• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အမေရိကန် သမိုင်းတလျှောက် အဆိုးရွားဆုံး လေကြောင်းသူလျှို စစ်ဆင်ရေး ၅ ခု

by Thutamm
August 14, 2019
1 min read
0
အမေရိကန် သမိုင်းတလျှောက် အဆိုးရွားဆုံး လေကြောင်းသူလျှို စစ်ဆင်ရေး ၅ ခု
Share on FacebookShare on Twitter

ရေးသားသူ – ချစ်ဖေ(တောင်တွင်းမြေ)
Irrawady Burmese

ဒုတိယကမ္ဘာစစ်ထဲကို အမေရိကန် ဝင်ရောက်လာခဲ့ပြီးတဲ့နောက် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာဟာ တခြား နိုင်ငံတွေရဲ့ လက်နက်စွမ်းရည်နဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အဖိုးတန် သတင်းအချက်အလက်တွေ ရရှိဖို့ လေကြောင်းက စောင့်ကြည့် စုံစမ်းမှုကို စနစ်တကျ ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီလေကြောင်းသူလျှို စစ်ဆင်ရေးတွေဟာ အတော်လေးကို အန္တရာယ်များပြီးတော့ တခါတရံမှာ အန္တရာယ်ဆိုး၊ အဖြစ် ဆိုးတွေနဲ့ ကြုံတွေ့ရလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း ပေးအပ်ထားတဲ့ တာဝန်တွေရဲ့ အကဲဆတ်တဲ့ သဘောသဘာဝ ကြောင့် သူလျှိုလေယာဉ်တွေမှာ လိုက်ပါတာဝန်ထမ်းဆောင်ကြရတဲ့ အမှုထမ်းတွေဟာ ရင်ဆိုင်ရမယ့် အန္တရာယ်ကို အမှုမထားဘဲ တာဝန်ထမ်းကြရပါတယ်။

ဒီလိုတာဝန်မျိုးကို ထမ်းဆောင်ရင်းအမေရိကန် သူလျှိုလေယာဉ်တွေ ကြုံတွေ့ခဲ့ကြရတဲ့ အဖြစ်ဆိုး ၅ ခုကို ဥပမာ အဖြစ် ဖော်ပြလိုက်ပါတယ်။

(၁) PB4Y-2 Privateer (ဘောလ်တစ် ပင်လယ်ပြင်ပေါ်တွင် ပစ်ချခံခဲ့ရသည့် လေယာဉ်)

စစ်အေးခေတ်ကာလ အတွင်း ဥရောပတိုက်ရဲ့ နေရာတော်တော်များများက သံကန့်လန့်ကာ နောက်ကွယ်မှာ ရှိနေခဲ့ချိန်မှာ အမေရိကန်နိုင်ငံက ဆိုဗီယက် ယူနီယံရဲ့ ဥရောပ တလွှားက လှုပ်ရှားမှုတွေကို အသည်းအသန် သိချင်နေခဲ့ပါတယ်။

၁၉၅၀ ခုနှစ် ဧပြီလ ၈ ရက်နေ့မှာ PB4Y-2 Privateer B-24 သူလျှိုလေယာဉ်ဟာ ဆိုဗီယက် ရေတပ် သတင်းအချက် အလက်တွေ ထောက်လှမ်းဖို့နဲ့ ရေတပ်ရဲ့ ဒုံးကျည် လေ့ကျင့်မှုတွေ ရှိခဲ့ရင်လည်း စောင့်ကြည့်နိုင်အောင် ဂျာမနီ နိုင်ငံကနေ ဘောလ်တစ်ပင်လယ်ကို ထွက်ခွာခဲ့ပါတယ်။ အချက်ပြ သင်္ကေတတွေကို ဖမ်းယူနိုင်တဲ့ အီလက်ထရောနစ် စနစ်တပ်ဆင် ထားတဲ့ အဲဒီလေယာဉ်ကို လတ်ဗီးယား ကမ်းရိုးတန်းနားက ဘောလ်တစ် ပင်လယ်ပြင်မှာ ရုရှရဲ့ La-11 တိုက်လေယာဉ် ၄ စီးက ကြားဖြတ် ဟန့်တားခဲ့ကြပါတယ်။

မှတ်တမ်းတင် ရုပ်ရှင်ဒါရိုက်တာ ဒါ့ခ်ဖိုလ်မန်ရဲ့ အဆိုအရ ဒီလိုဟန့်တားဖို့ အတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်ပြီး လေယာဉ်နဲ့ အမှုထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းဖို့ ဆိုဗီယက်နိုင်ငံက ကြိုးစားခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။ တကယ်လို့ ဖမ်းလို့ မရရင် (ခြိမ်းခြောက်၍ ဆိုဗီယက် ပိုင်နက်အတွင်း ဆင်းသက်ခိုင်း၍ မရလျှင်) ပစ်ချဖို့လည်း စီစဉ်ထားခဲ့တယ် လို့ ဆိုပါတယ်။

နောက်ဆုံးတော့ဘော်လ်တစ် ပင်လယ်တွင်း ပစ်ချခံခဲ့ရသလို လေယာဉ်ပေါ်လိုက်ပါလာတဲ့ အမှုထမ်း ၁၀ ဦးလုံး သေဆုံးခဲ့ပါတယ်။

(၂) C-130 (အာမေးနီးယားတွင် ပစ်ချခံခဲ့ရသည့် လေယာဉ်)

၁၉၅၈ ခုနှစ် စက်တင်ဘာလအတွင်းက အာမေးနီးယားမှာ အချက်ပြသင်္ကေတတွေ စုဆောင်းတဲ့ တာဝန်ထမ်းဆောင်ရင်း C-130 လေယာဉ် ပစ်ချခံခဲ့ရပါတယ်။ အဲဒီလေယာဉ်က တူရကီနိုင်ငံကနေ ထွက်ခွာလာပြီး တူရီကီနဲ့ အာမေးနီးယား နယ်စပ်တလျှောက် ပျံသန်းဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ နယ်စပ်ကို ဖြတ်ကျော် မိသွားပြီးတဲ့ နောက် ရုရှ MiG-17 တိုက်လေယာဉ်တွေက ချက်ချင်းဝင်ရောက် တားဆီးလာခဲ့ပါတယ်။

စစ်အေးကာလအတွင်းက ရုရှ ထိန်းချုပ်နယ်မြေတွေ အတွင်း သို့မဟုတ် အဲဒီနယ်မြေတွေ အနီးမှာ ပစ်ချခံခဲ့ရတဲ့ အဖြစ် အပျက် အများစုလိုပဲ ဒီကိစ္စနဲ့ ပတ်သတ်လို့ အမှန်တကယ် ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ အတိအကျ မသိရှိခဲ့ရပါဘူး။ အစောပိုင်းမှာတော့ C-130 လေယာဉ်က အာမေးနီးယား နိုင်ငံအတွင်းမှာ ပျက်ကျခဲ့ခြင်း ဖြစ်တယ် လို့ ရုရှားက ပြောခဲ့ပါ တယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ MiG-17 လေယာဉ်တစီးက C-130 ကို ပစ်ချခဲ့တဲ့ ကင်မရာမှတ်တမ်းကို ထုတ်ဖော် ပြသခဲ့ပါတယ်။ ၁၉၅၈ ခုနှစ် အတွင်းက ဆိုဗီယက်ရဲ့ လျှို့ဝှက် အစီရင်ခံစာ တစောင်မှာ ပစ်ချခဲ့ပုံ အသေးစိတ်နဲ့ လေယာဉ် အစိတ်အပိုင်းတွေကို ရှာဖွေ ကောက်ယူမှု ပြုလုပ်ခဲ့တဲ့ အကြောင်းတွေကို အသေးစိတ် ဖော်ပြခဲ့ပါတယ်။ လေယာဉ်ပေါ် လိုက်ပါလာတဲ့ အမှုထမ်း ၁၇ ဦးလုံး သေဆုံးခဲ့ရပါတယ်။

(၃) Air Force RB-47

စစ်အေးခေတ် အတွင်းလူ မသိလိုက်တဲ့ အဖြစ် အပျက်တွေထဲက တခု ဖြစ်ပါတယ်။ ရုရှ မြောက်ပိုင်း ကမ်းရိုးတန်းမှာ ထောက်လှမ်းရေး တာဝန်ထမ်းဆောင်ရင်း ပစ်ချခံခဲ့ရတာပါ။ ရုရှားမြောက်ပိုင်း Murmansk ဧရိယာအတွင်းကို ရောက်လာပြီး များမကြာမီမှာပဲ ရုရှားတိုက်လေယာဉ်တွေက Air Force RB-47 ကို ပြင်းပြင်းထန်ထန် လိုက်လံ တိုက်ခိုက်ခဲ့ ကြပါတယ်။ လေယာဉ်ပေါ်လိုက်ပါလာသူ ၆ ဦးထဲက ၄ ဦး သေဆုံးခဲ့ပါတယ်။

အေးခဲနေတဲ့ ပင်လယ်ပြင်ထဲမှာ အသက် ရှင်ကျန်ရစ်သူ ၂ ဦးကို ရုရှားက ဖမ်းဆီးပြီး မော်စကိုမြို့မှာ ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့ နောက် ၁၉၆၁ ခုနှစ် ဇန်နဝါရီမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ သူတို့ လေပိုင်နက်ထဲ ဝင်လို့ ပစ်ချတယ် လို့ ရုရှားက ဆိုပေမယ့် တချို့ကလည်း နိုင်ငံတကာလေပိုင်နက်ထဲမှာ မောင်းနှင်နေရင်း ပစ်ချခံရတာ လို့ ဆိုပါတယ်။

ဒီလိုအဖြစ်မျိုးတွေ ရှိခဲ့ပေမယ့် အမေရိကန် နိုင်ငံရဲ့ လေကြောင်းထောက်လှမ်းမှု စစ်ဆင်ရေးတွေက ရပ်တန့် မသွားခဲ့ကြဘဲ ပိုပြီး နီးကပ်အောင် ပျံသန်းမှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။ စစ်အေးကာလ အတွင်း တလျှောက် ရုရှားပိုင်နက် နယ်မြေတွေ အတွင်း အကြိမ်ရေ ရာပေါင်းများစွာ ပျံသန်းထောက်လှမ်းခဲ့ကြပါတယ်။

(၄) DeepSea 129

ကိုရီးယားစစ်ပွဲ ပြီးသွားပေမယ့် မြောက်ကိုရီးယားက အမေရိကန်နဲ့ တောင်ကိုရီးယားကို တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်နေခဲ့ပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားရဲ့ စစ်ရေး အခြေအနေကို သိရဖို့ အမေရိကန်က သူလျှိုလေယာဉ်တွေ သုံးခဲ့ပါတယ်။ ဒီထဲမှာ DeepSea 129 ကို ၁၉၆၉ ခုနှစ် ဧပြီ ၁၅ ရက်က ဂျပန်ပင်လယ်တွင်းပစ်ချခံခဲ့ရပါတယ်။

မြောက်ကိုရီးယားကမ်းရိုးတန်းအပြင်ဘက်မှာ ပျံသန်းနေစဉ် မြောက်ကိုရီးယား လေတပ်က MiG-21 ၂ စင်းက နောက်က လိုက်လာခဲ့ပါတယ်။ အမေရိကန်လေတပ်က Delta Dart ကြားဖြတ် တိုက်ခိုက်ရေး လေယာဉ် ၂ စီး အမြန်ဆုံး တက်လိုက်သွားကြပေမယ့် နောက်ကျသွားခဲ့ပါပြီ။ မြောက်ကိုရီးယား တိုက်လေယာဉ်တွေက DeepSea 129 သူလျှို လေယာဉ်ကို ပစ်ချနိုင်ခဲ့ကြပါတယ်။

(၅) US Navy EP-3 Orion

တောင်တရုတ်ပင်လယ်အတွင်း ဟိုင်နန်ကျွန်း အနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် ရေတပ်က EP-3 Orion လေယာဉ်ကို တရုတ်လေတပ်က ကြားဖြတ် ဟန့်တားစဉ် အတွင်း ကြမ်းကြမ်းရမ်းရမ်း မောင်းနှင်တတ်လို့ အမေရိကန် ရေတပ်ကတောင် သူ့ကို သိတဲ့ တရုတ်လေယာဉ်မှူး တဦးရဲ့ J-8 Finback တိုက်လေယာဉ် နဲ့ ထိခိုက် မိခဲ့ပါတယ်။

အဲဒီ မတော်တဆမှုမှာ J-8 မောင်းနှင်တဲ့ တရုတ်လေယာဉ်မှူး သေဆုံးသွားခဲ့ရသလို အမေရိကန် EP-3 Orion လေယာဉ်လည်း တရုတ်ပိုင်နက် အတွင်းအရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်အမှုထမ်းတွေက ပစ္စည်း ကိရိယာတွေကို အတတ်နိုင်ဆုံး အမြန်ဆုံး ဖျက်ဆီးပြီးတဲ့နောက် တရုတ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ တရုတ်နဲ့ အမေရိကန်ကြားမှာ သံတမန်ရေးရာ ညှိနှိုင်းမှုတွေ ၁၀ ရက်ကြာ ပြုလုပ်ခဲ့ပြီးတဲ့ နောက်မှာမှ တရုတ်က ဖမ်းဆီးထားတဲ့ လေယာဉ် အမှုထမ်းတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ချစ်ဖေ(တောင်တွင်းမြေ)
Irrawady Burmese

Tags: militaryworld knowledge
Next Post
ကယားပြည်နယ်က ထူးဆန်းတဲ့နေရာတစ်ခုဖြစ်တဲ့ ကြတ်ဂူ

ကယားပြည်နယ်က ထူးဆန်းတဲ့နေရာတစ်ခုဖြစ်တဲ့ ကြတ်ဂူ

Discussion about this post

Trending

ကမ္ဘာအကြီးဆုံး နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကြီး Belgorod
Knowledge

ကမ္ဘာအကြီးဆုံး နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကြီး Belgorod

by Thutamm
December 6, 2019
လမ်းမပေါ်က ဟိုတယ် (သို့) ဒေါ်လာ ၃သန်းတန် ဘတ်စ်ကား
Amazing

လမ်းမပေါ်က ဟိုတယ် (သို့) ဒေါ်လာ ၃သန်းတန် ဘတ်စ်ကား

by Thutamm
December 5, 2019
ယာဉ်ကြောပိတ်ဆို့လွန်းတာကို ဖြေရှင်းဖို့ ကိုယ်ပိုင်ရဟတ်ယာဉ်တည်ဆောက်ခဲ့သူ
Amazing

ယာဉ်ကြောပိတ်ဆို့လွန်းတာကို ဖြေရှင်းဖို့ ကိုယ်ပိုင်ရဟတ်ယာဉ်တည်ဆောက်ခဲ့သူ

by Thutamm
December 5, 2019
အီကွေဒေါနိုင်ငံ အကြောင်းသိကောင်းစရာ
Knowledge

အီကွေဒေါနိုင်ငံ အကြောင်းသိကောင်းစရာ

by Thutamm
December 4, 2019
စာအုပ်ပေါင်း ၃၈သန်းကျော် စုဆောင်းထားတဲ့ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီး
Knowledge

စာအုပ်ပေါင်း ၃၈သန်းကျော် စုဆောင်းထားတဲ့ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီး

by Thutamm
December 4, 2019

သုတဇုန် ဆိုတာ

သုတဇုန်စာမျက်နှာသည် ထူးထူးဆန်းဆန်းအကြောင်းများ ၊ သုတရသ ဗဟုသုတများ ၊ ရှေးဟောင်းနှောင်းဖြစ်သမိုင်းများ ၊ အသုံးဝင်အချက်အလက်များ ၊ စိတ်ခွန်အားပေးစာစုများ စသည့်အကြောင်းအရာများကို သီးသန့် တင်ဆက်ပေးနေသော စာမျက်နှာဖြစ်ပါတယ်။ ဗဟုသုတအကြောင်းအရာများကို အလွယ်တကူ သိချင် ဖတ်ချင်သူမိတ်ဆွေများအတွက် ကြိုးစားတင်ဆက်ပေးနေပါတယ်။

Tags

amazing ancient knowledge animals buddhism buddhism monk chemistry cities countries facts feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places plants rivers science science knowledge Sport Sport people story successful tech thinking tips to know world actors world actress world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • no
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook
  • About Us
  • Contact Us
  • Home
  • Privacy Policy

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy