သရက္ၿမိဳ႕က တူရကီစစ္သခ်ဳႋင္း

Posted on

ေရးသားသူ – ေမာင္သာ(ေရွးေဟာင္းသုေတသန)

လူ႕အသက္ေပါင္းမ်ားစြာ ေသေက်ပ်က္စီးခဲ့ရ သည့္ ကမၻာစစ္ႀကီးႏွစ္ခု ၿပီးဆုံးၿပီးေနာက္ စစ္အတြင္းက်ဆုံးခဲ့သည့္ စစ္သည္မ်ား၏ အထိမ္းအမွတ္ဂူဗိမာန္မ်ားကို ကမၻာ့ႏိုင္ငံမ်ား၌ တည္ ေဆာက္ခဲ့ၾကသည္။ ထို႔ေၾကာင့္ ပထမ ကမၻာစစ္ႏွင့္ ဒုတိယကမၻာစစ္အတြင္း ျမန္မာ ႏိုင္ငံ၌ ေသဆုံး၊ က်ဆုံးခဲ့ၾကသည့္ ျပည္ပႏိုင္ငံ သား စစ္သည္မ်ား၏ အထိမ္းအမွတ္အုတ္ဂူ မ်ားထားရွိသည့္ သခ်ဳႋင္းမ်ားသည္လည္း စစ္ၿပီး ဆုံးခ်ိန္တြင္ ျမန္မာႏိုင္ငံ၌ ေပၚေပါက္လာ ခဲ့သည္။

ယင္းတို႔အနက္ ရန္ကုန္ၿမိဳ႕ရွိ ေထာက္ၾကံ့ စစ္သခ်ဳႋင္္း၊ ရန္ကုန္စစ္သခ်ဳႋင္းႏွင့္ သံျဖဴဇရပ္ၿမိဳ႕ ရွိ မဟာမိတ္စစ္သခ်ဳႋင္းတို႔သည္ အလြန္ထင္ရွား သည္။ ျမန္မာႏိုင္ငံအတြင္း အျခားၿမိဳ႕ရြာမ်ား တြင္လည္း ျပည္ပႏိုင္ငံသားမ်ားကို ျမႇဳပ္ႏွံခဲ့သည့္ သခ်ဳႋင္းမ်ားရွိသည့္အနက္ မေကြးတိုင္းေဒသႀကီး သရက္ၿမိဳ႕ရွိ တူရကီစစ္သခ်ဳႋင္းသည္ တစ္ခုအပါ အဝင္ျဖစ္ေပသည္။

သရက္ၿမိဳ႕

သရက္ၿမိဳ႕သည္ ပုဂံေခတ္ကပင္ စည္ပင္ထြန္း ကားခဲ့ဟန္ရွိေၾကာင္း ျမန္မာ့စြယ္စုံက်မ္းတြင္ ေဖာ္ျပထားကာ ပုဂံမင္းဆက္ ေနာက္ဆုံးမင္းျဖစ္ ေသာ ေက်ာ္စြာမင္းလက္ထက္တြင္ သားေတာ္ မင္းရွင္ေစာကို သရက္ၿမိဳ႕စားအျဖစ္ ခန္႔အပ္ခဲ့ ေၾကာင္း ေရးသားထားသည္။ မေကြးတုိင္းေဒသ ႀကီးအတြင္း ဧရာဝတီျမစ္၏ အေနာက္ဘက္ကမ္း တြင္တည္ရွိသည့္ သရက္သည္ ခ႐ိုင္ၿမိဳ႕တစ္ခုျဖစ္ ကာ သရက္ခ႐ိုင္ကို သရက္၊ ကံမ၊ ဆင္ေပါင္ဝဲ၊ မင္းတုန္း၊ မင္းလွ၊ ေအာင္လံၿမိဳ႕မ်ားျဖင့္ ဖြဲ႕စည္း ထားသည္။

သရက္ၿမိဳ႕နယ္၏အေရွ႕ဘက္တြင္ ဧရာဝတီ ျမစ္ႏွင့္ ေအာင္လံၿမိဳ႕နယ္၊ အေနာက္ဘက္တြင္္ မင္းတုန္းၿမိဳ႕နယ္၊ ေတာင္ဘက္တြင္ ကံမၿမိဳ႕နယ္၊ ေျမာက္ဘက္တြင္ မင္းလွႏွင့္ ဆင္ေပါင္ဝဲၿမိဳ႕နယ္ တို႔ တည္ရွိသည္။ သရက္ၿမိဳ႕ဧရိယာသည္ ေျမျပန္႔လြင္ျပင္ျဖစ္ၿပီး ၿမိဳ႕နယ္အတြင္း ေနရာအမ်ားစုသည္ ေတာင္ကုန္း ေတာင္တန္းမ်ား ျဖစ္ၾကသည္။ သရက္ၿမိဳ႕၏ေတာင္ဘက္တြင္ ထုံးေတာင္၊ အေနာက္ေတာင္ ဘက္တြင္ ကေဝေတာင္၊ အေနာက္ေျမာက္ဘက္ တြင္ ေငြသင္ပုန္းေတာင္၊ ေျမာက္ဘက္တြင္ ဇာလီေတာင္ႏွင့္ ျမင္ဘာေတာင္တို႔ တည္ရွိ သည့္အနက္ ၁၆၆၈ ေပျမင့္သည့္ ျမင္ဘာေတာင္ သည္ အျမင့္ဆုံးျဖစ္သည္။

ေတာ္လွန္ေရးေကာင္စီ အစိုးရလက္ထက္ တြင္ ျပည္ထဲေရးႏွင့္သာသနာေရးဝန္ႀကီးဌာနက သရက္ၿမိဳ႕နယ္ကို ရပ္ကြက္ ရွစ္ခု၊ ေက်းရြာအုပ္စု ၅၃ အုပ္စု၊ ေက်းရြာ ၁၅၈ ရြာျဖင့္ ၁၉၇၂ ခုႏွစ္ ၾသဂုတ္ ၃ဝ ရက္က ဖြဲ႕စည္းခဲ့သည္။ ဧရာဝတီျမစ္ သည္ သရက္ၿမိဳ႕နယ္ကိုျဖတ္သန္းလ်က္ ေျမာက္ ဘက္မွ ေတာင္ဘက္သို႔ စီးဆင္းေနသျဖင့္ သရက္ၿမိဳ႕သို႕ ေအာင္လံၿမိဳ႕မွ ဧရာဝတီျမစ္အတိုင္း ေရယာဥ္ျဖင့္ စုန္ဆင္းသြားေရာက္ႏိုင္သည္။ ထို႔အတူ ျပည္နဝေဒးတံတားကို ျဖတ္သန္း၍ ျဖစ္ေစ၊ ပုသိမ္-မုံရြာလမ္းအတိုင္းျဖစ္ေစ ေမာ္ ေတာ္ကားလမ္းျဖင့္လည္း သြားေရာက္ႏိုင္ၾက သည္။ သရက္ၿမိဳ႕မွ ၁၈ မိုင္ကြာေဝးသည့္ မင္းတုန္း ၿမိဳ႕၊ ၁၃ မိုင္ကြာေဝးသည့္ ကံမၿမိဳ႕ႏွင့္ ၂၈ မိုင္ကြာ ေဝးသည့္ မင္းလွၿမိဳ႕သို႔ ကားျဖင့္အလြယ္တကူ သြားေရာက္ႏိုင္သည္။

ပင္လယ္ေရမ်က္ႏွာျပင္ အထက္ ၁၁၉ ဒသမ ၂၉ ေပျမင့္သည့္ သရက္ၿမိဳ႕နယ္တြင္ ၂ဝ၁၇ ခုႏွစ္ မတ္လ စာရင္းမ်ားအရ လူဦးေရ ၁ဝ၃၂၉၄ ဦး ေနထိုင္လ်က္ရွိကာ ၿမိဳ႕နယ္အတြင္း အစိုးရ စက္မႈလက္မႈသိပၸံေက်ာင္း၊ အထက္တန္းေက်ာင္း သုံးေက်ာင္း၊ တြဲဖက္အထက္တန္းေက်ာင္း ခုနစ္ေက်ာင္း၊ ခုတင္ ၁ဝဝ ဆံ့ ခ႐ိုင္ေဆး႐ုံ တစ္႐ုံႏွင့္ ၁၆ ခုတင္ဆံ့ တိုက္နယ္ေဆး႐ုံ တစ္႐ံုတို႔ကို ဖြင့္လွစ္ထားသည္။ သရက္ၿမိဳ႕နယ္ရွိ သမိုင္းဝင္အေဆာက္အအုံမ်ားတြင္ ႐ုံးရပ္ကြက္ ရွိ သံတဲ၊ ျပည္ေတာ္ေအးရပ္ကြက္ရွိ ေဂါက္ကြင္း ႏွင့္ တူရကီစစ္သခ်ဳႋင္းတို႔ ပါဝင္သည္။

ျမန္မာႏိုင္ငံရွိ မဟာမိတ္စစ္သခ်ဳႋင္းမ်ား

ခရစ္ႏွစ္ ၁၉၁၄ ခုႏွစ္မွ ၁၉၁၈ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့သည့္ ပထမကမၻာစစ္တြင္ လူ ၁၇ သန္း ေသဆုံး၍ သန္း၂ဝ ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ခရစ္ႏွစ္ ၁၉၃၉ ခုႏွစ္ မွ ၁၉၄၅ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့သည့္ ဒုတိယကမၻာစစ္တြင္ လူဦးေရ သန္း ၆ဝ ေက်ာ္ ေသေက်ဒဏ္ရာရရွိခဲ့ၾကသည္။ ကမၻာအႏွံ႕ စစ္ေျမျပင္အသီးသီးတြင္ စစ္သည္ မ်ားသာမက အရပ္သားျပည္သူမ်ားပါ အသက္ ဆုံး႐ႈံးခဲ့ၾကရၿပီးေနာက္ စစ္ပြဲႀကီးမ်ားအၿပီးတြင္ စစ္၏ျပယုဂ္တစ္ခုအျဖစ္ စစ္သခ်ဳႋင္းမ်ားကို ျမင္ေတြ႕ခဲ့ၾကရသည္။ ကမၻာစစ္ႀကီးႏွစ္ခု ၿပီးဆုံးၿပီးေနာက္ မဟာမိတ္ ႏိုင္ငံမ်ားသည္ မဟာမိတ္စစ္သခ်ဳႋင္းမ်ားကို တည္ေဆာက္ကာ က်ဆုံးခဲ့သည့္စစ္သည္မ်ား၏ အထိမ္းအမွတ္ဂူမ်ားကို ထားရွိခဲ့ၾကသျဖင့္ ႏွစ္ ကာလၾကာရွည္လာခ်ိန္တြင္ ယင္းတို႕သည္ သမိုင္း ဝင္ အထိမ္းအမွတ္မ်ားအျဖစ္ ထင္ရွားလာခဲ့ သည္။

ဒုတိယကမၻာစစ္အၿပီးတြင္ ၿဗိတိသွ်တို႕သည္ ရန္ကုန္ၿမိဳ႕၌ စစ္သခ်ဳႋင္းႏွစ္ခုႏွင့္ သံျဖဴဇရပ္ၿမိဳ႕၌္ စစ္သခ်ဳႋင္းတစ္ခုကို ဖြင့္လွစ္ခဲ့သည္။ စမ္းေခ်ာင္း ၿမိဳ႕နယ္ရွိ ရန္ကုန္စစ္သခ်ဳႋင္းကို ၁၉၄၅ ခုႏွစ္တြင္ ဖြင့္လွစ္၍ အထိမ္းအမွတ္အုတ္ဂူ ၁၃၈၁ ခု ထား ရွိခဲ့သည္။ မဂၤလာဒုံၿမိဳ႕နယ္၌ ၁၉၅၁ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့သည့္ ေထာက္ႀကံ့စစ္သခ်ဳႋင္းတြင္ ပထမကမၻာစစ္ႏွင့္ ဒုတိယကမၻာစစ္မ်ားအတြင္း ျမန္မာႏိုင္ငံ စစ္ေျမျပင္အသီးသီး၌ က်ဆုံးခဲ့သည့္ မဟာမိတ္စစ္သည္ ၆၃၇၄ ဦး၏ အထိမ္းအမွတ္ အုတ္ဂူငယ္မ်ားကို ထားရွိသည္။ ထို႔အတူ မြန္ ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕၌ အထိမ္းအမွတ္အုတ္ဂူ ၃၇၇၁ ခုရွိသည့္ မဟာမိတ္စစ္သခ်ဳႋင္းကို ၁၉၄၆ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့သည္။

သရက္ တူရကီစစ္သခ်ဳႋင္း

ပထမကမၻာစစ္အတြင္းက အီရတ္၊ ပါလက္ စတိုင္း၊ ဆီးရီးယားႏွင့္ အာေရဗ်စစ္ေျမျပင္မ်ား တြင္ ၿဗိတိသွ်တို႔သည္ ေအာ္တိုမန္အင္ပိုင္ယာ ႏိုင္ငံမ်ားႏွင့္ စစ္ျဖစ္ခဲ့ကာ စစ္ပြဲအၿပီး၌ ေအာ္တို မန္အင္ပိုင္ယာ စစ္သုံ႔ပန္းမ်ားကို ျမန္မာႏိုင္ငံသို႔ ေခၚေဆာင္ခဲ့၍ မိတၴီလာႏွင့္ သရက္ၿမိဳ႕တို႕တြင္ ထိန္းသိမ္းထားရွိခဲ့သည္။ ယင္းတို႔အနက္ တူရကီ စစ္သုံ႔ပန္းမ်ားသည္ ဦးေရ ေထာင္ႏွင့္ခ်ီ၍ ပါဝင္ ခဲ့ၿပီး စစ္ႀကီးၿပီးဆုံးခ်ိန္တြင္ အသက္ရွင္က်န္ရွိေန သူမ်ားသည္ မိခင္ႏိုင္ငံသို႔ ျပန္သြားႏိုင္ခဲ့ ၾကသည္။

ေသဆုံးခဲ့သူမ်ားကို မိတၴီလာႏွင့္ သရက္ၿမိဳ႕ တို႔တြင္ ျမႇဳပ္ႏွံခဲ့ရာ မိတၴီလာစစ္သခ်ဳႋင္းသည္ မိတၴီလာကန္အနီးတြင္ရွိခဲ့ကာ ယခုအခါ ပ်က္စီး ေနၿပီျဖစ္သည္။ သရက္စစ္သခ်ဳႋင္းမွာမူ ထင္ရွား စြာ က်န္ရွိေနဆဲျဖစ္သည္။ ပထမကမၻာစစ္ အတြင္းက ၿဗိတိသွ်တို႔သည္ စစ္သုံ႔ပန္း ၁၂ဝဝဝ ကို ျမန္မာႏိုင္ငံတြင္ထားရွိခဲ့ရာ ၁၉၁၇ ခုႏွစ္တြင္ သရက္ၿမိဳ႕၌ စစ္သုံ႔ပန္း ၃၅ဝဝ ရွိခဲ့သည္။ ယင္းတို႔ အနက္ အမ်ားစုသည္ တူရကီလူမ်ိဳးမ်ားျဖစ္ၾက ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေသဆုံးသူ ၁ဝဝဝ ေက်ာ္ရွိခဲ့ကာ သရက္ၿမိဳ႕ တူရကီစစ္သခ်ဳႋင္း တြင္ စစ္သည္တစ္ဦးခ်င္းစီ၏အမည္မ်ား ေရး ထိုးထားသည့္အထိမ္းအမွတ္အုတ္ဂူ ၂၂၂ ခု ကို ျမင္ေတြ႕ၾကရသည္။

သရက္ၿမိဳ႕၏ေျမာက္ဘက္ရွိ စစ္သခ်ဳႋင္းကို ၂ဝ၁၂ ခုႏွစ္တြင္ ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္း မ်ား စတင္ေဆာင္ရြက္ခဲ့ကာ စစ္သခ်ဳႋင္းတံတိုင္း ႏွင့္ အထိမ္းအမွတ္အုတ္ဂူမ်ားကို အျဖဴေရာင္ စက်င္ေက်ာက္မ်ားျဖင့္ ျပဳလုပ္ခဲ့ၿပီး ၂ဝ၁၆ ခုႏွစ္ ဇြန္ ၁၄ ရက္တြင္ ျမန္မာႏိုင္ငံသို႔ ခ်စ္ၾကည္ေရး ခရီးေရာက္ရွိခဲ့သည့္ တူရကီႏိုင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီး Mr.Mevlut Cavusoglu က ဖြင့္လွစ္ ေပးခဲ့သည္။

အထိမ္းအမွတ္အုတ္ဂူမ်ား၏အလယ္တြင္ စိုက္ထူထားသည့္ အျဖဴေရာင္ ေလးေထာင့္ ေက်ာက္တိုင္၌ ”ပထမကမၻာစစ္အတြင္း အီရတ္၊ ပါလက္စတိုင္း၊ ဆီးရီးယားႏွင့္ အာေရဗ်စစ္ ေျမျပင္မ်ားတြင္ ေအာ္တိုမန္တပ္မေတာ္ႏွင့္ ၿဗိတိသွ်တပ္မေတာ္တို႔၏ တိုက္ပြဲမ်ားအတြင္း ျမန္မာႏိုင္ငံသို႔ စစ္သုံ႔ပန္းအျဖစ္ ဖမ္းဆီးေခၚ ေဆာင္ျခင္းခံရ၍ ဤေနရာတြင္က်ဆုံးခဲ့ေသာ တူရကီစစ္သားမ်ားႏွင့္ အစိုးရအမႈထမ္းမ်ား အား ေအာက္ေမ့သတိရျခင္းအထိမ္းအမွတ္”ဟု ျမန္မာ၊ အဂၤလိပ္၊ တူရကီဘာသာတို႔ျဖင့္ ေရး ထိုးထားသည္။

ပထမကမၻာစစ္အတြင္းက သရက္ၿမိဳ႕သို႔ ပို႔ ေဆာင္ခံခဲ့ရသည့္ တူရကီစစ္သုံ႔ပန္းမ်ားသည္ ဧရာဝတီျမစ္ ေရထိန္းနံရံတည္ေဆာက္ျခင္းႏွင့္ လမ္းေဖာက္လုပ္ျခင္းတို႔တြင္ အလုပ္လုပ္ခဲ့ၾကရ သည္ဟုဆိုသည္။ သရက္ၿမိဳ႕တြင္ တူရကီသုံ႔ပန္း မ်ားေနထိုင္ခဲ့သည့္ ယခု ျပည္ေတာ္ေအးရပ္ကြက္ ေနရာကို ယခင္က ေဂၚယာေစ်းဟု ေခၚဆိုခဲ့သည္။ အသစ္ျပဳျပင္ဖြင့္လွစ္ခဲ့သည့္ သရက္ၿမိဳ႕ တူရကီ စစ္သခ်ဳႋင္းထိန္းသိမ္းေစာင့္ေရွာက္ေရးကို ယခု အခါ သရက္ၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႕ ႏွင့္ တူရကီသံ႐ုံးတို႔က တာဝန္ယူေဆာင္ရြက္လ်က္ ရွိသည္။

စစ္သခ်ဳႋင္းမ်ားကို စစ္၏အနိ႒ာ႐ုံမ်ားဟု ဆိုႏိုင္သကဲ့သို႔ ကမၻာစစ္ႀကီးႏွစ္ခု၏ သမိုင္း အေထာက္အထားမ်ားဟုလည္း ဆိုႏိုင္ေပသည္။ ထို႕ေၾကာင့္ ျမန္မာႏိုင္ငံရွိ စစ္သခ်ဳႋင္းမ်ားအနက္ သရက္ၿမိဳ႕တူရကီစစ္သခ်ဳႋင္္းသည္လည္း စစ္၏သေကၤတတစ္ခုအျဖစ္ေရာ၊ ျမန္မာ-တူရကီ ႏွစ္ ႏိုင္ငံအတြက္ သမိုင္းသက္ေသတစ္ရပ္အျဖစ္ပါ ထင္ရွားစြာ တည္ရွိေနေပသည္။ ။

ေမာင္သာ(ေရွးေဟာင္းသုေတသန)

၂၅ ၊ ၉ ၊ ၂၀၁၈ ရက္ထုတ္ ျမန္မာ့အလင္းသတင္းစာမွ

——————

သရက်မြို့က တူရကီစစ်သချုႋင်း (unicode)

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

လူ့အသက်ပေါင်းများစွာ သေကျေပျက်စီးခဲ့ရ သည့် ကမ္ဘာစစ်ကြီးနှစ်ခု ပြီးဆုံးပြီးနောက် စစ်အတွင်းကျဆုံးခဲ့သည့် စစ်သည်များ၏ အထိမ်းအမှတ်ဂူဗိမာန်များကို ကမ္ဘာ့နိုင်ငံများ၌ တည် ဆောက်ခဲ့ကြသည်။ ထို့ကြောင့် ပထမ ကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ နိုင်ငံ၌ သေဆုံး၊ ကျဆုံးခဲ့ကြသည့် ပြည်ပနိုင်ငံ သား စစ်သည်များ၏ အထိမ်းအမှတ်အုတ်ဂူ များထားရှိသည့် သချုႋင်းများသည်လည်း စစ်ပြီး ဆုံးချိန်တွင် မြန်မာနိုင်ငံ၌ ပေါ်ပေါက်လာ ခဲ့သည်။

ယင်းတို့အနက် ရန်ကုန်မြို့ရှိ ထောက်ကြံ့ စစ်သချုႋင်း၊ ရန်ကုန်စစ်သချုႋင်းနှင့် သံဖြူဇရပ်မြို့ ရှိ မဟာမိတ်စစ်သချုႋင်းတို့သည် အလွန်ထင်ရှား သည်။ မြန်မာနိုင်ငံအတွင်း အခြားမြို့ရွာများ တွင်လည်း ပြည်ပနိုင်ငံသားများကို မြှုပ်နှံခဲ့သည့် သချုႋင်းများရှိသည့်အနက် မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ တူရကီစစ်သချုႋင်းသည် တစ်ခုအပါ အဝင်ဖြစ်ပေသည်။

သရက်မြို့

သရက်မြို့သည် ပုဂံခေတ်ကပင် စည်ပင်ထွန်း ကားခဲ့ဟန်ရှိကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားကာ ပုဂံမင်းဆက် နောက်ဆုံးမင်းဖြစ် သော ကျော်စွာမင်းလက်ထက်တွင် သားတော် မင်းရှင်စောကို သရက်မြို့စားအဖြစ် ခန့်အပ်ခဲ့ ကြောင်း ရေးသားထားသည်။ မကွေးတိုင်းဒေသ ကြီးအတွင်း ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း တွင်တည်ရှိသည့် သရက်သည် ခရိုင်မြို့တစ်ခုဖြစ် ကာ သရက်ခရိုင်ကို သရက်၊ ကံမ၊ ဆင်ပေါင်ဝဲ၊ မင်းတုန်း၊ မင်းလှ၊ အောင်လံမြို့များဖြင့် ဖွဲ့စည်း ထားသည်။

သရက်မြို့နယ်၏အရှေ့ဘက်တွင် ဧရာဝတီ မြစ်နှင့် အောင်လံမြို့နယ်၊ အနောက်ဘက်တွင် မင်းတုန်းမြို့နယ်၊ တောင်ဘက်တွင် ကံမမြို့နယ်၊ မြောက်ဘက်တွင် မင်းလှနှင့် ဆင်ပေါင်ဝဲမြို့နယ် တို့ တည်ရှိသည်။ သရက်မြို့ဧရိယာသည် မြေပြန့်လွင်ပြင်ဖြစ်ပြီး မြို့နယ်အတွင်း နေရာအများစုသည် တောင်ကုန်း တောင်တန်းများ ဖြစ်ကြသည်။ သရက်မြို့၏တောင်ဘက်တွင် ထုံးတောင်၊ အနောက်တောင် ဘက်တွင် ကဝေတောင်၊ အနောက်မြောက်ဘက် တွင် ငွေသင်ပုန်းတောင်၊ မြောက်ဘက်တွင် ဇာလီတောင်နှင့် မြင်ဘာတောင်တို့ တည်ရှိ သည့်အနက် ၁၆၆၈ ပေမြင့်သည့် မြင်ဘာတောင် သည် အမြင့်ဆုံးဖြစ်သည်။

တော်လှန်ရေးကောင်စီ အစိုးရလက်ထက် တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနက သရက်မြို့နယ်ကို ရပ်ကွက် ရှစ်ခု၊ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ ကျေးရွာ ၁၅၈ ရွာဖြင့် ၁၉၇၂ ခုနှစ် ဩဂုတ် ၃ဝ ရက်က ဖွဲ့စည်းခဲ့သည်။ ဧရာဝတီမြစ် သည် သရက်မြို့နယ်ကိုဖြတ်သန်းလျက် မြောက် ဘက်မှ တောင်ဘက်သို့ စီးဆင်းနေသဖြင့် သရက်မြို့သို့ အောင်လံမြို့မှ ဧရာဝတီမြစ်အတိုင်း ရေယာဉ်ဖြင့် စုန်ဆင်းသွားရောက်နိုင်သည်။ ထို့အတူ ပြည်နဝဒေးတံတားကို ဖြတ်သန်း၍ ဖြစ်စေ၊ ပုသိမ်-မုံရွာလမ်းအတိုင်းဖြစ်စေ မော် တော်ကားလမ်းဖြင့်လည်း သွားရောက်နိုင်ကြ သည်။ သရက်မြို့မှ ၁၈ မိုင်ကွာဝေးသည့် မင်းတုန်း မြို့၊ ၁၃ မိုင်ကွာဝေးသည့် ကံမမြို့နှင့် ၂၈ မိုင်ကွာ ဝေးသည့် မင်းလှမြို့သို့ ကားဖြင့်အလွယ်တကူ သွားရောက်နိုင်သည်။

ပင်လယ်ရေမျက်နှာပြင် အထက် ၁၁၉ ဒသမ ၂၉ ပေမြင့်သည့် သရက်မြို့နယ်တွင် ၂ဝ၁၇ ခုနှစ် မတ်လ စာရင်းများအရ လူဦးရေ ၁ဝ၃၂၉၄ ဦး နေထိုင်လျက်ရှိကာ မြို့နယ်အတွင်း အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း၊ အထက်တန်းကျောင်း သုံးကျောင်း၊ တွဲဖက်အထက်တန်းကျောင်း ခုနစ်ကျောင်း၊ ခုတင် ၁ဝဝ ဆံ့ ခရိုင်ဆေးရုံ တစ်ရုံနှင့် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တစ်ရုံတို့ကို ဖွင့်လှစ်ထားသည်။ သရက်မြို့နယ်ရှိ သမိုင်းဝင်အဆောက်အအုံများတွင် ရုံးရပ်ကွက် ရှိ သံတဲ၊ ပြည်တော်အေးရပ်ကွက်ရှိ ဂေါက်ကွင်း နှင့် တူရကီစစ်သချုႋင်းတို့ ပါဝင်သည်။

မြန်မာနိုင်ငံရှိ မဟာမိတ်စစ်သချုႋင်းများ

ခရစ်နှစ် ၁၉၁၄ ခုနှစ်မှ ၁၉၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ပထမကမ္ဘာစစ်တွင် လူ ၁၇ သန်း သေဆုံး၍ သန်း၂ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခရစ်နှစ် ၁၉၃၉ ခုနှစ် မှ ၁၉၄၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဒုတိယကမ္ဘာစစ်တွင် လူဦးရေ သန်း ၆ဝ ကျော် သေကျေဒဏ်ရာရရှိခဲ့ကြသည်။ ကမ္ဘာအနှံ့ စစ်မြေပြင်အသီးသီးတွင် စစ်သည် များသာမက အရပ်သားပြည်သူများပါ အသက် ဆုံးရှုံးခဲ့ကြရပြီးနောက် စစ်ပွဲကြီးများအပြီးတွင် စစ်၏ပြယုဂ်တစ်ခုအဖြစ် စစ်သချုႋင်းများကို မြင်တွေ့ခဲ့ကြရသည်။ ကမ္ဘာစစ်ကြီးနှစ်ခု ပြီးဆုံးပြီးနောက် မဟာမိတ် နိုင်ငံများသည် မဟာမိတ်စစ်သချုႋင်းများကို တည်ဆောက်ကာ ကျဆုံးခဲ့သည့်စစ်သည်များ၏ အထိမ်းအမှတ်ဂူများကို ထားရှိခဲ့ကြသဖြင့် နှစ် ကာလကြာရှည်လာချိန်တွင် ယင်းတို့သည် သမိုင်း ဝင် အထိမ်းအမှတ်များအဖြစ် ထင်ရှားလာခဲ့ သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ဗြိတိသျှတို့သည် ရန်ကုန်မြို့၌ စစ်သချုႋင်းနှစ်ခုနှင့် သံဖြူဇရပ်မြို့၌် စစ်သချုႋင်းတစ်ခုကို ဖွင့်လှစ်ခဲ့သည်။ စမ်းချောင်း မြို့နယ်ရှိ ရန်ကုန်စစ်သချုႋင်းကို ၁၉၄၅ ခုနှစ်တွင် ဖွင့်လှစ်၍ အထိမ်းအမှတ်အုတ်ဂူ ၁၃၈၁ ခု ထား ရှိခဲ့သည်။ မင်္ဂလာဒုံမြို့နယ်၌ ၁၉၅၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ထောက်ကြံ့စစ်သချုႋင်းတွင် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်များအတွင်း မြန်မာနိုင်ငံ စစ်မြေပြင်အသီးသီး၌ ကျဆုံးခဲ့သည့် မဟာမိတ်စစ်သည် ၆၃၇၄ ဦး၏ အထိမ်းအမှတ် အုတ်ဂူငယ်များကို ထားရှိသည်။ ထို့အတူ မွန် ပြည်နယ် သံဖြူဇရပ်မြို့၌ အထိမ်းအမှတ်အုတ်ဂူ ၃၇၇၁ ခုရှိသည့် မဟာမိတ်စစ်သချုႋင်းကို ၁၉၄၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

သရက် တူရကီစစ်သချုႋင်း

ပထမကမ္ဘာစစ်အတွင်းက အီရတ်၊ ပါလက် စတိုင်း၊ ဆီးရီးယားနှင့် အာရေဗျစစ်မြေပြင်များ တွင် ဗြိတိသျှတို့သည် အော်တိုမန်အင်ပိုင်ယာ နိုင်ငံများနှင့် စစ်ဖြစ်ခဲ့ကာ စစ်ပွဲအပြီး၌ အော်တို မန်အင်ပိုင်ယာ စစ်သုံ့ပန်းများကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်ခဲ့၍ မိတ္ထီလာနှင့် သရက်မြို့တို့တွင် ထိန်းသိမ်းထားရှိခဲ့သည်။ ယင်းတို့အနက် တူရကီ စစ်သုံ့ပန်းများသည် ဦးရေ ထောင်နှင့်ချီ၍ ပါဝင် ခဲ့ပြီး စစ်ကြီးပြီးဆုံးချိန်တွင် အသက်ရှင်ကျန်ရှိနေ သူများသည် မိခင်နိုင်ငံသို့ ပြန်သွားနိုင်ခဲ့ ကြသည်။

သေဆုံးခဲ့သူများကို မိတ္ထီလာနှင့် သရက်မြို့ တို့တွင် မြှုပ်နှံခဲ့ရာ မိတ္ထီလာစစ်သချုႋင်းသည် မိတ္ထီလာကန်အနီးတွင်ရှိခဲ့ကာ ယခုအခါ ပျက်စီး နေပြီဖြစ်သည်။ သရက်စစ်သချုႋင်းမှာမူ ထင်ရှား စွာ ကျန်ရှိနေဆဲဖြစ်သည်။ ပထမကမ္ဘာစစ် အတွင်းက ဗြိတိသျှတို့သည် စစ်သုံ့ပန်း ၁၂ဝဝဝ ကို မြန်မာနိုင်ငံတွင်ထားရှိခဲ့ရာ ၁၉၁၇ ခုနှစ်တွင် သရက်မြို့၌ စစ်သုံ့ပန်း ၃၅ဝဝ ရှိခဲ့သည်။ ယင်းတို့ အနက် အများစုသည် တူရကီလူမျိုးများဖြစ်ကြ ပြီး အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ ၁ဝဝဝ ကျော်ရှိခဲ့ကာ သရက်မြို့ တူရကီစစ်သချုႋင်း တွင် စစ်သည်တစ်ဦးချင်းစီ၏အမည်များ ရေး ထိုးထားသည့်အထိမ်းအမှတ်အုတ်ဂူ ၂၂၂ ခု ကို မြင်တွေ့ကြရသည်။

သရက်မြို့၏မြောက်ဘက်ရှိ စစ်သချုႋင်းကို ၂ဝ၁၂ ခုနှစ်တွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့ကာ စစ်သချုႋင်းတံတိုင်း နှင့် အထိမ်းအမှတ်အုတ်ဂူများကို အဖြူရောင် စကျင်ကျောက်များဖြင့် ပြုလုပ်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် ဇွန် ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိခဲ့သည့် တူရကီနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mr.Mevlut Cavusoglu က ဖွင့်လှစ် ပေးခဲ့သည်။

အထိမ်းအမှတ်အုတ်ဂူများ၏အလယ်တွင် စိုက်ထူထားသည့် အဖြူရောင် လေးထောင့် ကျောက်တိုင်၌ ”ပထမကမ္ဘာစစ်အတွင်း အီရတ်၊ ပါလက်စတိုင်း၊ ဆီးရီးယားနှင့် အာရေဗျစစ် မြေပြင်များတွင် အော်တိုမန်တပ်မတော်နှင့် ဗြိတိသျှတပ်မတော်တို့၏ တိုက်ပွဲများအတွင်း မြန်မာနိုင်ငံသို့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ် ဆောင်ခြင်းခံရ၍ ဤနေရာတွင်ကျဆုံးခဲ့သော တူရကီစစ်သားများနှင့် အစိုးရအမှုထမ်းများ အား အောက်မေ့သတိရခြင်းအထိမ်းအမှတ်”ဟု မြန်မာ၊ အင်္ဂလိပ်၊ တူရကီဘာသာတို့ဖြင့် ရေး ထိုးထားသည်။

ပထမကမ္ဘာစစ်အတွင်းက သရက်မြို့သို့ ပို့ ဆောင်ခံခဲ့ရသည့် တူရကီစစ်သုံ့ပန်းများသည် ဧရာဝတီမြစ် ရေထိန်းနံရံတည်ဆောက်ခြင်းနှင့် လမ်းဖောက်လုပ်ခြင်းတို့တွင် အလုပ်လုပ်ခဲ့ကြရ သည်ဟုဆိုသည်။ သရက်မြို့တွင် တူရကီသုံ့ပန်း များနေထိုင်ခဲ့သည့် ယခု ပြည်တော်အေးရပ်ကွက် နေရာကို ယခင်က ဂေါ်ယာဈေးဟု ခေါ်ဆိုခဲ့သည်။ အသစ်ပြုပြင်ဖွင့်လှစ်ခဲ့သည့် သရက်မြို့ တူရကီ စစ်သချုႋင်းထိန်းသိမ်းစောင့်ရှောက်ရေးကို ယခု အခါ သရက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ နှင့် တူရကီသံရုံးတို့က တာဝန်ယူဆောင်ရွက်လျက် ရှိသည်။

စစ်သချုႋင်းများကို စစ်၏အနိဋ္ဌာရုံများဟု ဆိုနိုင်သကဲ့သို့ ကမ္ဘာစစ်ကြီးနှစ်ခု၏ သမိုင်း အထောက်အထားများဟုလည်း ဆိုနိုင်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ စစ်သချုႋင်းများအနက် သရက်မြို့တူရကီစစ်သချုႋင်းသည်လည်း စစ်၏သင်္ကေတတစ်ခုအဖြစ်ရော၊ မြန်မာ-တူရကီ နှစ် နိုင်ငံအတွက် သမိုင်းသက်သေတစ်ရပ်အဖြစ်ပါ ထင်ရှားစွာ တည်ရှိနေပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)

၂၅ ၊ ၉ ၊ ၂၀၁၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှ

Leave a Reply