ကမာၻ႔အလွဆံုးေရတံခြန္မ်ားနွင့္ ထူးျခားမႈေလးမ်ား

Posted on

ေရးသားသူ – သမန္းက်ား (ရတနာပံုေန႔စဥ္)

သဘာ၀တရားၾကီးရဲ ့ ဆန္းက်ယ္တဲ့ဖန္တီးမႈလက္ရာေတြထဲမွာ ရင္သပ္ရွဳေမာဖြယ္ေရတံခြန္ေတြလည္း ပါပါတယ္။ ကမာၻ႔အလွဆံုးေရတံခြန္ေတြအေၾကာင္းေလ့လာရင္း အဲဒီေရတံခြန္ေတြနဲ ့ပတ္သက္တဲ့ ထူးျခားမႈေလးေတြကိုလည္း ေလ့လာနိုင္ပါတယ္။

နတ္သမီးေရတံခြန္

Angel Falls ေရတံခြန္ဟာ ဗင္နီဇြဲလားနိုင္ငံ Canaima အမ်ိဳးသားဥယ်ာဥ္ထဲမွာ ရွိပါတယ္။ ေရတံခြန္အနက္ေပ ၃၂၁၂ ျဖစ္ပါတယ္။ ၁၉၃၇ က အေမရိကန္ေလယာဥ္မွဴး Jimmy Angel ေမာင္းနွင္ပ်ံသန္းလာတဲ့ေလယာဥ္ငယ္ တစ္စီး အဲဒီေရတံခြန္ရွိတဲ့ေတာင္ကုန္းထိပ္ေပၚက ကုန္းျပန္ ့ၾကီးေပၚ အေရးေပၚဆင္းသက္ခဲ့ရာကေန Angel Falls လို ့အမည္တြင္ခဲ့ပါတယ္။ အဲဒီေလယာဥ္ငယ္ကို ၃၃ နွစ္လံုးလံုး ျပန္မသယ္နုိင္ခဲ့ပါဘူး။ အခုေတာ့ အစစ္ကို ျပတိုက္ ထဲမွာထားထားျပီး အဲဒီေတာင္ထိပ္မွာ ေလယာဥ္ပံုစံငယ္တစ္ခုကို ျပထားပါတယ္။

Godafoss ေရတံခြန္

အိုက္စလန္မွာ ကမၻာ့အလွဆံုးေရတံခြန္တစ္ခုရွိပါတယ္။ ျမင္းခြာပံု Godafoss ျဖစ္ျပီး အက်ယ္ ၁၀၀ ေပ၊ အျမင့္ ၄၀ေပ ရွိတဲ့ ေက်ာက္ေဆာင္ၾကီးေပၚကေနစီးက်ေနတဲ့ေရတံခြန္ပါ။ Godafoss ဆိုတာ နတ္ဘုရားမ်ားရဲဲဲ ့ေရတံခြန္လို ့အဓိပၸါယ္ရပါတယ္။ သက္တမ္းအားျဖင့္ နွစ္ေပါင္း ၁၀၀၀ ခန္ ့ရွိျပီလို ့ယူဆရျပီး ထူးျခားခ်က္ကေတာ့ အဲဒီနွစ္ေပါင္း ၁၀၀၀ ခန္ ့တုန္းက နတ္ဘုရားေတြကိုပဲကိုးကြယ္ခဲ့ရာကေန နတ္ဘုရားရုပ္တုေတြကို အဲဒီေရတံခြန္ထဲပစ္ခ်ခဲ့ျပီးေတာ့ ခရစ္ယာန္ဘာသာကို ေျပာင္းလဲကုိးကြယ္ခဲ့ၾကတယ္လို ့ မွတ္တမ္းမ်ားအရ သိရပါတယ္။

Krimml ေရတံခြန္

အလယ္ပိုင္းဥေရာပရဲ ့အျမင့္ဆံုးေရတံခြန္ Krimml ေရတံခြန္ဟာ ၾသစၾတီးယားနိုင္ငံရဲ ့ Hohe Tauern အမ်ိဳးသား ဥယ်ာဥ္မွာ ရွိပါတယ္။ အျမင့္ ၃၈၀ မီတာပါ။ Krimmlr Ache လုိ ့ေခၚတဲ့ ေရခဲျမစ္အက္ေၾကာင္းကေန စတင္စီးဆင္း
လာတဲ့ေရဟာ ေက်ာက္ေဆာင္ ၃ ဆင့္ေပၚကို အဆင့္ဆင့္စီးဆင္းျပီးေရတံခြန္ျဖစ္လာတာပါ။ ေရတံခြန္အေပၚဆံုး အဆင့္ကိုတက္ဖို ့ တစ္နာရီနဲ ့မိနစ္ ၃၀ ထက္မနည္း ၾကာပါတယ္။

Dietian ေရတံခြန္

တရုတ္နဲ ့ဗီယက္နမ္ၾကားမွာ Guichun ျမစ္ရွိပါတယ္။ အဲဒီျမစ္ထိပ္မွာ Dietian ေရတံခြန္ရွိပါတယ္။ ဇြန္၊ဇူလိုင္မွာ ေရအားအျပည့္ရွိတတ္ျပီး ေျခာက္ေသြ ့တဲ့ရာသီေတြမွာေတာ့ ေရေလ်ာ့တတ္ပါတယ္။ အဲဒီေရတံခြန္ထိပ္မွာ ထူးထူးျခားျခား ဗုဒၶဆင္းတုေတာ္တစ္ဆူကို ဖူးေမွ်ာ္ရပါလိမ့္မယ္။

Iguazu ေရတံခြန္

Iguazu ေရတံခြန္အုပ္စုၾကီးရဲ ့အမ်ားစုက အာဂ်င္တီးနားဘက္မွာရွိေပမယ့္ ျမင္ကြင္းအလွကေတာ့ ဘရာဇီးဘက္ ကေန ပိုလွပါတယ္။ Iguazu ေရတံခြန္အုပ္စုၾကီးဟာ ဘရာဇီး၊ အာဂ်င္တီးနား၊ ပါရာေဂြး နိုင္ငံ သံုးနုိင္ငံရဲ ့နယ္စပ္ ပါ၀င္ေအာင္ ၾကီးမားလွပါတယ္။ Iguazu ေရတံခြန္အုပ္စုၾကီးဟာ ကမာၻေက်ာ္ Niagara ေရတံခြန္ၾကီးတဲ့ ၂ ဆ ၾကီးမားကာ ၂ ဆ က်ယ္ပါတယ္။ ဒါေၾကာင့္ Iguazu နဲ ့ႏိႈင္းလိုက္ရင္ Niagara ဆိုတာ သနားစရာေရတံခြန္ေလး ျဖစ္သြား ပါတယ္။

Niagara ေရတံခြန္

Niagara ေရတံခြန္ကိုယ္တိုင္လည္း ထူးျခားတဲ့ေရတံခြန္ထဲ ပါတာပဲေလ။ အေမရိကန္ျပည္ေထာင္စုမွာ သက္တမ္း အရင့္ဆံုး ဥယ်ာဥ္ထဲမွာ ရွိပါတယ္။ ၁၈၈၅ ကတည္းက အဲဒီ နိုင္ရာဂါရာအမ်ိဳးသားဥယ်ာဥ္ဆိုတာ ရွိခဲ့တာပါ။ အေမရိကန္ျပည္ေထာင္စုကအၾကီးဆံုးေရကန္ၾကီး ၅ ကန္ထဲက ၄ ကန္ျဖစ္ၾကတဲ့ စူပီးရီးယားေရကန္၊ မီခ်ီဂန္ေရကန္၊ ဟူရြန္ေရကန္၊ အီရီေရကန္တို ့ကို ေပါင္းစပ္စီးဆင္းလာတဲ့ နိုင္ရာဂါရာျမစ္ၾကီးစီးဆင္းတဲ့လမ္းေၾကာင္းမွာ ဒီ နုိင္ရာဂါရာ ေရတံခြန္ တည္ရွိတာပါ။ တစ္စကၠန္ ့ကို ေရတန္ခ်ိန္ ၃၁၆၀ စီးဆင္းပါတယ္။ နိုင္ရာဂါရာေရတံခြန္ကို ပထမဆံုး ရွာေတြ ့သူကေတာ့ Father Louis Hennepin ျဖစ္ျပီး ၁၆၇၈ မွာ စူးစမ္းေလ့လာေရးလုပ္တုန္း အမွတ္မထင္ ေတြ ့ရွိခဲ့ျခင္း ျဖစ္ပါတယ္။

VIDEO

Plitvice အမ်ိဳးသားဥယ်ာဥ္ ေရတံခြန္မ်ား

အေရွ ့ေတာင္ဥေရာပမွာ ေရွးအက်ဆံုးျဖစ္ျပီး ခရိုးေအးရွားနုိင္ငံရဲ ့အၾကီးဆံုးအမ်ိဳးသားဥယ်ာဥ္ျဖစ္တဲ့ Plitvice ေရကန္မ်ားတည္ရွိရာ Plitvice အမ်ိဳးသားဥယ်ာဥ္ဟာ ဘာေၾကာင့္ဒီေလာက္နာမည္ၾကီးတာလဲဆိုေတာ့ ေရတံခြန္ ၁၆ ခု ဆက္ေနလို ့ပါ။ ေရကန္ေတြ၊ ဂူေတြ၊ ေရတံခြန္ေတြရဲ ့အလွကို ရင္သပ္ရွဳေမာဖြယ္ ေတြ ့ပါလိမ့္မယ္။ ေရတံခြန္ ၾကီးကေန ေရတံခြန္ငယ္ေတြအဆင့္ဆင့္ျဖစ္သြားပံု၊ျပီးေတာ့ ေရကန္ေတြျဖစ္သြားပံု၊ ၾကားထဲမွာဂူေတြရွိပံုေတြနဲ ့ဒီ Plitvice အမ်ိဳးသားဥယ်ာဥ္ၾကီးဟာ သဘာ၀ပတ္၀န္းက်င္ျမတ္နိုးတဲ့ခရီးသြားေတြအတြက္ မသြားမျဖစ္သြားရမယ့္ ေနရာတစ္ေနရာ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စု၊ အိုရီဂြန္ျပည္နယ္က Koosah ေရတံခြန္ဆိုရင္ ေႏြရာသီကိုေရာက္တိုင္း ေရက်သြားျပီးေတာ့ ေရတံခြန္ ၃ ခု ျဖစ္ျဖစ္သြားပါတယ္။ အျမင့္ ၅၄ ေပကေန ၆၄ ေပ အထိ ရွိတတ္ပါတယ္။ တစ္ရာသီနဲ ့တစ္ရာသီ Koosah ေရတံခြန္ရဲ ့ပံုစံက ေျပာင္းေျပာင္းသြားတာ တကယ့္ထူးျခားမႈတစ္ခုျဖစ္ပါတယ္။ ေရအနည္းအမ်ားအလိုက္ ေျပာင္းသြားတယ္ဆိုေပမယ့္ ထူးထူးျခားျခားကိုေျပာင္းလဲလို ့ပါလို ့ ေလ့လာေရးသားတင္ျပလိုက္ရပါတယ္။

သမန္းက်ား (ရတနာပံုေန႔စဥ္)

—————-

ကမ္ဘာ့အလှဆုံးရေတံခွန်များနှင့် ထူးခြားမှုလေးများ (unicode)

ရေးသားသူ – သမန်းကျား (ရတနာပုံနေ့စဉ်)

သဘာဝတရားကြီးရဲ့ ဆန်းကျယ်တဲ့ဖန်တီးမှုလက်ရာတွေထဲမှာ ရင်သပ်ရှုမောဖွယ်ရေတံခွန်တွေလည်း ပါပါတယ်။ ကမ္ဘာ့အလှဆုံးရေတံခွန်တွေအကြောင်းလေ့လာရင်း အဲဒီရေတံခွန်တွေနဲ့ပတ်သက်တဲ့ ထူးခြားမှုလေးတွေကိုလည်း လေ့လာနိုင်ပါတယ်။

နတ်သမီးရေတံခွန်

Angel Falls ရေတံခွန်ဟာ ဗင်နီဇွဲလားနိုင်ငံ Canaima အမျိုးသားဥယျာဉ်ထဲမှာ ရှိပါတယ်။ ရေတံခွန်အနက်ပေ ၃၂၁၂ ဖြစ်ပါတယ်။ ၁၉၃၇ က အမေရိကန်လေယာဉ်မှူး Jimmy Angel မောင်းနှင်ပျံသန်းလာတဲ့လေယာဉ်ငယ် တစ်စီး အဲဒီရေတံခွန်ရှိတဲ့တောင်ကုန်းထိပ်ပေါ်က ကုန်းပြန့်ကြီးပေါ် အရေးပေါ်ဆင်းသက်ခဲ့ရာကနေ Angel Falls လို့အမည်တွင်ခဲ့ပါတယ်။ အဲဒီလေယာဉ်ငယ်ကို ၃၃ နှစ်လုံးလုံး ပြန်မသယ်နိုင်ခဲ့ပါဘူး။ အခုတော့ အစစ်ကို ပြတိုက် ထဲမှာထားထားပြီး အဲဒီတောင်ထိပ်မှာ လေယာဉ်ပုံစံငယ်တစ်ခုကို ပြထားပါတယ်။

Godafoss ရေတံခွန်

အိုက်စလန်မှာ ကမ္ဘာ့အလှဆုံးရေတံခွန်တစ်ခုရှိပါတယ်။ မြင်းခွာပုံ Godafoss ဖြစ်ပြီး အကျယ် ၁၀၀ ပေ၊ အမြင့် ၄၀ပေ ရှိတဲ့ ကျောက်ဆောင်ကြီးပေါ်ကနေစီးကျနေတဲ့ရေတံခွန်ပါ။ Godafoss ဆိုတာ နတ်ဘုရားများရဲဲ ့ရေတံခွန်လို့အဓိပ္ပါယ်ရပါတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀၀၀ ခန့်ရှိပြီလို့ယူဆရပြီး ထူးခြားချက်ကတော့ အဲဒီနှစ်ပေါင်း ၁၀၀၀ ခန့်တုန်းက နတ်ဘုရားတွေကိုပဲကိုးကွယ်ခဲ့ရာကနေ နတ်ဘုရားရုပ်တုတွေကို အဲဒီရေတံခွန်ထဲပစ်ချခဲ့ပြီးတော့ ခရစ်ယာန်ဘာသာကို ပြောင်းလဲကိုးကွယ်ခဲ့ကြတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

Krimml ရေတံခွန်

အလယ်ပိုင်းဥရောပရဲ့အမြင့်ဆုံးရေတံခွန် Krimml ရေတံခွန်ဟာ ဩစတြီးယားနိုင်ငံရဲ့ Hohe Tauern အမျိုးသား ဥယျာဉ်မှာ ရှိပါတယ်။ အမြင့် ၃၈၀ မီတာပါ။ Krimmlr Ache လို့ခေါ်တဲ့ ရေခဲမြစ်အက်ကြောင်းကနေ စတင်စီးဆင်း
လာတဲ့ရေဟာ ကျောက်ဆောင် ၃ ဆင့်ပေါ်ကို အဆင့်ဆင့်စီးဆင်းပြီးရေတံခွန်ဖြစ်လာတာပါ။ ရေတံခွန်အပေါ်ဆုံး အဆင့်ကိုတက်ဖို့ တစ်နာရီနဲ့မိနစ် ၃၀ ထက်မနည်း ကြာပါတယ်။

Dietian ရေတံခွန်

တရုတ်နဲ့ဗီယက်နမ်ကြားမှာ Guichun မြစ်ရှိပါတယ်။ အဲဒီမြစ်ထိပ်မှာ Dietian ရေတံခွန်ရှိပါတယ်။ ဇွန်၊ဇူလိုင်မှာ ရေအားအပြည့်ရှိတတ်ပြီး ခြောက်သွေ့တဲ့ရာသီတွေမှာတော့ ရေလျော့တတ်ပါတယ်။ အဲဒီရေတံခွန်ထိပ်မှာ ထူးထူးခြားခြား ဗုဒ္ဓဆင်းတုတော်တစ်ဆူကို ဖူးမျှော်ရပါလိမ့်မယ်။

Iguazu ရေတံခွန်

Iguazu ရေတံခွန်အုပ်စုကြီးရဲ့အများစုက အာဂျင်တီးနားဘက်မှာရှိပေမယ့် မြင်ကွင်းအလှကတော့ ဘရာဇီးဘက် ကနေ ပိုလှပါတယ်။ Iguazu ရေတံခွန်အုပ်စုကြီးဟာ ဘရာဇီး၊ အာဂျင်တီးနား၊ ပါရာဂွေး နိုင်ငံ သုံးနိုင်ငံရဲ့နယ်စပ် ပါဝင်အောင် ကြီးမားလှပါတယ်။ Iguazu ရေတံခွန်အုပ်စုကြီးဟာ ကမ္ဘာကျော် Niagara ရေတံခွန်ကြီးတဲ့ ၂ ဆ ကြီးမားကာ ၂ ဆ ကျယ်ပါတယ်။ ဒါကြောင့် Iguazu နဲ့နှိုင်းလိုက်ရင် Niagara ဆိုတာ သနားစရာရေတံခွန်လေး ဖြစ်သွား ပါတယ်။

Niagara ရေတံခွန်

Niagara ရေတံခွန်ကိုယ်တိုင်လည်း ထူးခြားတဲ့ရေတံခွန်ထဲ ပါတာပဲလေ။ အမေရိကန်ပြည်ထောင်စုမှာ သက်တမ်း အရင့်ဆုံး ဥယျာဉ်ထဲမှာ ရှိပါတယ်။ ၁၈၈၅ ကတည်းက အဲဒီ နိုင်ရာဂါရာအမျိုးသားဥယျာဉ်ဆိုတာ ရှိခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုကအကြီးဆုံးရေကန်ကြီး ၅ ကန်ထဲက ၄ ကန်ဖြစ်ကြတဲ့ စူပီးရီးယားရေကန်၊ မီချီဂန်ရေကန်၊ ဟူရွန်ရေကန်၊ အီရီရေကန်တို့ကို ပေါင်းစပ်စီးဆင်းလာတဲ့ နိုင်ရာဂါရာမြစ်ကြီးစီးဆင်းတဲ့လမ်းကြောင်းမှာ ဒီ နိုင်ရာဂါရာ ရေတံခွန် တည်ရှိတာပါ။ တစ်စက္ကန့်ကို ရေတန်ချိန် ၃၁၆၀ စီးဆင်းပါတယ်။ နိုင်ရာဂါရာရေတံခွန်ကို ပထမဆုံး ရှာတွေ့သူကတော့ Father Louis Hennepin ဖြစ်ပြီး ၁၆၇၈ မှာ စူးစမ်းလေ့လာရေးလုပ်တုန်း အမှတ်မထင် တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

Plitvice အမျိုးသားဥယျာဉ် ရေတံခွန်များ

အရှေ့တောင်ဥရောပမှာ ရှေးအကျဆုံးဖြစ်ပြီး ခရိုးအေးရှားနိုင်ငံရဲ့အကြီးဆုံးအမျိုးသားဥယျာဉ်ဖြစ်တဲ့ Plitvice ရေကန်များတည်ရှိရာ Plitvice အမျိုးသားဥယျာဉ်ဟာ ဘာကြောင့်ဒီလောက်နာမည်ကြီးတာလဲဆိုတော့ ရေတံခွန် ၁၆ ခု ဆက်နေလို့ပါ။ ရေကန်တွေ၊ ဂူတွေ၊ ရေတံခွန်တွေရဲ့အလှကို ရင်သပ်ရှုမောဖွယ် တွေ့ပါလိမ့်မယ်။ ရေတံခွန် ကြီးကနေ ရေတံခွန်ငယ်တွေအဆင့်ဆင့်ဖြစ်သွားပုံ၊ပြီးတော့ ရေကန်တွေဖြစ်သွားပုံ၊ ကြားထဲမှာဂူတွေရှိပုံတွေနဲ့ဒီ Plitvice အမျိုးသားဥယျာဉ်ကြီးဟာ သဘာဝပတ်ဝန်းကျင်မြတ်နိုးတဲ့ခရီးသွားတွေအတွက် မသွားမဖြစ်သွားရမယ့် နေရာတစ်နေရာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အိုရီဂွန်ပြည်နယ်က Koosah ရေတံခွန်ဆိုရင် နွေရာသီကိုရောက်တိုင်း ရေကျသွားပြီးတော့ ရေတံခွန် ၃ ခု ဖြစ်ဖြစ်သွားပါတယ်။ အမြင့် ၅၄ ပေကနေ ၆၄ ပေ အထိ ရှိတတ်ပါတယ်။ တစ်ရာသီနဲ့တစ်ရာသီ Koosah ရေတံခွန်ရဲ့ပုံစံက ပြောင်းပြောင်းသွားတာ တကယ့်ထူးခြားမှုတစ်ခုဖြစ်ပါတယ်။ ရေအနည်းအများအလိုက် ပြောင်းသွားတယ်ဆိုပေမယ့် ထူးထူးခြားခြားကိုပြောင်းလဲလို့ပါလို့ လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

သမန်းကျား (ရတနာပုံနေ့စဉ်)

Leave a Reply