လူသိနည္းတဲ့ လူသားေတြရဲ႕ ကယ္တင္ရွင္

Posted on

ကၽြန္ေတာ္တို႔ ေတြထဲက သူ႔ကို ဘယ္ႏွစ္ေယာက္ေလာက္မ်ားသိပါသလဲ။ သူဟာ ဧရာမစြမ္းေဆာင္မႈႀကီးကို ျပဳလုပ္ခဲ့ေပမယ့္ အျခားနာမည္ေက်ာ္ေတြလုိ လူသိနာမည္မေက်ာ္ပဲ လူအခ်ဳိ႕ေလာက္သာ သူ႔ကိုသိၾကပါတယ္။ သူဆုိတာကေတာ့ ေဒါက္တာ Jonas Salk ျဖစ္ပါတယ္။

ေဒါက္တာ Salk ကို ၁၉၁၄ခုႏွစ္ ေအာက္တုိဘာ ၂၈မွာ ေမြးဖြားခဲ့ၿပီး အေမရိကန္ကုိေရႊ႕ေျပာင္းေနထုိင္ခဲ့တဲ့ ဂ်ဴးလူမ်ဳိးမိသားစုမွာႀကီးျပင္းလာခဲ့သူပါ။ နယူးေယာက္စီးတီးေကာလိပ္မွာ ဓာတုေဗဒအထူးျပဳ သိပၸံဘြဲ႔ကိုရရွိခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ နယူးေယာက္တကၠသိုလ္မွာ ေဆးပညာကို ထပ္မံသင္ယူခဲ့ပါတယ္။ ေဆးပညာသင္ယူေနစဥ္အတြင္းမွာပဲ ေဆးသုေတသန ဓာတ္ခြဲခန္းမွာအလုပ္လုပ္ခဲ့ပါတယ္။ အသက္ ၂၅ႏွစ္ ေဆးေက်ာင္းၿပီးတဲ့အခ်ိန္မွာေတာ့ ဇီ၀ေဗဒ အထူးျပဳၿပီး ကုသမႈပုိင္းထက္ ေဆးသုေတသန အပုိင္းကိုသာ ေတာက္ေလွ်ာက္လုပ္ေဆာင္ခဲ့ပါတယ္။

ေဒါက္တာ Salk ရဲ႕ရည္မွန္းခ်က္ကေတာ့ လူေတြကိုအက်ဳိးျပဳဖုိ႔ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလုိအက်ဳိးျပဳတဲ့ေနရာမွာ တစ္ေယာက္ခ်င္းစီအတြက္မဟုတ္ပဲ လူသားထုႀကီးအတြက္ အက်ဳိးရွိေစခ်င္တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သုေတသနကို တစုိက္မတ္မတ္သူလုပ္ခဲ့တာျဖစ္ပါတယ္။

၁၉၁၆ခုႏွစ္ကစလုိ႔ အေမရိကန္မွာ ကပ္ေရာဂါဆုိးႀကီးတစ္ခုေပၚေပါက္လာခဲ့ပါတယ္။ အဲဒါကေတာ့ အားလုံးသိၾကတဲ့ ပုိလီယုိေရာဂါ ပဲျဖစ္ပါတယ္။ ပိုလီယုိဗုိင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ ပိုလီယုိေရာဂါေၾကာင့္ လူေပါင္းေသာင္းနဲ႔ခ်ီေသဆုံးကာ သိန္းနဲ႔ခ်ီေရာဂါကူးစက္ခံခဲ့ရၿပီး ဒီအထဲက အမ်ားစုဟာ ဒုကၡိတဘ၀ကုိေရာက္ခဲ့ရပါတယ္။ ေနာက္ႏွစ္ေပါင္း ၃၀ ၾကာတဲ့တုိင္ေအာင္ ဒီေရာဂါဆုိးႀကီးရဲ႕ဒါဏ္ကို လူသားေတြခံစားခဲ့ရပါတယ္။

SalK ဟာ ၁၉၄၇ ခုႏွစ္မွာ Pittsburgh တကၠသိုလ္ မွာ ဗိုင္းရပ္စ္ သုေတသန ဓါတ္ခြဲခန္း အႀကီးအကဲတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ သူ႔လက္ထက္မွာ ဒီေရာဂါဆုိးႀကီးကို အျပတ္တုိက္မယ္ဆုိတဲ့ ရည္မွန္းခ်က္နဲ႔အတူ ဗုိင္းရပ္စ္ေဆးသုေတသနကို ၄ႏွစ္ ဆက္တုိက္ ဇြဲမေလ်ာ့တမ္း ႀကဳိးစားခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ၁၉၅၂ခုႏွစ္မွာ Salk နဲ႔ သူ႔အဖြဲ႕ဟာ ပိုလီယိုကာကြယ္ေဆးကို စတင္ထုတ္လုပ္ေပးႏုိင္ခဲ့ပါတယ္။

သူ႔ရဲ႕ႀကဳိးစားမႈေၾကာင့္ ပိုလီယိုေရာဂါျဖစ္ပြားမႈႏႈန္းကို ေလ်ာ့က်ေစခဲ့ပါတယ္။ ၁၉၅၅ ခုႏွစ္မွာေတာ့ ေစ်းသက္သာျပီး ေကာင္းက်ိဳး သက္ေရာက္မႈပုိမ်ားတဲ့ ကာကြယ္ေဆး တစ္မ်ိဳးကို ထပ္မံထုတ္လုပ္ႏုိင္ခဲ့ျပန္ပါတယ္။ ဒါေၾကာင့္ ေရာဂါျဖစ္ပြားမႈႏႈန္းဟာ ၁၉၅၅ခုႏွစ္မွာ ၂ေသာင္းေက်ာ္ ၊ ၁၉၅၆ခုႏွစ္မွာ ၁ေသာင္းေက်ာ္ ၊ ၁၉၅၇ခုႏွစ္မွာ ၅ေထာင္ေက်ာ္ သာျဖစ္ပြားပါေတာ့တယ္။ 

သူ႔ရဲ႕ႀကဳိးစားရွာေဖြမႈေၾကာင့္ အဲဒီအခ်ိန္က ႏ်ဳကလိယား ဗံုးျပီးရင္ ဒုတိယ ေၾကာက္စရာ အေကာင္းဆံုး ေဘးအႏၱရာယ္ သတ္မွတ္ထားတဲ့ ပုိလီယိုေရာဂါဆုိးႀကီးကေန လူသားတုိ႔လြတ္ေျမာက္ခဲ့ၾကပါတယ္။ သူဟာ ပိုလီယို ကာကြယ္ေဆးဗက္ဆင္း ကို ရွာေဖြတီထြင္ခဲ့ေပမယ့္ သူ႔အက်ဳိးအတြက္အသုံးမခ်ခဲ့ပါဘူး။ တကယ္လုိ႔ ဒီတီထြင္မႈကို သူ႔ရဲ႕အက်ဳိးအျမတ္အတြက္သာ အသုံးခ်မယ္ဆုိရင္ သူဟာ ဘီလ်ံနာတစ္ဦးျဖစ္ႏုိင္ခဲ့တယ္ လုိ႔စီးပြားေရးကုမၸဏီေတြက ဆုိပါတယ္။ သူ႔ကို ဘာေၾကာင့္ မူပုိင္ခြင့္မတင္သလဲ လုိ႔ေမးတဲ့အခါ ေဒါက္တာ Salk က

“လူသားေတြအက်ဳိးအတြက္ဆုိရင္ မူပုိင္ခြင့္ဆုိတာ မရွိပါဘူး။ ေန ကို မူပုိင္ခြင့္တင္လုိ႔ရလား ။ ကြ်န္ေတာ္တီထြင္တဲ့ေဆးကလည္း ဒီအတုိင္းပါပဲ” လုိ႔ ျပန္ေျဖခဲ့ပါတယ္။ အလြန္ေလးစားဖုိ႔ေကာင္းတဲ့ ပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။

အဲဒီအခ်ိန္က ပုိလီယုိေရာဂါဟာ ကမာၻအႏွံ႔ကို ကူးစက္ေနခ်ိန္ျဖစ္ၿပီး သူ႔ရဲ႕ေဆးေတြကို အလကားနီးပါး ေစ်းေပါေပါနဲ႔ထုတ္ကာ ကမာၻတ၀ွမ္းက သန္းေပါင္းမ်ားစြာေသာ ကေလးငယ္ေတြကို ကယ္တင္ႏုိင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း သူ႔ကို အေမရိိကန္ အိမ္ျဖဴေတာ္ကသာ မက ကမာၻ႔အဖြဲ႔အစည္းအသီးသီးကပါ ဆုတံဆိပ္ေပါင္းမ်ားစြာေပးအပ္ခ်ီးျမွင့္ခဲ့ၾကပါတယ္။

သူဟာ သူ႔ဘ၀တစ္ခုလုံးကို ေဆးသုေတသနနယ္ပယ္ထဲမွာ ျမဳပ္ႏွံထားခဲ့ၿပီး ၁၉၉၅ခုႏွစ္မွာ ကြယ္လြန္သြားခဲ့ပါတယ္။ ကြယ္လြန္ခါနီးအခ်ိန္ သူ႔ဘ၀ရဲ႕ ေနာက္ဆံုး အခ်ိန္ေတြကိုလည္း HIV ေရာဂါအတြက္ ေဆး၀ါး ရွာေဖြရင္း ကုန္ဆုံးခဲ့သူျဖစ္ပါတယ္။

တျခား ကမာၻ႔နာမည္ေက်ာ္ အသီးသီးကို ကမာၻတ၀ွမ္းက သိၾကေပမယ့္  ေဒါက္တာ Jonas Salk လုိ လူသားသန္းေပါင္းမ်ားစြာရဲ႕ ကယ္တင္ရွင္တစ္ေယာက္ကို လူသိနည္းၾကတာဟာ ၀မ္းနည္းစရာေကာင္းလွပါတယ္။ မိတ္ေဆြေရာ သူ႔အေၾကာင္းကို သိၿပီးၿပီလား.. အခုမွသိတာ ဆုိရင္ ဒီလုိလူတစ္ေယာက္ရွိေနေသးေၾကာင္း အျခားသူေတြသိေအာင္ ျပန္လည္မွ်ေ၀လုိက္ေပါ့ဗ်ာ

———————-
လူသိနည်းတဲ့ လူသားတွေရဲ့ ကယ်တင်ရှင် (unicode)

ကျွန်တော်တို့ တွေထဲက သူ့ကို ဘယ်နှစ်ယောက်လောက်များသိပါသလဲ။ သူဟာ ဧရာမစွမ်းဆောင်မှုကြီးကို ပြုလုပ်ခဲ့ပေမယ့် အခြားနာမည်ကျော်တွေလို လူသိနာမည်မကျော်ပဲ လူအချို့လောက်သာ သူ့ကိုသိကြပါတယ်။ သူဆိုတာကတော့ ဒေါက်တာ Jonas Salk ဖြစ်ပါတယ်။

ဒေါက်တာ Salk ကို ၁၉၁၄ခုနှစ် အောက်တိုဘာ ၂၈မှာ မွေးဖွားခဲ့ပြီး အမေရိကန်ကိုရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ ဂျူးလူမျိုးမိသားစုမှာကြီးပြင်းလာခဲ့သူပါ။ နယူးယောက်စီးတီးကောလိပ်မှာ ဓာတုဗေဒအထူးပြု သိပ္ပံဘွဲ့ကိုရရှိခဲ့ပါတယ်။ အဲဒီနောက်တော့ နယူးယောက်တက္ကသိုလ်မှာ ဆေးပညာကို ထပ်မံသင်ယူခဲ့ပါတယ်။ ဆေးပညာသင်ယူနေစဉ်အတွင်းမှာပဲ ဆေးသုတေသန ဓာတ်ခွဲခန်းမှာအလုပ်လုပ်ခဲ့ပါတယ်။ အသက် ၂၅နှစ် ဆေးကျောင်းပြီးတဲ့အချိန်မှာတော့ ဇီ၀ဗေဒ အထူးပြုပြီး ကုသမှုပိုင်းထက် ဆေးသုတေသန အပိုင်းကိုသာ တောက်လျှောက်လုပ်ဆောင်ခဲ့ပါတယ်။

ဒေါက်တာ Salk ရဲ့ရည်မှန်းချက်ကတော့ လူတွေကိုအကျိုးပြုဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအကျိုးပြုတဲ့နေရာမှာ တစ်ယောက်ချင်းစီအတွက်မဟုတ်ပဲ လူသားထုကြီးအတွက် အကျိုးရှိစေချင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း သုတေသနကို တစိုက်မတ်မတ်သူလုပ်ခဲ့တာဖြစ်ပါတယ်။

၁၉၁၆ခုနှစ်ကစလို့ အမေရိကန်မှာ ကပ်ရောဂါဆိုးကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါကတော့ အားလုံးသိကြတဲ့ ပိုလီယိုရောဂါ ပဲဖြစ်ပါတယ်။ ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယိုရောဂါကြောင့် လူပေါင်းသောင်းနဲ့ချီသေဆုံးကာ သိန်းနဲ့ချီရောဂါကူးစက်ခံခဲ့ရပြီး ဒီအထဲက အများစုဟာ ဒုက္ခိတဘဝကိုရောက်ခဲ့ရပါတယ်။ နောက်နှစ်ပေါင်း ၃၀ ကြာတဲ့တိုင်အောင် ဒီရောဂါဆိုးကြီးရဲ့ဒါဏ်ကို လူသားတွေခံစားခဲ့ရပါတယ်။

SalK ဟာ ၁၉၄၇ ခုနှစ်မှာ Pittsburgh တက္ကသိုလ် မှာ ဗိုင်းရပ်စ် သုတေသန ဓါတ်ခွဲခန်း အကြီးအကဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူ့လက်ထက်မှာ ဒီရောဂါဆိုးကြီးကို အပြတ်တိုက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့အတူ ဗိုင်းရပ်စ်ဆေးသုတေသနကို ၄နှစ် ဆက်တိုက် ဇွဲမလျော့တမ်း ကြိုးစားခဲ့ပါတယ်။ အဲဒီနောက်တော့ ၁၉၅၂ခုနှစ်မှာ Salk နဲ့ သူ့အဖွဲ့ဟာ ပိုလီယိုကာကွယ်ဆေးကို စတင်ထုပ်လုပ်ပေးနိုင်ခဲ့ပါတယ်။

သူ့ရဲ့ကြိုးစားမှုကြောင့် ပိုလီယိုရောဂါဖြစ်ပွားမှုနှုန်းကို လျော့ကျစေခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်မှာတော့ ဈေးသက်သာပြီး ကောင်းကျိုး သက်ရောက်မှုပိုများတဲ့ ကာကွယ်ဆေး တစ်မျိုးကို ထပ်မံထုတ်လုပ်နိုင်ခဲ့ပြန်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်ပွားမှုနှုန်းဟာ ၁၉၅၅ခုနှစ်မှာ ၂သောင်းကျော် ၊ ၁၉၅၆ခုနှစ်မှာ ၁သောင်းကျော် ၊ ၁၉၅၇ခုနှစ်မှာ ၅ထောင်ကျော် သာဖြစ်ပွားပါတော့တယ်။
သူ့ရဲ့ကြိုးစားရှာဖွေမှုကြောင့် အဲဒီအချိန်က နျုကလိယား ဗုံးပြီးရင် ဒုတိယ ကြောက်စရာ အကောင်းဆုံး ဘေးအန္တရယ် သတ်မှတ်ထားတဲ့ ပိုလီယိုရောဂါဆိုးကြီးကနေ လူသားတို့လွတ်မြောက်ခဲ့ကြပါတယ်။ သူဟာ ပိုလီယို ကာကွယ်ဆေးဗက်ဆင်း ကို ရှာဖွေတီထွင်ခဲ့ပေမယ့် သူ့အကျိုးအတွက်အသုံးမချခဲ့ပါဘူး။ တကယ်လို့ ဒီတီထွင်မှုကို သူ့ရဲ့အကျိုးအမြတ်အတွက်သာ အသုံးချမယ်ဆိုရင် သူဟာ ဘီလျံနာတစ်ဦးဖြစ်နိုင်ခဲ့တယ် လို့စီးပွားရေးကုမ္ပဏီတွေက ဆိုပါတယ်။ သူ့ကို ဘာကြောင့် မူပိုင်ခွင့်မတင်သလဲ လို့မေးတဲ့အခါ ဒေါက်တာ Salk က
“လူသားတွေအကျိုးအတွက်ဆိုရင် မူပိုင်ခွင့်ဆိုတာ မရှိပါဘူး။ နေ ကို မူပိုင်ခွင့်တင်လို့ရလား ။ ကျွန်တော်တီထွင်တဲ့ဆေးကလည်း ဒီအတိုင်းပါပဲ” လို့ ပြန်ဖြေခဲ့ပါတယ်။ အလွန်လေးစားဖို့ကောင်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

အဲဒီအချိန်က ပိုလီယိုရောဂါဟာ ကမ္ဘာအနှံ့ကို ကူးစက်နေချိန်ဖြစ်ပြီး သူ့ရဲ့ဆေးတွေကို အလကားနီးပါး ဈေးပေါပေါနဲ့ထုတ်ကာ ကမ္ဘာတဝှမ်းက သန်းပေါင်းများစွာသော ကလေးငယ်တွေကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ကို အမေရိကန် အိမ်ဖြူတော်ကသာ မက ကမ္ဘာ့အဖွဲ့အစည်းအသီးသီးကပါ ဆုတံဆိပ်ပေါင်းများစွာပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။

သူဟာ သူ့ဘဝတစ်ခုလုံးကို ဆေးသုတေသနနယ်ပယ်ထဲမှာ မြုပ်နှံထားခဲ့ပြီး ၁၉၉၅ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ခါနီးအချိန် သူ့ဘဝရဲ့ နောက်ဆုံး အချိန်တွေကိုလည်း HIV ရောဂါအတွက် ဆေးဝါး ရှာဖွေရင်း ကုန်ဆုံးခဲ့သူဖြစ်ပါတယ်။

တခြား ကမ္ဘာ့နာမည်ကျော် အသီးသီးကို ကမ္ဘာတဝှမ်းက သိကြပေမယ့်  ဒေါက်တာ Jonas Salk လို လူသားသန်းပေါင်းများစွာရဲ့ ကယ်တင်ရှင်တစ်ယောက်ကို လူသိနည်းကြတာဟာ ဝမ်းနည်းစရာကောင်းလှပါတယ်။ မိတ်ဆွေရော သူ့အကြောင်းကို သိပြီးပြီလား.. မသိရသေးဘူးဆိုရင် ဒီလိုလူတစ်ယောက်ရှိနေသေးကြောင်း အခြားသူတွေသိအောင် ပြန်လည်မျှဝေလိုက်ပေါ့ဗျာ

Leave a Reply