ေစာ္ဘြားႀကီး ဆာေစာခ်ယ္ ရဲ႕ ေႏြရာသီစံအိမ္ စခန္းသာေဟာ္

Posted on

ေရးသားသူ – နႏၵ (7Day Daily)
(ဓာတ္ပံု − စုိင္းေဇာ္)

ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ နာမည္ေက်ာ္ ဂုတ္ထိပ္တံတားႏွင့္ ေက်ာက္မဲၿမိဳ႕ၾကား၌ အထီးက်န္စံအိမ္ႀကီးတစ္လံုးရွိေနသည္။

ေက်ာက္မဲၿမိဳ႕အပိုင္ စခန္းသာေက်းရြာအနီး လား႐ိႈးမႏၲေလးလမ္းမႀကီးေပၚမွ လွမ္းၾကည့္လွ်င္ ေတာင္ကုန္းတစ္ခုေပၚ၌ ရဲတိုက္အသြင္ မႈန္ပ်ပ်အေဆာက္အအံုတစ္လံုးကို လွမ္းျမင္ႏုိင္သည္။ သို႔ေသာ္ လမ္းမႀကီးေပၚမွ အလြယ္တကူျမင္ရေသာ အဆိုပါစံအိမ္မွာ လမ္းျပမပါဘဲ သြားပါက ေသခ်ာေပါက္လမ္းေပ်ာက္မည့္ ေနရာတစ္ခုလည္း ျဖစ္သည္။ စင္စစ္ အဆိုပါအေဆာက္အအံုမွာ လြန္ခဲ့ေသာ ႏွစ္ (၁၀၀)ေက်ာ္က သီေပါေစာ္ဘြားႀကီး ဆာေစာခ်ယ္ တည္ေဆာက္ခဲ့ေသာ ေႏြရာသီစံနန္းတစ္ခု ျဖစ္သည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ ေစာ္ဘြားေဟာ္နန္းဟု ဆိုလိုက္လွ်င္ သီေပါေဟာ္ကိုသာေျပးျမင္ၾကသည္။ ေက်ာက္မဲစခန္းသာရွိ ေႏြရာသီေဟာ္နန္းမွာ အေမ့ခံသက္သက္သာျဖစ္ခဲ့သည္။ ဦးေနဝင္း အာဏာသိမ္းသည့္ စပ္ကူးမပ္ကူးကာလက သီေပါေစာ္ဘြား စ၀္ၾကာဆိုင္ ေပ်ာက္ဆံုးသြားခဲ့ၿပီးေနာက္ စစ္အစိုးရအဆက္ဆက္က ေစာ္ဘြားမ်ား၏ အခန္းက႑ကို ေမွးမွိန္ေစခဲ့ၾကရာ ေစာ္ဘြားတို႔၏ ေဟာ္မ်ားလည္း တန္ဖိုးမွန္အသိအမွတ္ျပဳမခံရေတာ့ေပ။

စခန္းသာေဟာ္က အထင္ရွားဆံုးသက္ေသျဖစ္သည္။ ဥေရာပဟန္ႏွင့္ ျမန္မာဟန္ယွက္ႏႊယ္ေနေသာ တစ္ေခတ္တစ္ခါက သီေပါေႏြကို ေရွာင္ရွားစံျမန္းရာေစာ္ဘြားတို႔၏ ေဟာ္နန္းသည္ မူးယစ္ေဆးျဖတ္သည့္ စခန္းတစ္ခုအျဖစ္ အသံုးျပဳျခင္းခံခဲ့ရဖူးၿပီ။ ထိန္းသိမ္း ေစာင့္ေရွာက္သူ ကင္းမဲ့ခဲ့သျဖင့္ ေတာမီးကြၽမ္းေလာင္ျခင္းကိုလည္း ခံခဲ့ရသည္။ အစိုးရကပစ္ထားၿပီးသည့္ေနာက္တြင္ ေဟာ္နန္း၏ေရွးေဟာင္းအုတ္မ်ားကို လာခြာယူၾကသျဖင့္ တစ္ခ်ိန္က ပင္မေဆာင္ႏွင့္ ေဘးအေဆာင္ႏွစ္ခုျဖင့္ ခမ္းနားခဲ့သည့္ ေဟာ္သည္နံရံႏွစ္ခ်ပ္ႏွင့္ တိုင္လံုးအခ်ဳိ႕သာ က်န္ရစ္ေတာ့သည္။

‘‘ဒီတစ္ေခါက္လာခြာရင္ ကြၽန္ေတာ္ဖမ္းမယ္လို႔ ေျပာၿပီးကတည္းက ဘယ္သူမွ လာမခြာေတာ့ဘူး။ ရြာထဲက ႏွစ္ေယာက္ေတာင္ ဖမ္းမယ္ဆိုလို႔ ထြက္ေျပးေနတယ္’’ ဟု ေဟာ္တည္ရွိရာ ေတာင္ေျခမွ ျမင္းကြင္းေက်းရြာသူႀကီး ဦးေအာင္သိန္းက ေျပာသည္။

သို႔ေသာ္ ထိန္းသိမ္းေစာင့္ေရွာက္သူကင္းမဲ့ခဲ့သည့္ ေႏြရာသီစံနန္းသည္ ေတာနက္တစ္ခုရွိ ေတာင္ကုန္းေပၚမွ အေဆာက္အအံုပ်က္တစ္ခုအျဖစ္သာ က်န္ရစ္ေတာ့သည္။ ေနာက္ဆံုး သီေပါေစာ္ဘြားစ၀္ၾကာဆိုင္၏ မဟာေဒ၀ီျဖစ္သူ ၾသစႀတီးယားသူ စ၀္သုစႏၵီေရးသားေသာ Twilight Over Burma စာအုပ္တြင္ စခန္းသာေဟာ္အေၾကာင္းကို အခန္းတစ္ခန္း သီးသန္႔ေရးကာ ေဖာ္ျပထားသည္။

သုစႏၵီက စခန္းသာေဟာ္ကို အလြန္သေဘာက်ခဲ့ၿပီး သားသမီးမ်ားကိုပင္ ယင္းေနရာ၌ ႀကီးျပင္းေစရန္ ဆႏၵရွိခဲ့သည္။ ဥေရာပသူ သုစႏၵီတစ္ျဖစ္လဲ Inge က စခန္းသာ၏ အလွကုိ ဥေရာပရွိ ALPS ႏွင့္ Rocky ေတာင္တန္းတို႔၏ အလွႏွင့္ဘာမွ်မဆိုင္ေၾကာင္း ခ်ီးက်ဴး ေျပာဆိုခဲ့သည္။ ရွမ္းေစာ္ဘြားတစ္ဦးႏွင့္ ဥေရာပသူတစ္ဦး၏ လြမ္းေမာဖြယ္ဇာတ္လမ္းတြင္ စခန္းသာစံနန္းသည္လည္း အစိတ္အပိုင္းတစ္ရပ္ အျဖစ္ပါဝင္ခဲ့သည္။ သူတို႔ႏွစ္ဦးသည္ ေအးခ်မ္းသာယာလွပေသာစခန္းသာစံနန္းကို လြန္စြာသေဘာက်ခဲ့ၾကသည္။

စံနန္း၏ ထမင္း၀ိုင္းတြင္ ဇြန္းခက္ရင္းႏွင့္ မစားလိုဘဲ လက္ျဖင့္စားလိုေၾကာင္း ဥေရာပသူတစ္ဦး၏ ေတာင္းဆိုခ်က္ကို ေစာ္ဘြားက ပထမဆံုးအႀကိမ္ လိုက္ေလ်ာေပးခဲ့သည့္ေနရာလည္း ျဖစ္သည္။ သီေပါေစာ္ဘြားစ၀္ၾကာဆိုင္က ဦးရီးေတာ္ဆာေစာခ်ယ္သည္ ေတာ္ေကာက္ထားေသာ ၾကင္ရာေတာ္ ၄၀ ႏွင့္ သားသမီးမ်ားအတြက္ ေနရာလိုအပ္သျဖင့္ စခန္းသာေဟာ္ကို တည္ေဆာက္ခဲ့သည္ဟု အရႊန္းေဖာက္ခဲ့ၿပီး စ၀္သုစႏၵီကလည္း ဦးရီးေတာ္ေျခရာမနင္းသျဖင့္ ဝမ္းသာသည္ဟု ေစာ္ဘြားကို တုံ႔ျပန္စကားဆိုခဲ့သည္ဟု စ၀္သုစႏၵီ၏ စာအုပ္ထဲတြင္ ေရးသားထားသည္။

ေစာ္ဘြားတို႔ သီေပါေဟာ္မွ ေက်ာက္မဲစခန္းသာသို႔ေရႊ႕လွ်င္ ထိုေခတ္အခါက ဓားျပရန္ေၾကာင့္ ကားေျခာက္စီးခန္႔ျဖင့္ ၿခံရံသြားလာခဲ့ေသာလမ္းသည္ ယခုအခါ ျမန္မာ့ထြက္ကုန္မ်ား တ႐ုတ္သို႔တင္ပို႔ရာ နယ္စပ္ကုန္သြယ္ေရး လမ္းမႀကီးျဖစ္လို႔ေနေလၿပီ။ စခန္းသာရြာမွ ေဟာ္ရွိရာေတာင္ကုန္းသို႔တက္ရန္ ေစာ္ဘြားတို႔အသံုးျပဳခဲ့သည့္ ထင္း႐ွဴးပင္မ်ား၊ ခ်ယ္ရီပင္မ်ားရွိရာ ကားလမ္းသည္ ယခုအခါေတာထေနၿပီျဖစ္သည္။ စခန္းသာေဟာ္သို႔သြားလွ်င္ မႏၲေလး၊ လား႐ိႈးလမ္းမႀကီးေဘးရွိ ျမင္းကြင္းရြာ၊ ေတာရေက်ာင္းေဘးမွသာ ျဖတ္ သန္းသြားလာၾကေတာ့သည္။

လမ္းမႀကီးေဘးမွ ဆုိင္ကယ္ျဖင့္ ၁၀ မိနစ္ခရီးသာသြားရေသာ ေႏြရာသီစံနန္းသည္ ႏွစ္ေပါင္းမ်ားစြာ လူသူအေရာက္အေပါက္နည္းခဲ့သည္။ ၿပီးခဲ့သည့္ စစ္အစိုးရတစ္ေလွ်ာက္ ေစာ္ဘြားမ်ားအေၾကာင္းကို တိုးတိုးတိတ္တိတ္သာ ေျပာဆိုခဲ့ၾကရေၾကာင္း ေဒသခံမ်ားက ေျပာၾကသည္။

‘‘အစိုးရကလည္း သိမ္းထားတယ္။ ေနာက္ၿပီး မူးယစ္ေဆးျဖတ္တဲ့စခန္းအျဖစ္လည္း သံုးခဲ့ေတာ့ အေရာက္အေပါက္မရွိခဲ့ဘူး။ ဒီဘက္ေခတ္ျပန္ၿပီး ပြင့္လင္းလာေတာ့မွ ေရးၾကသားၾကေျပာၾကဆိုၾကနဲ႔ ဒီေဟာ္ကျပန္ေပၚလာရတာပါ’’ဟု ေက်ာက္မဲၿမိဳ႕ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္း ဒုဥကၠ႒ ဦးစိုင္းလိုင္းဟန္က ေျပာသည္။

လြန္ခဲ့သည့္ႏွစ္က ေက်ာက္မဲၿမိဳ႕ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္း လူငယ္မ်ားဦးေဆာင္ကာ ေႏြရာသီစံနန္းကို သန္႔ရွင္းေရးသြားလုပ္ခဲ့ၾကသည္။ ဟိုင္းေဝးလမ္းမႀကီးေဘးမွ ျမင္းကြင္းရြာသို႔ ခ်ိဳးဝင္လိုက္သည္ႏွင့္ ေဟာ္နန္းသို႔သြားရာလမ္းသည္ စမ္းေခ်ာင္းငယ္ႏွင့္ အဝါေရာင္ပန္းႏွမ္းခင္းႀကီးေဘးမွ ျဖတ္သန္းသြားရသျဖင့္ သာယာလွသည္။ ေတာင္တက္လမ္းတစ္ေလွ်ာက္ လူတစ္ရပ္ခန္႔ျမင့္မားေသာ ေျပာင္းခင္းမ်ားႏွင့္ ေတာ႐ိုင္းပန္းမ်ားေၾကာင့္ မြန္းတည့္ခ်ိန္မွာပင္ ေအးစိမ့္ေနသည္။

ေတာင္ထိပ္သို႔အေရာက္ ျပန္႔ျပဴးက်ယ္ဝန္းေသာ ေျမေနရာတြင္ တစ္ခ်ိန္က ေစာ္ဘြားတို႔ရယ္သံမ်ား ဖံုးလႊမ္းခဲ့သည့္ ေႏြရာသီစံနန္းသည္ တိတ္ဆိတ္စြာ ဆီးႀကိဳလို႔ေနသည္။ အမုိးပင္မရွိေတာ့ေသာ္လည္း စံနန္းသည္ တစ္ခ်ိန္က အခမ္းနားႀကီးခမ္းနားခဲ့မည္ျဖစ္ေၾကာင္း မ်က္ႏွာစာႏွင့္ တုိင္လံုးမ်ားက သက္ေသျပေနသည္။ စံနန္းမ်က္ႏွာစာရွိ ေနဝန္းထဲမွက ေဒါင္းမွာ ေဒါင္းေတာင္ကိုသာ ေတြ႕ရၿပီး ေဒါင္း႐ုပ္ကို မျမင္ရေတာ့ေခ်။ တံခါးမ်ား၊ ျပတင္းေပါက္မ်ား၊ နံရံမ်ား၊ ၾကမ္းခင္းမ်ား၊ အမုိးမ်ားမရွိေတာ့ဘဲ ျမက္႐ိုင္းပင္မ်ားကသာ ေနရာယူထားသည္။ က်န္ရွိေနသည့္ နံရံအခ်ိဳ႕တြင္ ရွမ္းဘာသာျဖင့္တစ္မ်ိဳး၊ ျမန္မာဘာသာျဖင့္ တစ္ဖံု မီးေသြးခဲျဖင့္ ေရးျခစ္ထားျခင္းကို ျမင္ေတြ႕ရ၍ လူငယ္မ်ားလာေရာက္ခဲ့ၾကေၾကာင္း ၫႊန္းဆိုေနသည္။

‘‘အခုေနာက္ပိုင္းေတာ့ ေက်ာက္မဲေရာက္လာတဲ့ ကမၻာလွည့္ေတြက စခန္းသာေဟာ္ကို သြားေလ့လာၾကတယ္’’ ဟု ေက်ာက္မဲၿမိဳ႕ခံ ကိုစိုင္းလြမ့္ေခးက ေျပာၾကားသည္။ ဂုတ္ထိပ္တံတားႏွင့္ သီေပါေဟာ္သို႔သာသြားေလ့ရွိသည့္ ႏုိင္ငံျခားခရီးသြားမ်ားအတြက္ ေက်ာက္မဲၿမိဳ႕ရွိ ေႏြရာသီစံနန္းသည္ ေလ့လာစရာေနရာတစ္ခု ျဖစ္လာသည္။ စံနန္းေဆာက္လုပ္ခဲ့သူ သီေပါေစာ္ဘြားႀကီးေစာခ်ယ္သည္ ဆာဘြဲ႕ခ်ီးျမႇင့္ခံခဲ့ရသူျဖစ္ၿပီး ဥေရာပသို႔ ေရာက္ရွိဖူးသူျဖစ္သည္။

တစ္ခ်ိန္က ေစာ္ဘြားတို႔ စံနန္းလသာေဆာင္မွ ၾကည့္႐ႈခဲ့ၾကသည့္ ႐ႈခင္းသာကို စံနန္းသို႔လာေရာက္သူမ်ားက က်ိဳးပဲ့ေနသည့္ နံရံမ်ားေပၚမွ တြယ္တက္ကာ ၾကည့္႐ႈေလ့ရိွၾကသည္။ ေတာင္ကုန္းေပၚမွ အေလ့က်ေပါက္ေနသည့္အပင္မ်ားကို လြန္ေျမာက္ၿပီး ျပန္႔ျပဴးေသာလြင္ျပင္စိုက္ခင္းမ်ား၏ ဟိုဘက္၌ မိႈင္းညိဳ႕ညိဳ႕ေတာင္တန္းမ်ား ေနာက္ခံထားေသာ ေႁမြလိမ္ေႁမြေကာက္လမ္းမႀကီးကို ျမင္ရလိမ့္မည္ျဖစ္သည္။

စဝ္သုစႏၵီက အဆုိပါ ျမင္ကြင္းကို အသက္႐ွဴမွားေလာက္သည့္ျမင္ကြင္းဟု တင္စားခဲ့သည္။ လသာေဆာင္မွ ျမင္ရေသာလြင္ျပင္မွာ တစ္ခ်ိန္က ျမင္းၿပိဳင္ကြင္းျဖစ္ခဲ့ဖူးၿပီး ယင္းလြင္ျပင္အနီးမွ ရြာသည္ ျမင္းကြင္းရြာဟုအမည္ရသည္။

စံနန္းေဆာက္လုပ္စဥ္ကရွိခဲ့သည့္ ျမက္ခင္းျပင္မ်ား၊ ႏွင္းဆီၿခံမ်ား၊ စေတာ္ဘယ္ရီစိုက္ကြက္မ်ားေနရာတြင္ ေတာ႐ိုင္းပန္းမ်ားႏွင့္ ခ်ဳံမ်ားက ေနရာယူလို႔ေနသည္။ စံနန္း၏ အေနာက္ဘက္ေပါက္မွ လွမ္းၾကည့္ပါက ပဲခင္းတစ္ခင္းကိုေတြ႕ျမင္ရသည္။ ပင္မေဆာင္သို႔ ေက်ာက္ေလွကားအတုိင္း တက္လာပါက နံရံတစ္ဖက္တစ္ခ်က္တြင္ က်န္ေနေသးေသာ မီးလင္းဖိုမ်ားႏွင့္ မီးခိုးေခါင္းတိုင္မ်ားကို ေတြ႕ရမည္ျဖစ္သည္။ ပင္မေဆာင္၏ ဘယ္ညာတစ္ဖက္တစ္ခ်က္တြင္ အေဆာင္မ်ားရွိေနေသးသည္။ အမုိးႏွင့္ၾကမ္းခင္းမ်ား မရွိေတာ့ေစကာမူ ႏွစ္ပါင္းရာေက်ာ္ၿပီျဖစ္သည့္ ေဟာ္သည္ အပ်က္အစီးမ်ားၾကားထဲကပင္ အတိတ္ကခမ္းနားမႈကို လွစ္ဟျပေနသည္။

သို႔ေသာ္ စံနန္း၏ ေဘးပတ္လည္မွာမူ ေတာထေနသည့္ ခ်ံဳ ႏြယ္ပိတ္ေပါင္းမ်ားက ဝန္းရံေနသည္။ ေႏြရာသီစံနန္းမွာ ေက်ာက္မဲအေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနလက္ေအာက္မွာပင္ ရွိေနေသးၿပီး လႊဲအပ္လာပါက အစီအစဥ္မ်ား စနစ္တက်ခ်မွတ္ကာ ထိန္းသိမ္း ေစာင့္ေရွာက္သြားမည္ျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းဒုဥကၠ႒ ဦးစိုင္းလိုင္းဟန္က ေျပာသည္။

ေက်ာက္မဲၿမိဳ႕ရွိ ေႏြရာသီေဟာ္၏ အခမ္းနားဆံုးအခ်ိန္မ်ား ကုန္ဆံုးခဲ့သည္မွာ လြတ္လပ္ေရးမရခင္ကတည္းက ျဖစ္သည္။ ေဟာ္သည္ ဂ်ပန္ေခတ္တြင္ မီးေလာင္ကြၽမ္းခံခဲ့ရသည္။ ဂ်ပန္အထြက္တြင္ ၿဗိတိသွ်ျပန္ဝင္လာျပန္သည္။ လြတ္လပ္ေရးရၿပီးေနာက္ ကြန္ျမဴနစ္အႏၲရာယ္ေၾကာင့္ ေစာ္ဘြားမ်ားေဟာ္ကို လွည့္မၾကည့္အားေပ။ ၁၉၅၉ ဧၿပီ ၂ ရက္တြင္ ေတာင္ႀကီးၿမိဳ႕၌ ေစာ္ဘြားမ်ား အာဏာစြန္႔ရၿပီး ရွမ္းျပည္နယ္ကို ျပည္ေထာင္စုအစိုးရ
ေရြးခ်ယ္ခံပုဂၢိဳလ္မ်ားျဖင့္ အုပ္ခ်ဳပ္ခဲ့သည္။ ၁၉၆၂ တြင္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ေဟာ္၏အဆင့္အတန္းသည္ မူးယစ္ေဆးဝါးျဖတ္သည့္ေနရာတစ္ခုအထိေလ်ာ့က်ခဲ့သည္။ ေနာက္ပိုင္းတြင္ တစ္စစီဖဲ့ယူခံရသည္အထိ ျဖစ္ခဲ့ကာ ႏွစ္ေပါင္းမ်ားစြာ ေစာင့္ေရွာက္သူကင္းမဲ့ခဲ့သည္။

သို႔ေသာ္ သမုိင္းသည္ တစ္ေက်ာ့ျပန္ မ်က္ႏွာသာေပးလာၿပီ ျဖစ္သည္။ စစ္အုပ္ခ်ဳပ္ေရးကာလမ်ားမွ ဒီမုိကေရစီကာလသို႔ ေရြ႕လ်ားလာၿပီျဖစ္သည္။ တစ္ခ်ိန္က တိုးတိတ္ေနခဲ့သည့္ ဖက္ဒရယ္ဟူေသာစကားလံုးသည္
ျပန္လည္က်ယ္ေလာင္လာၿပီျဖစ္သည္။ ထုိ႔အတူ ရွမ္းတုိင္းရင္းသားတို႔၏ အတိတ္သမုိင္းျဖစ္သည့္ ေစာ္ဘြားမ်ား၊ တိမ္ျမဳပ္ေပ်ာက္ကြယ္လ်စ္လ်ဴ႐ႈခံထားရေသာ ၎တို႔၏ေဟာ္မ်ားသည္လည္း ထိန္းသိမ္းေစာင့္ေရွာက္သူမ်ားျဖင့္ တန္ဖိုးအမွန္ကို ျပန္လည္သတ္မွတ္ခံရေတာ့မည့္အခ်ိန္သို႔ ေရာက္ရွိလာေတာ့မည္လားဆိုသည္ကို ေစာင့္ၾကည့္ရမည္ျဖစ္ေပသည္။

Via : 7Day Daily

————–

စော်ဘွားကြီး ဆာစောချယ် ရဲ့ နွေရာသီစံအိမ် စခန်းသာဟော် (unicode)

(ဓာတ်ပုံ − စိုင်းဇော်)

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နာမည်ကျော် ဂုတ်ထိပ်တံတားနှင့် ကျောက်မဲမြို့ကြား၌ အထီးကျန်စံအိမ်ကြီးတစ်လုံးရှိနေသည်။

ကျောက်မဲမြို့အပိုင် စခန်းသာကျေးရွာအနီး လားရှိုးမန္တလေးလမ်းမကြီးပေါ်မှ လှမ်းကြည့်လျှင် တောင်ကုန်းတစ်ခုပေါ်၌ ရဲတိုက်အသွင် မှုန်ပျပျအဆောက်အအုံတစ်လုံးကို လှမ်းမြင်နိုင်သည်။ သို့သော် လမ်းမကြီးပေါ်မှ အလွယ်တကူမြင်ရသော အဆိုပါစံအိမ်မှာ လမ်းပြမပါဘဲ သွားပါက သေချာပေါက်လမ်းပျောက်မည့် နေရာတစ်ခုလည်း ဖြစ်သည်။ စင်စစ် အဆိုပါအဆောက်အအုံမှာ လွန်ခဲ့သော နှစ် (၁၀၀)ကျော်က သီပေါစော်ဘွားကြီး ဆာစောချယ် တည်ဆောက်ခဲ့သော နွေရာသီစံနန်းတစ်ခု ဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စော်ဘွားဟော်နန်းဟု ဆိုလိုက်လျှင် သီပေါဟော်ကိုသာပြေးမြင်ကြသည်။ ကျောက်မဲစခန်းသာရှိ နွေရာသီဟော်နန်းမှာ အမေ့ခံသက်သက်သာဖြစ်ခဲ့သည်။ ဦးနေဝင်း အာဏာသိမ်းသည့် စပ်ကူးမပ်ကူးကာလက သီပေါစော်ဘွား စဝ်ကြာဆိုင် ပျောက်ဆုံးသွားခဲ့ပြီးနောက် စစ်အစိုးရအဆက်ဆက်က စော်ဘွားများ၏ အခန်းကဏ္ဍကို မှေးမှိန်စေခဲ့ကြရာ စော်ဘွားတို့၏ ဟော်များလည်း တန်ဖိုးမှန်အသိအမှတ်ပြုမခံရတော့ပေ။

စခန်းသာဟော်က အထင်ရှားဆုံးသက်သေဖြစ်သည်။ ဥရောပဟန်နှင့် မြန်မာဟန်ယှက်နွှယ်နေသော တစ်ခေတ်တစ်ခါက သီပေါနွေကို ရှောင်ရှားစံမြန်းရာစော်ဘွားတို့၏ ဟော်နန်းသည် မူးယစ်ဆေးဖြတ်သည့် စခန်းတစ်ခုအဖြစ် အသုံးပြုခြင်းခံခဲ့ရဖူးပြီ။ ထိန်းသိမ်း စောင့်ရှောက်သူ ကင်းမဲ့ခဲ့သဖြင့် တောမီးကျွမ်းလောင်ခြင်းကိုလည်း ခံခဲ့ရသည်။ အစိုးရကပစ်ထားပြီးသည့်နောက်တွင် ဟော်နန်း၏ရှေးဟောင်းအုတ်များကို လာခွာယူကြသဖြင့် တစ်ချိန်က ပင်မဆောင်နှင့် ဘေးအဆောင်နှစ်ခုဖြင့် ခမ်းနားခဲ့သည့် ဟော်သည်နံရံနှစ်ချပ်နှင့် တိုင်လုံးအချို့သာ ကျန်ရစ်တော့သည်။

‘‘ဒီတစ်ခေါက်လာခွာရင် ကျွန်တော်ဖမ်းမယ်လို့ ပြောပြီးကတည်းက ဘယ်သူမှ လာမခွာတော့ဘူး။ ရွာထဲက နှစ်ယောက်တောင် ဖမ်းမယ်ဆိုလို့ ထွက်ပြေးနေတယ်’’ ဟု ဟော်တည်ရှိရာ တောင်ခြေမှ မြင်းကွင်းကျေးရွာသူကြီး ဦးအောင်သိန်းက ပြောသည်။

သို့သော် ထိန်းသိမ်းစောင့်ရှောက်သူကင်းမဲ့ခဲ့သည့် နွေရာသီစံနန်းသည် တောနက်တစ်ခုရှိ တောင်ကုန်းပေါ်မှ အဆောက်အအုံပျက်တစ်ခုအဖြစ်သာ ကျန်ရစ်တော့သည်။ နောက်ဆုံး သီပေါစော်ဘွားစဝ်ကြာဆိုင်၏ မဟာဒေဝီဖြစ်သူ ဩစတြီးယားသူ စဝ်သုစန္ဒီရေးသားသော Twilight Over Burma စာအုပ်တွင် စခန်းသာဟော်အကြောင်းကို အခန်းတစ်ခန်း သီးသန့်ရေးကာ ဖော်ပြထားသည်။

သုစန္ဒီက စခန်းသာဟော်ကို အလွန်သဘောကျခဲ့ပြီး သားသမီးများကိုပင် ယင်းနေရာ၌ ကြီးပြင်းစေရန် ဆန္ဒရှိခဲ့သည်။ ဥရောပသူ သုစန္ဒီတစ်ဖြစ်လဲ Inge က စခန်းသာ၏ အလှကို ဥရောပရှိ ALPS နှင့် Rocky တောင်တန်းတို့၏ အလှနှင့်ဘာမျှမဆိုင်ကြောင်း ချီးကျူး ပြောဆိုခဲ့သည်။ ရှမ်းစော်ဘွားတစ်ဦးနှင့် ဥရောပသူတစ်ဦး၏ လွမ်းမောဖွယ်ဇာတ်လမ်းတွင် စခန်းသာစံနန်းသည်လည်း အစိတ်အပိုင်းတစ်ရပ် အဖြစ်ပါဝင်ခဲ့သည်။ သူတို့နှစ်ဦးသည် အေးချမ်းသာယာလှပသောစခန်းသာစံနန်းကို လွန်စွာသဘောကျခဲ့ကြသည်။

စံနန်း၏ ထမင်းဝိုင်းတွင် ဇွန်းခက်ရင်းနှင့် မစားလိုဘဲ လက်ဖြင့်စားလိုကြောင်း ဥရောပသူတစ်ဦး၏ တောင်းဆိုချက်ကို စော်ဘွားက ပထမဆုံးအကြိမ် လိုက်လျောပေးခဲ့သည့်နေရာလည်း ဖြစ်သည်။ သီပေါစော်ဘွားစဝ်ကြာဆိုင်က ဦးရီးတော်ဆာစောချယ်သည် တော်ကောက်ထားသော ကြင်ရာတော် ၄၀ နှင့် သားသမီးများအတွက် နေရာလိုအပ်သဖြင့် စခန်းသာဟော်ကို တည်ဆောက်ခဲ့သည်ဟု အရွှန်းဖောက်ခဲ့ပြီး စဝ်သုစန္ဒီကလည်း ဦးရီးတော်ခြေရာမနင်းသဖြင့် ဝမ်းသာသည်ဟု စော်ဘွားကို တုံ့ပြန်စကားဆိုခဲ့သည်ဟု စဝ်သုစန္ဒီ၏ စာအုပ်ထဲတွင် ရေးသားထားသည်။

စော်ဘွားတို့ သီပေါဟော်မှ ကျောက်မဲစခန်းသာသို့ရွှေ့လျှင် ထိုခေတ်အခါက ဓားပြရန်ကြောင့် ကားခြောက်စီးခန့်ဖြင့် ခြံရံသွားလာခဲ့သောလမ်းသည် ယခုအခါ မြန်မာ့ထွက်ကုန်များ တရုတ်သို့တင်ပို့ရာ နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးဖြစ်လို့နေလေပြီ။ စခန်းသာရွာမှ ဟော်ရှိရာတောင်ကုန်းသို့တက်ရန် စော်ဘွားတို့အသုံးပြုခဲ့သည့် ထင်းရှူးပင်များ၊ ချယ်ရီပင်များရှိရာ ကားလမ်းသည် ယခုအခါတောထနေပြီဖြစ်သည်။ စခန်းသာဟော်သို့သွားလျှင် မန္တလေး၊ လားရှိုးလမ်းမကြီးဘေးရှိ မြင်းကွင်းရွာ၊ တောရကျောင်းဘေးမှသာ ဖြတ် သန်းသွားလာကြတော့သည်။

လမ်းမကြီးဘေးမှ ဆိုင်ကယ်ဖြင့် ၁၀ မိနစ်ခရီးသာသွားရသော နွေရာသီစံနန်းသည် နှစ်ပေါင်းများစွာ လူသူအရောက်အပေါက်နည်းခဲ့သည်။ ပြီးခဲ့သည့် စစ်အစိုးရတစ်လျှောက် စော်ဘွားများအကြောင်းကို တိုးတိုးတိတ်တိတ်သာ ပြောဆိုခဲ့ကြရကြောင်း ဒေသခံများက ပြောကြသည်။

‘‘အစိုးရကလည်း သိမ်းထားတယ်။ နောက်ပြီး မူးယစ်ဆေးဖြတ်တဲ့စခန်းအဖြစ်လည်း သုံးခဲ့တော့ အရောက်အပေါက်မရှိခဲ့ဘူး။ ဒီဘက်ခေတ်ပြန်ပြီး ပွင့်လင်းလာတော့မှ ရေးကြသားကြပြောကြဆိုကြနဲ့ ဒီဟော်ကပြန်ပေါ်လာရတာပါ’’ဟု ကျောက်မဲမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဒုဥက္ကဋ္ဌ ဦးစိုင်းလိုင်းဟန်က ပြောသည်။

လွန်ခဲ့သည့်နှစ်က ကျောက်မဲမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း လူငယ်များဦးဆောင်ကာ နွေရာသီစံနန်းကို သန့်ရှင်းရေးသွားလုပ်ခဲ့ကြသည်။ ဟိုင်းဝေးလမ်းမကြီးဘေးမှ မြင်းကွင်းရွာသို့ ချိုးဝင်လိုက်သည်နှင့် ဟော်နန်းသို့သွားရာလမ်းသည် စမ်းချောင်းငယ်နှင့် အဝါရောင်ပန်းနှမ်းခင်းကြီးဘေးမှ ဖြတ်သန်းသွားရသဖြင့် သာယာလှသည်။ တောင်တက်လမ်းတစ်လျှောက် လူတစ်ရပ်ခန့်မြင့်မားသော ပြောင်းခင်းများနှင့် တောရိုင်းပန်းများကြောင့် မွန်းတည့်ချိန်မှာပင် အေးစိမ့်နေသည်။

တောင်ထိပ်သို့အရောက် ပြန့်ပြူးကျယ်ဝန်းသော မြေနေရာတွင် တစ်ချိန်က စော်ဘွားတို့ရယ်သံများ ဖုံးလွှမ်းခဲ့သည့် နွေရာသီစံနန်းသည် တိတ်ဆိတ်စွာ ဆီးကြိုလို့နေသည်။ အမိုးပင်မရှိတော့သော်လည်း စံနန်းသည် တစ်ချိန်က အခမ်းနားကြီးခမ်းနားခဲ့မည်ဖြစ်ကြောင်း မျက်နှာစာနှင့် တိုင်လုံးများက သက်သေပြနေသည်။ စံနန်းမျက်နှာစာရှိ နေဝန်းထဲမှက ဒေါင်းမှာ ဒေါင်းတောင်ကိုသာ တွေ့ရပြီး ဒေါင်းရုပ်ကို မမြင်ရတော့ချေ။ တံခါးများ၊ ပြတင်းပေါက်များ၊ နံရံများ၊ ကြမ်းခင်းများ၊ အမိုးများမရှိတော့ဘဲ မြက်ရိုင်းပင်များကသာ နေရာယူထားသည်။ ကျန်ရှိနေသည့် နံရံအချို့တွင် ရှမ်းဘာသာဖြင့်တစ်မျိုး၊ မြန်မာဘာသာဖြင့် တစ်ဖုံ မီးသွေးခဲဖြင့် ရေးခြစ်ထားခြင်းကို မြင်တွေ့ရ၍ လူငယ်များလာရောက်ခဲ့ကြကြောင်း ညွှန်းဆိုနေသည်။

‘‘အခုနောက်ပိုင်းတော့ ကျောက်မဲရောက်လာတဲ့ ကမ္ဘာလှည့်တွေက စခန်းသာဟော်ကို သွားလေ့လာကြတယ်’’ ဟု ကျောက်မဲမြို့ခံ ကိုစိုင်းလွမ့်ခေးက ပြောကြားသည်။ ဂုတ်ထိပ်တံတားနှင့် သီပေါဟော်သို့သာသွားလေ့ရှိသည့် နိုင်ငံခြားခရီးသွားများအတွက် ကျောက်မဲမြို့ရှိ နွေရာသီစံနန်းသည် လေ့လာစရာနေရာတစ်ခု ဖြစ်လာသည်။ စံနန်းဆောက်လုပ်ခဲ့သူ သီပေါစော်ဘွားကြီးစောချယ်သည် ဆာဘွဲ့ချီးမြှင့်ခံခဲ့ရသူဖြစ်ပြီး ဥရောပသို့ ရောက်ရှိဖူးသူဖြစ်သည်။

တစ်ချိန်က စော်ဘွားတို့ စံနန်းလသာဆောင်မှ ကြည့်ရှုခဲ့ကြသည့် ရှုခင်းသာကို စံနန်းသို့လာရောက်သူများက ကျိုးပဲ့နေသည့် နံရံများပေါ်မှ တွယ်တက်ကာ ကြည့်ရှုလေ့ရှိကြသည်။ တောင်ကုန်းပေါ်မှ အလေ့ကျပေါက်နေသည့်အပင်များကို လွန်မြောက်ပြီး ပြန့်ပြူးသောလွင်ပြင်စိုက်ခင်းများ၏ ဟိုဘက်၌ မှိုင်းညို့ညို့တောင်တန်းများ နောက်ခံထားသော မြွေလိမ်မြွေကောက်လမ်းမကြီးကို မြင်ရလိမ့်မည်ဖြစ်သည်။

စဝ်သုစန္ဒီက အဆိုပါ မြင်ကွင်းကို အသက်ရှူမှားလောက်သည့်မြင်ကွင်းဟု တင်စားခဲ့သည်။ လသာဆောင်မှ မြင်ရသောလွင်ပြင်မှာ တစ်ချိန်က မြင်းပြိုင်ကွင်းဖြစ်ခဲ့ဖူးပြီး ယင်းလွင်ပြင်အနီးမှ ရွာသည် မြင်းကွင်းရွာဟုအမည်ရသည်။

စံနန်းဆောက်လုပ်စဉ်ကရှိခဲ့သည့် မြက်ခင်းပြင်များ၊ နှင်းဆီခြံများ၊ စတော်ဘယ်ရီစိုက်ကွက်များနေရာတွင် တောရိုင်းပန်းများနှင့် ချုံများက နေရာယူလို့နေသည်။ စံနန်း၏ အနောက်ဘက်ပေါက်မှ လှမ်းကြည့်ပါက ပဲခင်းတစ်ခင်းကိုတွေ့မြင်ရသည်။ ပင်မဆောင်သို့ ကျောက်လှေကားအတိုင်း တက်လာပါက နံရံတစ်ဖက်တစ်ချက်တွင် ကျန်နေသေးသော မီးလင်းဖိုများနှင့် မီးခိုးခေါင်းတိုင်များကို တွေ့ရမည်ဖြစ်သည်။ ပင်မဆောင်၏ ဘယ်ညာတစ်ဖက်တစ်ချက်တွင် အဆောင်များရှိနေသေးသည်။ အမိုးနှင့်ကြမ်းခင်းများ မရှိတော့စေကာမူ နှစ်ပါင်းရာကျော်ပြီဖြစ်သည့် ဟော်သည် အပျက်အစီးများကြားထဲကပင် အတိတ်ကခမ်းနားမှုကို လှစ်ဟပြနေသည်။

သို့သော် စံနန်း၏ ဘေးပတ်လည်မှာမူ တောထနေသည့် ချုံ နွယ်ပိတ်ပေါင်းများက ဝန်းရံနေသည်။ နွေရာသီစံနန်းမှာ ကျောက်မဲအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလက်အောက်မှာပင် ရှိနေသေးပြီး လွှဲအပ်လာပါက အစီအစဉ်များ စနစ်တကျချမှတ်ကာ ထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ကျောက်မဲမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဒုဥက္ကဋ္ဌ ဦးစိုင်းလိုင်းဟန်က ပြောသည်။

ကျောက်မဲမြို့ရှိ နွေရာသီဟော်၏ အခမ်းနားဆုံးအချိန်များ ကုန်ဆုံးခဲ့သည်မှာ လွတ်လပ်ရေးမရခင်ကတည်းက ဖြစ်သည်။ ဟော်သည် ဂျပန်ခေတ်တွင် မီးလောင်ကျွမ်းခံခဲ့ရသည်။ ဂျပန်အထွက်တွင် ဗြိတိသျှပြန်ဝင်လာပြန်သည်။ လွတ်လပ်ရေးရပြီးနောက် ကွန်မြူနစ်အန္တရာယ်ကြောင့် စော်ဘွားများဟော်ကို လှည့်မကြည့်အားပေ။ ၁၉၅၉ ဧပြီ ၂ ရက်တွင် တောင်ကြီးမြို့၌ စော်ဘွားများ အာဏာစွန့်ရပြီး ရှမ်းပြည်နယ်ကို ပြည်ထောင်စုအစိုးရ
ရွေးချယ်ခံပုဂ္ဂိုလ်များဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၆၂ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဟော်၏အဆင့်အတန်းသည် မူးယစ်ဆေးဝါးဖြတ်သည့်နေရာတစ်ခုအထိလျော့ကျခဲ့သည်။ နောက်ပိုင်းတွင် တစ်စစီဖဲ့ယူခံရသည်အထိ ဖြစ်ခဲ့ကာ နှစ်ပေါင်းများစွာ စောင့်ရှောက်သူကင်းမဲ့ခဲ့သည်။

သို့သော် သမိုင်းသည် တစ်ကျော့ပြန် မျက်နှာသာပေးလာပြီ ဖြစ်သည်။ စစ်အုပ်ချုပ်ရေးကာလများမှ ဒီမိုကရေစီကာလသို့ ရွေ့လျားလာပြီဖြစ်သည်။ တစ်ချိန်က တိုးတိတ်နေခဲ့သည့် ဖက်ဒရယ်ဟူသောစကားလုံးသည်
ပြန်လည်ကျယ်လောင်လာပြီဖြစ်သည်။ ထို့အတူ ရှမ်းတိုင်းရင်းသားတို့၏ အတိတ်သမိုင်းဖြစ်သည့် စော်ဘွားများ၊ တိမ်မြုပ်ပျောက်ကွယ်လျစ်လျူရှုခံထားရသော ၎င်းတို့၏ဟော်များသည်လည်း ထိန်းသိမ်းစောင့်ရှောက်သူများဖြင့် တန်ဖိုးအမှန်ကို ပြန်လည်သတ်မှတ်ခံရတော့မည့်အချိန်သို့ ရောက်ရှိလာတော့မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ပေသည်။

Via : 7Day Daily

Leave a Reply