အေမရိကန္ သမၼတတစ္ေယာက္ လုပ္ခြင့္မရွိေသာအရာမ်ား

Posted on

ေရးသားသူ – TMK(သမန္းက်ား)

အေမရိကန္သမၼတဆိုတာ သူ ့နုိင္ငံမွာတင္မက ကမာၻတစ္၀န္းမွာပါ လုပ္ပိုင္ခြင့္အလြန္ျမင့္မားသူပါ။ ဒါေပမယ့္ အေမရိကန္သမၼတတစ္ေယာက္ရဲ ့ တစ္ကိုယ္ရည္လြတ္လပ္ခြင့္ေတြကိုေတာ့ အမ်ိဳးမ်ိဳးတားျမစ္ကန္ ့သတ္ထားတာကို ေတြ ့ရပါတယ္။

Secret Service ကို အသိမေပးဘဲ ဖုန္းေျပာလို ့မရပါဘူး။ ကၽြန္ေတာ္တို ့ကေတာ့ သူငယ္ခ်င္းေတြ၊ မိသားစု၀င္ ေတြကို ဖုန္းေျပာခ်င္ရင္ ဟန္းဖုန္းဆြဲထုတ္ျပီးေျပာရံုပါပဲ။ အေမရိကန္သမၼတကေတာ့ အထူးဖုန္းလိုင္းကိုပဲ အသံုးျပဳခြင့္ရွိပါတယ္။ သမၼတရဲ ့ဖုန္းေခၚဆိုမႈ၊ ဗီဒီယိုခ်က္တင္ေခၚဆိုမႈေတြအားလံုးရဲ ့လံုျခံဳေရးကို Secret Service က နက္နက္ရွိဳင္းရွိဳင္းကို လံုျခံဳေရးယူထားပါတယ္။

ရုပ္ရွင္ရံုကိုသြားျပီး ရုပ္ရွင္ၾကည့္ခြင့္ မရွိပါဘူး။ သမၼတပဲ။ သူၾကည့္ခ်င္တဲ့ရုပ္ရွင္ကို အိမ္ျဖဴေတာ္ကိုယူလာေပးမွာေပါ့။ အိမ္ျဖဴေတာ္ထဲက အထူးရုပ္ရွင္ခန္းမမွာပဲ ၾကည့္လို ့ရပါတယ္။ သာမန္လူေတြလို မိန္းမေရ၊ ရုပ္ရွင္သြားၾကည့္ရေအာင္ေဟ့ ဆိုျပီး သမၼတၾကီး ထြက္သြားလို ့မရပါဘူး။

ညစာထြက္စားခ်င္တိုင္း စားလို ့မရပါဘူး။ သမၼတၾကီး ညစာထြက္စားေတာ့မယ္ဆိုရင္ Secret Service က အဲဒီဆိုင္ကို လံုျခံဳေရး ၾကိဳယူရပါမယ္။ အဲဒါ ရက္နဲ ့ခ်ီျပီး ၾကာနိုင္ပါတယ္။ ဒါ့အျပင္ အစားအေသာက္ေတြ ေဘးကင္းမကင္းျမည္းစမ္းေပးမယ့္ အျမည္းေတာ္ မရွိရင္လည္း အျပင္မွာ စားခြင့္မရွိပါဘူး။

ကားေမာင္းခြင့္မရွိပါဘူး။ သမၼတၾကီးရဲ ့စီးေတာ္ယာဥ္ဟာ အထူးျပဳလုပ္ထားတဲ့ကားျဖစ္ပါတယ္။ အဲဒီကားကို အထူးေလ့က်င့္ထားတဲ့ ယာဥ္ေမာင္းကပဲ ေမာင္းနွင္ခြင့္ရွိပါတယ္။ အေရးေပၚအေျခအေနအရပ္ရပ္မွာ ဘယ္လိုတုန္ ့ျပန္ရမယ္၊ ဘယ္လိုေမာင္းရမယ္၊ အႏၱရာယ္ၾကားက ဘယ္လိုရုန္းထြက္ရမယ္ အစရွိတာေတြကို အစြမ္းကုန္ေလ့က်င့္ထားတဲ့ ယာဥ္ေမာင္းကပဲ ေမာင္းရပါမယ္။ သမၼတၾကီးက လမ္းေလွ်ာက္လို ့ရပါတယ္။ စက္ဘီးစီးလို ့ရပါတယ္။ အျခားစက္တပ္ယာဥ္ေတြကို ေမာင္းနွင္ခြင့္ မရွိပါဘူး။

အေမရိကန္သမၼတေတြက သမၼရာထူးကို စြန္ ့ခြာျပီးရင္ေတာင္ ကားကို လြတ္လပ္စြာေမာင္းနွင္ခြင့္ မရွိပါဘူး။ Secret Service က သတ္မွတ္ထားတဲ့ေနရာမွာပဲ အေပ်ာ္တမ္းေမာင္းရတာပါ။ တစ္နည္းအားျဖင့္ အေမရိကန္သမၼတျဖစ္ျပီဆိုရင္ သင့္ ကားေမာင္းနွင္ခြင့္ကို အျမဲတမ္းအတြက္ စြန္ ့လႊတ္လိုက္ရတာနဲ ့အတူတူပါပဲ။

ကေလးေတြရဲ ့ေက်ာင္းကပြဲေတြ၊ အားကစားပြဲေတြကို မတက္ရပါဘူး။ သား၊သမီးေတြရဲ ့ေက်ာင္းကပြဲေတြ၊ ဆုေပးပြဲေတြ၊ အားကစားပြဲေတြကို မိဘအေနနဲ ့သြားျပီး အားေပးရတာ၊ ေအာ္ဟစ္ရတာ၊ လက္ခုပ္တီးရတာ၊ ေဒါနဲ ့ေမာနဲ ့ ၀င္ေအာ္ရတာ တကယ္အမွတ္ရစရာေလးပါ။ သို ့ေသာ္ အေမရိကန္သမၼတမွာ ဒါေတြကို လုပ္ပိုင္ခြင့္မရွိပါဘူး။ ဒါေၾကာင့္လည္း အိမ္ျဖဴေတာ္၀င္းထဲမွာ ေက်ာင္းရွိပါတယ္။ သမၼတရဲ ့သား၊သမီးေတြက အဲဒီေက်ာင္းမွာ တက္ၾကပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သမၼတသား၊သမီးေတြသာ ေက်ာင္းကိုကိုယ္တိုင္သြားတက္ရင္ လံုျခံဳေရးေပးဖို ့က လံုး၀မလြယ္လို ့ပါ။ သို ့ေသာ္ သမၼတိုင္းေတာ့မဟုတ္ဘူးေပါ့။ အခ်ိဳ ့သမၼတေတြလည္း ကေလးကို ေက်ာင္းပို ့ခဲ့ဖူးတဲ့သာဓကေတြ ရွိပါတယ္။

ဆိုရွယ္မီဒီယာေတြ၊ နည္းပညာေတြကို မသံုးရပါဘူး။ အိုဘားမားကို သူ ့ Blackberry ဆက္မသံုးဖို ့နဲ ့ ထရမ့္ကို သူ ့Twitter ဆက္မသံုးဖို ့ အၾကံျပဳခဲ့ျပီး ေျပာမရတဲ့အဆံုး အတတ္နုိင္ဆံုးေလွ်ာ့သံုးဖို ့၊ သံုးစြဲတဲ့အင္တာနက္လိုင္းမွန္သမွ်ကိုလည္း Secrete Service က လံုျခံဳေရးယူဖို ့ လုပ္ခဲ့ရပါတယ္။ ဒါ့အျပင္ အေမရိကန္သမၼတေတြဟာ ဆိုရွယ္မီဒီယာမွာ လူတစ္ေယာက္ကို Block ခြင့္မရွိပါဘူး။ အဲဒါ လြတ္လပ္စြာေျပာဆိုခြင့္ရွိတဲ့ေနရာလို ့ အေမရိကန္ေတြကျမင္ပါတယ္။

အရပ္ဖက္ေလေၾကာင္းေတြကို စီးလို ့မရပါဘူး။ သမၼတစီးဖို ့ Air Force One ရွိပါတယ္။ ဒါပဲစီးရမွာပါ။ သြားခ်င္ရာကို သြားဖုိ ့ေလယာဥ္လက္မွတ္၀ယ္၊ ဗီဇာရိုက္၊ ပတ္စပို ့လုပ္၊ ေလဆိပ္ကိုသတင္းပို ့၊ ဒါေတြကို သမၼတအေနနဲ ့လုပ္ခြင့္မရွိပါဘူး။ ဘယ္သြားသြား Air Force 1 နဲ ့ပဲ သြားရပါမယ္။ Air Force One နဲ ့ပဲ သြားရမယ္ဆိုလို ့ Air Force One ဆိုတာ ေလယာဥ္တစ္စီးပဲလို ့မထင္လိုက္ပါနဲ ့။  သမၼတစီးတဲ့ေလယာဥ္ကို Air Force One လို ့ေခၚတာပါ။

ျပဴတင္းေပါက္ ဖြင့္ခြင့္မရွိပါ။ အိမ္ျဖဴေတာ္၊ ရံုးခန္း၊ ဘယ္အခန္းပဲျဖစ္ျဖစ္ ျပဴတင္းေပါက္ဖြင့္ခြင့္မရွိပါဘူး။ ကားစီးရင္ လည္း ကားျပဴတင္းေပါက္ကို ဖြင့္ခြင့္မရွိပါဘူး။ လံုျခံဳေရးအရပါ။ မီရွဲအိုဘားမားဟာ သူ ့ရဲ ့ေနာက္ဆံုးေန ့ေတြမွာ အိမ္ျဖဴေတာ္ရဲ ့ျပဴတင္းေပါက္ကို ခဏေလးဖြင့္ျပီး အျပင္ေလာကၾကီးကို အားပါးတရ ၾကည့္ခ်င္လိုက္တာလို ့ေျပာခဲ့ဖူးပါတယ္။ တစ္ခါတုန္းက သူတို ့ Camp David ကိုသြားေတာ့ ေပ်ာ္ေအာင္လုပ္ေပးတဲ့အေနနဲ ့ လံုျခံဳေရးအၾကီးအကဲက မီရွဲရဲ ့ကားတံခါးမွန္ကို ၅ မိနစ္ေလာက္ ဖြင့္ခြင့္ ေပးခဲ့ဖူးပါတယ္။

ရံုးခန္းသန္ ့ရွင္းေရး လုပ္ခြင့္မရွိပါဘူး။ ကၽြန္ေတာ္တို ့လို စားပြဲသုတ္၊ မ်က္စိရွဳပ္တဲ့ ပစၥည္းေတြ၊ အမိႈက္ေတြ၊ စကၠဴေတြကို လံုးေျချပီးပစ္လို ့မရပါဘူး။ ရံုးခန္းထဲက စကၠဴတစ္ပိုင္းစီကို အထူးေလ့က်င့္ထားတဲ့အဖြဲ ့က ေသေသခ်ာခ်ာစိစစ္ျပီးေတာ့မွ ဖ်က္ဆီးပါတယ္။ ဒါ့အျပင္ ဒစ္ဂ်စ္တယ္နည္းပညာနဲ ့လည္း သမၼတက ကိုယ္တုိင္ရွင္းခြင့္မရွိပါဘူး။ ဥပမာ email ထဲက စာတစ္ေစာင္ကို delete လုပ္ခြင့္ မရွိပါဘူး။ သက္ဆိုင္ရာက စိစစ္ျပီးမွသာ delete လုပ္မွာျဖစ္ပါတယ္။

သို ့ေသာ္ သမၼတက သမၼတပါပဲ။ တားျမစ္ထားတဲ့ကိစၥေတြကို သမၼတက အရမ္းကိုလုပ္ခ်င္ေနတယ္ဆိုရင္ေတာ့ Secret Service က အတတ္နိုင္ဆံုး လံုျခံဳေရးယူျပီး ခြင့္ျပဳေပးရပါတယ္။ ဥပမာ သမၼတ သူ ့သမီးေလးဖ်ားေနလို ့အိမ္ကိုျပန္ခ်င္တယ္၊ လမ္းတေလွ်ာက္မွာ လံုျခံဳေရးမလုပ္ရေသးဘူး၊ သို ့ေသာ္ သမၼတက အခုပဲျပန္မယ္ဆိုျပီး ဂ်ီက်ရင္ေတာ့ Secret Service က တရား၀င္ လံုျခံဳေရးအကူအညီေတြကိုေခၚျပီး လမ္းတေလွ်ာက္ သမၼတၾကီးနဲ ့သူ ့မိသားစုကို ကာကြယ္သြားမွာပါ။

အေမရိကန္သမၼတဟာ Secret Service ရဲ ့တားျမစ္ခ်က္ကို သူ ့အာဏာနဲ ့ပယ္နုိင္ေပမယ့္ Secret Service ရဲ ့အကာအကြယ္ကိုမယူဘဲ ဘယ္ကိုမွသြားခြင့္ မရွိပါဘူး။ ဥပေဒနဲ ့တားျမစ္ထားပါေၾကာင္း အေမရိကန္သမၼတတစ္ေယာက္ သူ ့ရဲ ့ေန ့စဥ္ဘ၀မွာ လုပ္ခ်င္ရာလုပ္ခြင့္မရွိတာေလးေတြကို ေလ့လာေရးသား တင္ျပလိုက္ရပါတယ္။

TMK(သမန္းက်ား)
ရတနာပုံေန႔စဥ္

——————-

အမေရိကန်သမ္မတတစ်ယောက် လုပ်ခွင့်မရှိသောအရာများ (unicode)

ရေးသားသူ – TMK(သမန်းကျား)

အမေရိကန်သမ္မတဆိုတာ သူ့နိုင်ငံမှာတင်မက ကမ္ဘာတစ်ဝန်းမှာပါ လုပ်ပိုင်ခွင့်အလွန်မြင့်မားသူပါ။ ဒါပေမယ့် အမေရိကန်သမ္မတတစ်ယောက်ရဲ့ တစ်ကိုယ်ရည်လွတ်လပ်ခွင့်တွေကိုတော့ အမျိုးမျိုးတားမြစ်ကန့်သတ်ထားတာကို တွေ့ရပါတယ်။

Secret Service ကို အသိမပေးဘဲ ဖုန်းပြောလို့မရပါဘူး။ ကျွန်တော်တို့ကတော့ သူငယ်ချင်းတွေ၊ မိသားစုဝင် တွေကို ဖုန်းပြောချင်ရင် ဟန်းဖုန်းဆွဲထုတ်ပြီးပြောရုံပါပဲ။ အမေရိကန်သမ္မတကတော့ အထူးဖုန်းလိုင်းကိုပဲ အသုံးပြုခွင့်ရှိပါတယ်။ သမ္မတရဲ့ဖုန်းခေါ်ဆိုမှု၊ ဗီဒီယိုချက်တင်ခေါ်ဆိုမှုတွေအားလုံးရဲ့လုံခြုံရေးကို Secret Service က နက်နက်ရှိုင်းရှိုင်းကို လုံခြုံရေးယူထားပါတယ်။

ရုပ်ရှင်ရုံကိုသွားပြီး ရုပ်ရှင်ကြည့်ခွင့် မရှိပါဘူး။ သမ္မတပဲ။ သူကြည့်ချင်တဲ့ရုပ်ရှင်ကို အိမ်ဖြူတော်ကိုယူလာပေးမှာပေါ့။ အိမ်ဖြူတော်ထဲက အထူးရုပ်ရှင်ခန်းမမှာပဲ ကြည့်လို့ရပါတယ်။ သာမန်လူတွေလို မိန်းမရေ၊ ရုပ်ရှင်သွားကြည့်ရအောင်ဟေ့ ဆိုပြီး သမ္မတကြီး ထွက်သွားလို့မရပါဘူး။

ညစာထွက်စားချင်တိုင်း စားလို့မရပါဘူး။ သမ္မတကြီး ညစာထွက်စားတော့မယ်ဆိုရင် Secret Service က အဲဒီဆိုင်ကို လုံခြုံရေး ကြိုယူရပါမယ်။ အဲဒါ ရက်နဲ့ချီပြီး ကြာနိုင်ပါတယ်။ ဒါ့အပြင် အစားအသောက်တွေ ဘေးကင်းမကင်းမြည်းစမ်းပေးမယ့် အမြည်းတော် မရှိရင်လည်း အပြင်မှာ စားခွင့်မရှိပါဘူး။

ကားမောင်းခွင့်မရှိပါဘူး။ သမ္မတကြီးရဲ့စီးတော်ယာဉ်ဟာ အထူးပြုလုပ်ထားတဲ့ကားဖြစ်ပါတယ်။ အဲဒီကားကို အထူးလေ့ကျင့်ထားတဲ့ ယာဉ်မောင်းကပဲ မောင်းနှင်ခွင့်ရှိပါတယ်။ အရေးပေါ်အခြေအနေအရပ်ရပ်မှာ ဘယ်လိုတုန့်ပြန်ရမယ်၊ ဘယ်လိုမောင်းရမယ်၊ အန္တရာယ်ကြားက ဘယ်လိုရုန်းထွက်ရမယ် အစရှိတာတွေကို အစွမ်းကုန်လေ့ကျင့်ထားတဲ့ ယာဉ်မောင်းကပဲ မောင်းရပါမယ်။ သမ္မတကြီးက လမ်းလျှောက်လို့ရပါတယ်။ စက်ဘီးစီးလို့ရပါတယ်။ အခြားစက်တပ်ယာဉ်တွေကို မောင်းနှင်ခွင့် မရှိပါဘူး။

အမေရိကန်သမ္မတွေက သမ္မရာထူးကို စွန့်ခွာပြီးရင်တောင် ကားကို လွတ်လပ်စွာမောင်းနှင်ခွင့် မရှိပါဘူး။ Secret Service က သတ်မှတ်ထားတဲ့နေရာမှာပဲ အပျော်တမ်းမောင်းရတာပါ။ တစ်နည်းအားဖြင့် အမေရိကန်သမ္မတဖြစ်ပြီဆိုရင် သင့် ကားမောင်းနှင်ခွင့်ကို အမြဲတမ်းအတွက် စွန့်လွှတ်လိုက်ရတာနဲ့အတူတူပါပဲ။

ကလေးတွေရဲ့ကျောင်းကပွဲတွေ၊ အားကစားပွဲတွေကို မတက်ရပါဘူး။ သား၊သမီးတွေရဲ့ကျောင်းကပွဲတွေ၊ ဆုပေးပွဲတွေ၊ အားကစားပွဲတွေကို မိဘအနေနဲ့သွားပြီး အားပေးရတာ၊ အော်ဟစ်ရတာ၊ လက်ခုပ်တီးရတာ၊ ဒေါနဲ့မောနဲ့ ဝင်အော်ရတာ တကယ်အမှတ်ရစရာလေးပါ။ သို့သော် အမေရိကန်သမ္မတမှာ ဒါတွေကို လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒါကြောင့်လည်း အိမ်ဖြူတော်ဝင်းထဲမှာ ကျောင်းရှိပါတယ်။ သမ္မတရဲ့သား၊သမီးတွေက အဲဒီကျောင်းမှာ တက်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ သမ္မတသား၊သမီးတွေသာ ကျောင်းကိုကိုယ်တိုင်သွားတက်ရင် လုံခြုံရေးပေးဖို့က လုံးဝမလွယ်လို့ပါ။ သို့သော် သမ္မတိုင်းတော့မဟုတ်ဘူးပေါ့။ အချို့သမ္မတတွေလည်း ကလေးကို ကျောင်းပို့ခဲ့ဖူးတဲ့သာဓကတွေ ရှိပါတယ်။

ဆိုရှယ်မီဒီယာတွေ၊ နည်းပညာတွေကို မသုံးရပါဘူး။ အိုဘားမားကို သူ့ Blackberry ဆက်မသုံးဖို့နဲ့ ထရမ့်ကို သူ့Twitter ဆက်မသုံးဖို့ အကြံပြုခဲ့ပြီး ပြောမရတဲ့အဆုံး အတတ်နိုင်ဆုံးလျှော့သုံးဖို့၊ သုံးစွဲတဲ့အင်တာနက်လိုင်းမှန်သမျှကိုလည်း Secrete Service က လုံခြုံရေးယူဖို့ လုပ်ခဲ့ရပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတတွေဟာ ဆိုရှယ်မီဒီယာမှာ လူတစ်ယောက်ကို Block ခွင့်မရှိပါဘူး။ အဲဒါ လွတ်လပ်စွာပြောဆိုခွင့်ရှိတဲ့နေရာလို့ အမေရိကန်တွေကမြင်ပါတယ်။

အရပ်ဖက်လေကြောင်းတွေကို စီးလို့မရပါဘူး။ သမ္မတစီးဖို့ Air Force One ရှိပါတယ်။ ဒါပဲစီးရမှာပါ။ သွားချင်ရာကို သွားဖို့လေယာဉ်လက်မှတ်ဝယ်၊ ဗီဇာရိုက်၊ ပတ်စပို့လုပ်၊ လေဆိပ်ကိုသတင်းပို့၊ ဒါတွေကို သမ္မတအနေနဲ့လုပ်ခွင့်မရှိပါဘူး။ ဘယ်သွားသွား Air Force 1 နဲ့ပဲ သွားရပါမယ်။ Air Force One နဲ့ပဲ သွားရမယ်ဆိုလို့ Air Force One ဆိုတာ လေယာဉ်တစ်စီးပဲလို့မထင်လိုက်ပါနဲ့။  သမ္မတစီးတဲ့လေယာဉ်ကို Air Force One လို့ခေါ်တာပါ။

ပြူတင်းပေါက် ဖွင့်ခွင့်မရှိပါ။ အိမ်ဖြူတော်၊ ရုံးခန်း၊ ဘယ်အခန်းပဲဖြစ်ဖြစ် ပြူတင်းပေါက်ဖွင့်ခွင့်မရှိပါဘူး။ ကားစီးရင် လည်း ကားပြူတင်းပေါက်ကို ဖွင့်ခွင့်မရှိပါဘူး။ လုံခြုံရေးအရပါ။ မီရှဲအိုဘားမားဟာ သူ့ရဲ့နောက်ဆုံးနေ့တွေမှာ အိမ်ဖြူတော်ရဲ့ပြူတင်းပေါက်ကို ခဏလေးဖွင့်ပြီး အပြင်လောကကြီးကို အားပါးတရ ကြည့်ချင်လိုက်တာလို့ပြောခဲ့ဖူးပါတယ်။ တစ်ခါတုန်းက သူတို့ Camp David ကိုသွားတော့ ပျော်အောင်လုပ်ပေးတဲ့အနေနဲ့ လုံခြုံရေးအကြီးအကဲက မီရှဲရဲ့ကားတံခါးမှန်ကို ၅ မိနစ်လောက် ဖွင့်ခွင့် ပေးခဲ့ဖူးပါတယ်။

ရုံးခန်းသန့်ရှင်းရေး လုပ်ခွင့်မရှိပါဘူး။ ကျွန်တော်တို့လို စားပွဲသုတ်၊ မျက်စိရှုပ်တဲ့ ပစ္စည်းတွေ၊ အမှိုက်တွေ၊ စက္ကူတွေကို လုံးခြေပြီးပစ်လို့မရပါဘူး။ ရုံးခန်းထဲက စက္ကူတစ်ပိုင်းစီကို အထူးလေ့ကျင့်ထားတဲ့အဖွဲ့က သေသေချာချာစိစစ်ပြီးတော့မှ ဖျက်ဆီးပါတယ်။ ဒါ့အပြင် ဒစ်ဂျစ်တယ်နည်းပညာနဲ့လည်း သမ္မတက ကိုယ်တိုင်ရှင်းခွင့်မရှိပါဘူး။ ဥပမာ email ထဲက စာတစ်စောင်ကို delete လုပ်ခွင့် မရှိပါဘူး။ သက်ဆိုင်ရာက စိစစ်ပြီးမှသာ delete လုပ်မှာဖြစ်ပါတယ်။

သို့သော် သမ္မတက သမ္မတပါပဲ။ တားမြစ်ထားတဲ့ကိစ္စတွေကို သမ္မတက အရမ်းကိုလုပ်ချင်နေတယ်ဆိုရင်တော့ Secret Service က အတတ်နိုင်ဆုံး လုံခြုံရေးယူပြီး ခွင့်ပြုပေးရပါတယ်။ ဥပမာ သမ္မတ သူ့သမီးလေးဖျားနေလို့အိမ်ကိုပြန်ချင်တယ်၊ လမ်းတလျှောက်မှာ လုံခြုံရေးမလုပ်ရသေးဘူး၊ သို့သော် သမ္မတက အခုပဲပြန်မယ်ဆိုပြီး ဂျီကျရင်တော့ Secret Service က တရားဝင် လုံခြုံရေးအကူအညီတွေကိုခေါ်ပြီး လမ်းတလျှောက် သမ္မတကြီးနဲ့သူ့မိသားစုကို ကာကွယ်သွားမှာပါ။

အမေရိကန်သမ္မတဟာ Secret Service ရဲ့တားမြစ်ချက်ကို သူ့အာဏာနဲ့ပယ်နိုင်ပေမယ့် Secret Service ရဲ့အကာအကွယ်ကိုမယူဘဲ ဘယ်ကိုမှသွားခွင့် မရှိပါဘူး။ ဥပဒေနဲ့တားမြစ်ထားပါကြောင်း အမေရိကန်သမ္မတတစ်ယောက် သူ့ရဲ့နေ့စဉ်ဘဝမှာ လုပ်ချင်ရာလုပ်ခွင့်မရှိတာလေးတွေကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

TMK(သမန်းကျား)
ရတနာပုံနေ့စဉ်

Leave a Reply