မိဘမဲ့ကေလးငယ္ေပါင္းမ်ားစြာကို ကယ္တင္ႏုိင္ဖုိ႔ တစ္ဘ၀လုံးေပးဆပ္ခဲ့သူ

Posted on

သူမ နာမည္က Maggie Doyne ၊ အေမရိကန္သူ ။ အသက္ ၁၈ႏွစ္ေလာက္အထိ သူမရဲ႕ဘ၀က သာမန္အေမရိကန္လူငယ္ေတြနဲ႔ အတူတူပါပဲ။ ဒါေပမယ့္ အထက္တန္းေက်ာင္းအၿပီး ေကာလိပ္တက္ဖုိ႔ေစာင့္ဆုိင္းေနစဥ္ leapnow ဆုိတဲ့ပညာေရးအဖြဲ႔ တစ္ဖြဲ႔နဲ႔ ခရီးထြက္ၿပီးတဲ့ေနာက္မွာေတာ့ သူမရဲ႕ဘ၀ဟာ ေျပာင္းလဲသြားပါေတာ့တယ္။

ဘုန္းႀကီးေက်ာင္းေတြမွာ အိပ္ၿပီး နယ္ေျမခံေတြရဲ႕ လူေနမႈဘ၀ေတြအေၾကာင္းေလ့လာခဲ့တယ္။ ဖီဂ်ီက လႈိင္းကာနံရံတစ္ခုတည္ေဆာက္ရာမွာ ကူညီေပးခဲ့ဖူးတယ္။ အဲဒီေနာက္ေတာ့ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို အိႏၵိယေျမာက္ပိုင္းနယ္ေျမမွာ အသုံးျပဳခဲ့ပါတယ္။ အဲဒီေနရာက နီေပါက ဒုကၡသည္ေတြကုိ ျပဳစုေစာင့္ေရွာက္ေပးတဲ့ စခန္းမွာ အလုပ္လုပ္ခဲ့တာျဖစ္ပါတယ္။ အဲဒီစခန္းမွာ အလုပ္လုပ္ေနရင္း နီေပါက မိဘေတြကို သြားရွာခ်င္ေနတဲ့ မိဘမဲ့ ကေလးမေလး တစ္ေယာက္နဲ႔ ဆုံခဲ့တယ္။ ကေလးမေလးကို ကူညီဖုိ႔အတြက္ Maggie နီေပါကုိလုိက္သြားခဲ့တယ္။

အဲဒီအခ်ိန္က နီေပါမွာ ျပည္တြင္းစစ္ၿပီးစအခ်ိန္ျဖစ္ၿပီး အားလုံးပင္ပန္းဆင္းရဲစြာ ရုန္းကန္ေနၾကရတဲ့အခ်ိန္ျဖစ္တယ္။ အဲဒီမွာ ၆ႏွစ္ ၇ႏွစ္ သာရွိေသးတဲ့ ကေလးငယ္ေလးေတြဟာ ၁ေဒၚလာ ၂ေဒၚလာ ရဖုိ႔အတြက္ မုိးလင္းမုိးခ်ဳပ္ပင္ပင္ပန္းပန္း အလုပ္လုပ္ေနတာ ျမင္လုိက္ရတယ္။ သူမ ၄-၅ရက္ေလာက္ေစာင့္ၾကည့္ေပမယ့္ ကေလးငယ္ေတြဟာ တစ္ေန႔လုံး ၊ ေန႔တုိင္းေန႔တုိင္း အဲဒီအလုပ္ကုိ ပဲလုပ္ေနတာ ေတြ႔လုိက္ရတယ္။ မိဘနဲ႔ေနရမယ့္အရြယ္ ၊ ေက်ာင္းေနရမယ့္ အရြယ္ေလးေတြျဖစ္ေပမယ့္ ၀မ္းေရးအတြက္ အခုလို အရြယ္နဲ႔ မမွ်ေအာင္ေနေနရတဲ့အတြက္ Maggie စိတ္အရမ္းထိခိုက္သြားတယ္။

သူမစာထဲလုိက္ရွာဖတ္ၾကည့္ေတာ့ ကမာၻမွာ ကေလးငယ္ေပါင္း သန္း ၈၀ခန္႔ဟာ ဒုကၡေရာက္ေနၾကတယ္ ဆုိတာကိုသြားေတြ႔တယ္။ ေလာေလာဆယ္အေနအထားမွာေတာ့ သူမဟာ သန္း ၈၀ ကိုခဏေမ့ထားလုိက္ၿပီး ကေလးငယ္ေတြထဲက Hima ဆုိတဲ့ ၆ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္ေက်ာင္းတက္ႏုိင္ဖုိ႔ အစအဆုံး ကူညီေပးခဲ့တယ္။ ဒါေပမယ့္ တစ္ေယာက္တည္းကုိ ကူညီႏုိင္လုိ႔ သူမ အားမရဘူး၊ တျခားကေလးေတြကိုလည္း ကူညီခ်င္တဲ့။ ဒါေၾကာင့္ သူမဆုံးျဖတ္ခ်က္ တစ္ခုခ်လုိက္တယ္ ၊ သူမဘ၀လည္း လုံး၀ေျပာင္းလဲ သြားေတာ့တယ္။

သူမရဲ႕ဆုံးျဖတ္ခ်က္က ဒီကေလးငယ္ေတြကို ကုိယ့္ေျခေထာက္ေပၚကုိယ္ရပ္ႏုိင္ေအာင္ေစာင့္ေရွာက္ႏုိင္မယ္ ၊ ပညာေတြသင္ေပးႏုိင္ရမယ္ ဆုိတဲ့ ရည္ရြယ္ခ်က္ပါ။ ဒီရည္ရြယ္ခ်က္ကို အေကာင္အထည္ေဖာ္ဖုိ႔အတြက္ သူမ US ကိုမျပန္ေတာ့သလုိ တကၠသုိလ္လည္း ဆက္မတက္ျဖစ္ေတာ့ပါဘူး။ အသက္ ၁၈ႏွစ္အရြယ္မိန္းကေလးတစ္ေယာက္က အိပ္မက္အႀကီးႀကီးကို အေကာင္အထည္ေဖာ္ဖုိ႔ စတင္ခဲ့တာပါ။

မိဘမဲ့ကေလးငယ္ေတြကို ကယ္ဆယ္ဖုိ႔အတြက္ သူမ ပထမဆုံး လုိအပ္တာက ေျမ နဲ႔ အိမ္ပါ။ လုိက္ရွာတဲ့အခါမွာေတာ့ Surkhet ျပည္နယ္မွာ ေျမကြက္တစ္ကြက္ကို သြားေတြ႔တယ္။ ၀ယ္ဖုိ႔ပုိက္ဆံမရွိတဲ့ အတြက္ သူမ မိဘေတြဆီကေန ေဒၚလာ ၅၀၀၀ လွမ္းေတာင္းခဲ့တယ္။ ဒီေဒၚလာ ၅၀၀၀ က သူမဟုိမွာေနတုန္းက အခ်ိန္ပုိင္း ကေလးထိန္းအလုပ္လုပ္ရင္း စုထားတဲ့ေငြျဖစ္ပါတယ္။ ေျမကြက္ကုိ၀ယ္ရင္းနဲ႔ အိမ္ေဆာက္ႏုိင္ဖုိ႔ သူမ အဲဒီက အဖြဲ႔အစည္းတစ္ခုမွာ ၂ႏွစ္ေလာက္ အလုပ္လုပ္ခဲ့တယ္။ နယ္ေျမခံ နဲ႔ ကမာၻက အလွဴရွင္ေတြ ၀ုိင္းလွဴၾကလုိ႔ ကေလးေတြအတြက္ ေနစရာတစ္ခုကိုေဆာက္ေပးႏုိင္ခဲ့တယ္။

သူမရဲ႕ ေဂဟာကို Kopila လို႔နာမည္ေပးလုိက္တယ္။ နီေပါလုိ ပန္းပြင့္ဖူးေလး ဆုိတဲ့ အဓိပၸါယ္ပါ။ ၂၀၀၅ခုႏွစ္မွာ ကေလးငယ္ေပါင္း ၄၅ေယာက္ခန္႔ကို ေစာင့္ေရွာက္ႏုိင္ခဲ့တယ္။ ဒီအထဲမွာ ၈လကေန ၁၆ႏွစ္ ၀န္းက်င္အထိ မိဘမဲ့ကေလးေတြ ပါ၀င္ပါတယ္။ သူမ အသက္ ၂၃ႏွစ္မွာေတာ့ ကေလးငယ္ေပါင္း ၂၀၀ေက်ာ္ကုိ ေစာင့္ေရွာက္ေပးႏုိင္ခဲ့တယ္။ ေနစရာအိမ္ေဆာက္ေပးၿပီးတဲ့ေနာက္ ေက်ာင္းေဆာက္ဖုိ႔ သူမထပ္ႀကဳိးစားပါတယ္။ အျခားေစတနာ့၀န္ထမ္းေတြနဲ႔ ကူညီတဲ့အဖြဲ႔အစည္းေတြ ပူးေပါင္းပါ၀င္လာၾကတာေၾကာင့္ ၂၀၀၇ ခုႏွစ္မွာေတာ့ Kopila Valley ေက်ာင္းကို ဖြင့္လွစ္ေပးႏုိင္ခဲ့တယ္။

ေက်ာင္းကို လုိအပ္တဲ့၀န္ထမ္းေတြနဲ႔ စနစ္တက်ဖြင့္ၿပီး နီေပါလူမ်ဳိး ၅၀ခန္႔ကိုလည္း အလုပ္ေပးႏုိင္ခဲ့တယ္။ ဒီအထဲမွာ ဆရာဆရာမေတြ ၊ ေက်ာင္းအုပ္ေတြ ၊ က်န္းမာေရး၀န္ထမ္းေတြပါ၀င္တယ္။ သူမရဲ႕ေက်ာင္းက ကေလးငယ္ေတြကို စာေပ တင္မက ၊ အႏုပညာ ၊ ဂီတ နဲ႔ အားကစားေတြကိုပါ သင္ႏုိင္ေအာင္ဖန္တီးေပးထားတယ္။ နီေပါ၊ အဂၤလိပ္ ဘာသာႏွစ္မ်ဳိးနဲ႔ သင္ၾကားေပးၿပီး ကုိယ္တုိင္ဖန္တီးမႈ နဲ႔ စဥ္းစားေတြးေခၚျခင္းကို အဓိကဦးစားေပး သင္ၾကားေပးခဲ့တယ္။ ၂၀၁၃ခုႏွစ္မွာ သူမေက်ာင္းက ကေလးေတြကို ႏုိင္ငံရဲ႕ ၈တန္းအဆင့္ စာေမးပြဲမွာ စတင္၀င္ေရာက္ေျဖဆုိေစခဲ့တယ္။

ပထမဆုံးေျဖဆုိေစခဲ့ေပမယ့္ သူမရဲ႕ပညာေရးစနစ္ေၾကာင့္ ရလဒ္ေတြဟာ အံ့မခန္းထြက္ေပၚလာခဲ့တယ္။ သူမေက်ာင္းက ေျဖဆုိသူေတြ အကုန္လုံးေအာင္ရုံမက ..အားလုံးရဲ႕ရမွတ္ေတြဟာ တစ္ႏုိင္ငံက အေတာ္ဆုံးေက်ာင္းသား ၁၀% ထဲမွာ ပါ၀င္ခဲ့တဲ့အထိ ေအာင္ျမင္ခဲ့တယ္။ သူမရဲ႕ေက်ာင္းဟာလည္း အဲဒီျပည္နယ္မွာ ပထမခ်ိတ္ခဲ့တယ္။ မိဘမဲ့ကေလးငယ္ေတြကို ဦးစားေပးသင္တဲ့ေက်ာင္းျဖစ္ေပမယ့္ တျခားတတ္ႏုိင္တဲ့သူေတြကပါ အဲဒီေက်ာင္းကိုလာအပ္ၾကတယ္။ ေလွ်ာက္လႊာေတြထဲက အဆင္မေျပဆုံး သူေတြကိုပဲ လက္ခံခဲ့တယ္။ ေက်ာင္းသားေတြမ်ားလာတာနဲ႔ အတူ ေဆးခန္းတစ္ခုကိုလည္း တြဲဖြင့္ေပးခဲ့တယ္။

ကေလးငယ္ေတြအတြက္ အထုိက္အေလွ်ာက္အဆင္ေျပသြားတဲ့အခါ မိန္းကေလးငယ္ေတြအတြက္ သူမစဥ္းစားခဲ့ျပန္တယ္။ အခက္အခဲအမ်ုိးမ်ဳိးေၾကာင့္ ဒုကၡေရာက္လာတဲ့ မိန္းမငယ္ေလးေတြအတြက္ အစ္မႀကီးရဲ႕အိမ္(Big Sisters’ Home) ကို ဖြင့္လွစ္ေပးခဲ့သလုိ ၊ ေဒသခံမိန္းကေလးငယ္တုိင္း အလုပ္ရေစဖုိ႔အတြက္ စာေပ နဲ႔ သက္ေမြး၀မ္းေၾကာင္းအလုပ္ေတြကိုပါ တြဲသင္ေပးတဲ့ Kopila Valley Women’s Center ကို ၂၀၁၃ခုႏွစ္မွာ ဖန္တီးေပးႏုိင္ခဲ့တယ္။ စတုိးဆုိင္တစ္ခုကိုပါဖြင့္လွစ္ေပးထားၿပီး မိန္းကေလးငယ္ေတြကို တစ္ဖက္တစ္လမ္းက ၀င္ေငြရေစခဲ့တယ္။ သူမရဲ႕ေက်ာင္းနဲ႔ ကမာၻကိုခ်ိတ္ဆက္ေပးႏုိင္ဖုိ႔အတြက္ Blinknow ေဖာင္ေဒးရွင္းကိုတည္း တည္ေထာင္ထားခဲ့ပါတယ္။

အခုဆုိရင္ သူမရဲ႕ေက်ာင္းမွာ ကေလးငယ္ေပါင္း ၄၀၀နီးပါးကို လက္ခံၿပီးျပဳစုပ်ဳိးေထာင္ေပးထားႏုိင္သလုိ သူမအသက္ကလည္း ၃၁ႏွစ္ျဖစ္သြားပါၿပီ။ ဒါေပမယ့္ သူမရဲ႕အစီအစဥ္ေတြက မရပ္ေသးပါဘူး။ ႏုိင္ငံတ၀ွမ္းက လုိအပ္ေနေသးတဲ့ ကေလးငယ္ေတြကုိ ကူညီႏုိင္ဖုိ႔ ေက်ာင္းအသစ္တစ္ခု ထပ္တည္ေထာင္ႏုိင္ဖုိ႔ ႀကဳိးစားလွ်က္ရွိပါတယ္။ ဒီေက်ာင္းမွာေတာ့ အတန္း ၁၂တန္းအထိသင္ေပးႏုိင္မွာျဖစ္ၿပီး ေက်ာင္းသားေပါင္း ၅၀၀ခန္႔ကို လက္ခံႏုိင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ ကေလးငယ္ေတြအားလုံး ကုိယ့္အလုပ္ကုိယ္ဖန္တီးကာ ၀င္ေငြရွာဖုိ႔အတြက္ ဟင္းသီးဟင္းရြက္ နဲ႔ အသီးအႏွံစုိက္ခင္းတစ္ခုပါ ပါရွိမွာျဖစ္ပါတယ္။

တနယ္ျခားက မိဘမဲ့ကေလးငယ္ေတြအတြက္ မိမိရဲ႕ဘ၀တစ္ခုလုံးကို စြန္႔ၿပီးကူညီေပးႏုိင္တဲ့ သူမလုိ လူမ်ဳိးကေတာ့ ရွာမွရွားလွပါတယ္။ ဒါေၾကာင့္လည္း ကမာၻ႔လွဴမႈအဖြဲ႔အစည္းအသီးသီးက သူမရဲ႕စြမ္းေဆာင္မႈကို အသိအမွတ္ျပဳတဲ့ အေနနဲ႔ ဂုဏ္ျပဳစုေပါင္းမ်ားစြာကို ခ်ီးျမွင့္ခဲ့တာျဖစ္ပါတယ္။ သူမဘာေၾကာင့္ အခုလုိလုပ္ႏုိင္ခဲ့သလဲ ဆုိတဲ့ေမးခြန္းအတြက္ သူမက ေအာက္ပါအတုိင္းေျဖခဲ့ပါတယ္။

” ကြ်န္မျမင္ခ်င္တဲ့ ကမာၻကို ကြ်န္မကုိယ္တုိင္ဖန္တီးလုိက္တာပါ။ ဒါကိုလုပ္ဖုိ႔အတြက္ ကြ်န္မတုိ႔မွာ မျဖစ္ျဖစ္ေအာင္လုပ္ခ်င္စိတ္တစ္ခုရွိဖုိ႔လုိပါတယ္။ ကြ်န္မဇာတိနဲ႔ မုိင္ ၈၀၀၀ အကြာအေ၀းကိုလာၿပီး အခုလုိလုပ္ဖုိ႔ ကြ်န္မလည္း အရင္က တစ္ခါမွ မေတြးမိပါဘူး။ ဒါေပမယ့္ ကြ်န္မ အိပ္မက္ကို အေကာင္အထည္ေဖာ္ႏုိင္ခဲ့တယ္။ ခ်မ္းသာခ်င္လား ၊ ေအာင္ျမင္ခ်င္လား ၊ ေက်ာ္ၾကားခ်င္လား ၊ စိတ္ခ်မ္းသာ ကုိယ္က်န္းမာခ်င္လား..အရာရာတုိင္းနီးပါးကို တကယ္လုပ္ခ်င္စိတ္သာရွိရင္ မျဖစ္ျဖစ္ေအာင္ ကြ်န္မတုိ႔လုပ္ႏုိင္ၾကပါတယ္”

YOU CAN DO ANYTHING

သုတဇုန္

————–

မိဘမဲ့ကလေးငယ်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့ တစ်ဘဝလုံးပေးဆပ်ခဲ့သူ(unicode)

သူမ နာမည်က Maggie Doyne ၊ အမေရိကန်သူ ။ အသက် ၁၈နှစ်လောက်အထိ သူမရဲ့ဘဝက သာမန်အမေရိကန်လူငယ်တွေနဲ့ အတူတူပါပဲ။ ဒါပေမယ့် အထက်တန်းကျောင်းအပြီး ကောလိပ်တက်ဖို့စောင့်ဆိုင်းနေစဉ် leapnow ဆိုတဲ့ပညာရေးအဖွဲ့ တစ်ဖွဲ့နဲ့ ခရီးထွက်ပြီးတဲ့နောက်မှာတော့ သူမရဲ့ဘဝဟာ ပြောင်းလဲသွားပါတော့တယ်။

ဘုန်းကြီးကျောင်းတွေမှာ အိပ်ပြီး နယ်မြေခံတွေရဲ့ လူနေမှုဘ၀တွေအကြောင်းလေ့လာခဲ့တယ်။ ဖီဂျီက လှိုင်းကာနံရံတစ်ခုတည်ဆောက်ရာမှာ ကူညီပေးခဲ့ဖူးတယ်။ အဲဒီနောက်တော့ အချိန်တော်တော်များများကို အိန္ဒိယမြောက်ပိုင်းနယ်မြေမှာ အသုံးပြုခဲ့ပါတယ်။ အဲဒီနေရာက နီပေါက ဒုက္ခသည်တွေကို ပြုစုစောင့်ရှောက်ပေးတဲ့ စခန်းမှာ အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီစခန်းမှာ အလုပ်လုပ်နေရင်း နီပေါက မိဘတွေကို သွားရှာချင်နေတဲ့ မိဘမဲ့ ကလေးမလေး တစ်ယောက်နဲ့ ဆုံခဲ့တယ်။ ကလေးမလေးကို ကူညီဖို့အတွက် Maggie နီပေါကိုလိုက်သွားခဲ့တယ်။

အဲဒီအချိန်က နီပေါမှာ ပြည်တွင်းစစ်ပြီးစအချိန်ဖြစ်ပြီး အားလုံးပင်ပန်းဆင်းရဲစွာ ရုန်းကန်နေကြရတဲ့အချိန်ဖြစ်တယ်။ အဲဒီမှာ ၆နှစ် ၇နှစ် သာရှိသေးတဲ့ ကလေးငယ်လေးတွေဟာ ၁ဒေါ်လာ ၂ဒေါ်လာ ရဖို့အတွက် မိုးလင်းမိုးချုပ်ပင်ပင်ပန်းပန်း အလုပ်လုပ်နေတာ မြင်လိုက်ရတယ်။ သူမ ၄-၅ရက်လောက်စောင့်ကြည့်ပေမယ့် ကလေးငယ်တွေဟာ တစ်နေ့လုံး ၊ နေ့တိုင်းနေ့တိုင်း အဲဒီအလုပ်ကို ပဲလုပ်နေတာ တွေ့လိုက်ရတယ်။ မိဘနဲ့နေရမယ့်အရွယ် ၊ ကျောင်းနေရမယ့် အရွယ်လေးတွေဖြစ်ပေမယ့် ဝမ်းရေးအတွက် အခုလို အရွယ်နဲ့ မမျှအောင်နေနေရတဲ့အတွက် Maggie စိတ်အရမ်းထိခိုက်သွားတယ်။

သူမစာထဲလိုက်ရှာဖတ်ကြည့်တော့ ကမ္ဘာမှာ ကလေးငယ်ပေါင်း သန်း ၈ဝခန့်ဟာ ဒုက္ခရောက်နေကြတယ် ဆိုတာကိုသွားတွေ့တယ်။ လောလောဆယ်အနေအထားမှာတော့ သူမဟာ သန်း ၈၀ ကိုခဏမေ့ထားလိုက်ပြီး ကလေးငယ်တွေထဲက Hima ဆိုတဲ့ ၆နှစ်အရွယ်ကောင်လေးတစ်ယောက်ကျောင်းတက်နိုင်ဖို့ အစအဆုံး ကူညီပေးခဲ့တယ်။ ဒါပေမယ့် တစ်ယောက်တည်းကို ကူညီနိုင်လို့ သူမ အားမရဘူး၊ တခြားကလေးတွေကိုလည်း ကူညီချင်တဲ့။ ဒါကြောင့် သူမဆုံးဖြတ်ချက် တစ်ခုချလိုက်တယ် ၊ သူမဘဝလည်း လုံး၀ပြောင်းလဲ သွားတော့တယ်။

သူမရဲ့ဆုံးဖြတ်ချက်က ဒီကလေးငယ်တွေကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင်စောင့်ရှောက်နိုင်မယ် ၊ ပညာတွေသင်ပေးနိုင်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ပါ။ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် သူမ US ကိုမပြန်တော့သလို တက္ကသိုလ်လည်း ဆက်မတက်ဖြစ်တော့ပါဘူး။ အသက် ၁၈နှစ်အရွယ်မိန်းကလေးတစ်ယောက်က အိပ်မက်အကြီးကြီးကို အကောင်အထည်ဖော်ဖို့ စတင်ခဲ့တာပါ။

မိဘမဲ့ကလေးငယ်တွေကို ကယ်ဆယ်ဖို့အတွက် သူမ ပထမဆုံး လိုအပ်တာက မြေ နဲ့ အိမ်ပါ။ လိုက်ရှာတဲ့အခါမှာတော့ Surkhet ပြည်နယ်မှာ မြေကွက်တစ်ကွက်ကို သွားတွေ့တယ်။ ဝယ်ဖို့ပိုက်ဆံမရှိတဲ့ အတွက် သူမ မိဘတွေဆီကနေ ဒေါ်လာ ၅၀၀၀ လှမ်းတောင်းခဲ့တယ်။ ဒီဒေါ်လာ ၅၀၀၀ က သူမဟိုမှာနေတုန်းက အချိန်ပိုင်း ကလေးထိန်းအလုပ်လုပ်ရင်း စုထားတဲ့ငွေဖြစ်ပါတယ်။ မြေကွက်ကိုဝယ်ရင်းနဲ့ အိမ်ဆောက်နိုင်ဖို့ သူမ အဲဒီက အဖွဲ့အစည်းတစ်ခုမှာ ၂နှစ်လောက် အလုပ်လုပ်ခဲ့တယ်။ နယ်မြေခံ နဲ့ ကမ္ဘာက အလှူရှင်တွေ ဝိုင်းလှူကြလို့ ကလေးတွေအတွက် နေစရာတစ်ခုကိုဆောက်ပေးနိုင်ခဲ့တယ်။

သူမရဲ့ ဂေဟာကို Kopila လို့နာမည်ပေးလိုက်တယ်။ နီပေါလို ပန်းပွင့်ဖူးလေး ဆိုတဲ့ အဓိပ္ပါယ်ပါ။ ၂၀၀၅ခုနှစ်မှာ ကလေးငယ်ပေါင်း ၄၅ယောက်ခန့်ကို စောင့်ရှောက်နိုင်ခဲ့တယ်။ ဒီအထဲမှာ ၈လကနေ ၁၆နှစ် ဝန်းကျင်အထိ မိဘမဲ့ကလေးတွေ ပါဝင်ပါတယ်။ နေစရာအိမ်ဆောက်ပေးပြီးတဲ့နောက် ကျောင်းဆောက်ဖို့ သူမထပ်ကြိုးစားပါတယ်။ အခြားစေတနာ့ဝန်ထမ်းတွေနဲ့ ကူညီတဲ့အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်လာကြတာကြောင့် ၂၀၀၇ ခုနှစ်မှာတော့ Kopila Valley ကျောင်းကို ဖွင့်လှစ်ပေးနိုင်ခဲ့တယ်။

ကျောင်းကို လိုအပ်တဲ့ဝန်ထမ်းတွေနဲ့ စနစ်တကျဖွင့်ပြီး နီပေါလူမျိုး ၅ဝခန့်ကိုလည်း အလုပ်ပေးနိုင်ခဲ့တယ်။ ဒီအထဲမှာ ဆရာဆရာမတွေ ၊ ကျောင်းအုပ်တွေ ၊ ကျန်းမာရေးဝန်ထမ်းတွေပါဝင်တယ်။ သူမရဲ့ကျောင်းက ကလေးငယ်တွေကို စာပေ တင်မက ၊ အနုပညာ ၊ ဂီတ နဲ့ အားကစားတွေကိုပါ သင်နိုင်အောင်ဖန်တီးပေးထားတယ်။ နီပေါ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးနဲ့ သင်ကြားပေးပြီး ကိုယ်တိုင်ဖန်တီးမှု နဲ့ စဉ်းစားတွေးခေါ်ခြင်းကို အဓိကဦးစားပေး သင်ကြားပေးခဲ့တယ်။ ၂၀၁၃ခုနှစ်မှာ သူမကျောင်းက ကလေးတွေကို နိုင်ငံရဲ့ ၈တန်းအဆင့် စာမေးပွဲမှာ စတင်ဝင်ရောက်ဖြေဆိုစေခဲ့တယ်။

ပထမဆုံးဖြေဆိုစေခဲ့ပေမယ့် သူမရဲ့ပညာရေးစနစ်ကြောင့် ရလဒ်တွေဟာ အံ့မခန်းထွက်ပေါ်လာခဲ့တယ်။ သူမကျောင်းက ဖြေဆိုသူတွေ အကုန်လုံးအောင်ရုံမက ..အားလုံးရဲ့ရမှတ်တွေဟာ တစ်နိုင်ငံက အတော်ဆုံးကျောင်းသား ၁၀% ထဲမှာ ပါဝင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တယ်။ သူမရဲ့ကျောင်းဟာလည်း အဲဒီပြည်နယ်မှာ ပထမချိတ်ခဲ့တယ်။ မိဘမဲ့ကလေးငယ်တွေကို ဦးစားပေးသင်တဲ့ကျောင်းဖြစ်ပေမယ့် တခြားတတ်နိုင်တဲ့သူတွေကပါ အဲဒီကျောင်းကိုလာအပ်ကြတယ်။ လျှောက်လွှာတွေထဲက အဆင်မပြေဆုံး သူတွေကိုပဲ လက်ခံခဲ့တယ်။ ကျောင်းသားတွေများလာတာနဲ့ အတူ ဆေးခန်းတစ်ခုကိုလည်း တွဲဖွင့်ပေးခဲ့တယ်။

ကလေးငယ်တွေအတွက် အထိုက်အလျှောက်အဆင်ပြေသွားတဲ့အခါ မိန်းကလေးငယ်တွေအတွက် သူမစဉ်းစားခဲ့ပြန်တယ်။ အခက်အခဲအမျိုးမျိုးကြောင့် ဒုက္ခရောက်လာတဲ့ မိန်းမငယ်လေးတွေအတွက် အစ်မကြီးရဲ့အိမ်(Big Sisters’ Home) ကို ဖွင့်လှစ်ပေးခဲ့သလို ၊ ဒေသခံမိန်းကလေးငယ်တိုင်း အလုပ်ရစေဖို့အတွက် စာပေ နဲ့ သက်မွေးဝမ်းကြောင်းအလုပ်တွေကိုပါ တွဲသင်ပေးတဲ့ Kopila Valley Women’s Center ကို ၂၀၁၃ခုနှစ်မှာ ဖန်တီးပေးနိုင်ခဲ့တယ်။ စတိုးဆိုင်တစ်ခုကိုပါဖွင့်လှစ်ပေးထားပြီး မိန်းကလေးငယ်တွေကို တစ်ဖက်တစ်လမ်းက ဝင်ငွေရစေခဲ့တယ်။ သူမရဲ့ကျောင်းနဲ့ ကမ္ဘာကိုချိတ်ဆက်ပေးနိုင်ဖို့အတွက် Blinknow ဖောင်ဒေးရှင်းကိုတည်း တည်ထောင်ထားခဲ့ပါတယ်။

အခုဆိုရင် သူမရဲ့ကျောင်းမှာ ကလေးငယ်ပေါင်း ၄၀ဝနီးပါးကို လက်ခံပြီးပြုစုပျိုးထောင်ပေးထားနိုင်သလို သူမအသက်ကလည်း ၃၁နှစ်ဖြစ်သွားပါပြီ။ ဒါပေမယ့် သူမရဲ့အစီအစဉ်တွေက မရပ်သေးပါဘူး။ နိုင်ငံတဝှမ်းက လိုအပ်နေသေးတဲ့ ကလေးငယ်တွေကို ကူညီနိုင်ဖို့ ကျောင်းအသစ်တစ်ခု ထပ်တည်ထောင်နိုင်ဖို့ ကြိုးစားလျှက်ရှိပါတယ်။ ဒီကျောင်းမှာတော့ အတန်း ၁၂တန်းအထိသင်ပေးနိုင်မှာဖြစ်ပြီး ကျောင်းသားပေါင်း ၅၀ဝခန့်ကို လက်ခံနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေအားလုံး ကိုယ့်အလုပ်ကိုယ်ဖန်တီးကာ ဝင်ငွေရှာဖို့အတွက် ဟင်းသီးဟင်းရွက် နဲ့ အသီးအနှံစိုက်ခင်းတစ်ခုပါ ပါရှိမှာဖြစ်ပါတယ်။

တနယ်ခြားက မိဘမဲ့ကလေးငယ်တွေအတွက် မိမိရဲ့ဘဝတစ်ခုလုံးကို စွန့်ပြီးကူညီပေးနိုင်တဲ့ သူမလို လူမျိုးကတော့ ရှာမှရှားလှပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့လှူမှုအဖွဲ့အစည်းအသီးသီးက သူမရဲ့စွမ်းဆောင်မှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဂုဏ်ပြုစုပေါင်းများစွာကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ သူမဘာကြောင့် အခုလိုလုပ်နိုင်ခဲ့သလဲ ဆိုတဲ့မေးခွန်းအတွက် သူမက အောက်ပါအတိုင်းဖြေခဲ့ပါတယ်။

” ကျွန်မမြင်ချင်တဲ့ ကမ္ဘာကို ကျွန်မကိုယ်တိုင်ဖန်တီးလိုက်တာပါ။ ဒါကိုလုပ်ဖို့အတွက် ကျွန်မတို့မှာ မဖြစ်ဖြစ်အောင်လုပ်ချင်စိတ်တစ်ခုရှိဖို့လိုပါတယ်။ ကျွန်မဇာတိနဲ့ မိုင် ၈၀၀၀ အကွာအဝေးကိုလာပြီး အခုလိုလုပ်ဖို့ ကျွန်မလည်း အရင်က တစ်ခါမှ မတွေးမိပါဘူး။ ဒါပေမယ့် ကျွန်မ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။ ချမ်းသာချင်လား ၊ အောင်မြင်ချင်လား ၊ ကျော်ကြားချင်လား ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာချင်လား..အရာရာတိုင်းနီးပါးကို တကယ်လုပ်ချင်စိတ်သာရှိရင် မဖြစ်ဖြစ်အောင် ကျွန်မတို့လုပ်နိုင်ကြပါတယ်”

YOU CAN DO ANYTHING

 

Leave a Reply