အီဂ်စ္ သမုိင္းထဲက ႏွစ္ေပါင္း ၃၄၀၀ေက်ာ္ သက္တမ္းရွိ သီခ်င္းဆုိတဲ့ရုပ္တုညီေနာင္

Posted on

အာဖရိကတိုက္၊အီဂ်စ္နိုင္ငံမွာေတာ့ Colossi of Memmon လို႔သိၾကတဲ့ ေတးသီခ်င္းသံ ေတြထြက္ေပၚလာတယ္လို႔ နာမည္ေက်ာ္ခဲ့တဲ့ ေက်ာက္ရုပ္တုၾကီး (Singing Statues)၊ (၂)ရုပ္တည္ရွိပါတယ္။ ေလ့လာခ်က္ေတြအရ ေရွးနွစ္ေပါင္းေထာင္နဲ႔ ခ်ီတဲ့ကာလ ေလာက္ကတည္းက တည္ရွိေနတဲ့ အဲဒီေက်ာက္ရုပ္တုႀကီး (၂)ရုပ္ဟာ အီဂ်စ္နိုင္ငံ Luxor ျမိဳ႕ကိုေက်ာခိုင္းတဲ့ အေနအထားနဲ႔တည္ရွိေနတာျဖစ္ပါတယ္။

နာမည္ေက်ာ္ နိုင္းျမစ္ရဲ့ အေနာက္ဘက္ ကမ္းပါးတစ္ေလ်ာက္မွာ တည္ရွိေနတာျဖစ္တဲ့ အဲဒီေက်ာက္ ရုပ္တုႀကီးေတြဟာ အလြန္ၾကီးမားၾကျပီး ရုပ္တုတစ္ခုခ်င္းစီဟာ ၁၈မီတာ(ေပ ၆၀ခန္႔) အျမင့္ရွိပါတယ္။ အဲဒီရုပ္တုတြဟာ လြန္ခဲ့တဲ့နွစ္ေပါင္း(၃၄၀၀)ေလာက္က တည္းက အီဂ်စ္ျပည္ကို အုပ္စိုးခဲ့တဲ့ဘုရင္ Pharaoh Amenhotep(3)ကို ကိုယ္စားျပဳ တည္ ေဆာက္ခဲ့တာျဖစ္ပါတယ္။

Colossi of Memmon ေက်ာက္ရုပ္ညီေနာင္ကို ထိုင္ေနတဲ့သ႑န္ပံုေဖာ္ထားတာျဖစ္ျပီး လက္ေတြဟာ ဒူးေပၚတင္ထားတဲ့ အေနအထားနဲ႔ နိုင္းျမစ္ရဲ့အေရွဘက္စူးစူးကို စိုက္ ၾကည့္ေနတဲ့ပံုတည္ေဆာက္ထားပါတယ္။ ဟိုးယခင္အခ်ိန္တုန္းကေတာ့ အဲဒီရုပ္တုညီ ေနာင္ဟာ ဘုရင္ Pharaoh Amenhotep(3)ကိုးကြယ္တဲ့ နတ္ဘုရားေက်ာင္းရဲ့ ဝင္ေပါက္မ်က္နွာစာမွာ ေနရာယူခဲ့ရျပီး အဲဒီနတ္ဘုရားေက်ာင္းမွာ ဘုရင္အပါအဝင္ မင္းေဆြမင္းမ်ိဳးမ်ားက ကမာၻေျမကိုေစာင့္ေရွာက္တဲ့ နတ္ဘုရားေတြကို ဝတ္ျပဳၾကပါ တယ္။

ဘုရင္ Pharaoh Amenhotep(3)အုပ္စိုးစဥ္ကာလအတြင္း တည္ေဆာက္ ျပီးစီးခဲ့တဲ့ ေက်ာက္ရုပ္ညီေနာင္တြဲလ်က္ပါတဲ့ နတ္ဘုရားေက်ာင္းဟာ ယေန႔အခ်ိန္ထိ တူးေဖာ္ေတြ႔ရွိတဲ့ အေဆာက္အအံုေတြထဲမွာေတာ့ အရႈပ္ေထြးဆံုးနဲ႔ လက္ရာအေျမာက္ဆံုး ဘုရားေက်ာင္းလည္းျဖစ္ပါတယ္။ ယေန႔အခ်ိန္မွာေတာ့ ေက်ာက္ရုပ္ညီေနာင္က လြဲရင္ က်န္နတ္ဘုရားေက်ာင္းအစိတ္အပိုင္းေတြကေတာ့ အပ်က္အစီးနည္းငယ္ေလာက္သာရွိပါေတာ့တယ္။

အမွန္ကအဲဒီဘုရားေက်ာင္းဟာ ဖာရုိဘုရင္ေတြလက္ထက္ကတည္းက ျဖိဳဖ်က္ျခင္းခံခဲ့ ရတာျဖစ္ပါတယ္။ ဒါကလည္း နွစ္စဥ္ေရၾကီးေလ့ရွိတဲ့ နိုင္းျမစ္ေၾကာင့္ျဖစ္ျပီး အဲဒီဘုရား ေက်ာင္းကိုတည္ေဆာက္ထားတဲ့ ေက်ာက္တံုးေတြကို အျခားေနရာကိုေရြေျပာင္းတည္ ေဆာက္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါပမဲ့ ေက်ာက္ရုပ္ညီေနာင္ကိုေတာ့ ဖာရိုဘုရင္ေတြက ဒီအတိုင္းပဲ ဆက္လက္ထားရွိဖို႔ ဆံုးျဖတ္ခဲ့ၾကျပီး အရပ္ဘက္ကိုးကြယ္ ယံုၾကည္မႈဆိုင္ရာေနရာအျဖစ္ သတ္မွတ္ခဲ့ၾကပါတယ္။

နွစ္ကာလ ၾကာေညာင္းလာခ်ိန္မွာေတာ့ ေရဒဏ္၊ေလဒဏ္ေတြေၾကာင့္ ေက်ာက္ရုပ္ညီေနာင္ဟာ တစ္စစ ယိုယြင္းလာခဲ့ပါတယ္။ ဘီစီ ၂၇ ေလာက္မွာေတာ့ Colossus ေဒသေျမာက္ပို္င္းတစ္ေလ်ာတ္ လႈပ္ခတ္ခဲ့တဲ့ ျပင္းထန္တဲ့ ငလ်င္ဒဏ္ကိုခံစားခဲ့ရျပီး ဆိုးဆိုးရြားရြား ပ်က္စီးခဲ့ရပါတယ္။ အထူးသျဖင့္ နွစ္စဥ္ေရတိုက္စားမႈခံရတဲ့ ေက်ာက္ရုပ္ေတြရဲ့ ေအာက္ေျခပိုင္းက အဆုိးဆုံး ျဖစ္ပါတယ္။

ရုပ္တုေတြရဲ့ ခါးအေပၚပိုင္းေနရာေတြဟာ အက္ကြဲေၾကာင္း ေတြေပၚလာခဲ့ျပီးတဲ့ေနာက္ မွေတာ့ Colossi of Memmon ေက်ာက္ရုပ္ညီေနာင္ဆီကေန ေတးသံေတြထြက္ေပၚေလ့ ရွိေၾကာင္း ေဒသခံေတြကစတင္ သတိထားမိခဲ့ပါတယ္။ ေရွးေခတ္ ေစာင္းတူရိယာ တစ္မ်ဳိးကိုတီးခတ္သကဲ့သို႔ ျမည္ဟီးေနတဲ့ သံစဥ္ေတြဟာ အာရုဏ္တက္ခ်ိန္၊ေနဝင္ခ်ိန္ ေတြဟာ အနီးပတ္ဝန္းက်င္ေတြကေတာင္ ထင္ထင္ရွားရွားၾကားနိုင္ပါတယ္။

ေဒသခံ ေတြကေတာ့ က်ိန္စာလိုလို၊ဒ႑ာရီလိုလို၊ပံုျပင္လိုလို ျဖစ္ရပ္ေတြဟာ အမွန္တကယ္ ျဖစ္လာျပီလို႔ ယံုၾကည္ၾကေပမဲ့ ေနာက္ပို္င္းေတြ႔ရွိခ်က္ေတြအရေတာ့ ပတ္ဝန္းက်င္ အပူခ်ိန္ေၾကာင့္ ေက်ာက္ရုပ္ေတြရဲ့ အက္ေၾကာင္းအတြင္းမွာရွိတဲ့ နွင္းေပါက္/နွင္း စက္ေတြဟာ အေငြ႔ရိုက္ၾကရာမွ ထြက္ေပၚလာသံေတြ နဲ႔ ေက်ာက္အက္ေၾကာင္းေတြကို ျဖတ္သန္းတိုက္ခတ္တဲ့ေလနဲ႔ ထိခတ္မႈေၾကာင့္ ထြက္တဲ့အသံ ျဖစ္တယ္လို႔ အေျဖထြက္ပါတယ္။

ေဒသခံေတြနဲ႔ အဲဒီရုပ္တုကို လာေရာက္လည္ပတ္တဲ့ ခရီးသြားေတြဟာ ကာလအတန္ၾကာေအာင္ ယင္းရုပ္တုညီေနာင္ရဲ့ သမိုင္းကို အေသ အခ်ာ မသိရွိခဲ့ၾကပါဘူး။ ေရွးပံုျပင္တစ္ခုေၾကာင့္ သူတို႔ဟာ ယင္းရုပ္တုေတြဟာ ေရွးဂရိ စစ္ဘုရင္ Memmon ရဲ့ပံုတူေတြ ျဖစ္တယ္လို႔ ယူဆခဲ့ၾကျပီး ေဒသရဲ့ အမည္ ျဖစ္တဲ့ Colossus နဲ႔တြဲဖက္ျပီး Colossi of Memmon လို႔အဲဒီရုပ္တုညီ ေနာင္ကို ေခၚၾကပါတယ္။

Memnon ဆိုတာကေတာ့ ေရွးအီသီယိုးပီးယားဘုရင္တစ္ဦး ျဖစ္ျပီး Trojan War ကာလအတြင္းမွာေတာ့ နာမည္ေက်ာ္စစ္သူရဲေကာင္းတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ သမိုင္းဆရာေတြရဲ့ အဆိုအရေတာ့ သူဟာ အာရုဏ္ဦးနတ္ဘုရားမ Eos ရဲ့သားေတာ္ ျဖစ္ျပီးေဆာင္းတြင္း ကာလမွာျဖစ္ပြားခဲ့တဲ့ တိုက္ပြဲတစ္ခုမွာ က်ဆံုးခဲ့ပါတယ္။ သူေသဆံုးတဲ့ အခ်ိန္က စျပီး မိခင္ျဖစ္သူဟာ ဝမ္းနည္းမ်က္ရည္က်ခဲ့ရျပီးအထူးသျဖင့္ Memnon က်ဆံုးသြားတဲ့ေဆာင္းနံနက္ခင္းတိုင္းမွာမိခင္ျဖစ္သူဟာငိုေၾကြးေလ့ရွိပါတယ္။

ငိုေကၽြးတဲ့အခါ က်ဆင္းလာတဲ့ သူမရဲ့ မ်က္ရည္ ေတြဟာ အျဖဴေရာင္နွင္းစက္ေတြအျဖစ္ ေျပာင္းသြားျပီး ကမာၻေျမျပင္ေပၚက်ေရာက္ရတယ္လို႔ ေရွးဂရိေတြရဲ့ ဒ႑ာရီသမိုင္းေတြက အဆိုရွိခဲ့ပါ တယ္။ ဒါေၾကာင့္ ဒီရုပ္တုညီေနာင္ဟာ Memnon ကို ကိုယ္စားျပဳျပီး သူမိခင္ခံစားေနရတဲ့ ေဝဒနာေတြကို သက္သာေစရန္ ေတးသီခ်င္းေတြကို အာရုဏ္ဦးနဲ႔ ေနဝင္ခ်ိန္ တိုင္းသီဆိုျပေနတယ္လို႔ ယံုၾကည္ၾကပါတယ္။ ေနာက္ပို္င္းေလ့လာခ်က္ေတြအရသာ အမွန္တကယ္ျဖစ္ရပ္ကို သိရွိခဲ့ၾကေပမယ့္ ဒ႑ာရီကုိသာယံုၾကည္သူ ေဒသခံေတြလည္း ယေန႔အခ်ိန္ထိ ရွိေနပါေသးတယ္။

ဂရိသမိုင္းနဲ႔ ပထဝီဝင္ပညာရပ္ဆိုင္ ပညာရွင္ Strabo ဟာအဲဒီေက်ာက္ရုပ္ညီေနာင္ရဲ့ ဆက္စပ္ေနတဲ့ သီခ်င္းသံေတြထြက္ေပၚေနတဲ့အေၾကာင္းကို  လာေရာက္ေလ့လာမႈေတြျပဳလုပ္ခဲ့ပါတယ္။ သူရဲ့ေတြ႔ရွိခ်က္အရေတာ့ အဆိုပါအသံေတြ ဟာ ရုပ္တုတြရဲ့မညီညာတဲ့ အက္ေၾကာင္းအတြင္းကို ေလျပင္္းေတြ တိုက္ခတ္ရာမွ ထြက္ေပၚလာတဲ့ အသံေတြျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ခဲ့ပါတယ္။

ေအဒီ ၂ရာစုေလာက္တုန္းကလည္း ဂရိလူမ်ိဳးခရီးသြား ပထဝီဝင္ပညာရွင္ Pausanias ကေတာ့ အသံလာရာနဲ႔ ပတ္သက္ျပီးေဖာ္ထုတ္ခဲ့ျခင္းမရွိေပမဲ့ ရုပ္တုတြကေနထြက္ေပၚလာတဲ့ အသံေတြဟာ ဂရိေရွးေဟာင္းေစာင္းတူရိယာ (lyre)ရဲ့တီးခတ္သံလို ျဖစ္ေၾကာင္း ဥပမာ ေပးခဲ့ပါတယ္။ ဒါအျပင္ တစ္ခါတစ္ရံမွာ ေက်ာက္ရုပ္တုေတြကေန ေပၚထြက္လာတဲ့အသံေတြဟာ ေၾကးဝါတူရိယာကိုတီးခတ္တဲ့ အသံနဲ႔ ေလခၽြန္သံနဲ႔ တူညီ ေနေၾကာင္း မွတ္တမ္းေရးသားခဲ့ပါတယ္။

ေနာက္ပုိင္းမွာလည္း ေရာမအင္ပါယာက အေတြးအေခၚပညာရွင္ အခ်ဳိ႕နဲ႔ ေလ့လာသူမ်ားစြာ ထူးဆန္းတဲ့အသံေတြထြက္ေပၚတယ္လို႔ နာမည္ေက်ာ္တဲ့ ေက်ာက္ရုပ္ညီေနာင္ဆီကို မ်ားစြာလာေရာက္ေလ့လာခဲ့ၾကပါေသးတယ္။လာေရာက္သူ ေတြဟာ Colossi of Memmon ကိုသူတို႔ေရာက္ရွိေၾကာင္းအမွတ္အသားနဲ႔ ေတးသီခ်င္းသံေတြကို အမွန္တကယ္ၾကားခဲ့ရေၾကာင္းကို ေက်ာက္ရုပ္ရဲ့ ေအာက္ေျခ ေက်ာက္ျပားေတြမွာ မွတ္တမ္းတင္ခဲ့ၾကပါတယ္။

ေအဒီ ၁၉၉ ပတ္ဝန္းက်င္မွာေတာ့ ေရာမအင္ပါယာရဲ့ေခါင္္းေဆာင္ တစ္ေယာက္ျဖစ္လာခဲ့တဲ့ Septimius Severus လက္ထက္မွာ Colossi of Memmon ရုပ္တုေတြကို ျပန္လည္ ျပင္ဆင္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ေက်ာက္ရုပ္ညီေနာင္ရဲ့ သီခ်င္းသံေတြကို မၾကားရေတာ့ပါဘူး။

ယေန႔အခ်ိန္မွာေတာ့ လြန္ခဲ့တဲ့နွစ္ေထာင္ေပါင္းမ်ားစြာ ကာလကတည္းက အီဂ်စ္ဘုရင္ Pharaoh Amenhotep(3)ရဲ့ နတ္ဘုရားေက်ာင္းေဆာင္နဲ႔ အတူဆက္စပ္ ပါဝင္လာခဲ့တဲ့ Colossi of Memmonရုပ္တုညီေနာင္ဟာ Luxor ျမိဳ႕ကေန အျခားအီဂ်စ္နိုင္ငံက ျမိဳ႕ ေတာ္ေတြဆီကို ဆက္သြယ္ထားတဲ့ ဟိုင္းေဝးလမ္းမၾကီးရဲ့ ေဘးမွာတည္ရွိေနပါတယ္။

လမ္းမၾကီးကေန အနည္းငယ္သာေဝးတဲ့ ေက်ာက္ရုပ္ညီေနာင္ဟာ ေရွးအေမြအနွစ္ တစ္ခုအေနနဲ႔ သတ္မွတ္ထားတာကလြဲရင္ ေရရွည္ထိန္းသိမ္းမယ့္ အစီစဥ္ေတြကို အစိုးရက ခ်မွတ္ေပးျခင္းေတာ့မရွိေသးပါဘူး။ ေရွးေခတ္အီဂ်စ္ဘုရင္ေတြရဲ့ ခမ္းနားတဲ့သမိုင္းဟာ ဂုိင္ဇာမွာရွိတဲ့ ပိရမစ္သခ်ိဳင္းေတြမွာတင္မကပဲ ဒီေက်ာက္ရုပ္ညီေနာင္မွာလည္း ေလ့လာ ေတြ႔ရွိနိုင္ပါတယ္။

ဟိုးယခင္ကာလတုန္းကေတာ့ Colossi of Memmon ရုပ္တုညီေနာင္ဟာ အီဂ်စ္ျပည္ရဲ့ အၾကီးျမတ္ဆံုးနတ္ဘုရားေက်ာင္းေဆာင္ အဝင္မုဒ္ဦးမွာ ထည္ဝါစြာတည္ရွိေနေပမဲ့ ယေန႔အခ်ိန္မွာေတာ့ ေဆြးေျမ႔ေနတဲ့ ကားလမ္းမေဘးက သာမန္ အမွတ္အသားျပဳ ေနရာအေနနဲ႔ပဲရွိေနေတာ့ေၾကာင္း ဗဟုသုတ အေနနဲ႔ ေ၀မွ်လုိက္ပါတယ္။

VIDEO

————–

အီဂျစ် သမိုင်းထဲက နှစ်ပေါင်း ၃၄၀၀ကျော် သက်တမ်းရှိ သီချင်းဆိုတဲ့ရုပ်တုညီနောင် (unicode)

အာဖရိကတိုက်၊အီဂျစ်နိုင်ငံမှာတော့ Colossi of Memmon လို့သိကြတဲ့ တေးသီချင်းသံ တွေထွက်ပေါ်လာတယ်လို့ နာမည်ကျော်ခဲ့တဲ့ ကျောက်ရုပ်တုကြီး (Singing Statues)၊ (၂)ရုပ်တည်ရှိပါတယ်။ လေ့လာချက်တွေအရ ရှေးနှစ်ပေါင်းထောင်နဲ့ ချီတဲ့ကာလ လောက်ကတည်းက တည်ရှိနေတဲ့ အဲဒီကျောက်ရုပ်တုကြီး (၂)ရုပ်ဟာ အီဂျစ်နိုင်ငံ Luxor မြို့ကိုကျောခိုင်းတဲ့ အနေအထားနဲ့တည်ရှိနေတာဖြစ်ပါတယ်။

နာမည်ကျော် နိုင်းမြစ်ရဲ့ အနောက်ဘက် ကမ်းပါးတစ်လျောက်မှာ တည်ရှိနေတာဖြစ်တဲ့ အဲဒီကျောက် ရုပ်တုကီးတွေဟာ အလွန်ကြီးမားကြပြီး ရုပ်တုတစ်ခုချင်းစီဟာ(၁၈)မီတာလောက် အမြင့်ရှိပါတယ်။ အဲဒီရုပ်တုတွဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၃၄၀၀)လောက်က တည်းက အီဂျစ်ပြည်ကို အုပ်စိုးခဲ့တဲ့ဘုရင် Pharaoh Amenhotep(3)ကို ကိုယ်စားပြု တည် ဆောက်ခဲ့တာဖြစ်ပါတယ်။

Colossi of Memmon ကျောက်ရုပ်ညီနောင်ကို ထိုင်နေတဲ့သဏ္ဍန်ပုံဖော်ထားတာဖြစ်ပြီး လက်တွေဟာ ဒူးပေါ်တင်ထားတဲ့ အနေအထားနဲ့ နိုင်းမြစ်ရဲ့အရှေဘက်စူးစူးကို စိုက် ကြည့်နေတဲ့ပုံတည်ဆောက်ထားပါတယ်။ ဟိုးယခင်အချိန်တုန်းကတော့ အဲဒီရုပ်တုညီ နောင်ဟာ ဘုရင် Pharaoh Amenhotep(3)ကိုးကွယ်တဲ့ နတ်ဘုရားကျောင်းရဲ့ ဝင်ပေါက်မျက်နှာစာမှာ နေရာယူခဲ့ရပြီး အဲဒီနတ်ဘုရားကျောင်းမှာ ဘုရင်အပါအဝင် မင်းဆွေမင်းမျိုးများက ကမ္ဘာမြေကိုစောင့်ရှောက်တဲ့ နတ်ဘုရားတွေကို ဝတ်ပြုကြပါ တယ်။

ဘုရင် Pharaoh Amenhotep(3)အုပ်စိုးစဉ်ကာလအတွင်း တည်ဆောက် ပြီးစီးခဲ့တဲ့ ကျောက်ရုပ်ညီနောင်တွဲလျက်ပါတဲ့ နတ်ဘုရားကျောင်းဟာ ယနေ့အချိန်ထိ တူးဖော်တွေ့ရှိတဲ့ အဆောက်အအုံတွေထဲမှာတော့ အရှုပ်ထွေးဆုံးနဲ့ လက်ရာအမြောက်ဆုံး ဘုရားကျောင်းလည်းဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ ကျောက်ရုပ်ညီနောင်က လွဲရင် ကျန်နတ်ဘုရားကျောင်းအစိတ်အပိုင်းတွေကတော့ အပျက်အစီးနည်းငယ်လောက်သာရှိပါတော့တယ်။

အမှန်ကအဲဒီဘုရားကျောင်းဟာ ဖာရိုဘုရင်တွေလက်ထက်ကတည်းက ဖြိုဖျက်ခြင်းခံခဲ့ ရတာဖြစ်ပါတယ်။ ဒါကလည်း နှစ်စဉ်ရေကြီးလေ့ရှိတဲ့ နိုင်းမြစ်ကြောင့်ဖြစ်ပြီး အဲဒီဘုရား ကျောင်းကိုတည်ဆောက်ထားတဲ့ ကျောက်တုံးတွေကို အခြားနေရာကိုရွေပြောင်းတည် ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပမဲ့ ကျောက်ရုပ်ညီနောင်ကိုတော့ ဖာရိုဘုရင်တွေက ဒီအတိုင်းပဲ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ကြပြီး အရပ်ဘက်ကိုးကွယ် ယုံကြည်မှုဆိုင်ရာနေရာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

နှစ်ကာလ ကြာညောင်းလာချိန်မှာတော့ ရေဒဏ်၊လေဒဏ်တွေကြောင့် ကျောက်ရုပ်ညီနောင်ဟာ တစ်စစ ယိုယွင်းလာခဲ့ပါတယ်။ ဘီစီ ၂၇ လောက်မှာတော့ Colossus ဒေသမြောက်ပ်ိုင်းတစ်လျောတ် လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ဒဏ်ကိုခံစားခဲ့ရပြီး ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရပါတယ်။ အထူးသဖြင့် နှစ်စဉ်ရေတိုက်စားမှုခံရတဲ့ ကျောက်ရုပ်တွေရဲ့ အောက်ခြေပိုင်းက အဆိုးဆုံး ဖြစ်ပါတယ်။

ရုပ်တုတွေရဲ့ ခါးအပေါ်ပိုင်းနေရာတွေဟာ အက်ကွဲကြောင်း တွေပေါ်လာခဲ့ပြီးတဲ့နောက် မှတော့ Colossi of Memmon ကျောက်ရုပ်ညီနောင်ဆီကနေ တေးသံတွေထွက်ပေါ်လေ့ ရှိကြောင်း ဒေသခံတွေကစတင် သတိထားမိခဲ့ပါတယ်။ ရှေးခေတ် စောင်းတူရိယာ တစ်မျိုးကိုတီးခတ်သကဲ့သို့ မြည်ဟီးနေတဲ့ သံစဉ်တွေဟာ အာရုဏ်တက်ချိန်၊နေဝင်ချိန် တွေဟာ အနီးပတ်ဝန်းကျင်တွေကတောင် ထင်ထင်ရှားရှားကြားနိုင်ပါတယ်။

ဒေသခံ တွေကတော့ ကျိန်စာလိုလို၊ဒဏ္ဍာရီလိုလို၊ပုံပြင်လိုလို ဖြစ်ရပ်တွေဟာ အမှန်တကယ် ဖြစ်လာပြီလို့ ယုံကြည်ကြပေမဲ့ နောက်ပ်ိုင်းတွေ့ရှိချက်တွေအရတော့ ပတ်ဝန်းကျင် အပူချိန်ကြောင့် ကျောက်ရုပ်တွေရဲ့ အက်ကြောင်းအတွင်းမှာရှိတဲ့ နှင်းပေါက်/နှင်း စက်တွေဟာ အငွေ့ရိုက်ကြရာမှ ထွက်ပေါ်လာသံတွေ နဲ့ ကျောက်အက်ကြောင်းတွေကို ဖြတ်သန်းတိုက်ခတ်တဲ့လေနဲ့ ထိခတ်မှုကြောင့် ထွက်တဲ့အသံ ဖြစ်တယ်လို့ အဖြေထွက်ပါတယ်။

ဒေသခံတွေနဲ့ အဲဒီရုပ်တုကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေဟာ ကာလအတန်ကြာအောင် ယင်းရုပ်တုညီနောင်ရဲ့ သမိုင်းကို အသေ အချာ မသိရှိခဲ့ကြပါဘူး။ ရှေးပုံပြင်တစ်ခုကြောင့် သူတို့ဟာ ယင်းရုပ်တုတွေဟာ ရှေးဂရိ စစ်ဘုရင် Memmon ရဲ့ပုံတူတွေ ဖြစ်တယ်လို့ ယူဆခဲ့ကြပြီး ဒေသရဲ့ အမည် ဖြစ်တဲ့ Colossus နဲ့တွဲဖက်ပြီး Colossi of Memmon လို့အဲဒီရုပ်တုညီ နောင်ကို ခေါ်ကြပါတယ်။

Memnon ဆိုတာကတော့ ရှေးအီသီယိုးပီးယားဘုရင်တစ်ဦး ဖြစ်ပြီး Trojan War ကာလအတွင်းမှာတော့ နာမည်ကျော်စစ်သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သမိုင်းဆရာတွေရဲ့ အဆိုအရတော့ သူဟာ အာရုဏ်ဦးနတ်ဘုရားမ Eos ရဲ့သားတော် ဖြစ်ပြီးဆောင်းတွင်း ကာလမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ခုမှာ ကျဆုံးခဲ့ပါတယ်။ သူသေဆုံးတဲ့ အချိန်က စပြီး မိခင်ဖြစ်သူဟာ ဝမ်းနည်းမျက်ရည်ကျခဲ့ရပြီးအထူးသဖြင့် Memnon ကျဆုံးသွားတဲ့ဆောင်းနံနက်ခင်းတိုင်းမှာမိခင်ဖြစ်သူဟာငိုကြွေးလေ့ရှိပါတယ်။

ငိုကျွေးတဲ့အခါ ကျဆင်းလာတဲ့ သူမရဲ့ မျက်ရည် တွေဟာ အဖြူရောင်နှင်းစက်တွေအဖြစ် ပြောင်းသွားပြီး ကမ္ဘာမြေပြင်ပေါ်ကျရောက်ရတယ်လို့ ရှေးဂရိတွေရဲ့ ဒဏ္ဍာရီသမိုင်းတွေက အဆိုရှိခဲ့ပါ တယ်။ ဒါကြောင့် ဒီရုပ်တုညီနောင်ဟာ Memnon ကို ကိုယ်စားပြုပြီး သူမိခင်ခံစားနေရတဲ့ ဝေဒနာတွေကို သက်သာစေရန် တေးသီချင်းတွေကို အာရုဏ်ဦးနဲ့ နေဝင်ချိန် တိုင်းသီဆိုပြနေတယ်လို့ ယုံကြည်ကြပါတယ်။ နောက်ပ်ိုင်းလေ့လာချက်တွေအရသာ အမှန်တကယ်ဖြစ်ရပ်ကို သိရှိခဲ့ကြပေမယ့် ဒဏ္ဍာရီကိုသာယုံကြည်သူ ဒေသခံတွေလည်း ယနေ့အချိန်ထိ ရှိနေပါသေးတယ်။

ဂရိသမိုင်းနဲ့ ပထဝီဝင်ပညာရပ်ဆိုင် ပညာရှင် Strabo ဟာအဲဒီကျောက်ရုပ်ညီနောင်ရဲ့ ဆက်စပ်နေတဲ့ သီချင်းသံတွေထွက်ပေါ်နေတဲ့အကြောင်းကို  လာရောက်လေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်။ သူရဲ့တွေ့ရှိချက်အရတော့ အဆိုပါအသံတွေ ဟာ ရုပ်တုတွရဲ့မညီညာတဲ့ အက်ကြောင်းအတွင်းကို လေပြင်းတွေ တိုက်ခတ်ရာမှ ထွက်ပေါ်လာတဲ့ အသံတွေဖြစ်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။

အေဒီ ၂ရာစုလောက်တုန်းကလည်း ဂရိလူမျိုးခရီးသွား ပထဝီဝင်ပညာရှင် Pausanias ကတော့ အသံလာရာနဲ့ ပတ်သက်ပြီးဖော်ထုတ်ခဲ့ခြင်းမရှိပေမဲ့ ရုပ်တုတွကနေထွက်ပေါ်လာတဲ့ အသံတွေဟာ ဂရိရှေးဟောင်းစောင်းတူရိယာ (lyre)ရဲ့တီးခတ်သံလို ဖြစ်ကြောင်း ဥပမာ ပေးခဲ့ပါတယ်။ ဒါအပြင် တစ်ခါတစ်ရံမှာ ကျောက်ရုပ်တုတွေကနေ ပေါ်ထွက်လာတဲ့အသံတွေဟာ ကြေးဝါတူရိယာကိုတီးခတ်တဲ့ အသံနဲ့ လေချွန်သံနဲ့ တူညီ နေကြောင်း မှတ်တမ်းရေးသားခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း ရောမအင်ပါယာက အတွေးအခေါ်ပညာရှင် အချို့နဲ့ လေ့လာသူများစွာ ထူးဆန်းတဲ့အသံတွေထွက်ပေါ်တယ်လို့ နာမည်ကျော်တဲ့ ကျောက်ရုပ်ညီနောင်ဆီကို များစွာလာရောက်လေ့လာခဲ့ကြပါသေးတယ်။လာရောက်သူ တွေဟာ Colossi of Memmon ကိုသူတို့ရောက်ရှိကြောင်းအမှတ်အသားနဲ့ တေးသီချင်းသံတွေကို အမှန်တကယ်ကြားခဲ့ရကြောင်းကို ကျောက်ရုပ်ရဲ့ အောက်ခြေ ကျောက်ပြားတွေမှာ မှတ်တမ်းတင်ခဲ့ကြပါတယ်။

အေဒီ ၁၉၉ ပတ်ဝန်းကျင်မှာတော့ ရောမအင်ပါယာရဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်လာခဲ့ တဲ့ Septimius Severus လက်ထက်မှာ Colossi of Memmon ရုပ်တုတွေကို ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျောက်ရုပ်ညီနောင်ရဲ့ သီချင်းသံတွေကို မကြားရတော့ပါဘူး။

ယနေ့အချိန်မှာတော့ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာ ကာလကတည်းက အီဂျစ်ဘုရင် Pharaoh Amenhotep(3)ရဲ့ နတ်ဘုရားကျောင်းဆောင်နဲ့ အတူဆက်စပ် ပါဝင်လာခဲ့တဲ့ Colossi of Memmonရုပ်တုညီနောင်ဟာ Luxor မြို့ကနေ အခြားအီဂျစ်နိုင်ငံက မြို့ တော်တွေဆီကို ဆက်သွယ်ထားတဲ့ ဟိုင်းဝေးလမ်းမကြီးရဲ့ ဘေးမှာတည်ရှိနေပါတယ်။

လမ်းမကြီးကနေ အနည်းငယ်သာဝေးတဲ့ ကျောက်ရုပ်ညီနောင်ဟာ ရှေးအမွေအနှစ် တစ်ခုအနေနဲ့ သတ်မှတ်ထားတာကလွဲရင် ရေရှည်ထိန်းသိမ်းမယ့် အစီစဉ်တွေကို အစိုးရက ချမှတ်ပေးခြင်းတော့မရှိသေးပါဘူး။ ရှေးခေတ်အီဂျစ်ဘုရင်တွေရဲ့ ခမ်းနားတဲ့သမိုင်းဟာ ဂိုင်ဇာမှာရှိတဲ့ ပိရမစ်သချိုင်းတွေမှာတင်မကပဲ ဒီကျောက်ရုပ်ညီနောင်မှာလည်း လေ့လာ တွေ့ရှိနိုင်ပါတယ်။

ဟိုးယခင်ကာလတုန်းကတော့ Colossi of Memmon ရုပ်တုညီနောင်ဟာ အီဂျစ်ပြည်ရဲ့ အကြီးမြတ်ဆုံးနတ်ဘုရားကျောင်းဆောင် အဝင်မုဒ်ဦးမှာ ထည်ဝါစွာတည်ရှိနေပေမဲ့ ယနေ့အချိန်မှာတော့ ဆွေးမြေ့နေတဲ့ ကားလမ်းမဘေးက သာမန် အမှတ်အသားပြု နေရာအနေနဲ့ပဲရှိနေတော့ကြောင်း ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

Leave a Reply