လမ္းေဘးမွာ ကုန္စိမ္းေရာင္းၿပီး ဆင္းရဲသားေတြအတြက္ ေဆးရုံေဆာက္ေပးခဲ့သူ

Posted on

လမ္းေဘးမွာ ဟင္းသီးဟင္းရြက္ေရာင္းတဲ့ ကုန္စိမ္းသည္ တစ္ေယာက္က ေဆးရုံႀကီးတစ္ရုံေဆာက္ေပးႏုိင္ခဲ့တယ္ ဆုိရင္ ယုံၾကမလား မသိဘူး။ မယုံႏုိင္စရာေကာင္းေပမယ့္ သူ႔ရဲ႕အိပ္မက္ကုိ လက္ေတြ႔အေကာင္အထည္ေဖာ္ႏုိင္ခဲ့တဲ့ အမ်ဳိးသမီးႀကီးတစ္ဦး အိႏၵိယမွာ ရွိေနပါတယ္။

သူမနာမည္က ဆပ္ဘ္ဟာစီနီမစ္စ္ထရီ(subhashini mistry) ျဖစ္ၿပီး အိႏၵိယႏုိင္ငံ ကာလကတၱားၿမဳိ႕ Hanspukur ဆုိတဲ့ရြာမွာေနထုိင္သူပါ။ သူမေၾကာင့္ ဒီရြာဟာ နာမည္ႀကီးခဲ့ပါတယ္။

သူမကို ဆင္းရဲတဲ့မိသားစု တစ္စုမွာ ေမြးဖြားခဲ့ၿပီး အသက္ ၁၂ႏွစ္မွာေတာ့ Sadhan Chandra Mistry ဆုိတဲ့ အမ်ဳိးသားတစ္ေယာက္နဲ႔ အိမ္ေထာင္ခ်ေပးခဲ့ပါတယ္။ သူမရဲ႕ခင္ပြန္းက ကုန္စိမ္းသည္ျဖစ္ၿပီး သူမတုိ႔ႏွစ္ဦးဟာ ဆင္းရဲတဲ့ဘ၀ကို အတူရုန္းကန္ခဲ့ၾကပါတယ္။ သူမခင္ပြန္းဟာ အသက္ ၃၅ႏွစ္မွာပဲ ငယ္ငယ္ရြယ္ရြယ္နဲ႔ ေသဆုံးသြားခဲ့ပါတယ္။ ေရာဂါႀကီးႀကီးမားမားေၾကာင့္မဟုတ္ပဲ ေဆးရုံတက္ကုရင္ ရႏုိင္ပါလ်က္နဲ႔ ေငြေၾကးမတတ္ႏုိင္လုိ႔ ဆုံးပါးသြားခဲ့ရတာျဖစ္ပါတယ္။

ခင္ပြန္းျဖစ္သူဆုံးသြားတဲ့အခ်ိန္မွာ ဆပ္ဘ္ဟာစီနီ က အသက္ ၂၃ႏွစ္ပဲ ရွိပါေသးတယ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔ မုဆုိးမျဖစ္သြားၿပီး က်န္ရစ္ခဲ့တဲ့ ကေလး ၄ေယာက္ရဲ႕ တာ၀န္ဟာ သူမတစ္ေယာက္တည္းအေပၚကုိ လုံးလုံးလ်ားလ်ား က်ေရာက္ခဲ့ပါတယ္။ သားအႀကီးဆုံးက အသက္ ၈ႏွစ္ျဖစ္ၿပီး အငယ္ဆုံးက ၄ႏွစ္ျဖစ္ပါတယ္။ ပုိက္ဆံမရွိလုိ႔ ေသဆုံးခဲ့ရတဲ့ ခင္ပြန္းအတြက္ သူမစိတ္အနာႀကီးနာခဲ့ပါတယ္။ ေနာက္ဆုံးေတာ့ သူမဆုံးျဖတ္ခ်က္ႀကီး တစ္ခု ခ်လုိက္ပါတယ္။ အဲဒါကေတာ့ ပုိက္ဆံမရွိတဲ့သူေတြ ေဆးမကုႏုိင္လုိ႔ မေသေစရဘူး ၊ ဆင္းရဲတဲ့သူေတြအတြက္ အခမဲ့ကုေပးမယ့္ ေဆးရုံႀကီးတစ္ရုံ ေဆာက္ေပးႏုိင္ေအာင္ ႀကဳိးစားမယ္ ဆုိတဲ့ ဆုံးျဖတ္ခ်က္ပါ။

အဲဒီဆုံးျဖတ္ခ်က္ကို မိတ္ေဆြေတြကို ေျပာျပတဲ့အခါ ပညာလည္းမတတ္ ဆင္းရဲလြန္းတဲ့ အမ်ဳိးသမီးတစ္ေယာက္ ေဆးရုံတစ္ရုံေဆာက္ဖုိ႔ဆုိတာ ဘယ္လုိလုပ္ျဖစ္ႏုိင္မဲ ဆုိၿပီး အားလုံးရဲ႕ေလွာင္ေျပာင္ရယ္ေမာျခင္းကို ခံရပါတယ္။

အဲဒီဆုံးျဖတ္ခ်က္ ခ်ၿပီးတဲ့အခ်ိန္က စလုိ႔ သူမဟာ မနားမေန အလုပ္လုပ္ပါေတာ့တယ္။ ပညာမတတ္ အရင္းအႏွီးမရွိတာေၾကာင့္ အျခားသူေတြရဲ႕အိမ္မွာ အိမ္ေဖာ္အလုပ္ ၊ လမ္းေဘးေစ်းေရာင္းတဲ့အလုပ္ေတြကို လုပ္ခဲ့ပါတယ္။ ၀င္ေငြအလြန္နည္းလြန္းေပမယ့္ တတ္ႏုိင္သမွ်ေခြ်တာရင္း သူမ အိပ္မက္အတြက္ နည္းနည္းခ်င္းစီ စုေဆာင္းခဲ့ပါတယ္။ နည္းနည္းေလးစုေဆာင္းမိလာေတာ့ စုထားတဲ့ေငြေလးနဲ႔ ဟင္းသီးဟင္းရြက္ ကုန္စိမ္းဆုိင္ေလးဖြင့္ႏုိင္ခဲ့ပါတယ္။ အျမတ္နည္းနည္းပုိရလာတာေၾကာင့္ ေငြပိုစုႏုိင္ခဲ့ပါတယ္။

၀င္ေငြပိုလာခဲ့ေပမယ့္ သူမအတြက္ကိုေတာ့ အိမ္အကူလုပ္စဥ္ကအတုိင္းပဲ အတတ္ႏုိင္ဆုံး ၿခဳိးၿခံစားေသာက္ခဲ့ပါတယ္။ သူမရဲ႕အိပ္မက္ကုိလည္း သားသမီးေတြကိုေျပာျပထားပါတယ္။ သားအႀကီးဆုံးက ဟင္းသီးဟင္းရြက္စုိက္ခင္း အလုပ္သမားျဖစ္ခဲ့ၿပီး သမီးႏွစ္ေယာက္က အိမ္ေထာင္ျပဳသြားၾကတယ္။ Ajoy ဆုိတဲ့ အငယ္ဆုံးသားေလးကေတာ့ မိခင္ရဲ႕ အိပ္မက္ကို ျဖည့္ဖုိ႔ သူလည္းတစိတ္တပိုင္း ပါ၀င္မယ္ ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ စာကိုႀကဳိးစားခဲ့တယ္။ စာအလြန္ေတာ္ၿပီး ေဆးေက်ာင္း၀င္ခြင့္ရခဲ့တယ္။ ေက်ာင္းတက္ဖုိ႔အတြက္ ဂ်ာမန္လူမႈ ကူညီမႈအဖြဲ႔တစ္ဖြဲ႔ရဲ႕ ပညာသင္ဆုကုိရခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ ကာလကတၱား ေဆးေကာလိပ္မွာ တက္ေရာက္ႏုိင္ခဲ့တယ္။

ဒီလုိနဲ႔ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီး ၁၉၉၃ခုႏွစ္မွာေတာ့ သူမလက္ထဲမွာ ရူပီး ၈ေသာင္းေလာက္ စုႏုိင္ခဲ့တယ္။ ရင္းႏွီးတဲ့ မိတ္ေဆြေတြနဲ႔ တုိင္ပင္ၾကည့္တဲ့အခါမွာေတာ့ အစက သူမကုိေလွာင္ေျပာင္ခဲ့တဲ့မိတ္ေဆြေတြဟာ အံၾသသြားၾကတယ္။ သူမရဲ႕ႀကဳိးစားမႈကို အသိအမွတ္ျပဳတဲ့အေနနဲ႔ အားလုံး၀ုိင္း၀န္းကူညီလုိ႔ ေဆးရုံေဆာက္ဖုိ႔ တစ္ဧက အက်ယ္ရွိတဲ့ ေျမကြက္ကုိ၀ယ္ႏုိင္ခဲ့တယ္။ ဘာမွမရွိေသးတဲ့ ေျမကြက္လပ္ကို လူသားခ်င္းစာနာမႈေဆးရုံ လုိ႔ ဆုိင္းဘုတ္တပ္ခဲ့တယ္။ အဲဒီႏွစ္မွာပဲ သားျဖစ္သူကလည္း ေဆးေက်ာင္းၿပီးသြားတယ္။ အေဆာက္အအုံမရွိေသးတဲ့ ေျမကြက္လပ္မွာ တဲထုိးၿပီး ေဆးကုသျခင္းကို စလုပ္ေပးခဲ့တယ္။ သားျဖစ္သူရဲ႕ေက်ာင္းက မိတ္ေဆြေတြကလည္း အခမဲ့လာေရာက္ ကူညီၾကလုိ႔ စစခ်င္းေန႔မွာပဲ လူနာ ၂၅၀ေလာက္ကုိ ကုသေပးႏုိင္ခဲ့တယ္။

ကုန္စိမ္းသည္မတစ္ေယာက္ ေဆးရုံေဆာက္ၿပီး မတတ္ႏုိင္တဲ့သူေတြကို ကုသေပးေနတယ္ ဆုိတဲ့သတင္းဟာ ခဏခ်င္း ျပန္႔သြားတယ္။ သူေဌးေတြ ၊ ႏုိင္ငံေရးသမားေတြ ၊ မီဒီယာေတြဆီပါေရာက္သြားခဲ့တယ္။ အားလုံးက အလွဴေငြေတြထည့္လာတဲ့အတြက္ ေဆးရုံေျမကို မူလ ၁ဧက ကေန ၃ဧက အထိတုိးခ်ဲ႕ႏုိင္ၿပီး အေဆာက္အအုံကိုလည္း စေဆာက္ႏုိင္ခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ ငယ္ငယ္ရြယ္ရြယ္နဲ႔ မုဆုိးမျဖစ္ခဲ့တဲ့ ကုန္စိမ္းသည္မ တစ္ေယာက္ရဲ႕ အိပ္မက္ဟာ ျဖစ္လာခဲ့ပါေတာ့တယ္။ ဒီအတြက္ ဆပ္ဘ္ဟာစီနီ မရပ္မနား ရုန္းကန္ခဲ့ရတဲ့ အခ်ိန္က ႏွစ္ေပါင္း ၂၅ႏွစ္ျဖစ္ပါတယ္။

မျပည့္စုံတဲ့သူေတြအတြက္ စြမ္းစြမ္းတမံေဆာင္ရြက္ခဲ့တဲ့သူမဟာ အိႏၵိယအရပ္သားမ်ားကိုေပးေသာ အျမင့္ဆုံးဆုတံဆိပ္ျဖစ္တဲ့  ပဒမာသွ်ရီ ဆုတံဆိပ္ကုိ ရရွိခဲ့ပါတယ္။ သူမဦးေဆာင္ေဆာက္လုပ္ခဲ့တဲ့ ေဆးရုံႀကီးဟာလည္း အနီးအနား၀န္းက်င္မွ မျပည့္စုံသူေတြအတြက္ အားကုိးရာ ၂၄နာရီ ၀န္ေဆာင္မႈေပးတဲ့ ေဆးရုံႀကီးတစ္ရုံျဖစ္ေနပါၿပီ။ ယခုအခါ အသက္ ၇၅ႏွစ္ရွိေနၿပီျဖစ္တဲ့ ဆပ္ဘ္ဟာစီနီ ကေတာ့ သူမလွဴခဲ့တဲ့ ေဆးရုံႀကီးကို ေကာင္းသထက္ေကာင္းတဲ့ ၀န္ေဆာင္မႈေတြေပးႏုိင္ဖုိ႔ ႀကဳိးစားေနဆဲပါ…

ပညာမတတ္ ၊ ဆင္းရဲလြန္းတဲ့ ကုန္စိမ္းသည္ မုဆုိးမတစ္ေယာက္က သူမရဲ႕အိပ္မက္ကို မမွိတ္မသုန္အေကာင္အထည္ေဖာ္ႏုိင္ခဲ့ပါလွ်င္….ကြ်န္ေတာ္တုိ႔တေတြကေရာ…

သုတဇုန္

———————

လမ်းဘေးမှာ ကုန်စိမ်းရောင်းပြီး ဆင်းရဲသားတွေအတွက် ဆေးရုံဆောက်ပေးခဲ့သူ (unicode)

လမ်းဘေးမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ ကုန်စိမ်းသည် တစ်ယောက်က ဆေးရုံကြီးတစ်ရုံဆောက်ပေးနိုင်ခဲ့တယ် ဆိုရင် ယုံကြမလား မသိဘူး။ မယုံနိုင်စရာကောင်းပေမယ့် သူ့ရဲ့အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တဲ့ အမျိုးသမီးကြီးတစ်ဦး အိန္ဒိယမှာ ရှိနေပါတယ်။

သူမနာမည်က ဆပ်ဘ်ဟာစီနီမစ်စ်ထရီ(subhashini mistry) ဖြစ်ပြီး အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ Hanspukur ဆိုတဲ့ရွာမှာနေထိုင်သူပါ။ သူမကြောင့် ဒီရွာဟာ နာမည်ကြီးခဲ့ပါတယ်။

သူမကို ဆင်းရဲတဲ့မိသားစု တစ်စုမှာ မွေးဖွားခဲ့ပြီး အသက် ၁၂နှစ်မှာတော့ Sadhan Chandra Mistry ဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ချပေးခဲ့ပါတယ်။ သူမရဲ့ခင်ပွန်းက ကုန်စိမ်းသည်ဖြစ်ပြီး သူမတို့နှစ်ဦးဟာ ဆင်းရဲတဲ့ဘဝကို အတူရုန်းကန်ခဲ့ကြပါတယ်။ သူမခင်ပွန်းဟာ အသက် ၃၅နှစ်မှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့ပါတယ်။ ရောဂါကြီးကြီးမားမားကြောင့်မဟုတ်ပဲ ဆေးရုံတက်ကုရင် ရနိုင်ပါလျက်နဲ့ ငွေကြေးမတတ်နိုင်လို့ ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူဆုံးသွားတဲ့အချိန်မှာ ဆပ်ဘ်ဟာစီနီ က အသက် ၂၃နှစ်ပဲ ရှိပါသေးတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်သွားပြီး ကျန်ရစ်ခဲ့တဲ့ ကလေး ၄ယောက်ရဲ့ တာဝန်ဟာ သူမတစ်ယောက်တည်းအပေါ်ကို လုံးလုံးလျားလျား ကျရောက်ခဲ့ပါတယ်။ သားအကြီးဆုံးက အသက် ၈နှစ်ဖြစ်ပြီး အငယ်ဆုံးက ၄နှစ်ဖြစ်ပါတယ်။ ပိုက်ဆံမရှိလို့ သေဆုံးခဲ့ရတဲ့ ခင်ပွန်းအတွက် သူမစိတ်အနာကြီးနာခဲ့ပါတယ်။ နောက်ဆုံးတော့ သူမဆုံးဖြတ်ချက်ကြီး တစ်ခု ချလိုက်ပါတယ်။ အဲဒါကတော့ ပိုက်ဆံမရှိတဲ့သူတွေ ဆေးမကုနိုင်လို့ မသေစေရဘူး ၊ ဆင်းရဲတဲ့သူတွေအတွက် အခမဲ့ကုပေးမယ့် ဆေးရုံကြီးတစ်ရုံ ဆောက်ပေးနိုင်အောင် ကြိုးစားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ပါ။

အဲဒီဆုံးဖြတ်ချက်ကို မိတ်ဆွေတွေကို ပြောပြတဲ့အခါ ပညာလည်းမတတ် ဆင်းရဲလွန်းတဲ့ အမျိုးသမီးတစ်ယောက် ဆေးရုံတစ်ရုံဆောက်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မဲ ဆိုပြီး အားလုံးရဲ့လှောင်ပြောင်ရယ်မောခြင်းကို ခံရပါတယ်။

အဲဒီဆုံးဖြတ်ချက် ချပြီးတဲ့အချိန်က စလို့ သူမဟာ မနားမနေ အလုပ်လုပ်ပါတော့တယ်။ ပညာမတတ် အရင်းအနှီးမရှိတာကြောင့် အခြားသူတွေရဲ့အိမ်မှာ အိမ်ဖော်အလုပ် ၊ လမ်းဘေးဈေးရောင်းတဲ့အလုပ်တွေကို လုပ်ခဲ့ပါတယ်။ ဝင်ငွေအလွန်နည်းလွန်းပေမယ့် တတ်နိုင်သမျှချွေတာရင်း သူမ အိပ်မက်အတွက် နည်းနည်းချင်းစီ စုဆောင်းခဲ့ပါတယ်။ နည်းနည်းလေးစုဆောင်းမိလာတော့ စုထားတဲ့ငွေလေးနဲ့ ဟင်းသီးဟင်းရွက် ကုန်စိမ်းဆိုင်လေးဖွင့်နိုင်ခဲ့ပါတယ်။ အမြတ်နည်းနည်းပိုရလာတာကြောင့် ငွေပိုစုနိုင်ခဲ့ပါတယ်။

ဝင်ငွေပိုလာခဲ့ပေမယ့် သူမအတွက်ကိုတော့ အိမ်အကူလုပ်စဉ်ကအတိုင်းပဲ အတတ်နိုင်ဆုံး ခြိုးခြံစားသောက်ခဲ့ပါတယ်။ သူမရဲ့အိပ်မက်ကိုလည်း သားသမီးတွေကိုပြောပြထားပါတယ်။ သားအကြီးဆုံးက ဟင်းသီးဟင်းရွက်စိုက်ခင်း အလုပ်သမားဖြစ်ခဲ့ပြီး သမီးနှစ်ယောက်က အိမ်ထောင်ပြုသွားကြတယ်။ Ajoy ဆိုတဲ့ အငယ်ဆုံးသားလေးကတော့ မိခင်ရဲ့ အိပ်မက်ကို ဖြည့်ဖို့ သူလည်းတစိတ်တပိုင်း ပါဝင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာကိုကြိုးစားခဲ့တယ်။ စာအလွန်တော်ပြီး ဆေးကျောင်းဝင်ခွင့်ရခဲ့တယ်။ ကျောင်းတက်ဖို့အတွက် ဂျာမန်လူမှု ကူညီမှုအဖွဲ့တစ်ဖွဲ့ရဲ့ ပညာသင်ဆုကိုရခဲ့တယ်။ နောက်ဆုံးမှာတော့ ကာလကတ္တား ဆေးကောလိပ်မှာ တက်ရောက်နိုင်ခဲ့တယ်။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာခဲ့ပြီး ၁၉၉၃ခုနှစ်မှာတော့ သူမလက်ထဲမှာ ရူပီး ၈သောင်းလောက် စုနိုင်ခဲ့တယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ တိုင်ပင်ကြည့်တဲ့အခါမှာတော့ အစက သူမကိုလှောင်ပြောင်ခဲ့တဲ့မိတ်ဆွေတွေဟာ အံဩသွားကြတယ်။ သူမရဲ့ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အားလုံးဝိုင်းဝန်းကူညီလို့ ဆေးရုံဆောက်ဖို့ တစ်ဧက အကျယ်ရှိတဲ့ မြေကွက်ကိုဝယ်နိုင်ခဲ့တယ်။ ဘာမှမရှိသေးတဲ့ မြေကွက်လပ်ကို လူသားချင်းစာနာမှုဆေးရုံ လို့ ဆိုင်းဘုတ်တပ်ခဲ့တယ်။ အဲဒီနှစ်မှာပဲ သားဖြစ်သူကလည်း ဆေးကျောင်းပြီးသွားတယ်။ အဆောက်အအုံမရှိသေးတဲ့ မြေကွက်လပ်မှာ တဲထိုးပြီး ဆေးကုသခြင်းကို စလုပ်ပေးခဲ့တယ်။ သားဖြစ်သူရဲ့ကျောင်းက မိတ်ဆွေတွေကလည်း အခမဲ့လာရောက် ကူညီကြလို့ စစချင်းနေ့မှာပဲ လူနာ ၂၅၀လောက်ကို ကုသပေးနိုင်ခဲ့တယ်။

ကုန်စိမ်းသည်မတစ်ယောက် ဆေးရုံဆောက်ပြီး မတတ်နိုင်တဲ့သူတွေကို ကုသပေးနေတယ် ဆိုတဲ့သတင်းဟာ ခဏချင်း ပြန့်သွားတယ်။ သူဌေးတွေ ၊ နိုင်ငံရေးသမားတွေ ၊ မီဒီယာတွေဆီပါရောက်သွားခဲ့တယ်။ အားလုံးက အလှူငွေတွေထည့်လာတဲ့အတွက် ဆေးရုံမြေကို မူလ ၁ဧက ကနေ ၃ဧက အထိတိုးချဲ့နိုင်ပြီး အဆောက်အအုံကိုလည်း စဆောက်နိုင်ခဲ့တယ်။ နောက်ဆုံးမှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်ခဲ့တဲ့ ကုန်စိမ်းသည်မ တစ်ယောက်ရဲ့ အိပ်မက်ဟာ ဖြစ်လာခဲ့ပါတော့တယ်။ ဒီအတွက် ဆပ်ဘ်ဟာစီနီ မရပ်မနား ရုန်းကန်ခဲ့ရတဲ့ အချိန်က နှစ်ပေါင်း ၂၅နှစ်ဖြစ်ပါတယ်။

မပြည့်စုံတဲ့သူတွေအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့သူမဟာ အိန္ဒိယအရပ်သားများကိုပေးသော အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့  ပဒမာသျှရီ ဆုတံဆိပ်ကို ရရှိခဲ့ပါတယ်။ သူမဦးဆောင်ဆောက်လုပ်ခဲ့တဲ့ ဆေးရုံကြီးဟာလည်း အနီးအနားဝန်းကျင်မှ မပြည့်စုံသူတွေအတွက် အားကိုးရာ ၂၄နာရီ ဝန်ဆောင်မှုပေးတဲ့ ဆေးရုံကြီးတစ်ရုံဖြစ်နေပါပြီ။ ယခုအခါ အသက် ၇၅နှစ်ရှိနေပြီဖြစ်တဲ့ ဆပ်ဘ်ဟာစီနီ ကတော့ သူမလှူခဲ့တဲ့ ဆေးရုံကြီးကို ကောင်းသထက်ကောင်းတဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကြိုးစားနေဆဲပါ…
ပညာမတတ် ၊ ဆင်းရဲလွန်းတဲ့ ကုန်စိမ်းသည် မုဆိုးမတစ်ယောက်က သူမရဲ့အိပ်မက်ကို မမှိတ်မသုန်အကောင်အထည်ဖော်နိုင်ခဲ့ပါလျှင်….ကျွန်တော်တို့တတွေကရော…

သုတဇုန်

Leave a Reply