အိန္ဒိယနိုင်ငံရှိ ကြည်ညိုဖွယ်ရာ ဗုဒ္ဓရတနာများ အမြောက်အများ တည်ရှိရာ အဂျင့်တာ့လှိုဏ်ဂူ

Posted on

ရေးသားသူ – မြန်မာ့ဇွဲမာန်

အဂျင့်တာ့လှိုဏ်ဂူဆိုတာကတော့ အိန္ဒိယနိုင်ငံမှာတည်ရှိပြီး မွန်ဘိုင်းမြို့ကနေ မိုင်ပေါင်း ၂၈၀ ဝေးပါတယ်။ မြင်းခွာပုံကျောက်တောင်မှာ လူတွေထွင်းထုထားတဲ့ ဗုဒ္ဓလှိုဏ်ဂူပေါင်း ၃၀ ရှိပါတယ်။ အဂျင့်တာ့လှိုဏ်ဂူတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်က ဘယ်လိုနည်းပညာနဲ့ ထွင်းထုခဲ့လဲဆိုတာကိုလဲ ခေတ်သစ်အင်ဂျင်နီယာပညာရှင်တွေအဖြေမထုတ်နိုင်သေးဘဲဖြစ်နေဆဲပါ။

 

အဂျင့်တာ့လှိုဏ်ဂူတစ်ခုစီရဲ့မျက်နှာမူရာအရပ်ကို မတူအောင်တည်ဆောက် ထားပါတယ်။ နေရောင်ကို ဂူထဲမှာရှိတဲ့ ဘုရားဆင်းတုတော်ဆီကိုသာ တိုက်ရိုက်အလင်းရောက်ဖို့အတွက် စီမံတည်ဆောက်ထားတာပါ။ ဒါကြောင့်မို့ အဂျင့်တာ့လှိုဏ်ဂူ တည်ဆောက်ခဲ့သူတွေရဲ့ နက္ခတ္တဗေဒ တဖက်ကမ်းခတ်ကျွမ်းကျင်မှုကို ခေတ်သစ် သိပ္ပံပညာရှင်တွေက အံမခန်းဖြစ်ကြတာပါ။

ကျောက်တံခါးပြူတင်းကဝင်လာတဲ့ မနက်ခင်းနေရောင်ခြည်နဲ့ ဗုဒ္ဓဆင်းတုတော်ကို ပူဇော်ထားတာကိုတော့ လှိုဏ်ဂူအမှတ် ၁၉ နဲ့ ၂၆ မှာဖူးမျော်ကြည်ညို နိုင်ပါတယ်။ အံသြဖွယ်ပါဘဲ…

ဂူတိုင်းမှာတော့ ကျောက်သားအတိပြီးတဲ့ဘုရားကျောင်းဆောင်တွေ၊ ဆင်းတုတော်တွေ၊ ပန်းပုလက်ရာတွေ၊ နံရံဆေးရေးပန်းချီတွေနဲ့ပြည့်နှက်နေပြီး ဗုဒ္ဓရဲ့ဘဝဖြစ်စဉ်တွေကို ထွင်းထုပူဇော်ထားပါတယ်။

တစ်ချို့ဂူတွေကတော့ ဘုန်းကြီးကျောင်းဆောင်တွေဖြစ်ပြီး ရဟန်းတွေသတင်းသုံး တရားအားထုတ်ခဲ့ကြတာပါ။ ကျောက်တောင်ရှေ့မှာ ၀မ်ဂိုရာမြစ်ကွေ့ပတ်စီးဆင်းနေပြီး မိုးတွင်းအခါမှာတော့ ကျောက်တောင်ပေါ် ကနေဖြတ်စီးနေတဲ့ ရေတံခွန်သံက လှိုဏ်ဂူထဲကနေတောင်ကောင်းကောင်းကြားနိုင် ပါတယ်။

လှိုဏ်ဂူတွေထဲမှာ ထေရဝါရကိုးကွယ်မှုတွေနဲ့သက်ဆိုင်တဲ့ ရှေးကျတဲ့ အကြောင်းအ ရာတွေကိုဖူးမျှော်နိုင်သလို မဟာရနကိုးကွယ်မှုအကြောင်းတွေ ကိုလည်းလေ့လာနိုင်ပါတယ်။ အဂျင့်တာ့လှိုဏ်ဂူကတော့ နိဗ္ဗန်တံခါးပေါက်ဖြစ်ခဲ့မှာ အသေအချာပါဘဲ။ ပညာရှင်တွေရဲ့ကောက်ချက်ကလည်းစိတ်ဝင်စားစရာပါ။ ရှေးခေတ်လူသားတွေက သူတို့အမှန်တကယ်တွေ့ခဲ့ရတာတွေကို ပန်ချီးဆွဲတာတို့ ပန်းပုထုတာတို့ အမြဲတမ်း လုပ်ပါတယ်တဲ့။

ဂူထဲရှိ အရောင်အသွေးစုံ စွာရေးချယ်ထားတဲ့ ဗုဒ္ဓပန်းချီလက်ရာတွေကတော့ ရှေးအကျဆုံးနဲ့ လက်ရာအမြောက်ဆုံး ဗုဒ္ဓပန်းချီလက်ရာတွေထဲကတစ်ခုဖြစ်တယ်လို့ သမိုင်းပညာရှင်တွေ ကောက်ချက်ချထား ပါတယ်။ ဒါကြောင့်မို့လဲ အရောင်တွေတိတိကျကျသုံးပြီး ထူးခြားလက်ရာမြောက်တဲ့ ပန်ချီတွေကိုမှောင်မဲနေတဲ့ဒီဂူတွေထဲမှာ ဘယ်လိုရေးဆွဲခဲ့သလဲဆိုတာ ခေတ်သစ်ပညာ ရှင်တွေ စဉ်းစားမရဖြစ်နေရတုန်းပါ။

နောက်ခံသမိုင်း

အခြားသော ဗုဒ္ဓဘုန်းတွေကြီးတွေ နေထိုင်ရာ ဒေသတွေလိုပဲ အဂျင့်တာ့လှိုဏ်ဂူက စာသင်ကြားဖို့၊ ဘုန်တော်ကြီးတွေ နေထိုင်ဖို့၊ ဝတ်ပြုဖို့ တည်ဆောက်ထားခဲ့ခြင်းဖြစ်ပါတယ်။

တရုတ်လူမျိုး ခရီးသွားသူ စာပေပညာရှင်၊ ဘုန်းတော်ကြီး Xuanzang က တရုတ်ပြည်မှ အိန္ဒယ ကို ခရီးထွက်ခဲ့ပြီး အဆိုပါ လှိုဏ်ဂူထဲမှာ နေထိုင်ပြီး အဆိုပါ လိုင်ဂူအကြောင်း မှတ်တမ်းများ ရေးသားခဲ့သည့်အပြင် အဆိုပါ အိန္ဒိယ မှ တရုတ်ပြည်သို့ အပြန် အဆိုပါ လှိုဏ်ဂူမှာ ရရှိခဲ့တဲ့ တရားဓမ္မတွေကို တရုတ်ပြည်မှာ ပြန်လည် ဖြန်ဝေခဲ့ပါသည်။

ပညာရှင်တွေက အဆိုပါ လှိုဏ်ဂူကို အပိုင်နှစ်ပိုင် ခွဲပြီး သုံးသပ်ကြပြီး အဆိုပါ အပိုင်း နှစ်ခုအကြား နှစ်ရာနဲ့ချီ ခြားနားခဲ့ တယ်လို့ ဆိုပါတယ်။ အိန္ဒိယ အစိုးရ နိုင်ငံရဲ့ သတင်းအချက်အလက် နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက (Ministry of Information and Broadcasting, Government of India.) ထုတ်ပြန်တဲ့ အိန္ဒယ ရဲ့ ရာစု နှစ်များဆိုတဲ့ စာအုပ်မှာ (India through the ages.) ပထမလှိုဏ်ဂူ ၅ ခုကို ခရစ်တော်မပေါ်မှီ (၂) ရာစုမှာထွင်းထုခဲ့ တယ်လို့ သုံးသပ်ပါတယ်။

ကျန်လှိုဏ်ဂူ ၂၅ ခုကိုတော့ (၅) ရာစုနှစ်အတွင်းမှာထွင်းထု တယ်လို့ လေ့သုံးသပ်ပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့ ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာတစ်နေရာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

Leave a Reply