အေမရိကန္ အစုိးရကို ေတာ္လွန္ခဲ့တဲ့ မ်ဳိးႏြယ္စုေခါင္းေဆာင္

Posted on

ေရးသားသူ – Academy Page

လူၿဖဴမ်ားကိုဆန္႔က်င္ေတာ္လွန္ခဲ့သည့္ ေဒသခံအေမရိကန္ Sioux လူမ်ိဳး လူငယ္ေခါင္းေဆာင္ တစ္ဦးၿဖစ္သည္ ။ ၿမင္းစီးၿပီး ႏြားရိုင္းမ်ားကို အမဲလိုက္ခဲ့သည့္ လူငယ္တဦးၿဖစ္ကာ စစ္ပြဲ အခ်ိန္က ရဲစြမ္းသတၱိ ႏွင့္ၿပည့္စံုသၿဖင့္ သူ ့အား Crazy Horse ဟု အမည္ေၿပာင္ေပးထားၿခင္းၿဖစ္သည္ ။

ယေန ့အခ်ိန္တြင္ Crazy Horse သည္ အေမရိကန္ စစ္တပ္ကို ေအာင္နိင္ခဲ့သည့္ ေဒသခံ လူငယ္တဦး အၿဖစ္မွတ္မိေနၾကဆဲ ၿဖစ္သည္ ။

ငယ္ဘ၀

Crazy Horse အား ၁၈၄၉ – ခုႏွစ္အခ်ိန္က South Dakota ရွိ ယေန ့ Rapid ၿမိဳ ့အနီးရွိ Sioux လူမ်ိဳးမ်ားေနထိုင္သည့္ စခန္းတြင္ ေမြးဖြားခဲ့သည္ ။ အသက္ ၁၂ – ႏွစ္အရြယ္မွစ၍ Crazy Horse သည္ ၿမင္းစီးကၽြမ္းက်င္သည့္
မုဆိုးတဦးၿဖစ္လာၿပီးခဲ့သည္ ။

၁၈၆၈ – ခုႏွစ္တြင္ သူသည္ ေဒသခံ Cheyenne လူမ်ိဳး အမ်ိဳးသမီးတဦးကို လက္ထပ္ယူခဲ့ၿပီး ေနာက္ သူသည္ Sioux ႏွင့္ Cheyenne လူမ်ိဳး စုမ်ား၏ ေခါင္းေဆာင္တဦးၿဖစ္လာခဲ့သည္ ။ ၁၈၇၄ ခုႏွစ္၀န္းက်င္က အေမရိကန္ၿပည္ေထာင္စု South Dakota ၿပည္နယ္ Black Hills ေဒသတြင္ ေရႊတူးေဖၚေတြ ့ရွိကာ လူၿဖဴမ်ားအေၿခခ်ေနထိုင္ခဲ့သည္ ။

ထိုအခ်ိန္က အေမရိကန္အစိုးရ သည္ ေဒသခံ အေမရိကန္ လူမ်ိဳးမ်ားကို ေမာင္းထုတ္ရန္ၾကိဳးစားခဲရာ Crazy Horse သည္ သူ ့လူမ်ိဳး ၊ သူေဒသ အတြက္ တိုက္ပြဲ၀င္ခဲ့သူၿဖစ္သည္ ။ ၁၈၇၆ – ခုႏွစ္ ဇြန္လ ၂၅ -ရက္ေန ့တြင္ အေမရိကန္စစ္ဗိုလ္မွဳးၾကီး George Armstrong Custer ၏ အေမရိကန္စစ္တပ္သည္ Montana ရွိ Little Bighorn ေဒသမွ ေဒသခံမ်ား၏ စခန္းကို ဝင္ေရာက္ တိုက္ခိုက္သည္ ။

သို ့ေသာ္လည္း အေမရိကန္စစ္တပ္မွ Custer အပါအ၀င္ စစ္သည္မ်ား အမ်ားအၿပားသည္ Crazy Horse ေခါင္းေဆာင္သည့္ ေဒသခံမ်ားၿပန္လည္ခုခံမႈေၾကာင့္ က်ဆုံးခဲ့ရသည္ ။ Crazy Horse သည္ အေမရိကန္စစ္ဗိုလ္
George Armstrong Custer ဦးေဆာင္သည့္ အေမရိကန္တပ္ဖြဲ ့အား Little Bighorn စစ္ပြဲတြင္ ေအာင္နိင္ခဲ့သၿဖင့္ ထိုစစ္ပြဲကို Custer’s Last Stand ဟုလည္း ေခၚဆိုၾကသည္ ။

ေတာ္လွန္ေရးေခါင္းေဆာင္

စစ္ပြဲရွံဳးနိမ့္ၿပီးေနာက္ အေမရိကန္အစိုးရသည္ အင္အားအမ်ားအၿပားအသံုးၿပဳကာ ေဒသခံမ်ားကို ေမာင္းထုတ္ရန္ၾကိဳးစားလာခဲ့သည္ ။ ေဒသခံ လူမ်ိဳးအမ်ားအၿပားသည္ လက္နက္ခ် အညံ့ခံခဲ့ၾက ေသာ္လည္း Crazy Horse မွ
ၿငင္းပါယ္ခဲ့သည္ ။

ေနာက္ဆံုး Crazy Horse သည္ ၁၈၇၇ – ခုႏွစ္ စက္တင္ဘာလ ၅ -ရက္ေန ့အသက္ ၃၇ႏွစ္အရြယ္တြင္ အေမရိကန္စစ္တပ္၏ ဖမ္းဆီးၿခင္းခံခဲ့ရၿပီး ဖမ္းမိသည့္ေနရာမွာပင္ စစ္သားတစ္ဦး၏ ခ်ြန္ထက္သည့္ဓါးၿဖင့္ ထိုးသတ္ခံရၿပီး ေသဆံုးခဲ့ရသည္ ။

Crazy Horse ေအာက္ေမ့ဖြယ္

အထိမ္းအမွတ္ရုပ္ထုကို South Dakota ေဒသမွ Black Hills ေတာင္ေပၚတြင္ ထုလုပ္ထားသည္ ။ ဤရုပ္တုကို ၁၉၄၀ ကစတင္ထုလုပ္ခဲ့ေသာ္လည္း ၂၁ -ရာစု မွ အဆံုးသတ္နိင္ခဲ့သည္ ။ Crazy Horse ၏ မ်က္ႏွာမွာ ၈၇ – ေပ ရွိၿပီး ရုပ္တုတစ္ခုလံုးသည္ ေပ -၆၀၀ အၿမင့္ရွိသည္ ။

Academy Page

——————

အမေရိကန် အစိုးရကို တော်လှန်ခဲ့တဲ့ မျိုးနွယ်စုခေါင်းဆောင် (unicode)

ရေးသားသူ – Academy Page

လူဖြူများကိုဆန့်ကျင်တော်လှန်ခဲ့သည့် ဒေသခံအမေရိကန် Sioux လူမျိုး လူငယ်ခေါင်းဆောင် တစ်ဦးဖြစ်သည် ။ မြင်းစီးပြီး နွားရိုင်းများကို အမဲလိုက်ခဲ့သည့် လူငယ်တဦးဖြစ်ကာ စစ်ပွဲ အချိန်က ရဲစွမ်းသတ္တိ နှင့်ပြည့်စုံသဖြင့် သူ့အား Crazy Horse ဟု အမည်ပြောင်ပေးထားခြင်းဖြစ်သည် ။

ယနေ့အချိန်တွင် Crazy Horse သည် အမေရိကန် စစ်တပ်ကို အောင်နိင်ခဲ့သည့် ဒေသခံ လူငယ်တဦး အဖြစ်မှတ်မိနေကြဆဲ ဖြစ်သည် ။

ငယ်ဘ၀

Crazy Horse အား ၁၈၄၉ – ခုနှစ်အချိန်က South Dakota ရှိ ယနေ့ Rapid မြို့အနီးရှိ Sioux လူမျိုးများနေထိုင်သည့် စခန်းတွင် မွေးဖွားခဲ့သည် ။ အသက် ၁၂ – နှစ်အရွယ်မှစ၍ Crazy Horse သည် မြင်းစီးကျွမ်းကျင်သည့်
မုဆိုးတဦးဖြစ်လာပြီးခဲ့သည် ။

၁၈၆၈ – ခုနှစ်တွင် သူသည် ဒေသခံ Cheyenne လူမျိုး အမျိုးသမီးတဦးကို လက်ထပ်ယူခဲ့ပြီး နောက် သူသည် Sioux နှင့် Cheyenne လူမျိုး စုများ၏ ခေါင်းဆောင်တဦးဖြစ်လာခဲ့သည် ။ ၁၈၇၄ ခုနှစ်ဝန်းကျင်က အမေရိကန်ပြည်ထောင်စု South Dakota ပြည်နယ် Black Hills ဒေသတွင် ရွှေတူးဖေါ်တွေ့ရှိကာ လူဖြူများအခြေချနေထိုင်ခဲ့သည် ။

ထိုအချိန်က အမေရိကန်အစိုးရ သည် ဒေသခံ အမေရိကန် လူမျိုးများကို မောင်းထုတ်ရန်ကြိုးစားခဲရာ Crazy Horse သည် သူ့လူမျိုး ၊ သူဒေသ အတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်သည် ။ ၁၈၇၆ – ခုနှစ် ဇွန်လ ၂၅ -ရက်နေ့တွင် အမေရိကန်စစ်ဗိုလ်မှုးကြီး George Armstrong Custer ၏ အမေရိကန်စစ်တပ်သည် Montana ရှိ Little Bighorn ဒေသမှ ဒေသခံများ၏ စခန်းကို ဝင်ရောက် တိုက်ခိုက်သည် ။

သို့သော်လည်း အမေရိကန်စစ်တပ်မှ Custer အပါအဝင် စစ်သည်များ အများအပြားသည် Crazy Horse ခေါင်းဆောင်သည့် ဒေသခံများပြန်လည်ခုခံမှုကြောင့် ကျဆုံးခဲ့ရသည် ။ Crazy Horse သည် အမေရိကန်စစ်ဗိုလ်
George Armstrong Custer ဦးဆောင်သည့် အမေရိကန်တပ်ဖွဲ့အား Little Bighorn စစ်ပွဲတွင် အောင်နိင်ခဲ့သဖြင့် ထိုစစ်ပွဲကို Custer’s Last Stand ဟုလည်း ခေါ်ဆိုကြသည် ။

တော်လှန်ရေးခေါင်းဆောင်
စစ်ပွဲရှုံးနိမ့်ပြီးနောက် အမေရိကန်အစိုးရသည် အင်အားအများအပြားအသုံးပြုကာ ဒေသခံများကို မောင်းထုတ်ရန်ကြိုးစားလာခဲ့သည် ။ ဒေသခံ လူမျိုးအများအပြားသည် လက်နက်ချ အညံ့ခံခဲ့ကြ သော်လည်း Crazy Horse မှ
ငြင်းပါယ်ခဲ့သည် ။

နောက်ဆုံး Crazy Horse သည် ၁၈၇၇ – ခုနှစ် စက်တင်ဘာလ ၅ -ရက်နေ့တွင် အမေရိကန်စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ဖမ်းမိသည့်နေရာမှာပင် စစ်သားတဦး၏ ချွန်ထက်သည့်ဓါးဖြင့် ထိုးသတ်ခံရပြီး သေဆုံးခဲ့ရသည် ။

Crazy Horse အောက်မေ့ဖွယ်

အထိမ်းအမှတ်ရုပ်ထုကို South Dakota ဒေသမှ Black Hills တောင်ပေါ်တွင် ထုလုပ်ထားသည် ။ ဤရုပ်တုကို ၁၉၄၀ ကစတင်ထုလုပ်ခဲ့သော်လည်း ၂၁ -ရာစု မှ အဆုံးသတ်နိင်ခဲ့သည် ။ Crazy Horse ၏ မျက်နှာမှာ ၈၇ – ပေ ရှိပြီး ရုပ်တုတစ်ခုလုံးသည် ပေ -၆၀၀ အမြင့်ရှိသည် ။

Leave a Reply