ကတၱရာ အေၾကာင္း သိေကာင္းစရာ

Posted on

ကတၱရာကို ဟိုက္ဒရိုကာဗြန္ျဒပ္ေပါင္း အမ်ိဳးမ်ိဳး ပါဝင္သည့္ ဗစ္တ်ဴမင္ကတၱရာေခၚ ပစၥည္းတစ္မ်ိဳးမွ ရရွိ၏။ ကတၱရာအေရာင္မွာ အညို သို႔မဟုတ္ အမည္းျဖစ္၏။ အခ်ိဳ႕ ကတၱရာသည္ မည္း၍ အေရာင္လက္၏။ အခ်ိဳ႕မွာ တြင္းထြက္ ေက်ာက္မီးေသြးမ်ားမွရေသာ ကတၱရာေစးကဲ့သို႔ ကပ္ေစးေစး ရွိ၏။ ကတၱရာကို တစ္ခုခုတြင္ထည့္၍ မီးတိုက္ေပး ေသာအခါ အပူခ်ိန္ စင္တီဂရိတ္ဒီဂရီ ၁ဝဝ တြင္ အလြယ္တကူ အရည္ ေပ်ာ္၍ ထူထပ္ေသာမီးခိုးလုံးမ်ားထြက္လာ၏။

ကတၱရာသည္ ေအးလွ်င္ မာခဲေနျပီး ပူလာလ်ွင္ေတာ့ ေပ်ာ့ေပ်ာင္းလာၿပီး ပုိၿပီး အပူျမင့္မားလာပါက အရည္အျဖစ္သို႕ ေျပာင္းလဲ သြားေလ့ရွိသည့္အရာျဖစ္သည္။

ကတၱရာကို ေတာင္အေမရိကတိုက္ ေအာ္ရင္နိုးကိုးျမစ္ဝ အလြန္တြင္ တည္ရွိေသာ ထရင္းနီဒက္ကြၽန္းမွ အေျမာက္အျမား ရရွိသည္။ ထိုကြၽန္းရွိ ကတၱရာက်င္းမ်ားမွာ ေရကန္ႀကီးသဖြယ္ျဖစ္၍ အက်ယ္မွာတစ္မိုင္ခန႔္ပင္ရွိ၏။ ထိုကတၱရာက်င္း တည္ေနရာသည္ ႐ႊံ႕မီးေတာင္ေသ၏ထိပ္ဝျဖစ္ဟန္တူသည္။ ထူးျခားေသာအခ်က္တစ္ရပ္မွာ က်င္းတစ္က်င္းမွ ကတၱရာကို အေျမာက္အျမား ထူးေဖာ္ထုတ္ယူေသာ္လည္း ကတၱရာမ်ားျပန္၍ ျပည့္လာေသာအခ်က္ပင္ျဖစ္၏။ ယင္းသို႔ျပန္ျပည့္လာျခင္း အေၾကာင္းမွာ ကတၱရာက်င္းရွိရာေျမေအာက္မွ ကတၱရာမ်ားသည္ အေပၚသို႔ အစဥ္မျပတ္တက္လာေနေသာေၾကာင့္ပင္ ျဖစ္သည္။

ကတၱရာကို ေတာင္အေမရိကတိုက္ ဗင္နီးဇြီးလား နိုင္ငံမွလည္းေကာင္း၊ က်ဴးဗားကြၽန္းမွလည္းေကာင္း၊ အမ်ားအျပားတူးေဖာ္ရရွိၾက ၏။ အေမရိကန္ျပည္ေထာင္စု ကာလီဖိုးနီးယား ျပည္နယ္မွ ထြက္ေသာ ကတၱရာသည္ အလြန္ေကာင္းေသာေၾကာင့္ မည္သို႔မွ် ျပဳျပင္မေပးရဘဲ လမ္းခင္းရန္အတြက္ အသုံးျပဳနိုင္ေပသည္။ ကတၱရာကို အျခားအေမရိကန္ျပည္ေထာင္စုျပည္နယ္မ်ား၊ ကေနဒါျပည္ႏွင့္ ဥေရာပတိုင္းျပည္မ်ားမွလည္း ရနိုင္သည္။

ေရွးႏွစ္ေပါင္းမ်ားစြာက ပင္လယ္ေအာက္တြင္ နစ္ျမဳပ္လ်က္ရွိေသာ အပင္ႏွင့္ တိရစာၦန္တို႔၏ အႂကြင္းအက်န္တို႔သည္ သဘာဝအေလ်ာက္ တျဖည္းျဖည္း ေရနံဘဝသို႔ေျပာင္းသြား၍ ထိုေရနံဘဝမွတစ္ဖန္ ႏွစ္လရွည္ၾကာလတ္ေသာ္ ကတၱရာျဖစ္ လာသည္ဟု ဘူမိေဗဒပညာရွင္အားလုံးေလာက္တို႔က တညီ တၫြတ္တည္းယူၾက၏။ ယင္းသို႔ျဖစ္လာပုံမွာ ေျမေအာက္တြင္ ကတၱရာအျဖစ္ မေရာက္မီ ေရနံဘဝႏွင့္ရွိေနစဥ္ ေရနံမွေပါ့ပါး ေသာ ဆီတို႔သည္ ေျမႀကီးပပ္ေၾကာင္းအက္ၾကားမွ သဘာဝ အေလ်ာက္ အေငြ႕ပ်ံ၍ တက္သြားၾက၏။

ယင္းသို႔ အေငြ႕ပ်ံ တက္သြားရာမွ က်န္ရွိေနေသာေရနံသည္ ေအာက္ဆီဂ်င္ႏွင့္ ေပါင္းစပ္ၿပီးလွ်င္ ကတၱရာျဖစ္သြား၏။ ကတၱရာရိုင္းကိုက်ိဳ၍ ဗစ္တ်ဴမင္ေခၚ တြင္းထြက္ကတၱရာေစးကဲ့သို႔ေသာပစၥည္းမ်ား၊ သဲမ်ား၊ ကယ္လဆီယမ္ကာဗြန္ နိတ္မ်ားႏွင့္ ေရာစပ္၍ အဂၤေတျပဳလုပ္ၾကသည္။

အနက္ေရာင္အေရာင္တင္ဆီမ်ား၊ အိမ္မိုးရန္တရပတ္မ်ားႏွင့္ ေရခံစကၠဴမ်ားကို ကတၱရာျဖင့္ ျပဳလုပ္စီမံၾက၏။ ထိုျပင္ တံတားမ်ားႏွင့္ အေဆာက္အဦအုတ္ျမစ္မ်ားတြင္လည္း ေရမဝင္ေစရန္ ေရခံပစၥည္းအျဖစ္ျဖင့္ အသုံးျပဳၾကေသး၏။ ေရွးအခါကပင္ ကတၱရာကို လမ္းခင္းရာ၌အသုံးျပဳခဲ့ၾကရာ ယခု အခါ၌ကား လမ္းမ်ားပိုမိုခိုင္ခံ့၍ တာရွည္ခံနိုင္ေစရန္ ကတၱရာကို သဲမ်ား၊ ေက်ာက္အေၾကမ်ားႏွင့္ ေရာစပ္၍သုံးစြဲၾကသည္။ ကတၱရာလမ္းခင္းနည္းကုိတီထြင္သူမွာ စေကာ့တလန္မွ ဂၽြန္၊ လူဒြန္ မကၠဒမ္ ဆုိသူျဖစ္သည္။

သဘာဝကတၱရာမ်ားထြက္႐ွိရာ ထရီနီဒတ္ကြၽန္း

ၿဗိတိသွ်ပိုင္ အေနာက္အိႏၵိယကြၽန္းစုတြင္ ဂ်ေမးကားကြၽန္းမွ တစ္ပါး အျခားအႀကီးဆုံးကြၽန္းမွာ ထရီနီဒတ္ကြၽန္းျဖစ္သည္။ အေရွ႕ေျမာက္ဘက္၌ တိုဘက္ဂိုကြၽန္းရွိ၍၊ ထိုကြၽန္းသည္ ထရီနီဒက္ႏွင့္ အုပ္ခ်ဳပ္ေရးသေဘာ၌ ေရာေႏွာ ေပါင္းစပ္လ်က္ ထရီနီဒတ္ႏွင့္တိုဘက္ဂိုနိုင္ငံ အျဖစ္ရွိေလသည္။

ထရီနီဒတ္ကြၽန္းသည္ ပူျပင္းစိုစြတ္ေသာ ရာသီဥတုရွိ သည္။ ေျမဩဇာေကာင္းမြန္သည္။ သၾကား၊ ကိုကိုး၊ အုန္း၊ ေရွာက္၊ လိေမၼာ္ႏွင့္ ဟင္းသီးဟင္း႐ြက္ကို စိုက္ပ်ိဳးၾကသည္။ ေရနံထြက္သျဖင့္ ေရနံခ်က္ သည့္လုပ္ငန္းသည္ အေရးပါ၏။ ေရနံေခ်းအခ်ိဳ႕ကို ဗင္နီဇြဲလားမွ တင္သြင္းသည္။ ကတၱရာေစး ထြက္သည္။ ကြၽန္း၏ အက်ယ္အဝန္းမွာ စတုရန္းမိုင္ေပါင္း ၁၈၆၄ မိုင္ခန႔္ရွိသည္။ တိုဘက္ဂိုကြၽန္းမွာ စတုရန္းမိုင္ေပါင္း ၁၁၆ မိုင္ရွိသည္။

လူဦးေရ ၁သန္း ၄သိန္းခန႔္ရွိသည္။ တိုင္းရင္းသား လူဦးေရ ၃ ပုံ ၁ ပုံသည္ အဂၤလိပ္၊ ျပင္သစ္ႏွင့္ စပိန္လူမ်ိဳးမ်ားျဖစ္ၾကသည္။ဤကြၽန္းကို ေရွးဦးစြာ ေတြ႕ရွိသူ ဥေရာပလူမ်ဳိးမွာ ကိုလံဘတ္ (၁၄၉၈ ခုႏွစ္)ျဖစ္သည္။

၁၇၉၇ ခုႏွစ္ အထိ စပိန္ တို႔၏ လက္ေအာက္ခံ ျဖစ္ခဲ့ၿပီးေနာက္၊ ၿဗိတိသွ်တို႔က သိမ္းယူ သည္။ ၁၈ဝ၂ ခုႏွစ္ အမီယန္ၿမိဳ႕တြင္ ခ်ဳပ္ဆိုေသာ စာခ်ဳပ္အရ ဂရိတ္ၿဗိတိန္ပိုင္ျဖစ္လာသည္။ ၁၉၄၁ ခုႏွစ္တြင္ ကြၽန္းေပၚရွိ ခံတပ္စခန္းမ်ားကို အေမရိကန္သို႔ ၉၉ ႏွစ္ အငွားစာခ်ဳပ္ျဖင့္ ငွားရမ္းလိုက္၏။

ကြၽန္းမွာ အမ်ားအားျဖင့္ ေတာင္ထူထပ္သည္။ သို႔ေသာ္ အျမင့္ဆုံးေသာေတာင္မွာ ေပ ၃၁ဝဝ ေက်ာ္မွ် သာျမင့္သည္။ ကြၽန္း၏ အေနာက္ေတာင္ဘက္တြင္ ပစ္ခ်ကတၱရာအိုင္ႀကီးရွိ၍ ထိုအိုင္တြင္းမွ ကတၱရာေစးမ်ားရရွိ၏။ ပို႔ေအာ့စပိန္မွာ ထရီနီဒတ္ကြၽန္း၏ ၿမိဳ႕ေတာ္ျဖစ္သည္။

ကိုးကား
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၅)
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁)

——————

ကတ္တရာ အကြောင်း သိကောင်းစရာ (unicode)

ကတ္တရာကို ဟိုက်ဒရိုကာဗွန်ဒြပ်ပေါင်း အမျိုးမျိုး ပါဝင်သည့် ဗစ်တျူမင်ကတ္တရာခေါ် ပစ္စည်းတစ်မျိုးမှ ရရှိ၏။ ကတ္တရာအရောင်မှာ အညို သို့မဟုတ် အမည်းဖြစ်၏။ အချို့ ကတ္တရာသည် မည်း၍ အရောင်လက်၏။ အချို့မှာ တွင်းထွက် ကျောက်မီးသွေးများမှရသော ကတ္တရာစေးကဲ့သို့ ကပ်စေးစေး ရှိ၏။ ကတ္တရာကို တစ်ခုခုတွင်ထည့်၍ မီးတိုက်ပေး သောအခါ အပူချိန် စင်တီဂရိတ်ဒီဂရီ ၁ဝဝ တွင် အလွယ်တကူ အရည် ပျော်၍ ထူထပ်သောမီးခိုးလုံးများထွက်လာ၏။

ကတ္တရာသည် အေးလျှင် မာခဲနေပြီး ပူလာလျှင်တော့ ပျော့ပျောင်းလာပြီး ပိုပြီး အပူမြင့်မားလာပါက အရည်အဖြစ်သို့ ပြောင်းလဲ သွားလေ့ရှိသည့်အရာဖြစ်သည်။

ကတ္တရာကို တောင်အမေရိကတိုက် အော်ရင်နိုးကိုးမြစ်ဝ အလွန်တွင် တည်ရှိသော ထရင်းနီဒက်ကျွန်းမှ အမြောက်အမြား ရရှိသည်။ ထိုကျွန်းရှိ ကတ္တရာကျင်းများမှာ ရေကန်ကြီးသဖွယ်ဖြစ်၍ အကျယ်မှာတစ်မိုင်ခန့်ပင်ရှိ၏။ ထိုကတ္တရာကျင်း တည်နေရာသည် ရွှံ့မီးတောင်သေ၏ထိပ်ဝဖြစ်ဟန်တူသည်။ ထူးခြားသောအချက်တစ်ရပ်မှာ ကျင်းတစ်ကျင်းမှ ကတ္တရာကို အမြောက်အမြား ထူးဖော်ထုတ်ယူသော်လည်း ကတ္တရာများပြန်၍ ပြည့်လာသောအချက်ပင်ဖြစ်၏။ ယင်းသို့ပြန်ပြည့်လာခြင်း အကြောင်းမှာ ကတ္တရာကျင်းရှိရာမြေအောက်မှ ကတ္တရာများသည် အပေါ်သို့ အစဉ်မပြတ်တက်လာနေသောကြောင့်ပင် ဖြစ်သည်။

ကတ္တရာကို တောင်အမေရိကတိုက် ဗင်နီးဇွီးလား နိုင်ငံမှလည်းကောင်း၊ ကျူးဗားကျွန်းမှလည်းကောင်း၊ အများအပြားတူးဖော်ရရှိကြ ၏။ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်မှ ထွက်သော ကတ္တရာသည် အလွန်ကောင်းသောကြောင့် မည်သို့မျှ ပြုပြင်မပေးရဘဲ လမ်းခင်းရန်အတွက် အသုံးပြုနိုင်ပေသည်။ ကတ္တရာကို အခြားအမေရိကန်ပြည်ထောင်စုပြည်နယ်များ၊ ကနေဒါပြည်နှင့် ဥရောပတိုင်းပြည်များမှလည်း ရနိုင်သည်။

ရှေးနှစ်ပေါင်းများစွာက ပင်လယ်အောက်တွင် နစ်မြုပ်လျက်ရှိသော အပင်နှင့် တိရစ္ဆာန်တို့၏ အကြွင်းအကျန်တို့သည် သဘာဝအလျောက် တဖြည်းဖြည်း ရေနံဘဝသို့ပြောင်းသွား၍ ထိုရေနံဘဝမှတစ်ဖန် နှစ်လရှည်ကြာလတ်သော် ကတ္တရာဖြစ် လာသည်ဟု ဘူမိဗေဒပညာရှင်အားလုံးလောက်တို့က တညီ တညွတ်တည်းယူကြ၏။ ယင်းသို့ဖြစ်လာပုံမှာ မြေအောက်တွင် ကတ္တရာအဖြစ် မရောက်မီ ရေနံဘဝနှင့်ရှိနေစဉ် ရေနံမှပေါ့ပါး သော ဆီတို့သည် မြေကြီးပပ်ကြောင်းအက်ကြားမှ သဘာဝ အလျောက် အငွေ့ပျံ၍ တက်သွားကြ၏။

ယင်းသို့ အငွေ့ပျံ တက်သွားရာမှ ကျန်ရှိနေသောရေနံသည် အောက်ဆီဂျင်နှင့် ပေါင်းစပ်ပြီးလျှင် ကတ္တရာဖြစ်သွား၏။ ကတ္တရာရိုင်းကိုကျို၍ ဗစ်တျူမင်ခေါ် တွင်းထွက်ကတ္တရာစေးကဲ့သို့သောပစ္စည်းများ၊ သဲများ၊ ကယ်လဆီယမ်ကာဗွန် နိတ်များနှင့် ရောစပ်၍ အင်္ဂတေပြုလုပ်ကြသည်။

အနက်ရောင်အရောင်တင်ဆီများ၊ အိမ်မိုးရန်တရပတ်များနှင့် ရေခံစက္ကူများကို ကတ္တရာဖြင့် ပြုလုပ်စီမံကြ၏။ ထိုပြင် တံတားများနှင့် အဆောက်အဦအုတ်မြစ်များတွင်လည်း ရေမဝင်စေရန် ရေခံပစ္စည်းအဖြစ်ဖြင့် အသုံးပြုကြသေး၏။ ရှေးအခါကပင် ကတ္တရာကို လမ်းခင်းရာ၌အသုံးပြုခဲ့ကြရာ ယခု အခါ၌ကား လမ်းများပိုမိုခိုင်ခံ့၍ တာရှည်ခံနိုင်စေရန် ကတ္တရာကို သဲများ၊ ကျောက်အကြေများနှင့် ရောစပ်၍သုံးစွဲကြသည်။ ကတ္တရာလမ်းခင်းနည်းကိုတီထွင်သူမှာ စကော့တလန်မှ ဂျွန်၊ လူဒွန် မက္ကဒမ် ဆိုသူဖြစ်သည်။

သဘာဝကတ္တရာများထွက်ရှိရာ ထရီနီဒတ်ကျွန်း

ဗြိတိသျှပိုင် အနောက်အိန္ဒိယကျွန်းစုတွင် ဂျမေးကားကျွန်းမှ တစ်ပါး အခြားအကြီးဆုံးကျွန်းမှာ ထရီနီဒတ်ကျွန်းဖြစ်သည်။ အရှေ့မြောက်ဘက်၌ တိုဘက်ဂိုကျွန်းရှိ၍၊ ထိုကျွန်းသည် ထရီနီဒက်နှင့် အုပ်ချုပ်ရေးသဘော၌ ရောနှော ပေါင်းစပ်လျက် ထရီနီဒတ်နှင့်တိုဘက်ဂိုနိုင်ငံ အဖြစ်ရှိလေသည်။

ထရီနီဒတ်ကျွန်းသည် ပူပြင်းစိုစွတ်သော ရာသီဥတုရှိ သည်။ မြေဩဇာကောင်းမွန်သည်။ သကြား၊ ကိုကိုး၊ အုန်း၊ ရှောက်၊ လိမ္မော်နှင့် ဟင်းသီးဟင်းရွက်ကို စိုက်ပျိုးကြသည်။ ရေနံထွက်သဖြင့် ရေနံချက် သည့်လုပ်ငန်းသည် အရေးပါ၏။ ရေနံချေးအချို့ကို ဗင်နီဇွဲလားမှ တင်သွင်းသည်။ ကတ္တရာစေး ထွက်သည်။ ကျွန်း၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၈၆၄ မိုင်ခန့်ရှိသည်။ တိုဘက်ဂိုကျွန်းမှာ စတုရန်းမိုင်ပေါင်း ၁၁၆ မိုင်ရှိသည်။

လူဦးရေ ၁သန်း ၂သိန်းခန့်ရှိသည်။ တိုင်းရင်းသား လူဦးရေ ၃ ပုံ ၁ ပုံသည် အင်္ဂလိပ်၊ ပြင်သစ်နှင့် စပိန်လူမျိုးများဖြစ်ကြသည်။ဤကျွန်းကို ရှေးဦးစွာ တွေ့ရှိသူ ဥရောပလူမျိုးမှာ ကိုလံဘတ် (၁၄၉၈ ခုနှစ်)ဖြစ်သည်။

၁၇၉၇ ခုနှစ် အထိ စပိန် တို့၏ လက်အောက်ခံ ဖြစ်ခဲ့ပြီးနောက်၊ ဗြိတိသျှတို့က သိမ်းယူ သည်။ ၁၈ဝ၂ ခုနှစ် အမီယန်မြို့တွင် ချုပ်ဆိုသော စာချုပ်အရ ဂရိတ်ဗြိတိန်ပိုင်ဖြစ်လာသည်။ ၁၉၄၁ ခုနှစ်တွင် ကျွန်းပေါ်ရှိ ခံတပ်စခန်းများကို အမေရိကန်သို့ ၉၉ နှစ် အငှားစာချုပ်ဖြင့် ငှားရမ်းလိုက်၏။

ကျွန်းမှာ အများအားဖြင့် တောင်ထူထပ်သည်။ သို့သော် အမြင့်ဆုံးသောတောင်မှာ ပေ ၃၁ဝဝ ကျော်မျှ သာမြင့်သည်။ ကျွန်း၏ အနောက်တောင်ဘက်တွင် ပစ်ချကတ္တရာအိုင်ကြီးရှိ၍ ထိုအိုင်တွင်းမှ ကတ္တရာစေးများရရှိ၏။ ပို့အော့စပိန်မှာ ထရီနီဒတ်ကျွန်း၏ မြို့တော်ဖြစ်သည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)

Leave a Reply