သဲကႏာၱရေသမင္း ဆုိတဲ့ ကင္းၿမီးေကာက္

Posted on

ကင္းၿမီးေကာက္ေတြထဲမွာ အဆိပ္အျပင္းဆုံးလုိ႔ဆုိရမွာကေတာ့ သဲကႏာၱရေသမင္းလုိ႔ ေခၚေလ့ရွိၾကတဲ့ Deathstaker ကင္းၿမီးေကာက္ေတြပဲျဖစ္ပါတယ္။ အဆိပ္အလြန္ျပင္းတဲ့ Deathstaker ေတြဟာ ခ်ံဳႏြယ္ထူထပ္တဲ့ေဒသနဲ႔ သဲကႏာၱရေဒသေတြမွာေနထိုင္ၾက ပါတယ္။ သူတုိ႔ကုိ အစၥေရးက အ၀ါေရာင္ကင္းၿမီးေကာက္ လုိ႔လည္း လူသိမ်ားပါတယ္။

ကင္းျမီးေကာက္ေတြထဲမွာေတာ့ အၾကီးဆံုးေတြျဖစ္တဲ့ Buthidaeမ်ိဳးစိတ္ေတြ ျဖစ္တဲ့ Deathstaker ေတြဟာေဒသအလိုက္ ကြဲျပားတဲ့အေခၚေတြကို ပိုင္ဆိုင္ထားၾကပါတယ္။ သိပၸံအမည္ကေတာ့ Leiurus quinquestriatus ျဖစ္ၿပီး အဓိပၸါယ္ကေတာ့ အစင္းငါးေၾကာင္းနဲ႔ ေခ်ာမြတ္တဲ့အၿမီးပါရွိေသာ ဆုိၿပီးျဖစ္ပါတယ္။

Deathstakerေတြကိုေတာ့ အာဖရိကတိုက္ေျမာက္ပိုင္းက ေတာင္တန္းေဒသ ၊အာဖရိကတိုက္ အေရွအလယ္ပိုင္း၊ ဆာဟာရ သဲကႏာၱရ၊ အာေရးဘီးယန္းသဲကႏာၱရ၊ Thar သဲကႏာၱရ၊ အာရွတိုက္ အေရွအလယ္ပိုင္းေဒသ၊ အာဖရိကတိုက္က အယ္ဂ်ီးရီးယား၊ မာလီ၊ အီသီယိုးပီးယား နိုင္ငံေတြမွာအမ်ားဆံုး ေတြ႔ျမင္နိုင္ပါတယ္။

သူတုိ႔ရဲ႕အရြယ္အစားကေတာ့ ၁.၂လက္မ ကေန ၃လက္မအထိ ရွိတတ္ၿပီး အေရခြံ လဲေလ့ရွိတဲ့ သတၱဝါေတြျဖစ္ပါတယ္။ အေရာင္ကေတာ့ အ၀ါေဖ်ာ့ေရာင္ နဲ႔ အစိမ္းေရာင္ေတြ ရွိတတ္ပါတယ္။ ပူျပင္းေျခာက္ေသြ႔ တဲ့ေဒသေတြမွာသာ ေပါက္ပြား ရွင္သန္ၾကတဲ့ Deathstaker ေတြဟာ သားရဲတိရိစာၦန္ ေရာင္းဝယ္ေရးေလာကမွာ တင္ပို႔ေရာင္းခ်ျခင္းကိုခံေနခဲ့ရတဲ့ မ်ိဳးစိတ္ေတြလည္း ျဖစ္ပါတယ္။

သဲကႏာၱရေသမင္း လုိ႔ေခၚေပမယ့္ ဒီအေကာင္ေတြရဲ႕အဆိပ္ဟာ က်န္းမာသန္စြမ္းတဲ့ ေယာက်ၤားတစ္ေယာက္ကုိ မေသေစႏုိင္ပါဘူး။ ဒါေပမယ့္ အလြန္နာက်င္စြာခံစားရနိုင္ျပီး သြပ္ခ်ာပါဒ ေရာဂါျဖစ္ေလာက္တဲ့ အထိျပင္းထန္ပါတယ္။ ကေလးငယ္နဲ႔ အမ်ိဳးသမီး ေတြအတြက္ေတာ့ အလြန္ အသက္ဆုံးရႈံးႏုိင္သည္အထိ အႏ ၱရာယ္ၾကီးတဲ့ သတၱဝါေတြျဖစ္ပါတယ္။

Deathstaker ေတြဟာ သြင္ျပင္ဟာ ေပါက္ပြားရာေဒသအေပၚမူတည္ျပီး မ်ိဳးစိတ္တစ္ခုနဲ႔တစ္ခုကြဲျပားေလ့ရွိၾကျပီး သူတို႔ရဲ့ရွင္သန္ၾကီးထြားမႈျဖစ္စဥ္ေတြဟာလည္း ျခားနားသြားေလ့ရွိိပါတယ္။ Deathstaker ေတြရဲ့ မူရင္းေဒသဟာ ဆာဟာရ သဲကႏာၱရ ေဒသျဖစ္ေပမဲ့ ယင္းေဒသဟာ Deathstakerေ တြအတြက္ အစာရွာေဖြရာမွာ အခက္အခဲ ရွိတာေၾကာင့္ သူတို႔ရဲ့က်န္ရွိတဲ့ ရွင္သန္မႈျဖစ္စဥ္ေတြကို အျခားေသာေဒသေတြမွာ အေျခခ်ျပီးဆက္လက္ လုပ္ေဆာင္ရေလ့ရွိပါတယ္။

Deathstaker ေတြဟာ အနည္းငယ္ေသာ အင္းဆတ္ပိုးမႊားေတြကို စားသံုးျပီး တစ္နွစ္ ပတ္လံုးအသက္ရွင္ေနထိုင္နိုင္ၾကပါတယ္။ သူတုိ႔ ဝါးျမိဳစားေသာက္လိုက္ တဲ့အစားအစာ(သက္ရွိအေကာင္ငယ္)ေတြဆီက ပါရွိလာတဲ့ ေရဓာက္ဟာ Deathstaker ေတြရဲ့ ခႏၶာကိုယ္အတြက္အလြန္လိုအပ္တဲ့ အရာျဖစ္ေၾကာင္း ပညာရွင္ေတြက ဆုိပါတယ္။ ဒါေၾကာင့္ Deathstakerေတြဟာ တစ္ဆင့္ခံနည္းနဲ႔ ေရဓာက္ကိုလိုအပ္တဲ့ သတၱဝါေတြလို႔သတ္မွက္ၾကရမွာပါ။

ပံုမွန္အားျဖင့္ေတာ့ သူတို႔ဟာ ျပင္ပက ေရကိုထိေတြ႔ေလ့ မရွိၾကပါဘူး။ သဲကႏာၱရေဒသရဲ့ အပူခ်ိန္ကိုေရွာင္လႊဲနိုင္ဖို႔အတြက္ Deathstaker ေတြဟာ ေျမက်င္းေတြ၊ ေက်ာက္သားအက္ေၾကာင္းေတြ၊ေက်ာက္တံုး/ေက်ာက္ခဲေတြေအာက္မွာ ပုန္းေအာင္းေနထိုင္ေလ့ရွိၾကပါတယ္။

Deathstakerေတြဟာ အစာရွာထြက္ခ်ိန္နဲ႔ ညအခ်ိန္ေရာက္မွသာ သူတို႔ပုန္းခိုေနတဲ့ ေနရာကေနအျပင္ကုိထြက္ လာေလ့ရွိပါတယ္။ သူတုိ႔ရဲ႕ အဓိကအစားအစာေတြကေတာ့ ပင့္ကူ၊ ပုရြက္ဆိတ္၊ ပိုးေကာင္မ်ိဳးစံု တို႔ျဖစ္ၾကျပီး တစ္ခါတစ္ရံမွာေတာ့ Deathstakerေတြဟာ တစ္ေကာင္နဲ႔တစ္ေကာင္ (ဒါမွမဟုတ္ရင္) အျခား ကင္းျမီးေကာက္ မ်ိဳးႏြယ္စုေတြကို ျပန္လည္စားေသာက္ေလ့ရွိပါတယ္။

သိပၸံပညာရွင္ေတြကေတာ့ Deathstaker ေတြမွာ ပါရွိတဲ့ အဆိပ္ဓာတ္ကို အသံုးျပဳျပီး ကင္ဆာကဲ့သုိ႔ လူသားေတြရဲ့ ေရာဂါကုထံုးအခ်ဳိ႕ကိုကုသေပးနိုင္ မယ္လို႔ယူဆျပီး စမ္းသပ္မႈေတြကိုလုပ္ေဆာင္လ်က္ရွိေနပါတယ္။ ဒါေပမယ့္ ဒီအေကာင္ေတြရဲ႕အဆိပ္ဟာ အပ္တစ္ေခ်ာင္းစာပဲထြက္တာေၾကာင့္ ပမာဏအရမ္းနည္းလြန္းၿပီး ရွာေတြ႔ဖုိ႔ခက္လွပါတယ္။ ဒီလုိရွားပါးလြန္းတာေၾကာင့္ သိပၸံပညာရွင္ေတြဟာ Deathstaker ရဲ႕အဆိပ္ ၁ မီလီဂရမ္ကုိ ေဒၚလာ ၁၃၀ အထိ  ေပးကာ ၀ယ္ယူလွ်က္ရွိပါတယ္။

သုတဇုန္

————-

သဲကန္တာရသေမင်း ဆိုတဲ့ ကင်းမြီးကောက် (unicode)

ကင်းမြီးကောက်တွေထဲမှာ အဆိပ်အပြင်းဆုံးလို့ဆိုရမှာကတော့ သဲကန္တာရသေမင်းလို့ ခေါ်လေ့ရှိကြတဲ့ Deathstaker ကင်းမြီးကောက်တွေပဲဖြစ်ပါတယ်။ အဆိပ်အလွန်ပြင်းတဲ့ Deathstaker တွေဟာ ချုံနွယ်ထူထပ်တဲ့ဒေသနဲ့ သဲကန္တာရဒေသတွေမှာနေထိုင်ကြ ပါတယ်။ သူတို့ကို အစ္စရေးက အဝါရောင်ကင်းမြီးကောက် လို့လည်း လူသိများပါတယ်။

ကင်းမြီးကောက်တွေထဲမှာတော့ အကြီးဆုံးတွေဖြစ်တဲ့ Buthidaeမျိုးစိတ်တွေ ဖြစ်တဲ့ Deathstaker တွေဟာဒေသအလိုက် ကွဲပြားတဲ့အခေါ်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ သိပ္ပံအမည်ကတော့ Leiurus quinquestriatus ဖြစ်ပြီး အဓိပ္ပါယ်ကတော့ အစင်းငါးကြောင်းနဲ့ ချောမွတ်တဲ့အမြီးပါရှိသော ဆိုပြီးဖြစ်ပါတယ်။

Deathstakerတွေကိုတော့ အာဖရိကတိုက်မြောက်ပိုင်းက တောင်တန်းဒေသ ၊အာဖရိကတိုက် အရှေအလယ်ပိုင်း၊ ဆာဟာရ သဲကန္တာရ၊ အာရေးဘီးယန်းသဲကန္တာရ၊ Thar သဲကန္တာရ၊ အာရှတိုက် အရှေအလယ်ပိုင်းဒေသ၊ အာဖရိကတိုက်က အယ်ဂျီးရီးယား၊ မာလီ၊ အီသီယိုးပီးယား နိုင်ငံတွေမှာအများဆုံး တွေ့မြင်နိုင်ပါတယ်။

သူတို့ရဲ့အရွယ်အစားကတော့ ၁.၂လက်မ ကနေ ၃လက်မအထိ ရှိတတ်ပြီး အရေခွံ လဲလေ့ရှိတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ အရောင်ကတော့ အဝါဖျော့ရောင် နဲ့ အစိမ်းရောင်တွေ ရှိတတ်ပါတယ်။ ပူပြင်းခြောက်သွေ့ တဲ့ဒေသတွေမှာသာ ပေါက်ပွား ရှင်သန်ကြတဲ့ Deathstaker တွေဟာ သားရဲတိရိစ္ဆာန် ရောင်းဝယ်ရေးလောကမှာ တင်ပို့ရောင်းချခြင်းကိုခံနေခဲ့ရတဲ့ မျိုးစိတ်တွေလည်း ဖြစ်ပါတယ်။

သဲကန္တာရသေမင်း လို့ခေါ်ပေမယ့် ဒီအကောင်တွေရဲ့အဆိပ်ဟာ ကျန်းမာသန်စွမ်းတဲ့ ယောင်္ကျားတစ်ယောက်ကို မသေစေနိုင်ပါဘူး။ ဒါပေမယ့် အလွန်နာကျင်စွာခံစားရနိုင်ပြီး သွပ်ချာပါဒ ရောဂါဖြစ်လောက်တဲ့ အထိပြင်းထန်ပါတယ်။ ကလေးငယ်နဲ့ အမျိုးသမီး တွေအတွက်တော့ အလွန် အသက်ဆုံးရှုံးနိုင်သည်အထိ အန ၱရာယ်ကြီးတဲ့ သတ္တဝါတွေဖြစ်ပါတယ်။

Deathstaker တွေဟာ သွင်ပြင်ဟာ ပေါက်ပွားရာဒေသအပေါ်မူတည်ပြီး မျိုးစိတ်တစ်ခုနဲ့တစ်ခုကွဲပြားလေ့ရှိကြပြီး သူတို့ရဲ့ရှင်သန်ကြီးထွားမှုဖြစ်စဉ်တွေဟာလည်း ခြားနားသွားလေ့ရှိပါတယ်။ Deathstaker တွေရဲ့ မူရင်းဒေသဟာ ဆာဟာရ သဲကန္တာရ ဒေသဖြစ်ပေမဲ့ ယင်းဒေသဟာ Deathstakerေ တွအတွက် အစာရှာဖွေရာမှာ အခက်အခဲ ရှိတာကြောင့် သူတို့ရဲ့ကျန်ရှိတဲ့ ရှင်သန်မှုဖြစ်စဉ်တွေကို အခြားသောဒေသတွေမှာ အခြေချပြီးဆက်လက် လုပ်ဆောင်ရလေ့ရှိပါတယ်။

Deathstaker တွေဟာ အနည်းငယ်သော အင်းဆတ်ပိုးမွှားတွေကို စားသုံးပြီး တစ်နှစ် ပတ်လုံးအသက်ရှင်နေထိုင်နိုင်ကြပါတယ်။ သူတို့ ဝါးမြိုစားသောက်လိုက် တဲ့အစားအစာ(သက်ရှိအကောင်ငယ်)တွေဆီက ပါရှိလာတဲ့ ရေဓာက်ဟာ Deathstaker တွေရဲ့ ခန္ဓာကိုယ်အတွက်အလွန်လိုအပ်တဲ့ အရာဖြစ်ကြောင်း ပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့် Deathstakerတွေဟာ တစ်ဆင့်ခံနည်းနဲ့ ရေဓာက်ကိုလိုအပ်တဲ့ သတ္တဝါတွေလို့သတ်မှက်ကြရမှာပါ။

ပုံမှန်အားဖြင့်တော့ သူတို့ဟာ ပြင်ပက ရေကိုထိတွေ့လေ့ မရှိကြပါဘူး။ သဲကန္တာရဒေသရဲ့ အပူချိန်ကိုရှောင်လွှဲနိုင်ဖို့အတွက် Deathstaker တွေဟာ မြေကျင်းတွေ၊ ကျောက်သားအက်ကြောင်းတွေ၊ကျောက်တုံး/ကျောက်ခဲတွေအောက်မှာ ပုန်းအောင်းနေထိုင်လေ့ရှိကြပါတယ်။

Deathstakerတွေဟာ အစာရှာထွက်ချိန်နဲ့ ညအချိန်ရောက်မှသာ သူတို့ပုန်းခိုနေတဲ့ နေရာကနေအပြင်ကိုထွက် လာလေ့ရှိပါတယ်။ သူတို့ရဲ့ အဓိကအစားအစာတွေကတော့ ပင့်ကူ၊ ပုရွက်ဆိတ်၊ ပိုးကောင်မျိုးစုံ တို့ဖြစ်ကြပြီး တစ်ခါတစ်ရံမှာတော့ Deathstakerတွေဟာ တစ်ကောင်နဲ့တစ်ကောင် (ဒါမှမဟုတ်ရင်) အခြား ကင်းမြီးကောက် မျိုးနွယ်စုတွေကို ပြန်လည်စားသောက်လေ့ရှိပါတယ်။

သိပ္ပံပညာရှင်တွေကတော့ Deathstaker တွေမှာ ပါရှိတဲ့ အဆိပ်ဓာတ်ကို အသုံးပြုပြီး ကင်ဆာကဲ့သို့ လူသားတွေရဲ့ ရောဂါကုထုံးအချို့ကိုကုသပေးနိုင် မယ်လို့ယူဆပြီး စမ်းသပ်မှုတွေကိုလုပ်ဆောင်လျက်ရှိနေပါတယ်။ ဒါပေမယ့် ဒီအကောင်တွေရဲ့အဆိပ်ဟာ အပ်တစ်ချောင်းစာပဲထွက်တာကြောင့် ပမာဏအရမ်းနည်းလွန်းပြီး ရှာတွေ့ဖို့ခက်လှပါတယ်။ ဒီလိုရှားပါးလွန်းတာကြောင့် သိပ္ပံပညာရှင်တွေဟာ Deathstaker ရဲ့အဆိပ် ၁ မီလီဂရမ်ကို ဒေါ်လာ ၁၃၀ အထိ  ပေးကာ ဝယ်ယူလျှက်ရှိပါတယ်။

Leave a Reply