ရေနံဖြန့်ဖြူးရောင်းချနိုင်ခဲ့သည်။ရေနံလုပ်ငန်းကြောင့် လင်ချင်းချောင်းသည် အလွန် ကြွယ်ဝလာခဲ့ကာ ရေနံ တင်သင်္ဘောများကို ပိုင်ဆိုင်ခဲ့သည်။ ရော်ဘာ၊ ဂွမ်း၊ဆီစက်၊ ဓာတ်သတ္ထုတူးဖော်ရေးလုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်ခဲ့သည်။ပင်လယ် ရပ်ခြားတွင် အခြေစိုက်သည့် အချမ်းသာဆုံး တရုတ်လူမျိုး လုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့သည်။ လင်ချင်း ချောင်းသည် မြန်မာအမည် ပိုးဥခေါ် Tan Guat Tean နှင့် လက်ထပ် ခဲ့ ကာ သားသမီးရှစ်ဦးထွန်းကားခဲ့သည်။

လင်ချင်းချောင်းသည် ထည်ထည်ဝါဝါ နေထိုင်သူတစ်ယောက်ဖြစ်သကဲ့သို့ပရဟိတလုပ်ငန်းများတွင် လည်းသဒ္ဓါတရား ထက်သန်စွာ လှူဒါန်းသူ တစ်ယောက် ဖြစ်သည်။ ရန်ကုန်မြို့တွင် အင်္ဂလိပ်စာသင်ကြားရေးကျောင်းများ နှင့် အမျိုး သမီးဆေးရံတစ်ရုံ ဆောက်လုပ်ရန် ငွေများလှူဒါန်းခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် သူနှင့် သူ၏စီးပွားဖက်များက ရန်ကုန် မြို့တွင် အင်္ဂလိပ်နှင့် တရုတ်ကပြား ယောက်ျားလေးများနှင့် မိန်းကလေးများအတွက် Anglo Vernacular ကျောင်းများတည် ထောင် ခဲ့သည်။ နောက် နှစ် နှစ်အကြာ ၁၉၀၇ ခုနှစ်တွင် လင်ချင်းချောင်းကျောင်းဟု ထင်ရှားသည့် ကိုယ်ပိုင်ကျောင်းကို တည်ထောင် ခဲ့ သည်။ အဆိုပါကျောင်းမှ အင်္ဂလိပ် ဘာသာဖြင့် လေ့ကျင့်သင်ကြားပေးထားသည့် ပညာတတ် အမြောက်အမြား ပေါ်ထွက်ခဲ့ပြီး ရန်ကုန်မြို့ တွင် လာရောက်ပညာ သင်ယူကြသည့် ဟောင်ကောင်နှင့် မကာအိုမှ ကျောင်းသားများလည်း ပါဝင်သည်ဟု ဆိုပေသည်။

လင်ချင်းချောင်းသည် မြန်မာနိုင်ငံ ဥပဒေပြု ကောင်စီ၏အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ၁၉၁၉ ခုနှစ်တွင် ပထမကမ္ဘာစစ်အတွင်းက အစိုးရကို ငွေကြေးထောက်ပံ့မှုများပေးခဲ့သဖြင့် ဗြိတိသျှ အင်ပါယာ ဂုဏ်ထူး ဆောင်ဘွဲ့ (OBE) ချီးမြှင့်ခြင်းခဲ့ရသည်။ ၁၉၂၁ ခုနှစ် တွင် ဗြိတိသျှ အစိုးရက အိန္ဒိယနိုင်ငံမှအပ အခြားနိုင်ငံများသို့ ဆန်တင်ပို့ ရောင်းချခြင်းကို ပိတ်ပင်လိုက်သည့်အခါ မြန်မာနိုင်ငံ၏ ဆန်ဈေး ကွက် ပျက်ခဲ့ရကာ လင်ချင်းချောင်း၏ စီးပွားရေးလုပ်ငန်းများ ရပ်တံ့ခဲ့သည်။ လင်ချင်းချောင်း၏ဆန် ရောင်းဝယ်မှုလုပ်ငန်း ပျက်စီးသွားခဲ့ သည်။

ရုတ်ခြည်း စီးပွားကျခဲ့ကာ သူ၏ ရိုးရွိုက်စ်ကားများ အပါအဝင် ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ရပြီး မိတ်ဆွေ များထံ မှ ငွေ ချေး ငှားရသည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။ထိုအချိန်မှာပင် ပင်လယ်ကူးမီးသင်္ဘောနစ်မြုပ်မှုများနှင့် ထပ်မံရင်ဆိုင် ရပြန်သည်။ လင်ချင်းချောင်းသည် မိမိနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သူတို့၏ လိမ်လည်မှုများ၊မှားယွင်းစွာချုပ်ဆိုမိခဲ့သောစာချုပ်များကြောင့် သူ၏ကုမ္ပဏီသည် အကြွေးများဖြင့် ပတ်လည်ဝိုင်းခဲ့သည်။ တစ်ချိန်က အလွန် ချမ်းသာကြွယ်ဝ ခဲ့ သော တရုတ်သူဌေးကြီး လင်ချင်းချောင်း၏ နောက်ဆုံးနေ့ ရက်များသည် ဆင်းရဲ သား လူမွဲတစ်ယောက် အဖြစ် ဘဝနိဂုံးချုပ်ခဲ့ရသည်။ လင်ချင်းချောင်းသည် ချင်းချောင်းနန်း တော် ကြီး ဖွင့်လှစ်ပြီး သုံး နှစ်အကြာ ၁၉၂၃ ခု နှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် နှလုံးရောဂါဖြင့် အိပ်ပျော်နေစဉ် ကွယ်လွန်ခဲ့သည်။

၁၉၂၄ ခုနှစ် ဇွန်လ ၁၀ ရက်တွင် ချင်းချောင်း နန်းတော် ကို ဒေဝါလီခံ ကြွေးသိမ်းပစ္စည်းအဖြစ်ကြေညာခဲ့သည်။ ချင်းချောင်းနန်းတော်သည် ဂျပန် လူမျိုး ကြွေးရှင်တစ်ယောက်၏လက်သို့ ပထမဆုံး ရောက်ရှိသွားပြီး ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ် အတွင်း မြန်မာနိုင်ငံကို ဂျပန်တို့ အုပ်စိုးထားစဉ် ရေဒီယို အသံလွှင့်ဌာနအဖြစ် အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် အိန္ဒိယ လူမျိုး စီးပွားရေးသမားများ လက်အောက်သို့ ရောက်ရှိသွားပြီး ၁၉၅၁ ခုနှစ်တွင် နိုင်ငံတော်ပိုင် ကမ္ဘောဇရိပ်သာ ဖြစ်လာခဲ့ကာ ၁၉၈၈ ခုနှစ် အထိ လမ်းစဉ်လူငယ် စည်းရုံးရေး ဗဟိုကော်မတီ ဌာနချုပ် အဖြစ် ဖွင့်လှစ်ခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ယဉ်ကျေးမှု ဝန်ကြီး ဌာနမှ ထိန်းသိမ်းထားခဲ့သည်။

ကိုလိုနီခေတ်လက်ရာ ရှေး ဟောင်းအဆောက်အအုံ တစ်ခုဖြစ်သည့် ချင်းချောင်းနန်းတော်သည် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်း သိမ်း ရေး ဥပဒေ ပုဒ်မ၂ (က) အရ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကိုက်ညီမှုရှိသဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာန က ယဉ်ကျေးမှုအမွေ အနှစ် အဖြစ် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် သတ်မှတ်ခဲ့သည်။ ယခုအခါတွင် ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်)သည် ယဉ်ကျေးမှုဝန်ကြီးဌာန၏ကွပ်ကဲမှုအောက်တွင်ရှိကာ အနုပညာဦးစီးဌာနက အနုပညာအထက်တန်းကျောင်း ဖွင့်လှစ်ထားသည်။

ကမ္ဘောဇ ရိပ်သာ (ချင်းချောင်းနန်းတော်) သည် ဆယ်စုနှစ် ဆယ်ခုနီးပါး မြန်မာနိုင်ငံ၏ သမိုင်းအဆက်ဆက်ကို ဖြတ်သန်းခဲ့ သည့် သမိုင်းဝင် အဆောက်အဦတစ်ခု ဖြစ်သဖြင့် ယင်းအဆောက်အအုံကို ယဉ်ကျေးမှုအမွေအနှစ်ဒေသ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာ ဇုန်( Ancient Monumental Zone) အဖြစ် သတ်မှတ်နိုင်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနက ဥပဒေနှင့် နည်း ဥပဒေများပါ ပြဋ္ဌာန်းချက်များ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိနေသည်။သို့ဖြစ်ပေရာ ကိုလိုနီခေတ်လက်ရာရှေး ဟောင်း သမိုင်းဝင် အဆောက်အအုံကြီးအား ရေရှည်တည်တံ့ နေစေရန် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြခြင်းဖြင့် မြန်မာ့အတိတ် သမိုင်း သက်သေ တစ်ခုကို စောင့်ရှောက်ရာ ရောက်မည်သာဖြစ်ပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)
၆ ၊ ၉ ၊ ၂၀၁၅ ရက်ထုတ် မြန်မာ့အလင်း သတင်းစာမှ

Leave a Reply