ေရႊႀတိဂံနယ္ေျမက ကမာၻေက်ာ္ဘိန္းဘုရင္ႀကီး ခြန္ဆာ

Posted on

အေနာက္တြင္ အက္စ္ကုိဘား ၊ အေရွ႕တြင္ခြန္ဆာ ဟု စကားတြင္ရေလာက္ေအာင္ အေနာက္ႏုိင္ငံ မူးယစ္ရာဇာအျဖစ္ အက္စ္ကိုဘား တန္ခုိးထြားခဲ့သလုိ ခြန္ဆာ သည္လည္း အေရွ႕တုိင္း အာရွမွ ဘိန္းဘုရင္ႀကီးအျဖစ္ နာမည္ႀကီးခဲ့ဖူးသည္။

ခြန္ဆာ သည္ ေရႊႀတိဂံနယ္စပ္မွ ကမာၻေက်ာ္ဘိန္းဘုရင္ႀကီးတစ္ဦး ျဖစ္သည္။ ခြန္ဆာသည္ ရွမ္း တ႐ုတ္ ကျပားတစ္ဦးျဖစ္ၿပီး ၁၉၉၆ ခုႏွစ္တြင္ ျမန္မာစစ္အစိုးရထံ၌ လက္နက္မခ်မီ အခ်ိန္အထိ အင္အား ၁၅,၀၀၀ ခန္႔ရွိ ကိုယ္ပိုင္ စစ္တပ္ျဖင့္ ထိုင္း၊ ျမန္မာ၊ လာအိုနယ္စပ္ ေ႐ႊႀတိဂံေဒသကို လႊမ္းမိုးႏိုင္ခဲ့သည္။

ခြန္ဆာကို ေတာင္သိႏၷီေစာ္ဘြားနယ္ (ယခု တန္႔ယန္းၿမိဳ႕နယ္) လြိဳင္ေမာ္ေက်း႐ြာအုပ္စု၊ ဖာဖိန္႔႐ြာေန တ႐ုတ္လူမ်ိဳး ဖခင္ ခြန္အိုက္ (Zhang Bingyao) ႏွင့္ ရွမ္းလူမ်ိဳး မိခင္ နန္းဆိုင္ဇြန္ တို႔မွ ၁၉၃၄ ခုႏွစ္၊ ဩဂုတ္လ ၁၇ ရက္တြင္ ေမြးဖြားသည္။ တရုတ္အမည္ Zhang Qifu ျဖစ္သည္။

၁၉၃၇ ခုႏွစ္၌ ဖခင္ကြယ္လြန္ရာ မိခင္က မိုင္းတြမ္းၿမိဳ႕စား ခြန္ၾကည္ႏွင့္ လက္ဆက္သည္။ ၁၉၃၉ ခုႏွစ္၌ မိခင္ကြယ္လြန္ျပန္ရာ ဘေထြးႏွင့္ အတန္ၾကာေနထိုင္ၿပီး အဘိုးက ျပန္ေမြးစားသည္။ ဦးေလးျဖစ္သူ ခြန္ၾကာက ထိန္းေက်ာင္းေပးသည္။

လက္နက္ကိုင္ဘဝ

ငယ္စဥ္က ကူမင္တန္ တ႐ုတ္ျဖဴတပ္မွာ အမႈထမ္းခဲ့သည္။ ေနာက္ပိုင္းတြင္ ကူမင္တန္မွ ခြဲထြက္ၿပီး ေနာက္လိုက္ ရာဂဏန္း အနည္းငယ္ျဖင့္ ကိုယ္ပိုင္တပ္ကို တည္ေထာင္ခဲ့သည္။

၁၉၆၀ ခုႏွစ္တြင္ ျမန္မာအစိုးရ ဩဇာခံ လြယ္ေမာ္ကာကြယ္ေရးတပ္ အျဖစ္ ေျပာင္းလဲခဲ့သည္။ ေငြ၊ ဝတ္စုံႏွင့္ လက္နက္မ်ားကို ရယူၿပီး ရွမ္းျပည္တပ္မေတာ္ (Shan State Army)ကို တိုက္ခိုက္ၿပီးေနာက္ တပ္အင္အား ၈၀၀ အထိ တိုးခ်ဲ႕အားေကာင္းလာသည္။

၁၉၆၄ ခုႏွစ္၌ ငါးဆယ္က်ပ္ႏွင့္ တစ္ရာက်ပ္တန္မ်ားကို ေတာ္လွန္ေရးေကာင္စီက ဖ်က္သိမ္းရာ ေတာခိုၿပီး ထိုင္းနယ္စပ္ ဘန္႔ဟင္တိုက္တြင္ အေျချပဳသည္။ ရွမ္းႏွင့္ ဝ နယ္ေျမမ်ားအတြင္း နယ္ပယ္ခ်ဲ႕ၿပီး ဘိန္းထုတ္လုပ္မႈ တိုးျမႇင့္ခဲ့သည္။

၁၉၆၇ ခုႏွစ္တြင္ ရွမ္းျပည္နယ္ အတြင္းရွိ ကူမင္တန္ အႂကြင္းအက်န္ တပ္မ်ားႏွင့္ မသင့္မျမတ္ ျဖစ္ၿပီး အင္အား ဩဇာ က်ဆင္းခဲ့ေသးသည္။

၁၉၆၉ ခုႏွစ္တြင္ ျမန္မာအစိုးရက ဖမ္းဆီး၍ မႏၲေလးေထာင္၌ ထိန္းသိမ္းရာ သူ၏တပ္က ေတာျပန္ခိုသြားသည္။ ခြန္ဆာ၏လက္ေထာက္ တပ္မႉးျဖစ္သူက ေတာင္ႀကီးၿမိဳ႕ ၊ စဝ္စံထြန္းေဆး႐ုံတြင္ လာေရာက္တာဝန္ထမ္းေဆာင္ေနေသာ ႐ုရွားဆရာဝန္ ၂ ဦးကို ဖမ္းဆီးကာ ခြန္ဆာႏွင့္လဲလွယ္ရန္ ေတာင္းဆိုခဲ့သျဖင့္ ၁၉၇၄ ခုႏွစ္တြင္ ျပန္လြတ္လာသည္။

၁၉၇၆ ခုႏွစ္တြင္ ၎၏တပ္ဖြဲ႕ကို စည္းလုံးညီၫြတ္သည့္ ရွမ္း တပ္မေတာ္ (Shan United Army) ဟု ေျပာင္းလဲဖြဲ႕စည္းၿပီး ရွမ္းလူမ်ိဳးမ်ားဘက္မွ ရပ္တည္ကာ ျမန္မာ စစ္အစိုးရကို တိုက္ခိုက္သည္။

၁၉၈၅ ခုႏွစ္တြင္ စဝ္ကြဏ္းဇိန္း (ခ) မိုးဟိန္း ဦးေဆာင္သည့္ ရွမ္းေတာ္လွန္ေရးေကာင္စီႏွင့္ ပူးေပါင္းၿပီး စဝ္ကြန္းဇိန္းက ဥကၠ႒၊ ခြန္ဆာက ဒုဥကၠ႒အျဖစ္ တာဝန္ယူၾကသည္။ ဟိုမိန္းဌာနခ်ဳပ္ကို တည္ေထာင္ကာ ရွမ္းျပည္နယ္ အေရွ႕ပိုင္းတခြင္ႏွင့္ ရွမ္း – ကယား နယ္စပ္ အထိ ထိန္းခ်ဳပ္လာႏိုင္ခဲ့သည္။ ၁၉၉၁ ခုႏွစ္တြင္ စဝ္ကြန္းဇိန္းကြယ္လြန္ရာ ဥကၠ႒အျဖစ္ ေ႐ြးခ်ယ္ခံရသည္။ ထိုေနာက္ အမ္တီေအ ေခၚ မုန္တိုင္းတပ္မေတာ္ (Mong Tai Army) ကို ဖြဲ႕စည္းခဲ့ၿပီး ထိုင္း – ျမန္မာ – လာအို နယ္စပ္ ရွိ ေ႐ႊႀတိဂံေဒသတြင္ ဘိန္းျဖဴ အေျမာက္အျမား ထုတ္လုပ္ခဲ့သျဖင့္ ဘိန္းဘုရင္ဘြဲ႕ျဖင့္ ထင္ရွား လာခဲ့သည္။

၁၉၈၈ ခုႏွစ္တြင္ ထိုင္းမွ ျမန္မာ သို႔ တရားမဝင္ ဝင္ေရာက္လာခဲ့ေသာ ဩစေၾတးလ် သတင္းေထာက္ စတီဖင္႐ိုက္ ႏွင့္ အင္တာဗ်ဴးခဲ့ၿပီး ဘိန္းစိုက္ခင္းမ်ား မစိုက္ပ်ိဳးေစရန္ တႏွစ္လၽွင္ ဩစေၾတးလၽွေဒၚလာ သန္း ၅၀ ျဖင့္ ေနာက္ ၈ ႏွစ္ အတြက္ ေရာင္းမည္ဟု ဩစေၾတးလ် အစိုးရသို႔ ကမ္းလွမ္းခဲ့သည္။ ထို ကမ္းလွမ္းခ်က္ ကို လႊတ္ေတာ္အမတ္ ဂရက္အီဗင္ က “အစိုးရသည္ ဒုစ႐ိုက္သမားမ်ား ဒုစ႐ိုက္မႈ မလုပ္ျခင္းအတြက္ ေငြေပးစရာ မလို” ဟု ေၾကျငာၿပီး ဩစေၾတးလ်အစိုးရက ပယ္ခ်ခဲ့သည္။

ခြန္ဆာသည္ ကမာၻ႔ဟီရုိအင္းေစ်းကြက္၏ ၈၀% ကုိခ်ဳပ္ကုိင္ႏုိင္ခဲ့သည္အထိ အင္အားႀကီးထြားလာခဲ့သည္။ ခြန္ဆာမည္မွ်ၾကြယ္၀ခဲ့သလဲ မည္သူမွ် အတိအက်မသိခဲ့ေပ။ therichest ၀ဘ္ဆုိဒ္ကမူ ခြန္ဆာ၏ ၾကြယ္၀မႈကို အေမရိကန္ ၅ဘီလ်ံဟု ခန္႔မွန္းထားသည္။

၁၉၈၉ ခုႏွစ္တြင္ အေမရိကန္ ျပည္ေထာင္စု နယူးေယာက္တရား႐ုံးက ခြန္ဆာကို ဘိန္း တန္တစ္ေထာင္ တင္ပို႔ရန္ ႀကံစည္မႈျဖင့္ တရားစြဲသည္ကို တုံ႔ျပန္ေသာအားျဖင့္ သူ ထုတ္လုပ္သည့္ ဘိန္းျဖဴ အားလုံးကို ဝယ္မည္ဆိုလၽွင္ ႏိုင္ငံတကာ မူးယစ္ေဆးေဈးကြက္သို႔ ျဖန္႔ေဝေရာင္းခ်ျခင္းမျပဳေတာ့ဟုပင္ အေမရိကန္ကို ေလွာင္ေျပာင္ကမ္းလွမ္းခဲ့သည္။

၁၉၉၅ ခုႏွစ္တြင္ တပ္တြင္းပုန္ကုန္မႈျဖစ္ရာ ၁၉၉၆ ဇန္နဝါရီလ၌ ျမန္မာအစိုးရထံ လက္နက္နဲ႔ ၿငိမ္းခ်မ္းေရး လဲလွယ္၍ ရန္ကုန္တြင္ ေျပာင္းေ႐ြ႕ေနထိုင္သည္။

ခြန္ဆာအား အေမရိကန္ႏိုင္ငံက ဆုေၾကး ေဒၚလာ (၂) သန္း ထုတ္ျပန္ ေၾကညာခဲ့ေသာ္လည္း ဖမ္းဆီးေပးပို႔ေရးကို ျမန္မာ စစ္အစိုးရက ျငင္းဆိုခဲ့သည္။ သို႔ျဖင့္ ဦးခြန္ဆာသည္ “အေမရိကန္ အစိုးရလက္သို႔ လႊဲေျပာင္းေပးျခင္း မခံရႏိုင္” ဟူေသာ ယုံၾကည္ခ်က္ျဖင့္ ျမန္မာအစိုးရႏွင့္ ၫွိႏႈိင္းရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း အမ္တီေအဗဟိုေကာ္မတီဝင္တစ္ဦးအား ကိုးကား၍ ခြန္ဆာ ဦးေဆာင္ေသာ အမ္တီေအအဖြဲ႕ ဘာ ေၾကာင့္ လက္နက္နဲ႔ၿငိမ္းခ်မ္းေရး လဲလွယ္ရသလဲ ဟူသည့္ စာအုပ္ကို ျမန္မာအစိုးရက ျမန္မာဘာသာျဖင့္ ထုတ္ေဝခဲ့သည္။

ရွမ္းျပည္နယ္မွ ရန္ကုန္ ၿမိဳ႕ေတာ္သို႔ သြားေရာက္ အေျခခ်ၿပီး မကြယ္လြန္ခင္အခ်ိန္အထိ ရန္ကုန္၊ မႏၲေလးႏွင့္ ေတာင္ႀကီးၿမိဳ႕တို႔တြင္ လုပ္ငန္းေပါင္းမ်ားစြာ ရင္းႏွီး လုပ္ကိုင္ခဲ့သည္။

ဘဝနိဂုံး

၂၀၀၇ ေအာက္တိုဘာ ၂၆ တြင္ ရန္ကုန္ၿမိဳ႕တြင္ ဆီးခ်ိဳ၊ ေလတပိုင္းျဖတ္ျခင္း ႏွင့္ ေသြးတိုး ေရာဂါမ်ား ခံစားေနရၿပီး ကြယ္လြန္ခဲ့သည္။ ရန္ကုန္ၿမိဳ႕ ေျမာက္ဥကၠလာပ ရွိ ေရေဝးသုသာန္တြင္ ျမဳပ္ႏွံခဲ့သည္။

မိသားစု

နန္းေကးယြန္း (၁၉၉၃ ကြယ္လြန္) ႏွင့္ လက္ထပ္ခဲ့ရာ သားသမီး ရွစ္ဦး ရရွိခဲ့သည္။ သား သမီးမ်ားမွာ Nang Long (Khajit), Zarm Merng (Phajon), Zarm Herng (Phathai), Nang Kang (Khanittha), Zarm Zeun (Phairote), Zarm Myat (Phaisarn), Nang Lek (n.a.), Zarm Mya (Pitak) တို႔ ျဖစ္သည္။

ရုပ္ရွင္

၂၀၀၇ ခုႏွစ္က ထြက္ခဲ့တဲ့ American Gangster ရုပ္ရွင္ထဲမွာ Denzel Washington (Frank Lucas) က ထိုင္းနယ္စပ္က ကူမင္တန္ေတြသိမ္းပိုက္ထားတဲ့ စခန္းမွာ ဘိန္းအေရာင္းအ၀ယ္ကိစၥလာေရာက္ ညိွႏွုိင္းတဲ့ အခါ ဘိန္းဘုရင္ ခြန္ဆာ အေနနဲ႔ တရုတ္သရုပ္ေဆာင္ Ric Young ကသရုပ္ေဆာင္ထားခဲ့ပါတယ္။ ရုပ္ရွင္ထဲမွာ ေတာ့ ခြန္ဆာလို႔မသံုးပဲ (Chinese General) လုိ႔သာ သံုးထားတာေတြ႔ရပါမယ္။ ဒါေပမယ့္ wikipedia မွာေတာ့ ခြန္ဆာ ေနရာမွာ Ric Young ကသရုပ္ေဆာင္ထားခဲ့တယ္ဆိုတာ ေတြ႔ျမင္ရပါတယ္။

Myanmar Wikipedia

—————

ရွှေတြိဂံနယ်မြေက ကမ္ဘာကျော်ဘိန်းဘုရင်ကြီး ခွန်ဆာ (unicode)

အနောက်တွင် အက်စ်ကိုဘား ၊ အရှေ့တွင်ခွန်ဆာ ဟု စကားတွင်ရလောက်အောင် အနောက်နိုင်ငံ မူးယစ်ရာဇာအဖြစ် အက်စ်ကိုဘား တန်ခိုးထွားခဲ့သလို ခွန်ဆာ သည်လည်း အရှေ့တိုင်း အာရှမှ ဘိန်းဘုရင်ကြီးအဖြစ် နာမည်ကြီးခဲ့ဖူးသည်။

ခွန်ဆာ သည် ရွှေတြိဂံနယ်စပ်မှ ကမ္ဘာကျော်ဘိန်းဘုရင်ကြီးတစ်ဦး ဖြစ်သည်။ ခွန်ဆာသည် ရှမ်း တရုတ် ကပြားတစ်ဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် မြန်မာစစ်အစိုးရထံ၌ လက်နက်မချမီ အချိန်အထိ အင်အား ၁၅,၀၀၀ ခန့်ရှိ ကိုယ်ပိုင် စစ်တပ်ဖြင့် ထိုင်း၊ မြန်မာ၊ လာအိုနယ်စပ် ရွှေတြိဂံဒေသကို လွှမ်းမိုးနိုင်ခဲ့သည်။

ခွန်ဆာကို တောင်သိန္နီစော်ဘွားနယ် (ယခု တန့်ယန်းမြို့နယ်) လွိုင်မော်ကျေးရွာအုပ်စု၊ ဖာဖိန့်ရွာနေ တရုတ်လူမျိုး ဖခင် ခွန်အိုက် (Zhang Bingyao) နှင့် ရှမ်းလူမျိုး မိခင် နန်းဆိုင်ဇွန် တို့မှ ၁၉၃၄ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်တွင် မွေးဖွားသည်။ တရုတ်အမည် Zhang Qifu ဖြစ်သည်။

၁၉၃၇ ခုနှစ်၌ ဖခင်ကွယ်လွန်ရာ မိခင်က မိုင်းတွမ်းမြို့စား ခွန်ကြည်နှင့် လက်ဆက်သည်။ ၁၉၃၉ ခုနှစ်၌ မိခင်ကွယ်လွန်ပြန်ရာ ဘထွေးနှင့် အတန်ကြာနေထိုင်ပြီး အဘိုးက ပြန်မွေးစားသည်။ ဦးလေးဖြစ်သူ ခွန်ကြာက ထိန်းကျောင်းပေးသည်။

လက်နက်ကိုင်ဘဝ

ငယ်စဉ်က ကူမင်တန် တရုတ်ဖြူတပ်မှာ အမှုထမ်းခဲ့သည်။ နောက်ပိုင်းတွင် ကူမင်တန်မှ ခွဲထွက်ပြီး နောက်လိုက် ရာဂဏန်း အနည်းငယ်ဖြင့် ကိုယ်ပိုင်တပ်ကို တည်ထောင်ခဲ့သည်။

၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရ ဩဇာခံ လွယ်မော်ကာကွယ်ရေးတပ် အဖြစ် ပြောင်းလဲခဲ့သည်။ ငွေ၊ ဝတ်စုံနှင့် လက်နက်များကို ရယူပြီး ရှမ်းပြည်တပ်မတော် (Shan State Army)ကို တိုက်ခိုက်ပြီးနောက် တပ်အင်အား ၈၀၀ အထိ တိုးချဲ့အားကောင်းလာသည်။

၁၉၆၄ ခုနှစ်၌ ငါးဆယ်ကျပ်နှင့် တစ်ရာကျပ်တန်များကို တော်လှန်ရေးကောင်စီက ဖျက်သိမ်းရာ တောခိုပြီး ထိုင်းနယ်စပ် ဘန့်ဟင်တိုက်တွင် အခြေပြုသည်။ ရှမ်းနှင့် ဝ နယ်မြေများအတွင်း နယ်ပယ်ချဲ့ပြီး ဘိန်းထုတ်လုပ်မှု တိုးမြှင့်ခဲ့သည်။

၁၉၆၇ ခုနှစ်တွင် ရှမ်းပြည်နယ် အတွင်းရှိ ကူမင်တန် အကြွင်းအကျန် တပ်များနှင့် မသင့်မမြတ် ဖြစ်ပြီး အင်အား ဩဇာ ကျဆင်းခဲ့သေးသည်။

၁၉၆၉ ခုနှစ်တွင် မြန်မာအစိုးရက ဖမ်းဆီး၍ မန္တလေးထောင်၌ ထိန်းသိမ်းရာ သူ၏တပ်က တောပြန်ခိုသွားသည်။ ခွန်ဆာ၏လက်ထောက် တပ်မှူးဖြစ်သူက တောင်ကြီးမြို့ ၊ စဝ်စံထွန်းဆေးရုံတွင် လာရောက်တာဝန်ထမ်းဆောင်နေသော ရုရှားဆရာဝန် ၂ ဦးကို ဖမ်းဆီးကာ ခွန်ဆာနှင့်လဲလှယ်ရန် တောင်းဆိုခဲ့သဖြင့် ၁၉၇၄ ခုနှစ်တွင် ပြန်လွတ်လာသည်။

၁၉၇၆ ခုနှစ်တွင် ၎င်း၏တပ်ဖွဲ့ကို စည်းလုံးညီညွတ်သည့် ရှမ်း တပ်မတော် (Shan United Army) ဟု ပြောင်းလဲဖွဲ့စည်းပြီး ရှမ်းလူမျိုးများဘက်မှ ရပ်တည်ကာ မြန်မာ စစ်အစိုးရကို တိုက်ခိုက်သည်။

၁၉၈၅ ခုနှစ်တွင် စဝ်ကွဏ်းဇိန်း (ခ) မိုးဟိန်း ဦးဆောင်သည့် ရှမ်းတော်လှန်ရေးကောင်စီနှင့် ပူးပေါင်းပြီး စဝ်ကွန်းဇိန်းက ဥက္ကဋ္ဌ၊ ခွန်ဆာက ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူကြသည်။ ဟိုမိန်းဌာနချုပ်ကို တည်ထောင်ကာ ရှမ်းပြည်နယ် အရှေ့ပိုင်းတခွင်နှင့် ရှမ်း – ကယား နယ်စပ် အထိ ထိန်းချုပ်လာနိုင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် စဝ်ကွန်းဇိန်းကွယ်လွန်ရာ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။ ထိုနောက် အမ်တီအေ ခေါ် မုန်တိုင်းတပ်မတော် (Mong Tai Army) ကို ဖွဲ့စည်းခဲ့ပြီး ထိုင်း – မြန်မာ – လာအို နယ်စပ် ရှိ ရွှေတြိဂံဒေသတွင် ဘိန်းဖြူ အမြောက်အမြား ထုတ်လုပ်ခဲ့သဖြင့် ဘိန်းဘုရင်ဘွဲ့ဖြင့် ထင်ရှား လာခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ထိုင်းမှ မြန်မာ သို့ တရားမဝင် ဝင်ရောက်လာခဲ့သော ဩစတြေးလျ သတင်းထောက် စတီဖင်ရိုက် နှင့် အင်တာဗျူးခဲ့ပြီး ဘိန်းစိုက်ခင်းများ မစိုက်ပျိုးစေရန် တနှစ်လျှင် ဩစတြေးလျှဒေါ်လာ သန်း ၅၀ ဖြင့် နောက် ၈ နှစ် အတွက် ရောင်းမည်ဟု ဩစတြေးလျ အစိုးရသို့ ကမ်းလှမ်းခဲ့သည်။ ထို ကမ်းလှမ်းချက် ကို လွှတ်တော်အမတ် ဂရက်အီဗင် က “အစိုးရသည် ဒုစရိုက်သမားများ ဒုစရိုက်မှု မလုပ်ခြင်းအတွက် ငွေပေးစရာ မလို” ဟု ကြေငြာပြီး ဩစတြေးလျအစိုးရက ပယ်ချခဲ့သည်။

ခွန်ဆာသည် ကမ္ဘာ့ဟီရိုအင်းဈေးကွက်၏ ၈၀% ကိုချုပ်ကိုင်နိုင်ခဲ့သည်အထိ အင်အားကြီးထွားလာခဲ့သည်။ ခွန်ဆာမည်မျှကြွယ်ဝခဲ့သလဲ မည်သူမျှ အတိအကျမသိခဲ့ပေ။ therichest ဝဘ်ဆိုဒ်ကမူ ခွန်ဆာ၏ ကြွယ်ဝမှုကို အမေရိကန် ၅ဘီလျံဟု ခန့်မှန်းထားသည်။

၁၉၈၉ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်တရားရုံးက ခွန်ဆာကို ဘိန်း တန်တစ်ထောင် တင်ပို့ရန် ကြံစည်မှုဖြင့် တရားစွဲသည်ကို တုံ့ပြန်သောအားဖြင့် သူ ထုတ်လုပ်သည့် ဘိန်းဖြူ အားလုံးကို ဝယ်မည်ဆိုလျှင် နိုင်ငံတကာ မူးယစ်ဆေးဈေးကွက်သို့ ဖြန့်ဝေရောင်းချခြင်းမပြုတော့ဟုပင် အမေရိကန်ကို လှောင်ပြောင်ကမ်းလှမ်းခဲ့သည်။

၁၉၉၅ ခုနှစ်တွင် တပ်တွင်းပုန်ကုန်မှုဖြစ်ရာ ၁၉၉၆ ဇန်နဝါရီလ၌ မြန်မာအစိုးရထံ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်၍ ရန်ကုန်တွင် ပြောင်းရွေ့နေထိုင်သည်။

ခွန်ဆာအား အမေရိကန်နိုင်ငံက ဆုကြေး ဒေါ်လာ (၂) သန်း ထုတ်ပြန် ကြေညာခဲ့သော်လည်း ဖမ်းဆီးပေးပို့ရေးကို မြန်မာ စစ်အစိုးရက ငြင်းဆိုခဲ့သည်။ သို့ဖြင့် ဦးခွန်ဆာသည် “အမေရိကန် အစိုးရလက်သို့ လွှဲပြောင်းပေးခြင်း မခံရနိုင်” ဟူသော ယုံကြည်ချက်ဖြင့် မြန်မာအစိုးရနှင့် ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမ်တီအေဗဟိုကော်မတီဝင်တစ်ဦးအား ကိုးကား၍ ခွန်ဆာ ဦးဆောင်သော အမ်တီအေအဖွဲ့ ဘာ ကြောင့် လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရသလဲ ဟူသည့် စာအုပ်ကို မြန်မာအစိုးရက မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့သည်။

ရှမ်းပြည်နယ်မှ ရန်ကုန် မြို့တော်သို့ သွားရောက် အခြေချပြီး မကွယ်လွန်ခင်အချိန်အထိ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် လုပ်ငန်းပေါင်းများစွာ ရင်းနှီး လုပ်ကိုင်ခဲ့သည်။

ဘဝနိဂုံး
၂၀၀၇ အောက်တိုဘာ ၂၆ တွင် ရန်ကုန်မြို့တွင် ဆီးချို၊ လေတပိုင်းဖြတ်ခြင်း နှင့် သွေးတိုး ရောဂါများ ခံစားနေရပြီး ကွယ်လွန်ခဲ့သည်။ ရန်ကုန်မြို့ မြောက်ဥက္ကလာပ ရှိ ရေဝေးသုသာန်တွင် မြုပ်နှံခဲ့သည်။

မိသားစု
နန်းကေးယွန်း (၁၉၉၃ ကွယ်လွန်) နှင့် လက်ထပ်ခဲ့ရာ သားသမီး ရှစ်ဦး ရရှိခဲ့သည်။ သား သမီးများမှာ Nang Long (Khajit), Zarm Merng (Phajon), Zarm Herng (Phathai), Nang Kang (Khanittha), Zarm Zeun (Phairote), Zarm Myat (Phaisarn), Nang Lek (n.a.), Zarm Mya (Pitak) တို့ ဖြစ်သည်။

Myanmar Wikipedia

Leave a Reply