အီဂ်စ္ ဖာရုိဘုရင္ေတြထဲက အထူးျခားဆုံးဘုရင္ အာခီနာတန္

Posted on

ေရးသားသူ – Andrew Soe

အေရွ႕ဖက္ ကမ္းစပ္ ႏိုင္းျမစ္ေၾကာင္းတေလွ်ာက္မွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၅,၀၀၀) ေက်ာ္ ၃၂ ရာစု ဘီစီကစလုိ႔ ကားနက္ခ္ ဘုရားေက်ာင္းေတြ (Karnak Temple) အစီအရီ ယေန႕ထိ ရွိေနတဲ့ ဖာရုိဘုရင္ (Pharaoh ) ေတြ အုပ္စိုးခဲ့တဲ့ ေခတ္ၾကီးတေခတ္ရွိခဲ့ဖူးပါတယ္။

ေရွး အီဂ်စ္ေတြရဲ့ လူ႕အဖြဲ႕အစည္းအရ ဖာရုိဘုရင္ ဆိုတာ စံထားစရာ အျမင့္ျမတ္ဆုံး လူသား ျဖစ္တာေၾကာင့္ သူတို႕ကိုပဲ ျပည္သူ ျပည္သားေတြက အျခား ကိုးကြယ္စရာေတြထက္ဦးစားေပး အစဥ္အဆက္ ကိုးကြယ္ၾကေလ့ရွိပါတယ္။

ဒီအေလ့အထႏွင့္ သူတို႕အေပၚကိုးကြယ္မႈဟာ ႏွစ္ေထာင္ခ်ီမက ရွိခဲ့ျပီ ျဖစ္ေသာ္လည္း ဖာရုိဘုရင္တပါး အာဏာရလာျပီးေနာက္မွာ အရာ ရာဟာ ေျပာင္းလဲခဲ့ရပါေတာ့တယ္။ ဒီဘုရင့္ နာမည္ကေတာ့ အာခီနာတန္ (Akhenaton) ပဲ ျဖစ္ပါတယ္။ သူဟာ နာဖာတီတီရဲ႕ခင္ပြန္း ၊ တူတန္ခမန္ဘုရင္ေလးရဲ႕ ဖခင္ ျဖစ္ပါတယ္။

အီဂ်စ္ ရာဇဝင္ေတြကို ႏွစ္ေပါင္းမ်ားစြာ ေလ့လာသိရွိ နားလည္ခဲ့တဲ့ ပညာရွင္ေတြရဲ့ အဆိုအရ အာခီနာတန္ဟာ ေကာင္းကင္ ၾကယ္တာရာစုေပၚက ဆင္းသက္လာျပီး သူဘုရင္ ျဖစ္တဲ့ အခ်ိန္ကစ၍ ဘုရားအစုစု ကိုးကြယ္မႈေတြကို
ဆိတ္သုဥ္းေစခဲ့တယ္လို႕ ဆိုပါတယ္။

နတ္ ေဒဝါ ရုပ္ထု အသီးသီးကိုးကြယ္မႈေတြကို ဖယ္ရွားျပီး ေကာင္းကင္ယံထက္မွ ေနဘုရားတစ္ပါးထဲကိုသာ ကိုးကြယ္ရမယ္ဆိုျပီး အစားထိုး ေျပာင္းလဲခဲ့ပါတယ္။ အဲဒီ တပါးတည္းသာ ေလာကမွာ ရွိတယ္ ဆိုတဲ့ “ဘုရား” ရဲ့ အမည္ကေတာ့ “အတ္တန္ (Aten)” ျဖစ္​ပါသတဲ့။

အာခီနာတန္ ဘုရင္ကို ေလ့လာၾကည့္ရင္ မိမိတို႔ လူသားနဲ႕ မတူေၾကာင္း ခ်က္ခ်င္း သတိထားမိမယ္ ထင္​ပါတယ္​။ ဦးေခါင္းက ရွည္လြန္းလွျပီး ကို႔ရို႔ကားယားႏိုင္ေသာ ခႏၶာကိုယ္နဲ႕ ၾကက္ေျခေထာက္လို ေသးေသးေကြးေကြးႏိုင္ေသာ ေျခအစံုနဲ႕ ျဖစ္​​ေနလို႔ပါ။ သူ႔ မိန္းမ (Queen Nefertiti) ဟာလည္း သူ႕လို ပံုပန္း သ႑န္ ရွိ႐ံုမက သားသမီးေတြလည္း ထိုပံုစံ အတိုင္း ျဖစ္​ေနပါတယ္​။

အာခီနာတန္ ဘုရင္ဟာ အျခား ၾကယ္တာရာစုေတြႏွင့္ အဆက္အသြယ္ျပဳႏိုင္ယံုမက “အတ္တန္” ဘုရားသခင္ရဲ့ ညႊန္ၾကားမႈေအာက္ကေန လူ႕အဖြဲ႕အစည္းကို ေျပာင္းလဲပစ္ခဲ့တယ္လို႕ ဆိုပါတယ္။ ဆိုလိုတာက အဲဒီ တဆူတည္းေသာ ဘုရားသခင္ ဆိုတာ မိမိတို႕ ျဂိဳလ္ကမ႓ာက မဟုတ္တဲ့ အတြက္ျပင္ပ ကမ႓ာျဂိဳလ္က ျဂိဳလ္သား (သို႕) ေအလီယန္ လို႕ သတ္မွတ္မယ္ဆို သတ္မွတ္လို႕ ရေနပါတယ္။

ေနာက္တခုက အာခီနာတန္ဟာ မိမိတို႕ လူသားပံုစံနဲ႕ အသြင္အျပင္ကြဲျပားေနတဲ့အတြက္ သူကိုယ္တိုင္ပင္လွ်င္ မူရင္း မ်ိဳးေစ့က ေအလီယန္ ျဖစ္ေနတယ္လို႕ သုံးသပ္ရင္လည္း မမွားေလာက္ပါ။

အာခီနာတန္ ဘုရင္ဟာ (၁၇) ႏွစ္တာ အခ်ိန္တိုအတြင္း အုပ္ခ်ဳပ္ျပီး ကြယ္လြန္ခဲ့ပါတယ္။ သူကြယ္လြန္ျပီးေနာက္ သူတည္ေဆာက္ခဲ့တဲ့ျမိဳ႕ျပကိုလည္း ဖ်က္ဆီးခဲ့ပါတယ္။ “အတ္တန္” ဘုရား အယူဝါဒရဲ့ သက္ေသ သာဓက ေတြကိုလည္း ေနာက္တက္တဲ့ ဘုရင္က ရွင္းလင္း ေဖ်ာက္ကြယ္ ဖုံးဖိခဲ့ပါတယ္။

သို႕ေသာ္ သူစတင္ခဲ့တဲ့ “တဆူတည္း” ေသာ ယံုၾကည္ ကိုးကြယ္မႈ အယူဝါဒ ကေတာ့ ပံုစံ အမ်ိဳးမ်ိဳးနဲ႕ ကမ႓ာမွာ ယေန႔အထိ ပ်ံ႕ႏွံ႕ေနပါေတာ့တယ္​။

Andrew Soe

Via : Mgmg Kyawzan

—————-

အီဂျစ် ဖာရိုဘုရင်တွေထဲက အထူးခြားဆုံးဘုရင် အာခီနာတန် (unicode)

ရေးသားသူ – Andrew Soe

အရှေ့ဖက် ကမ်းစပ် နိုင်းမြစ်ကြောင်းတလျှောက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅,၀၀၀) ကျော် ၃၂ ရာစု ဘီစီကစလို့ ကားနက်ခ် ဘုရားကျောင်းတွေ (Karnak Temple) အစီအရီ ယနေ့ထိ ရှိနေတဲ့ ဖာရိုဘုရင် (Pharaoh ) တွေ အုပ်စိုးခဲ့တဲ့ ခေတ်ကြီးတခေတ်ရှိခဲ့ဖူးပါတယ်။

ရှေး အီဂျစ်တွေရဲ့ လူ့အဖွဲ့အစည်းအရ ဖာရိုဘုရင် ဆိုတာ စံထားစရာ အမြင့်မြတ်ဆုံး လူသား ဖြစ်တာကြောင့် သူတို့ကိုပဲ ပြည်သူ ပြည်သားတွေက အခြား ကိုးကွယ်စရာတွေထက်ဦးစားပေး အစဉ်အဆက် ကိုးကွယ်ကြလေ့ရှိပါတယ်။

ဒီအလေ့အထနှင့် သူတို့အပေါ်ကိုးကွယ်မှုဟာ နှစ်ထောင်ချီမက ရှိခဲ့ပြီ ဖြစ်သော်လည်း ဖာရိုဘုရင်တပါး အာဏာရလာပြီးနောက်မှာ အရာ ရာဟာ ပြောင်းလဲခဲ့ရပါတော့တယ်။ ဒီဘုရင့် နာမည်ကတော့ အာခီနာတန် (Akhenaton) ပဲ ဖြစ်ပါတယ်။ သူဟာ နာဖာတီတီရဲ့ခင်ပွန်း ၊ တူတန်ခမန်ဘုရင်လေးရဲ့ ဖခင် ဖြစ်ပါတယ်။

အီဂျစ် ရာဇဝင်တွေကို နှစ်ပေါင်းများစွာ လေ့လာသိရှိ နားလည်ခဲ့တဲ့ ပညာရှင်တွေရဲ့ အဆိုအရ အာခီနာတန်ဟာ ကောင်းကင် ကြယ်တာရာစုပေါ်က ဆင်းသက်လာပြီး သူဘုရင် ဖြစ်တဲ့ အချိန်ကစ၍ ဘုရားအစုစု ကိုးကွယ်မှုတွေကို
ဆိတ်သုဉ်းစေခဲ့တယ်လို့ ဆိုပါတယ်။

နတ် ဒေဝါ ရုပ်ထု အသီးသီးကိုးကွယ်မှုတွေကို ဖယ်ရှားပြီး ကောင်းကင်ယံထက်မှ နေဘုရားတစ်ပါးထဲကိုသာ ကိုးကွယ်ရမယ်ဆိုပြီး အစားထိုး ပြောင်းလဲခဲ့ပါတယ်။ အဲဒီ တပါးတည်းသာ လောကမှာ ရှိတယ် ဆိုတဲ့ “ဘုရား” ရဲ့ အမည်ကတော့ “အတ်တန် (Aten)” ဖြစ်​ပါသတဲ့။

အာခီနာတန် ဘုရင်ကို လေ့လာကြည့်ရင် မိမိတို့ လူသားနဲ့ မတူကြောင်း ချက်ချင်း သတိထားမိမယ် ထင်​ပါတယ်​။ ဦးခေါင်းက ရှည်လွန်းလှပြီး ကို့ရို့ကားယားနိုင်သော ခန္ဓာကိုယ်နဲ့ ကြက်ခြေထောက်လို သေးသေးကွေးကွေးနိုင်သော ခြေအစုံနဲ့ ဖြစ်​​နေလို့ပါ။ သူ့ မိန်းမ (Queen Nefertiti) ဟာလည်း သူ့လို ပုံပန်း သဏ္ဍန် ရှိရုံမက သားသမီးတွေလည်း ထိုပုံစံ အတိုင်း ဖြစ်​နေပါတယ်​။

အာခီနာတန် ဘုရင်ဟာ အခြား ကြယ်တာရာစုတွေနှင့် အဆက်အသွယ်ပြုနိုင်ယုံမက “အတ်တန်” ဘုရားသခင်ရဲ့ ညွှန်ကြားမှုအောက်ကနေ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက အဲဒီ တဆူတည်းသော ဘုရားသခင် ဆိုတာ မိမိတို့ ဂြိုလ်ကမ႓ာက မဟုတ်တဲ့ အတွက်ပြင်ပ ကမ႓ာဂြိုလ်က ဂြိုလ်သား (သို့) အေလီယန် လို့ သတ်မှတ်မယ်ဆို သတ်မှတ်လို့ ရနေပါတယ်။

နောက်တခုက အာခီနာတန်ဟာ မိမိတို့ လူသားပုံစံနဲ့ အသွင်အပြင်ကွဲပြားနေတဲ့အတွက် သူကိုယ်တိုင်ပင်လျှင် မူရင်း မျိုးစေ့က အေလီယန် ဖြစ်နေတယ်လို့ သုံးသပ်ရင်လည်း မမှားလောက်ပါ။

အာခီနာတန် ဘုရင်ဟာ (၁၇) နှစ်တာ အချိန်တိုအတွင်း အုပ်ချုပ်ပြီး ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်ပြီးနောက် သူတည်ဆောက်ခဲ့တဲ့မြို့ပြကိုလည်း ဖျက်ဆီးခဲ့ပါတယ်။ “အတ်တန်” ဘုရား အယူဝါဒရဲ့ သက်သေ သာဓက တွေကိုလည်း နောက်တက်တဲ့ ဘုရင်က ရှင်းလင်း ဖျောက်ကွယ် ဖုံးဖိခဲ့ပါတယ်။

သို့သော် သူစတင်ခဲ့တဲ့ “တဆူတည်း” သော ယုံကြည် ကိုးကွယ်မှု အယူဝါဒ ကတော့ ပုံစံ အမျိုးမျိုးနဲ့ ကမ႓ာမှာ ယနေ့အထိ ပျံ့နှံ့နေပါတော့တယ်​။

Andrew Soe

Via : Mgmg Kyawzan

Leave a Reply