နီေပါက လုိဏ္ဂူေပါင္း ၁ေသာင္းေက်ာ္ရွိရာ ဗုဒၶဘာသာေဒသ

Posted on

တိဘက္ကုန္းျပင္ျမင့္နဲ႔ နယ္ေျမခ်င္းစပ္ဆက္တည္ရွိေနတဲ့ ယခုနီေပါနိုင္ငံထဲက Mustang ေဒသဟာ က်န္ခဲ့တဲ့ ကာလေတြတုန္းကေတာ့ Himalaya ေဒသကနိုင္ငံငယ္ တစ္ခုအေနနဲ သီးျခားတည္ရွိခဲ့ဖူးပါတယ္။ ယင္းကာလတုန္းက Mustang ဟာလြတ္လပ္တဲ့ ဗုဒၶဘာသာနုိင္ငံအေနနဲ႔တည္ရွိေနတာျဖစ္ျပီး (၁၈)ရာစုအကုန္ေလာက္မွာေတာ့ နီေပါ လူမ်ိဳးေတြရဲ့ တိုက္ခိုက္သိမ္းပိုက္ျခင္းကို ခံခဲ့ရပါတယ္။ ဒါေပမဲ့ Mustang မွာရွိတဲ့ ဗုဒၶဘာသာယဥ္ေက်းမႈ အေဆာက္အအံုနဲ႔ ဓေလ့စရိုက္ေတြကေတာ့ ဆက္လက္တည္ရွိေနခဲ့ပါတယ္။

ယင္းေနာက္ပုိင္း Mustang ဟာေဒသႏ ၱရအုပ္ခ်ဳပ္ေရးစနစ္နဲ႔ အုပ္ခ်ဳပ္ခဲ့ျပီး နီေပါနိုင္ငံကေနျပန္လည္ခြဲထြက္ခဲ့ျပန္ပါတယ္။ (၁၉၅၀)ေရာက္တဲ့အခါမွာေတာ့ နီေပါနိုင္ငံနဲ႔ ျပန္လည္ေပါင္းစည္းခဲ့ပါတယ္။ Mustang ေဒသဟာ ေရွးေဟာင္းယဥ္ေက်းမႈေလ့လာ ေရးနယ္ပယ္တစ္ခုျဖစ္တဲ့ အတြက္ ကမာၻအရပ္ရပ္ကပညာရွင္ေတြ လာေရာက္ေလ့လာ ဖို႔ၾကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ ယင္းကာလတုန္းက Mustangဟာ ေတာရိုင္းသက္သက္ ျဖစ္ေနတဲ့အခ်က္နဲ႔ ေဒသရဲ့လံုျခံဳေရးအေျခအေနေၾကာင့္ နီေပါအစိုးရက (၁၉၉၂)ခုနွစ္ အထိ Mustang ေဒသကို ကန္႔သတ္နယ္ေျမအျဖစ္ ေၾကျငာခဲ့ပါတယ္။

Mustang ေဒသ ရဲ့ေရွးအေမြအနွစ္ေတြကိုေတာ့ နီေပါအစိုးရရဲ့ ေမတၱာရပ္ခံခ်က္အရ နိုိင္ငံတကာအဖြဲ႔အစည္းေတြက ကူညီထိန္းသိမ္းေပးခဲ့ပါတယ္။ Mustang ေဒသရဲ့ ယဥ္ေက်းမႈအေမြအနွစ္ေတြဟာ ဗုဒၶဘာသာနဲ႔ မ်ားစြာႏွီးႏြယ္ေနျပီး တိဘက္ရိုးရာ ဓေလ့နဲ႔ အလားသ႑ာန္တူညီေန တာကို ျမင္ေတြ႔ရပါတယ္။ ယဥ္ေက်းမႈပံုသ႑န္သာမက သဘာဝရႈခင္းေတြအထိပါ တိဘက္ နိုင္ငံနဲ႔ဆင္တူေနပါတယ္။

Mustangဟာ တိဘက္နိုင္ငံလိုပဲ ေတာင္ကုန္း ေတာင္တန္း လ်ိဳေျမာင္၊ ခ်ဳိင့္ဝွမ္းေတြေပါမ်ားစြာတည္ရွိျပီး အလြန္အေအး ျပင္းထန္တဲ့အရပ္ေဒသ ျဖစ္ပါတယ္။ Mustang ေဒသရဲ့ ထင္ရွားတဲ့ အမွတ္အသားကေတာ့ Kali Gandaki ျမစ္ၾကီးက ဝန္းရံထားတဲ့ ျမင့္မားတဲ့ ေတာင္ေစာင္းတစ္ေလ်ွာက္ တည္ရွိေနတဲ့ အေရအတြက္(၁၀၀၀၀)နီးပါးရွိတဲ့ ေရွးေဟာင္းလိုဏ္ဂူေတြပဲ ျဖစ္ပါတယ္။ ေရွးေခတ္ ေက်ာက္ဆစ္လက္ရာကို အသံုးျပဳျပီး ပံုစံက်က်ထြင္းေဖာက္ထားတဲ့ အဲဒီလိုဏ္ဂူေတြ ထဲကအခ်ိဳ႕ဆိုရင္ ေျမျပင္ကေန (၁၅၀)ေပအျမင့္ေလာက္ကိုရွိျပီး ငွက္မ်ားရဲ့ နားေနတဲ့ အသိုက္ေနရာ အျဖစ္ေတာင္တည္ရွိေနတာပါ။

ထူးဆန္းတာကေတာ့ ေခက္အဆက္ဆက္ ဒီေက်ာက္လိုဏ္ဂူမ်ားစြာကို မည္သူေတြကတည္ေဆာက္ခဲ့တယ္ဆုိတာ မသိၾကပါဘူး ဆိုတဲ့ အခ်က္ ပဲျဖစ္ပါတယ္။ သဘာဝအတိုင္း ျဖစ္ေပၚလာတာမဟုတ္ပဲ တစ္ခုနဲ႔တစ္ခု အစီစဥ္တစ္ က်တည္ေဆာက္ထားတဲ့ ေက်ာက္လိုဏ္ဂႈအခ်ိဳ႕ဆိုရင္ ကၽြမ္းက်င္တဲ့ေတာင္တက္ သမားေတြေတာင္ ေရာက္ဖို႔ခက္ခဲတဲ့ အျမင့္ေပေတြမွာတည္ရွိေနပါတယ္။ လိုဏ္ဂူ အခ်ဳိ႕ရဲ့ အတြင္းမွာလည္း ျမတ္ဗုဒၶရဲ့ ျဖစ္စဥ္ေတြကို လက္ရာေျမာက္ေအာင္ပံုေဖာ္ထားတာကို လည္း ျမင္ေတြ႔ရပါတယ္။

ဒါအျပင္ လိုဏ္ဂႈ အခ်ိဳ႕မွာေတာ့ လူသားေတြေနထိုင္ခဲ့တဲ့အေထာက္အထားေတြကို ျမင္ေတြ႔ရပါတယ္။ ယင္းေခတ္အခါက လူအသံုးအေဆာင္ပစၥည္းေတြ ျဖစ္တဲ့ မီးလင္းဖို၊ စပါးေစ့၊ ပစၥည္း သိမ္းတဲ့ ပံုး၊အိပ္ရာအျဖစ္အသံုးျပဳခဲ့တဲ့ အရာေတြကို လိုဏ္ဂူအတြင္း အစီစဥ္တစ္က် ရွိေနတာမို႔ လူသားေတြေနထိုင္ခဲ့တယ္ ဆိုတဲ့အခ်က္ဟာ ေပၚလြင္ေနပါတယ္။

ဒါအျပင္ လူအေလာင္းျမဳပ္နွံရာ ေနရာအျဖစ္လည္း ဒီလိုဏ္ဂူေတြကို သံုးစြဲထားတာကိုေတြ႔ရ ပါတယ္။ အဲဒီဓေလ့ကိုေတာ့ Sky burial လို႔ေခၚျပီး ယေန႔အခ်ိန္ထိ ဟိမဝႏ ၱာ ေတာင္တန္းေဒသက ရြာအခ်ိဳ႕မွာ က်င့္္သံုးေနဆဲလည္း ျဖစ္ပါတယ္။ Mustang ေဒသ မွာေတြ႔ရွိရတဲ့ ဂူသခ်ဳိင္းေတြကေတာ့ လြန္ခဲ့တဲ့ နွစ္ေပါင္း(၂၀၀၀)ေက်ာ္ခန္႔ကတည္းကရွိေနခဲ့တာျဖစ္ပါတယ္။ အဲဒီကာလကကတည္းက ထားရွိခဲ့တဲ့ ရုပ္အလာင္းအရုိးစု ဒါဇင္ေပါင္းမ်ားစြာကိုေတြ႔ရွိခဲ့ၾကလုိ႔ ျဖစ္ပါတယ္။ ရုပ္အေလာင္းေတြကုိ သစ္သားနဲ႔ျပဳလုပ္ထားတဲ့ ကုတင္ေပၚမွာ ထားရွိတာျဖစ္ျပီးေၾကးနီနဲ႔ ဖန္သားကို ျပဳလုပ္ထားတဲ့ ပုတီးေစ့ေတြနဲ႔ တန္ဆာဆင္ထားေလ့ရွိတယ္ လုိ႔သိရပါတယ္။

ဒီေဒသကုိ ဗုဒၶဘာသာ မေရာက္ရွိမီ (၃)ရာစုကေန (၈)ရာစု ကာလကတည္းက ပင္ေဒသခံေတြဟာ Mustang ေတာင္ကို ဂူသခ်ိဳင္းအျဖစ္ သတ္မွတ္ထားခဲ့ပံုေပၚပါတယ္ ။ ေဒသခံေတြဟာ ကြယ္လြန္ျပီးသြားတဲ့ သူေတြရဲ့ ရုပ္အေလာင္းကို Mustang ေတာင္ ရဲ့ လိုဏ္ဂူေတြအတြင္း လာေရာက္ထားရွိခဲ့ျပီး ယင္းရုပ္အေလာင္းေတြဟာ ဘတ္တီးရီး ယားပိုးမႊားေတြနဲ႔ လဒငွက္ေတြရဲ့ လာေရာက္စားေသာက္ၾကတာတဲ့ အေနအထားကို ပညာရွင္ေတြက ေတြရွိခဲ့ပါတယ္။

သမိုင္းသုေတသီေတြကေတာ့ Mustangမွာရွိတဲ့ လိုဏ္ဂူေတြဟာ ေခတ္(၃)ေခတ္တိုင္ ေအာင္အသံုးျပဳျခင္း ခံခဲ့ရတယ္လို႔ ယံုၾကည္ပါတယ္။ ေလ့လာေတြ႔ရွိခ်က္ ေတြအရ ေတာ့ လြန္ခဲ့တဲ့ နွစ္ေပါင္း(၃၀၀၀)ေလာက္က Mustang အရပ္မွာေနထိုင္တဲ့ မ်ိဳးႏြယ္စု ေတြက ဒီလိုဏ္ဂူေတြကို ဂူဗိမာန္အျဖစ္ စတင္အသံုးျပဳခဲ့ၾကပါတယ္။ ေနာက္ထပ္ နွစ္ေပါင္း(၂၀၀၀)ေလာက္ၾကာတဲ့အခ်ိန္မွာေတာ့ ဒီလိုဏ္ဂူေတြဟာ ေဒသေပါင္းစံု ကေနစစ္ေဘးဒဏ္ေၾကာင့္ျဖစ္ေစ၊သဘာဝေဘးဒဏ္ေၾကာင့္ျဖစ္ေစ ေျပာင္းေရြလာတဲ့ ဒုကၡသည္ေတြအတြက္ ယာယီေနထိုင္ရာေနရာေတြ ျဖစ္ခဲ့ပါတယ္။

ေနာက္ပိုင္းကာလ ေအဒီ ၁၄၀၀ ခုနွစ္ေရာက္လာတဲ့ အခ်ိန္မွာေတာ့ Mustang ကလိုဏ္ဂႈေတြဟာ တရားဘာဝနာ စီးေျမာအားထုတ္ရာ ပုဂိၢဳလ္ေတြရဲ့ ဂူေအာင္းျပီး တရားထိုင္ရာေနရာေတြ ျဖစ္လာခဲ့ပါတယ္။ အခ်ိဳ႕လိုဏ္ေခါင္းဂူေတြဟာ ဘုန္းေတာ္ၾကီးေက်ာင္းေတြ အျဖစ္အသြင္ေျပာင္း သြားခဲ့ျပီး ယေန႔ထက္တိုင္တည္ရိွေနတဲ့ Luri Gompa ၊ the Chungsi Cave၊ Nyiphuk Cave စတဲ့ လိုဏ္ေခါင္းအတြင္းတည္ရွိေနတဲ့ ဗုဒၶဘာသာ ဘုန္းေတာ္ၾကီးေတြဟာ အေကာင္းဆံုးသာဓက ေတြျဖစ္တယ္လို႔ ဆိုၾကပါတယ္။

သူေတာ္ေကာင္းေတြနဲ႔ ထြက္ရပ္လမ္း ပုဂၢိဳလ္ေတြ ေပ်ာ္စံရာေနရာျဖစ္တယ္လို႔လည္း နီေပါနိင္ငံမွာ ထင္ရွားပါတယ္။ Luri Gompa ဘုန္းေတာ္ၾကီးေက်ာင္းကေတာ့ Mustang ေဒသမွာ အထင္ရွားဆံုးေသာ ေနရာျဖစ္ပါတယ္။ အဲဒီဘုန္းေတာ္ၾကီးေက်ာင္းဟာ အစြန္ဆံုး လိုဏ္ဂူအတြင္းမွာ တည္ ထားတာျဖစ္ျပီး ေျမျပင္ကမီတာ(၁၀၀) ၀န္းက်င္ေလာက္ အျမင့္ရွိပါတယ္။ ဘုန္းေတာ္ၾကီး ေက်ာင္းအတြင္းမွာေတာ့ တိုင္ေတြအျဖစ္ သဲေက်ာက္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ တိုင္ေတြကို ေတြ႔ျမင္ရမွာျဖစ္္ပါတယ္။

ဒီဘုန္းေတာ္ၾကီးေက်ာင္းကို လာေရာက္ရတဲ့ ေတာင္ၾကား လမ္းဟာ အလြန္က်ဥ္းေျမာင္းျပီး ေအာက္ေျခမွာ မက္ေစာက္တဲ့ ေတာင္ေစာင္းေတြ ကို ရင္ေအးစရာျမင္ေတြျမင္ရမွာပါ။ ဒီလမ္းကေနပဲ Mustang ရဲ့ ေရွးေဟာင္းသခ်ိဳင္းေနရာ (၂)ခုကို သြားေရာက္နိုင္ပါတယ္။ လိုဏ္ဂူရဲ့ အျပင္ပိုင္းကိုက်ေရာက္တဲ့ သခ်ိဳင္းမွာ ေတာ့ေစတီငယ္တစ္ဆူကိုသာေတြ႔ျမင္ရမွာျဖစ္ျပီး ၊လိုဏ္ဂူရဲ့ အတြင္းပိုင္းသခ်ိဳင္းမွာ ေတာ့ Mustangရဲ့လက္ရာအေျမာက္ဆံုးေသာ သမိုင္းဝင္အေမြအနွစ္ေတြျဖစ္တဲ့ အိႏၵိယသူေတာ္စင္ ဆာဒူးၾကီးေတြရဲ့ရုပ္ပံုေတြ၊ ဗုဒၶသာသနာေတာ္ဆိုင္ရာ ေဆးေရးပန္းခ်ီ ေတြကို ျမင္ေတြ႔ရပါတယ္။

ေဒသခံေတြအဆိုအရေတာ့ ပံုနဲ့ေရးဆြဲထားတဲ့ သူေတာ္စင္ ေတြဟာ Mustang ေဒသမွာ အမွန္တကယ္ရွိေနျပီး ယေန႔တိုင္သြားလာ လႈပ္ရွားေနဆဲ ျဖစ္တယ္လို႔ဆိုၾကပါတယ္။ သူေတာ္စင္ၾကီးေတြဟာ ဥတုသံုးပါးစလံုး နံငယ္သာလံုတဲ့ အဝတ္ကိုသာဝတ္ဆင္ျပီး အသက္ရာခ်ီ ရွိေနၾကသူေတြ ျဖစ္တယ္လို႔ ယံုၾကည္ေနၾကပါတယ္။ သူတို႔ေတြဟာ သမထက်င့္စဥ္ေတြကိုပြားမ်ားအားထုတ္ လ်က္ရွိျပီး ေနာက္ပြင့္ေတာ္မူမဲ့ အရိေမတၱယ်ဘုရားရွင္ကို ေစာင့္ဆိုင္းေနသူေတြ ျဖစ္တယ္လို႔လည္း ယံုၾကည္ေနၾကဆဲပါ။

ကမာၻေပၚမွာ ရွိခဲ့တယ္လို႔ ယူဆတဲ့ စိတ္နယ္လြန္ ျဖစ္ရပ္ေတြနဲ႔ သဘာဝလြန္ျဖစ္ရပ္ေတြရဲ့ အေျဖဟာ Mustang ေဒသမွာသာ တည္ရွိေနျပီး အထူးသျဖင့္ ယင္းပညာရပ္ေတြရဲ့ ဒိုင္ခ်က္ဟာ Luri Gompa ဘုန္းေတာ္ၾကီးေက်ာင္း ဝန္းက်င္မွာပဲျဖစ္တယ္လို႔ ေလာကီပညာရွင္အခ်ိဳ႕ကယူဆလ်က္ရွိပါတယ္။

ေနာက္ပိုင္းေလ့လာေတြ႔ရွိခ်က္ေတြအရေတာ့ Mustang မွာရွိတဲ့ ေရွးေခတ္နံရံေဆးပန္း ခ်ီေတြနဲ႔ ပန္းခ်ီကားေတြဟာ (၁၄)ရာစု(သို႕)ယင္းကလာရဲ့ အေစာပိုင္းကာလေတြမွာ ေရးဆြဲခဲ့တာျဖစ္ေၾကာင္း သမိုင္းပညာရွင္ေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ဒီေဒသကုိ ၁၉၉၆ခုႏွစ္မွာ UNESCO ရဲ႕ ကမာၻ႔အေမြအႏွစ္ ေနရာတစ္ခုအျဖစ္ ထည့္သြင္းသတ္မွတ္ခဲ့ပါတယ္။

VIDEO

သုတဇုန္

——————–

နီပေါက လိုဏ်ဂူပေါင်း ၁သောင်းကျော်ရှိရာ ဗုဒ္ဓဘာသာဒေသ (unicode)

တိဘက်ကုန်းပြင်မြင့်နဲ့ နယ်မြေချင်းစပ်ဆက်တည်ရှိနေတဲ့ ယခုနီပေါနိုင်ငံထဲက Mustang ဒေသဟာ ကျန်ခဲ့တဲ့ ကာလတွေတုန်းကတော့ Himalaya ဒေသကနိုင်ငံငယ် တစ်ခုအနေနဲ သီးခြားတည်ရှိခဲ့ဖူးပါတယ်။ ယင်းကာလတုန်းက Mustang ဟာလွတ်လပ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့တည်ရှိနေတာဖြစ်ပြီး (၁၈)ရာစုအကုန်လောက်မှာတော့ နီပေါ လူမျိုးတွေရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ Mustang မှာရှိတဲ့ ဗုဒ္ဓဘာ သာယဉ်ကျေးမှု အဆောက်အအုံနဲ့ ဓလေ့စရိုက်တွေကတော့ ဆက်လက်တည်ရှိနေခဲ့ပါတယ်။

ယင်းနောက်ပိုင်း Mustang ဟာဒေသန ၱရအုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်ခဲ့ပြီး နီပေါနိုင်ငံကနေပြန်လည်ခွဲထွက်ခဲ့ပြန်ပါတယ်။ (၁၉၅၀)ရောက်တဲ့အခါမှာတော့ နီပေါနိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။ Mustang ဒေသဟာ ရှေးဟောင်းယဉ်ကျေးမှုလေ့လာ ရေးနယ်ပယ်တစ်ခုဖြစ်တဲ့ အတွက် ကမ္ဘာအရပ်ရပ်ကပညာရှင်တွေ လာရောက်လေ့လာ ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ယင်းကာလတုန်းက Mustangဟာ တောရိုင်းသက်သက် ဖြစ်နေတဲ့အချက်နဲ့ ဒေသရဲ့လုံခြုံရေးအခြေအနေကြောင့် နီပေါအစိုးရက (၁၉၉၂)ခုနှစ် အထိ Mustang ဒေသကို ကန့်သတ်နယ်မြေအဖြစ် ကြေငြာခဲ့ပါတယ်။

Mustang ဒေသ ရဲ့ရှေးအမွေအနှစ်တွေကိုတော့ နီပေါအစိုးရရဲ့ မေတ္တာရပ်ခံချက်အရ နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီထိန်းသိမ်းပေးခဲ့ပါတယ်။ Mustang ဒေသရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေဟာ ဗုဒ္ဓဘာသာနဲ့ များစွာနှီးနွယ်နေပြီး တိဘက်ရိုးရာ ဓလေ့နဲ့ အလားသဏ္ဍာန်တူညီနေ တာကို မြင်တွေ့ရပါတယ်။ ယဉ်ကျေးမှုပုံသဏ္ဍန်သာမက သဘာဝရှုခင်းတွေအထိပါ တိဘက် နိုင်ငံနဲ့ဆင်တူနေပါတယ်။

Mustangဟာ တိဘက်နိုင်ငံလိုပဲ တောင်ကုန်း တောင်တန်း လျိုမြောင်၊ ချိုင့်ဝှမ်းတွေပေါများစွာတည်ရှိပြီး အလွန်အအေး ပြင်းထန်တဲ့အရပ်ဒေသ ဖြစ်ပါတယ်။ Mustang ဒေသရဲ့ ထင်ရှားတဲ့ အမှတ်အသားကတော့ Kali Gandaki မြစ်ကြီးက ဝန်းရံထားတဲ့ မြင့်မားတဲ့ တောင်စောင်းတစ်လျှောက် တည်ရှိနေတဲ့ အရေအတွက်(၁၀၀၀၀)နီးပါးရှိတဲ့ ရှေးဟောင်းလိုဏ်ဂူတွေပဲ ဖြစ်ပါတယ်။ ရှေးခေတ် ကျောက်ဆစ်လက်ရာကို အသုံးပြုပြီး ပုံစံကျကျထွင်းဖောက်ထားတဲ့ အဲဒီလိုဏ်ဂူတွေ ထဲကအချို့ဆိုရင် မြေပြင်ကနေ (၁၅၀)ပေအမြင့်လောက်ကိုရှိပြီး ငှက်များရဲ့ နားနေတဲ့ အသိုက်နေရာ အဖြစ်တောင်တည်ရှိနေတာပါ။

ထူးဆန်းတာကတော့ ခေက်အဆက်ဆက် ဒီကျောက်လိုဏ်ဂူများစွာကို မည်သူတွေကတည်ဆောက်ခဲ့တယ်ဆိုတာ မသိကြပါဘူး ဆိုတဲ့ အချက် ပဲဖြစ်ပါတယ်။ သဘာဝအတိုင်း ဖြစ်ပေါ်လာတာမဟုတ်ပဲ တစ်ခုနဲ့တစ်ခု အစီစဉ်တစ် ကျတည်ဆောက်ထားတဲ့ ကျောက်လိုဏ်ဂှုအချို့ဆိုရင် ကျွမ်းကျင်တဲ့တောင်တက် သမားတွေတောင် ရောက်ဖို့ခက်ခဲတဲ့ အမြင့်ပေတွေမှာတည်ရှိနေပါတယ်။ လိုဏ်ဂူ အချို့ရဲ့ အတွင်းမှာလည်း မြတ်ဗုဒ္ဓရဲ့ ဖြစ်စဉ်တွေကို လက်ရာမြောက်အောင်ပုံဖော်ထားတာကို လည်း မြင်တွေ့ရပါတယ်။

ဒါအပြင် လိုဏ်ဂှု အချို့မှာတော့ လူသားတွေနေထိုင်ခဲ့တဲ့အထောက်အထားတွေကို မြင်တွေ့ရပါတယ်။ ယင်းခေတ်အခါက လူအသုံးအဆောင်ပစ္စည်းတွေ ဖြစ်တဲ့ မီးလင်းဖို၊ စပါးစေ့၊ ပစ္စည်း သိမ်းတဲ့ ပုံး၊အိပ်ရာအဖြစ်အသုံးပြုခဲ့တဲ့ အရာတွေကို လိုဏ်ဂူအတွင်း အစီစဉ်တစ်ကျ ရှိနေတာမို့ လူသားတွေနေထိုင်ခဲ့တယ် ဆိုတဲ့အချက်ဟာ ပေါ်လွင်နေပါတယ်။

ဒါအပြင် လူအလောင်းမြုပ်နှံရာ နေရာအဖြစ်လည်း ဒီလိုဏ်ဂူတွေကို သုံးစွဲထားတာကိုတွေ့ရ ပါတယ်။ အဲဒီဓလေ့ကိုတော့ Sky burial လို့ခေါ်ပြီး ယနေ့အချိန်ထိ ဟိမဝန ၱာ တောင်တန်းဒေသက ရွာအချို့မှာ ကျင့်သုံးနေဆဲလည်း ဖြစ်ပါတယ်။ Mustang ဒေသ မှာတွေ့ရှိရတဲ့ ဂူသချိုင်းတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀၀၀)ကျော်ခန့်ကတည်းကရှိနေခဲ့တာဖြစ်ပါတယ်။ အဲဒီကာလကကတည်းက ထားရှိခဲ့တဲ့ ရုပ်အလာင်းအရိုးစု ဒါဇင်ပေါင်းများစွာကိုတွေ့ရှိခဲ့ကြလို့ ဖြစ်ပါတယ်။ ရုပ်အလောင်းတွေကို သစ်သားနဲ့ပြုလုပ်ထားတဲ့ ကုတင်ပေါ်မှာ ထားရှိတာဖြစ်ပြီးကြေးနီနဲ့ ဖန်သားကို ပြုလုပ်ထားတဲ့ ပုတီးစေ့တွေနဲ့ တန်ဆာဆင်ထားလေ့ရှိတယ် လို့သိရပါတယ်။

ဒီဒေသကို ဗုဒ္ဓဘာသာ မရောက်ရှိမီ (၃)ရာစုကနေ (၈)ရာစု ကာလကတည်းက ပင်ဒေသခံတွေဟာ Mustang တောင်ကို ဂူသချိုင်းအဖြစ် သတ်မှတ်ထားခဲ့ပုံပေါ်ပါတယ် ။ ဒေသခံတွေဟာ ကွယ်လွန်ပြီးသွားတဲ့ သူတွေရဲ့ ရုပ်အလောင်းကို Mustang တောင် ရဲ့ လိုဏ်ဂူတွေအတွင်း လာရောက်ထားရှိခဲ့ပြီး ယင်းရုပ်အလောင်းတွေဟာ ဘတ်တီးရီး ယားပိုးမွှားတွေနဲ့ လဒငှက်တွေရဲ့ လာရောက်စားသောက်ကြတာတဲ့ အနေအထားကို ပညာရှင်တွေက တွေရှိခဲ့ပါတယ်။

သမိုင်းသုတေသီတွေကတော့ Mustangမှာရှိတဲ့ လိုဏ်ဂူတွေဟာ ခေတ်(၃)ခေတ်တိုင် အောင်အသုံးပြုခြင်း ခံခဲ့ရတယ်လို့ ယုံကြည်ပါတယ်။ လေ့လာတွေ့ရှိချက် တွေအရ တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀၀၀)လောက်က Mustang အရပ်မှာနေထိုင်တဲ့ မျိုးနွယ်စု တွေက ဒီလိုဏ်ဂူတွေကို ဂူဗိမာန်အဖြစ် စတင်အသုံးပြုခဲ့ကြပါတယ်။ နောက်ထပ် နှစ်ပေါင်း(၂၀၀၀)လောက်ကြာတဲ့အချိန်မှာတော့ ဒီလိုဏ်ဂူတွေဟာ ဒေသပေါင်းစုံ ကနေစစ်ဘေးဒဏ်ကြောင့်ဖြစ်စေ၊သဘာဝဘေးဒဏ်ကြောင့်ဖြစ်စေ ပြောင်းရွေလာတဲ့ ဒုက္ခသည်တွေအတွက် ယာယီနေထိုင်ရာနေရာတွေ ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းကာလ အေဒီ ၁၄၀၀ ခုနှစ်ရောက်လာတဲ့ အချိန်မှာတော့ Mustang ကလိုဏ်ဂှုတွေဟာ တရားဘာဝနာ စီးမြောအားထုတ်ရာ ပုဂ္ဂိုလ်တွေရဲ့ ဂူအောင်းပြီး တရားထိုင်ရာနေရာတွေ ဖြစ်လာခဲ့ပါတယ်။ အချို့လိုဏ်ခေါင်းဂူတွေဟာ ဘုန်းတော်ကြီးကျောင်းတွေ အဖြစ်အသွင်ပြောင်း သွားခဲ့ပြီး ယနေ့ထက်တိုင်တည်ရှိနေတဲ့ Luri Gompa ၊ the Chungsi Cave၊ Nyiphuk Cave စတဲ့ လိုဏ်ခေါင်းအတွင်းတည်ရှိနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ အကောင်းဆုံးသာဓက တွေဖြစ်တယ်လို့ ဆိုကြပါတယ်။

သူတော်ကောင်းတွေနဲ့ ထွက်ရပ်လမ်း ပုဂ္ဂိုလ်တွေ ပျော်စံရာနေရာဖြစ်တယ်လို့လည်း နီပေါနိင်ငံမှာ ထင်ရှားပါတယ်။ Luri Gompa ဘုန်းတော်ကြီးကျောင်းကတော့ Mustang ဒေသမှာ အထင်ရှားဆုံးသော နေရာဖြစ်ပါတယ်။ အဲဒီဘုန်းတော်ကြီးကျောင်းဟာ အစွန်ဆုံး လိုဏ်ဂူအတွင်းမှာ တည် ထားတာဖြစ်ပြီး မြေပြင်ကမီတာ(၁၀၀) ဝန်းကျင်လောက် အမြင့်ရှိပါတယ်။ ဘုန်းတော်ကြီး ကျောင်းအတွင်းမှာတော့ တိုင်တွေအဖြစ် သဲကျောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒီဘုန်းတော်ကြီးကျောင်းကို လာရောက်ရတဲ့ တောင်ကြား လမ်းဟာ အလွန်ကျဉ်းမြောင်းပြီး အောက်ခြေမှာ မက်စောက်တဲ့ တောင်စောင်းတွေ ကို ရင်အေးစရာမြင်တွေမြင်ရမှာပါ။ ဒီလမ်းကနေပဲ Mustang ရဲ့ ရှေးဟောင်းသချိုင်းနေရာ (၂)ခုကို သွားရောက်နိုင်ပါတယ်။ လိုဏ်ဂူရဲ့ အပြင်ပိုင်းကိုကျရောက်တဲ့ သချိုင်းမှာ တော့စေတီငယ်တစ်ဆူကိုသာတွေ့မြင်ရမှာဖြစ်ပြီး ၊လိုဏ်ဂူရဲ့ အတွင်းပိုင်းသချိုင်းမှာ တော့ Mustangရဲ့လက်ရာအမြောက်ဆုံးသော သမိုင်းဝင်အမွေအနှစ်တွေဖြစ်တဲ့ အိန္ဒိယသူတော်စင် ဆာဒူးကြီးတွေရဲ့ရုပ်ပုံတွေ၊ ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဆေးရေးပန်းချီ တွေကို မြင်တွေ့ရပါတယ်။

ဒေသခံတွေအဆိုအရတော့ ပုံနဲ့ရေးဆွဲထားတဲ့ သူတော်စင် တွေဟာ Mustang ဒေသမှာ အမှန်တကယ်ရှိနေပြီး ယနေ့တိုင်သွားလာ လှုပ်ရှားနေဆဲ ဖြစ်တယ်လို့ဆိုကြပါတယ်။ သူတော်စင်ကြီးတွေဟာ ဥတုသုံးပါးစလုံး နံငယ်သာလုံတဲ့ အဝတ်ကိုသာဝတ်ဆင်ပြီး အသက်ရာချီ ရှိနေကြသူတွေ ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။ သူတို့တွေဟာ သမထကျင့်စဉ်တွေကိုပွားများအားထုတ် လျက်ရှိပြီး နောက်ပွင့်တော်မူမဲ့ အရိမေတ္တယျဘုရားရှင်ကို စောင့်ဆိုင်းနေသူတွေ ဖြစ်တယ်လို့လည်း ယုံကြည်နေကြဆဲပါ။

ကမ္ဘာပေါ်မှာ ရှိခဲ့တယ်လို့ ယူဆတဲ့ စိတ်နယ်လွန် ဖြစ်ရပ်တွေနဲ့ သဘာဝလွန်ဖြစ်ရပ်တွေရဲ့ အဖြေဟာ Mustang ဒေသမှာသာ တည်ရှိနေပြီး အထူးသဖြင့် ယင်းပညာရပ်တွေရဲ့ ဒိုင်ချက်ဟာ Luri Gompa ဘုန်းတော်ကြီးကျောင်း ဝန်းကျင်မှာပဲဖြစ်တယ်လို့ လောကီပညာရှင်အချို့ကယူဆလျက်ရှိပါတယ်။ နောက်ပိုင်းလေ့လာတွေ့ရှိချက်တွေအရတော့ Mustang မှာရှိတဲ့ ရှေးခေတ်နံရံဆေးပန်း ချီတွေနဲ့ ပန်းချီကားတွေဟာ (၁၄)ရာစု(သို့)ယင်းကလာရဲ့ အစောပိုင်းကာလတွေမှာ ရေးဆွဲခဲ့တာဖြစ်ကြောင်း သမိုင်းပညာရှင်တွေက ဖော်ပြခဲ့ကြပါတယ်။ ဒီဒေသကို ၁၉၉၆ခုနှစ်မှာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။

Leave a Reply