ကမာၻ႔အႀကီးဆုံး ၾကာပင္ ႀကီးေတြအေၾကာင္း

Posted on

ကမာၻေပၚမွာ အႀကီးဆုံးၾကာပင္ကေတာ့ Victoria amazonica ျဖစ္ၿပီး ၾကာမ်ဳိးႏြယ္စုျဖစ္တဲ့ Nymphaeaceae ေတြထဲမွာေတာ့ အႀကီးဆုံးျဖစ္ပါတယ္။ ဒီၾကာပင္ႀကီးေတြကုိ ၁၈၀၁ခုႏွစ္တုန္းက ဘုိလီးဗီးယားႏုိင္ငံမွာ ပထမဆုံး ရွာေတြ႔ခဲ့ၾကပါတယ္။ ေတာင္အေမရိက အေမဇုန္ျမစ္၀ွမ္းမွာေတာ့ အလြန္ေပါမ်ားစြာ ေတြ႔ရတတ္ပါတယ္။ ေတာင္အေမရိကတိုက္၊ အပူပိုင္း အေမဇုန္ ျမစ္ေခ်ာင္းမ်ား၊ ကန္ႀကီးမ်ား၊ အိုင္ႀကီးမ်ားရဲ႕ ေရတိမ္​ပုိင္​းမွာ​ ေပါက္​​ေလ့ရွိပါတယ္​။

ဒီၾကာပင္ႀကီးေတြရဲ႕ ၾကာပန္းဟာ ဂြာရာနာ ႏုိင္ငံရဲ႕ အထိမ္းအမွတ္ ပန္းပြင့္လည္းျဖစ္ပါတယ္။ ဒီၾကာပင္ႀကီးေတြ နာမည္ႀကီးရငျခင္း အေၾကာင္းကေတာ့ သူ႔ရဲ႕ႀကီးမား၀ုိင္းစက္တဲ့ ၾကာရြက္ေတြေၾကာင့္ ျဖစ္ပါတယ္။ ဒီၾကာအမ်ဳိးအစားကို အေမဇုန္ၾကာ ၊ ၀ိတုိရိယၾကာ ၊ ဧရာမၾကာ စသည္ျဖင့္ နာမည္အမ်ဳိးမ်ုိးနဲ႔ ေခၚဆုိၾကပါတယ္။

ဒီၾကာပင္ရဲ႕ေရေပၚေပၚေနတဲ့ ၾကာရြက္ေတြဟာ အခ်င္း ၁၀ေပ အထိရွိႏုိင္ၿပီး ရုိးတံကေတာ့ ၂၆ေပ အထိေတာင္ ရွည္ႏုိင္ပါတယ္။ လူတက္ထုိင္ႏုိင္တဲ့အထိေတာင္ ခုိင္ခန္႔တဲ့ၾကာရြက္ႀကီးေတြျဖစ္ပါတယ္။ ဒီၾကာရြက္ေတြဟာ အႀကီးျမန္ၿပီး အစပိုင္းမွာတင္ တစ္ေန႔တည္းနဲ႔ ၅ စတုရန္းေပ အထိႀကီးထြား ျပန္႔ကားႏုိင္ၾကပါတယ္။

အရြက္ရဲ႕ေအာက္ဘက္မ်က္ႏွာျပင္ကေတာ့ အနီေရာင္ျဖစ္ၿပီး ေအာက္ဘက္မွာေတာ့ ထက္ျမၿပီး ပုံသ႑ာန္ရႈပ္ေထြးတဲ့ ေက်ာရုိးေတြနဲ႔ ဖြဲ႔စည္းထားပါတယ္။ ဒီေက်ာရုိးေတြဟာ အရြက္စားငါးေတြရဲ႕ရန္ကေန အပင္ကို မထိခုိက္ႏုိင္ေအာင္ ကာကြယ္ေပးထားပါတယ္။

ၾကာပင္ႀကီးမွာပြင့္တဲ့ ၾကာပန္းေတြရဲ႕သက္တမ္းကေတာ့ အလြန္တုိပါတယ္။ ပြင့္ၿပီးတဲ့အခ်ိန္ကေန ၄၈နာရီအထိပဲ ၾကာရွည္ႏုိင္ပါတယ္။ ၾကာပန္းရဲ႕ ရနံဟာ အျခားအပင္ရဲ႕ ၀တ္မႈန္ေတြကို သယ္ေဆာင္လာတဲ့ ပုိးေတာင္မာေတြကုိ ဆြဲေဆာင္ႏုိင္စြမ္းရွိပါတယ္။၀တ္မႈန္ကူးေျပာင္းၿပီးတဲ့ေနာက္မွာေတာ့ ၾကာပန္းဟာ ပိတ္သြားၿပီး ပိုးေတာင္မာေတြဟာ ေထာက္ေခ်ာက္ထဲေရာက္သြားပါတယ္။

ေနာက္တစ္ေန႔ ညေနျပန္ပြင့္လာတဲ့အခ်ိန္မွ အျခားအပြင့္ေတြရွိရာကို ပ်ံသြားခြင့္ရၾကပါတယ္။ ပြင္​့ခါစည မွာ အျဖဴ​ေရာင္​ျဖစ္ၿပီး ဒုတိယညမွာ ပန္​း​ေရာင္​ ​ေျပာင္​းသြားေလ့ရွိပါတယ္။ ဒီျဖစ္စဥ္ၿပီးတဲ့ေနာက္မွာေတာ့ ပန္းပြင့္ဟာ တျဖည္းျဖည္းေအာက္က်သြားၿပီး ေရမ်က္ႏွာျပင္နဲ႔ ထိကပ္သြားပါေတာ့တယ္။ ပန္းပြင့္ရဲ႕အရြယ္အစားကေတာ့ အခ်င္း ၁၅လက္မခန္႔ ရွိႏုိင္ပါတယ္။

အပင္ရဲ႕နာမည္ကို Victoria ျဖစ္ေနရျခင္းကေတာ့ ၁၈၃၇ခုႏွစ္မွာ အဂၤလိပ္ရုကၡေဗဒပညာရွင္ John Lindley က ၿဗိတိန္ဘုရင္မႀကီးကို ဂုဏ္ျပုတဲ့အေနနဲ႔ ေပးခဲ့ျခင္းျဖစ္ပါတယ္။ ၁၈၅၀မွာေတာ့ ဂ်ာမန္ရုကၡေဗဒပညာရွင္ Poeppig က အေမဇုန္ကအပင္ျဖစ္တဲ့အတြက္ Amazonica လုိ႔ ထပ္ေပးပါတယ္။ ဒါကို Lindley က ျငင္းခဲ့ေပမယ့္ ၂၀ ရာစုမွာေတာ့ ႏွစ္မ်ုိးလုံးကိုတြဲၿပီး ဒီၾကာပင္ရဲ႕နာမည္ကုိ Victoria amazonica ရယ္လုိ႔ က်ယ္က်ယ္ျပန္႔ျပန္႔ ေခၚလာၾကပါေတာ့တယ္။

Victoria amazonica ကုိ အဆင့္အတန္းျမင့္တဲ့ အပင္အျဖစ္သတ္မွတ္ထားၿပီး တန္ဖုိးထားေလ့ရွိၾကပါတယ္။ အေစ့ကိုေတာ့ အကင္ေတြနဲ႔အတူ အစားအစာအျဖစ္ စားသုံးၾကပါတယ္။ ယခုအခါမွာေတာ့ ဒီၾကာပင္ႀကီးေတြကို ႏုိင္ငံအမ်ားစုက အပန္းေျဖေနရာေတြ ၊ ပန္းၿခံေတြ နဲ႔ ဟုိတယ္ႀကီးေတြမွာ အလွအပအေနနဲ႔ စုိက္ပ်ဳိးထားရွိလာၾကပါၿပီ။

မူရင္းေဒသ အေမဇုန္ျမစ္၀ွမ္းနဲ႔ အေမဇုန္ မုိးသစ္ေတာရဲ႕ ရာသီဥတုေျပာင္းလဲမႈ နဲ႔ ပ်က္စီးမႈေတြဟာ ဒီၾကာပင္ေတြကို တျဖည္းျဖည္းေလ်ာ့နည္းလာေစပါတယ္။

VIDEO

သုတဇုန္

———————

ကမ္ဘာ့အကြီးဆုံး ကြာပင် ကြီးတွေအကြောင်း (unicode)

ကမ္ဘာပေါ်မှာ အကြီးဆုံးကြာပင်ကတော့ Victoria amazonica ဖြစ်ပြီး ကြာမျိုးနွယ်စုဖြစ်တဲ့ Nymphaeaceae တွေထဲမှာတော့ အကြီးဆုံးဖြစ်ပါတယ်။ ဒီကြာပင်ကြီးတွေကို ၁၈၀၁ခုနှစ်တုန်းက ဘိုလီးဗီးယားနိုင်ငံမှာ ပထမဆုံး ရှာတွေ့ခဲ့ကြပါတယ်။ တောင်အမေရိက အမေဇုန်မြစ်ဝှမ်းမှာတော့ အလွန်ပေါများစွာ တွေ့ရတတ်ပါတယ်။ တောင်အမေရိကတိုက်၊ အပူပိုင်း အမေဇုန် မြစ်ချောင်းများ၊ ကန်ကြီးများ၊ အိုင်ကြီးများရဲ့ ရေတိမ်​ပိုင်​းမှာ​ ပေါက်​​လေ့ရှိပါတယ်​။

ဒီကြာပင်ကြီးတွေရဲ့ ကြာပန်းဟာ ဂွာရာနာ နိုင်ငံရဲ့ အထိမ်းအမှတ် ပန်းပွင့်လည်းဖြစ်ပါတယ်။ ဒီကြာပင်ကြီးတွေ နာမည်ကြီးရငခြင်း အကြောင်းကတော့ သူ့ရဲ့ကြီးမားဝိုင်းစက်တဲ့ ကြာရွက်တွေကြောင့် ဖြစ်ပါတယ်။ ဒီကြာအမျိုးအစားကို အမေဇုန်ကြာ ၊ ဝိတိုရိယကြာ ၊ ဧရာမကြာ စသည်ဖြင့် နာမည်အမျိုးမျိုးနဲ့ ခေါ်ဆိုကြပါတယ်။

ဒီကြာပင်ရဲ့ရေပေါ်ပေါ်နေတဲ့ ကြာရွက်တွေဟာ အချင်း ၁၀ပေ အထိရှိနိုင်ပြီး ရိုးတံကတော့ ၂၆ပေ အထိတောင် ရှည်နိုင်ပါတယ်။ လူတက်ထိုင်နိုင်တဲ့အထိတောင် ခိုင်ခန့်တဲ့ကြာရွက်ကြီးတွေဖြစ်ပါတယ်။ ဒီကြာရွက်တွေဟာ အကြီးမြန်ပြီး အစပိုင်းမှာတင် တစ်နေ့တည်းနဲ့ ၅ စတုရန်းပေ အထိကြီးထွား ပြန့်ကားနိုင်ကြပါတယ်။

အရွက်ရဲ့အောက်ဘက်မျက်နှာပြင်ကတော့ အနီရောင်ဖြစ်ပြီး အောက်ဘက်မှာတော့ ထက်မြပြီး ပုံသဏ္ဍာန်ရှုပ်ထွေးတဲ့ ကျောရိုးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီကျောရိုးတွေဟာ အရွက်စားငါးတွေရဲ့ရန်ကနေ အပင်ကို မထိခိုက်နိုင်အောင် ကာကွယ်ပေးထားပါတယ်။

ကြာပင်ကြီးမှာပွင့်တဲ့ ကြာပန်းတွေရဲ့သက်တမ်းကတော့ အလွန်တိုပါတယ်။ ပွင့်ပြီးတဲ့အချိန်ကနေ ၄၈နာရီအထိပဲ ကြာရှည်နိုင်ပါတယ်။ ကြာပန်းရဲ့ ရနံဟာ အခြားအပင်ရဲ့ ဝတ်မှုန်တွေကို သယ်ဆောင်လာတဲ့ ပိုးတောင်မာတွေကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ဝတ်မှုန်ကူးပြောင်းပြီးတဲ့နောက်မှာတော့ ကြာပန်းဟာ ပိတ်သွားပြီး ပိုးတောင်မာတွေဟာ ထောက်ချောက်ထဲရောက်သွားပါတယ်။

နောက်တစ်နေ့ ညနေပြန်ပွင့်လာတဲ့အချိန်မှ အခြားအပွင့်တွေရှိရာကို ပျံသွားခွင့်ရကြပါတယ်။ ပွင်​့ခါစည မှာ အဖြူ​ရောင်​ဖြစ်ပြီး ဒုတိယညမှာ ပန်​း​ရောင်​ ​ပြောင်​းသွားလေ့ရှိပါတယ်။ ဒီဖြစ်စဉ်ပြီးတဲ့နောက်မှာတော့ ပန်းပွင့်ဟာ တဖြည်းဖြည်းအောက်ကျသွားပြီး ရေမျက်နှာပြင်နဲ့ ထိကပ်သွားပါတော့တယ်။ ပန်းပွင့်ရဲ့အရွယ်အစားကတော့ အချင်း ၁၅လက်မခန့် ရှိနိုင်ပါတယ်။

အပင်ရဲ့နာမည်ကို Victoria ဖြစ်နေရခြင်းကတော့ ၁၈၃၇ခုနှစ်မှာ အင်္ဂလိပ်ရုက္ခဗေဒပညာရှင် John Lindley က ဗြိတိန်ဘုရင်မကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးခဲ့ခြင်းဖြစ်ပါတယ်။ ၁၈၅ဝမှာတော့ ဂျာမန်ရုက္ခဗေဒပညာရှင် Poeppig က အမေဇုန်ကအပင်ဖြစ်တဲ့အတွက် Amazonica လို့ ထပ်ပေးပါတယ်။ ဒါကို Lindley က ငြင်းခဲ့ပေမယ့် ၂၀ ရာစုမှာတော့ နှစ်မျိုးလုံးကိုတွဲပြီး ဒီကြာပင်ရဲ့နာမည်ကို Victoria amazonica ရယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ခေါ်လာကြပါတော့တယ်။

Victoria amazonica ကို အဆင့်အတန်းမြင့်တဲ့ အပင်အဖြစ်သတ်မှတ်ထားပြီး တန်ဖိုးထားလေ့ရှိကြပါတယ်။ အစေ့ကိုတော့ အကင်တွေနဲ့အတူ အစားအစာအဖြစ် စားသုံးကြပါတယ်။ ယခုအခါမှာတော့ ဒီကြာပင်ကြီးတွေကို နိုင်ငံအများစုက အပန်းဖြေနေရာတွေ ၊ ပန်းခြံတွေ နဲ့ ဟိုတယ်ကြီးတွေမှာ အလှအပအနေနဲ့ စိုက်ပျိုးထားရှိလာကြပါပြီ။

မူရင်းဒေသ အမေဇုန်မြစ်ဝှမ်းနဲ့ အမေဇုန် မိုးသစ်တောရဲ့ ရာသီဥတုပြောင်းလဲမှု နဲ့ ပျက်စီးမှုတွေဟာ ဒီကြာပင်တွေကို တဖြည်းဖြည်းလျော့နည်းလာစေပါတယ်။

သုတဇုန်

Leave a Reply