ခ်င္းတြင္းျမစ္ အေၾကာင္း သိေကာင္းစရာ

Posted on

ခ်င္းတြင္းျမစ္(Chindwin River)သည္ ဧရာဝတီျမစ္၏ အႀကီးဆုံးေသာ ျမစ္လက္တက္ျဖစ္သည္။ သလႅာဝတီျမစ္ ဟုလည္း ျမန္မာစာေပတြင္ ေရးသားသည္။ ျမစ္သည္ အိႏၵိယ-ျမန္မာနယ္စပ္အနီးရွိ ပတ္ကြိဳင္ေတာင္တန္းႏွင့္ ကူးမြန္ေတာင္တန္းမ်ားမွ စတင္ျမစ္ဖ်ားခံ၍ စီးဆင္းလာသည္။ ခ်င္းတြင္းျမစ္ကို အိႏၵိယရွိ မဏိပူရျပည္နယ္တြင္ ႏိုင္းထိျမစ္ ဟုေခၚၾကသည္။

ခ်င္းတြင္းျမစ္၏အစျပဳရာအမည္သညာမွာ –တႏိုင္းခ— ျဖစ္သည္။ –ခ— ဆိုသည္မွာ ကခ်င္ဘာသာစကားျဖင့္ – ေရ— ၊ – ျမစ္—ဟူ၍ အဓိပၸါယ္ရသျဖင့္ –တႏိုင္းခလြင္ျပင္ေဒသမွ ျဖတ္သန္းစီးဆင္းလာသည့္ျမစ္—ဟူ၍အဓိပၸါယ္ဖြင့္ရမည္။ –တႏိုင္းခ—ကို နာဂတိုင္းရင္းသားမ်ားက –ဒီနဲ—ဟုလည္း ေခၚေဝၚၾကေသးသည္။ ထို႔အျပင္ –သလႅာဝတီ—ဟူ၍ လည္း ေရွးသမိုင္းအစဥ္အလာအရ ေခၚတြင္ခဲ့ၾကသည္။ –သလႅာ—ဆိုသည္မွာ –  ျမား— ၊–ဝတီ— ဆိုသည္က – ေရ— ျဖစ္၍ ျမားကဲ့သို႔ ေရစီးသန္သည့္ျမစ္ႀကီးဟု တင္စားေခၚေဝၚခဲ့ၾကသည္ဟုအဆို ရွိခဲ့သည္။

ခ်င္းတြင္း—ဆိုသည္ကိုမူ– ခ်င္းေတာင္တန္းေဒသမွ စီးဆင္းလာသည့္ျမစ္—ဟု ဝိၿဂိဳဟ္က်င္းခဲ့ၾကသည္။ အမွန္ ဆိုရလၽွင္ –ခ်င္းတြင္း—ဟူသည့္အေခၚအေဝၚသည္ ပုဂံေခတ္ကပင္ စတင္ေခၚေဝၚသုံးႏႈန္းလာခဲ့ၾကျခင္းျဖစ္သည္။ ေျမာက္မွေတာင္သို႔ စီးဆင္းသည့္ ခ်င္းတြင္းျမစ္သည္ မိုင္ေပါင္း ၇၅၀ ထိရွည္လ်ားကာ ျမန္မာႏိုင္ငံ၏ အဓိကျမစ္ႀကီးျဖစ္သည့္ ဧရာဝတီျမစ္အတြင္းသို႔ ျမင္းၿခံၿမိဳ႕အနီးတြင္ စီးဝင္သည္။

ဇာစ္ျမစ္

ခ်င္းတြင္းျမစ္သည္ တနဲ၊ တဝန္၊ တ႐ုံျမစ္မ်ား ေတြ႕ဆုံရာမွ စတင္ေလသည္။ တနဲျမစ္မွာ ကူမြန္ေတာင္တန္းရွိ ေ႐ႊေတာင္ႀကီးေတာင္ အနီးတြင္ ျမစ္ဖ်ားခံသည္။ ထိုမွ ဟူးေကာင္းေတာင္ၾကားအထိ ေျမာက္စူးစူးသို႔ စီးဆင္း၍ အေနာက္ဘက္သို႔ေကြ႕ရာ၌ ဟူးေကာင္းေတာင္ၾကားမွ စီးဆင္းလာေသာ တ႐ုံျမစ္ႏွင့္ ပူးေပါင္းေလသည္။ ထိုျမစ္ဆုံမွ ေတာင္ဘက္သို႔ စီးဆင္းရာ ေရတံခြန္မ်ား လြန္ၿပီးေနာက္ ဇင္ဂလိန္ခႏၲီးနယ္သို႔ ေရာက္၏။ ဤမွတစ္ဖန္ အထက္ခ်င္းတြင္းခ႐ိုင္ကို ျဖတ္၍စီးဆင္းသည္။

ထိုေနရာမွ ေအာက္ဘက္သို႔ ေရာက္လာေသာအခါ အေရွ႕ဘက္ ေက်ာက္စိမ္းတြင္းမ်ားေဒသတြင္ ျမစ္ဖ်ားခံခဲ့ေသာ ဥ႐ုျမစ္သည္ ပထမဆုံး ျမစ္လက္တက္ အျဖစ္ ဟုမၼလင္းၿမိဳ႕ႏွင့္ မိုင္အနည္းငယ္ကြာေနရာတြင္ ခ်င္းတြင္းျမစ္တြင္းသို႔ စီးဆင္းေလသည္။ ထိုမွတစ္ဖန္ ခ်င္းတြင္းျမစ္သည္ ေသာင္သြပ္နယ္၏ အေရွ႕ဘက္နယ္နိမိတ္အျဖစ္ စီးဆင္းလာသည္။ ခ်င္းတြင္းျမစ္၏ အျခားျမစ္လက္တက္တစ္ခုျဖစ္ေသာ ယူးျမစ္သည္ အေနာက္ဘက္ရွိ ကေဘာ္ျမစ္ဝွမ္းမွ ခ်င္းတြင္းျမစ္တြင္းသို႔ စီးဝင္ေပါင္းဆုံလာ၏။ ဤမွတစ္ဖန္ ခ်င္းတြင္းျမစ္သည္ ေမာ္လိုက္ၿမိဳ႕ကို ျဖတ္၍စီးဆင္းလာရာ အေနာက္ဘက္ ခ်င္းနယ္မွ စီးလာေသာ ျမစ္သာျမစ္ႏွင့္ ကေလးဝတြင္ ေပါင္းဆုံမိေလသည္။

ခ်င္းတြင္းျမစ္သည္ လက္ယာဘက္ကမ္းရွိ မင္းကင္းၿမိဳ႕ အနီးတြင္ အေရွ႕ဘက္သို႔ အနည္းငယ္ေကြ႕ၿပီးေနာက္ တစ္ဖန္ ေျမာက္ဘက္သို႔ ေကြ႕သြားျပန္၏။ ထို႔ေနာက္ ေမာက္ကေတာ္႐ြာအနီးတြင္ ေတာင္ဘက္သို႔ ေကြ႕ၿပီးေသာ္ ေအာက္ခ်င္းတြင္းခ႐ိုင္အတြင္းသို႔ စီးဝင္သည္။

အထက္ခ်င္းတြင္းခ႐ိုင္အတြင္း၌ ခ်င္းတြင္းျမစ္ စီးဆင္းလာစဥ္က ျမစ္ဝွမ္းသည္ က်ဥ္းေျမာင္းသည္။ ျမစ္ေၾကာ တစ္ေလၽွာက္တြင္ ထူထပ္ေသာသစ္ေတာႀကီးမ်ားသည္ ျမစ္ကမ္းပါးအထိ ေပါက္ေရာက္သည္။ အနည္းငယ္ေသာ ေနရာမ်ားတြင္ ညီညာေသာကမ္းေျခမ်ား ရွိေသာ္လည္း ကိုင္းေတာမ်ား ေပါက္ေနသည္။ ႐ြာမ်ားသည္ တစ္႐ြာႏွင့္ တစ္႐ြာ အလွမ္းေဝး၍ ႐ြာလည္းနည္းပါးသည္။ လူေနလည္း က်ဲသည္။ ေအာက္ခ်င္းတြင္း ခ႐ိုင္သို႔ ေရာက္လာေသာအခါမူ ခ်င္းတြင္းျမစ္၏ ျမင္ကြင္းမ်ားသည္ တစ္မ်ိဳးတစ္ဖုံ ျဖစ္လာသည္။ ေမာက္ကေတာ္႐ြာမွ စ၍ ျမစ္ဝွမ္းသည္ က်ယ္လာ၍ ေတာင္မ်ားသည္ ျမစ္ကမ္းေျခႏွင့္ ေဝးသြားသည္။ ထိုေဒသ တစ္ေလၽွာက္တြင္ ႐ြာငယ္မ်ားကို ပို၍ ေတြ႕ျမင္ႏိုင္သည္။

ကမ္းေျခေျမညီမ်ားတြင္ အပူပိုင္း၌ ေပါက္ေလ့ရွိေသာ ေကာက္ပဲ သီးႏွံမ်ားကို စိုက္ပ်ိဳးထားသည္ကို ေတြ႕ရသည္။ ကႏၷီႏွင့္ အလုံၿမိဳ႕မ်ားကို လြန္လာၿပီးေနာက္ လက္ဝဲဘက္ တနည္းအားျဖင့္ အေရွ႕ဘက္ကမ္းတြင္ရွိေသာ မုံ႐ြာၿမိဳ႕သို႔ ေရာက္လာသည္။ မုံ႐ြာ ေတာင္ဘက္တြင္ ခ်င္းတြင္းျမစ္သည္ စစ္ကိုင္းႏွင့္ ပခုကၠဴခ႐ိုင္တို႔၏ နယ္နိမိတ္အျဖစ္ တည္ရွိသည္။ ထိုမွတစ္ဖန္ အျမင့္ၿမိဳ႕ကိုျဖတ္၍ ေရစႀကိဳၿမိဳ႕အလြန္တြင္ ျမစ္ေၾကာင္း ၂ ျဖာ ကြဲကာ ျမင္းၿခံအထက္ ေရတိုင္႐ြာအနီးတြင္လည္းေကာင္း၊ ပခုကၠဴ အထက္တြင္လည္းေကာင္း၊ ဧရာဝတီ ျမစ္တြင္းသို႔ ျမစ္ဝ ၂ ခုျဖင့္ စီးဝင္ေလသည္။ ပခုကၠဴအထက္ရွိ ေအာက္ျမစ္ဝမွသာလၽွင္ သေဘၤာ မ်ားသည္ ခ်င္းတြင္းျမစ္တြင္းသို႔ စုန္ဆန္သြားလာၾက၏။ အထက္ျမစ္ဝသည္ ေကာလုနီးနီး ျဖစ္ေနသည္။ခ်င္းတြင္းျမစ္သည္ မိုင္ ၆ဝဝ နီးပါး ရွည္လ်ားသည္။

ဧရာဝတီျမစ္ဆုံမွ အထက္မိုင္ေပါင္း ၄ဝဝအထိ သေဘၤာခုတ္ေမာင္း ႏိုင္သည္။ မီးသေဘၤာမ်ားသည္ တစ္ႏွစ္ပတ္လုံး ကင္းတပ္ ၿမိဳ႕အထိလည္းေကာင္း၊ မိုးတြင္းအခါတြင္ ဟုမၼလင္းအထိလည္းေကာင္း ဆန္တက္ႏိုင္ေပသည္။ ေလွငယ္မ်ားႏွင့္မူ ျမစ္ေၾကာင္း တစ္ေလၽွာက္လုံး စုန္ဆန္သြားလာႏိုင္သည္။ ခ်င္းတြင္း ျမစ္တြင္း၌ သစ္မ်ားကို ေဖာင္ဖြဲ႕၍ ေမၽွာခ်ၾကသည္။ ျမစ္ကမ္းပါးမ်ားတြင္ ေဆးကိုင္းမ်ား၊ ပဲကိုင္းမ်ား စိုက္၏။ ျမစ္ေအာက္ပိုင္းတြင္ကား ေကာက္ပဲ သီးႏွံခင္းမ်ားအတြက္ ခ်င္းတြင္းျမစ္မွ ေရကိုသြယ္၍ ယူၾကသည္။

ခ်င္းတြင္းျမစ္၏ လက္ယာဘက္ကမ္းတြင္ ေသာင္သြပ္၊ ကေလးဝ၊ ကႏၷီ စေသာၿမိဳ႕မ်ား တည္ရွိ၍ လက္ဝဲဘက္ကမ္းတြင္ ဟုမၼလင္း၊ ကင္းတပ္၊ အလုံ၊ ေမာ္လိုက္ႏွင့္ မုံ႐ြာၿမိဳ႕ႀကီးမ်ား တည္ရွိသည္။ ခ်င္းတြင္းျမစ္ကို စြဲ၍ ေအာက္ခ်င္းတြင္းခ႐ိုင္၊ အထက္ခ်င္းတြင္းခ႐ိုင္ဟူ၍ ခ႐ိုင္ခြဲျခားထားသည္။ ခ်င္းတြင္းျမစ္ဖ်ားတြင္ ေ႐ႊအနည္းငယ္ထြက္၍ ပယင္းတြင္းမ်ား၊ ေက်ာက္စိမ္းတြင္းမ်ားလည္း ရွိေလသည္။

ခ်င္းတြင္းျမစ္ေၾကာင္းတြင္ မင္းကင္း၊ စစ္ေတာင္းႏွင့္ ေဖာင္းျပင္ၿမိဳ႕မ်ားလည္းရွိသည္။ ကေလးဝၿမိဳ႕ ေအာက္ဘက္ အေရွ႕ဘက္ကမ္းရွိ ေ႐ႊက်င္မွ ေ႐ႊဘိုခ႐ိုင္သို႔ လမ္းေပါက္သည္။ ပန္းသာမွာ အင္းေတာ္ေရနံတြင္း အတြက္ ျမစ္ဆိပ္ျဖစ္၍ ကေလးဝတြင္ ေက်ာက္မီးေသြးတြင္းမ်ား ရွိသည္။

ဧရာဝတီျမစ္တြင္းသို႔ ပခုကၠဴအထက္တြင္ စီးဝင္ေသာ ခ်င္းတြင္းျမစ္၏ ေအာက္ျမစ္ဝသည္ ပုဂံမင္း တစ္ပါး ေဖာက္လုပ္ခဲ့ေသာ တူးေျမာင္းျဖစ္သည္ဟု ဆိုၾကသည္။ ထိုတူးေျမာင္းသည္ ႏွစ္ေပါင္းၾကာျမင့္စြာ ပိတ္ဆို႔ေနခဲ့ရာ ခရစ္သကၠရာဇ္ ၁၈၂၄ ခုႏွစ္ ေရႀကီးသည့္အခါတြင္မွ ျပန္၍ေပါက္သြားသည္ဟု သမိုင္းအမွတ္အသား ရွိသည္။

တႏိုင္း၊ တဘိုင္၊ တဝမ္ ႏွင့္ တ႐ုံး ျမစ္မ်ား ဟူးေကာင္းခ်ိဳင့္ဝွမ္းအတြင္း ေပါင္းဆုံရာမွ ခ်င္းတြင္းျမစ္ အျဖစ္စတင္စီးဆင္းသည္။ ထိုေနာက္ အေနာက္ေတာင္ယြန္းယြန္းသို႔ စီးဆင္းကာ တစ္ဖန္အေရွ႕ေတာင္ဖက္သို႔ ျပန္လည္ဦးတည္၍ စီးဆင္းသည္။ ေျမာက္ဖက္ပိုင္း စီးဆင္းရာလမ္းတစ္ေလၽွာက္တြင္ အေတာ္အတင့္ ၾကမ္းတမ္းသည့္ ေျမမ်က္ႏွာျပင္မ်ားကို ျဖတ္သန္းခဲ့ရသည္။ ထိုသို႔ ျဖတ္သန္းရာတြင္ ထိုေဒသမ်ားရွိ ျမစ္ေခ်ာင္းမ်ားကို ျမစ္လက္တက္မ်ားအျဖစ္ လက္ခံစီးဆင္းသည္။

ျမစ္လက္တက္မ်ား

အႀကီးဆုံးျဖစ္ေသာ ျမစ္လက္တက္ျဖစ္သည့္ ဥ႐ုျမစ္သည္ ဟုမၼလင္းၿမိဳ႕ေတာင္ဖက္တြင္ ခ်င္းတြင္းျမစ္ အတြင္းေပါင္းဆုံသည္။ (ဥ႐ုျမစ္ညာရွိ ဖားကန္႔ေဒသသည္ နာမည္ေက်ာ္ ျမန္မာ့ေက်ာက္စိမ္း ထြက္ရွိရာ ပင္မေဒသလည္းျဖစ္သည္။)

ယုျမစ္သည္ ကေဘာ္ခ်ိဳင့္ဝွမ္းေဒသကို ျဖတ္သန္း၍ ခ်င္းတြင္းျမစ္အတြင္း စီးဝင္သည္။ ျမစ္သာျမစ္သည္ ကေလးခ်ိဳင့္ဝွမ္းေဒသကို ျဖတ္ကာ ကေလးဝၿမိဳ႕ အနီးတြင္ ခ်င္းတြင္းျမစ္ႏွင့္ ေပါင္းဆုံသည္။ ျမစ္ေၾကာင္းတစ္ေလၽွာက္ အေရးပါသည့္ ၿမိဳ႕မ်ားမွာ ခႏၲီးၿမိဳ႕ ၊ ထမံသီ ၊ ဟုမၼလင္း ၊ ေမာ္လိုက္ ၊ ကေလးဝ ၊ ကေလးၿမိဳ႕ ၊ ျမင္းၿခံၿမိဳ႕ ၊မုံ႐ြာ ၿမဳိ႕တုိ႔ ျဖစ္ၾကသည္။

သမိုင္းထဲက ခ်င္းတြင္းျမစ္

သမိုင္းမွတ္တမ္းမ်ားအရ ျမန္မာမင္းမ်ားသည္ ခ်င္းတြင္းျမစ္ကို အသုံျပဳမႈနည္းပါးခဲ့သည္။ သို႔ေသာ္ ေညာင္ရမ္းေခတ္၏ ေနာက္ဆုံးကာလမ်ားတြင္ မဏိပူရမွ ကသည္းမ်ား ျမန္မာႏိုင္ငံကို က်ဴးေက်ာ္ ဝင္ေရာက္လာရာတြင္ ခ်င္းတြင္းျမစ္ကို အသုံးခ်ခဲ့ၾကေၾကာင္း အေထာက္အထားမ်ားအရ သိရွိရပါသည္။ ကသည္းတို႔သည္ ဘာသာေရးယုံၾကည္ခ်က္ျဖစ္ ဧရာဝတီျမစ္အထိ က်ဴးေက်ာ္လာျခင္းျဖစ္သည္။ ထိုသို႔က်ဴးေက်ာ္ရာတြင္ အင္းဝတစ္ဖက္ကမ္း စစ္ကိုင္း အထိပင္ေရာက္ရွိခဲ့သည္ဟု ဆိုသည္။

ဒုတိယကမၻာစစ္အတြင္းတြင္လည္း ဂ်ပန္တပ္မ်ား အိႏၵိယသို႔ ခ်ီတက္ရာတြင္လည္းေကာင္း၊ မဟာမိတ္တပ္မ်ား ဂ်ပန္တို႔ကို ေနာက္မွလိုက္လံတိုက္ခိုက္၍ ျမန္မာႏိုင္ငံတြင္းသို႔ ျပန္ဝင္ေရာက္ရာတြင္လည္းေကာင္း ခ်င္းတြင္းျမစ္ကို အသုံျပဳခဲ့ၾကသည္။ မဟာမိတ္တပ္မ်ားျပန္လည္ ထိုးစစ္ဆင္ရန္အတြက္ ခ်င္းတြင္းျမစ္ေရႀကီးခ်ိန္ျဖစ္သည္ မိုးကာလကို မဟာမိတ္တပ္မႉးျဖစ္သည့္ ဗိုလ္ခ်ဳပ္စတီးဝဲလ္က ေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရွိရသည္။

ရည္ၫႊန္းကိုးကား

ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၂)
Myanmar Sar .Net
Myanmar Wikipedia

———————

ချင်းတွင်းမြစ် အကြောင်း သိကောင်းစရာ (unicode)

ချင်းတွင်းမြစ်(Chindwin River)သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ သလ္လာဝတီမြစ် ဟုလည်း မြန်မာစာပေတွင် ရေးသားသည်။ မြစ်သည် အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ပတ်ကွိုင်တောင်တန်းနှင့် ကူးမွန်တောင်တန်းများမှ စတင်မြစ်ဖျားခံ၍ စီးဆင်းလာသည်။ ချင်းတွင်းမြစ်ကို အိန္ဒိယရှိ မဏိပူရပြည်နယ်တွင် နိုင်းထိမြစ် ဟုခေါ်ကြသည်။

ချင်းတွင်းမြစ်၏အစပြုရာအမည်သညာမှာ –တနိုင်းခ— ဖြစ်သည်။ –ခ— ဆိုသည်မှာ ကချင်ဘာသာစကားဖြင့် –ရေ— ၊ –မြစ်—ဟူ၍ အဓိပ္ပါယ်ရသဖြင့် –တနိုင်းခလွင်ပြင်ဒေသမှ ဖြတ်သန်းစီးဆင်းလာသည့်မြစ်—ဟူ၍အဓိပ္ပါယ်ဖွင့်ရမည်။ –တနိုင်းခ—ကို နာဂတိုင်းရင်းသားများက –ဒီနဲ—ဟုလည်း ခေါ်ဝေါ်ကြသေးသည်။ ထို့အပြင် –သလ္လာဝတီ—ဟူ၍ လည်း ရှေးသမိုင်းအစဉ်အလာအရ ခေါ်တွင်ခဲ့ကြသည်။ –သလ္လာ—ဆိုသည်မှာ –  မြား— ၊–ဝတီ— ဆိုသည်က – ရေ— ဖြစ်၍ မြားကဲ့သို့ ရေစီးသန်သည့်မြစ်ကြီးဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်ဟုအဆို ရှိခဲ့သည်။

ချင်းတွင်း—ဆိုသည်ကိုမူ– ချင်းတောင်တန်းဒေသမှ စီးဆင်းလာသည့်မြစ်—ဟု ဝိဂြိုဟ်ကျင်းခဲ့ကြသည်။ အမှန် ဆိုရလျှင် –ချင်းတွင်း—ဟူသည့်အခေါ်အဝေါ်သည် ပုဂံခေတ်ကပင် စတင်ခေါ်ဝေါ်သုံးနှုန်းလာခဲ့ကြခြင်းဖြစ်သည်။ မြောက်မှတောင်သို့ စီးဆင်းသည့် ချင်းတွင်းမြစ်သည် မိုင်ပေါင်း ၇၅၀ ထိရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့အနီးတွင် စီးဝင်သည်။

ဇာစ်မြစ်

ချင်းတွင်းမြစ်သည် တနဲ၊ တဝန်၊ တရုံမြစ်များ တွေ့ဆုံရာမှ စတင်လေသည်။ တနဲမြစ်မှာ ကူမွန်တောင်တန်းရှိ ရွှေတောင်ကြီးတောင် အနီးတွင် မြစ်ဖျားခံသည်။ ထိုမှ ဟူးကောင်းတောင်ကြားအထိ မြောက်စူးစူးသို့ စီးဆင်း၍ အနောက်ဘက်သို့ကွေ့ရာ၌ ဟူးကောင်းတောင်ကြားမှ စီးဆင်းလာသော တရုံမြစ်နှင့် ပူးပေါင်းလေသည်။ ထိုမြစ်ဆုံမှ တောင်ဘက်သို့ စီးဆင်းရာ ရေတံခွန်များ လွန်ပြီးနောက် ဇင်ဂလိန်ခန္တီးနယ်သို့ ရောက်၏။ ဤမှတစ်ဖန် အထက်ချင်းတွင်းခရိုင်ကို ဖြတ်၍စီးဆင်းသည်။

ထိုနေရာမှ အောက်ဘက်သို့ ရောက်လာသောအခါ အရှေ့ဘက် ကျောက်စိမ်းတွင်းများဒေသတွင် မြစ်ဖျားခံခဲ့သော ဥရုမြစ်သည် ပထမဆုံး မြစ်လက်တက် အဖြစ် ဟုမ္မလင်းမြို့နှင့် မိုင်အနည်းငယ်ကွာနေရာတွင် ချင်းတွင်းမြစ်တွင်းသို့ စီးဆင်းလေသည်။ ထိုမှတစ်ဖန် ချင်းတွင်းမြစ်သည် သောင်သွပ်နယ်၏ အရှေ့ဘက်နယ်နိမိတ်အဖြစ် စီးဆင်းလာသည်။ ချင်းတွင်းမြစ်၏ အခြားမြစ်လက်တက်တစ်ခုဖြစ်သော ယူးမြစ်သည် အနောက်ဘက်ရှိ ကဘော်မြစ်ဝှမ်းမှ ချင်းတွင်းမြစ်တွင်းသို့ စီးဝင်ပေါင်းဆုံလာ၏။ ဤမှတစ်ဖန် ချင်းတွင်းမြစ်သည် မော်လိုက်မြို့ကို ဖြတ်၍စီးဆင်းလာရာ အနောက်ဘက် ချင်းနယ်မှ စီးလာသော မြစ်သာမြစ်နှင့် ကလေးဝတွင် ပေါင်းဆုံမိလေသည်။

ချင်းတွင်းမြစ်သည် လက်ယာဘက်ကမ်းရှိ မင်းကင်းမြို့ အနီးတွင် အရှေ့ဘက်သို့ အနည်းငယ်ကွေ့ပြီးနောက် တစ်ဖန် မြောက်ဘက်သို့ ကွေ့သွားပြန်၏။ ထို့နောက် မောက်ကတော်ရွာအနီးတွင် တောင်ဘက်သို့ ကွေ့ပြီးသော် အောက်ချင်းတွင်းခရိုင်အတွင်းသို့ စီးဝင်သည်။

အထက်ချင်းတွင်းခရိုင်အတွင်း၌ ချင်းတွင်းမြစ် စီးဆင်းလာစဉ်က မြစ်ဝှမ်းသည် ကျဉ်းမြောင်းသည်။ မြစ်ကြော တစ်လျှောက်တွင် ထူထပ်သောသစ်တောကြီးများသည် မြစ်ကမ်းပါးအထိ ပေါက်ရောက်သည်။ အနည်းငယ်သော နေရာများတွင် ညီညာသောကမ်းခြေများ ရှိသော်လည်း ကိုင်းတောများ ပေါက်နေသည်။ ရွာများသည် တစ်ရွာနှင့် တစ်ရွာ အလှမ်းဝေး၍ ရွာလည်းနည်းပါးသည်။ လူနေလည်း ကျဲသည်။ အောက်ချင်းတွင်း ခရိုင်သို့ ရောက်လာသောအခါမူ ချင်းတွင်းမြစ်၏ မြင်ကွင်းများသည် တစ်မျိုးတစ်ဖုံ ဖြစ်လာသည်။ မောက်ကတော်ရွာမှ စ၍ မြစ်ဝှမ်းသည် ကျယ်လာ၍ တောင်များသည် မြစ်ကမ်းခြေနှင့် ဝေးသွားသည်။ ထိုဒေသ တစ်လျှောက်တွင် ရွာငယ်များကို ပို၍ တွေ့မြင်နိုင်သည်။

ကမ်းခြေမြေညီများတွင် အပူပိုင်း၌ ပေါက်လေ့ရှိသော ကောက်ပဲ သီးနှံများကို စိုက်ပျိုးထားသည်ကို တွေ့ရသည်။ ကန္နီနှင့် အလုံမြို့များကို လွန်လာပြီးနောက် လက်ဝဲဘက် တနည်းအားဖြင့် အရှေ့ဘက်ကမ်းတွင်ရှိသော မုံရွာမြို့သို့ ရောက်လာသည်။ မုံရွာ တောင်ဘက်တွင် ချင်းတွင်းမြစ်သည် စစ်ကိုင်းနှင့် ပခုက္ကူခရိုင်တို့၏ နယ်နိမိတ်အဖြစ် တည်ရှိသည်။ ထိုမှတစ်ဖန် အမြင့်မြို့ကိုဖြတ်၍ ရေစကြိုမြို့အလွန်တွင် မြစ်ကြောင်း ၂ ဖြာ ကွဲကာ မြင်းခြံအထက် ရေတိုင်ရွာအနီးတွင်လည်းကောင်း၊ ပခုက္ကူ အထက်တွင်လည်းကောင်း၊ ဧရာဝတီ မြစ်တွင်းသို့ မြစ်ဝ ၂ ခုဖြင့် စီးဝင်လေသည်။ ပခုက္ကူအထက်ရှိ အောက်မြစ်ဝမှသာလျှင် သင်္ဘော များသည် ချင်းတွင်းမြစ်တွင်းသို့ စုန်ဆန်သွားလာကြ၏။ အထက်မြစ်ဝသည် ကောလုနီးနီး ဖြစ်နေသည်။ချင်းတွင်းမြစ်သည် မိုင် ၆ဝဝ နီးပါး ရှည်လျားသည်။

ဧရာဝတီမြစ်ဆုံမှ အထက်မိုင်ပေါင်း ၄ဝဝအထိ သင်္ဘောခုတ်မောင်း နိုင်သည်။ မီးသင်္ဘောများသည် တစ်နှစ်ပတ်လုံး ကင်းတပ် မြို့အထိလည်းကောင်း၊ မိုးတွင်းအခါတွင် ဟုမ္မလင်းအထိလည်းကောင်း ဆန်တက်နိုင်ပေသည်။ လှေငယ်များနှင့်မူ မြစ်ကြောင်း တစ်လျှောက်လုံး စုန်ဆန်သွားလာနိုင်သည်။ ချင်းတွင်း မြစ်တွင်း၌ သစ်များကို ဖောင်ဖွဲ့၍ မျှောချကြသည်။ မြစ်ကမ်းပါးများတွင် ဆေးကိုင်းများ၊ ပဲကိုင်းများ စိုက်၏။ မြစ်အောက်ပိုင်းတွင်ကား ကောက်ပဲ သီးနှံခင်းများအတွက် ချင်းတွင်းမြစ်မှ ရေကိုသွယ်၍ ယူကြသည်။

ချင်းတွင်းမြစ်၏ လက်ယာဘက်ကမ်းတွင် သောင်သွပ်၊ ကလေးဝ၊ ကန္နီ စသောမြို့များ တည်ရှိ၍ လက်ဝဲဘက်ကမ်းတွင် ဟုမ္မလင်း၊ ကင်းတပ်၊ အလုံ၊ မော်လိုက်နှင့် မုံရွာမြို့ကြီးများ တည်ရှိသည်။ ချင်းတွင်းမြစ်ကို စွဲ၍ အောက်ချင်းတွင်းခရိုင်၊ အထက်ချင်းတွင်းခရိုင်ဟူ၍ ခရိုင်ခွဲခြားထားသည်။ ချင်းတွင်းမြစ်ဖျားတွင် ရွှေအနည်းငယ်ထွက်၍ ပယင်းတွင်းများ၊ ကျောက်စိမ်းတွင်းများလည်း ရှိလေသည်။

ချင်းတွင်းမြစ်ကြောင်းတွင် မင်းကင်း၊ စစ်တောင်းနှင့် ဖောင်းပြင်မြို့များလည်းရှိသည်။ ကလေးဝမြို့ အောက်ဘက် အရှေ့ဘက်ကမ်းရှိ ရွှေကျင်မှ ရွှေဘိုခရိုင်သို့ လမ်းပေါက်သည်။ ပန်းသာမှာ အင်းတော်ရေနံတွင်း အတွက် မြစ်ဆိပ်ဖြစ်၍ ကလေးဝတွင် ကျောက်မီးသွေးတွင်းများ ရှိသည်။

ဧရာဝတီမြစ်တွင်းသို့ ပခုက္ကူအထက်တွင် စီးဝင်သော ချင်းတွင်းမြစ်၏ အောက်မြစ်ဝသည် ပုဂံမင်း တစ်ပါး ဖောက်လုပ်ခဲ့သော တူးမြောင်းဖြစ်သည်ဟု ဆိုကြသည်။ ထိုတူးမြောင်းသည် နှစ်ပေါင်းကြာမြင့်စွာ ပိတ်ဆို့နေခဲ့ရာ ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ် ရေကြီးသည့်အခါတွင်မှ ပြန်၍ပေါက်သွားသည်ဟု သမိုင်းအမှတ်အသား ရှိသည်။

တနိုင်း၊ တဘိုင်၊ တဝမ် နှင့် တရုံး မြစ်များ ဟူးကောင်းချိုင့်ဝှမ်းအတွင်း ပေါင်းဆုံရာမှ ချင်းတွင်းမြစ် အဖြစ်စတင်စီးဆင်းသည်။ ထိုနောက် အနောက်တောင်ယွန်းယွန်းသို့ စီးဆင်းကာ တစ်ဖန်အရှေ့တောင်ဖက်သို့ ပြန်လည်ဦးတည်၍ စီးဆင်းသည်။ မြောက်ဖက်ပိုင်း စီးဆင်းရာလမ်းတစ်လျှောက်တွင် အတော်အတင့် ကြမ်းတမ်းသည့် မြေမျက်နှာပြင်များကို ဖြတ်သန်းခဲ့ရသည်။ ထိုသို့ ဖြတ်သန်းရာတွင် ထိုဒေသများရှိ မြစ်ချောင်းများကို မြစ်လက်တက်များအဖြစ် လက်ခံစီးဆင်းသည်။

မြစ်လက်တက်များ

အကြီးဆုံးဖြစ်သော မြစ်လက်တက်ဖြစ်သည့် ဥရုမြစ်သည် ဟုမ္မလင်းမြို့တောင်ဖက်တွင် ချင်းတွင်းမြစ် အတွင်းပေါင်းဆုံသည်။ (ဥရုမြစ်ညာရှိ ဖားကန့်ဒေသသည် နာမည်ကျော် မြန်မာ့ကျောက်စိမ်း ထွက်ရှိရာ ပင်မဒေသလည်းဖြစ်သည်။)

ယုမြစ်သည် ကဘော်ချိုင့်ဝှမ်းဒေသကို ဖြတ်သန်း၍ ချင်းတွင်းမြစ်အတွင်း စီးဝင်သည်။ မြစ်သာမြစ်သည် ကလေးချိုင့်ဝှမ်းဒေသကို ဖြတ်ကာ ကလေးဝမြို့ အနီးတွင် ချင်းတွင်းမြစ်နှင့် ပေါင်းဆုံသည်။ မြစ်ကြောင်းတစ်လျှောက် အရေးပါသည့် မြို့များမှာ ခန္တီးမြို့ ၊ ထမံသီ ၊ ဟုမ္မလင်း ၊ မော်လိုက် ၊ ကလေးဝ ၊ ကလေးမြို့ ၊ မြင်းခြံမြို့ ၊မုံရွာ မြို့တို့ ဖြစ်ကြသည်။

သမိုင်းထဲက ချင်းတွင်းမြစ်

သမိုင်းမှတ်တမ်းများအရ မြန်မာမင်းများသည် ချင်းတွင်းမြစ်ကို အသုံပြုမှုနည်းပါးခဲ့သည်။ သို့သော် ညောင်ရမ်းခေတ်၏ နောက်ဆုံးကာလများတွင် မဏိပူရမှ ကသည်းများ မြန်မာနိုင်ငံကို ကျူးကျော် ဝင်ရောက်လာရာတွင် ချင်းတွင်းမြစ်ကို အသုံးချခဲ့ကြကြောင်း အထောက်အထားများအရ သိရှိရပါသည်။ ကသည်းတို့သည် ဘာသာရေးယုံကြည်ချက်ဖြစ် ဧရာဝတီမြစ်အထိ ကျူးကျော်လာခြင်းဖြစ်သည်။ ထိုသို့ကျူးကျော်ရာတွင် အင်းဝတစ်ဖက်ကမ်း စစ်ကိုင်း အထိပင်ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ဒုတိယကမ္ဘာစစ်အတွင်းတွင်လည်း ဂျပန်တပ်များ အိန္ဒိယသို့ ချီတက်ရာတွင်လည်းကောင်း၊ မဟာမိတ်တပ်များ ဂျပန်တို့ကို နောက်မှလိုက်လံတိုက်ခိုက်၍ မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်ရောက်ရာတွင်လည်းကောင်း ချင်းတွင်းမြစ်ကို အသုံပြုခဲ့ကြသည်။ မဟာမိတ်တပ်များပြန်လည် ထိုးစစ်ဆင်ရန်အတွက် ချင်းတွင်းမြစ်ရေကြီးချိန်ဖြစ်သည် မိုးကာလကို မဟာမိတ်တပ်မှူးဖြစ်သည့် ဗိုလ်ချုပ်စတီးဝဲလ်က ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။

ရည်ညွှန်းကိုးကား

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
Myanmar Sar .Net
Myanmar Wikipedia

Leave a Reply