မုိးပ်ံတကၠစီ ေတြကို ပထမဆုံး စတင္ေျပးဆြဲေတာ့မယ္ စင္ကာပူ

Posted on

လြန္ခဲ့တဲ့ ၄ ၊ ၅ ႏွစ္ကာလက စလုိ႔ မုိးပ်ံကားထုတ္လုပ္တာေတြ ၊ မုိးပ်ံတကၠစီေတြ ေျပးဆြဲႏုိင္ဖုိ႔အစီအစဥ္ေတြကို ႏုိင္ငံအေတာ္မ်ားမ်ားက ႀကဳိးပမ္းခဲ့ၾကပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ ဘယ္ႏုိင္ငံမွာ အမ်ားျပည္သူသုံး မုိးပ်ံတကၠစီ၀န္ေဆာင္မႈကို မေပးႏုိင္ေသးပါဘူး။ စင္ကာပူကေတာ့ မုိးပ်ံတကၠစီေျပးဆြဲမယ့္ ပထမဆုံးႏုိင္ငံ ျဖစ္လာႏုိင္ပါတယ္။

ဒီအစီအစဥ္ကို ၿပီးခဲ့တဲ့ ၾကသပေတးေန႔က ေၾကျငာခဲ့တာျဖစ္ပါတယ္။ ဂ်ာမန္ကုမၸဏီ  Volocopter နဲ႔ စင္ကာပူအစုိးရတုိ႔ပူးေပါင္းၿပီး မုိးပ်ံတကၠစီေတြကုိ ၂၀၁၉ခု ႏွစ္လယ္ပုိင္းေလာက္မွာ စမ္းသပ္ေျပးဆြဲသြားမယ္လုိ႔ သိရပါတယ္။ ဒီလုိပ်ံသန္းေျပးဆြဲရာမွာ သုံးစြဲသြားမယ့္ယာဥ္ေတြကေတာ့ Volocopter ကုမၸဏီထုတ္ Volocopter လွ်ပ္စစ္သုံးယာဥ္ေတြပဲျဖစ္ပါတယ္။

ဟယ္လီေကာ္ပတာ ပုံစံနဲ႔တူတဲ့ Volocopter ယာဥ္ေတြဟာ ဒရုန္းနည္းပညာကို အေျခခံၿပီး ဖန္တီးထားတာျဖစ္ပါတယ္။ နည္းပညာအဆင့္ျမွင့္တင္ထားတဲ့ ဒီယာဥ္ေတြမွာ လူ ၂ ဦးလုိက္ပါစီးနင္းႏုိင္ၿပီး အကြာအေ၀းအားျဖင့္ ၁၉မုိင္ခန္႔ သြားႏုိင္မွာျဖစ္ပါတယ္။ အမ်ားဆုံးတင္ေဆာင္ႏုိင္တဲ့ အေလးခ်ိန္ကေတာ့ ၁၆၀ ကီလုိဂရမ္ျဖစ္ပါတယ္။

ဒီလုိေျပးဆြဲႏုိင္ဖုိ႔အတြက္ Volocopter ကုမၸဏီနဲ႔အတူ စင္ကာပူ သယ္ယူပုိ႔ေဆာင္ေရး၀န္ႀကီးဌာန ၊ ၿမဳိ႕ျပေလေၾကာင္းဌာန နဲ႔ စီးပြားေရးဖြံၿဖဳိးမႈဘုတ္အဖြဲ႔ေတြက ေထာက္ပံ့ေပးထားတာျဖစ္ပါတယ္။

Volocopter ေတြကို လူကုိယ္တုိင္ေမာင္းႏွင္ ႏုိင္သလုိ အေ၀းထိန္းစနစ္နဲ႔ ေမာင္းႏွင္ႏုိင္ဖုိ႔လည္း ဖန္တီးထားပါတယ္။ စတင္ေျပးဆြဲၿပီးေနာက္ကာလေတြမွာေတာ့ ဂ်ာမဏီကုမၸဏီ နဲ႔အတူ စင္ကာပူအင္ဂ်င္နီယာေတြက ပူးေပါင္းလုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္ စက္တင္ဘာလတုန္းကေတာ့ Volocopter ကို ဒူဘိုင္းမွာ ေအာင္ျမင္စြာ စမ္းသပ္ေမာင္းႏွင္ျပႏုိင္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ မုိးပ်ံတကၠစီေတြကို က်ယ္က်ယ္ျပန္႔ျပန္႔မသုံးၾကေသးတာကေတာ့ စီးပြားေရးဆုိင္ရာ အသိအမွတ္ျပဳလက္မွတ္ေတြ လုိအပ္ေနေသးလုိ႔ျဖစ္တယ္ လုိ႔ Volocopter တာ၀န္ရွိသူက ဆုိပါတယ္။

လာမယ့္ ၃ ႏွစ္ နဲ႔ ၅ႏွစ္ၾကား ကာလေတြမွာေတာ့ မုိးပ်ံတကၠစီေတြကို ဂ်ာမဏီက ၿမဳိ႕ႀကီးအခ်ုိ႕မွာ ေျပးဆြဲႏုိင္ဖုိ႔အတြက္ ညွိႏႈိင္းမႈေတြ ျပဳလုပ္ေနတယ္ လုိ႔ ဆုိပါတယ္။ ၂၀၁၉ခုႏွစ္ စင္ကာပူမွာ စတင္ေျပးဆြဲဖုိ႔အတြက္ေတာ့ Volocopter ကုမၸဏီ နဲ႔ အတူ စင္ကာပူအမ်ဳိးသားေလေၾကာင္းဌာန (CAAS) တုိ႔က ပူးေပါင္းၿပီး ဘယ္လုိစနစ္ နဲ႔ ဘယ္လုိ လမ္းေၾကာင္းေတြမွာ ေမာင္းႏွင္မလဲ ဆုိတာကို ညွိႏႈိင္းလွ်က္ရွိပါတယ္။

——————-
မိုးပျံတက္ကစီ တွေကို ပထမဆုံး စတင်ပြေးဆွဲတော့မယ် စင်ကာပူ (unicode)

လွန်ခဲ့တဲ့ ၄ ၊ ၅ နှစ်ကာလက စလို့ မိုးပျံကားထုတ်လုပ်တာတွေ ၊ မိုးပျံတက္ကစီတွေ ပြေးဆွဲနိုင်ဖို့အစီအစဉ်တွေကို နိုင်ငံအတော်များများက ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ ဘယ်နိုင်ငံမှာ အများပြည်သူသုံး မိုးပျံတက္ကစီဝန်ဆောင်မှုကို မပေးနိုင်သေးပါဘူး။ စင်ကာပူကတော့ မိုးပျံတက္ကစီပြေးဆွဲမယ့် ပထမဆုံးနိုင်ငံ ဖြစ်လာနိုင်ပါတယ်။

ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ ကြသပတေးနေ့က ကြေငြာခဲ့တာဖြစ်ပါတယ်။ ဂျာမန်ကုမ္ပဏီ  Volocopter နဲ့ စင်ကာပူအစိုးရတို့ပူးပေါင်းပြီး မိုးပျံတက္ကစီတွေကို ၂၀၁၉ခု နှစ်လယ်ပိုင်းလောက်မှာ စမ်းသပ်ပြေးဆွဲသွားမယ်လို့ သိရပါတယ်။ ဒီလိုပျံသန်းပြေးဆွဲရာမှာ သုံးစွဲသွားမယ့်ယာဉ်တွေကတော့ Volocopter ကုမ္ပဏီထုတ် Volocopter လျှပ်စစ်သုံးယာဉ်တွေပဲဖြစ်ပါတယ်။

ဟယ်လီကော်ပတာ ပုံစံနဲ့တူတဲ့ Volocopter ယာဉ်တွေဟာ ဒရုန်းနည်းပညာကို အခြေခံပြီး ဖန်တီးထားတာဖြစ်ပါတယ်။ နည်းပညာအဆင့်မြှင့်တင်ထားတဲ့ ဒီယာဉ်တွေမှာ လူ ၂ ဦးလိုက်ပါစီးနင်းနိုင်ပြီး အကွာအဝေးအားဖြင့် ၁၉မိုင်ခန့် သွားနိုင်မှာဖြစ်ပါတယ်။ အများဆုံးတင်ဆောင်နိုင်တဲ့ အလေးချိန်ကတော့ ၁၆၀ ကီလိုဂရမ်ဖြစ်ပါတယ်။

ဒီလိုပြေးဆွဲနိုင်ဖို့အတွက် Volocopter ကုမ္ပဏီနဲ့အတူ စင်ကာပူ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ၊ မြို့ပြလေကြောင်းဌာန နဲ့ စီးပွားရေးဖွံဖြိုးမှုဘုတ်အဖွဲ့တွေက ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။

Volocopter တွေကို လူကိုယ်တိုင်မောင်းနှင် နိုင်သလို အဝေးထိန်းစနစ်နဲ့ မောင်းနှင်နိုင်ဖို့လည်း ဖန်တီးထားပါတယ်။ စတင်ပြေးဆွဲပြီးနောက်ကာလတွေမှာတော့ ဂျာမဏီကုမ္ပဏီ နဲ့အတူ စင်ကာပူအင်ဂျင်နီယာတွေက ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် စက်တင်ဘာလတုန်းကတော့ Volocopter ကို ဒူဘိုင်းမှာ အောင်မြင်စွာ စမ်းသပ်မောင်းနှင်ပြနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ မိုးပျံတက္ကစီတွေကို ကျယ်ကျယ်ပြန့်ပြန့်မသုံးကြသေးတာကတော့ စီးပွားရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်တွေ လိုအပ်နေသေးလို့ဖြစ်တယ် လို့ Volocopter တာဝန်ရှိသူက ဆိုပါတယ်။

လာမယ့် ၃ နှစ် နဲ့ ၅နှစ်ကြား ကာလတွေမှာတော့ မိုးပျံတက္ကစီတွေကို ဂျာမဏီက မြို့ကြီးအချို့မှာ ပြေးဆွဲနိုင်ဖို့အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ် လို့ ဆိုပါတယ်။ ၂၀၁၉ခုနှစ် စင်ကာပူမှာ စတင်ပြေးဆွဲဖို့အတွက်တော့ Volocopter ကုမ္ပဏီ နဲ့ အတူ စင်ကာပူအမျိုးသားလေကြောင်းဌာန (CAAS) တို့က ပူးပေါင်းပြီး ဘယ်လိုစနစ် နဲ့ ဘယ်လို လမ်းကြောင်းတွေမှာ မောင်းနှင်မလဲ ဆိုတာကို ညှိနှိုင်းလျှက်ရှိပါတယ်။

Leave a Reply