ေဂ်ာ္ဂ်ီယာက ဥမင္လုိဏ္ဂူ ၿမဳိ႕ေတာ္

Posted on

ေရးသားသူ – ေခ်ာ(အစိမ္းေရာင္လြင္ျပင္)

အာရွဥေရာပ ေဒသမွာရွိတဲ့ ေဂ်ာ္ဂ်ီယာႏုိင္ငံရဲ႕ ထင္ရွားေက်ာ္ၾကားတဲ႔ ေရွးေဟာင္းအထိမ္းအမွတ္ အေဆာက္အဦးထဲမွာ တစ္ခုအပါအဝင္ျဖစ္တဲ့ဥမင္လိႈဏ္ဂူျမိဳ႔ကုိ Vardzia လုိ႔ေခၚပါတယ္။  ေဂ်ာ္ဂ်ီယာႏိုင္ငံရဲ႕ ေတာင္ပိုင္း Kura ျမစ္ရဲ႕ လက္ဝဲဘက္ရွိ Erusheli အမည္ရ ေက်ာက္ေတာင္ရဲ႕နံရံကုိ ထြင္းထုျပီး အေဆာင္ေဆာင္ အခန္းခန္းမ်ားျဖင္႔ ေသသပ္လွပစြာ ေဆာက္လုပ္ထားတဲ႔ ဒီေက်ာက္လိႈင္ဂူၿမဳိ႕ကုိ ၁၂ရာစုအတြင္း ၁၁၈၅ ခုႏွစ္မွာ ေဂ်ာ္ဂ်ီယာႏိုင္ငံရဲ႕ ေရႊေရာင္လႊမ္းတဲ႔ ကာလတုန္းက ေဂ်ာ္ဂ်ီယာဘုရင္ Giorgi III လက္ထက္မွာ တည္ေဆာက္ခဲ႔တာ ျဖစ္ပါတယ္။

တကယ္တမ္းေတာ႔ စစ္ေရးအရ  မြန္ဂိုေတြရဲ႕ က်ဴးေက်ာ္တိုက္ခိုက္မႈကို ခုခံကာကြယ္ဖို႔ ခံတပ္အျဖစ္ တည္ေဆာက္ခဲ႔တာျဖစ္ေသာ္လည္း ဘုရင္ Giorgi III ရဲ႕ သမီးျဖစ္သူ၊ ေဂ်ာ္ဂ်ီယာႏိုင္ငံရဲ႕ ပထမဦးဆံုး အမ်ိဳးသမီး အုပ္ခ်ဳပ္သူလည္းျဖစ္၊ တိုင္းသူျပည္သားမ်ားကလည္း အလြန္ခ်စ္ခင္ၾကတဲ႔ ဘုရင္မ Tamara လက္ထက္မွာေတာ႔ ေက်ာက္ေတာင္လိႈင္ဂူကို ဘာသာေရး အေဆာက္အဦးအျဖစ္ ေျပာင္းလဲခဲ႔ပါတယ္။

အမ်ိဳးသမီး ဘုရင္မျဖစ္တဲ႔ Tamara ဟာ သူမကိုယ္တိုင္လည္း ၎ေက်ာက္လိႈင္ဂူျမိဳ႕ေတာ္မွာ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္သြားခဲ႔ျပီး ေဂ်ာ္ဂ်ီယာႏိုင္ငံကို ႏွစ္ေပါင္း ၂၉ၾကာအုပ္ခ်ဳပ္သြားခဲ႔ပါတယ္။ အဲဒီေနာက္မွာေတာ့ ေက်ာက္လိႈင္ဂူၾကီးဟာ ဘုန္းေတာ္ၾကီးေက်ာင္းအျဖစ္ သမိုင္းေၾကာင္းမ်ားစြာ ျဖတ္သန္းခဲ႔႔ပါတယ္။

၁၅၇၈ခုႏွစ္ ေအာ္တုိမန္ေတြေရာက္ရွိလာခဲ့ၿပီးတဲ့ေနာက္မွာ ဘုန္းႀကီးေတြဟာ ဒီေနရာကို စြန္႔သြားတဲ့အတြက္ စြန္႔ပစ္ေနရာတစ္ခု ျဖစ္ခဲ့ရပါတယ္။ Vardzia ဟာ ေက်ာက္ေတာင္ကို ထြင္းထုျပီး ေဆာက္လုပ္ထားတဲ႔ အေဆာက္အဦးမ်ားေၾကာင္႔ ယခုခ်ိန္မွာ ထင္ရွားေက်ာ္ၾကားလို႔ ေနပါတယ္။ လူေပါင္းမ်ားစြာ ေနႏိုင္ေလာက္ေအာင္ ေက်ာက္ေတာင္ၾကီးမွာ ထြင္းထုထားတဲ႔ အခန္းေပါင္း ၆၀၀ ခန္႔ရွိေၾကာင္း သိရပါတယ္။

ေက်ာက္သားမ်ားကို ထြင္းထု ျဖတ္ေဖာက္၍ အဆင္႕ဆင္႕ တည္ေဆာက္ထားတဲ႔ ေက်ာက္လိႈဏ္ဂူၾကီးဟာ အက်ယ္အဝန္းအားျဖင္႔ မီတာ ၅၀၀ ( ေပ ၁၆၄၀ ) ရွိျပီး အျမင္႕အားျဖင္႔ အထပ္ေပါင္း ၁၉ထပ္ မီတာ ၇၀ (ေပ ၂၃၀ခန္႕) ရွိပါတယ္။ သို႕ေသာ္လည္း  ျပင္းထန္တဲ႔ ငလွ်င္ဒဏ္ေၾကာင္႔ ေက်ာက္သားနံရံကိုေဖာက္လုပ္ထားတဲ႔ အခ်ိဳ႕ေသာ အေဆာက္အဦး အစိတ္အပိုင္းမ်ားဟာ ျပိဳက် ပ်က္စီးခဲ့ရပါတယ္။

ခမ္းနားခဲ႔ေသာ အတိတ္ သမိုင္းေၾကာင္းကို ေျပာျပေနတဲ႔ ေက်ာက္ေတာင္နံရံေပၚက လိႈဏ္ဂူၾကီးဟာ သဘာဝေဘးျဖစ္ေသာ ငလွ်င္ဒဏ္ေၾကာင္႔ အခ်ိဳ႕ေသာအေဆာက္အဦး၊ ဥမင္လမ္းေၾကာင္းမ်ား ပ်က္စီးသြားခဲ႔ရေသာ္လည္း အနည္းငယ္မွ် က်န္ရွိေနေသးတဲ႔ ဘုန္းေတာ္ၾကီးမ်ားက ယခုခ်ိန္ထိတိုင္ ျပဳျပင္ထိန္းသိမ္းမႈမ်ား ျပဳလုပ္ေနခဲ႔တာေၾကာင္႔ ခိုင္ခိုင္မာမာ တည္ရွိေနဆဲ ျဖစ္ပါတယ္။

ေက်ာက္နံရံၾကီးကို ထြင္းထုျပီး လွ်ိဳ႕ဝွက္နက္နဲေသာ နည္းပညာေတြနဲ႔ ေဆာက္လုပ္ထားတဲ႔ ၎လိႈဏ္ဂူၾကီးဟာ ေဂ်ာ္ဂ်ီယာႏိုင္ငံရဲ႕ Cave City လို႔အမည္တြင္ျပီး ႏွစ္ေပါင္း မ်ားစြာၾကာခဲ႔ျပီျဖစ္ေပမဲ႔ လူေတြရဲ႔ စိတ္ဝင္စားမႈကို ခံရတုန္း၊ လွပဆန္းက်ယ္ေနတုန္း ျဖစ္ပါတယ္။

စက္အားျဖင္႔မဟုတ္ဘဲ လူအားသက္သက္နဲ႔ ေဆာက္လုပ္ခဲ႔တဲ႔ ေက်ာက္လိႈဏ္ဂူျမိဳ႕ေတာ္ဟာ ေဂ်ာ္ဂ်ီယာႏိုင္ငံမွာေတာ႔ အၾကီးဆံုး သမိုင္းဝင္ ဗိသုကာ အေဆာက္အဦးၾကီးတစ္ခုအျဖစ္ ယခုခ်ိန္ထိ ထင္ရွားေက်ာ္ၾကားကာ ခရီးသြားမ်ား သြားေရာက္ေလ႔လာၾကတဲ႔ ေနရာတစ္ခု ျဖစ္လို႔ေနပါတယ္။

VIDEO

 ေခ်ာ(အစိမ္းေရာင္လြင္ျပင္)

—————–

ဂျော်ဂျီယာက ဥမင်လိုဏ်ဂူ မြို့တော် (unicode)

ရေးသားသူ – ချော(အစိမ်းရောင်လွင်ပြင်)

အာရှဥရောပ ဒေသမှာရှိတဲ့ ဂျော်ဂျီယာနိုင်ငံရဲ့ ထင်ရှားကျော်ကြားတဲ့ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အဦးထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ဥမင်လှိုဏ်ဂူမြို့ကို Vardzia လို့ခေါ်ပါတယ်။  ဂျော်ဂျီယာနိုင်ငံရဲ့ တောင်ပိုင်း Kura မြစ်ရဲ့ လက်ဝဲဘက်ရှိ Erusheli အမည်ရ ကျောက်တောင်ရဲ့နံရံကို ထွင်းထုပြီး အဆောင်ဆောင် အခန်းခန်းများဖြင့် သေသပ်လှပစွာ ဆောက်လုပ်ထားတဲ့ ဒီကျောက်လှိုင်ဂူမြို့ကို ၁၂ရာစုအတွင်း ၁၁၈၅ ခုနှစ်မှာ ဂျော်ဂျီယာနိုင်ငံရဲ့ ရွှေရောင်လွှမ်းတဲ့ ကာလတုန်းက ဂျော်ဂျီယာဘုရင် Giorgi III လက်ထက်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

တကယ်တမ်းတော့ စစ်ရေးအရ  မွန်ဂိုတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ ခံတပ်အဖြစ် တည်ဆောက်ခဲ့တာဖြစ်သော်လည်း ဘုရင် Giorgi III ရဲ့ သမီးဖြစ်သူ၊ ဂျော်ဂျီယာနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး အုပ်ချုပ်သူလည်းဖြစ်၊ တိုင်းသူပြည်သားများကလည်း အလွန်ချစ်ခင်ကြတဲ့ ဘုရင်မ Tamara လက်ထက်မှာတော့ ကျောက်တောင်လှိုင်ဂူကို ဘာသာရေး အဆောက်အဦးအဖြစ် ပြောင်းလဲခဲ့ပါတယ်။

အမျိုးသမီး ဘုရင်မဖြစ်တဲ့ Tamara ဟာ သူမကိုယ်တိုင်လည်း ၎င်းကျောက်လှိုင်ဂူမြို့တော်မှာ နှစ်ပေါင်းများစွာ နေထိုင်သွားခဲ့ပြီး ဂျော်ဂျီယာနိုင်ငံကို နှစ်ပေါင်း ၂၉ကြာအုပ်ချုပ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျောက်လှိုင်ဂူကြီးဟာ ဘုန်းတော်ကြီးကျောင်းအဖြစ် သမိုင်းကြောင်းများစွာ ဖြတ်သန်းခဲ့ပါတယ်။

၁၅၇၈ခုနှစ် အော်တိုမန်တွေရောက်ရှိလာခဲ့ပြီးတဲ့နောက်မှာ ဘုန်းကြီးတွေဟာ ဒီနေရာကို စွန့်သွားတဲ့အတွက် စွန့်ပစ်နေရာတစ်ခု ဖြစ်ခဲ့ရပါတယ်။ Vardzia ဟာ ကျောက်တောင်ကို ထွင်းထုပြီး ဆောက်လုပ်ထားတဲ့ အဆောက်အဦးများကြောင့် ယခုချိန်မှာ ထင်ရှားကျော်ကြားလို့ နေပါတယ်။ လူပေါင်းများစွာ နေနိုင်လောက်အောင် ကျောက်တောင်ကြီးမှာ ထွင်းထုထားတဲ့ အခန်းပေါင်း ၆၀၀ ခန့်ရှိကြောင်း သိရပါတယ်။

ကျောက်သားများကို ထွင်းထု ဖြတ်ဖောက်၍ အဆင့်ဆင့် တည်ဆောက်ထားတဲ့ ကျောက်လှိုဏ်ဂူကြီးဟာ အကျယ်အဝန်းအားဖြင့် မီတာ ၅၀၀ ( ပေ ၁၆၄၀ ) ရှိပြီး အမြင့်အားဖြင့် အထပ်ပေါင်း ၁၉ထပ် မီတာ ၇၀ (ပေ ၂၃ဝခန့်) ရှိပါတယ်။ သို့သော်လည်း  ပြင်းထန်တဲ့ ငလျှင်ဒဏ်ကြောင့် ကျောက်သားနံရံကိုဖောက်လုပ်ထားတဲ့ အချို့သော အဆောက်အဦး အစိတ်အပိုင်းများဟာ ပြိုကျ ပျက်စီးခဲ့ရပါတယ်။

ခမ်းနားခဲ့သော အတိတ် သမိုင်းကြောင်းကို ပြောပြနေတဲ့ ကျောက်တောင်နံရံပေါ်က လှိုဏ်ဂူကြီးဟာ သဘာဝဘေးဖြစ်သော ငလျှင်ဒဏ်ကြောင့် အချို့သောအဆောက်အဦး၊ ဥမင်လမ်းကြောင်းများ ပျက်စီးသွားခဲ့ရသော်လည်း အနည်းငယ်မျှ ကျန်ရှိနေသေးတဲ့ ဘုန်းတော်ကြီးများက ယခုချိန်ထိတိုင် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေခဲ့တာကြောင့် ခိုင်ခိုင်မာမာ တည်ရှိနေဆဲ ဖြစ်ပါတယ်။ ကျောက်နံရံကြီးကို ထွင်းထုပြီး လျှို့ဝှက်နက်နဲသော နည်းပညာတွေနဲ့ ဆောက်လုပ်ထားတဲ့ ၎င်းလှိုဏ်ဂူကြီးဟာ ဂျော်ဂျီယာနိုင်ငံရဲ့ Cave City လို့အမည်တွင်ပြီး နှစ်ပေါင်း များစွာကြာခဲ့ပြီဖြစ်ပေမဲ့ လူတွေရဲ့ စိတ်ဝင်စားမှုကို ခံရတုန်း၊ လှပဆန်းကျယ်နေတုန်း ဖြစ်ပါတယ်။ ။

စက်အားဖြင့်မဟုတ်ဘဲ လူအားသက်သက်နဲ့ ဆောက်လုပ်ခဲ့တဲ့ ကျောက်လှိုဏ်ဂူမြို့တော်ဟာ ဂျော်ဂျီယာနိုင်ငံမှာတော့ အကြီးဆုံး သမိုင်းဝင် ဗိသုကာ အဆောက်အဦးကြီးတစ်ခုအဖြစ် ယခုချိန်ထိ ထင်ရှားကျော်ကြားကာ ခရီးသွားများ သွားရောက်လေ့လာကြတဲ့ နေရာတစ်ခု ဖြစ်လို့နေပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်)

Leave a Reply