အႏၱာတိကတုိက္မွာ ဟင္းခ်က္ဖုိ႔ႀကဳိးစားၾကည့္တဲ့အခါ

Posted on

Cyprien Verseux ဟာ ေရခဲျမစ္ ၊ ရာသီဥတုေလ့လာေရး နဲ႔ နကၡတ္ေဗဒပညာရွင္တစ္ေယာက္ျဖစ္ၿပီး Concordia သုေတသနစခန္းမွာ တာ၀န္ထမ္းေဆာင္ေနသူတစ္ေယာက္ျဖစ္ပါတယ္။ ဒီသုေတသနစခန္းဟာ ကမာၻ႔အေအးဆုံးေနရာျဖစ္တဲ့ အႏာၱတိကတုိက္မွာ တည္ရွိပါတယ္။ ဒီေနရာဟာ ျမင္ျမင္သမွ်ေနရာတုိင္းမွာ ေရခဲျပင္ႀကီးေတြသာရွိေနတာေၾကာင့္ ကမာၻႀကီးနဲ႔ အလြန္ကြာေ၀းၿပီး တသီးတျခားျဖစ္ေနတဲ့ ေနရာဆုိရင္လည္း မမွားပါဘူး။

ဒီေနရာမွာေနၿပီး သုေတသနအတြက္ နမူနာပစၥည္းေတြ ေကာက္ဖို႔မရွိတဲ့အခ်ိန္ ၊ အလုပ္မရွိတဲ့အခါမ်ုိးမွာ မပ်င္းရေစဖုိ႔ Cyprie ဟာ ဘေလာ့တစ္ခုကိုေရးသားထားပါတယ္။ ဒီဘေလာ့မွာ သူ႔ေနထုိင္ရာေဒသရဲ႕ ဆုိးရြားခက္ခဲလွတဲ့ ပတ္၀န္းက်င္အေၾကာင္းကုိ လူအမ်ားသိေစဖုိ႔ မွ်ေ၀ေလ့ရွိပါတယ္။

Cyprien တုိ႔ရဲ႕သုေတသန စခန္း Concordia မွာ တာ၀န္ထမ္းေဆာင္သူ စုစုေပါင္း ၁၃ေယာက္ရွိပါတယ္။ ဒီ ၁၃ ေယာက္မွာ ဆရာ၀န္ တစ္ေယာက္ ၊ စာဖုိမွဴးတစ္ေယာက္ နဲ႔ က်န္တာကေတာ့ အင္ဂ်င္နီယာ နဲ႔ သိပၸံပညာရွင္ေတြျဖစ္ၾကပါတယ္။ သူတုိ႔ေတြဟာ ဒီလုိေအးစက္အထီးက်န္လြန္းတဲ့ေနရာမွာ တစ္ႏွစ္ကို ၉လ ေလာက္ေနၿပီး အလုပ္လုပ္ၾကရပါတယ္။ က်န္တဲ့ ၃ လ မွာေတာ့ စက္ေတြေတာင္ ေကာင္းေကာင္းမလည္ပတ္ႏုိင္တဲ့ ရာသီဥတုေၾကာင့္ သူတုိ႔ဟာ မိမိတုိ႔ရဲ႕ ေဒသအသီးသီးကို ျပန္ခြင့္ရၾကပါတယ္။

ဒီေနရာရဲ႕ ပ်မ္းမွ်အပူခ်ိန္ဟာ ပုံမွန္အားျဖင့္ အႏုတ္ ၇၀ဒီဂရီဆဲစီးယပ္စ္ ရွိၿပီး တခါတရံ အႏုတ္ ၈၀ဒီဂရီ ဆဲစီးယပ္စ္ အထိေတာင္ က်ဆင္းတဲ့အထိ ႀကဳံရပါတယ္။ ဒီလုိအေျခအေနမ်ဳိးမွာ ဘက္တီးရီးယားေတြေတာင္ အသက္မရွင္ႏုိင္ၾကပါဘူး။ ပတ္၀န္းက်င္မွာရွိတဲ့ ေလထုကလည္း ေျခာက္ေသြ႔ၿပီး ေအာက္ဆီဂ်င္နည္းပါးလွတာေၾကာင့္ အျပင္ထြက္ဖုိ႔ေတာင္ အလြန္ခက္ပါတယ္။

“ကြ်န္ေတာ္တုိ႔အတြက္ေတာ့ လူသူမရွိတဲ့ သဲကႏာၱထဲေရာက္ေနတာနဲ႔ ဘာမွမထူးပါဘူး။ ဒီေနရာဟာ ကမာၻေပၚမွာ အေအးဆုံးေနရာလည္းျဖစ္ပါတယ္။ ဒီလုိေနရာမ်ုိးမွာ နယ္ပယ္အသီးသီးက ပညာရွင္ေပါင္း ၁၀၀၀ ခန္႔ဟာ ကမာၻႀကီးကို အက်ဳိးျပဳႏုိင္ဖုိ႔ သုေတသနလုပ္ငန္းေတြကို လုပ္ေနၾကပါတယ္။ အဓိကေလ့လာေနၾကတဲ့ နယ္ပယ္ေတြကေတာ့ နကၡတ္ေဗဒ ၊ ဇီ၀ကမၼေဗဒ ၊ ေရခဲျပင္ နဲဲ႔ ရာသီဥတုေလ့လာေရး ၊ ေလထုဆုိင္ရာသိပၸံပညာ(atmospheric sciences) နဲ႔ ဘူမိရုပေဗဒ(geophysics) တုိ႔ ပဲျဖစ္ပါတယ္။

တခါတရံမွာ အပ်င္းေျဖတဲ့အေနနဲ့ Cyprien ဟာ ေရခဲျပင္ကိုထြက္ၿပီး အစားအစာေတြကို ခ်က္ျပဳတ္ၿပီး ဓာတ္ပုံေတြကို မွ်ေ၀ေလ့ရွိပါတယ္။ ဒီလုိအေျခအေနမ်ဳိးမွာ ေအးခဲလြန္းလွတဲ့ရာသီဥတုေၾကာင့္ ေခါက္ဆြဲေတြဟာ ေလေပၚမွာေတာင့္သြားတာ ၊ ေလထဲကိုေရပက္လုိက္တဲ့အခါ ေလထဲမွာတင္ခဲသြားတာ ၊ ၾကက္ဥေဖာက္ထည့္တဲ့အခါ ၾကက္ဥ ဟာ ခ်က္ခ်င္းခဲသြားတဲ့ ပုံရိပ္ေတြလည္းပါ၀င္ပါတယ္။ အထူးအဆန္း အေနနဲ႔ ၾကည့္ၾကည့္ၾကပါဦး 🙂

Ref: Bored Panda
သုတဇုန္

————

အန္တာတိကတိုက်မှာ ဟင်းချက်ဖို့ကြိုးစားကြည့်တဲ့အခါ (unicode)

Cyprien Verseux ဟာ ရေခဲမြစ် ၊ ရာသီဥတုလေ့လာရေး နဲ့ နက္ခတ်ဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး Concordia သုတေသနစခန်းမှာ တာဝန်ထမ်းဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီသုတေသနစခန်းဟာ ကမ္ဘာ့အအေးဆုံးနေရာဖြစ်တဲ့ အန္တာတိကတိုက်မှာ တည်ရှိပါတယ်။ ဒီနေရာဟာ မြင်မြင်သမျှနေရာတိုင်းမှာ ရေခဲပြင်ကြီးတွေသာရှိနေတာကြောင့် ကမ္ဘာကြီးနဲ့ အလွန်ကွာဝေးပြီး တသီးတခြားဖြစ်နေတဲ့ နေရာဆိုရင်လည်း မမှားပါဘူး။

ဒီနေရာမှာနေပြီး သုတေသနအတွက် နမူနာပစ္စည်းတွေ ကောက်ဖို့မရှိတဲ့အချိန် ၊ အလုပ်မရှိတဲ့အခါမျိုးမှာ မပျင်းရစေဖို့ Cyprie ဟာ ဘလော့တစ်ခုကိုရေးသားထားပါတယ်။ ဒီဘလော့မှာ သူ့နေထိုင်ရာဒေသရဲ့ ဆိုးရွားခက်ခဲလှတဲ့ ပတ်ဝန်းကျင်အကြောင်းကို လူအများသိစေဖို့ မျှဝေလေ့ရှိပါတယ်။

Cyprien တို့ရဲ့သုတေသန စခန်း Concordia မှာ တာဝန်ထမ်းဆောင်သူ စုစုပေါင်း ၁၃ယောက်ရှိပါတယ်။ ဒီ ၁၃ ယောက်မှာ ဆရာဝန် တစ်ယောက် ၊ စာဖိုမှူးတစ်ယောက် နဲ့ ကျန်တာကတော့ အင်ဂျင်နီယာ နဲ့ သိပ္ပံပညာရှင်တွေဖြစ်ကြပါတယ်။ သူတို့တွေဟာ ဒီလိုအေးစက်အထီးကျန်လွန်းတဲ့နေရာမှာ တစ်နှစ်ကို ၉လ လောက်နေပြီး အလုပ်လုပ်ကြရပါတယ်။ ကျန်တဲ့ ၃ လ မှာတော့ စက်တွေတောင် ကောင်းကောင်းမလည်ပတ်နိုင်တဲ့ ရာသီဥတုကြောင့် သူတို့ဟာ မိမိတို့ရဲ့ ဒေသအသီးသီးကို ပြန်ခွင့်ရကြပါတယ်။

ဒီနေရာရဲ့ ပျမ်းမျှအပူချိန်ဟာ ပုံမှန်အားဖြင့် အနုတ် ၇ဝဒီဂရီဆဲစီးယပ်စ် ရှိပြီး တခါတရံ အနုတ် ၈ဝဒီဂရီ ဆဲစီးယပ်စ် အထိတောင် ကျဆင်းတဲ့အထိ ကြုံရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘက်တီးရီးယားတွေတောင် အသက်မရှင်နိုင်ကြပါဘူး။ ပတ်ဝန်းကျင်မှာရှိတဲ့ လေထုကလည်း ခြောက်သွေ့ပြီး အောက်ဆီဂျင်နည်းပါးလှတာကြောင့် အပြင်ထွက်ဖို့တောင် အလွန်ခက်ပါတယ်။

“ကျွန်တော်တို့အတွက်တော့ လူသူမရှိတဲ့ သဲကန္တာထဲရောက်နေတာနဲ့ ဘာမှမထူးပါဘူး။ ဒီနေရာဟာ ကမ္ဘာပေါ်မှာ အအေးဆုံးနေရာလည်းဖြစ်ပါတယ်။ ဒီလိုနေရာမျိုးမှာ နယ်ပယ်အသီးသီးက ပညာရှင်ပေါင်း ၁၀၀၀ ခန့်ဟာ ကမ္ဘာကြီးကို အကျိုးပြုနိုင်ဖို့ သုတေသနလုပ်ငန်းတွေကို လုပ်နေကြပါတယ်။ အဓိကလေ့လာနေကြတဲ့ နယ်ပယ်တွေကတော့ နက္ခတ်ဗေဒ ၊ ဇီဝကမ္မဗေဒ ၊ ရေခဲပြင် နဲ့ ရာသီဥတုလေ့လာရေး ၊ လေထုဆိုင်ရာသိပ္ပံပညာ(atmospheric sciences) နဲ့ ဘူမိရုပဗေဒ(geophysics) တို့ ပဲဖြစ်ပါတယ်။

တခါတရံမှာ အပျင်းဖြေတဲ့အနေနဲ့ Cyprien ဟာ ရေခဲပြင်ကိုထွက်ပြီး အစားအစာတွေကို ချက်ပြုတ်ပြီး ဓာတ်ပုံတွေကို မျှဝေလေ့ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အေးခဲလွန်းလှတဲ့ရာသီဥတုကြောင့် ခေါက်ဆွဲတွေဟာ လေပေါ်မှာတောင့်သွားတာ ၊ လေထဲကိုရေပက်လိုက်တဲ့အခါ လေထဲမှာတင်ခဲသွားတာ ၊ ကြက်ဥဖောက်ထည့်တဲ့အခါ ကြက်ဥ ဟာ ချက်ချင်းခဲသွားတဲ့ ပုံရိပ်တွေလည်းပါဝင်ပါတယ်။ အထူးအဆန်း အနေနဲ့ ကြည့်ကြည့်ကြပါဦး 🙂 ။

Ref: Bored Panda
သုတဇုန်

Leave a Reply