သတိထားသင့္တဲ့ ကြ်န္ေတာ္တုိ႔ ခႏၶာကုိယ္က ထြက္တဲ့အသံေတြအေၾကာင္း

Posted on

ေရးသားသူ – သမန္းက်ား(TMK)

ကၽြန္ေတာ္တို ့ရဲ ့ခႏၶာကိုယ္ကေန ထူးဆန္းတဲ့အသံေတြထြက္ပါတယ္။ ထြက္တဲ့အသံတိုင္းမွာ အေၾကာင္းရွိသလိုေရာဂါေ၀ဒနာတစ္ခုခုျဖစ္ေနတဲ့ လကၡဏာလည္း ျဖစ္တတ္ပါတယ္။ ဒီေတာ့ သိထားရင္ မမွားဘူးေပါ့။

နားထဲမွာ ၀ွစ္ခနဲအသံ ၾကားရတတ္ပါတယ္။ တစ္ေန ့တာပင္ပန္းႏြမ္းနယ္စြာနဲ ့ ညအိပ္ယာ၀င္ဖို ့ ေခါင္းအံုးေပၚ ေခါင္းခ်လိုက္တဲ့အခါ ၀ွီးခနဲ ၀ွစ္ခနဲ နားထဲမွာ အသံေတြ ထြက္ေနတတ္ပါတယ္။ အဲဒါ လည္ပင္းေသြးျပန္ေၾကာကေန ေမ့ေၾကာကို ေသြးစီးဆင္းတဲ့အသံပါ။ သင့္ေခါင္းအံုးက ျပင္ပအသံကိုမၾကားရေအာင္ အုပ္မိသြားတတ္ပါတယ္။ အဲဒီအခ်ိန္မွာ ဒီအသံထြက္ပါတယ္။ သင္ဟာ ေခါင္းကိုျပင္ျပီး ျပန္အိပ္တတ္ပါတယ္။ ေန ့လည္ပိုင္းမွာ ဒီအသံထြက္ေနရင္ေတာ့ မေကာင္းပါဘူး။ သင္ ဓါတ္မတည့္တာတစ္ခုခုျဖစ္ေနပါျပီ။

လည္ပင္းကို ဟိုလွည့္ဒီလွည့္လုပ္တဲ့အခါ တကၽြတ္ကၽြတ္နဲ ့ျမည္တတ္ပါတယ္။ လည္ပင္းရိုးကို အဆစ္ေတြအမ်ားၾကီးနဲ ့ဆက္ထားပါတယ္။ အဆစ္တစ္ခုစီမွာ အထဲမွာအရည္ပါတဲ့ခြက္ေလးရွိပါတယ္။ လည္ပင္းကိုေကြးလိုက္ရင္ အဲဒီခြက္ကေလးေတြ ဆန္ ့သြားပါတယ္။ ဆန္ ့သြားေတာ့ အထဲကအရည္ေတြအေပၚ ဖိအားေလ်ာ့သြားျပီး အရည္ေတြက ဂက္စ္ျဖစ္သြားပါတယ္။ သင္ၾကားရတဲ့ တကၽြတ္ကၽြတ္ျမည္သံက အရည္ခြက္ေတြၾကားကေန ဂက္စ္ ထြက္တဲ့အသံပါ။ အသံထြက္တာေလာက္က ျပႆနာမဟုတ္ေပမယ့္ နာလာရင္ေတာ့ ဆရာ၀န္ျပရပါလိမ့္မယ္။ အထူး သျဖင့္ လည္ပင္းခ်ိဳးလိုက္တုိင္း လက္ေမာင္းတစ္ဖက္က နာတယ္ဆိုရင္ အာရံုေၾကာလြဲတာျဖစ္တဲ့အတြက္ အျမန္ ကုရပါတယ္။

ဗိုက္ထဲမွာ တဂြီဂြီျမည္တိုင္း ဗိုက္ဆာတာမဟုတ္ပါဘူး။ အစာစားျပီးလည္း အစာေျခလမ္းေၾကာင္းထဲ ေလနဲ ့အရည္နဲ ့ ေရြ ့လ်ားတဲ့အခါ ဒီအသံမ်ိဳး ျမည္ပါတယ္။ အစာမစားခင္အဲဒီအသံျမည္ရင္ေတာ့ သင့္အစာေျခစနစ္က အစာအၾကြင္းအက်န္ေတြကို ေနရာေရႊ ့ေနတာ၊ တစ္နည္းအားျဖင့္ အမိႈက္ေတြရွင္းေနတာေပါ့။ တကယ္လို ့ အဲဒီလိုအသံမ်ိဳးထြက္တယ္၊ နာတယ္၊ မူးတယ္ ဆိုရင္ သင္ အူပိတ္တာမ်ိဳး ျဖစ္ေနနိုင္ပါတယ္။ ဆရာ၀န္နဲ ့ျပပါ။

ေယာဂလုပ္ေနတုန္း ခႏၶာကိုယ္ကိုလိမ္လိုက္ရင္ အသက္ရွဴတဲ့အခါ တ၀ွီး၀ွီးနဲ ့အသံထြက္တာလား။ စိုးရိမ္စရာမရွိပါဘူး။ သင္က ခႏၶာကိုယ္ကိုလိမ္လိုက္တဲ့အတြက္ အစာအိမ္ထဲကေလက အူလမ္းေၾကာင္းထဲကိုေရာက္လာပါတယ္။ အဆုပ္ထဲကေလကလည္း အျပင္ကိုထြက္ဖို ့လုပ္တဲ့အခါ ေလျပြန္က က်ဥ္းေနတတ္တာေပါ့။ အဲဒီအခါ ပူေဖာင္းထဲကေလထြက္တဲ့အခါ အသံထြက္တာလိုမ်ိဳး အသံထြက္တာပါ။ အသက္ရွဴမ၀မျဖစ္ဘူးဆိုရင္ ျပႆနာမရွိပါဘူး။

အမ်ိဳးသမီးမ်ား မိန္းမကိုယ္ကေန ေလလည္တဲ့အသံမ်ိဳး ထြက္တတ္ပါတယ္။ ထြက္ပါတယ္။ မရွက္ပါနဲ ့။ အဲဒါ မိန္းမကုိယ္ထဲပိတ္မိေနတဲ့ေလေတြထြက္တာပါ။ အဲဒီအသံမ်ိဳးက ကာမဆက္ဆံျပီးတဲ့အခ်ိန္မွာ၊ ကိုယ္လက္လွဳပ္ရွားမႈလုပ္ျပီးတဲ့အခါမ်ိဳးေတြမွာနဲ ့ မိန္းမကို္ယ္ကိုညွစ္မိတတ္တဲ့ လွဳပ္ရွားမႈေတြေၾကာင့္ အထြက္မ်ားပါတယ္။ အဲဒီအသံေတြထြက္လည္း က်န္းမာေရးပိုင္းမွာ စိုးရိမ္စရာမရွိပါဘူး။

အျမင့္က တစ္ခုခုကိုလွမ္းယူတဲ့အခါ ပုခံုးထဲက ဂၽြတ္ခနဲျမည္တတ္တယ္ဆိုရင္ သင့္ပုခံုးဆစ္ရိုး ေရာင္ေနပါတယ္။ ဒါမွမဟုတ္ ေခါင္းကိုေက်ာ္ျပီး လက္ကိုေျမွာက္တဲ့လွဳပ္ရွားမႈေတြမ်ားလို ့ျဖစ္ပါတယ္။ ဒီအသံနဲ ့အတူ ပုခံုးနာတတ္ပါတယ္။ သိပ္ဆိုးလာရင္ အရိုးအေၾကာဆရာ၀န္နဲ ့ျပပါ။

နားအူတတ္တာကေတာ့ စိတ္အေနွာက္အယွက္အျဖစ္ဆံုးေပါ့။ ဘက္တီးရီးယားပိုးကူးစက္ခံရလို ့လည္းျဖစ္နုိင္သလို အသံဆူတဲ့ေနရာေတြမွာေနလို ့လည္းျဖစ္နုိင္ျပီး အသက္ၾကီးလာလို ့လည္း ပါပါတယ္။ ဒီအသံမ်ိဳးက ခဏေလးထြက္ျပီး သူ ့အလိုလိုေပ်ာက္သြားတတ္ပါတယ္။ မေပ်ာက္ရင္လည္း ၂ ရက္ေလာက္ၾကာပါတယ္။ အလြန္စိတ္အေႏွာက္အယွက္ျဖစ္တာအမွန္ပါပဲ။ နာလည္းနာလာျပီဆိုရင္ေတာ့ နား၊နွာေခါင္း၊လည္ေခ်ာင္း ဆရာ၀န္နဲ ့ျပပါ။

က်ိဳ ့ထိုးတာေတာ့ လူတိုင္းၾကံဳဖူးမွာပါ။ စားတာျမန္သြားလို ့ျဖစ္ေစ၊ အရက္မ်ားသြားလို ့ျဖစ္ေစ၊ တခ်ိဳ ့ေသာေဆး ေတြေၾကာင့္ျဖစ္ေစ က်ိဳ ့ထိုးတတ္ပါတယ္။ ခဏတျဖဳတ္က်ိဳ ့ထိုးတာ ေဘးမျဖစ္ေစေပမယ့္ ၄၈ နာရီေက်ာ္သြားရင္ေတာ့ က်န္းမာေရးဆိုင္ရာဆိုးရြားတဲ့လကၡဏာျဖစ္သြားပါျပီ။ ဆရာ၀န္နဲ ့ျပပါ။

အသက္ရွဴလိုက္တိုင္း ေလခၽြန္သံထြက္ေနရင္လည္း သင္ေတာ္ေတာ္စိတ္အေနွာက္အယွက္ျဖစ္မွာပါပဲ။ အဲဒါ ေလလမ္းေၾကာင္း တစ္ပိုင္းတစ္စ ပိတ္ေနလို ့ပါ။ နွာေခါင္းထဲ ခၽြဲပိတ္ေနတဲ့သေဘာေပါ့။ တခ်ိဳ ့လည္း နွာေခါင္းဒဏ္ရာရျပီးတဲ့ေနာက္ပိုင္း အဲဒီအသံမ်ိဳး ေတာက္ေလွ်ာက္ထြက္ေနတတ္ပါတယ္။ ဆိုးလာရင္ ဆရာ၀န္နဲ ့ျပပါ။

ေခ်ာင္းမဆိုးဘဲ ရင္ဘတ္ထဲက တရွဴးရွဴးျမည္ေနရင္ ကိုယ့္အသံနဲ ့ကိုယ္ ညအိပ္လို ့မရပါဘူး။ ရင္ၾကပ္တာျဖစ္နုိင္သလို ကိုယ္လက္လွဳပ္ရွားမႈလြန္ကဲျပီး ခဏတျဖဳတ္ရင္ၾကပ္သြားတာလည္း ျဖစ္နုိင္ပါတယ္။ ေခ်ာင္းဆိုးတာ ၄ ပတ္ထက္ၾကာသြားရင္ျဖစ္ေစ၊ ညအိပ္လို ့ကိုမရရင္ျဖစ္ေစ၊ သင္ဟာ ရပ္ၾကပ္ေနတယ္ ဒါမွမဟုတ္ အစာအိမ္ထဲမွာ အက္ဆစ္ဓါတ္ မ်ားေနပါတယ္။ ဆရာ၀န္နဲ ့ျပရပါမယ္ လို ့ေလ့လာေရးသားတင္ျပလိုက္ရပါတယ္။

သမန္းက်ား(TMK)
ရတနာပုံေန႔စဥ္

—————–

သတိထားသင့်တဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်က ထွက်တဲ့အသံတွေအကြောင်း

ရေးသားသူ – သမန်းကျား(TMK)

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကနေ ထူးဆန်းတဲ့အသံတွေထွက်ပါတယ်။ ထွက်တဲ့အသံတိုင်းမှာ အကြောင်းရှိသလိုရောဂါဝေဒနာတစ်ခုခုဖြစ်နေတဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ်။ ဒီတော့ သိထားရင် မမှားဘူးပေါ့။

နားထဲမှာ ဝှစ်ခနဲအသံ ကြားရတတ်ပါတယ်။ တစ်နေ့တာပင်ပန်းနွမ်းနယ်စွာနဲ့ ညအိပ်ယာဝင်ဖို့ ခေါင်းအုံးပေါ် ခေါင်းချလိုက်တဲ့အခါ ဝှီးခနဲ ဝှစ်ခနဲ နားထဲမှာ အသံတွေ ထွက်နေတတ်ပါတယ်။ အဲဒါ လည်ပင်းသွေးပြန်ကြောကနေ မေ့ကြောကို သွေးစီးဆင်းတဲ့အသံပါ။ သင့်ခေါင်းအုံးက ပြင်ပအသံကိုမကြားရအောင် အုပ်မိသွားတတ်ပါတယ်။ အဲဒီအချိန်မှာ ဒီအသံထွက်ပါတယ်။ သင်ဟာ ခေါင်းကိုပြင်ပြီး ပြန်အိပ်တတ်ပါတယ်။ နေ့လည်ပိုင်းမှာ ဒီအသံထွက်နေရင်တော့ မကောင်းပါဘူး။ သင် ဓါတ်မတည့်တာတစ်ခုခုဖြစ်နေပါပြီ။

လည်ပင်းကို ဟိုလှည့်ဒီလှည့်လုပ်တဲ့အခါ တကျွတ်ကျွတ်နဲ့မြည်တတ်ပါတယ်။ လည်ပင်းရိုးကို အဆစ်တွေအများကြီးနဲ့ဆက်ထားပါတယ်။ အဆစ်တစ်ခုစီမှာ အထဲမှာအရည်ပါတဲ့ခွက်လေးရှိပါတယ်။ လည်ပင်းကိုကွေးလိုက်ရင် အဲဒီခွက်ကလေးတွေ ဆန့်သွားပါတယ်။ ဆန့်သွားတော့ အထဲကအရည်တွေအပေါ် ဖိအားလျော့သွားပြီး အရည်တွေက ဂက်စ်ဖြစ်သွားပါတယ်။ သင်ကြားရတဲ့ တကျွတ်ကျွတ်မြည်သံက အရည်ခွက်တွေကြားကနေ ဂက်စ် ထွက်တဲ့အသံပါ။ အသံထွက်တာလောက်က ပြဿနာမဟုတ်ပေမယ့် နာလာရင်တော့ ဆရာဝန်ပြရပါလိမ့်မယ်။ အထူး သဖြင့် လည်ပင်းချိုးလိုက်တိုင်း လက်မောင်းတစ်ဖက်က နာတယ်ဆိုရင် အာရုံကြောလွဲတာဖြစ်တဲ့အတွက် အမြန် ကုရပါတယ်။

ဗိုက်ထဲမှာ တဂွီဂွီမြည်တိုင်း ဗိုက်ဆာတာမဟုတ်ပါဘူး။ အစာစားပြီးလည်း အစာခြေလမ်းကြောင်းထဲ လေနဲ့အရည်နဲ့ ရွေ့လျားတဲ့အခါ ဒီအသံမျိုး မြည်ပါတယ်။ အစာမစားခင်အဲဒီအသံမြည်ရင်တော့ သင့်အစာခြေစနစ်က အစာအကြွင်းအကျန်တွေကို နေရာရွှေ့နေတာ၊ တစ်နည်းအားဖြင့် အမှိုက်တွေရှင်းနေတာပေါ့။ တကယ်လို့ အဲဒီလိုအသံမျိုးထွက်တယ်၊ နာတယ်၊ မူးတယ် ဆိုရင် သင် အူပိတ်တာမျိုး ဖြစ်နေနိုင်ပါတယ်။ ဆရာဝန်နဲ့ပြပါ။

ယောဂလုပ်နေတုန်း ခန္ဓာကိုယ်ကိုလိမ်လိုက်ရင် အသက်ရှူတဲ့အခါ တဝှီးဝှီးနဲ့အသံထွက်တာလား။ စိုးရိမ်စရာမရှိပါဘူး။ သင်က ခန္ဓာကိုယ်ကိုလိမ်လိုက်တဲ့အတွက် အစာအိမ်ထဲကလေက အူလမ်းကြောင်းထဲကိုရောက်လာပါတယ်။ အဆုပ်ထဲကလေကလည်း အပြင်ကိုထွက်ဖို့လုပ်တဲ့အခါ လေပြွန်က ကျဉ်းနေတတ်တာပေါ့။ အဲဒီအခါ ပူဖောင်းထဲကလေထွက်တဲ့အခါ အသံထွက်တာလိုမျိုး အသံထွက်တာပါ။ အသက်ရှူမဝမဖြစ်ဘူးဆိုရင် ပြဿနာမရှိပါဘူး။

အမျိုးသမီးများ မိန်းမကိုယ်ကနေ လေလည်တဲ့အသံမျိုး ထွက်တတ်ပါတယ်။ ထွက်ပါတယ်။ မရှက်ပါနဲ့။ အဲဒါ မိန်းမကိုယ်ထဲပိတ်မိနေတဲ့လေတွေထွက်တာပါ။ အဲဒီအသံမျိုးက ကာမဆက်ဆံပြီးတဲ့အချိန်မှာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီးတဲ့အခါမျိုးတွေမှာနဲ့ မိန်းမက်ိုယ်ကိုညှစ်မိတတ်တဲ့ လှုပ်ရှားမှုတွေကြောင့် အထွက်များပါတယ်။ အဲဒီအသံတွေထွက်လည်း ကျန်းမာရေးပိုင်းမှာ စိုးရိမ်စရာမရှိပါဘူး။ အမြင့်က တစ်ခုခုကိုလှမ်းယူတဲ့အခါ ပုခုံးထဲက ဂျွတ်ခနဲမြည်တတ်တယ်ဆိုရင် သင့်ပုခုံးဆစ်ရိုး ရောင်နေပါတယ်။

ဒါမှမဟုတ် ခေါင်းကိုကျော်ပြီး လက်ကိုမြှောက်တဲ့လှုပ်ရှားမှုတွေများလို့ဖြစ်ပါတယ်။ ဒီအသံနဲ့အတူ ပုခုံးနာတတ်ပါတယ်။ သိပ်ဆိုးလာရင် အရိုးအကြောဆရာဝန်နဲ့ပြပါ။ နားအူတတ်တာကတော့ စိတ်အနှောက်အယှက်အဖြစ်ဆုံးပေါ့။ ဘက်တီးရီးယားပိုးကူးစက်ခံရလို့လည်းဖြစ်နိုင်သလို အသံဆူတဲ့နေရာတွေမှာနေလို့လည်းဖြစ်နိုင်ပြီး အသက်ကြီးလာလို့လည်း ပါပါတယ်။ ဒီအသံမျိုးက ခဏလေးထွက်ပြီး သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ မပျောက်ရင်လည်း ၂ ရက်လောက်ကြာပါတယ်။ အလွန်စိတ်အနှောက်အယှက်ဖြစ်တာအမှန်ပါပဲ။ နာလည်းနာလာပြီဆိုရင်တော့ နား၊နှာခေါင်း၊လည်ချောင်း ဆရာဝန်နဲ့ပြပါ။

ကျို့ထိုးတာတော့ လူတိုင်းကြုံဖူးမှာပါ။ စားတာမြန်သွားလို့ဖြစ်စေ၊ အရက်များသွားလို့ဖြစ်စေ၊ တချို့သောဆေး တွေကြောင့်ဖြစ်စေ ကျို့ထိုးတတ်ပါတယ်။ ခဏတဖြုတ်ကျို့ထိုးတာ ဘေးမဖြစ်စေပေမယ့် ၄၈ နာရီကျော်သွားရင်တော့ ကျန်းမာရေးဆိုင်ရာဆိုးရွားတဲ့လက္ခဏာဖြစ်သွားပါပြီ။ ဆရာဝန်နဲ့ပြပါ။

အသက်ရှူလိုက်တိုင်း လေချွန်သံထွက်နေရင်လည်း သင်တော်တော်စိတ်အနှောက်အယှက်ဖြစ်မှာပါပဲ။ အဲဒါ လေလမ်းကြောင်း တစ်ပိုင်းတစ်စ ပိတ်နေလို့ပါ။ နှာခေါင်းထဲ ချွဲပိတ်နေတဲ့သဘောပေါ့။ တချို့လည်း နှာခေါင်းဒဏ်ရာရပြီးတဲ့နောက်ပိုင်း အဲဒီအသံမျိုး တောက်လျှောက်ထွက်နေတတ်ပါတယ်။ ဆိုးလာရင် ဆရာဝန်နဲ့ပြပါ။

ချောင်းမဆိုးဘဲ ရင်ဘတ်ထဲက တရှူးရှူးမြည်နေရင် ကိုယ့်အသံနဲ့ကိုယ် ညအိပ်လို့မရပါဘူး။ ရင်ကြပ်တာဖြစ်နိုင်သလို ကိုယ်လက်လှုပ်ရှားမှုလွန်ကဲပြီး ခဏတဖြုတ်ရင်ကြပ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတာ ၄ ပတ်ထက်ကြာသွားရင်ဖြစ်စေ၊ ညအိပ်လို့ကိုမရရင်ဖြစ်စေ၊ သင်ဟာ ရပ်ကြပ်နေတယ် ဒါမှမဟုတ် အစာအိမ်ထဲမှာ အက်ဆစ်ဓါတ် များနေပါတယ်။ ဆရာဝန်နဲ့ပြရပါမယ် လို့လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

သမန်းကျား(TMK)
ရတနာပုံနေ့စဉ်

Leave a Reply