ျမန္မာသမုိင္းထဲက ေကြ႔ေခ်ာင္းခံတပ္

Posted on

ေရးသားသူ – M.H.A (ေတာင္တြင္းႀကီး)

မူရင္းဓာတ္ပုံတင္ထားသူမ်ားကို ေက်းဇူးတင္ရွိပါသည္

ေကြ႔ေခ်ာင္းခံတပ္ (သုိ႔) ေဂြးေခ်ာင္းခံတပ္သည္ မေကြးၿမိဳ႕မွ ၁၂ မိုင္ခန္႔အကြာ ဧရာဝတိီျမစ္၏ အေရွ႕ဘက္ကမ္းတြင္ တည္ရွိသည္။ ဧရာဝတီျမစ္၏ အေနာက္ဘက္ကမ္းရွိ မင္းလွ ခံတပ္၏အေရွ႕ေတာင္ဘက္ ဓါးလြယ္ခုတ္ အေနအထားတြင္တည္ရွိပါသည္။

ေဂြးေခ်ာင္းခံတပ္ကို မင္းတုန္းမင္း၏ညီေတာ္ကေနာင္မင္းသား၏ ႀကီးၾကပ္စီစဥ္မႈျဖင့္ ျပင္သစ္နွင့္ အီတာလ်ံ လူမ်ိဳးမ်ားျဖစ္ၾကသည့္ ကိုမိုဟိုပယ္ရီ ႏွင့္ မိုရီနာရီတို႔ႏွင့္အတူ ျမန္မာအင္ဂ်င္နီယာမ်ားပူးေပါင္း၍ ခရစ္ႏွစ္ ( ၁၈၆၀ ) ခုႏွစ္တြင္တည္ေဆာက္ခဲ့ရာ ခရစ္ႏွစ္ ( ၁၈၆၃ ) ခုႏွစ္တြင္ၿပီးစီးပါသည္။

ေဂြးေခ်ာင္းခံတပ္သည္ အလ်ား ( ၂၇၅ ) ေပ အနံ ( ၁၅၅) ေပ ရွိ၍ အျမင့္ ( ၁၂ ) ေပ ထု ( ၄ ) ေပရွိေသာ အုတ္တံတိုင္းျဖင့္ ကာရံတည္ေဆာက္ထားပါသည္။ တံတိုင္း၏ အေရွ႕ဘက္ အေနာက္ဘက္ ေျမာက္ဘက္ တို႔တြင္အတြင္းမွေန၍ ရန္သူအား တိုက္ခိုက္နိုင္ရန္အတြက္ ေသနတ္ပစ္ေပါက္မ်ားစီမံထားရွိၿပီး စုစုေပါင္း အေပါက္အေရအတြက္ (၁၅၄) ခုရွိသည္။

ခံတပ္၏အတြင္းသို႔ဝင္ေရာက္ရန္ အေနာက္ဘက္တြင္ တံခါးတံတိုင္း၏အတြင္းပိုင္းတြင္ စစ္သည္ေတာ္မ်ားေနထိုင္ရန္ အေဆာင္တန္းလ်ား ၂ ခု ႏွင့္ အရာရွိေဆာင္ ( ၁ ) ခုျပဳလုပ္ထားၿပီး အခန္း( ၁၃ ) ခန္းပါရွိပါသည္။

အေဆာင္တန္းလ်ားမ်ား၏ အေရွ႕ဘက္တြင္ အက်ယ္ ( ၁၄ ) ေပ အလ်ား (၁၆၉ )ေပရွိေသာ ဥမင္တစ္ခုျပဳလုပ္ထားၿပီးစစ္တိုက္ရာတြင္အသံုးျပဳေသာ ဆင္မ်ားထားရွိသည့္ အတြက္ ဆင္က်ဳးဟုေခၚၾကသည္။ ဆင္က်ံဳးအတြင္းနံရံ၏အေနာက္ဘက္ျခမ္းတြင္ လက္နက္မ်ားထားရွိရန္ လက္နက္တိုက္တစ္ခုႏွင့္ အရာရွိေဆာင္၏ ေနာက္ဘက္နံရံတြင္ လက္နက္တိုက္တစ္ခုစီမံျပဳလုပ္ထားပါသည္။

ခံတပ္၏ေတာင္ဘက္တြင္ ဆင္ေျခေလ်ာျပဳလုပ္၍ အုတ္ရိုးတန္းမ်ားကာရံထားေသာ ေျမကတုန္ ၄ ဆင့္ျပဳလုပ္ထားပါသည္္။အေပၚဆံုးထပ္ အေရွ႕ဘက္ေနရာတြင္ ေမွ်ာ္စင္တစ္ခုျပဳလုပ္ထားပါသည္။လက္ရွိအေျခအေနတြင္အုတ္ရိုးတန္းမ်ားသာက်န္ရွိသည္။

ခံတပ္တည္ေဆာက္ထားပံုမွာ အဆင့္ ၃ ဆင့္ရွိ ၍ ပထမအဆင့္သာလ်င္ ေျမေပၚတြင္ေပၚလြင္တည္ရွိၿပီး က်န္ ၂ဆင့္မွာ ေျမႀကီးေအာက္တြင္ျဖစ္ပါသည္။ ေျမေအာက္ခံတပ္၏ အလယ္တြင္ေရသိုေလွာင္ထားရွိရန္ အလ်ား( ၇၂) ေပ အနံ(၁၇)ေပ အနက္(၈၅)ေပရွိသည့္ ေျမေအာက္ေရကန္တစ္ခုကိုလည္း စနစ္က်စြာတည္ေဆာက္ထားသည္။

ေဂြးေခ်ာင္းခံတပ္ကို သမုိင္းဝင္ အေဆာက္အအံုအျဖစ္သတ္မွတ္၍ (၁၉၅၇) ခုႏွစ္မွ ယေန႔အခ်ိန္ထိ ေရွးေဟာင္းသုေသသန အမ်ဳိးသားစာၾကည့္တိုက္ႏွင့္ စာၾကည့္တိုက္ဦးစီးဌာနက ျပဳျပင္ထိန္းသိမ္းေစာင့္ေရွာက္လ်က္ရွိပါသည္။

M.H.A (ေတာင္တြင္းႀကီး)

————–

မြန်မာသမိုင်းထဲက ကွေ့ချောင်းခံတပ် (unicode)

ရေးသားသူ – M.H.A (တောင်တွင်းကြီး)

ကွေ့ချောင်းခံတပ် (သို့) ဂွေးချောင်းခံတပ်သည် မကွေးမြို့မှ ၁၂ မိုင်ခန့်အကွာ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းရှိ မင်းလှ ခံတပ်၏အရှေ့တောင်ဘက် ဓါးလွယ်ခုတ် အနေအထားတွင်တည်ရှိပါသည်။

ဂွေးချောင်းခံတပ်ကို မင်းတုန်းမင်း၏ညီတော်ကနောင်မင်းသား၏ ကြီးကြပ်စီစဉ်မှုဖြင့် ပြင်သစ်နှင့် အီတာလျံ လူမျိုးများဖြစ်ကြသည့် ကိုမိုဟိုပယ်ရီ နှင့် မိုရီနာရီတို့နှင့်အတူ မြန်မာအင်ဂျင်နီယာများပူးပေါင်း၍ ခရစ်နှစ် ( ၁၈၆၀ ) ခုနှစ်တွင်တည်ဆောက်ခဲ့ရာ ခရစ်နှစ် ( ၁၈၆၃ ) ခုနှစ်တွင်ပြီးစီးပါသည်။

ဂွေးချောင်းခံတပ်သည် အလျား ( ၂၇၅ ) ပေ အနံ ( ၁၅၅) ပေ ရှိ၍ အမြင့် ( ၁၂ ) ပေ ထု ( ၄ ) ပေရှိသော အုတ်တံတိုင်းဖြင့် ကာရံတည်ဆောက်ထားပါသည်။ တံတိုင်း၏ အရှေ့ဘက် အနောက်ဘက် မြောက်ဘက် တို့တွင်အတွင်းမှနေ၍ ရန်သူအား တိုက်ခိုက်နိုင်ရန်အတွက် သေနတ်ပစ်ပေါက်များစီမံထားရှိပြီး စုစုပေါင်း အပေါက်အရေအတွက် (၁၅၄) ခုရှိသည်။

ခံတပ်၏အတွင်းသို့ဝင်ရောက်ရန် အနောက်ဘက်တွင် တံခါးတံတိုင်း၏အတွင်းပိုင်းတွင် စစ်သည်တော်များနေထိုင်ရန် အဆောင်တန်းလျား ၂ ခု နှင့် အရာရှိဆောင် ( ၁ ) ခုပြုလုပ်ထားပြီး အခန်း( ၁၃ ) ခန်းပါရှိပါသည်။

အဆောင်တန်းလျားများ၏ အရှေ့ဘက်တွင် အကျယ် ( ၁၄ ) ပေ အလျား (၁၆၉ )ပေရှိသော ဥမင်တစ်ခုပြုလုပ်ထားပြီးစစ်တိုက်ရာတွင်အသုံးပြုသော ဆင်များထားရှိသည့် အတွက် ဆင်ကျုးဟုခေါ်ကြသည်။ ဆင်ကျုံးအတွင်းနံရံ၏အနောက်ဘက်ခြမ်းတွင် လက်နက်များထားရှိရန် လက်နက်တိုက်တစ်ခုနှင့် အရာရှိဆောင်၏ နောက်ဘက်နံရံတွင် လက်နက်တိုက်တစ်ခုစီမံပြုလုပ်ထားပါသည်။

ခံတပ်၏တောင်ဘက်တွင် ဆင်ခြေလျောပြုလုပ်၍ အုတ်ရိုးတန်းများကာရံထားသော မြေကတုန် ၄ ဆင့်ပြုလုပ်ထားပါသည်။အပေါ်ဆုံးထပ် အရှေ့ဘက်နေရာတွင် မျှော်စင်တစ်ခုပြုလုပ်ထားပါသည်။လက်ရှိအခြေအနေတွင်အုတ်ရိုးတန်းများသာကျန်ရှိသည်။

ခံတပ်တည်ဆောက်ထားပုံမှာ အဆင့် ၃ ဆင့်ရှိ ၍ ပထမအဆင့်သာလျင် မြေပေါ်တွင်ပေါ်လွင်တည်ရှိပြီး ကျန် ၂ဆင့်မှာ မြေကြီးအောက်တွင်ဖြစ်ပါသည်။ မြေအောက်ခံတပ်၏ အလယ်တွင်ရေသိုလှောင်ထားရှိရန် အလျား( ၇၂) ပေ အနံ(၁၇)ပေ အနက်(၈၅)ပေရှိသည့် မြေအောက်ရေကန်တစ်ခုကိုလည်း စနစ်ကျစွာတည်ဆောက်ထားသည်။

ဂွေးချောင်းခံတပ်ကို သမိုင်းဝင် အဆောက်အအုံအဖြစ်သတ်မှတ်၍ (၁၉၅၇) ခုနှစ်မှ ယနေ့အချိန်ထိ ရှေးဟောင်းသုသေသန အမျိုးသားစာကြည့်တိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။

M.H.A (တောင်တွင်းကြီး)

Leave a Reply