ကမာၻေက်ာ္ အမွတ္တံဆိပ္ေတြရဲ႕ေနာက္ကြယ္က အဓိပၸါယ္မ်ား

Posted on

Toyota

Toyota လုိဂုိရဲ႕ ဘဲဥပုံစက္၀ုိင္း ၃ခုဟာ customerေတြရဲ႕ႏွလုံးသား၊ထုတ္ကုန္ေတြရဲ႕ႏွလုံးသားနဲ႔ နည္းပညာေတြရဲ႕ႏွလုံးသား ဆုိတဲ့ ႏွလုံးသား၃ခုကို ရည္ရြယ္ထားၿခင္းၿဖစ္ပါတယ္။ Toyota အမွတ္တံဆိပ္ဟာ သူ႔စာလံုးကို ေဖာ္ညႊန္းႏိုင္စြမ္းရွိပါတယ္။

BMW

BMW ရဲ႕ လုိဂုိၿဖစ္တဲ့ အၿပာေရာင္နဲ႔အၿဖဴေရာင္ဟာ ေလယာဥ္ပန္ကာ ကုိပုံေဖာ္ထားတာၿဖစ္ပါတယ္။ BMW ဟာ ကားကုမၸဏီၿဖစ္ေပမယ့္ လုိဂုိက ေလယာဥ္ပန္ကာ ၿဖစ္ေနရၿခင္းအေႀကာင္းကေတာ့ ဒုတိယကမာၻစစ္အတြင္းက BMW ဟာ ဂ်ာမန္အစိုးရအတြက္ ေလယာဥ္အင္ဂ်င္ေတြကုိ ထုတ္လုပ္ေပးခဲ့တဲ့ ကုမၸဏီၿဖစ္ခဲ့လုိ႔ပါပဲ။

Apple

နာမည္ႀကီး Apple လုိဂုိကေတာ့ အကုိက္ခံထားရတဲ့ သစ္သီးတစ္လုံးကုိ ကုိယ္စားၿပဳပါတယ္။ ဒီအုိင္ဒီယာကုိ အာဒမ္၊ ဧ၀ အစျပဳရာ ၿဖစ္တဲ့ သမၼာက်မ္းစာထဲက ရရွိခဲ့တာပဲၿဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ ဒီဇုိင္းပုံမလုိခ်င္ဘူးလုိ႔ေျပာတဲ့အတြက္ ေၾကာင့္ ဒီဇုိင္းဆရာက ဒီဇုိင္း ၃ခုဆြဲေပးခဲ့ပါတယ္။ ပထမတစ္ခုက newton ရယ္သစ္ပင္ရယ္ banner ရယ္ ၊ ေနာက္တစ္ခုက မကိုက္ရေသးတဲ့ ပန္းသီး ၊ ေနာက္ဆုံးတစ္ခုက ကုိက္ရာပါတဲ့ပန္းသီး..။ ေဂ်ာ့ဘ္က ေနာက္ဆုံးတစ္ခုကိုေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

Mercedes-Benz

မာစီးဒီးရဲ႕ လုိဂုိကေတာ့ သုံးေၿမွာင့္ႀကယ္ပဲၿဖစ္ပါတယ္။ ဒီသုံးေၿမွာင့္ႀကယ္ရဲ႕ အစြန္းသုံးခုဟာေၿမႀကီး၊ ပင္လယ္နဲ႔ ေလ ကိုကုိယ္စားၿပဳပါတယ္။သေဘာကေတာ့ သူတုိ႔ကုမၸဏီရဲ႕တံဆိပ္ဟာ ေနရာတုိင္းမွာ စုိးမုိးမယ္လုိ႔ ဆုိတာပဲၿဖစ္ပါတယ္။

Google

Google ဆုိတာ မူလနာမည္ Google ကုိစာလုံးမွားေပါင္းရာကေန ၿဖစ္ေပၚလာတဲ့နာမည္ပါ။Googol ဆုိတာက “၁”ေနာက္က ‘၀’ ေပါင္း ‘၁၀၀’ရွိတယ္ဆုိတဲ့အဓိပၸါယ္ပါ။ Google ရဲ႕လုိဂုိကုိသတိထား ႀကည့္မိမယ္ဆုိရင္ ၀ါ၊ စိမ္း၊ နီ၊ ၿပာ ဆုိတဲ့အေရာင္ေလးေရာင္ပါ၀င္ေနတာကုိေတြ႔ရပါလိမ့္မယ္။ ဒီလုိ ရုိးရွင္းတဲ့စာလုံးနဲ႔ ရုိးရွင္းတဲ့အေရာင္ေတြကုိ သုံးရၿခင္းကေတာ့ သူတုိ႔ကုမၸဏီဟာ အၿခားကုမၸဏီေတြလုိ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ရႈပ္ေထြးမေနဘူးဆုိတဲ့သေဘာပါ။

Adidas

Adidas ရဲ႕ နာမည္ကိုေတာ့ စတင္တည္ေထာင္သူ Adolf (Adi) Dassler ရဲ႕ nick name adi နဲ႔ Sir name das ေပါင္းၿပီးျဖစ္ေပၚ လာတာပါ။ Adidas ရဲ႕လုိဂုိ ဟာ ႀကည့္လုိက္ရင္ ေတာင္တစ္လုံးနဲ႔ တူေနပါတယ္။ဒီေတာင္ဟာ ေအာင္ၿမင္ဖုိ႔အတြက္ လုိအပ္တဲ့ အတားအဆီးေတြကို ကုိယ္စားၿပဳထားပါတယ္။ အစပထမတုန္းကadidasရဲ႕လုိဂုိအေဟာင္းက မ်ဥ္းေႀကာင္း ၃ ေႀကာင္းကုိေဒါင္လုိက္ေထာင္ထားတာၿဖစ္တဲ့အတြက္ အဲ့ဒီမ်ဥ္းေႀကာင္းေတြကုိ ေစာင္းလုိက္ၿခင္း အားၿဖင့္အခုလုိဂုိကို ဖန္တီးလုိက္တာပဲ ၿဖစ္ပါတယ္။

NBC

နာမည္ႀကီး ရုပ္သံတစ္ခုၿဖစ္တဲ့ NBC ရဲ႕လုိဂုိကေတာ့ ေရာင္စုံေဒါင္းပုံစံၿဖစ္ပါတယ္။ ေဒါင္းက ေရာင္စုံၿဖစ္ေနရၿခင္း အေႀကာင္းကေတာ့ ၁၉၅၀ေလာက္တုန္းက NBC ရဲ႕ပုိင္ရွင္က RCA(Radio Corporation of America) ၿဖစ္ပါတယ္။ဒီအခ်ိန္တုန္းက RCA ဟာ တီဗီေတြကုိ အၿဖဴအမည္းကေနေရာင္စုံရုပ္သံ အၿဖစ္ဖန္တီးႏုိင္ခဲ့တဲ့အတြက္ေႀကာင့္ NBC လုိဂုိဟာ ေရာင္စုံၿဖစ္လာရပါတယ္။

Audi

ဒီနာမည္ႀကီး ဂ်ာမန္ကားကုမၸဏီ ရဲ႕လုိဂုိကေတာ့ ကြင္းေလးခု ဆက္ထားတဲ့ပုံပါ။ဒီကြင္းေလးခုဟာ ၁၉၃၂ခုႏွစ္မွာ တည္ေထာင္ခဲ့တဲ့ Auto-Union အဖြဲ႕ကုိဖြဲ႕စည္းတုန္းက ပါ၀င္ခဲ့တဲ့DKW၊Horch၊Wanderer နဲ႔ Audi စတဲ့ ကုမၸဏီေလးခုကုိ ကုိယ္စားၿပဳပါတယ္။

IBM

IBM ရဲ႕ အရွည္ေကာက္က International Business Machine ပါ။ IBM ရဲ႕လုိဂုိကေတာ့ IBM စာလုံးေပၚမွာ မ်ဥ္းၿဖဴေတြကုိ ၿဖတ္ထားတဲ့ပုံပါ။ ေသခ်ာႀကည့္လုိက္္မယ္ ဆုိရင္ေတာ့ ညီမွ်ၿခင္း symbol ကုိေတြ႔ရမွာပါ။ဒါဟာ မွ်တၿခင္း ဆုိတဲ့အဓိပၸါယ္ကို ရည္ရြယ္ပါတယ္။

SONY

ကမာၻေက်ာ္ ဂ်ပန္ကုမၸဏီႀကီး SONY ရဲ႕ လုိဂုိကေတာ့ လက္တင္ဘာသာစကား Sonus ကလာတာလို႔ ဆိုပါတယ္။ Sonus အဓိပၸါယ္ ကေတာ့ အသံ ပါ။ ၿပီးေတာ့ ေတာက္ပျခင္း(Sunny) နဲ႔ စူးရွထက္ျမက္ျခင္း(Sonny) တုိ႔ကုိလည္း ကုိယ္စားျပဳပါသတဲ့။

Volkswagen

Volkswagen ရဲ႕လုိဂုိကေတာ့ W ေပၚမွာ V ကုိ ထပ္ထားတဲ့ပုံပါ။လုိဂုိက ရုိးရွင္းသလုိ အဓိပၸါယ္ကလည္း ရုိးရွင္းလွပါတယ္။V ဆုိတာ Volks ၿဖစ္ၿပီး W က Wagen ပဲၿဖစ္ပါတယ္။ Volkswagen ရဲ႕အဓိပၸါယ္က လူထုရဲ႕ကား(people’s car) ျဖစ္ပါတယ္။

Hyundai

ေတာင္ကုိရီီးယားက နာမည္ႀကီး ကားကုမၸဏီႀကီး Hyundai ရဲ႕ လုိဂုိဟာ နာမည္ရဲ႕အတုိေကာက္ H ကုိ ေရးထားတယ္လုိ႔ လူအမ်ားစု ယူဆၾကပါလိမ့္မယ္။ တကယ္ေတာ့ H မဟုတ္ပဲ လူႏွစ္ေယာက္ (client နဲ႔ ကုမၸဏီ) လက္ဆြဲႏႈတ္ဆက္ေနတဲ့ သ႑ာန္ကုိ ရည္ညႊန္းထားတာပါ။

Nokia

Nokia ကေတာ့ ဖင္လန္ႏုိင္ငံ Nokianvirta ျမစ္ကမ္းေပၚက ၿမဳိ႕ေလးတစ္ၿမဳိ႕ျဖစ္ပါတယ္။ Nokia ကုမၸဏီကို တည္ေထာင္သူဟာ telecom ကုမၸဏီကို မထူေထာင္ခင္က အဲဒီၿမဳိ႕ေလးမွာ သစ္စက္ နဲ႔ ရာဘာ လုပ္ငန္းေတြကို လုပ္ခဲ့ဖူးပါတယ္။ ဒါေၾကာင့္ ၿမဳိ႕ရဲ႕နာမည္ကိုပဲ အမွတ္တံဆိပ္အျဖစ္ ျပန္ေပးထားတာပဲ ျဖစ္ပါတယ္။

Amazon


amazon လုိဂုိရဲ႕ ထူးၿခားခ်က္ကေတာ့ အၿပဳံးပုံၿဖစ္ေနတဲ့ ၿမွားေကြးေလးပါပဲ။ ဒီၿမွားေလးဟာ A ကေန Z ကုိ ဦးတည္ထားတာေတြ႔ပါလိမ့္မယ္။ A ကေန Z အထိရွိသမွ် ပစၥည္းတုိင္းကုိ amazon မွာရရွိႏုိင္တယ္ဆုိတဲ့ အဓိပၸါယ္ပဲၿဖစ္ပါတယ္။

————–

ကမ္ဘာကျော် အမှတ်တံဆိပ်တွေရဲ့နောက်ကွယ်က အဓိပ္ပါယ်များ (unicode)

Toyota

Toyota လိုဂိုရဲ့ ဘဲဥပုံစက်ဝိုင်း ၃ခုဟာ customerတွေရဲ့နှလုံးသား၊ထုတ်ကုန်တွေရဲ့နှလုံးသားနဲ့ နည်းပညာတွေရဲ့နှလုံးသား ဆိုတဲ့ နှလုံးသား၃ခုကို ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ Toyota အမှတ်တံဆိပ်ဟာ သူ့စာလုံးကို ဖော်ညွှန်းနိုင်စွမ်းရှိပါတယ်။

BMW

BMW ရဲ့ လိုဂိုဖြစ်တဲ့ အပြာရောင်နဲ့အဖြူရောင်ဟာ လေယာဉ်ပန်ကာ ကိုပုံဖော်ထားတာဖြစ်ပါတယ်။BMW ဟာ ကားကုမ္ပဏီဖြစ်ပေမယ့် လိုဂိုက လေယာဉ်ပန်ကာ ဖြစ်နေရခြင်းအကြောင်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းက BMW ဟာ ဂျာမန်အစိုးရအတွက် လေယာဉ်အင်ဂျင်တွေကို ထုတ်လုပ်ပေးခဲ့တဲ့ ကုမ္ပဏီဖြစ်ခဲ့လို့ပါပဲ။

Apple
နာမည်ကြီး Apple လိုဂိုကတော့ အကိုက်ခံထားရတဲ့ သစ်သီးတစ်လုံးကို ကိုယ်စားပြုပါတယ်။ ဒီအိုင်ဒီယာကို အာဒမ်၊ ဧဝပုံပြင် ဖြစ်တဲ့ သမ္မာကျမ်းစာထဲက ရရှိခဲ့တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဒီဇိုင်းပုံမလိုချင်ဘူးလို့ပြောတဲ့အတွက် ကြောင့် ဒီဇိုင်းဆရာက ဒီဇိုင်း ၃ခုဆွဲပေးခဲ့ပါတယ်။ ပထမတစ်ခုက newton ရယ်သစ်ပင်ရယ် banner ရယ် ၊ နောက်တစ်ခုက မကိုက်ရသေးတဲ့ ပန်းသီး ၊ နောက်ဆုံးတစ်ခုက ကိုက်ရာပါတဲ့ပန်းသီး..။ ဂျော့ဘ်က နောက်ဆုံးတစ်ခုကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Mercedes-Benz

မာစီးဒီးရဲ့ လိုဂိုကတော့ သုံးမြှောင့်ကြယ်ပဲဖြစ်ပါတယ်။ဒီသုံးမြှောင့်ကြယ်ရဲ့ အစွန်းသုံးခုဟာမြေကြီး၊ ပင်လယ်နဲ့ လေ ကိုကိုယ်စားပြုပါတယ်။သဘောကတော့ သူတို့ကုမ္ပဏီရဲ့တံဆိပ်ဟာ နေရာတိုင်းမှာ စိုးမိုးမယ်လို့ ဆိုတာပဲဖြစ်ပါတယ်။

Google

Google ဆိုတာ မူလနာမည် Google ကိုစာလုံးမှားပေါင်းရာကနေ ဖြစ်ပေါ်လာတဲ့နာမည်ပါ။Googol ဆိုတာက “၁”နောက်က ‘၀’ ပေါင်း ‘၁၀၀’ရှိတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ Google ရဲ့လိုဂိုကိုသတိထား ကြည့်မိမယ်ဆိုရင် ဝါ၊ စိမ်း၊ နီ၊ ပြာ ဆိုတဲ့အရောင်လေးရောင်ပါဝင်နေတာကိုတွေ့ရပါလိမ့်မယ်။ ဒီလို ရိုးရှင်းတဲ့စာလုံးနဲ့ ရိုးရှင်းတဲ့အရောင်တွေကို သုံးရခြင်းကတော့ သူတို့ကုမ္ပဏီဟာ အခြားကုမ္ပဏီတွေလို စည်းမျဉ်းစည်းကမ်းတွေနဲ့ ရှုပ်ထွေးမနေဘူးဆိုတဲ့သဘောပါ။

Adidas

Adidas ရဲ့ နာမည်ကိုတော့ စတင်တည်ထောင်သူ Adolf (Adi) Dassler ရဲ့ nick name adi နဲ့ Sir name das ပေါင်းပြီးဖြစ်ပေါ် လာတာပါ။ Adidas ရဲ့လိုဂို ဟာ ကြည့်လိုက်ရင် တောင်တစ်လုံးနဲ့ တူနေပါတယ်။ဒီတောင်ဟာ အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အတားအဆီးတွေကို ကိုယ်စားပြုထားပါတယ်။အစပထမတုန်းကadidasရဲ့လိုဂိုအဟောင်းက မျဉ်းကြောင်း ၃ ကြောင်းကိုဒေါင်လိုက်ထောင်ထားတာဖြစ်တဲ့အတွက် အဲ့ဒီမျဉ်းကြောင်းတွေကို စောင်းလိုက်ခြင်း အားဖြင့်အခုလိုဂိုကို ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။

NBC

နာမည်ကြီး ရုပ်သံတစ်ခုဖြစ်တဲ့ NBC ရဲ့လိုဂိုကတော့ ရောင်စုံဒေါင်းပုံစံဖြစ်ပါတယ်။ ဒေါင်းက ရောင်စုံဖြစ်နေရခြင်း အကြောင်းကတော့ ၁၉၅၀လောက်တုန်းက NBC ရဲ့ပိုင်ရှင်က RCA(Radio Corporation of America) ဖြစ်ပါတယ်။ဒီအချိန်တုန်းက RCA ဟာ တီဗီတွေကို အဖြူအမည်းကနေရောင်စုံရုပ်သံ အဖြစ်ဖန်တီးနိုင်ခဲ့တဲ့အတွက်ကြောင့် NBC လိုဂိုဟာ ရောင်စုံဖြစ်လာရပါတယ်။

Audi

ဒီနာမည်ကြီး ဂျာမန်ကားကုမ္ပဏီ ရဲ့လိုဂိုကတော့ ကွင်းလေးခု ဆက်ထားတဲ့ပုံပါ။ဒီကွင်းလေးခုဟာ ၁၉၃၂ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Auto-Union အဖွဲ့ကိုဖွဲ့စည်းတုန်းက ပါဝင်ခဲ့တဲ့DKW၊Horch၊Wanderer နဲ့ Audi စတဲ့ ကုမ္ပဏီလေးခုကို ကိုယ်စားပြုပါတယ်။

IBM

IBM ရဲ့ အရှည်ကောက်က International Business Machine ပါ။ IBM ရဲ့လိုဂိုကတော့ IBM စာလုံးပေါ်မှာ မျဉ်းဖြူတွေကို ဖြတ်ထားတဲ့ပုံပါ။ သေချာကြည့်လိုက်မယ် ဆိုရင်တော့ ညီမျှခြင်း symbol ကိုတွေ့ရမှာပါ။ဒါဟာ မျှတခြင်း ဆိုတဲ့အဓိပ္ပါယ်ကို ရည်ရွယ်ပါတယ်။

SONY

ကမ္ဘာကျော် ဂျပန်ကုမ္ပဏီကြီး SONY ရဲ့ လိုဂိုကတော့ လက်တင်ဘာသာစကား Sonus ကလာတာလို့ ဆိုပါတယ်။ Sonus အဓိပ္ပါယ် ကတော့ အသံ ပါ။ ပြီးတော့ တောက်ပခြင်း(Sunny) နဲ့ စူးရှထက်မြက်ခြင်း(Sonny) တို့ကိုလည်း ကိုယ်စားပြုပါသတဲ့။

Volkswagen

Volkswagen ရဲ့လိုဂိုကတော့ W ပေါ်မှာ V ကို ထပ်ထားတဲ့ပုံပါ။လိုဂိုက ရိုးရှင်းသလို အဓိပ္ပါယ်ကလည်း ရိုးရှင်းလှပါတယ်။V ဆိုတာ Volks ဖြစ်ပြီး W က Wagen ပဲဖြစ်ပါတယ်။ Volkswagen ရဲ့အဓိပ္ပါယ်က လူထုရဲ့ကား(people’s car) ဖြစ်ပါတယ်။

Hyundai

တောင်ကိုရီးယားက နာမည်ကြီး ကားကုမ္ပဏီကြီး Hyundai ရဲ့ လိုဂိုဟာ နာမည်ရဲ့အတိုကောက် H ကို ရေးထားတယ်လို့ လူအများစု ယူဆကြပါလိမ့်မယ်။ တကယ်တော့ H မဟုတ်ပဲ လူနှစ်ယောက် (client နဲ့ ကုမ္ပဏီ) လက်ဆွဲနှုတ်ဆက်နေတဲ့ သဏ္ဍာန်ကို ရည်ညွှန်းထားတာပါ။

Nokia

Nokia ကတော့ ဖင်လန်နိုင်ငံ Nokianvirta မြစ်ကမ်းပေါ်က မြို့လေးတစ်မြို့ဖြစ်ပါတယ်။ Nokia ကုမ္ပဏီကို တည်ထောင်သူဟာ telecom ကုမ္ပဏီကို မထူထောင်ခင်က အဲဒီမြို့လေးမှာ သစ်စက် နဲ့ ရာဘာ လုပ်ငန်းတွေကို လုပ်ခဲ့ဖူးပါတယ်။ ဒါကြောင့် မြို့ရဲ့နာမည်ကိုပဲ အမှတ်တံဆိပ်အဖြစ် ပြန်ပေးထားတာပဲ ဖြစ်ပါတယ်။

Amazon

amazon လိုဂိုရဲ့ ထူးခြားချက်ကတော့ အပြုံးပုံဖြစ်နေတဲ့ မြှားကွေးလေးပါပဲ။ ဒီမြှားလေးဟာ A ကနေ Z ကို ဦးတည်ထားတာတွေ့ပါလိမ့်မယ်။ A ကနေ Z အထိရှိသမျှ ပစ္စည်းတိုင်းကို amazon မှာရရှိနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။

Leave a Reply