ဥာဏ္ေကာင္းလုိသူတုိင္း အလြယ္တကူလုပ္ႏုိင္တဲ့ ဦးေႏွာက္ေလ့က်င့္ခန္းမ်ား

Posted on

ေရးသားသူ – သမန္းက်ား (ရတနာပုံေန႔စဥ္)

ခႏၶာကုိယ္ သြက္လက္ဖ်တ္လတ္ေနဖုိ႔ ကုိယ္လက္ လႈပ္ရွားမႈ လုိအပ္သလုိ ဦးေႏွာက္လန္းဆန္း ေနဖုိ႔လဲ ဦးေႏွာက္ ေလ့က်င့္ခန္းေတြ လုပ္ဖုိ႔ လုိပါတယ္။ တစ္ေနကုန္ထုိင္ၿပီး စာပဲလုပ္ေနရင္ တစ္ကုိယ္လံုး ေညာင္းညာကုိက္ခဲလာမယ္။ အဲဒါက ကုိယ္လက္ လႈပ္ရွားလုိက္မွ သက္သာမယ္။ ဒီအတုိင္းပါပဲ ဦးေႏွာက္ကုိလဲ ေန႔စဥ္လုပ္ေနက် အလုပ္တစ္မ်ိဳးပဲ လုပ္ခုိင္းေနမယ္ ဆုိရင္ ထံသြားႏုိင္ ပါတယ္။ အသက္ႀကီးလာ တာနဲ႔အမွ် မွတ္ဥာဏ္ေပ်ာက္ဆံုးမႈ ကလဲ ပုိလာပါလိမ့္မယ္။ ဒီေတာ့ ဦးေႏွာက္ ေလ့က်င့္ခန္း ေတြလုပ္ဖုိ႔ လုိပါတယ္။ ေလ့က်င့္ခန္းေတြ ဆုိတာကလဲ ပုိက္ဆံတစ္ျပားမွ မကုန္ဘဲ အလုပ္မပ်က္ ၊ အသြားအလာ မပ်က္ လုပ္လုိ႔ရတဲ့ ေလ့က်င့္ခန္းေတြျဖစ္ပါတယ္။

သြားတုိက္တဲ့လက္ကုိ ေျပာင္းပါ 

ခါတုိင္း ညာဘက္လက္နဲ႔ တုိက္တာကုိ ဘယ္ဘက္လက္နဲ႔ တုိက္လုိက္႐ံုနဲ႔ ဦးေႏွာက္ရဲ႕ အျပင္လႊာ ဟာ သိသိသာသာ လႈပ္ရွားျပန္႔ကား လာပါတယ္။ Cortex လုိ႔ေခၚတဲ့ ဒီအပုိင္းက လက္ကေန ေပးပုိ႔တဲ့ အထိအေတြ႕အာ႐ံုကုိ စီမံပါတယ္။ သြားတုိက္ေဆးဘူး ဖြင့္တာကအစ လက္ေျပာင္းၿပီး လုပ္ၾကည့္ပါ။

မ်က္စိမွိတ္ၿပီး ေရခ်ိဳးပါ 

ဒါကလဲ လက္ကေန ေပးပုိ႔တဲ့ အထိအေတြ႕အာ႐ံုကုိ ဦးေႏွာက္ရဲ႕ အျပင္လႊာက ပုိဂ႐ုစုိက္မိ လာေအာင္ ၊ အျပင္လႊာ အရြယ္အစား ပုိႀကီးလာေအာင္ လုပ္ေပးတဲ့ ေလ့က်င့္ခန္း ျဖစ္ပါတယ္။ ေရပုိက္ေခါင္းဖြင့္တာ ၊ လုိတဲ့ပစၥည္းရွာတာ ၊ တစ္ကုိယ္လံုးကုိ ပြတ္သပ္ ေဆးေၾကာတာ ၊ ေနာက္ဆံုး ေရခ်ိဳးခန္းထဲက ျပန္ထြက္လာတဲ့ အထိ အတတ္ႏုိင္ဆံုး မ်က္လံုး မွိတ္ထားပါ။

မနက္ခင္းျပဳဖြယ္ကိစၥေတြကုိ အစီအစဥ္မၾကာခဏ ေျပာင္းေပးပါ 

ဦးေႏွာက္ဟာ ပံုေသကားက် ဆန္သြားတဲ့ အလုပ္ေတြကုိ အလုိအေလွ်ာက္ပဲ လုပ္ပါေတာ့တယ္။ ဒီေတာ့ ဦးေႏွာက္ ေလ့က်င့္ခန္း မျဖစ္ဘူးေပါ့။ အစီအစဥ္ေျပာင္းေပးျခင္းျဖင့္ ဦးေႏွာက္ရဲ႕ အျပင္လႊာျပန္ၿပီး လႈပ္ရွားတက္ၾကြ လာပါမယ္။ ဦးေႏွာက္ထဲက အေရးပါတဲ့ အစိတ္အပုိင္းေတြကုိ ျပန္ၿပီး လႈံ႕ေဆာ္ေပး ပါလိမ့္မယ္။

ပစၥည္းေတြကုိ ေျပာင္းျပန္ထားပါ

အတည့္ကေတာ့ အၿမဲျမင္ေနတာ ဆုိေတာ့ ဦးေႏွာက္က အလုိအေလွ်ာက္ နာမည္တပ္ၿပီးသား ျဖစ္သြားတာေပါ့။ စားပဲြတင္နာရီကုိ ေျပာင္းျပန္ထား ၾကည့္ပါ။ ဦးေႏွာက္အတြက္ အသစ္ျဖစ္သြားေလေတာ့ ဦးေႏွာက္ ညာဘက္ပုိင္းက ေနပါဦး ၊ ဒါက ဘာတုန္းဟ ဆုိၿပီး ထၾကည့္ပါလိမ့္မယ္။ နာရီ ၊ ျပကၡဒိန္ ၊ ဓာတ္ပံု စသျဖင့္ ေျပာင္းျပန္ထားလုိ႔ ရတာကုိ ေျပာင္းျပန္ထားပါ။

ထမင္းစား စားပဲြမွာ ေနရာေျပာင္းထုိင္ပါ

အဓိကကေတာ့ ဦးေႏွာက္ကုိ ပံုေသကားက် ရပ္၀န္းကေန ထြက္ေစတာပါပဲ။ ကုိယ္ေနရာနဲ႔ကုိယ္ အၿမဲထိုင္ေတာ့ ေရွ႕မွာ ျမင္ရတဲ့ျမင္ကြင္း ၊ ကုိယ့္ဘယ္ဘက္မွာ ဘယ္သူရွိတယ္။ ဇြန္းကုိ လွမ္းယူရင္ ဘယ္လုိ ယူရတယ္ဆုိတာ ဦးေႏွာက္က အလြတ္မွတ္မိ ေနပါတယ္။ ေနရာေျပာင္းထုိင္ လုိက္ျခင္းျဖင့္ ဦးေႏွာက္အတြက္ အားလံုး အသစ္အဆန္း ျဖစ္သြားၿပီးေတာ့ အလုပ္ျပန္လုပ္ လာပါလိမ့္မယ္။

ႏွာေခါင္းကုိ အနံ႔အသစ္ေတြေပးပါ

ေကာ္ဖီထဲ အနံ႔တစ္မ်ိဳး ေျပာင္းထည့္ပါ။ အိပ္ခန္းထဲ ထားတဲ့ ေလသန္႔အထုပ္ကုိ အနံ႔အသစ္ ေျပာင္းပါ။ ေခါင္းေလွ်ာ္ရည္ ၊ ဆပ္ျပာ ၊ ေရေမႊး အစရွိသျဖင့္ ကုိယ္သံုးေနတာ ေတြကုိ အနံ႔အမ်ိဳးမ်ိဳး ေျပာင္းၿပီး သံုးေပးျခင္း အားျဖင့္ ႏွာေခါင္းက ေပးပုိ႔တဲ့ အနံ႔ကုိ စီမံတဲ့ ဦးေႏွာက္ အစိတ္အပုိင္း အၿငိမ္ေနေနလုိ႔ မရေတာ့ဘဲ ထၾကြလႈပ္ရွားလာ ပါလိမ့္မယ္။

ကားမွန္ကုိဖြင့္ေပးပါ

မွတ္ဥာဏ္ကုိ စီမံတဲ့ ဦးေႏွာက္အပိုင္းက အနံ႔ ၊ အသံ ၊ ျမင္ကြင္း တုိ႔ကုိ စုစည္းေပါင္းစပ္ၿပီး အာ႐ံုေျမပံုေတြကုိ ေရးဆဲြပါတယ္။ ကုိယ္ ကားေမာင္းသြားတဲ့ လမ္းတစ္ေလွ်ာက္မွာ ရတဲ့ အနံ႔အသစ္ေတြ ၊ အသံအသစ္ေတြ ၊ ျမင္ကြင္းအသစ္ေတြ ကုိ မွတ္ပါ။ ကားတံခါးမွန္ကို ဖြင့္ထားေတာ့ အဲဒီအနံ႔ ၊ အသံ ၊ အထိအေတြ႕ ၊ အပူအေအး အစရွိတာေတြက သဘာ၀နဲ႔ ပုိနီးစပ္သြား တာေပါ့။ ဒါေၾကာင့္ Hiking လုိ႔ေခၚတဲ့ ေတာတြင္း လမ္းေလွ်ာက္ခရီးက မွတ္ဥာဏ္ကုိ တုိးတက္ ေကာင္းမြန္ေစ ပါတယ္။

လက္ရဲ႕အထိအေတြ႕ကုိ ဦးေႏွာက္ကုိ မွန္းခိုင္းျခင္းက အလြန္ေကာင္းတဲ့ ေလ့က်င့္ခန္းပါ

အေၾကြေစ့ အမ်ိဳးမ်ိဳး ေဆာင္ထားပါ။ မီးပြိဳင့္မွာ မီးနီျဖတ္ဖုိ႔ ေစာင့္ေနတုန္း လက္နဲ႔ကုိင္ၿပီး ဘယ္ေလာက္တန္လဲ ဆုိတာ မွန္းၾကည့္ပါ။ မ်က္စိမွိတ္ၿပီး ပစၥည္း ၁၀ မ်ိဳး လက္ထဲလာထည့္ေၾကး ၊ အမ်ားဆံုးမွန္သူ ႏုိင္ေၾကး ကစားၾကည့္ပါ။ လူေတြနဲ႔ အလုပ္ကိစၥ မဟုတ္တဲ့ အာလာပသလႅာပ ေလးေတြ ေျပာေပးပါ။ ခါတုိင္းဖတ္ေနက် မဟုတ္တဲ့ စာေတြ ၊ နားေထာင္ေနက် မဟုတ္တဲ့ သီခ်င္းေတြ နားေထာင္ေပးပါ။ ဘာသာစကား အသစ္ေတြကုိ ေလ့လာပါ။ လုိက္ေျပာပါ။ ထူးထူးဆန္းဆန္း ေလးေတြ လုပ္စားပါ။

ငယ္ရြယ္ႏုနယ္သူေတြ အေနနဲ႔လဲ ဦးေႏွာက္ ပုိေျပးေအာင္ ၊ ပုိသြက္ေအာင္ ေလ့က်င့္ဖုိ႔ လုိသလုိ လူႀကီးပုိင္းကလဲ မွတ္ဥာဏ္ ေပ်ာက္ဆံုးမႈကုိ အထုိက္အေလွ်ာက္ တားဆီးႏုိင္ဖုိ႔ ဦးေႏွာက္ ေလ့က်င့္ခန္းေလးေတြ လုပ္ဖုိ႔လုိတာမုိ႔ အခုလုိ ေလ့လာေရးသား လုိက္ရပါတယ္။

သမန္းက်ား
ရတနာပုံေန႔စဥ္

————–

ဥာဏ်ကောင်းလိုသူတိုင်း အလွယ်တကူလုပ်နိုင်တဲ့ ဦးနှောက်လေ့ကျင့်ခန်းများ (unicode)

ရေးသားသူ – သမန်းကျား (ရတနာပုံနေ့စဉ်)

ခန္ဓာကိုယ် သွက်လက်ဖျတ်လတ်နေဖို့ ကိုယ်လက် လှုပ်ရှားမှု လိုအပ်သလို ဦးနှောက်လန်းဆန်း နေဖို့လဲ ဦးနှောက် လေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုပါတယ်။ တစ်နေကုန်ထိုင်ပြီး စာပဲလုပ်နေရင် တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲလာမယ်။ အဲဒါက ကိုယ်လက် လှုပ်ရှားလိုက်မှ သက်သာမယ်။ ဒီအတိုင်းပါပဲ ဦးနှောက်ကိုလဲ နေ့စဉ်လုပ်နေကျ အလုပ်တစ်မျိုးပဲ လုပ်ခိုင်းနေမယ် ဆိုရင် ထံသွားနိုင် ပါတယ်။ အသက်ကြီးလာ တာနဲ့အမျှ မှတ်ဥာဏ်ပျောက်ဆုံးမှု ကလဲ ပိုလာပါလိမ့်မယ်။ ဒီတော့ ဦးနှောက် လေ့ကျင့်ခန်း တွေလုပ်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်းတွေ ဆိုတာကလဲ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ အလုပ်မပျက် ၊ အသွားအလာ မပျက် လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။

သွားတိုက်တဲ့လက်ကို ပြောင်းပါ

ခါတိုင်း ညာဘက်လက်နဲ့ တိုက်တာကို ဘယ်ဘက်လက်နဲ့ တိုက်လိုက်ရုံနဲ့ ဦးနှောက်ရဲ့ အပြင်လွှာ ဟာ သိသိသာသာ လှုပ်ရှားပြန့်ကား လာပါတယ်။ Cortex လို့ခေါ်တဲ့ ဒီအပိုင်းက လက်ကနေ ပေးပို့တဲ့ အထိအတွေ့အာရုံကို စီမံပါတယ်။ သွားတိုက်ဆေးဘူး ဖွင့်တာကအစ လက်ပြောင်းပြီး လုပ်ကြည့်ပါ။

မျက်စိမှိတ်ပြီး ရေချိုးပါ

ဒါကလဲ လက်ကနေ ပေးပို့တဲ့ အထိအတွေ့အာရုံကို ဦးနှောက်ရဲ့ အပြင်လွှာက ပိုဂရုစိုက်မိ လာအောင် ၊ အပြင်လွှာ အရွယ်အစား ပိုကြီးလာအောင် လုပ်ပေးတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ရေပိုက်ခေါင်းဖွင့်တာ ၊ လိုတဲ့ပစ္စည်းရှာတာ ၊ တစ်ကိုယ်လုံးကို ပွတ်သပ် ဆေးကြောတာ ၊ နောက်ဆုံး ရေချိုးခန်းထဲက ပြန်ထွက်လာတဲ့ အထိ အတတ်နိုင်ဆုံး မျက်လုံး မှိတ်ထားပါ။

မနက်ခင်းပြုဖွယ်ကိစ္စတွေကို အစီအစဉ်မကြာခဏ ပြောင်းပေးပါ

ဦးနှောက်ဟာ ပုံသေကားကျ ဆန်သွားတဲ့ အလုပ်တွေကို အလိုအလျှောက်ပဲ လုပ်ပါတော့တယ်။ ဒီတော့ ဦးနှောက် လေ့ကျင့်ခန်း မဖြစ်ဘူးပေါ့။ အစီအစဉ်ပြောင်းပေးခြင်းဖြင့် ဦးနှောက်ရဲ့ အပြင်လွှာပြန်ပြီး လှုပ်ရှားတက်ကြွ လာပါမယ်။ ဦးနှောက်ထဲက အရေးပါတဲ့ အစိတ်အပိုင်းတွေကို ပြန်ပြီး လှုံ့ဆော်ပေး ပါလိမ့်မယ်။

ပစ္စည်းတွေကို ပြောင်းပြန်ထားပါ

အတည့်ကတော့ အမြဲမြင်နေတာ ဆိုတော့ ဦးနှောက်က အလိုအလျှောက် နာမည်တပ်ပြီးသား ဖြစ်သွားတာပေါ့။ စားပွဲတင်နာရီကို ပြောင်းပြန်ထား ကြည့်ပါ။ ဦးနှောက်အတွက် အသစ်ဖြစ်သွားလေတော့ ဦးနှောက် ညာဘက်ပိုင်းက နေပါဦး ၊ ဒါက ဘာတုန်းဟ ဆိုပြီး ထကြည့်ပါလိမ့်မယ်။ နာရီ ၊ ပြက္ခဒိန် ၊ ဓာတ်ပုံ စသဖြင့် ပြောင်းပြန်ထားလို့ ရတာကို ပြောင်းပြန်ထားပါ။

ထမင်းစား စားပွဲမှာ နေရာပြောင်းထိုင်ပါ

အဓိကကတော့ ဦးနှောက်ကို ပုံသေကားကျ ရပ်ဝန်းကနေ ထွက်စေတာပါပဲ။ ကိုယ်နေရာနဲ့ကိုယ် အမြဲထိုင်တော့ ရှေ့မှာ မြင်ရတဲ့မြင်ကွင်း ၊ ကိုယ့်ဘယ်ဘက်မှာ ဘယ်သူရှိတယ်။ ဇွန်းကို လှမ်းယူရင် ဘယ်လို ယူရတယ်ဆိုတာ ဦးနှောက်က အလွတ်မှတ်မိ နေပါတယ်။ နေရာပြောင်းထိုင် လိုက်ခြင်းဖြင့် ဦးနှောက်အတွက် အားလုံး အသစ်အဆန်း ဖြစ်သွားပြီးတော့ အလုပ်ပြန်လုပ် လာပါလိမ့်မယ်။

နှာခေါင်းကို အနံ့အသစ်တွေပေးပါ

ကော်ဖီထဲ အနံ့တစ်မျိုး ပြောင်းထည့်ပါ။ အိပ်ခန်းထဲ ထားတဲ့ လေသန့်အထုပ်ကို အနံ့အသစ် ပြောင်းပါ။ ခေါင်းလျှော်ရည် ၊ ဆပ်ပြာ ၊ ရေမွှေး အစရှိသဖြင့် ကိုယ်သုံးနေတာ တွေကို အနံ့အမျိုးမျိုး ပြောင်းပြီး သုံးပေးခြင်း အားဖြင့် နှာခေါင်းက ပေးပို့တဲ့ အနံ့ကို စီမံတဲ့ ဦးနှောက် အစိတ်အပိုင်း အငြိမ်နေနေလို့ မရတော့ဘဲ ထကြွလှုပ်ရှားလာ ပါလိမ့်မယ်။

ကားမှန်ကိုဖွင့်ပေးပါ

မှတ်ဥာဏ်ကို စီမံတဲ့ ဦးနှောက်အပိုင်းက အနံ့ ၊ အသံ ၊ မြင်ကွင်း တို့ကို စုစည်းပေါင်းစပ်ပြီး အာရုံမြေပုံတွေကို ရေးဆွဲပါတယ်။ ကိုယ် ကားမောင်းသွားတဲ့ လမ်းတစ်လျှောက်မှာ ရတဲ့ အနံ့အသစ်တွေ ၊ အသံအသစ်တွေ ၊ မြင်ကွင်းအသစ်တွေ ကို မှတ်ပါ။ ကားတံခါးမှန်ကို ဖွင့်ထားတော့ အဲဒီအနံ့ ၊ အသံ ၊ အထိအတွေ့ ၊ အပူအအေး အစရှိတာတွေက သဘာဝနဲ့ ပိုနီးစပ်သွား တာပေါ့။ ဒါကြောင့် Hiking လို့ခေါ်တဲ့ တောတွင်း လမ်းလျှောက်ခရီးက မှတ်ဥာဏ်ကို တိုးတက် ကောင်းမွန်စေ ပါတယ်။

လက်ရဲ့အထိအတွေ့ကို ဦးနှောက်ကို မှန်းခိုင်းခြင်းက အလွန်ကောင်းတဲ့ လေ့ကျင့်ခန်းပါ

အကြွေစေ့ အမျိုးမျိုး ဆောင်ထားပါ။ မီးပွိုင့်မှာ မီးနီဖြတ်ဖို့ စောင့်နေတုန်း လက်နဲ့ကိုင်ပြီး ဘယ်လောက်တန်လဲ ဆိုတာ မှန်းကြည့်ပါ။ မျက်စိမှိတ်ပြီး ပစ္စည်း ၁၀ မျိုး လက်ထဲလာထည့်ကြေး ၊ အများဆုံးမှန်သူ နိုင်ကြေး ကစားကြည့်ပါ။ လူတွေနဲ့ အလုပ်ကိစ္စ မဟုတ်တဲ့ အာလာပသလ္လာပ လေးတွေ ပြောပေးပါ။ ခါတိုင်းဖတ်နေကျ မဟုတ်တဲ့ စာတွေ ၊ နားထောင်နေကျ မဟုတ်တဲ့ သီချင်းတွေ နားထောင်ပေးပါ။ ဘာသာစကား အသစ်တွေကို လေ့လာပါ။ လိုက်ပြောပါ။ ထူးထူးဆန်းဆန်း လေးတွေ လုပ်စားပါ။

ငယ်ရွယ်နုနယ်သူတွေ အနေနဲ့လဲ ဦးနှောက် ပိုပြေးအောင် ၊ ပိုသွက်အောင် လေ့ကျင့်ဖို့ လိုသလို လူကြီးပိုင်းကလဲ မှတ်ဥာဏ် ပျောက်ဆုံးမှုကို အထိုက်အလျှောက် တားဆီးနိုင်ဖို့ ဦးနှောက် လေ့ကျင့်ခန်းလေးတွေ လုပ်ဖို့လိုတာမို့ အခုလို လေ့လာရေးသား လိုက်ရပါတယ်။

သမန်းကျား
ရတနာပုံနေ့စဉ်

Leave a Reply