ဘီလ္ဂိတ္ကို မုန္းခဲ့ေသာ ဂ်က္မား

Posted on

ေရးသားသူ – ဗန္းေမာ္သိန္းေဖ

Microsoft ေဆာ့ဖ္၀ဲကို တီထြင္ခဲ့သူ၊ ကမာၻ႔အခ်မ္းသာဆံုးလူေတြထဲက တစ္ေယာက္ျဖစ္တဲ့ ဘီလ်ံနာသူေဌးၾကီး ဘီလ္ဂိတ္ကုိ လူတိုင္းက အားက်ခဲ့ၾကတယ္။ ကုိယ္ပိုင္စီးပြားေရးလုပ္ငန္းလုပ္ခ်င္တဲ့ လူငယ္ေတြအတြက္ သူဟာ နမူနာယူစရာ စံျပပုဂၢိဳလ္တစ္ေယာက္ပါ။

ဒါေပမဲ့ ဂ်က္မားဟာ အလီဘာဘာကုမၸဏီကို ထူေထာင္ျပီး အင္တာနက္နဲ႔ e-commerce လုပ္ငန္းကို စလုပ္ေတာ့ ဘီလ္ဂိတ္ဟာ သူ အမုန္းဆံုးလူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ သူက အဲဒီအေၾကာင္းကို မၾကာခင္က အစၥေရးနိုင္ငံ၊ တဲလ္ဗစ္ျမိဳ႔မွာ က်င္းပတဲ့ တီထြင္သူမ်ား ညီလာခံမွာ ခုလို ေျပာျပပါတယ္။

“အဲဒီအခ်ိန္က ကၽြန္ေတာ္ ဘီလ္ဂိတ္ကို အရမ္းမုန္းခဲ့တယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ရဲ႕ Microsoft ကုမၸဏီက ကမာၻေပၚက အခြင့္အလမ္းအားလံုးကို ယူသြားတယ္လို႔ ထင္လုိ႔ပါ။ ေနာက္ျပီး သူပိုင္တဲ့ IBM; Oracle တို႔ကလည္း အခြင့္အလမ္းေတြကို သိမ္းယူထားျပန္တယ္”တဲ့။

သူက ဆက္ရွင္းျပပါတယ္။ သူ ၁၉၉၉ ခုနွစ္မွာ အလီဘာဘာကုမၸဏီကို စေထာင္ခ်ိန္မွာ ကမာၻေပၚက ၾကီးမားတဲ့ အင္တာနက္နဲ႔ ကြန္ပ်ဴတာကုမၸဏီေတြဟာ သူတို႔လို ကုမၸဏီေသးေလးေတြ ေပၚမလာေအာင္ ေစ်းကြက္ကို အုပ္စီးထားတယ္လို႔ သူ ထင္ေနခဲ့တယ္တဲ့။ ေနာက္ မၾကာခင္မွာပဲ သူ႔အခြင့္အလမ္းေတြကို ပိတ္ထားသူေတြဟာ ဘီလ္ဂိတ္နဲ႔ တျခားေအာင္ျမင္သူေတြ မဟုတ္ၾကဘူး၊ သူ႔အခြင့္အလမ္းေတြကို ပိတ္ထားသူဟာ သူ႔ရဲ႕ ဆင္ေျခအေၾကာင္းျပခ်က္ေတြေၾကာင့္ပဲဆိုတာကို သိလိုက္ပါတယ္တဲ့။

ဂ်က္မားက ခုလို ဆက္ေျပာပါတယ္။ “လူေတြဟာ တစ္ခုခု မေအာင္ျမင္ရင္ ညီးတြားေနၾကတယ္။ မေအာင္ျမင္ရတဲ့အေၾကာင္းကို ဆင္ေျခေတြ ေပးၾကတယ္။ တကယ္လု႔ိ သင္ဟာ ဆင္ေျခေပးတာကို ကုစားလုိက္မယ္ဆိုရင္ ျပႆနာကို ေျဖရွင္းလိုက္တာပါပဲ။ ျပႆနာကို ေျဖရွင္းလိုက္ျပီဆိုရင္ အခြင့္အလမ္းေတြ ေပၚလာစျမဲပါပဲ”

ဂ်က္မားဟာ သူ႔ရဲ႕အလီဘာဘာ တရုတ္ကုမၸဏီေလးကို ကမာၻေပၚက အၾကီးဆံုး အင္တာနက္ ကုမၸဏီၾကီးေတြနဲ႔ ယွဥ္ျပိဳင္နိုင္ဖို႔ ရွင္းလင္းလြယ္ကူျပီး ေစ်းသက္သာတဲ့ နည္းေတြကို သံုးခဲ့ရတယ္။ သူက ခုလို ေျပာတယ္။

“IT နည္းပညာကုိ အသံုးျပဳရတာ ေစ်းသိပ္ၾကီးပါတယ္။ ဒီေတာ့ ကၽြန္ေတာ္တို႔ဟာ တီထြင္လုပ္ၾကရပါတယ္။ တီထြင္ျပီး မလုပ္ရင္ အလီဘာဘာဟာ ေျမာင္းထဲ ေရာက္သြားမွာမို႔ မလုပ္မျဖစ္ တီထြင္လိုက္ရတာပါ”

ဂ်က္မား အလီဘာဘာကုမၸဏီကို စေထာင္လုိ႔ အနွစ္ ၂၀ အၾကာမွာ (နွစ္ဦးစလံုး ဘီလ်ံနာသူေဌးၾကီးေတြ ျဖစ္ေနၾကတဲ့) ဂ်က္မားနဲ႔ ဘီလ္ဂိတ္တို႔ဟာ အေတာ္ေလးကို ရင္းနွီးခင္မင္သြားခဲ့ၾကတယ္။ သူဟာ ဘီလ္ဂတ္တို႔ လင္မယားထူေထာင္ထားတဲ့ ေဒၚလာဘီလီယံ အလွဴေငြေတြ ရထားတဲ့ Bill & Melinda Gates Foundation မွာလည္း အလွဴ်ေငြထည့္၀င္ျပီး ကူညီေပးေနပါတယ္။ သူတို႔နွစ္ေယာက္ဟာ မိတ္ေဆြေတြ ျဖစ္ေနၾကသလို နည္းပညာျပိဳင္ဖက္ေတြလည္း ျဖစ္ၾကပါတယ္။

ျပီးခဲ့တဲ့လက ဂ်က္မားက အလီဘာဘာကုမၸဏီရဲ႕ ဥကၠဌရာထူးကေန အနားယူေတာ့မယ္လို႔ ေၾကညာခဲ့ပါတယ္။ ေၾကညာတဲ့ အခမ္းအနားမွာ သူက ဘီလ္ဂိတ္နဲ႔ ပတ္သက္လို႔ ခုလို စကားတစ္ခြန္းကို ထည့္ေျပာခဲ့ပါတယ္။

“ကၽြန္ေတာ္ ဘီလ္ဂိတ္ကို ေငြေၾကးခ်မ္းသာတဲ့ ေနရာမွာ မယွဥ္နိုင္ပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္ သူ႔ကိုအနိုင္ရနုိင္တာ တစ္ခု ရွိပါတယ္။ အဲဒါက ကၽြန္ေတာ္ သူ႔ထက္ အရင္ အလုပ္ကေန အနားယူမွာပါ”

၂၀၁၈ ခုနွစ္ ေအာက္တုိဘာလ ၂၆ ရက္ေန႔က cnbc.com မွာ တင္ထားတဲ့ (Ms.) Karen Gilchrist ရဲ႕ ေဆာင္းပါးကို မွီးေရးထားတာပါ။

ဗန္းေမာ္သိန္းေဖ
၂၈-၁၀-၂၀၁၈

—————-

ဘီလ်ဂိတ်ကို မုန်းခဲ့သော ဂျက်မား(unicode)

ရေးသားသူ – ဗန်းမော်သိန်းဖေ

Microsoft ဆော့ဖ်ဝဲကို တီထွင်ခဲ့သူ၊ ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်ကို လူတိုင်းက အားကျခဲ့ကြတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့ လူငယ်တွေအတွက် သူဟာ နမူနာယူစရာ စံပြပုဂ္ဂိုလ်တစ်ယောက်ပါ။

ဒါပေမဲ့ ဂျက်မားဟာ အလီဘာဘာကုမ္ပဏီကို ထူထောင်ပြီး အင်တာနက်နဲ့ e-commerce လုပ်ငန်းကို စလုပ်တော့ ဘီလ်ဂိတ်ဟာ သူ အမုန်းဆုံးလူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူက အဲဒီအကြောင်းကို မကြာခင်က အစ္စရေးနိုင်ငံ၊ တဲလ်ဗစ်မြို့မှာ ကျင်းပတဲ့ တီထွင်သူများ ညီလာခံမှာ ခုလို ပြောပြပါတယ်။

“အဲဒီအချိန်က ကျွန်တော် ဘီလ်ဂိတ်ကို အရမ်းမုန်းခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ Microsoft ကုမ္ပဏီက ကမ္ဘာပေါ်က အခွင့်အလမ်းအားလုံးကို ယူသွားတယ်လို့ ထင်လို့ပါ။ နောက်ပြီး သူပိုင်တဲ့ IBM; Oracle တို့ကလည်း အခွင့်အလမ်းတွေကို သိမ်းယူထားပြန်တယ်”တဲ့။

သူက ဆက်ရှင်းပြပါတယ်။ သူ ၁၉၉၉ ခုနှစ်မှာ အလီဘာဘာကုမ္ပဏီကို စထောင်ချိန်မှာ ကမ္ဘာပေါ်က ကြီးမားတဲ့ အင်တာနက်နဲ့ ကွန်ပျူတာကုမ္ပဏီတွေဟာ သူတို့လို ကုမ္ပဏီသေးလေးတွေ ပေါ်မလာအောင် ဈေးကွက်ကို အုပ်စီးထားတယ်လို့ သူ ထင်နေခဲ့တယ်တဲ့။ နောက် မကြာခင်မှာပဲ သူ့အခွင့်အလမ်းတွေကို ပိတ်ထားသူတွေဟာ ဘီလ်ဂိတ်နဲ့ တခြားအောင်မြင်သူတွေ မဟုတ်ကြဘူး၊ သူ့အခွင့်အလမ်းတွေကို ပိတ်ထားသူဟာ သူ့ရဲ့ ဆင်ခြေအကြောင်းပြချက်တွေကြောင့်ပဲဆိုတာကို သိလိုက်ပါတယ်တဲ့။

ဂျက်မားက ခုလို ဆက်ပြောပါတယ်။ “လူတွေဟာ တစ်ခုခု မအောင်မြင်ရင် ညီးတွားနေကြတယ်။ မအောင်မြင်ရတဲ့အကြောင်းကို ဆင်ခြေတွေ ပေးကြတယ်။ တကယ်လို့ သင်ဟာ ဆင်ခြေပေးတာကို ကုစားလိုက်မယ်ဆိုရင် ပြဿနာကို ဖြေရှင်းလိုက်တာပါပဲ။ ပြဿနာကို ဖြေရှင်းလိုက်ပြီဆိုရင် အခွင့်အလမ်းတွေ ပေါ်လာစမြဲပါပဲ”။

ဂျက်မားဟာ သူ့ရဲ့အလီဘာဘာ တရုတ်ကုမ္ပဏီလေးကို ကမ္ဘာပေါ်က အကြီးဆုံး အင်တာနက် ကုမ္ပဏီကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ရှင်းလင်းလွယ်ကူပြီး ဈေးသက်သာတဲ့ နည်းတွေကို သုံးခဲ့ရတယ်။ သူက ခုလို ပြောတယ်။

“IT နည်းပညာကို အသုံးပြုရတာ ဈေးသိပ်ကြီးပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ တီထွင်လုပ်ကြရပါတယ်။ တီထွင်ပြီး မလုပ်ရင် အလီဘာဘာဟာ မြောင်းထဲ ရောက်သွားမှာမို့ မလုပ်မဖြစ် တီထွင်လိုက်ရတာပါ”

ဂျက်မား အလီဘာဘာကုမ္ပဏီကို စထောင်လို့ အနှစ် ၂၀ အကြာမှာ (နှစ်ဦးစလုံး ဘီလျံနာသူဌေးကြီးတွေ ဖြစ်နေကြတဲ့) ဂျက်မားနဲ့ ဘီလ်ဂိတ်တို့ဟာ အတော်လေးကို ရင်းနှီးခင်မင်သွားခဲ့ကြတယ်။ သူဟာ ဘီလ်ဂတ်တို့ လင်မယားထူထောင်ထားတဲ့ ဒေါ်လာဘီလီယံ အလှူငွေတွေ ရထားတဲ့ Bill & Melinda Gates Foundation မှာလည်း အလှူ်ငွေထည့်ဝင်ပြီး ကူညီပေးနေပါတယ်။ သူတို့နှစ်ယောက်ဟာ မိတ်ဆွေတွေ ဖြစ်နေကြသလို နည်းပညာပြိုင်ဖက်တွေလည်း ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့လက ဂျက်မားက အလီဘာဘာကုမ္ပဏီရဲ့ ဥက္ကဌရာထူးကနေ အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ကြေညာတဲ့ အခမ်းအနားမှာ သူက ဘီလ်ဂိတ်နဲ့ ပတ်သက်လို့ ခုလို စကားတစ်ခွန်းကို ထည့်ပြောခဲ့ပါတယ်။

“ကျွန်တော် ဘီလ်ဂိတ်ကို ငွေကြေးချမ်းသာတဲ့ နေရာမှာ မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် သူ့ကိုအနိုင်ရနိုင်တာ တစ်ခု ရှိပါတယ်။ အဲဒါက ကျွန်တော် သူ့ထက် အရင် အလုပ်ကနေ အနားယူမှာပါ”

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က cnbc.com မှာ တင်ထားတဲ့ (Ms.) Karen Gilchrist ရဲ့ ဆောင်းပါးကို မှီးရေးထားတာပါ။

ဗန်းမော်သိန်းဖေ
၂၈-၁၀-၂၀၁၈

Leave a Reply