ကမၻာ့ အလွဆုံး အိုေအစစ္ ၁၀ ခု

Posted on

ေရးသားသူ –  ေကာင္းစည္သူ(သုတစြယ္စုံ)

အလြန္ပူျပင္းၿပီး အဆုံးမရွိဟု ထင္ရသည့္ သဲကႏၱာရမ်ားသည္ သက္ရွိသတၱ၀ါမ်ား အသက္ရွင္ရပ္တည္ရန္ခက္ခဲေသာ္လည္း ကမၻာ ေျမ၏ လွပေသာ အစိတ္အပိုင္းမ်ားျဖစ္ၾကကာ နက္နဲေသာ လွ်ိဳ႕၀ွက္ခ်က္မ်ားကို သို၀ွက္ထားသည့္ ေနရာမ်ား ျဖစ္ၾကသည္။ ေျခာက္ေသြ႕ ပူေလာင္ေနသည့္ က်ယ္၀န္းေသာသဲကႏၱာရမ်ားအလယ္တြင္ ထူးျခားစြာ တည္ရွိေနသည့္ စိမ္းလန္းစိုေျပ ေသာ ေနရာမ်ားကို အိုေအစစ္ဟု ေခၚသည္။ယင္း တို႕သည္ ေကာင္းကင္မွ ၾကယ္ပြင့္မ်ားႏွင့္ တူညီကာ အေရအတြက္နည္းပါးေသာ္ လည္း အလွအပႏွင့္ ျမတ္ႏိုးဖြယ္ပုံရိပ္မ်ားရွိေနၾကသည္။ကမၻာအႏွံ႕ရွိ သဲကႏၱာရမ်ားထဲမွ အလွပဆုံးအိုေအစစ္မ်ားကို ကမၻာေျမ၏ အလွအပမ်ားအျဖစ္ ျမင္ေတြ႕ႏိုင္ၾကသည္။

၁၀။ ဇစ္ အိုေအစစ္၊ေမာ္ရိုကို (Ziz Oasis, Sahara Desert, Morocco)

ေမာ္ရိုကိုႏိုင္ငံ၊ဆာဟာရ သဲကႏၱရအတြင္းတည္ရွိသည့္ ဇစ္ အိုေအစစ္သည္ ေမာ္ရိုကိုႏိုင္ငံမွ ျမစ္မ်ား ခန္းေျခာက္သြားခဲ့စဥ္ က်န္ရွိခဲ့သည့္ ေနရာျဖစ္သည္။ဆာဟာရသည္ ဤကမၻာေျမေပၚတြင္အႀကီးဆုံးေသာ သဲကႏၱာရျဖစ္ကာ ေျမဆီႀသဇာ ရွိသည့္ ေနရာ သည္ ကႏၱာရအတြင္း ေသးငယ္ေသာ အပိုင္းအခ်ိဳ႕တြင္သာရွိသည္။ဇစ္သည္ ဆာဟာရ၏ ကႏၱာရျဖစ္သြားသည့္ ေနရာအတြင္း Rich ႏွင့္ Merzouga ေနရာအၾကား ဇစ္ၿမစ္၀ွမ္းေဟာင္းေနရာတြင္ က်န္ရွိေနသည့္ ျမစ္အၾကြင္းအက်န္ အစိတ္အပိုင္းျဖစ္သည္။ ဇစ္သည္ ယခုအခါတြင္ ကမၻာလွည့္ ခရီးသြားမ်ားလာေရာက္လည္ပတ္ရန္ ဆြဲေဆာင္မႈ ထင္ရွားသည့္ ေနရာတစ္ခုျဖစ္ေပသည္။

၉။ ဟြာကာခ်ီနာ (Huacachina, Peru)

အေမရိကတိုက္၏ အိုေအစစ္ဟု ထင္ရွားသည့္ ဟြာကာခ်ီနာသည္ ပီရူးႏိုင္ငံတြင္ တည္ရွိကာ ယင္းေနရာကို သဲကႏၱာရ အတြင္းရရွိိ သဘာ၀ေရအိုင္တစ္ခုက ၀န္းရံထားသည္။ပီရူးႏိုင္ငံ အေနာက္ေတာင္ပိုင္းရွိ ယင္းအိုေအစစ္တြင္ ၁၉၉၉ ခုႏွစ္တြင္ ေန ထိုင္သူ ၁၁၅ ဦးရွိခဲ့သည္။ ဟြာကာခ်ီနာအိုေအစစ္၏ပုံကို ပီရူးႏိုင္ငံသုံးေငြ ၅၀ ႏ်ဴရိုဆို ေငြစကၠဴ ၏ ေက်ာဘက္တြင္ ပုံႏွိပ္ ထားသည္။

ဒ႑ာရီ စကားမ်ားအရ ဟြာကာခ်ီနာတြင္ လွပေသာမင္းသမီးတစ္ပါးသည္ ေရကန္တြင္ ေရခ်ိဳးေနစဥ္ လူငယ္မုဆိုး တစ္ေယာက္က အေႏွာက္အယွက္ေပးခဲ့သျဖင့္ ေရကန္မွထြက္ခြာခဲ့ၿပီးေနာက္ ေရကန္က ေရအိုင္အျဖစ္ ေၿပာင္းလဲသြားခဲ့သည္ဟု ဆိုၾကသည္။မင္းသမီးေလး၏ ၀တ္ရုံသည္ ေရအိုင္အနီးတြင္ သဲပုံမ်ားအျဖစ္ေျပာင္းလဲသြားခဲ့ကာ မင္းသမီး ကိုယ္တိုင္သည္လည္း အိုေအစစ္အတြင္း ေနထိုင္သည့္ ေရသူမ ျဖစ္သြားခဲ့သည္ဟု ယုံၾကည္ၾကသည္။

၈။ အမ္မ္အယ္လ္မာ (Umm al-Maa, Libya)

လစ္ဗ်ားႏိုင္ငံမွ သဲပင္လယ္ဟု ထင္ရွားသည့္ အီဒီဟမ္အူဘာရီ ကႏၱာရ တြင္ရွိသည့္ ေရအိုင္သည္ အမ္မ္အယ္လ္မာ အိုေအစစ္အျဖစ္ လူသိမ်ားသည္။အမ္မ္အယ္လ္မာသည္ အူဘာရီ သဲပင္လယ္ အတြင္းပိုင္းတြင္ ပုန္းကြယ္ေနသည့္အလား လစ္ဗ်ား ဆာဟာရအတြင္းတည္ရွိေနသည္။ကႏၱာရအတြင္းရွိ သဲေတာင္ပုံမ်ားအၾကားတြင္ ယခင္ကအိုေအစစ္ေရကန္ ၁၆ ခုရွိခဲ့ေသာ္လည္း တစ္စတစ္စ ကြယ္ေပ်ာက္ခဲ့ကာ Gebraoun ၊ Mafo ႏွင့္ Umm-al-Maa တို႕သာ က်န္ရွိေနသည္။

၇။ တီမီယာ (Timia Oasis, Niger)

ႏိုင္ဂ်ီးရီးယားႏိုင္ငံ၊အဂါဇက္ၿမိဳ႕မွ ကားျဖင့္သြားလွ်င္ ေျခာက္နာရီ ေမာင္းႏွင္ရသည့္ တီမီယာသည္ ထူးျခားသည့္ ကမၻာ့ အလွဆုံး အိုေအစစ္ဟု ဆိုၾကသည္။တီမီယာသို႕ လာေရာက္ၾကသည့္ ကမၻာလွည့္ခရီးသည္မ်ားသည္ အနီးရွိ ျပင္သစ္ ခံတပ္ ေဟာင္းတစ္ခုႏွင့္ ၿမိဳ႕ေဟာင္း အက္ဆိုဒီကိုလည္း ႀကည့္ရႈေလ့ရွိၾကသည္။

အဲ ေတာင္တန္းမ်ားအၾကားတြင္ တည္ရွိေနသည့္ တီမီယာသည္ အျခား အိုေအစစ္မ်ားႏွင့္ မတူဘဲစိမ္းလန္းေသာ ျမင္ ကြင္းမ်ားရွိေနသည္။အိုေအစစ္အနီးတြင္ အသီးမ်ားသီးေနသည့္လိေမၼာ္ပင္မ်ားႏွင့္ တလည္းပင္မ်ား (pomegranate) ရွိကာ အိုေအစစ္သို႕ေရာက္ရွိလာသူမ်ားသည္ ယင္းတို႕ကို ဆြတ္ခူးစားသုံးႏိုင္ၾကသည္။ အပင္မ်ား၏ ေနာက္ခံတြင္ သဲေတာင္မ်ား ရွိေနသျဖင့္ လွပသည့္ ရႈခင္းတစ္ခုျဖစ္လာခဲ့သည္။တီမီယာ အိုေအစစ္အတြင္း ကႏၱာရတြင္ေပါက္ေလ့ရွိသည့္ စြန္ပလြန္ပင္မ်ား၊ ဇီးပင္မ်ားႏွင့္ ေရွာက္ပင္မ်ားသည္ စိမ္းလန္းစိုေျပသည့္ ဥယ်ာဥ္မ်ားအျဖစ္တည္ရွိေနၾကကာ ေရအိုင္ႀကီးတစ္ခုလည္း ရွိေနသည္။

၆။ ဆာဟာရ လျခမ္းေရကန္ (Crescent Lake in Sahara Gobi Desert)

တရုတ္ျပည္သူ႕သမၼတႏိုင္ငံ၊ဒန္ေဟာင္းၿမိဳ႕၏ ေတာင္ဘက္သို႕ ၆ ကီလိုမီတာကြာေ၀းသည့္ ဆာဟာရ ဂိုဘီသဲကႏၱာရ တြင္ အိုေအစစ္တစ္ခုအျဖစ္ အံ့ႀသဖြယ္ လျခမ္းပုံေရပူစမ္းတစ္ခုက အံ့ႀသဖြယ္ တည္ရွိသည္။ယင္းအိုေအစစ္ကို အီခ်ိဳရင္း သဲေတာင္တန္းႀကီးက ၀န္းရံထားသည္။ယင္းေနရာသည္ မိုးလုံး၀ မရြာသြန္းမႈႏွင့္ စိုက္ပ်ိဳးေရး လုပ္ငန္းအတြက္ ေရအရင္း အျမစ္ မ်ားကို ဆက္တိုက္ ထုတ္ယူသုံးစြဲခဲ့မႈမ်ားေၾကာင့္ ကႏၱာရ အျဖစ္ေျပာင္းလဲသြားခဲ့သည္။အိုေအစစ္အျဖစ္က်န္ရွိေနသည့္ ဂိုဘီ လျခမ္းပုံေရကန္ကို ပိုးလမ္းမသို႕ သြားသည့္ ခရီးလမ္းတြင္ ျမင္ေတြ႕ႏိုင္ၾကသည္။

၅။ အီဘရာဟင္မ္ အိုေအစစ္ (Abraham’s Oasis, Syria)

အီဘရာဟင္မ္သည္ ဂ်ဴး၊ ဆာမာရီတန္၊ ခရစ္ယာန္ႏွင့္ အစၥလာမ္ ဘာသာေရးဆိုင္ရာ သမိုင္းေၾကာင္းမ်ားတြင္ အေရးပါ သည့္ ေနရာတစ္ခုျဖစ္ခဲ့သည္။ဆီရီးယားႏိုင္ငံ၊ အယ္လ္အန္ဘာျပည္နယ္အတြင္းတည္ရွိသည့္ ဟစ္ႏွင့္ ဟာဒီသာ ၿမိဳ႕ႀကီးႏွစ္ၿမိဳ႕ အၾကား၌ တည္ရွိသည့္ အီဘရာဟင္မ္သည္ ယူဖရစ္တီးျမစ္မွ ေျခာက္မိုင္ကြာေ၀းသည္။ ယင္းေနရာတြင္ ဆီရီယားျပည္တြင္းစစ္မွ ဒုကၡသည္ကေလးမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္သည့္ စခန္းဖြင့္လွစ္ခဲ့သည္။

၄။ အိုင္းဂီဒီ (Oasis Ein Gedi, Israel)

အစၥေရးႏိုင္ငံ၏ ထင္ရွားေသာ သဘာ၀နယ္ေျမတစ္ခုျဖစ္သည့္ အိုင္းဂီဒီသည္ ပင္လယ္ေသ၏ အေနာက္ဘက္တြင္ ကမ္းေျခတစ္ေလ်ာက္ အရွည္လ်ားဆုံးတည္ရွိေနသည္။ဆိတ္ငယ္ေလး၏ ေရပူစမ္းဟု အဓိပၸါယ္ရွိသည့္ အိုင္းဂီဒီ၏ အနီးတြင္ မာဆာဒါႏွင့္ကြမ္ရမ္ ဂူမ်ားရွိသည္။ယင္းေနရာတြင္ ဂ်ဴဒါးမ်ိဳးႏြယ္စုမ်ား ေနထိုင္ခဲ့ၾကၿပီး ေဆာ္လမြန္ဘုရင္မ်ားလက္ထက္ကပင္ ထင္ ရွားေသာ အိုေအစစ္တစ္ခုျဖစ္ခဲ့သည္။

၃။ ဆိုလိုရန္ (Sonoran Desert Oasis, USA)

အေမရိကန္ျပည္ေထာင္စုအေနာက္ေတာင္ပိုင္းရွိ ၾကီးမားေသာ ေျမေနရာအစိတ္အပိုင္းမ်ားသည္ ဆိုလိုရန္ ကႏၱာရအတြင္း က်ေရာက္ေနေပသည္။ အာရီဇိုးနားျပည္နယ္ႏွင့္ ကာလီဖိုးနီးယားျပည္နယ္အေနာက္ေတာင္ပိုင္းတြင္တည္ရွိသည့္ ဆိုလိုရန္ သဲကႏၱာရ သည္ ၂၆၀ ၀၀၀ စတုရန္းကီလိုမီတာက်ယ္၀န္းလ်က္အေမရိကန္ႏိုင္ငံအေနာက္ေတာင္ပိုင္းႏွင့္ မကၠဆီကိုႏိုင္ငံ အေနာက္ ေျမာက္ပိုင္း တြင္ က်ေရာက္ေနကာ အေမရိကန္ ႏိုင္ငံႏွင့္ မကၠဆီကို ႏိုင္ငံ တို႕၏ နယ္ျခားျဖတ္လမ္းသည္ ဆိုလိုရန္ အတြင္း၌ တည္ရွိ ေနသည္။ ဆိုလိုရန္ ကႏၱာရအတြင္း၌ ႏို႕တိုက္သတၱ၀ါမ်ိဳးစိတ္ ၆၀ ႏွင့္ ငွက္မ်ိဳးစိတ္ ၃၅၀ ေက်ာ္ က်က္စားေနထိုင္ၾကသည္။ထို႕အတူ အိုေအစစ္အတြင္း အပင္မ်ိဳးစိတ္ ၂၀၀၀ ေက်ာ္ေပါက္ေရာက္ေနေပသည္။

၂။ ေမြးျမဴေရးၿခံ အိုေအစစ္ (Oasis on a Ranch in Red Rock Canyon Near Las Vegas)

အေမရိကန္ျပည္ေထာင္စု၊လက္စ္ဗီးဂတ္အနီးရွိ အမီေရာင္ေက်ာက္ေဆာင္ ကင္ယြန္မွ ေမြးျမဴေရး ၿခံၾကီးတစ္ခုေပၚတြင္ အိုေအစစ္တစ္ခု တည္ရွိသည္။ထူးျခား၍ အံ့ဖြယ္ေကာင္းသည့္ ယင္းအိုေအစစ္သည္ အလြန္ၾကီးမားက်ယ္ျပန္႕ကာ ဧရိယာ ၅၂၀ ဧကရွိသည္။

၀ီလ္ဆင္ေက်ာက္ကမ္းပါးမ်ား၏ အေျခတြင္ တည္ရွိသည့္ ယင္းအိုေအစစ္သည္ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာကပင္ ခရီးသြားမ်ား စခန္းခ် နားခိုခဲ့သည့္ ေနရာတစ္ခုျဖစ္ခဲ့သည္။ယခုအခ်ိန္တြင္ အိုေအစစ္ ၀င္ေၾကးအျဖစ္ ကားတစ္စီးလွ်င္ ေျခာက္ ေဒၚလာေပးေဆာင္ၾကရသည္။အိုေအစစ္တြင္ သမိုင္း၀င္ ခရီးမ်ား၊ျမင္းစီးလမ္းေၾကာင္းမ်ားႏွင့္ မ်ားစြာေသာ ခရီးသြားအုပ္စု လႈပ္ရွားမႈမ်ားရွိေပသည္။

၁။ အာဂြာ ကာလီရင့္တီ အိုေအစစ္ (Agua Caliente, Tucson, Arizona)

အေမရိကန္ျပည္ေထာင္စု၊ အာရီဇိုးနားျပည္နယ္ရွိ လွပေသာ အာဂြာ ကာလီရင့္တီ အိုေအစစ္ကို အပန္းေျဖ ဥယ်ာဥ္တစ္ခု အျဖစ္ ေျပာင္းလဲထားသည္။ေရွးေဟာင္းသုေတသန ဆိုင္ရာ ေတြ႕ရွိမႈ အေထာက္အထားမ်ားအရ ယင္းအိုေအစစ္တည္ရွိသည့္ ေနရာတြင္ အနည္းဆုံး လြန္ခဲ့ေသာ ႏွစ္ ၅၀၀၀ မွစ၍ လူမ်ား အျခခ် ေနထိုင္ခဲ့ၾကသည္။ အိုေအစစ္အတြင္း ေႏြးေထြးေသာ ေရပူစမ္းမ်ားမွ ေရမ်ား၀င္ေရာက္ေနသည့္ ေရကန္မ်ား၊ အပူပိုင္းအပင္မ်ား၊သဲမ်ားျပည့္ေန သည့္ ေလွ်ာက္လမ္းမ်ားတည္ရွိေနေပသည္။

သဘာ၀တရားသည္ ကမၻာေျမႀကီးအား အလွအပမ်ား ဆင္ျမန္းေပးခဲ့ရာ ပူျပင္းေျခာက္ေသြ႕ေသာ လြင္တီး ေခါင္ေနရာ မ်ားရွိ အိုေအစစ္မ်ားလည္း ပါ၀င္လ်က္ရွိေပသည္။ယင္းအိုေအစစ္မ်ားကို ေခတ္သစ္လူသားမ်ားက အနားယူအပမ္းေျဖႏိုင္သည့္ ေနရာမ်ားအျဖစ္ ဖန္တီးႏိုင္ခဲ့သျဖင့္ အခ်ိဳ႕ေသာ အိုေအစစ္မ်ားသည္ ကမၻာလွည့္ ခရီးသြားမ်ား သြားေရာက္လည္ပတ္ရန္ စိတ္၀င္စား သည့္ ေနရာမ်ားျဖစ္လာခဲ့ၾကေပသည္။

ေမာင္သာ (ေရွးေဟာင္းသုေတသန)

၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလထုတ္ သုတစြယ္စုံမဂၢဇင္းမွ

—————————-

ကမ္ဘာ့ အလှဆုံး အိုအေစစ် ၁၀ ခု (unicode)

ရေးသားသူ –  ကောင်းစည်သူ(သုတစွယ်စုံ)

အလွန်ပူပြင်းပြီး အဆုံးမရှိဟု ထင်ရသည့် သဲကန္တာရများသည် သက်ရှိသတ္တဝါများ အသက်ရှင်ရပ်တည်ရန်ခက်ခဲသော်လည်း ကမ္ဘာ မြေ၏ လှပသော အစိတ်အပိုင်းများဖြစ်ကြကာ နက်နဲသော လျှို့ဝှက်ချက်များကို သိုဝှက်ထားသည့် နေရာများ ဖြစ်ကြသည်။ ခြောက်သွေ့ ပူလောင်နေသည့် ကျယ်ဝန်းသောသဲကန္တာရများအလယ်တွင် ထူးခြားစွာ တည်ရှိနေသည့် စိမ်းလန်းစိုပြေ သော နေရာများကို အိုအေစစ်ဟု ခေါ်သည်။ယင်း တို့သည် ကောင်းကင်မှ ကြယ်ပွင့်များနှင့် တူညီကာ အရေအတွက်နည်းပါးသော် လည်း အလှအပနှင့် မြတ်နိုးဖွယ်ပုံရိပ်များရှိနေကြသည်။ကမ္ဘာအနှံ့ရှိ သဲကန္တာရများထဲမှ အလှပဆုံးအိုအေစစ်များကို ကမ္ဘာမြေ၏ အလှအပများအဖြစ် မြင်တွေ့နိုင်ကြသည်။

၁၀။ ဇစ် အိုအေစစ်၊မော်ရိုကို (Ziz Oasis, Sahara Desert, Morocco)

မော်ရိုကိုနိုင်ငံ၊ဆာဟာရ သဲကန္တရအတွင်းတည်ရှိသည့် ဇစ် အိုအေစစ်သည် မော်ရိုကိုနိုင်ငံမှ မြစ်များ ခန်းခြောက်သွားခဲ့စဉ် ကျန်ရှိခဲ့သည့် နေရာဖြစ်သည်။ဆာဟာရသည် ဤကမ္ဘာမြေပေါ်တွင်အကြီးဆုံးသော သဲကန္တာရဖြစ်ကာ မြေဆီဩဇာ ရှိသည့် နေရာ သည် ကန္တာရအတွင်း သေးငယ်သော အပိုင်းအချို့တွင်သာရှိသည်။ဇစ်သည် ဆာဟာရ၏ ကန္တာရဖြစ်သွားသည့် နေရာအတွင်း Rich နှင့် Merzouga နေရာအကြား ဇစ်မြစ်ဝှမ်းဟောင်းနေရာတွင် ကျန်ရှိနေသည့် မြစ်အကြွင်းအကျန် အစိတ်အပိုင်းဖြစ်သည်။ ဇစ်သည် ယခုအခါတွင် ကမ္ဘာလှည့် ခရီးသွားများလာရောက်လည်ပတ်ရန် ဆွဲဆောင်မှု ထင်ရှားသည့် နေရာတစ်ခုဖြစ်ပေသည်။

၉။ ဟွာကာချီနာ (Huacachina, Peru)

အမေရိကတိုက်၏ အိုအေစစ်ဟု ထင်ရှားသည့် ဟွာကာချီနာသည် ပီရူးနိုင်ငံတွင် တည်ရှိကာ ယင်းနေရာကို သဲကန္တာရ အတွင်းရရှိ သဘာ၀ရေအိုင်တစ်ခုက ဝန်းရံထားသည်။ပီရူးနိုင်ငံ အနောက်တောင်ပိုင်းရှိ ယင်းအိုအေစစ်တွင် ၁၉၉၉ ခုနှစ်တွင် နေ ထိုင်သူ ၁၁၅ ဦးရှိခဲ့သည်။ ဟွာကာချီနာအိုအေစစ်၏ပုံကို ပီရူးနိုင်ငံသုံးငွေ ၅၀ နျူရိုဆို ငွေစက္ကူ ၏ ကျောဘက်တွင် ပုံနှိပ် ထားသည်။

ဒဏ္ဍာရီ စကားများအရ ဟွာကာချီနာတွင် လှပသောမင်းသမီးတစ်ပါးသည် ရေကန်တွင် ရေချိုးနေစဉ် လူငယ်မုဆိုး တစ်ယောက်က အနှောက်အယှက်ပေးခဲ့သဖြင့် ရေကန်မှထွက်ခွာခဲ့ပြီးနောက် ရေကန်က ရေအိုင်အဖြစ် ပြောင်းလဲသွားခဲ့သည်ဟု ဆိုကြသည်။မင်းသမီးလေး၏ ဝတ်ရုံသည် ရေအိုင်အနီးတွင် သဲပုံများအဖြစ်ပြောင်းလဲသွားခဲ့ကာ မင်းသမီး ကိုယ်တိုင်သည်လည်း အိုအေစစ်အတွင်း နေထိုင်သည့် ရေသူမ ဖြစ်သွားခဲ့သည်ဟု ယုံကြည်ကြသည်။

၈။ အမ်မ်အယ်လ်မာ (Umm al-Maa, Libya)

လစ်ဗျားနိုင်ငံမှ သဲပင်လယ်ဟု ထင်ရှားသည့် အီဒီဟမ်အူဘာရီ ကန္တာရ တွင်ရှိသည့် ရေအိုင်သည် အမ်မ်အယ်လ်မာ အိုအေစစ်အဖြစ် လူသိများသည်။အမ်မ်အယ်လ်မာသည် အူဘာရီ သဲပင်လယ် အတွင်းပိုင်းတွင် ပုန်းကွယ်နေသည့်အလား လစ်ဗျား ဆာဟာရအတွင်းတည်ရှိနေသည်။ကန္တာရအတွင်းရှိ သဲတောင်ပုံများအကြားတွင် ယခင်ကအိုအေစစ်ရေကန် ၁၆ ခုရှိခဲ့သော်လည်း တစ်စတစ်စ ကွယ်ပျောက်ခဲ့ကာ Gebraoun ၊ Mafo နှင့် Umm-al-Maa တို့သာ ကျန်ရှိနေသည်။

၇။ တီမီယာ (Timia Oasis, Niger)

နိုင်ဂျီးရီးယားနိုင်ငံ၊အဂါဇက်မြို့မှ ကားဖြင့်သွားလျှင် ခြောက်နာရီ မောင်းနှင်ရသည့် တီမီယာသည် ထူးခြားသည့် ကမ္ဘာ့ အလှဆုံး အိုအေစစ်ဟု ဆိုကြသည်။တီမီယာသို့ လာရောက်ကြသည့် ကမ္ဘာလှည့်ခရီးသည်များသည် အနီးရှိ ပြင်သစ် ခံတပ် ဟောင်းတစ်ခုနှင့် မြို့ဟောင်း အက်ဆိုဒီကိုလည်း ကြည့်ရှုလေ့ရှိကြသည်။

အဲ တောင်တန်းများအကြားတွင် တည်ရှိနေသည့် တီမီယာသည် အခြား အိုအေစစ်များနှင့် မတူဘဲစိမ်းလန်းသော မြင် ကွင်းများရှိနေသည်။အိုအေစစ်အနီးတွင် အသီးများသီးနေသည့်လိမ္မော်ပင်များနှင့် တလည်းပင်များ (pomegranate) ရှိကာ အိုအေစစ်သို့ရောက်ရှိလာသူများသည် ယင်းတို့ကို ဆွတ်ခူးစားသုံးနိုင်ကြသည်။ အပင်များ၏ နောက်ခံတွင် သဲတောင်များ ရှိနေသဖြင့် လှပသည့် ရှုခင်းတစ်ခုဖြစ်လာခဲ့သည်။တီမီယာ အိုအေစစ်အတွင်း ကန္တာရတွင်ပေါက်လေ့ရှိသည့် စွန်ပလွန်ပင်များ၊ ဇီးပင်များနှင့် ရှောက်ပင်များသည် စိမ်းလန်းစိုပြေသည့် ဥယျာဉ်များအဖြစ်တည်ရှိနေကြကာ ရေအိုင်ကြီးတစ်ခုလည်း ရှိနေသည်။

၆။ ဆာဟာရ လခြမ်းရေကန် (Crescent Lake in Sahara Gobi Desert)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဒန်ဟောင်းမြို့၏ တောင်ဘက်သို့ ၆ ကီလိုမီတာကွာဝေးသည့် ဆာဟာရ ဂိုဘီသဲကန္တာရ တွင် အိုအေစစ်တစ်ခုအဖြစ် အံ့ဩဖွယ် လခြမ်းပုံရေပူစမ်းတစ်ခုက အံ့ဩဖွယ် တည်ရှိသည်။ယင်းအိုအေစစ်ကို အီချိုရင်း သဲတောင်တန်းကြီးက ဝန်းရံထားသည်။ယင်းနေရာသည် မိုးလုံး၀ မရွာသွန်းမှုနှင့် စိုက်ပျိုးရေး လုပ်ငန်းအတွက် ရေအရင်း အမြစ် များကို ဆက်တိုက် ထုတ်ယူသုံးစွဲခဲ့မှုများကြောင့် ကန္တာရ အဖြစ်ပြောင်းလဲသွားခဲ့သည်။အိုအေစစ်အဖြစ်ကျန်ရှိနေသည့် ဂိုဘီ လခြမ်းပုံရေကန်ကို ပိုးလမ်းမသို့ သွားသည့် ခရီးလမ်းတွင် မြင်တွေ့နိုင်ကြသည်။

၅။ အီဘရာဟင်မ် အိုအေစစ် (Abraham’s Oasis, Syria)

အီဘရာဟင်မ်သည် ဂျူး၊ ဆာမာရီတန်၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာရေးဆိုင်ရာ သမိုင်းကြောင်းများတွင် အရေးပါ သည့် နေရာတစ်ခုဖြစ်ခဲ့သည်။ဆီရီးယားနိုင်ငံ၊ အယ်လ်အန်ဘာပြည်နယ်အတွင်းတည်ရှိသည့် ဟစ်နှင့် ဟာဒီသာ မြို့ကြီးနှစ်မြို့ အကြား၌ တည်ရှိသည့် အီဘရာဟင်မ်သည် ယူဖရစ်တီးမြစ်မှ ခြောက်မိုင်ကွာဝေးသည်။ ယင်းနေရာတွင် ဆီရီယားပြည်တွင်းစစ်မှ ဒုက္ခသည်ကလေးများကို ထိန်းသိမ်းစောင့်ရှောက်သည့် စခန်းဖွင့်လှစ်ခဲ့သည်။

၄။ အိုင်းဂီဒီ (Oasis Ein Gedi, Israel)

အစ္စရေးနိုင်ငံ၏ ထင်ရှားသော သဘာဝနယ်မြေတစ်ခုဖြစ်သည့် အိုင်းဂီဒီသည် ပင်လယ်သေ၏ အနောက်ဘက်တွင် ကမ်းခြေတစ်လျောက် အရှည်လျားဆုံးတည်ရှိနေသည်။ဆိတ်ငယ်လေး၏ ရေပူစမ်းဟု အဓိပ္ပါယ်ရှိသည့် အိုင်းဂီဒီ၏ အနီးတွင် မာဆာဒါနှင့်ကွမ်ရမ် ဂူများရှိသည်။ယင်းနေရာတွင် ဂျူဒါးမျိုးနွယ်စုများ နေထိုင်ခဲ့ကြပြီး ဆော်လမွန်ဘုရင်များလက်ထက်ကပင် ထင် ရှားသော အိုအေစစ်တစ်ခုဖြစ်ခဲ့သည်။

၃။ ဆိုလိုရန် (Sonoran Desert Oasis, USA)

အမေရိကန်ပြည်ထောင်စုအနောက်တောင်ပိုင်းရှိ ကြီးမားသော မြေနေရာအစိတ်အပိုင်းများသည် ဆိုလိုရန် ကန္တာရအတွင်း ကျရောက်နေပေသည်။ အာရီဇိုးနားပြည်နယ်နှင့် ကာလီဖိုးနီးယားပြည်နယ်အနောက်တောင်ပိုင်းတွင်တည်ရှိသည့် ဆိုလိုရန် သဲကန္တာရ သည် ၂၆၀ ၀၀၀ စတုရန်းကီလိုမီတာကျယ်ဝန်းလျက်အမေရိကန်နိုင်ငံအနောက်တောင်ပိုင်းနှင့် မက္ကဆီကိုနိုင်ငံ အနောက် မြောက်ပိုင်း တွင် ကျရောက်နေကာ အမေရိကန် နိုင်ငံနှင့် မက္ကဆီကို နိုင်ငံ တို့၏ နယ်ခြားဖြတ်လမ်းသည် ဆိုလိုရန် အတွင်း၌ တည်ရှိ နေသည်။ ဆိုလိုရန် ကန္တာရအတွင်း၌ နို့တိုက်သတ္တဝါမျိုးစိတ် ၆၀ နှင့် ငှက်မျိုးစိတ် ၃၅၀ ကျော် ကျက်စားနေထိုင်ကြသည်။ထို့အတူ အိုအေစစ်အတွင်း အပင်မျိုးစိတ် ၂၀၀၀ ကျော်ပေါက်ရောက်နေပေသည်။

၂။ မွေးမြူရေးခြံ အိုအေစစ် (Oasis on a Ranch in Red Rock Canyon Near Las Vegas)

အမေရိကန်ပြည်ထောင်စု၊လက်စ်ဗီးဂတ်အနီးရှိ အမီရောင်ကျောက်ဆောင် ကင်ယွန်မှ မွေးမြူရေး ခြံကြီးတစ်ခုပေါ်တွင် အိုအေစစ်တစ်ခု တည်ရှိသည်။ထူးခြား၍ အံ့ဖွယ်ကောင်းသည့် ယင်းအိုအေစစ်သည် အလွန်ကြီးမားကျယ်ပြန့်ကာ ဧရိယာ ၅၂၀ ဧကရှိသည်။

ဝီလ်ဆင်ကျောက်ကမ်းပါးများ၏ အခြေတွင် တည်ရှိသည့် ယင်းအိုအေစစ်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ခရီးသွားများ စခန်းချ နားခိုခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့သည်။ယခုအချိန်တွင် အိုအေစစ် ဝင်ကြေးအဖြစ် ကားတစ်စီးလျှင် ခြောက် ဒေါ်လာပေးဆောင်ကြရသည်။အိုအေစစ်တွင် သမိုင်းဝင် ခရီးများ၊မြင်းစီးလမ်းကြောင်းများနှင့် များစွာသော ခရီးသွားအုပ်စု လှုပ်ရှားမှုများရှိပေသည်။

၁။ အာဂွာ ကာလီရင့်တီ အိုအေစစ် (Agua Caliente, Tucson, Arizona)

အမေရိကန်ပြည်ထောင်စု၊ အာရီဇိုးနားပြည်နယ်ရှိ လှပသော အာဂွာ ကာလီရင့်တီ အိုအေစစ်ကို အပန်းဖြေ ဥယျာဉ်တစ်ခု အဖြစ် ပြောင်းလဲထားသည်။ရှေးဟောင်းသုတေသန ဆိုင်ရာ တွေ့ရှိမှု အထောက်အထားများအရ ယင်းအိုအေစစ်တည်ရှိသည့် နေရာတွင် အနည်းဆုံး လွန်ခဲ့သော နှစ် ၅၀၀၀ မှစ၍ လူများ အခြချ နေထိုင်ခဲ့ကြသည်။ အိုအေစစ်အတွင်း နွေးထွေးသော ရေပူစမ်းများမှ ရေများဝင်ရောက်နေသည့် ရေကန်များ၊ အပူပိုင်းအပင်များ၊သဲများပြည့်နေ သည့် လျှောက်လမ်းများတည်ရှိနေပေသည်။

သဘာဝတရားသည် ကမ္ဘာမြေကြီးအား အလှအပများ ဆင်မြန်းပေးခဲ့ရာ ပူပြင်းခြောက်သွေ့သော လွင်တီး ခေါင်နေရာ များရှိ အိုအေစစ်များလည်း ပါဝင်လျက်ရှိပေသည်။ယင်းအိုအေစစ်များကို ခေတ်သစ်လူသားများက အနားယူအပမ်းဖြေနိုင်သည့် နေရာများအဖြစ် ဖန်တီးနိုင်ခဲ့သဖြင့် အချို့သော အိုအေစစ်များသည် ကမ္ဘာလှည့် ခရီးသွားများ သွားရောက်လည်ပတ်ရန် စိတ်ဝင်စား သည့် နေရာများဖြစ်လာခဲ့ကြပေသည်။

မောင်သာ (ရှေးဟောင်းသုတေသန)

၂၀၁၇ ခုနှစ် ဒီဇင်ဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ

Leave a Reply