သမုိင္းတြင္ခဲ့ေသာ အမွား ၉ ခု

Posted on

အမွားဆိုတဲ့အရာနဲ႔ေတာ့ ကင္းေအာင္ေနနိုင္ဖို႔ဆိုတာ လူသားေတြအတြက္ေတာ့ မျဖစ္နိုင္ေလာက္ပါဘူး။ အဲဒီအမွားေတြကို သင္ခန္းစာယူျပီးေရွဆက္သြားနိုင္ပါမွ တိုးတက္ ေအာင္ျမင္တဲ့ ဘဝေတြကိုပိုင္ဆိုင္ၾကရတာပါ။ ဒါေပမဲ့ တစ္ခ်ဳိ႕ေသာအမွားေတြကေတာ့ ျပန္လည္ျပင္ဆင္နိုင္ဖို႔ အခြင့္အေရးေပးမွာမဟုတ္ပဲ တိုက္ဆိုင္ခ်ိန္တိုင္း ၾကီးစြာေသာဆံုး ရံႈးမႈေတြအေၾကာင္းကို တေျမ့ေျမ့ေတြးေတာေနရမွာပါ။

ဒီေနရာမွာ မ်ွေဝေပးခ်င္တာ ကေတာ့ ကမာၻေပၚမွာ ျဖစ္ပြားခဲ့တဲ့လူသားေတြရဲ့ အၾကီးမားဆံုးမွားယြင္းမႈေတြ အေၾကာင္းပဲျဖစ္ပါတယ္။ တစ္ဦးတစ္ေယာက္ မွသည္အဖြဲ႔အစည္းအလိုက္ မွားယြင္းတဲ့ အေတြးေအေခၚေၾကာင့္ လူ႔အသက္မ်ားစြာ၊သမိုင္းဝင္အေမြအနွစ္မ်ားစြာ၊ေငြေၾကး တန္ဖိုးမ်ားစြာ ဆံုးရံႈးပ်က္ဆီးခဲ့ရပါတယ္။

(၉) ၾသစတီးယားစစ္တပ္ရဲ့ အခ်င္းခ်င္းမွားယြင္းပစ္ခတ္မႈ

၁၇၈၇ ကေန ၁၇၉၁ ခုနွစ္အထိ ေအာ္တိုမန္အင္ပါယာနဲ႔ ျဖစ္ပြားခဲ့တဲ့ စစ္ပြဲေတြ အတြင္း Karansbes စစ္ပြဲမွာေတာ့ ၾသစတီးယားစစ္သည္ေတြဟာ အခ်င္းခ်င္းမွားယြင္းပစ္ခတ္ခဲ့တာေၾကာင့္ စစ္သည္(၁၂၀၀)ေလာက္က်ဆံုးခဲ့ရပါတယ္။ ၁၇၈၈ခုနွစ္၊စက္တင္ဘာလ(၂၂)ရက္ေန႔ ည သန္းေခါင္အခ်ိန္မွာ တူရကီေတြထိန္းခ်ဳပ္ ထားတဲ့ Timis ျမစ္ကမ္း အနီးရွိ Karansbes(ယခု ရိုေမးနီးယားနိုင္ငံ Caransedesျမိဳ႕) ပတ္ဝန္းက်င္မွာ ျမိဳ႔သိမ္းတိုက္ပြဲဝင္ရန္ တပ္ျဖန္႔ထားတဲ့ ၾသစတီးယားစစ္သည္ေတြဟာ မွားယြင္းတဲ့ပစ္ခတ္မႈတစ္ခုကေန စတင္ ျပီး အခ်င္းခ်င္းျပန္လည္ တုိက္ခုိက္ခဲ့ၾကတာေၾကာင့္ ကမာၻစစ္သမိုင္းမွာ အဆိုးရြားဆံုး ေသာျဖစ္ရပ္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

(၈) Alexandria စာၾကည့္တိုက္မီးေလာင္ခဲ့မႈ

အီဂ်စ္နုိုင္ငံမွာတည္ရွိတဲ့ Alexandria စာၾကည့္တိုက္ဟာ ေရွးေခတ္ကာလရဲ့ အၾကီးမား ဆံုးနဲ႔ အစံုလင္ဆံုးေသာ စာေပဗိမာန္တစ္ခုအျဖစ္ သမိုင္းပညာရွင္ေတြအားလံုး က သတ္မွတ္ခဲ့ၾကပါတယ္။ ေရွးအီဂ်စ္မင္းဆက္ရဲ့ ေနာက္ဆံုးမင္းဆက္ Ptolemaic မင္းဆက္ရဲ့ ဘုရင္ Ptolemy I Soter လက္ထက္က စတင္တည္ေထာင္ခဲ့တဲ့ Alexandria စာၾကည့္တိုက္ဟာ သမိုင္းျပခန္းတစ္ခုလို႔ဆိုရေလာက္ေအာင္ ကမာၻအေမြအနွစ္စာအုပ္၊စာေပ၊မွတ္တမ္း လက္ရာ၊ ပန္းခ်ီကားေတြကို ထိန္းသိမ္းထားတာျဖစ္ျပီး ၊စာလိပ္/ေပလိပ္(ယင္းကာလ က စာအုပ္မေပၚေသး) (၄၀၀၀၀၀)ေလာက္ကို စာအုပ္စင္ေတြအျပည့္ ထားရွိတာပါ။

အဲဒီစာၾကည့္တိုက္ၾကီးဟာ မေတာ္တဆေလာင္ကၽြမ္းတဲ့ မီးေၾကာင့္ ပ်က္စီးခဲ့ရပါတယ္။ စာေပေလာကသားေတြအတြက္ အစားထိုးမရတဲ့ဆံုးရံႈးမႈျဖစ္ခဲ့ရျပီး မီးေလာင္ကၽြမ္းမႈ ျဖစ္စဥ္ဟာ ေရာမစာေရးဆရာတစ္ေယာက္ရဲ့ အခန္းကေနစတင္ေလာင္ကၽြမ္းခဲ့ျပီး အတြင္းပိုင္းမွာ လိႈက္ေလွာင္ေနတာေၾကာင့္လူမသိပဲ မီးေတာက္ၾကီးမားလာမွ သိရွိခဲ့ ၾကပါတယ္။ အမ်ားစုဟာ မီးကိုျငိမ္းသတ္ဖို႔ မၾကိဳးစားပဲ ထြက္ေျပးခဲ့တာေၾကာင့္ အေျခအေန အလြန္ဆိုးရြားခဲ့တာျဖစ္ပါတယ္။

အခ်ိဳ႕ေသာသမိုင္းပညာရွင္ေတြကေတာ့ ၄၈ ဘီစီမွာ ဂ်ဴးလီယက္ဆီဇာရဲ့ လက္ခ်က္ ေၾကာင့္ ပ်က္စီးခဲ့ရတာလို႔ဆိုပါတယ္။ ဒါကလည္းဂ်ဴးလီးယက္ဆီဇာရဲ့ မွတ္တမ္းတစ္ခု အရျဖစ္ျပီး Alexandriaျမိဳ႔သားေတြနဲ႔တိုက္ခိုက္ခဲ့တဲ့ ေရတပ္တိုက္ပြဲမွာ သူရဲ့ေရတပ္ကို Alexandriaျမိဳ႕သားေတြက ျပိဳကြဲသြားဖို႔အားထုတ္ရာမွ ဂ်ဴးလီးယက္ဆီဇာတပ္က မီးကို အသံုးျပဳျပီး တန္ျပန္တိုက္ခိုက္ခဲ့တယ္ဆိုပါတယ္။ ဒါေၾကာင့္ ကမ္းနားမွာရွိတဲ့ ေဒါက္ရံုက ေနေလာင္ကၽြမ္းတဲ့မီးဟာ Alexandria စာၾကည့္တိုက္ကို ကူးစက္ခဲ့တာလို႔ဆိုပါတယ္။ ဂ်ဴးလီးယက္ဆီဇာအေနနဲ႔ Alexandria စာၾကည့္တိုက္ရဲ့ တန္ဖိုးကိုနားလည္ေပမဲ့ စစ္ပြဲ ကာလအတြင္းမွာျဖစ္ေနတာ အခြင့္မသာခဲ့ေၾကာင္း ေရးသားထားခဲ့ပါတယ္။

(၇) ေစာင္းေနတဲ့ ပီဆာေမွ်ာ္စင္

အီတလီနိုင္ငံ Pisa ျမိဳ႕မွာရွိတဲ့ ကမာၻေက်ာ္ပီဆာေမ်ွာ္စင္ဟာ (၁၈၃.၃)ေပအထိ အျမင့္ ရွိျပီး ၁၁၇၃ ကေနစတင္တည္ေဆာက္ခဲ့ရာ ၁၃၇၂ ခုနွစ္ေရာက္မွအျပီးသတ္ ေဆာက္ လုပ္ျပီးစီးနိုင္ခဲ့ပါတယ္။ ယခုအခ်ိန္မွာေတာ့ ယူနက္စကိုရဲ့ ကမာၻအေမြ အနွစ္အျဖစ္ အသိအမွတ္ျပဳ ထိန္းသိမ္းေစာင့္ေရွာက္ျခင္း ခံေနရျပီးျဖစ္တဲ့ ပီဆာေမ်ွာ္စင္ဟာ အီတလီ နိုင္ငံရဲ့ ျပယုဒ္တစ္ခုပမာျဖစ္လို႔ ေနတာပါ။ စက်င္ေက်ာက္ေတြကိုအသံုးျပဳျပီး တည္ေဆာက္ထားတဲ့ ပီဆာျမိဳ႕စင္ဟာ Romanesque စတိုင္တည္ေဆာက္ထားတာ လည္းျဖစ္ပါတယ္။

အ့ံၾသသင့္စရာေကာင္းတဲ့ အခ်က္ကေတာ့ ပီဆာေမွ်ာ္စင္ကိုစတင္ တည္ေဆာက္ဖို႔ဆံုးျဖတ္ခ်က္ခ်ခ်ိန္မွာ အီတလီတာဝန္ရွိသူေတြက ပီဆာေမ်ွာ္စင္ကို (၁၀)နွစ္အတြင္းျပီးစီးေအာင္ တည္ေဆာက္နုိင္မယ္လို႔ ယံုၾကည္ခဲ့ပါတယ္။ အမွန္ တကယ္တည္ေဆာက္ခဲ့ခ်ိန္မွာေတာ့ (၁၉၉)နွစ္ၾကာျမင့္ခဲ့ပါတယ္။ ေစာင္းသြားတုန္းကတႀကိမ္ ၊ စစ္ပြဲကာလေတြတုန္းကတစ္ႀကိမ္ ၂ႀကိမ္ရပ္နားခဲ့ရလုိ႔ျဖစ္ပါတယ္။

(၆) ပုလဲဆိပ္ကမ္းကိုတိုက္ခိုက္ေအာင္နိုင္ခဲ့တဲ့ ဂ်ပန္ေတြရဲ့အမွားမ်ား

၁၉၄၁ ခုနွစ္၊ဒီဇင္ဘာ(၇)ရကေန႔က ဂ်ပန္စစ္တပ္ရဲ့အလစ္အငိုက္ထားတိုက္ခိုက္မႈ ေၾကာင့္ အေမရိကန္ရဲ့ ပစိဖိတ္ေရတပ္ၾကီးအေတာ္အထိနာခဲ့ပါတယ္။ ဂ်ပန္ေတြဟာ ဒီအၾကံကို ကာလအတန္ၾကာထဲကစီစဥ္ခဲ့တာျဖစ္ေပမဲ့ သူတို႔ဟာ ႀကီးမားတဲ့ အမွားကို လြန္ခဲ့တယ္လို႔ဆိုရပါမယ္။ ဘာေၾကာင့္လဲဆိုေတာ့ဂ်ပန္ေတြဟာ တိုက္ခိုက္တဲ့ေန႔ကို အလုပ္ပိတ္ရက္ျဖစ္တဲ့ တနဂၤေႏြေန႔ကို ေရြးခဲ့တာေၾကာင့္ အေမရိကန္စစ္သည္ ၂၃၀၀ ေလာက္ရဲ့ အသက္ကိုသုတ္သင္နိုင္ခဲ့တာပါ။

တစ္ျခားဂ်ဴတီထမ္းေဆာင္ေနခ်ိန္ကို ေရြးမယ္ဆိုရင္ ယခုေသဆံုးတဲ့ အေရအတြက္ထက္ (၁၀)ဆမက ပို္နိုင္တယ္လို႔ အေမရိကန္အဆင့္ျမင့္အရာရွိၾကီးေတြကိုယ္တိုင္ ဝန္ခံထားတာပါ။ ဒါအျပင္ အေမရိကန္ေရငုပ္ သေဘၤာေနရာ၊ ေလာင္စာဆီေတြသိုေလွာင္တဲ့ေနရာ၊ သေဘာၤေဒါက္က်င္းေတြကို မဖ်က္ဆီးနိုင္ခဲ့ပါဘူး။ ဂ်ပန္စစ္တပ္ဟာ အဲဒီအေဆာက္အအံုနဲ႔ ေနရာေတြရဲ့တည္ေနရာ ကိုသိရွိေနေပမဲ့ မလိုအပ္ဘူးထင္လို႔ ခ်န္ထားခဲ့တဲ့သေဘာျဖစ္ေနပါတယ္။ ပိုဆိုး တာက အေမရိကန္သေဘၤာေဒါက္က်င္းေတြကို မဖ်က္ဆီးခဲ့တာျဖစ္ျပီး ဒီထက္ပိုဆိုးတာက အေမရိကန္ေလယာဥ္တင္သေဘၤာ (၃)စီးဟာ ပုလဲဆိပ္ကမ္းတိုက္ခိုက္ခံေနရခ်ိန္မွာ မရွိေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ဂ်ပန္ေတြဟာ တိုက္ပြဲတစ္ပြဲကိုနိုင္လိုက္သလို ျဖစ္ေန ျပီး စစ္ပြဲတစ္ခုလံုးနဲ႔ေတာ့ မသက္ဆိုင္ပဲ အထက္မွာေဖာ္ျပခဲ့တဲ့ မလိုအပ္ဘူးထင္တဲ့ အေဆာက္အအံုေတြကို အသံုးျပဳျပီး အေမရိကန္စစ္တပ္ဟာ ဂ်ပန္ကၽြန္းဆြယ္တစ္ခုျပီး တစ္ခုကို ထိုးစစ္ဆင္နိုင္ခဲ့ပါတယ္။တကယ္လို႔ ဂ်ပန္ေတြအေနနဲ႔ ပုလဲဆိပ္ကမ္းကို မတိုက္ခိုက္ပဲ တစ္ျခားနည္းနဲ႔ ဒုတိယကမာၻစစ္ထဲကို ဝင္ခဲ့ရင္ေတာင္ စစ္ပြဲရဲ့ အေျခအေနဟာ တစ္မ်ိဳးတစ္ဖံု ေျပာင္းလဲသြားနိုင္ပါတယ္။

(၅) ထရိုဂ်န္ျမင္းရုပ္ နဲ႔ ထရြဳိင္းၿမဳိ႕

ဟိုးယခင္ကာလေတြတုန္းကေတာ့ ထရိုဂ်န္ျမင္းရုပ္ထဲကုိ မ်ားစြာေသာ ဂရိစစ္သည္ ေတြကိုဝင္ေရာက္ေစျပီး အထိမ္းအမွတ္ပစၥည္းတစ္ခုကိုပဲ ဂရိစစ္တပ္ကက်န္ခဲ့သေယာင္ ျပဳလုပ္ကာ ပရိရာယ္ကိုသံုးျပီး ထရြဳိင္းၿမဳိ႕ကိုသိမ္းပိုက္ခဲ့တဲ့ ျဖစ္စဥ္ဟာ ဒ႑ာရီ ပုံျပင္တစ္ခုလို႔ပဲ အားလံုးကယူဆခဲ့ၾကပါတယ္။ ဒါေပမဲ့ (၁၈၆၀)ခုနွစ္မွာေတာ့ တူရကီနိုင္ငံရဲ့ ကမ္းရိုးတန္းေဒသတစ္ခုမွာ ေရွးေခတ္ေဟာင္း ျမိဳ႕တစ္ျမိဳ႕ကိုတူးေဖာ္ေတြ႕ရွိခဲ့ပါတယ္။

ပညာရွင္ေတြရဲ့ ေလ့လာခ်က္ေတြအရ လြန္ခဲ့တဲ့ နွစ္ေပါင္း(၄၀၀၀)ေလာက္ကတည္းက ထရြဳိင္းၿမဳိ႕ဟာ အမွန္တကယ္တည္ရွိေနခဲ့ျပီး၊ ဂရိနဲ႔ထရိုဂ်န္တို႔ရဲ့စစ္ပြဲကာလအတြင္းမွာလည္း ဂရိေတြဟာ အလြန္ၾကီးမားတဲ့ သစ္သား ျမင္းရုပ္ၾကီးကို အသံုးျပဳျပီး ဒီစစ္ပြဲကို အနိုင္တိုက္ခဲ့တယ္ဆိုတဲ့ ျဖစ္ရပ္ဟာ မွန္ကန္ေၾကာင္း အေျဖထြက္ခဲ့ပါတယ္။

(၄) ျပည္နယ္တစ္ခုလံုးကို ေရာင္းခ်မိလိုက္တဲ့ရုရွား

ရုရွားနဲ႔ အေမရိကန္ျပည္ေထာင္စုဟာ စစ္ေအးတိုက္ပြဲကာလမွသည္ ယေန႔အခ်ိန္ထိ နယ္ပယ္ေပါင္းစံုမွာ ျပိဳင္ဆိုင္လ်က္ရွိေနပါတယ္။ ဒါေပမဲ့ သမိုင္းေၾကာင္းအရေတာ့ ရုရွား ေတြဟာ သူတို႔ရဲ့ နယ္ေျမျဖစ္တဲ့ Alaska ျပည္နယ္တစ္ခုလံုးကိုေတာ့ အသံုးမလိုတဲ့ ေရခဲျပင္ၾကီးျဖစ္တယ္လို႔ယူဆျပီး အေမရိကန္ျပည္ေထာင္စုထံကို (၁၈၆၇)ခုနွစ္မွာေတာ့ အေမရိကန္ေဒၚလာ (၇.၂)သန္းနဲ႔ေရာင္းခ်ခဲ့ပါတယ္။

၂၀၁၇ ခုနွစ္ကစာရင္းေတြအရေတာ့ Alaska ျပည္နယ္ရဲ့လူဦးေရဟာ(၇၄၀၀၀၀)ေက်ာ္ ေလာက္သာရွိေပမဲ့ ေရနံနဲ႔သဘာဝဓာက္ေငြ႕အလြန္ေပါၾကြယ္ဝျပီး ပင္လယ္ငါးဖမ္းလုပ္ ငန္းလုပ္ကိုင္နိုင္တဲ့ေဒသ ျဖစ္ေနတာေၾကာင့္ အေမရိကန္ျပည္ေထာင္စုအတြက္ မ်ားစြာ အက်ိဳးျဖစ္ထြန္းခဲ့ပါတယ္။ ရုရွားနိုင္ငံအတြက္ေတာ့ နည္းပညာနဲ႔ ေလ့လာဆန္းစစ္ ပိုင္းအားနည္းမႈေတြေၾကာင့္ Alaska ျပည္နယ္ကိုေရာင္းခ်လိုက္ တာဟာ အလြန္ႀကီးမားတဲ့အမွားကိုက်ဴးလြန္လိုက္သလို ျဖစ္ခဲ့ရပါတယ္။

(၃)ၾသစေတးလ်တိုက္ကို အရင္ဆံုးရွာေတြ႔ခဲ့တဲ့ ဒတ္ခ်္ေတြရဲ့မဟာအမွား

အဂၤလိပ္နဲ႔ဒတ္(ခ်္)ေတြဟာ ကမာၻသမိုင္းမွာအျပိဳင္အဆိုင္ ကိုလိုနီနယ္ခ်ဲ႕ခဲ့တဲ့ လူမ်ိဳးေတြ ျဖစ္ပါတယ္။ သူတို႔ရဲ့ကိုလိုနီနယ္ေတြကေန အက်ိဳးအျမတ္မ်ားစြာကိုရယူ နိုင္ခဲ့ ျပီး ေနမဝင္အင္ပါယာကဲ့သို႔ေသာ နယ္ေျမက်ယ္ၾကီးေတြကိုပိုင္ဆိုင္ခဲ့ၾကပါတယ္။ အထူးသျဖင့္ဒတ္(ခ်္)လူမ်ိဳးေတြဟာ ပင္လယ္ေရေၾကာင္းသြားလာေရးလမ္းေၾကာင္း ကို အဂၤလိပ္၊ျပင္သစ္တို႔ထက္ ပိုမိုေျခလွမ္းသြတ္ခဲ့ျပီး ၾသစေတးလ်တိုက္ကို အရင္ဦးဆံုး ရွာေတြ႔နိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ဒတ္(ခ်္)ေတြဟာ ၾသစေတးလ်တိုက္ၾကီးကို အသံုးမဝင္တဲ့ ကႏာၱရေဒသတစ္ခုလို႔လြဲမွားစြာသတ္မွတ္ခဲ့တာေၾကာင့္ အက်ိဳးခံစားခြင့္မ်ားစြာကို လက္လႊတ္ခဲ့ရပါတယ္။ သူတို႔ၾသစေတးလ်တိုက္ကုိေတြ႕ရွိျပီး ေနာက္နွစ္ေပါင္း(၁၀၀) ေလာက္အၾကာမွာ အဂၤလိပ္ေတြဟာ ၾသစေတးလ်တိုက္ကို ေတြ႔ရွိခဲ့ျပီး ေရခံ/ေျမခံ နဲ႔ သဘာဝတြင္းထြက္မ်ားစြာကို ရယူပိုင္ဆိုင္ေတာ့မွ ဒတ္(ခ်္)ေတြဟာ သူတို႔ရဲ့ အမွားကို ျပန္လည္ ဆင္ျခင္မိပါတယ္။

(၂) နပိုလီယန္ရဲ့ မဟာအမွား

စစ္ဘုရင္နပိုလီယံ ဘိုနာဘတ္အေၾကာင္းကိုေတာ့ မသိသူအလြန္ရွားပါတယ္။ တိုက္တဲ့ စစ္ပြဲတိုင္းကို ေအာင္နုိင္တာေၾကာင့္ စစ္ပြဲေတြရဲ့ဘုရင္လို႔ေတာင္တင္စားေခၚေဝၚျခင္းခံ ရတဲ့ ျပင္သစ္စစ္ဘုရင္ဟာ ၁၈၁၅ခုနွစ္၊ဇြန္လ(၁၈)ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ ဝါတာလူးတိုက္ပြဲအျပီးမွာေတာ့ ျပန္လည္နလန္ထူနိုင္ျခင္း မရွိေတာ့ပဲ တစ္ခန္းရပ္ခဲ့ရပါတယ္။

အမွန္ေတာ့ နပိုလီယန္ရဲ့အဓိက က်ရံႈးရျခင္းဟာ ရုရွားျပည္ကို ခ်ီတက္ တိုက္ခိုက္ခဲ့လို႔ျဖစ္ပါတယ္။ ရုရွားက ျပင္သစ္တပ္ေတြျပန္ေရာက္လာခ်ိန္မွာေတာ့ နပိုလီ ယန္ရဲ့အဓိကအားထားရတဲ့ အရာရွိ/စစ္သည္အမ်ားအျပားဟာ က်ဆံုးခဲ့ရျပီးလည္း ျဖစ္ပါတယ္။ နပိုလီယန္ဟာ ရုရွားနိုင္ငံရဲ့ ျပင္းထန္တဲ့ေဆာင္းရာသီကို ေပါ့ေပါ့တန္တန္ စဥ္းစားခဲ့တဲ့ အမွားဟာ အလံုးစံုပ်က္သုဥ္းျခင္းနဲ႔ အဆံုးသက္ခဲ့ပါတယ္။

(၁) ဟစ္တလာရဲ့အမွား

ဒုတိယကမာၻစစ္ကိုေမႊးျပီး လူသန္းနဲ႔ခ်ီေအာင္ေသဆံုးေစခဲ့တဲ့ အဓိကလက္သည္ နာဇီေခါင္းေဆာင္ ဟစ္တလာရဲ့အမွားဟာလည္း နပိုလီယန္လိုပါပဲ။ စစ္လက္နက္ နိုင္ငံ တစ္ခုကိုအလ်ွင္အျမန္ဆံုးတည္ေဆာက္ျပခဲ့ျပီး ဥေရာပတစ္တိုက္လံုးနီးပါးကို စိုးမိုး ထားခဲ့ျပီးမွ ဟစ္တာလဟာ ရုရွားကို သိမ္းပိုက္ရန္ အၾကံေပၚ ခဲ့ပါတယ္။ ဟစ္တလာဟာ ေခတ္မီဂ်ာမနီတပ္မေတာ္ရဲ့ စြမ္းရည္ကိုယံုၾကည္ျပီး နပိုလိီယန္လို မျဖစ္ေလာက္ဘူးလို႔ ထင္ခဲ့ေပမဲ့ နဖူးေတြ႔/ဒူးေတြ႕ရင္ဆိုင္ခဲ့ရခ်ိန္မွာေတာ့ ရုရွားေျမမွာ အလဲအကြဲနဲ႔ျဖစ္ခဲ့ရပါတယ္။

ရုရွားကိုခ်ီတက္တဲ့တိုက္ပြဲအျပီးမွာေတာ့ စစ္ေျမျပင္အေနအထားဟာ မဟာမိတ္တပ္ေတြအတြက္ ျပန္လည္အေလးသာခဲ့ျပီး ေနာ္မန္ဒီကမ္းတပ္တိုက္ပြဲကေနစတင္ျပီး ဂ်ာမန္ေတြဟာ ခံစစ္အသြင္ျဖစ္လာခဲ့ရပါ တယ္။ အက်ိဳးဆက္အေနနဲ႔ ဂ်ာမန္ေတြစစ္ရံႈးခဲ့ျပီး ရုရွားတပ္နီေတြက ဂ်ာမန္ျပည္ကို ဝင္ေရာက္လာခဲ့ျပီး ဘာလင္တံတိုင္းကို ကာရံခဲ့တဲ့အထိျဖစ္လာခဲ့ပါတယ္။ ဟစ္တလာ သာ ရုရွားကိုခ်ီတက္တိုက္ခိုက္ခဲ့ျခင္းမရွိခဲ့ဘူးဆိုရင္ေတာ့ ဒုတိယကမာၻစစ္ရဲ့ သက္တမ္း ဟာ အလြန္ၾကာျမင့္သြားနိုင္တာေၾကာင့္လည္း ဟစ္တလာရဲ့အမွားဟာ ကမာၻၾကီး အတြက္ေတာ့ အက်ိဳးရွိတယ္လို႔ဆိုရမွာပါ။

သုတဇုန္

——————

သမိုင်းတွင်ခဲ့သော အမှား ၉ ခု (unicode)

အမှားဆိုတဲ့အရာနဲ့တော့ ကင်းအောင်နေနိုင်ဖို့ဆိုတာ လူသားတွေအတွက်တော့ မဖြစ်နိုင်လောက်ပါဘူး။ အဲဒီအမှားတွေကို သင်ခန်းစာယူပြီးရှေဆက်သွားနိုင်ပါမှ တိုးတက် အောင်မြင်တဲ့ ဘဝတွေကိုပိုင်ဆိုင်ကြရတာပါ။ ဒါပေမဲ့ တစ်ချို့သောအမှားတွေကတော့ ပြန်လည်ပြင်ဆင်နိုင်ဖို့ အခွင့်အရေးပေးမှာမဟုတ်ပဲ တိုက်ဆိုင်ချိန်တိုင်း ကြီးစွာသောဆုံး ရှုံးမှုတွေအကြောင်းကို တမြေ့မြေ့တွေးတောနေရမှာပါ။

ဒီနေရာမှာ မျှဝေပေးချင်တာ ကတော့ ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့တဲ့လူသားတွေရဲ့ အကြီးမားဆုံးမှားယွင်းမှုတွေ အကြောင်းပဲဖြစ်ပါတယ်။ တစ်ဦးတစ်ယောက် မှသည်အဖွဲ့အစည်းအလိုက် မှားယွင်းတဲ့ အတွေးအေခေါ်ကြောင့် လူ့အသက်များစွာ၊သမိုင်းဝင်အမွေအနှစ်များစွာ၊ငွေကြေး တန်ဖိုးများစွာ ဆုံးရှုံးပျက်ဆီးခဲ့ရပါတယ်။

(၉) ဩစတီးယားစစ်တပ်ရဲ့ အချင်းချင်းမှားယွင်းပစ်ခတ်မှု

၁၇၈၇ ကနေ ၁၇၉၁ ခုနှစ်အထိ အော်တိုမန်အင်ပါယာနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ အတွင်း Karansbes စစ်ပွဲမှာတော့ ဩစတီးယားစစ်သည်တွေဟာ အချင်းချင်းမှားယွင်းပစ်ခတ်ခဲ့တာကြောင့် စစ်သည်(၁၂၀၀)လောက်ကျဆုံးခဲ့ရပါတယ်။ ၁၇၈၈ခုနှစ်၊စက်တင်ဘာလ(၂၂)ရက်နေ့ ည သန်းခေါင်အချိန်မှာ တူရကီတွေထိန်းချုပ် ထားတဲ့ Timis မြစ်ကမ်း အနီးရှိ Karansbes(ယခု ရိုမေးနီးယားနိုင်ငံ Caransedesမြို့) ပတ်ဝန်းကျင်မှာ မြို့သိမ်းတိုက်ပွဲဝင်ရန် တပ်ဖြန့်ထားတဲ့ ဩစတီးယားစစ်သည်တွေဟာ မှားယွင်းတဲ့ပစ်ခတ်မှုတစ်ခုကနေ စတင် ပြီး အချင်းချင်းပြန်လည် တိုက်ခိုက်ခဲ့ကြတာကြောင့် ကမ္ဘာစစ်သမိုင်းမှာ အဆိုးရွားဆုံး သောဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

(၈) Alexandria စာကြည့်တိုက်မီးလောင်ခဲ့မှု

အီဂျစ်နိုင်ငံမှာတည်ရှိတဲ့ Alexandria စာကြည့်တိုက်ဟာ ရှေးခေတ်ကာလရဲ့ အကြီးမား ဆုံးနဲ့ အစုံလင်ဆုံးသော စာပေဗိမာန်တစ်ခုအဖြစ် သမိုင်းပညာရှင်တွေအားလုံး က သတ်မှတ်ခဲ့ကြပါတယ်။ ရှေးအီဂျစ်မင်းဆက်ရဲ့ နောက်ဆုံးမင်းဆက် Ptolemaic မင်းဆက်ရဲ့ ဘုရင် Ptolemy I Soter လက်ထက်က စတင်တည်ထောင်ခဲ့တဲ့ Alexandria စာကြည့်တိုက်ဟာ သမိုင်းပြခန်းတစ်ခုလို့ဆိုရလောက်အောင် ကမ္ဘာအမွေအနှစ်စာအုပ်၊စာပေ၊မှတ်တမ်း လက်ရာ၊ ပန်းချီကားတွေကို ထိန်းသိမ်းထားတာဖြစ်ပြီး ၊စာလိပ်/ပေလိပ်(ယင်းကာလ က စာအုပ်မပေါ်သေး) (၄၀၀၀၀၀)လောက်ကို စာအုပ်စင်တွေအပြည့် ထားရှိတာပါ။

အဲဒီစာကြည့်တိုက်ကြီးဟာ မတော်တဆလောင်ကျွမ်းတဲ့ မီးကြောင့် ပျက်စီးခဲ့ရပါတယ်။ စာပေလောကသားတွေအတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ရပြီး မီးလောင်ကျွမ်းမှု ဖြစ်စဉ်ဟာ ရောမစာရေးဆရာတစ်ယောက်ရဲ့ အခန်းကနေစတင်လောင်ကျွမ်းခဲ့ပြီး အတွင်းပိုင်းမှာ လှိုက်လှောင်နေတာကြောင့်လူမသိပဲ မီးတောက်ကြီးမားလာမှ သိရှိခဲ့ ကြပါတယ်။ အများစုဟာ မီးကိုငြိမ်းသတ်ဖို့ မကြိုးစားပဲ ထွက်ပြေးခဲ့တာကြောင့် အခြေအနေ အလွန်ဆိုးရွားခဲ့တာဖြစ်ပါတယ်။

အချို့သောသမိုင်းပညာရှင်တွေကတော့ ၄၈ ဘီစီမှာ ဂျူးလီယက်ဆီဇာရဲ့ လက်ချက် ကြောင့် ပျက်စီးခဲ့ရတာလို့ဆိုပါတယ်။ ဒါကလည်းဂျူးလီးယက်ဆီဇာရဲ့ မှတ်တမ်းတစ်ခု အရဖြစ်ပြီး Alexandriaမြို့သားတွေနဲ့တိုက်ခိုက်ခဲ့တဲ့ ရေတပ်တိုက်ပွဲမှာ သူရဲ့ရေတပ်ကို Alexandriaမြို့သားတွေက ပြိုကွဲသွားဖို့အားထုတ်ရာမှ ဂျူးလီးယက်ဆီဇာတပ်က မီးကို အသုံးပြုပြီး တန်ပြန်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။ ဒါကြောင့် ကမ်းနားမှာရှိတဲ့ ဒေါက်ရုံက နေလောင်ကျွမ်းတဲ့မီးဟာ Alexandria စာကြည့်တိုက်ကို ကူးစက်ခဲ့တာလို့ဆိုပါတယ်။ ဂျူးလီးယက်ဆီဇာအနေနဲ့ Alexandria စာကြည့်တိုက်ရဲ့ တန်ဖိုးကိုနားလည်ပေမဲ့ စစ်ပွဲ ကာလအတွင်းမှာဖြစ်နေတာ အခွင့်မသာခဲ့ကြောင်း ရေးသားထားခဲ့ပါတယ်။

(၇) စောင်းနေတဲ့ ပီဆာမျှော်စင်

အီတလီနိုင်ငံ Pisa မြို့မှာရှိတဲ့ ကမ္ဘာကျော်ပီဆာမျှော်စင်ဟာ (၁၈၃.၃)ပေအထိ အမြင့် ရှိပြီး ၁၁၇၃ ကနေစတင်တည်ဆောက်ခဲ့ရာ ၁၃၇၂ ခုနှစ်ရောက်မှအပြီးသတ် ဆောက် လုပ်ပြီးစီးနိုင်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ ယူနက်စကိုရဲ့ ကမ္ဘာအမွေ အနှစ်အဖြစ် အသိအမှတ်ပြု ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံနေရပြီးဖြစ်တဲ့ ပီဆာမျှော်စင်ဟာ အီတလီ နိုင်ငံရဲ့ ပြယုဒ်တစ်ခုပမာဖြစ်လို့ နေတာပါ။ စကျင်ကျောက်တွေကိုအသုံးပြုပြီး တည်ဆောက်ထားတဲ့ ပီဆာမြို့စင်ဟာ Romanesque စတိုင်တည်ဆောက်ထားတာ လည်းဖြစ်ပါတယ်။

အံ့ဩသင့်စရာကောင်းတဲ့ အချက်ကတော့ ပီဆာမျှော်စင်ကိုစတင် တည်ဆောက်ဖို့ဆုံးဖြတ်ချက်ချချိန်မှာ အီတလီတာဝန်ရှိသူတွေက ပီဆာမျှော်စင်ကို (၁၀)နှစ်အတွင်းပြီးစီးအောင် တည်ဆောက်နိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ အမှန် တကယ်တည်ဆောက်ခဲ့ချိန်မှာတော့ (၁၉၉)နှစ်ကြာမြင့်ခဲ့ပါတယ်။ စောင်းသွားတုန်းကတကြိမ် ၊ စစ်ပွဲကာလတွေတုန်းကတစ်ကြိမ် ၂ကြိမ်ရပ်နားခဲ့ရလို့ဖြစ်ပါတယ်။

(၆) ပုလဲဆိပ်ကမ်းကိုတိုက်ခိုက်အောင်နိုင်ခဲ့တဲ့ ဂျပန်တွေရဲ့အမှားများ

၁၉၄၁ ခုနှစ်၊ဒီဇင်ဘာ(၇)ရကနေ့က ဂျပန်စစ်တပ်ရဲ့အလစ်အငိုက်ထားတိုက်ခိုက်မှု ကြောင့် အမေရိကန်ရဲ့ ပစိဖိတ်ရေတပ်ကြီးအတော်အထိနာခဲ့ပါတယ်။ ဂျပန်တွေဟာ ဒီအကြံကို ကာလအတန်ကြာထဲကစီစဉ်ခဲ့တာဖြစ်ပေမဲ့ သူတို့ဟာ ကြီးမားတဲ့ အမှားကို လွန်ခဲ့တယ်လို့ဆိုရပါမယ်။ ဘာကြောင့်လဲဆိုတော့ဂျပန်တွေဟာ တိုက်ခိုက်တဲ့နေ့ကို အလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ကို ရွေးခဲ့တာကြောင့် အမေရိကန်စစ်သည် ၂၃၀၀ လောက်ရဲ့ အသက်ကိုသုတ်သင်နိုင်ခဲ့တာပါ။

တစ်ခြားဂျူတီထမ်းဆောင်နေချိန်ကို ရွေးမယ်ဆိုရင် ယခုသေဆုံးတဲ့ အရေအတွက်ထက် (၁၀)ဆမက ပ်ိုနိုင်တယ်လို့ အမေရိကန်အဆင့်မြင့်အရာရှိကြီးတွေကိုယ်တိုင် ဝန်ခံထားတာပါ။ ဒါအပြင် အမေရိကန်ရေငုပ် သင်္ဘောနေရာ၊ လောင်စာဆီတွေသိုလှောင်တဲ့နေရာ၊ သဘောၤဒေါက်ကျင်းတွေကို မဖျက်ဆီးနိုင်ခဲ့ပါဘူး။ ဂျပန်စစ်တပ်ဟာ အဲဒီအဆောက်အအုံနဲ့ နေရာတွေရဲ့တည်နေရာ ကိုသိရှိနေပေမဲ့ မလိုအပ်ဘူးထင်လို့ ချန်ထားခဲ့တဲ့သဘောဖြစ်နေပါတယ်။ ပိုဆိုး တာက အမေရိကန်သင်္ဘောဒေါက်ကျင်းတွေကို မဖျက်ဆီးခဲ့တာဖြစ်ပြီး ဒီထက်ပိုဆိုးတာက အမေရိကန်လေယာဉ်တင်သင်္ဘော (၃)စီးဟာ ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံနေရချိန်မှာ မရှိနေတာဖြစ်ပါတယ်။

ဒါကြောင့်ဂျပန်တွေဟာ တိုက်ပွဲတစ်ပွဲကိုနိုင်လိုက်သလို ဖြစ်နေ ပြီး စစ်ပွဲတစ်ခုလုံးနဲ့တော့ မသက်ဆိုင်ပဲ အထက်မှာဖော်ပြခဲ့တဲ့ မလိုအပ်ဘူးထင်တဲ့ အဆောက်အအုံတွေကို အသုံးပြုပြီး အမေရိကန်စစ်တပ်ဟာ ဂျပန်ကျွန်းဆွယ်တစ်ခုပြီး တစ်ခုကို ထိုးစစ်ဆင်နိုင်ခဲ့ပါတယ်။တကယ်လို့ ဂျပန်တွေအနေနဲ့ ပုလဲဆိပ်ကမ်းကို မတိုက်ခိုက်ပဲ တစ်ခြားနည်းနဲ့ ဒုတိယကမ္ဘာစစ်ထဲကို ဝင်ခဲ့ရင်တောင် စစ်ပွဲရဲ့ အခြေအနေဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါတယ်။

(၅) ထရိုဂျန်မြင်းရုပ် နဲ့ ထရွိုင်းမြို့

ဟိုးယခင်ကာလတွေတုန်းကတော့ ထရိုဂျန်မြင်းရုပ်ထဲကို များစွာသော ဂရိစစ်သည် တွေကိုဝင်ရောက်စေပြီး အထိမ်းအမှတ်ပစ္စည်းတစ်ခုကိုပဲ ဂရိစစ်တပ်ကကျန်ခဲ့သယောင် ပြုလုပ်ကာ ပရိရာယ်ကိုသုံးပြီး ထရွိုင်းမြို့ကိုသိမ်းပိုက်ခဲ့တဲ့ ဖြစ်စဉ်ဟာ ဒဏ္ဍာရီ ပုံပြင်တစ်ခုလို့ပဲ အားလုံးကယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ (၁၈၆၀)ခုနှစ်မှာတော့ တူရကီနိုင်ငံရဲ့ ကမ်းရိုးတန်းဒေသတစ်ခုမှာ ရှေးခေတ်ဟောင်း မြို့တစ်မြို့ကိုတူးဖော်တွေ့ရှိခဲ့ပါတယ်။

ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း(၄၀၀၀)လောက်ကတည်းက ထရွိုင်းမြို့ဟာ အမှန်တကယ်တည်ရှိနေခဲ့ပြီး၊ ဂရိနဲ့ထရိုဂျန်တို့ရဲ့စစ်ပွဲကာလအတွင်းမှာလည်း ဂရိတွေဟာ အလွန်ကြီးမားတဲ့ သစ်သား မြင်းရုပ်ကြီးကို အသုံးပြုပြီး ဒီစစ်ပွဲကို အနိုင်တိုက်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ဟာ မှန်ကန်ကြောင်း အဖြေထွက်ခဲ့ပါတယ်။

(၄) ပြည်နယ်တစ်ခုလုံးကို ရောင်းချမိလိုက်တဲ့ရုရှား

ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုဟာ စစ်အေးတိုက်ပွဲကာလမှသည် ယနေ့အချိန်ထိ နယ်ပယ်ပေါင်းစုံမှာ ပြိုင်ဆိုင်လျက်ရှိနေပါတယ်။ ဒါပေမဲ့ သမိုင်းကြောင်းအရတော့ ရုရှား တွေဟာ သူတို့ရဲ့ နယ်မြေဖြစ်တဲ့ Alaska ပြည်နယ်တစ်ခုလုံးကိုတော့ အသုံးမလိုတဲ့ ရေခဲပြင်ကြီးဖြစ်တယ်လို့ယူဆပြီး အမေရိကန်ပြည်ထောင်စုထံကို (၁၈၆၇)ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ (၇.၂)သန်းနဲ့ရောင်းချခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ကစာရင်းတွေအရတော့ Alaska ပြည်နယ်ရဲ့လူဦးရေဟာ(၇၄၀၀၀၀)ကျော် လောက်သာရှိပေမဲ့ ရေနံနဲ့သဘာဝဓာက်ငွေ့အလွန်ပေါကြွယ်ဝပြီး ပင်လယ်ငါးဖမ်းလုပ် ငန်းလုပ်ကိုင်နိုင်တဲ့ဒေသ ဖြစ်နေတာကြောင့် အမေရိကန်ပြည်ထောင်စုအတွက် များစွာ အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ ရုရှားနိုင်ငံအတွက်တော့ နည်းပညာနဲ့ လေ့လာဆန်းစစ် ပိုင်းအားနည်းမှုတွေကြောင့် Alaska ပြည်နယ်ကိုရောင်းချလိုက် တာဟာ အလွန်ကြီးမားတဲ့အမှားကိုကျူးလွန်လိုက်သလို ဖြစ်ခဲ့ရပါတယ်။

(၃)ဩစတေးလျတိုက်ကို အရင်ဆုံးရှာတွေ့ခဲ့တဲ့ ဒတ်ခ်ျတွေရဲ့မဟာအမှား

အင်္ဂလိပ်နဲ့ဒတ်(ခ်ျ)တွေဟာ ကမ္ဘာသမိုင်းမှာအပြိုင်အဆိုင် ကိုလိုနီနယ်ချဲ့ခဲ့တဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ကိုလိုနီနယ်တွေကနေ အကျိုးအမြတ်များစွာကိုရယူ နိုင်ခဲ့ ပြီး နေမဝင်အင်ပါယာကဲ့သို့သော နယ်မြေကျယ်ကြီးတွေကိုပိုင်ဆိုင်ခဲ့ကြပါတယ်။ အထူးသဖြင့်ဒတ်(ခ်ျ)လူမျိုးတွေဟာ ပင်လယ်ရေကြောင်းသွားလာရေးလမ်းကြောင်း ကို အင်္ဂလိပ်၊ပြင်သစ်တို့ထက် ပိုမိုခြေလှမ်းသွတ်ခဲ့ပြီး ဩစတေးလျတိုက်ကို အရင်ဦးဆုံး ရှာတွေ့နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒတ်(ခ်ျ)တွေဟာ ဩစတေးလျတိုက်ကြီးကို အသုံးမဝင်တဲ့ ကန္တာရဒေသတစ်ခုလို့လွဲမှားစွာသတ်မှတ်ခဲ့တာကြောင့် အကျိုးခံစားခွင့်များစွာကို လက်လွှတ်ခဲ့ရပါတယ်။ သူတို့ဩစတေးလျတိုက်ကိုတွေ့ရှိပြီး နောက်နှစ်ပေါင်း(၁၀၀) လောက်အကြာမှာ အင်္ဂလိပ်တွေဟာ ဩစတေးလျတိုက်ကို တွေ့ရှိခဲ့ပြီး ရေခံ/မြေခံ နဲ့ သဘာဝတွင်းထွက်များစွာကို ရယူပိုင်ဆိုင်တော့မှ ဒတ်(ခ်ျ)တွေဟာ သူတို့ရဲ့ အမှားကို ပြန်လည် ဆင်ခြင်မိပါတယ်။

(၂) နပိုလီယန်ရဲ့ မဟာအမှား

စစ်ဘုရင်နပိုလီယံ ဘိုနာဘတ်အကြောင်းကိုတော့ မသိသူအလွန်ရှားပါတယ်။ တိုက်တဲ့ စစ်ပွဲတိုင်းကို အောင်နိုင်တာကြောင့် စစ်ပွဲတွေရဲ့ဘုရင်လို့တောင်တင်စားခေါ်ဝေါ်ခြင်းခံ ရတဲ့ ပြင်သစ်စစ်ဘုရင်ဟာ ၁၈၁၅ခုနှစ်၊ဇွန်လ(၁၈)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဝါတာလူးတိုက်ပွဲအပြီးမှာတော့ ပြန်လည်နလန်ထူနိုင်ခြင်း မရှိတော့ပဲ တစ်ခန်းရပ်ခဲ့ရပါတယ်။

အမှန်တော့ နပိုလီယန်ရဲ့အဓိက ကျရှုံးရခြင်းဟာ ရုရှားပြည်ကို ချီတက် တိုက်ခိုက်ခဲ့လို့ဖြစ်ပါတယ်။ ရုရှားက ပြင်သစ်တပ်တွေပြန်ရောက်လာချိန်မှာတော့ နပိုလီ ယန်ရဲ့အဓိကအားထားရတဲ့ အရာရှိ/စစ်သည်အများအပြားဟာ ကျဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။ နပိုလီယန်ဟာ ရုရှားနိုင်ငံရဲ့ ပြင်းထန်တဲ့ဆောင်းရာသီကို ပေါ့ပေါ့တန်တန် စဉ်းစားခဲ့တဲ့ အမှားဟာ အလုံးစုံပျက်သုဉ်းခြင်းနဲ့ အဆုံးသက်ခဲ့ပါတယ်။

(၁) ဟစ်တလာရဲ့အမှား

ဒုတိယကမ္ဘာစစ်ကိုမွှေးပြီး လူသန်းနဲ့ချီအောင်သေဆုံးစေခဲ့တဲ့ အဓိကလက်သည် နာဇီခေါင်းဆောင် ဟစ်တလာရဲ့အမှားဟာလည်း နပိုလီယန်လိုပါပဲ။ စစ်လက်နက် နိုင်ငံ တစ်ခုကိုအလျှင်အမြန်ဆုံးတည်ဆောက်ပြခဲ့ပြီး ဥရောပတစ်တိုက်လုံးနီးပါးကို စိုးမိုး ထားခဲ့ပြီးမှ ဟစ်တာလဟာ ရုရှားကို သိမ်းပိုက်ရန် အကြံပေါ် ခဲ့ပါတယ်။ ဟစ်တလာဟာ ခေတ်မီဂျာမနီတပ်မတော်ရဲ့ စွမ်းရည်ကိုယုံကြည်ပြီး နပိုလီယန်လို မဖြစ်လောက်ဘူးလို့ ထင်ခဲ့ပေမဲ့ နဖူးတွေ့/ဒူးတွေ့ရင်ဆိုင်ခဲ့ရချိန်မှာတော့ ရုရှားမြေမှာ အလဲအကွဲနဲ့ဖြစ်ခဲ့ရပါတယ်။

ရုရှားကိုချီတက်တဲ့တိုက်ပွဲအပြီးမှာတော့ စစ်မြေပြင်အနေအထားဟာ မဟာမိတ်တပ်တွေအတွက် ပြန်လည်အလေးသာခဲ့ပြီး နော်မန်ဒီကမ်းတပ်တိုက်ပွဲကနေစတင်ပြီး ဂျာမန်တွေဟာ ခံစစ်အသွင်ဖြစ်လာခဲ့ရပါ တယ်။ အကျိုးဆက်အနေနဲ့ ဂျာမန်တွေစစ်ရှုံးခဲ့ပြီး ရုရှားတပ်နီတွေက ဂျာမန်ပြည်ကို ဝင်ရောက်လာခဲ့ပြီး ဘာလင်တံတိုင်းကို ကာရံခဲ့တဲ့အထိဖြစ်လာခဲ့ပါတယ်။ ဟစ်တလာ သာ ရုရှားကိုချီတက်တိုက်ခိုက်ခဲ့ခြင်းမရှိခဲ့ဘူးဆိုရင်တော့ ဒုတိယကမ္ဘာစစ်ရဲ့ သက်တမ်း ဟာ အလွန်ကြာမြင့်သွားနိုင်တာကြောင့်လည်း ဟစ်တလာရဲ့အမှားဟာ ကမ္ဘာကြီး အတွက်တော့ အကျိုးရှိတယ်လို့ဆိုရမှာပါ။

သုတဇုန်

Leave a Reply