ေအာက္ပိုင္းေသၿပီး မ်က္မျမင္တစ္ေယာက္ ျဖစ္ေနခဲ့တာေတာင္ ဘဝကို အရႈံးမေပးသူ

Posted on

ေရးသားသူ – ဗန္းေမာ္သိန္းေဖ 

မိမိရဲ႕ ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခု ပ်က္စီးသြားျပီး အမ်ားသူငါလိုမသြားလာႏိုင္၊ မလႈပ္ရွားႏိုင္လို႔ စိတ္ဓာတ္က်ေနသလား။ မ်က္စိႏွစ္ဖက္စလံုးမျမင္ဘဲ ကိုယ္ေအာက္ပိုင္းေသေနတာေတာင္ ဘဝကို အရႈံးမေပး သူလုပ္ခ်င္တာေတြကို သာမန္လူေတြထက္ ထူးထူးကဲကဲ စြမ္းေဆာင္ခဲ့တဲ့ မတ္ခ္ပိုးေလာ့ (Mark Pollock) အေၾကာင္း ဖတ္ၾကည့္လုိက္ပါ။

မတ္ခ္ကို ၁၉၇၆ ခုႏွစ္ ေဖေဖာ္ဝါရီလ၂၉ ရက္ေန႔က ေျမာက္အိုင္ယာလန္ႏိုင္ငံ ေကာင္တီေဒါင္းျမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ သူ အသက္ ၅ႏွစ္သားအရြယ္မွာ ညာဖက္မ်က္စိတစ္ဖက္ လံုးဝကြယ္သြားပါတယ္။ ကစားကြင္းတစ္ခုမွာ လဲက်လို႔ ေခါင္းနဲ႔ ၾကမ္းျပင္ ေဆာင့္မိသြားျပီး အားနည္းေနတဲ့ မ်က္ေၾကာလႊာ (retina) ကြာထြက္သြားလို႔ပါ။ အဲဒီအခ်ိန္ကစျပီး သူ႔မိဘေတြက လူခ်င္းထိခိုက္ႏိုင္မဲ့ ကစားနည္းေတြကို မကစားဖို႔ေျပာထားလို႔ သူဝါသနာပါတဲ့ ရပ္ဘီ (Rugby) ကစားတာနဲ႔ ေဘာလံုးကန္တာကို လံုးဝမကစားေတာ့ဘဲ ေလွေလွာ္တာနဲ႔ရြက္လႊင့္တာကိုပဲ လုပ္ေတာ့တယ္။

သူ အထက္တန္းေက်ာင္းေအာင္ေတာ့ Dublin ျမိဳ႕က Trinity College မွာ သြားတက္တယ္။ စီးပြားေရးပညာဘာသာရပ္ သင္ယူေနရင္း တကၠသိုလ္ေလွေလွာ္အသင္းမွာ ပါဝင္ခဲ့တယ္။ တကၠသိုလ္ေလွေလွာ္အသင္းရဲ႕ အသင္းေခါင္းေဆာင္တစ္ေယာက္ ျဖစ္လာခဲ့တယ္။ ၁၉၉၇ ခုႏွစ္မွာ ေျမာက္အိုင္ယာလန္ႏိုင္ငံရဲ႕ လက္ေရြးစင္ ေလွေလွာ္အသင္းမွာပါဝင္ျပီး ႏိုင္ငံတကာ ေလွေလွာ္ျပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ျပိဳင္ခဲ့တယ္။ အဲဒီအခ်ိန္ထိ မတ္ခ္ဟာ မ်က္လံုးတစ္ဖက္မျမင္ေပမဲ့ သူ႔လက္ရွိဘဝဟာ သာယာလွပေနသလို တကၠသိုလ္က ဘြဲ႔ရျပီးရင္ လစာေကာင္းတဲ့ အလုပ္အကိုင္ရဖို႔ကလဲ ေသခ်ာေနတာမို႔ သူရဲ႕အနာဂတ္ဘဝဟာလဲ သာယာေျဖာင့္ျဖဴးေနပါတယ္။

ဒါေပမဲ့ ၁၉၉၈ ခုႏွစ္ ဧျပီလမွာ သူ႔ရဲ႕ သာယာစိုေျပေနတဲ့ ဘဝကို ရုတ္တရက္ အေမွာင္ဖံုးလြမ္းသြားပါေတာ့တယ္။ အဲဒါက မတ္ခ္ဟာ ရုတ္တရက္ မ်က္စိၾကည့္ရတာ မႈန္ဝါးလာတယ္။ ၂ ပတ္အၾကာမွာ သူ႔ရဲ႕ ေကာင္းေနတဲ့ ဘယ္ဖက္မ်က္လံုးဟာလဲ မ်က္ေၾကာလႊာ ဒုကၡေပးျပီး လံုးဝကြယ္သြားျပန္တယ္။

ဆရာဝန္ေတြက သူ႔မ်က္စိကို ၂ ၾကိမ္ ခြဲစိပ္ကုသေပးေပမဲ့ သူ႔မ်က္စိျပန္မေကာင္းလာေတာ့ဘူး။ မတ္ခ္တစ္ေယာက္ မ်က္စိႏွစ္ဖက္စလံုး မျမင္တဲ့ မ်က္မျမင္တစ္ေယာက္ ျဖစ္သြားျပီ။ မတ္ခ္တစ္ေယာက္ ဘယ္လိုခံစားရမလဲ။ သူ႔ဘဝဟာ ေန႔ခ်င္းညခ်င္း အဆိုးျဖစ္သြားတာမို႔ ရုတ္တရက္ေတာ့ စိတ္ဓာတ္အၾကီးအက်ယ္က်ျပီး ခံစားသြားရတယ္။ သူ႔ရဲ႕ အနာဂတ္အိပ္မက္ကမာၻၾကီး ျပိဳလဲသြားျပီ။ သူ႔ရဲ႕ ဘဝေရွ႕ေရး အလုပ္အကိုင္ အိမ္ေထာင္ျပဳဖို႔ အစီအစဥ္စိတ္ကူးေတြ ေလထဲမွာေပ်ာက္ကြယ္သြားျပီ။

မ်က္မျမင္တစ္ေယာက္အေနနဲ႔ တကၠသိုလ္ဆက္တက္ဖို႔ မျဖစ္ႏိုင္လို႔ တကၠသိုလ္က ႏုတ္ထြက္ျပီး သူ႔အေမအိမ္ကို ေျပာင္းေနလိုက္တယ္။ (သူ႔အေမနဲ႔အေဖဟာ ကြာရွင္းထားၾကတယ္။) မတ္ခ္က အဲဒီအခ်ိန္က အေၾကာင္းေလးကို ခုလိုေျပာျပခဲ့တယ္။ “ရုတ္တရက္ မ်က္လံုးႏွစ္ဖက္စလံုး မျမင္ရေတာ့ က်ေနာ္ ဘယ္ေလာက္စိတ္ဆင္းရဲသလဲဆိုရင္ ညမအိပ္ခင္ ဘုရားဆုေတာင္းတယ္။ အခုျဖစ္ေနတာ တကယ္ျဖစ္ေနတာ မဟုတ္ပါေစနဲ႔။ အိပ္မက္တစ္ခုပဲ ျဖစ္ပါေစ။ မနက္မိုးလင္းလို႔ အိပ္ယာကႏိုးလာေတာ့လဲ တကယ္ျဖစ္ေနတာပါလို႔ သိရျပန္ေတာ့ ဝမ္းနည္းျပီး ငိုခ်င္လာမိတယ္ဗ်ာ” တဲ့။

ဒါေပမဲ့ မတ္ခ္ဟာ အားကစားသမားတစ္ေယာက္ျဖစ္တာေၾကာင့္ စိတ္ဓာတ္ၾကံ့ခိုင္တယ္။ သူ႔ဘဝကုိ သူမ်ားအေပၚ မမွီခိုခ်င္လို႔ သူ႔ဘဝကို သူ႔ဘာသာတည္ေဆာက္ဖို႔ စတင္ၾကိဳးပမ္းတယ္။

ပထမ သူ႔ေခြးေလး လယ္ရီရဲ႕လည္ပင္းမွာ ခ်ည္ထားတဲ့ ၾကိဳးေလးကိုကိုင္ျပီး သူသြားခ်င္တဲ့ေနရာကို သြားတယ္၊ လာတယ္။ ေနာက္ျပီးေတာ့ သူအလုပ္လုပ္ခ်င္လို႔ အလုပ္ေခၚတဲ့ အင္တာဗ်ဴးေတြကို လိုက္ေျဖတယ္။ ကုမၸဏီေတြက မ်က္မျမင္ျဖစ္ေနတဲ့ မတ္ခ္ကို အလုပ္မခန္႔ၾကပါဘူး။ ေနာက္ဆံုးမွာ သူ တကၠသိုလ္တက္တံုးက သူငယ္ခ်င္းတစ္ေယာက္ရဲ႕အေဖက သူ႔ကိုသနားျပီး သူ႔ကုမၸဏီမွာအလုပ္ခန္႔ေပးလိုက္တယ္။ လုပ္ရတဲ့အလုပ္က ဝန္ထမ္းေတြကို ေဖ်ာ္ေျဖေရးပြဲမွာ အစီအစဥ္လုပ္ေပးရတာပါ။

လအတန္ၾကာေတာ့ မတ္ခ္ဟာ သူ႔ဘဝကို ဒီလိုဘဝမ်ိဳးနဲ႔ပဲ မကုန္ဆံုးသြားေစခ်င္ဘူး။ ဒါေၾကာင့္ ေလွေလွာ္ျပိဳင္ပြဲမွာ ဝင္ျပိဳင္ဖို႔ တစ္ေယာက္စီး ေလွေလွာ္ေလ့က်င့္တယ္။ ၂၀၀၂ ခုႏွစ္မွာ က်င္းပတဲ့ ဓနသဟာယ အားကစားပြဲေတာ္ (Common Weatlh Games) ေလွေလွာ္ျပိဳင္ပြဲမွာ ဒုတိယေငြတံဆိပ္တစ္ခုနဲ႔ တတိယေၾကးတံဆိပ္တစ္ခု ရလိုက္တယ္။ မ်က္မျမင္တစ္ေယာက္အေနနဲ႔ ဒီလိုၾကီးက်ယ္တဲ့ အားကစားျပိဳင္ပြဲၾကီးမွာ ဆုတံဆိပ္ရလိုက္တာ မတ္ခ္အတြက္ ဂုဏ္ယူစရာပါ။ ဒါေပမဲ့ သူဟာ ဒီေလာက္နဲ႔ပဲ မေက်နပ္ေသးပါဘူး။ ဒီထက္ၾကီးက်ယ္တာေတြ ထပ္လုပ္ခ်င္ေသးတယ္။

ဒါ့ေၾကာင့္ မတ္ခ္ဟာ ေလွေလွာ္တာရပ္နားလိုက္ျပီး အျခား အားကစားဖက္ ကူးေျပာင္းလိုက္တယ္။ ၂၀၀၃ ခုႏွစ္ တရုတ္ျပည္က ေနပူရွိန္ အင္မတန္ျပင္းတဲ့အခ်ိန္မွာ က်င္းပတဲ့ ဂိုဘီသဲကႏာၱရ မာရသြန္ျပိဳင္ပြဲေတြမွာ ယွဥ္ျပိဳင္တယ္။ ၇ ရက္ၾကာက်င္းပတဲ့ မာရသြန္ျပိဳင္ပြဲ ၆ မ်ိဳးမွာ မ်က္စိျမင္တဲ့ အေဖာ္တစ္ေယာက္ရဲ႕ ပခံုးကိုကိုင္ျပီး ဝင္ျပိဳင္ခဲ့တယ္။ ၂၀၀၄ ခုႏွစ္က်ျပန္ေတာ့ မ်က္မျမင္ေတြအတြက္ က်င္းပေပးတဲ့ ေျမာက္ဝန္ရိုးစြန္း မာရသြန္ျပိဳင္ပြဲေတြမွာ ဝင္ျပိဳင္ျပန္တယ္။

ေနာက္တစ္ခါ အဲဒီ ၂၀၀၄ ခုႏွစ္မွာ က်င္းပတဲ့ ေရစီးအရမ္းသန္တဲ့ျမစ္ထဲမွာ တစ္ေယာက္စီး ေလွေလွာ္ျပိဳင္ပြဲမွာ ဝင္ျပိဳင္တယ္။ ၂၀၀၆ ခုႏွစ္မွာ နယူးဇီလန္ႏိုင္ငံရဲ႕ကၽြန္းတစ္ခုကေန ေနာက္ကၽြန္းတစ္ခုဆီသြားရတဲ့ တစ္ေယာက္စီးေလွေလွာ္ျပိဳင္ပြဲ ဝင္ျပိဳင္ခဲ့ျပန္တယ္။ အဲဒီျပိဳင္ပြဲမွာ သံမဏိလူသား (Ironman) ဆုရခဲ့ပါတယ္။

မ်က္စိမျမင္တဲ့ အားကစားသမားဆိုျပီး မတ္ခ္ရဲ႕ ဓာတ္ပံုေတြ သတင္းစာေတြမွာ ေဖာ္ျပၾကေတာ့ မတ္ခ္က သူနာမည္ၾကီးတာ သူ႔ရဲ႕စြမ္းေဆာင္မႈေၾကာင့္မဟုတ္ဘဲ မ်က္စိမျမင္တာေၾကာင့္လို႔ ျမင္လာတယ္။ ဒါေၾကာင့္ မတ္ခ္ဟာ သူ႔ရဲ႕ၾကီးမားတဲ့ စြမ္းေဆာင္မႈကိုျပသဖို႔ စိန္ေခၚမႈၾကီးတစ္ခုမွာ ပါဝင္ရင္ဆိုင္ ယွဥ္ျပိဳင္ဖို႔ ဆံုးျဖတ္လိုက္တယ္။

အဲဒါကေတာ့ ေအးခဲလွတဲ့ ေတာင္ဝန္ရိုးစြန္း ေရခဲျပင္ေပၚတက္ရမယ့္ ျပိဳင္ပြဲျဖစ္ပါတယ္။ တစ္သင္းမွာ ၃ ေယာက္ပါဝင္တဲ့ ႏိုင္ငံေပါင္းစံုက အသင္း ၁၀ သင္းျပိဳင္တဲ့ပြဲပါ။ ျပိဳင္ပြဲမွာ မတ္ခ္နဲ႔ သူ႔အေဖာ္ႏွစ္ေယာက္ဟာ ႏွင္းေတြဖံုးလႊမ္းေနတဲ့ မိုင္ေပါင္း ၄၇၀ ရွည္တဲ့ ေရခဲျပင္ၾကီးကို ကီလို ၉၀ ေလးတဲ့ ပစၥည္းေတြ ေလွ်ာလွည္းနဲ႔ဆြဲျပီး သြားရတယ္။ သူတို႔ဟာ တစ္ေန႔ကို အနည္းဆံုး ၁၂ နာရီၾကာနဲ႔ ၄၃ ရက္တိုင္တိုင္ ေတာင္ဝန္ရိုးစြန္းထိေရာက္ေအာင္ သြားၾကရတယ္။

ရာသီဥတုကလဲ ေလၾကမ္းေတြတိုက္ျပီး အပူခ်ိန္ကလဲ ေရခဲမွတ္ေအာက္ အႏုတ္ ၅၀ ဒီဂရီထိ က်ေနတယ္။ သူတို႔ေျခလက္ေတြ ဖူးေယာင္ကိုက္ခဲကုန္ၾကတယ္။ နားနဲ႔ လက္ေခ်ာင္းေလးေတြမွာ ႏွင္းကိုက္ (Forst bite) ျဖစ္ကုန္လို႔ ထံုက်င္ျပီး အထိအေတြ႔ မခံစားရေတာ့ဘူး။ ေနာက္ဆံုးေတာ့ အသင္း ၁၀ သင္းမွာ ၆ သင္းပဲ ေတာင္ဝန္ရိုးစြန္းကို ေရာက္သြားၾကတယ္။ မတ္ခ္တို႔ရဲ႕အသင္းက ပဥၥမပဲ ရပါတယ္။

ဒါေပမဲ့ သူတို႔ ေျမာက္အိုင္ယာလန္ကို ျပန္လာၾကေတာ့ အိုင္ယာလန္ ႏိုင္ငံသားေတြက သူတို႔ကို သူရဲေကာင္းေတြအျဖစ္ ေသာင္းေသာင္းျဖျဖ ၾကိဳဆိုခဲ့ၾကတယ္။ အဲဒီျပိဳင္ပြဲအျပီးမွာ မတ္ခ္ဟာ ေဂ်ာ့ဆိုတဲ့ အမ်ိဳးသမီးေလးနဲ႔ ခ်စ္ၾကိဳက္သြားခဲ့တယ္။ မတ္ခ္အတြက္ သူလုပ္ခ်င္ခဲ့တဲ့ ၾကီးမားတဲ့စြမ္းေဆာင္မႈၾကီးလဲ လုပ္ျပီးသြားသလို ခ်စ္သူရည္းစားလည္းရျပီမို႔ သူ႔ဘဝဟာ ျပည့္စံုသြားျပီလို႔ ေျပာလို႔ရပါတယ္။

ဒါေပမဲ့ ၾကမၼာဆိုးရဲ႕ ထိုးႏွက္မႈ တစ္ခု ထပ္မံၾကံဳလိုက္ရျပန္ပါျပီ။ ၂၀၁၀ ခုႏွစ္ ဇူလိုင္လ မတ္ခ္ဟာ သူခ်စ္သူ ေဂ်ာ့နဲ႔လက္ထပ္ဖို႔ ၄ ပတ္အလိုမွာ သူ႔အိမ္ ဒုတိယထပ္မွာ လမ္းေလွ်ာက္ေနရင္း ျပတင္းေပါက္ကေန ေခ်ာ္က်သြားျပီး ၂၅ ေပ ျမင့္တဲ့ အျမင့္ကေန ေျမျပင္ကုိ ထိုးက်သြားတယ္။ ေခါင္းခြံကြဲအက္သြားျပီး ခါးဆစ္ရိုး ၃ ေနရာမွာ က်ိဳးသြားတယ္။ ခါးဆစ္ရိုး ထိခိုက္သြားလို႔ လမ္းေလွ်ာက္ မရေတာ့ဘူး။ ေဆးဝါးကုသမႈေတြ၊ ခြဲစိမ္မႈေတြ လုပ္ေပမဲ့လဲ သူေအာက္ပိုင္း ေသသြားျပီး လမ္းလံုးဝ မေလွ်ာက္ႏိုင္ေတာ့ပါဘူး။

ကဲ… မတ္ခ္တစ္ေယာက္ ဒီတစ္ခါ လံုးဝ စိတ္ဓာတ္က်သြားျပီလား။ ငါ့ေလာက္ ကုသိုလ္ကံဆိုးတဲ့လူ ဒီေလာကမွာ မရွိေတာ့ဘူးဆိုုျပီး ထိုင္ငိုေနမွာလား။ မတ္ခ္ရဲ႕႔ ဘဝအဘိဓာန္မွာ ငိုေၾကြးျခင္း၊ အရံႈးေပးလက္ေျမွာက္ျခင္းဆိုတဲ့ စကားလံုးေတြ မရွိပါဘူး။

သူဟာ သူ႔ဘဝျဖစ္စဥ္အေၾကာင္းကို (လမ္းမေလွ်ာက္ႏိုင္ေတာ့ လက္တြန္းလွည္းနဲ႔ သြားလာရင္း) Making It Happen ဆိုတဲ့ စာအုပ္တစ္အုပ္ ေရးတယ္။ ေရာင္းေကာင္းတဲ့ စာအုပ္တစ္အုပ္ ျဖစ္ခဲ့တယ္။ ကမာၻအႏွံ႔လွည့္လည္ျပီး လူေတြကို စိတ္ဓာတ္ျမွင့္တင္ေရးေဟာေျပာပြဲေတြလုပ္ရင္း ဝင္ေငြေကာင္းလာခဲ့တယ္။ ကိုယ္ပိုင္ကုမၸဏီတစ္ခုေထာင္ျပီး စီးပြားေရးလုပ္သလို ေျခလက္မသန္မစြမ္းသူေတြကို ကူညီေနတဲ့ လူမႈေရးလုပ္ငန္းေတြလဲ ေဆာင္ရြက္ေပးေနပါတယ္။

သူ တိုက္ေပၚကျပဳတ္က်ျပီး ေအာက္ပိုင္းေသသြားတံုုးက သူ႔ကိုၾကင္ၾကင္နာနာ ျပဳစုေပးခဲ့တဲ့ သူ႔ရည္းစားေဂ်ာ့နဲ႔ပဲ လက္ထပ္ခဲ့ပါတယ္။ သူ ေက်ာင္းတဝက္တပ်က္ပဲ တက္ခဲ့ရတဲ့ Dublin ျမိဳ႕က Trinity College က သူ႔ကို ဂုဏ္ထူးေဆာင္ဘြဲ႔ေပးခဲ့သလို Belfast ျမိဳ႕က Queens University ကလဲ သူ႔ကို ဂုဏ္ထူးေဆာင္ပါရဂူဘြဲ႔အပ္ႏွင္းခဲ့ပါတယ္။ ႏိုင္ငံတကာကလဲ သူ႔ကို ဂုဏ္ထူးေဆာင္ဘြဲ႔ေတြ ခ်ီးျမွင့္ခဲ့ပါတယ္။

ဆရာဗန္းေမာ္သိန္းေဖ ရဲ႕ သူတုိ႔ဘာေၾကာင့္ ကမာၻေက်ာ္တာလဲ စာအုပ္မွ

——————-

အောက်ပိုင်းသေပြီး မျက်မမြင်တစ်ယောက် ဖြစ်နေခဲ့တာတောင် ဘဝကို အရှုံးမပေးသူ (unicode)

မိမိရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ပျက်စီးသွားပြီး အများသူငါလိုမသွားလာနိုင်၊ မလှုပ်ရှားနိုင်လို့ စိတ်ဓာတ်ကျနေသလား။ မျက်စိနှစ်ဖက်စလုံးမမြင်ဘဲ ကိုယ်အောက်ပိုင်းသေနေတာတောင် ဘဝကို အရှုံးမပေး သူလုပ်ချင်တာတွေကို သာမန်လူတွေထက် ထူးထူးကဲကဲ စွမ်းဆောင်ခဲ့တဲ့ မတ်ခ်ပိုးလော့ (Mark Pollock) အကြောင်း ဖတ်ကြည့်လိုက်ပါ။

မတ်ခ်ကို ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီလ၂၉ ရက်နေ့က မြောက်အိုင်ယာလန်နိုင်ငံ ကောင်တီဒေါင်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ အသက် ၅နှစ်သားအရွယ်မှာ ညာဖက်မျက်စိတစ်ဖက် လုံးဝကွယ်သွားပါတယ်။ ကစားကွင်းတစ်ခုမှာ လဲကျလို့ ခေါင်းနဲ့ ကြမ်းပြင် ဆောင့်မိသွားပြီး အားနည်းနေတဲ့ မျက်ကြောလွှာ (retina) ကွာထွက်သွားလို့ပါ။ အဲဒီအချိန်ကစပြီး သူ့မိဘတွေက လူချင်းထိခိုက်နိုင်မဲ့ ကစားနည်းတွေကို မကစားဖို့ပြောထားလို့ သူဝါသနာပါတဲ့ ရပ်ဘီ (Rugby) ကစားတာနဲ့ ဘောလုံးကန်တာကို လုံးဝမကစားတော့ဘဲ လှေလှော်တာနဲ့ရွက်လွှင့်တာကိုပဲ လုပ်တော့တယ်။

သူ အထက်တန်းကျောင်းအောင်တော့ Dublin မြို့က Trinity College မှာ သွားတက်တယ်။ စီးပွားရေးပညာဘာသာရပ် သင်ယူနေရင်း တက္ကသိုလ်လှေလှော်အသင်းမှာ ပါဝင်ခဲ့တယ်။ တက္ကသိုလ်လှေလှော်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တယ်။ ၁၉၉၇ ခုနှစ်မှာ မြောက်အိုင်ယာလန်နိုင်ငံရဲ့ လက်ရွေးစင် လှေလှော်အသင်းမှာပါဝင်ပြီး နိုင်ငံတကာ လှေလှော်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ အဲဒီအချိန်ထိ မတ်ခ်ဟာ မျက်လုံးတစ်ဖက်မမြင်ပေမဲ့ သူ့လက်ရှိဘဝဟာ သာယာလှပနေသလို တက္ကသိုလ်က ဘွဲ့ရပြီးရင် လစာကောင်းတဲ့ အလုပ်အကိုင်ရဖို့ကလဲ သေချာနေတာမို့ သူရဲ့အနာဂတ်ဘဝဟာလဲ သာယာဖြောင့်ဖြူးနေပါတယ်။

ဒါပေမဲ့ ၁၉၉၈ ခုနှစ် ဧပြီလမှာ သူ့ရဲ့ သာယာစိုပြေနေတဲ့ ဘဝကို ရုတ်တရက် အမှောင်ဖုံးလွမ်းသွားပါတော့တယ်။ အဲဒါက မတ်ခ်ဟာ ရုတ်တရက် မျက်စိကြည့်ရတာ မှုန်ဝါးလာတယ်။ ၂ ပတ်အကြာမှာ သူ့ရဲ့ ကောင်းနေတဲ့ ဘယ်ဖက်မျက်လုံးဟာလဲ မျက်ကြောလွှာ ဒုက္ခပေးပြီး လုံးဝကွယ်သွားပြန်တယ်။

ဆရာဝန်တွေက သူ့မျက်စိကို ၂ ကြိမ် ခွဲစိပ်ကုသပေးပေမဲ့ သူ့မျက်စိပြန်မကောင်းလာတော့ဘူး။ မတ်ခ်တစ်ယောက် မျက်စိနှစ်ဖက်စလုံး မမြင်တဲ့ မျက်မမြင်တစ်ယောက် ဖြစ်သွားပြီ။ မတ်ခ်တစ်ယောက် ဘယ်လိုခံစားရမလဲ။ သူ့ဘဝဟာ နေ့ချင်းညချင်း အဆိုးဖြစ်သွားတာမို့ ရုတ်တရက်တော့ စိတ်ဓာတ်အကြီးအကျယ်ကျပြီး ခံစားသွားရတယ်။ သူ့ရဲ့ အနာဂတ်အိပ်မက်ကမ္ဘာကြီး ပြိုလဲသွားပြီ။ သူ့ရဲ့ ဘဝရှေ့ရေး အလုပ်အကိုင် အိမ်ထောင်ပြုဖို့ အစီအစဉ်စိတ်ကူးတွေ လေထဲမှာပျောက်ကွယ်သွားပြီ။

မျက်မမြင်တစ်ယောက်အနေနဲ့ တက္ကသိုလ်ဆက်တက်ဖို့ မဖြစ်နိုင်လို့ တက္ကသိုလ်က နုတ်ထွက်ပြီး သူ့အမေအိမ်ကို ပြောင်းနေလိုက်တယ်။ (သူ့အမေနဲ့အဖေဟာ ကွာရှင်းထားကြတယ်။) မတ်ခ်က အဲဒီအချိန်က အကြောင်းလေးကို ခုလိုပြောပြခဲ့တယ်။ “ရုတ်တရက် မျက်လုံးနှစ်ဖက်စလုံး မမြင်ရတော့ ကျနော် ဘယ်လောက်စိတ်ဆင်းရဲသလဲဆိုရင် ညမအိပ်ခင် ဘုရားဆုတောင်းတယ်။ အခုဖြစ်နေတာ တကယ်ဖြစ်နေတာ မဟုတ်ပါစေနဲ့။ အိပ်မက်တစ်ခုပဲ ဖြစ်ပါစေ။ မနက်မိုးလင်းလို့ အိပ်ယာကနိုးလာတော့လဲ တကယ်ဖြစ်နေတာပါလို့ သိရပြန်တော့ ဝမ်းနည်းပြီး ငိုချင်လာမိတယ်ဗျာ” တဲ့။

ဒါပေမဲ့ မတ်ခ်ဟာ အားကစားသမားတစ်ယောက်ဖြစ်တာကြောင့် စိတ်ဓာတ်ကြံ့ခိုင်တယ်။ သူ့ဘဝကို သူများအပေါ် မမှီခိုချင်လို့ သူ့ဘဝကို သူ့ဘာသာတည်ဆောက်ဖို့ စတင်ကြိုးပမ်းတယ်။

ပထမ သူ့ခွေးလေး လယ်ရီရဲ့လည်ပင်းမှာ ချည်ထားတဲ့ ကြိုးလေးကိုကိုင်ပြီး သူသွားချင်တဲ့နေရာကို သွားတယ်၊ လာတယ်။ နောက်ပြီးတော့ သူအလုပ်လုပ်ချင်လို့ အလုပ်ခေါ်တဲ့ အင်တာဗျူးတွေကို လိုက်ဖြေတယ်။ ကုမ္ပဏီတွေက မျက်မမြင်ဖြစ်နေတဲ့ မတ်ခ်ကို အလုပ်မခန့်ကြပါဘူး။ နောက်ဆုံးမှာ သူ တက္ကသိုလ်တက်တုံးက သူငယ်ချင်းတစ်ယောက်ရဲ့အဖေက သူ့ကိုသနားပြီး သူ့ကုမ္ပဏီမှာအလုပ်ခန့်ပေးလိုက်တယ်။ လုပ်ရတဲ့အလုပ်က ဝန်ထမ်းတွေကို ဖျော်ဖြေရေးပွဲမှာ အစီအစဉ်လုပ်ပေးရတာပါ။

လအတန်ကြာတော့ မတ်ခ်ဟာ သူ့ဘဝကို ဒီလိုဘဝမျိုးနဲ့ပဲ မကုန်ဆုံးသွားစေချင်ဘူး။ ဒါကြောင့် လှေလှော်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ တစ်ယောက်စီး လှေလှော်လေ့ကျင့်တယ်။ ၂၀၀၂ ခုနှစ်မှာ ကျင်းပတဲ့ ဓနသဟာယ အားကစားပွဲတော် (Common Weatlh Games) လှေလှော်ပြိုင်ပွဲမှာ ဒုတိယငွေတံဆိပ်တစ်ခုနဲ့ တတိယကြေးတံဆိပ်တစ်ခု ရလိုက်တယ်။ မျက်မမြင်တစ်ယောက်အနေနဲ့ ဒီလိုကြီးကျယ်တဲ့ အားကစားပြိုင်ပွဲကြီးမှာ ဆုတံဆိပ်ရလိုက်တာ မတ်ခ်အတွက် ဂုဏ်ယူစရာပါ။ ဒါပေမဲ့ သူဟာ ဒီလောက်နဲ့ပဲ မကျေနပ်သေးပါဘူး။ ဒီထက်ကြီးကျယ်တာတွေ ထပ်လုပ်ချင်သေးတယ်။

ဒါ့ကြောင့် မတ်ခ်ဟာ လှေလှော်တာရပ်နားလိုက်ပြီး အခြား အားကစားဖက် ကူးပြောင်းလိုက်တယ်။ ၂၀၀၃ ခုနှစ် တရုတ်ပြည်က နေပူရှိန် အင်မတန်ပြင်းတဲ့အချိန်မှာ ကျင်းပတဲ့ ဂိုဘီသဲကန္တာရ မာရသွန်ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်တယ်။ ၇ ရက်ကြာကျင်းပတဲ့ မာရသွန်ပြိုင်ပွဲ ၆ မျိုးမှာ မျက်စိမြင်တဲ့ အဖော်တစ်ယောက်ရဲ့ ပခုံးကိုကိုင်ပြီး ဝင်ပြိုင်ခဲ့တယ်။ ၂၀၀၄ ခုနှစ်ကျပြန်တော့ မျက်မမြင်တွေအတွက် ကျင်းပပေးတဲ့ မြောက်ဝန်ရိုးစွန်း မာရသွန်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ပြန်တယ်။

နောက်တစ်ခါ အဲဒီ ၂၀၀၄ ခုနှစ်မှာ ကျင်းပတဲ့ ရေစီးအရမ်းသန်တဲ့မြစ်ထဲမှာ တစ်ယောက်စီး လှေလှော်ပြိုင်ပွဲမှာ ဝင်ပြိုင်တယ်။ ၂၀၀၆ ခုနှစ်မှာ နယူးဇီလန်နိုင်ငံရဲ့ကျွန်းတစ်ခုကနေ နောက်ကျွန်းတစ်ခုဆီသွားရတဲ့ တစ်ယောက်စီးလှေလှော်ပြိုင်ပွဲ ဝင်ပြိုင်ခဲ့ပြန်တယ်။ အဲဒီပြိုင်ပွဲမှာ သံမဏိလူသား (Ironman) ဆုရခဲ့ပါတယ်။

မျက်စိမမြင်တဲ့ အားကစားသမားဆိုပြီး မတ်ခ်ရဲ့ ဓာတ်ပုံတွေ သတင်းစာတွေမှာ ဖော်ပြကြတော့ မတ်ခ်က သူနာမည်ကြီးတာ သူ့ရဲ့စွမ်းဆောင်မှုကြောင့်မဟုတ်ဘဲ မျက်စိမမြင်တာကြောင့်လို့ မြင်လာတယ်။ ဒါကြောင့် မတ်ခ်ဟာ သူ့ရဲ့ကြီးမားတဲ့ စွမ်းဆောင်မှုကိုပြသဖို့ စိန်ခေါ်မှုကြီးတစ်ခုမှာ ပါဝင်ရင်ဆိုင် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။

အဲဒါကတော့ အေးခဲလှတဲ့ တောင်ဝန်ရိုးစွန်း ရေခဲပြင်ပေါ်တက်ရမယ့် ပြိုင်ပွဲဖြစ်ပါတယ်။ တစ်သင်းမှာ ၃ ယောက်ပါဝင်တဲ့ နိုင်ငံပေါင်းစုံက အသင်း ၁၀ သင်းပြိုင်တဲ့ပွဲပါ။ ပြိုင်ပွဲမှာ မတ်ခ်နဲ့ သူ့အဖော်နှစ်ယောက်ဟာ နှင်းတွေဖုံးလွှမ်းနေတဲ့ မိုင်ပေါင်း ၄၇၀ ရှည်တဲ့ ရေခဲပြင်ကြီးကို ကီလို ၉၀ လေးတဲ့ ပစ္စည်းတွေ လျှောလှည်းနဲ့ဆွဲပြီး သွားရတယ်။ သူတို့ဟာ တစ်နေ့ကို အနည်းဆုံး ၁၂ နာရီကြာနဲ့ ၄၃ ရက်တိုင်တိုင် တောင်ဝန်ရိုးစွန်းထိရောက်အောင် သွားကြရတယ်။

ရာသီဥတုကလဲ လေကြမ်းတွေတိုက်ပြီး အပူချိန်ကလဲ ရေခဲမှတ်အောက် အနုတ် ၅၀ ဒီဂရီထိ ကျနေတယ်။ သူတို့ခြေလက်တွေ ဖူးယောင်ကိုက်ခဲကုန်ကြတယ်။ နားနဲ့ လက်ချောင်းလေးတွေမှာ နှင်းကိုက် (Forst bite) ဖြစ်ကုန်လို့ ထုံကျင်ပြီး အထိအတွေ့ မခံစားရတော့ဘူး။ နောက်ဆုံးတော့ အသင်း ၁၀ သင်းမှာ ၆ သင်းပဲ တောင်ဝန်ရိုးစွန်းကို ရောက်သွားကြတယ်။ မတ်ခ်တို့ရဲ့အသင်းက ပဥ္စမပဲ ရပါတယ်။

ဒါပေမဲ့ သူတို့ မြောက်အိုင်ယာလန်ကို ပြန်လာကြတော့ အိုင်ယာလန် နိုင်ငံသားတွေက သူတို့ကို သူရဲကောင်းတွေအဖြစ် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတယ်။ အဲဒီပြိုင်ပွဲအပြီးမှာ မတ်ခ်ဟာ ဂျော့ဆိုတဲ့ အမျိုးသမီးလေးနဲ့ ချစ်ကြိုက်သွားခဲ့တယ်။ မတ်ခ်အတွက် သူလုပ်ချင်ခဲ့တဲ့ ကြီးမားတဲ့စွမ်းဆောင်မှုကြီးလဲ လုပ်ပြီးသွားသလို ချစ်သူရည်းစားလည်းရပြီမို့ သူ့ဘဝဟာ ပြည့်စုံသွားပြီလို့ ပြောလို့ရပါတယ်။

ဒါပေမဲ့ ကြမ္မာဆိုးရဲ့ ထိုးနှက်မှု တစ်ခု ထပ်မံကြုံလိုက်ရပြန်ပါပြီ။ ၂၀၁၀ ခုနှစ် ဇူလိုင်လ မတ်ခ်ဟာ သူချစ်သူ ဂျော့နဲ့လက်ထပ်ဖို့ ၄ ပတ်အလိုမှာ သူ့အိမ် ဒုတိယထပ်မှာ လမ်းလျှောက်နေရင်း ပြတင်းပေါက်ကနေ ချော်ကျသွားပြီး ၂၅ ပေ မြင့်တဲ့ အမြင့်ကနေ မြေပြင်ကို ထိုးကျသွားတယ်။ ခေါင်းခွံကွဲအက်သွားပြီး ခါးဆစ်ရိုး ၃ နေရာမှာ ကျိုးသွားတယ်။ ခါးဆစ်ရိုး ထိခိုက်သွားလို့ လမ်းလျှောက် မရတော့ဘူး။ ဆေးဝါးကုသမှုတွေ၊ ခွဲစိမ်မှုတွေ လုပ်ပေမဲ့လဲ သူအောက်ပိုင်း သေသွားပြီး လမ်းလုံးဝ မလျှောက်နိုင်တော့ပါဘူး။

ကဲ… မတ်ခ်တစ်ယောက် ဒီတစ်ခါ လုံးဝ စိတ်ဓာတ်ကျသွားပြီလား။ ငါ့လောက် ကုသိုလ်ကံဆိုးတဲ့လူ ဒီလောကမှာ မရှိတော့ဘူးဆိုပြီး ထိုင်ငိုနေမှာလား။ မတ်ခ်ရဲ့ ဘဝအဘိဓာန်မှာ ငိုကြွေးခြင်း၊ အရှုံးပေးလက်မြှောက်ခြင်းဆိုတဲ့ စကားလုံးတွေ မရှိပါဘူး။

သူဟာ သူ့ဘဝဖြစ်စဉ်အကြောင်းကို (လမ်းမလျှောက်နိုင်တော့ လက်တွန်းလှည်းနဲ့ သွားလာရင်း) Making It Happen ဆိုတဲ့ စာအုပ်တစ်အုပ် ရေးတယ်။ ရောင်းကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်ခဲ့တယ်။ ကမ္ဘာအနှံ့လှည့်လည်ပြီး လူတွေကို စိတ်ဓာတ်မြှင့်တင်ရေးဟောပြောပွဲတွေလုပ်ရင်း ဝင်ငွေကောင်းလာခဲ့တယ်။ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုထောင်ပြီး စီးပွားရေးလုပ်သလို ခြေလက်မသန်မစွမ်းသူတွေကို ကူညီနေတဲ့ လူမှုရေးလုပ်ငန်းတွေလဲ ဆောင်ရွက်ပေးနေပါတယ်။

သူ တိုက်ပေါ်ကပြုတ်ကျပြီး အောက်ပိုင်းသေသွားတုံးက သူ့ကိုကြင်ကြင်နာနာ ပြုစုပေးခဲ့တဲ့ သူ့ရည်းစားဂျော့နဲ့ပဲ လက်ထပ်ခဲ့ပါတယ်။ သူ ကျောင်းတဝက်တပျက်ပဲ တက်ခဲ့ရတဲ့ Dublin မြို့က Trinity College က သူ့ကို ဂုဏ်ထူးဆောင်ဘွဲ့ပေးခဲ့သလို Belfast မြို့က Queens University ကလဲ သူ့ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့အပ်နှင်းခဲ့ပါတယ်။ နိုင်ငံတကာကလဲ သူ့ကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်ခဲ့ပါတယ်။

ဆရာဗန်းမော်သိန်းဖေ ရဲ့ သူတို့ဘာကြောင့် ကမ္ဘာကျော်တာလဲ စာအုပ်မှ

Leave a Reply