Posted on
VIDEO
—————-
ဂျပန်နိုင်ငံရှိ အမျိုးသမီးမလာရ ယောင်္ကျားလေးသီးသန့်ကျွန်း (unicode)
ဂျပန်နိုင်ငံရှိ အမျိုးသမီးမလာရ ဆိုတော့ ကျန်တဲ့နိုင်ငံက အမျိုးသမီးတွေလာလို့ရတယ် လို့ မထင်လိုက်ပါနဲ့။ ဘယ်အမျိုးသမီးမှလာခွင့်မရှိတဲ့ ကျွန်းဖြစ်ပါတယ်။ ဒီကျွန်းနာမည်ကတော့ အိုကီနိုရှီးမား (Okinoshima ) ဖြစ်ပြီး ဂျပန်နိုင်ငံတောင်ပိုင်းက အဓိကကျွန်းကြီးတစ်ကျွန်းဖြစ်တဲ့ ကျူးရှူးကျွန်းရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ၀.၃ စတုရန်းမိုင်သာ ရှိပါတယ်။
ဒီကျွန်းရဲ့ရတနာလို့ ဆိုရမယ့် အရာကတော့ နတ်ဘုရားမကို လူတွေပူဇော်လှူဒါန်းထားတဲ့ အရေအတွက် ၈သောင်းခန့်ရှိတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဒီပစ္စည်းတွေထဲမှာ အများစုကတော့ ဓါးတွေ ၊ သံမဏိပြားတွေ ၊ ကြေးနဂါးခေါင်းတွေ၊ ပုတီးစေ့တွေ နဲ့ မှန် တွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကို ယောင်္ကျားလေးများသာ ကြည့်ခွင့်ရှိပါတယ်။ ဒီကျွန်းကိုလည်ပတ်ဖို့အတွက် အမျိုးသမီးတွေကို ပိတ်ပင်ထားတဲ့အတွက်ကြောင့်ပါ။
အမျိုးသားတွေဟာ ဒီကျွန်းကိုလာလည်မယ်ဆိုရင်တော့ ကျွန်းရဲ့စည်းကမ်းချက်တွေကို လိုက်နာရပါမယ်။ ပထမဆုံးအချက်က ကျွန်းပေါ်က နတ်ဘုရားမ ကို ဂါရဝမပြုမီ ပင်လယ်ထဲမှာ အဝတ်တစ်စမှ မပါပဲ ရေချိုးရမှာဖြစ်ပါတယ်။ ကျွန်းပေါ်တက်တဲ့အခါမှာလည်း ခွင့်မပြုတဲ့ ဘာပစ္စည်းတစ်ခုမှ ယူဆောင်သွားခွင့်မရှိသလို စကားလည်းပြောလို့မရပါဘူး။
ပိုက်ဆံရှိလို့ သွားလည်ချင်တိုင်းလည်း လည်ခွင့်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကျွန်းရဲ့လည်ပတ်ခွင့်ကို ၁နှစ်မှာ ၂၇ရက် မေလ တစ်ရက်တည်းသာ ခွင့်ပြုထားလို့ပါ။ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်တုန်းကတော့ ဒီကျွန်းကို သွားရောက်ခဲ့တဲ့ အမျိုးသား ၂၀၀ ခန့်ရှိခဲ့ပါတယ်။
ဒီကျွန်းရဲ့ဘေးပတ်လည်က ရေပြင်ဟာ အေဒီ ၄ရာစု နဲ့ ၉ရာစု ကြား ကာလတုန်းက ဂျပန်ကနေ ကိုရီးယား နဲ့ တရုတ်ကို သွားတဲ့ အဓိကရေကြောင်း ကုန်သွယ်ရေးလမ်းဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ဒီကျွန်းဟာ ကိုရီးယား နဲ့ တရုတ်လူမျိုးတွေကြား ကုန်ပစ္စည်းလဲလှယ်ရာနေရာဖြစ်ခဲ့ပါတယ်။ ဒီလိုလာရောက်တဲ့အခါတွေမှာ သင်္ဘောတွေကို ကာကွယ်ပေးဖို့အတွက် ကျွန်းပေးမှာရှိတဲ့ ဘုရားကျောင်းက နတ်ဘုရားမကို ပစ္စည်းတွေနဲ့ လှူဒါန်းခဲ့ကြပါတယ်။
ဒီလို ရာစုနှစ်ပေါင်းများစွာ လှူဒါန်းခဲ့ကြတဲ့အတွက် လှူဒါန်းတဲ့ပစ္စည်းအရေအတွက် ဟာ အလွန်များပြားလာခဲ့တာဖြစ်ပါတယ်။ ဒဏ္ဍာရီအရတော့ ၁၇ ရာစုအစောပိုင်းတုန်းက ဒီကျွန်းက နတ်ဘုရားမကို လှူဒါန်းထားတဲ့ ပစ္စည်းတွေကို  Kuroda Nagamasa ဆိုတဲ့ခေါင်းဆောင်တစ်ယောက်က  သူ့ရဲ့တိုက်ရှိရာကို ယူဆောင်ပြီး မျှော်စင်တစ်ခုမှာ စုထားခဲ့ပါတယ်။ ဒီလိုယူဆောင်ပြီး မကြာခင်မှာ ပစ္စည်းတွေထားတဲ့ မျှော်စင်ဟာ လှုပ်ယမ်းနေတာတွေ ၊ ပစ္စည်းတွေဟာ လေပေါ်မှာပျံနေတတ်တာကို တွေ့တဲ့သူတွေက တွေ့ကြပါတယ်။ ဒါ့အပြင် အနီးအနားက လူတွေဟာ ပုလိပ်ရောဂါဆိုးကိုလည်း ခံစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အများစုရဲ့ အကြံပေးမှုကြောင့် ပစ္စည်းတွေကို သူ့ရဲ့မူလနေရာ ဖြစ်တဲ့ ကျွန်းပေါ်က ဘုရားကျောင်းကို ပြန်ထားလိုက်တော့မှ ရောဂါဘေးက လွတ်ခဲ့ကြတယ် လို့ ဒဏ္ဍာရီက ဆိုပါတယ်။
ဒီကျွန်းရဲ့အဓိကဘုရားကျောင်းကတော့  ကျွန်းရဲ့တောင်ပိုင်းမှာရှိတဲ့ Okitsu-gū ဘုရားကျောင်းဖြစ်ပြီး ၁၇ ရာစုမှာ ပြန်လည်ဆောက်လုပ်ခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။ နှစ်ပေါင်း ၃ရာကျော်အတွင်း အကြိမ်ကြိမ်ပြန်လည်ပြုပြင်ခဲ့ရတဲ့ ကျောင်းဖြစ်ပါတယ်။ လှူဒါန်းထားတဲ့ ပစ္စည်းတွေကို ပြသထားတဲ့ကျောင်းဆောင်ကတော့ Munakata ဆိုတဲ့ကျောင်းဆောင်ပါ။ ဒီကျွန်း နဲ့ ကျောင်းဆောင်တွေကို စောင့်ကြပ်သူတွေကတော့ ရှင်တိုဘုန်းကြီးတွေဖြစ်ပါတယ်။
ဒီနေရာမှာ အမျိုးသမီးတွေ ကို ဘာလို့ပိတ်ပင်ထားရသလဲ ဆိုတာကိုတော့ မည်သူမျှ အတိအကျမသိပဲ ခေတ်အဆက်ဆက်ဒီအလေ့ကို သယ်ယူလာခဲ့တာပဲဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ အများစုယူဆကြတဲ့ အယူအဆ နှစ်ခုရှိပါတယ်။ တစ်ခုကတော့ လက်ရှိအချိန်မှာ လက်မခံကြတော့တဲ့ အမျိုးသမီးတွေဟာ ဘုန်းနိမ့်တယ် ဆိုတဲ့ အယူအဆပါ ၊ နောက်အယူအဆတစ်ခုကတော့ ဒီကျွန်းကိုလာရောက်တဲ့ ခရီးဟာ ခက်ခဲလွန်းတဲ့အတွက် အမျိုးသမီးများနဲ့ မသင့်တော်ပဲ အမျိုးသားများနဲ့သာ သင့်တော်ကြောင်း ၊ ခေတ်အဆက်ဆက်ဒီကျွန်းကို လာရောက်ခဲ့တဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ဇနီးတွေကို အိမ်မှာပဲ ထားခဲ့လေ့ရှိတယ် ဆိုတဲ့ အယူအဆပါ။
လက်ရှိအချိန် တစ်နှစ်မှာ အမျိုးသားတွေကို တစ်ခါလာရောက်ခွင့်ပြုနေပေမယ့် နောက်ပိုင်းမှာတော့ ဘုန်းကြီးတွေကလွဲလို့ အခြားဧည့်သည့် များကို တားမြစ်ရန် စဉ်းစားနေ ကြောင်းနှင့် လာရောက်သူများ လွန်းတဲ့အခါ အရွယ်ငယ်လွန်းတဲ့ ဒီကျွန်း ပျက်စီးသွားမှာ စိုးရိမ်ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီကျွန်းကို ယူနက်စကိုက ၂၀၁၇ခုနှစ် ဇူလိုင်လမှာ ကမ္ဘာ့အမွှေအနှစ် နေရာတစ်ခုအဖြစ် ထည့်သွင်းခဲ့ပါတယ်။
ဂျပန်နိုင်ငံရှိ မိန်းမ မလာရသော ယောက်ျားသီးသန့်ကျွန်းကို ယူနက်စကိုအမွေအနှစ်အဖြစ် သတ်မှတ်
.
.
အမျိုးသမီးများကို တား မြစ်ထားသည့် ဂျပန်နိုင်ငံရှိ အမျိုး သား သီးသန့်ကျွန်းတစ်ကျွန်းကို ယူနက်စကို ကမ္ဘာ့သမိုင်းအမွေအနှစ် နေရာအဖြစ် သတ်မှတ် ကြောင်း ကြေညာခဲ့သည်။
အိုကီနိုရှီးမားကျွန်းသို့ သွား ရောက်သည့် အမျိုးသားများသည် ယင်းကျွန်းပေါ်ရှိ နတ်ဘုရားမ အား ဂါရဝမပြုမီ ပင်လယ်ထဲတွင် ကိုယ်လုံးတီး ရေချိုးကြရ သည်။
ရာစုနှစ်များစွာကြာ ထိန်းသိမ်းလာခဲ့သည့် အစဉ်အလာတစ်ခုအဖြစ် ယင်းကျွန်း၏ နတ်ဘုရားမကို ကိုးကွယ်သော ရှင်တိုဘုန်းကြီးတစ်ပါးက ကျွန်းကို အမြဲစောင့်ကြပ်ခဲ့သည်။
အရှေ့ပင်လယ်ခေါ် ဂျပန် ပင်လယ်ထဲရှိ ယင်းကျွန်းပေါ်သို့ ဧည့်သည်များအား အကန့်အသတ်ဖြင့်သာ လာခွင့်ပြုပြီး ယခုနှစ်တွင် လာရောက်သူ ၂၀၀ ဦး ရှိသည်။
ကျွန်းပေါ်တွင် နှစ်စဉ် ပွဲ တော်တစ်ခု ကျင်းပပြီး နှစ်နာရီ သာ ကြာမြင့်သော်လည်း တင်း ကျပ်သော စည်းကမ်းများကို လုံး ဝလိုက်နာကြရသည်။
အရေးအကြီးဆုံးမှာ လာ ရောက်သူများသည် အမျိုးသား များသာဖြစ်ရမည်ဖြစ်သော်လည်း နတ်ဘုရားမထံသို့ မလာရောက် မီ ပင်လယ်ရေနက်အတွင်း သန့် စင်ရန် အဝတ်အစားများအားလုံး ချွတ်ပစ်ရမည်ဖြစ်သည်။
ယင်းကျွန်းသည် ယူနက်စကို၏ ကမ္ဘာ့သမိုင်းဝင်နေရာစာရင်း တွင် ပါဝင်နေသော်လည်း အရာရှိ
များက နောက်နောင်၌ ဘုန်းကြီး များကလွဲ၍ အခြားဧည့်သည့် များကို တားမြစ်ရန် စဉ်းစားနေ ကြောင်းနှင့် လာရောက်သူများ လွန်းခြင်းက ကျွန်းပျက်စီးသွားစေမည်ကို ၎င်းတို့ စိုးရိမ်နေကြောင်း ပြောကြားသည်။
ဂျပန်နိုင်ငံ၏ အဓိကကျွန်း လေးကျွန်း၏ တောင်ဘက်အကျဆုံး ကျူးရှူးကျွန်း အနောက်မြောက် ကမ်းရိုးတန်းအလွန်တွင် တည်ရှိသော ယင်းကျွန်းသည် ရှေးခေတ်ကာလကစ၍ ဂျပန်နိုင်ငံတွင် နိုင်ငံခြားကုန်သွယ်မှုပြုလုပ်ရန် အရေးပါသော ပြတင်းပေါက်တစ်ခုဖြစ်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်နှင့် တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသော ကုန်သွယ်ရေးလမ်းကြောင်း၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်။
Leave a Reply