အာရွ ႏုိဘယ္ဆုရွင္ ကခ်င္အမ်ဳိးသမီး လဖုိင္ဆုိင္းေနာ္

Posted on

ေရးသားသူ – ေဇာ္ေနာင္လင္း

ငယ္စဥ္ကတည္းက ဖခင္ျဖစ္သူက ဆံုးပါးခဲ့တာေၾကာင့္ မိခင္ျဖစ္သူ ဦးေဆာင္တဲ့ မိသားစုမွာႀကီးျပင္းလာခဲ့ရတဲ့သူ႔အတြက္ အိမ္ေထာင္က်ၿပီး သိပ္မၾကာခင္မွာ ခင္ပြန္းျဖစ္သူဆံုးပါးသြားခဲ့တာကလည္း မုဆုိးမတစ္ဦးအျဖစ္သားျဖစ္သူကို ႀကီးျပင္းေအာင္ ျပဳစုခဲ့ရာမွာ အမ်ိဳးသမီးတစ္ဦးရဲ႕ ဦးေဆာင္မႈ အခန္းက႑ကို အစဥ္အဆက္ခံယူသလို ျဖစ္ေစခဲ့တယ္။

သူ႔ဘ၀တစ္ေလ်ာက္ အသက္ေမြး၀မ္းေၾကာင္းအတြက္ ရပ္တည္လုပ္ကိုင္ရာမွာေရာ၊ ပရဟိတလုပ္ငန္းေတြ လုပ္ကိုင္ရာမွာေရာ ကိုယ္ပိုင္ဆံုးျဖတ္ႏိုင္စြမ္းရွိတဲ့ အမ်ိဳးသမီးေတြ အမ်ားအျပားပါ၀င္တဲ့ အဖြဲ႕အစည္းမွာပဲလုပ္ကိုင္ခဲ့ရတာကိုေတြ႔ရတယ္။

ဒါေၾကာင့္လည္း လဖိုင္ဆိုင္းေရာ္က “ အမ်ိဳးသမီးေတြဦးေဆာင္တယ္ဆိုတာ ကၽြန္မအတြက္ေတာ့ အထူးအဆန္းမဟုတ္ေတာ့ဘူး” လို႔ ဆိုခဲ့တာ ျဖစ္မယ္ထင္တယ္။

လဖိုင္ဆိုင္းေရာ္ဟာ အာရွေဒသရဲ႕ႏိုဘယ္ဆုလို႔ တင္စားေခၚေ၀ၚၾကတဲ့ ေရမြန္မက္ေဆးေဆးဆုကို ရရွိခဲ့တဲ့ ပထမဆံုး ကခ်င္အမ်ိဳးသမီးတစ္ဦးပါ။ ကြယ္လြန္သူဖိလစ္ပိုင္သမၼတေဟာင္း ေရမြန္မက္ေဆးေဆးကို ဂုဏ္ျပဳေသာအားျဖင့္ အာရွႏိုင္ငံေတြအထဲက လူသားခ်င္းစာနာေထာက္ထားမႈလုပ္ငန္းေတြလုပ္ေဆာင္သူ၊ အေျပာင္းအလဲေဆာင္ရြက္သူေတြကို ႏွစ္စဥ္ေရြးခ်ယ္ဆုေပးအပ္ေနတဲ့ အဲဒီဆုကို လဖိုင္ဆိုင္းေရာ္က ၂၀၁၃ ခုႏွစ္အတြက္ ရရွိခဲ့တာပါ။

သူဦးေဆာင္ပါ၀င္လုပ္ကိုင္ေနတဲ့ ေမတၱာဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္းကလည္း ျမန္မာႏိုင္ငံအႏွံ႔အျပားက စစ္မက္ျဖစ္ပြားရာေဒသေတြနဲ႔ သဘာ၀ေဘးဒဏ္သင့္ေဒသေတြမွာ ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနတဲ့ ပရဟိတအဖြဲ႔အစည္းတစ္ခုျဖစ္ပါတယ္။ျမန္မာႏိုင္ငံအတြင္းက ဖြံ႕ၿဖိဳးတိုးတက္မႈနည္းပါးတဲ့ေဒသေတြမွာ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြကို ကူညီလုပ္ေဆာင္ေပးဖို႔ရည္ရြယ္ခ်က္နဲ႔ ၁၉၉၈ ခုႏွစ္မွာ ဘာသာအသီးသီး၊ လူမ်ိဳးအေထြေထြကပုဂၢိဳလ္ေတြစုေပါင္းၿပီး ေမတၱာဖြံ႕ၿဖိဳးေရးေဖာင္ေဒးရွင္းကို ထူေထာင္ခဲ့တာပါ။

ၿငိမ္းခ်မ္းေရးနဲ႔အတူေဒသဖြံ႕ၿဖိဳးေရးလမ္းစဥ္ကိုေဖာ္ေဆာင္ဖို႔လိုအပ္တယ္ဆိုတဲ့ အသိတစ္ခုနဲ႔ အဲဒီေဖာင္ေဒးရွင္းကို ႏွစ္ေပါင္းမ်ားစြာ ဦးေဆာင္ပါ၀င္ခဲ့တဲ့ လဖိုင္ဆိုင္းေရာ္ကေတာ့ ၂၀၀၈ခုႏွစ္ကစၿပီး ေဖာင္ေဒးရွင္းရဲ႕ ပထမဆံုး အမႈေဆာင္ဒါရိုက္တာျဖစ္လာခဲ့တယ္။

ရာမြန္မတ္ေဆးေဆးဆု ရခဲ့တာနဲ႔ပတ္သက္ၿပီး “ကၽြန္မ ဆုရတဲ့အခါ တိုင္းရင္းသားေခါင္းေဆာင္ေတြကေရာ၊ ေ၀းလံတဲ့ ေဒသကလူေတြပါ အားလံုးက ၀မ္းပန္းတသာျဖစ္တာကို ၾကားရတဲ့အခါ ဆုရတာ ေတာ္ေတာ္၀မ္းသာမိတယ္။ အဖြဲ႔အစည္းရဲ႕ေအာင္ျမင္မႈကို ႏိုင္ငံတကာက အသိအမွတ္ျပဳတာထက္ ကိုယ့္ျပည္တြင္းက အသိအမွတ္ျပဳတာကို ပိုႀကိဳက္တယ္။ ကၽြန္မအတြက္ အားေဆးပါပဲ” လို႔ လဖိုင္ဆိုင္းေရာ္က ဖြင့္ဟတယ္။

လဖိုင္ဆိုင္းေရာ္ဟာ ခရစ္ယာန္ဘာသာ၀င္ တစ္ဦးပါ။ သူ႔ကို ကခ်င္ျပည္နယ္ျဖစ္ႀကီးနားၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး ေမြးခ်င္း ေလး ေယာက္အထဲက အငယ္ဆံုးသမီးျဖစ္ပါတယ္။ ဖခင္ျဖစ္သူက သူ ၁၀ လသားအရြယ္မွာပဲ ဆံုးပါးသြားခဲ့ေတာ့ မိခင္ျဖစ္သူကပဲ မိသားစုကို ဦးေဆာင္ခဲ့ရပါတယ္။ ျမစ္ႀကီးနားၿမိဳ႕မွာ တကၠသိုလ္၀င္တန္းေအာင္ျမင္ခဲ့ၿပီးေနာက္ မႏၱေလးတကၠသိုလ္နဲ႔ ရန္ကုန္တကၠသိုလ္တို႔မွာ ပညာဆက္လက္သင္ၾကားခဲ့ၿပီး ၁၉၇၂ ခုႏွစ္မွာေတာ့ ရန္ကုန္တကၠသိုလ္ကေန စိတ္ပညာအထူးျပဳနဲ႔ ၀ိဇာဘြဲ႕ရခဲ့တယ္။၁၀ တန္းေအာင္ျမင္ခဲ့ၿပီးေနာက္ အသံုးလံုးသင္တန္းေတြမွာ ပါ၀င္ကူညီရင္းပရဟိလုပ္ငန္းေတြမွာ စိတ္၀င္စားခဲ့တယ္ဆိုတာ သူ႔ကိုယ္သူ သိလာခဲ့တယ္လို႔ လဖိုင္ဆိုင္းေရာ္က ဆိုပါတယ္။

ဘြဲ႕ရၿပီးတဲ့ေနာက္ ရန္ကုန္မွာအေျခခ်ရင္း ဂ်ာမနီသံရံုးက သံတမန္တစ္ေယာက္နဲ႔အိမ္ေထာင္ျပဳခဲ့ၿပီး ေနာက္ပိုင္းမွာ ဂ်ာမနီႏိုင္ငံမွာ ၁၉၇၉ ကေန ၁၉၈၈ အထိ ႏွစ္ေပါင္းအေတာ္ၾကာေနထိုင္ခဲ့တယ္။ အဲဒီကာလတစ္ေလ်ာက္မွာေတာ့ ပရဟိတလုပ္ငန္းေတြဘက္ကို သူတြင္တြင္က်ယ္က်ယ္ ေျခဦးမလွည့္ႏိုင္ခဲ့ဘူး။

သူက“ အဲဒီမွာ အလုပ္လုပ္တယ္။ အဓိက ကေတာ့ ျမန္မာႏိုင္ငံမွာ ဖြံ႕ၿဖိဳးေရးလုပ္ကိုင္မယ့္ ဂ်ာမန္ အိတ္စပတ္ေတြနဲ႔ ဒီပလိုမတ္ေတြကို အေျခခံျမန္မာစကား သင္ေပးရတယ္။ ဒါေပမဲ့ အခ်ိန္ျပည့္ေတာ့မဟုတ္ဘူး။ ကေလးတစ္ေယာက္နဲ႔ဆိုေတာ့ေလ” လို႔ ဂ်ာမနီႏိုင္ငံမွာေနထိုင္ ျဖတ္သန္းခဲ့ရပံုတခ်ိဳ႕ကို ေျပာျပတယ္။

၁၉၈၈ ခုႏွစ္ေလာက္မွာေတာ့ ပရဟိတလုပ္ငန္းေတြကို စတင္လုပ္ကိုင္ျဖစ္ခဲ့တယ္။ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာေနထိုင္ရင္း Representative office of Kachin Affair ကို ထူေထာင္ၿပီး တရုတ္၊ျမန္မာနယ္စပ္မွာရွိတဲ့ ကခ်င္ဒုကၡသည္ေတြရဲ႕ ျပန္လည္ထူေထာင္ေရးနဲ႔ ပညာေရးလုပ္ငန္းေတြ ကိုလုပ္ေဆာင္ခဲ့တယ္။

၁၉၉၄ ခုႏွစ္မွာ ကခ်င္ျပည္နယ္မွာ အပစ္အခတ္ရပ္စဲေရးလက္မွတ္ေရးထိုးႏိုင္ခဲ့တဲ့အခါမွာေတာ့ ကခ်င္ဒုကၡသည္ေတြရဲ႕ ျပန္လည္ေနရာခ်ထားႏိုင္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ခဲ့တယ္။

၁၉၉၇ ခုႏွစ္မွာေတာ့ ရန္ကုန္မွာ ျပန္လည္အေျခခ်ေနထိုင္ရင္း အဲဒီလုပ္ငန္းေတြကို တစိုက္မတ္မတ္လုပ္ကိုင္ခဲ့တယ္။ ေမတၱာေဖာင္ေဒးရွင္းကို ဦးေဆာင္ပါ၀င္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ သူ႔ရဲ႕ပရဟိတလုပ္ငန္းေတြက ပိုက်ယ္ျပန္႔လာခဲ့တယ္။

“ အဓိကေက်းဇူးတင္မိတာကေတာ့ KIO ဥကၠဌ ဘရမ္ဆိုင္းပဲ။ ဂ်ာမဏီမွာရွိတုန္းက သူေရာက္လာတယ္။ လက္နက္ကိစၥမေျပာဘူး။ KIO ၀င္ဖို႔ မေျပာဘူး။ တို႔လူမ်ိဳးေတြဟာ ေနာက္က်က်န္ခဲ့ၿပီ။ ၿငိမ္းခ်မ္းဖို႔လိုတယ္ဆိုတာ ေျပာတယ္။ ဒါေၾကာင့္ ပရဟိတဘက္ကိုလုပ္ဖို႔ ဆႏၵရွိသြားတယ္။ ပါ၀င္ခဲ့တယ္။ တကယ္လို႔ သူသာေရာက္မလာဘူးဆိုရင္ တမ်ိဳးျဖစ္သြားမလားပဲ။ ကိုယ္ဟာကိုယ္ ပရဟိတ လုပ္တာရွိေပမယ့္ သူနဲ႔ေတြ႕ၿပီးမွ က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ျဖစ္ခဲ့တာ” လို႔ လဖိုင္ဆိုင္းေရာ္က ပရဟိတလုပ္ငန္းေတြ လုပ္ျဖစ္ခဲ့ရပံုကို ေျပာျပတယ္။

သူဟာ ကခ်င္အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေပမယ့္ ပရဟိတလုပ္ငန္းေတြလုပ္ေဆာင္ရာမွာေတာ့ ေဒသစြဲ၊ လူမ်ိဳးစြဲမထားဘဲ လိုအပ္ေနတဲ့ေနရာေတြမွာ ပူးေပါင္းလုပ္ေဆာင္ခဲ့တယ္။ နာဂစ္မုန္တိုင္းတိုက္ခတ္ခဲ့ၿပီးေနာက္ ဧရာ၀တီတိုင္းေဒသႀကီးမွာ ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြ စတင္လုပ္ေဆာင္ခဲ့ၿပီး လက္ရွိအခ်ိန္အထိလည္း ဆက္လက္လုပ္ေဆာင္ေနဆဲပါ။ ရာမြန္မတ္ေဆးေဆးဆုရခဲ့တဲ့ အေမရိကန္ေဒၚလာ ငါးေသာင္းနဲ႔ ဧရာ၀တီဆိုတဲ့ အဖြဲ႕တစ္ခုကို ဖြဲ႔စည္းၿပီးဧရာ၀တီျမစ္တစ္ေလ်ာက္ေနထိုင္ၾကသူေတြရဲ႕ လူေနမႈပံုစံေတြ အသိပညာေတြ ဖလွယ္ႏိုင္ဖို႔၊ ပူးေပါင္းေဆာင္ရြက္ႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ သူကဆိုတယ္။

“ နာဂစ္မွာ မေကာင္းတဲ့ အနိဌာရံုေတြျဖစ္ခဲ့ရတယ္။ ဒါေပမဲ့ နာဂစ္မွာ အစိုးရရယ္၊ လူမႈအဖြဲ႕အစည္းေတြရယ္၊ စီးပြားေရးလုပ္ငန္းရွင္ေတြရယ္ ပူးေပါင္းၿပီး ျပန္လည္ကယ္ဆယ္ေရးလုပ္တဲ့အခါ ၀ိုင္း၀န္းလုပ္ေဆာင္ႏိုင္တဲ့ဟာကိုေတာ့ ေက်နပ္မိတယ္။ ဒါကို ေရွ႕ဆက္ၿပီးခိုင္ၿမဲေအာင္လုပ္သြားၾကဖို႔ပဲလိုတယ္” လို႔ သူကဆိုတယ္။

နာဂစ္မုန္တိုင္းတိုက္ခတ္ခဲ့ၿပီးတဲ့ေနာက္ ျမန္မာႏိုင္ငံကိုေထာက္ပံ့တဲ့ INGO၊ NGO ေတြ အမ်ားအျပားတိုးတက္လာၿပီး ပရဟိတလုပ္ေဆာင္ႏိုင္တဲ့ နယ္ပယ္ေတြက်ယ္ျပန္႔လာတာကို သူကအေကာင္းဘက္ကရႈျမင္တယ္။ ဒါေပမဲ့ ကခ်င္ေဒသမွာ အစိုးရနဲ႔ KIO တို႔ ၂၀၁၃ ခုႏွစ္က သေဘာတူခဲ့တဲ့ အခ်က္ (၇) ခ်က္ထဲက “နယ္ေျမလံုၿခံဳေရးအရ ေနရပ္စြန္႔ခြာ ေရႊ႕ေျပာင္းေနထိုင္သည့္ ျပည္သူမ်ားအတြက္ ျပန္လည္ထူေထာင္ေရးကိစၥမ်ားကို ႏွစ္ဘက္ညိႈႏိႈင္းေဆာင္ရြက္မည္”ဆိုတဲ့ သေဘာတူညီခ်က္ကို တစ္ႏွစ္ေက်ာ္ၾကာလာတဲ့အထိ အေကာင္အထည္မေဖာ္ႏိုင္တာကိုေတာ့ အားမလိုအားမရ ျဖစ္မိတယ္လို႔ ဆိုတယ္။

KIO ထိန္းခ်ဳပ္နယ္ေျမထဲက ေက်ာင္းေတြက (၁၀) တန္းတက္ေရာက္သင္ၾကားေနတဲ့ကေလးေတြကို ျမစ္ႀကီးနားၿမိဳ႕မွာ လာေရာက္ေျဖဆိုခြင့္၊ ဆက္လက္ပညာသင္ယူခြင့္ ျပဳခဲ့ေပမယ့္ ၂၀၁၁ ခုႏွစ္ကစၿပီး ခြင့္မျပဳေတာ့တာဟာလည္း ဆုတ္ယုတ္မႈတစ္ခုအျဖစ္သူကယူဆတယ္။
သူေကာက္ယူထားတဲ့စာရင္းအရ ၂၀၁၁ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အထိ ဆက္လက္ပညာသင္ယူခြင့္မရဘဲ ပညာေရးဆံုးခန္းတိုင္ေနတဲ့ ေက်ာင္းသားေပါင္းက( ၈၈၆ )ဦး ရွိေနတယ္။ လက္ရွိမွာလည္း (၁၀) တန္း တက္ေရာက္ေနတဲ့ ေက်ာင္းသားေပါင္းက (၅၄၀) ရွိေနၿပီး အစိုးရရဲ႕တရား၀င္အသိအမွတ္ျပဳ ေျဖဆိုခြင့္ရဖို႔ မေရမရာ ျဖစ္ေနဆဲပါပဲ။

သူက “ ဒီကေလးေတြကို ႏိုင္ငံေတာ္ကခြင့္မျပဳဘူးဆိုရင္ သူတို႔ရဲ႕ ပညာေရးေရွ႕ေရးက မျမင္ဘူး။ အဲဒါေတြကို ကၽြန္မအေနနဲ႔ ၀မ္းနည္းတယ္။ ဒီကေလးေတြပညာမသင္ႏိုင္ရင္ ျပည္နယ္နဲ႔ ျပည္မ ကြာဟခ်က္က ႀကီးလာမွာပဲ။ ဖြြံ႕ၿဖိဳးမႈကြာဟေလေလ ပဋိပကၡက မ်ားေလေလပါပဲ” လို႔ ဆိုတယ္။

ျမန္မာႏိုင္ငံမွာ အစိုးရအဖြဲ႔သစ္တက္လာၿပီးေနာက္ပိုင္းမွ ၁၇ ႏွစ္ၾကာတည္ၿမဲခဲ့တဲ့ KIA နဲ႔ တပ္မေတာ္တို႔ရဲ႕ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ ပ်က္ျပားခဲ့ရတာ၊ ေနရပ္ကို စြန္႔ခြာထြက္ေျပးခဲ့ရတဲ့ ရြာပုန္းရြာေရွာင္(IDP)ေတြ တဟုန္ထိုး တိုးပြားလာတာ ေတြကလည္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေပၚ ေမးခြန္းထုတ္စရာျဖစ္ေနတာ အမွန္ပါ။
အခုလက္ရွိမွာ ကခ်င္ျပည္နယ္၊ တရုတ္နယ္စပ္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသေတြမွာ ေနရပ္ကို စြန္႔ခြာထြက္ေျပးေနၾကရတဲ့ ရြာပုန္းရြာေရွာင္အေရအတြက္က တစ္သိန္းနီးပါးရွိေနတာေတြ႔ရပါတယ္။

ဒါေပမဲ့ လက္ရွိေဆာင္ရြက္ေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကေတာ့ ေအာင္ျမင္လိမ့္မယ္လို႔ သူက ယံုၾကည္ေနဆဲပါပဲ။ ဒီလုပ္ငန္းေတြကို ဒီေန႔လူႀကီးေတြမလုပ္ႏိုင္ခဲ့ရင္ေတာင္မွ လူငယ္ေတြက လက္ဆင့္ကမ္းၿပီး ေဆာင္ရြက္ဖို႔လိုတယ္လို႔ သူကဆိုတယ္။ ဒီအတြက္လည္း ျပည္တြင္းမွာရွိတဲ့ ကခ်င္လူမ်ိဳးေတြေရာ၊ ျပည္ပမွာေရာက္ေနတဲ့ ကခ်င္လူမ်ိဳးေတြအားလံုး စုစည္းလုပ္ေဆာင္ဖို႔တိုက္တြန္းတယ္။

“ ကခ်င္လူမ်ိဳးေတြဟာ ဘယ္ေနရာကိုေရာက္ေရာက္ တူညီတဲ့မွတ္တိုင္ရွိဖို႔လိုတယ္။ ႏိုင္ငံၿခားေရာက္ေနတဲ့ ပုဂၢိဳလ္ေတြကလည္း ကိုယ္ေရာက္ေနတ့ဲ ႏိုင္ငံရဲ႕ေကာင္းတဲ့အေလ့အက်င့္ကို ကိုယ့္ေဒသမွာ ျဖစ္ဖို႔ႀကိဳးစားမွ တာ၀န္ေက်ပါမယ္” လို႔ လဖိုင္ဆိုင္းေရာ္က ဆိုတယ္။

—————

အာရှ နိုဘယ်ဆုရှင် ကချင်အမျိုးသမီး လဖိုင်ဆိုင်းနော် (unicode)

ရေးသားသူ – ဇော်နောင်လင်း

ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူက ဆုံးပါးခဲ့တာကြောင့် မိခင်ဖြစ်သူ ဦးဆောင်တဲ့ မိသားစုမှာကြီးပြင်းလာခဲ့ရတဲ့သူ့အတွက် အိမ်ထောင်ကျပြီး သိပ်မကြာခင်မှာ ခင်ပွန်းဖြစ်သူဆုံးပါးသွားခဲ့တာကလည်း မုဆိုးမတစ်ဦးအဖြစ်သားဖြစ်သူကို ကြီးပြင်းအောင် ပြုစုခဲ့ရာမှာ အမျိုးသမီးတစ်ဦးရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို အစဉ်အဆက်ခံယူသလို ဖြစ်စေခဲ့တယ်။

သူ့ဘဝတစ်လျောက် အသက်မွေးဝမ်းကြောင်းအတွက် ရပ်တည်လုပ်ကိုင်ရာမှာရော၊ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ရာမှာရော ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ အမျိုးသမီးတွေ အများအပြားပါဝင်တဲ့ အဖွဲ့အစည်းမှာပဲလုပ်ကိုင်ခဲ့ရတာကိုတွေ့ရတယ်။

ဒါကြောင့်လည်း လဖိုင်ဆိုင်းရော်က “ အမျိုးသမီးတွေဦးဆောင်တယ်ဆိုတာ ကျွန်မအတွက်တော့ အထူးအဆန်းမဟုတ်တော့ဘူး” လို့ ဆိုခဲ့တာ ဖြစ်မယ်ထင်တယ်။

လဖိုင်ဆိုင်းရော်ဟာ အာရှဒေသရဲ့နိုဘယ်ဆုလို့ တင်စားခေါ်ဝေါ်ကြတဲ့ ရေမွန်မက်ဆေးဆေးဆုကို ရရှိခဲ့တဲ့ ပထမဆုံး ကချင်အမျိုးသမီးတစ်ဦးပါ။ ကွယ်လွန်သူဖိလစ်ပိုင်သမ္မတဟောင်း ရေမွန်မက်ဆေးဆေးကို ဂုဏ်ပြုသောအားဖြင့် အာရှနိုင်ငံတွေအထဲက လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေလုပ်ဆောင်သူ၊ အပြောင်းအလဲဆောင်ရွက်သူတွေကို နှစ်စဉ်ရွေးချယ်ဆုပေးအပ်နေတဲ့ အဲဒီဆုကို လဖိုင်ဆိုင်းရော်က ၂၀၁၃ ခုနှစ်အတွက် ရရှိခဲ့တာပါ။

သူဦးဆောင်ပါဝင်လုပ်ကိုင်နေတဲ့ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကလည်း မြန်မာနိုင်ငံအနှံ့အပြားက စစ်မက်ဖြစ်ပွားရာဒေသတွေနဲ့ သဘာ၀ဘေးဒဏ်သင့်ဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းက ဖွံ့ဖြိုးတိုးတက်မှုနည်းပါးတဲ့ဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကူညီလုပ်ဆောင်ပေးဖို့ရည်ရွယ်ချက်နဲ့ ၁၉၉၈ ခုနှစ်မှာ ဘာသာအသီးသီး၊ လူမျိုးအထွေထွေကပုဂ္ဂိုလ်တွေစုပေါင်းပြီး မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကို ထူထောင်ခဲ့တာပါ။

ငြိမ်းချမ်းရေးနဲ့အတူဒေသဖွံ့ဖြိုးရေးလမ်းစဉ်ကိုဖော်ဆောင်ဖို့လိုအပ်တယ်ဆိုတဲ့ အသိတစ်ခုနဲ့ အဲဒီဖောင်ဒေးရှင်းကို နှစ်ပေါင်းများစွာ ဦးဆောင်ပါဝင်ခဲ့တဲ့ လဖိုင်ဆိုင်းရော်ကတော့ ၂၀၀၈ခုနှစ်ကစပြီး ဖောင်ဒေးရှင်းရဲ့ ပထမဆုံး အမှုဆောင်ဒါရိုက်တာဖြစ်လာခဲ့တယ်။

ရာမွန်မတ်ဆေးဆေးဆု ရခဲ့တာနဲ့ပတ်သက်ပြီး “ကျွန်မ ဆုရတဲ့အခါ တိုင်းရင်းသားခေါင်းဆောင်တွေကရော၊ ဝေးလံတဲ့ ဒေသကလူတွေပါ အားလုံးက ဝမ်းပန်းတသာဖြစ်တာကို ကြားရတဲ့အခါ ဆုရတာ တော်တော်ဝမ်းသာမိတယ်။ အဖွဲ့အစည်းရဲ့အောင်မြင်မှုကို နိုင်ငံတကာက အသိအမှတ်ပြုတာထက် ကိုယ့်ပြည်တွင်းက အသိအမှတ်ပြုတာကို ပိုကြိုက်တယ်။ ကျွန်မအတွက် အားဆေးပါပဲ” လို့ လဖိုင်ဆိုင်းရော်က ဖွင့်ဟတယ်။

လဖိုင်ဆိုင်းရော်ဟာ ခရစ်ယာန်ဘာသာဝင် တစ်ဦးပါ။ သူ့ကို ကချင်ပြည်နယ်ဖြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း လေး ယောက်အထဲက အငယ်ဆုံးသမီးဖြစ်ပါတယ်။ ဖခင်ဖြစ်သူက သူ ၁၀ လသားအရွယ်မှာပဲ ဆုံးပါးသွားခဲ့တော့ မိခင်ဖြစ်သူကပဲ မိသားစုကို ဦးဆောင်ခဲ့ရပါတယ်။ မြစ်ကြီးနားမြို့မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီးနောက် မန္တလေးတက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ်တို့မှာ ပညာဆက်လက်သင်ကြားခဲ့ပြီး ၁၉၇၂ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်ကနေ စိတ်ပညာအထူးပြုနဲ့ ဝိဇာဘွဲ့ရခဲ့တယ်။၁၀ တန်းအောင်မြင်ခဲ့ပြီးနောက် အသုံးလုံးသင်တန်းတွေမှာ ပါဝင်ကူညီရင်းပရဟိလုပ်ငန်းတွေမှာ စိတ်ဝင်စားခဲ့တယ်ဆိုတာ သူ့ကိုယ်သူ သိလာခဲ့တယ်လို့ လဖိုင်ဆိုင်းရော်က ဆိုပါတယ်။

ဘွဲ့ရပြီးတဲ့နောက် ရန်ကုန်မှာအခြေချရင်း ဂျာမနီသံရုံးက သံတမန်တစ်ယောက်နဲ့အိမ်ထောင်ပြုခဲ့ပြီး နောက်ပိုင်းမှာ ဂျာမနီနိုင်ငံမှာ ၁၉၇၉ ကနေ ၁၉၈၈ အထိ နှစ်ပေါင်းအတော်ကြာနေထိုင်ခဲ့တယ်။ အဲဒီကာလတစ်လျောက်မှာတော့ ပရဟိတလုပ်ငန်းတွေဘက်ကို သူတွင်တွင်ကျယ်ကျယ် ခြေဦးမလှည့်နိုင်ခဲ့ဘူး။

သူက“ အဲဒီမှာ အလုပ်လုပ်တယ်။ အဓိက ကတော့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးလုပ်ကိုင်မယ့် ဂျာမန် အိတ်စပတ်တွေနဲ့ ဒီပလိုမတ်တွေကို အခြေခံမြန်မာစကား သင်ပေးရတယ်။ ဒါပေမဲ့ အချိန်ပြည့်တော့မဟုတ်ဘူး။ ကလေးတစ်ယောက်နဲ့ဆိုတော့လေ” လို့ ဂျာမနီနိုင်ငံမှာနေထိုင် ဖြတ်သန်းခဲ့ရပုံတချို့ကို ပြောပြတယ်။

၁၉၈၈ ခုနှစ်လောက်မှာတော့ ပရဟိတလုပ်ငန်းတွေကို စတင်လုပ်ကိုင်ဖြစ်ခဲ့တယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာနေထိုင်ရင်း Representative office of Kachin Affair ကို ထူထောင်ပြီး တရုတ်၊မြန်မာနယ်စပ်မှာရှိတဲ့ ကချင်ဒုက္ခသည်တွေရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ပညာရေးလုပ်ငန်းတွေ ကိုလုပ်ဆောင်ခဲ့တယ်။

၁၉၉၄ ခုနှစ်မှာ ကချင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အခါမှာတော့ ကချင်ဒုက္ခသည်တွေရဲ့ ပြန်လည်နေရာချထားနိုင်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ခဲ့တယ်။

၁၉၉၇ ခုနှစ်မှာတော့ ရန်ကုန်မှာ ပြန်လည်အခြေချနေထိုင်ရင်း အဲဒီလုပ်ငန်းတွေကို တစိုက်မတ်မတ်လုပ်ကိုင်ခဲ့တယ်။ မေတ္တာဖောင်ဒေးရှင်းကို ဦးဆောင်ပါဝင်ခဲ့ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ပရဟိတလုပ်ငန်းတွေက ပိုကျယ်ပြန့်လာခဲ့တယ်။

“ အဓိကကျေးဇူးတင်မိတာကတော့ KIO ဥက္ကဌ ဘရမ်ဆိုင်းပဲ။ ဂျာမဏီမှာရှိတုန်းက သူရောက်လာတယ်။ လက်နက်ကိစ္စမပြောဘူး။ KIO ဝင်ဖို့ မပြောဘူး။ တို့လူမျိုးတွေဟာ နောက်ကျကျန်ခဲ့ပြီ။ ငြိမ်းချမ်းဖို့လိုတယ်ဆိုတာ ပြောတယ်။ ဒါကြောင့် ပရဟိတဘက်ကိုလုပ်ဖို့ ဆန္ဒရှိသွားတယ်။ ပါဝင်ခဲ့တယ်။ တကယ်လို့ သူသာရောက်မလာဘူးဆိုရင် တမျိုးဖြစ်သွားမလားပဲ။ ကိုယ်ဟာကိုယ် ပရဟိတ လုပ်တာရှိပေမယ့် သူနဲ့တွေ့ပြီးမှ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖြစ်ခဲ့တာ” လို့ လဖိုင်ဆိုင်းရော်က ပရဟိတလုပ်ငန်းတွေ လုပ်ဖြစ်ခဲ့ရပုံကို ပြောပြတယ်။

သူဟာ ကချင်အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် ပရဟိတလုပ်ငန်းတွေလုပ်ဆောင်ရာမှာတော့ ဒေသစွဲ၊ လူမျိုးစွဲမထားဘဲ လိုအပ်နေတဲ့နေရာတွေမှာ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်။ နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်အထိလည်း ဆက်လက်လုပ်ဆောင်နေဆဲပါ။ ရာမွန်မတ်ဆေးဆေးဆုရခဲ့တဲ့ အမေရိကန်ဒေါ်လာ ငါးသောင်းနဲ့ ဧရာဝတီဆိုတဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီးဧရာဝတီမြစ်တစ်လျောက်နေထိုင်ကြသူတွေရဲ့ လူနေမှုပုံစံတွေ အသိပညာတွေ ဖလှယ်နိုင်ဖို့၊ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သူကဆိုတယ်။

“ နာဂစ်မှာ မကောင်းတဲ့ အနိဌာရုံတွေဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ နာဂစ်မှာ အစိုးရရယ်၊ လူမှုအဖွဲ့အစည်းတွေရယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေရယ် ပူးပေါင်းပြီး ပြန်လည်ကယ်ဆယ်ရေးလုပ်တဲ့အခါ ဝိုင်းဝန်းလုပ်ဆောင်နိုင်တဲ့ဟာကိုတော့ ကျေနပ်မိတယ်။ ဒါကို ရှေ့ဆက်ပြီးခိုင်မြဲအောင်လုပ်သွားကြဖို့ပဲလိုတယ်” လို့ သူကဆိုတယ်။

နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကိုထောက်ပံ့တဲ့ INGO၊ NGO တွေ အများအပြားတိုးတက်လာပြီး ပရဟိတလုပ်ဆောင်နိုင်တဲ့ နယ်ပယ်တွေကျယ်ပြန့်လာတာကို သူကအကောင်းဘက်ကရှုမြင်တယ်။ ဒါပေမဲ့ ကချင်ဒေသမှာ အစိုးရနဲ့ KIO တို့ ၂၀၁၃ ခုနှစ်က သဘောတူခဲ့တဲ့ အချက် (၇) ချက်ထဲက “နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကိစ္စများကို နှစ်ဘက်ညှိုနှိုင်းဆောင်ရွက်မည်”ဆိုတဲ့ သဘောတူညီချက်ကို တစ်နှစ်ကျော်ကြာလာတဲ့အထိ အကောင်အထည်မဖော်နိုင်တာကိုတော့ အားမလိုအားမရ ဖြစ်မိတယ်လို့ ဆိုတယ်။

KIO ထိန်းချုပ်နယ်မြေထဲက ကျောင်းတွေက (၁၀) တန်းတက်ရောက်သင်ကြားနေတဲ့ကလေးတွေကို မြစ်ကြီးနားမြို့မှာ လာရောက်ဖြေဆိုခွင့်၊ ဆက်လက်ပညာသင်ယူခွင့် ပြုခဲ့ပေမယ့် ၂၀၁၁ ခုနှစ်ကစပြီး ခွင့်မပြုတော့တာဟာလည်း ဆုတ်ယုတ်မှုတစ်ခုအဖြစ်သူကယူဆတယ်။
သူကောက်ယူထားတဲ့စာရင်းအရ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ဆက်လက်ပညာသင်ယူခွင့်မရဘဲ ပညာရေးဆုံးခန်းတိုင်နေတဲ့ ကျောင်းသားပေါင်းက( ၈၈၆ )ဦး ရှိနေတယ်။ လက်ရှိမှာလည်း (၁၀) တန်း တက်ရောက်နေတဲ့ ကျောင်းသားပေါင်းက (၅၄၀) ရှိနေပြီး အစိုးရရဲ့တရားဝင်အသိအမှတ်ပြု ဖြေဆိုခွင့်ရဖို့ မရေမရာ ဖြစ်နေဆဲပါပဲ။

သူက “ ဒီကလေးတွေကို နိုင်ငံတော်ကခွင့်မပြုဘူးဆိုရင် သူတို့ရဲ့ ပညာရေးရှေ့ရေးက မမြင်ဘူး။ အဲဒါတွေကို ကျွန်မအနေနဲ့ ဝမ်းနည်းတယ်။ ဒီကလေးတွေပညာမသင်နိုင်ရင် ပြည်နယ်နဲ့ ပြည်မ ကွာဟချက်က ကြီးလာမှာပဲ။ ဖွံ့ဖြိုးမှုကွာဟလေလေ ပဋိပက္ခက များလေလေပါပဲ” လို့ ဆိုတယ်။

မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့သစ်တက်လာပြီးနောက်ပိုင်းမှ ၁၇ နှစ်ကြာတည်မြဲခဲ့တဲ့ KIA နဲ့ တပ်မတော်တို့ရဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပျက်ပြားခဲ့ရတာ၊ နေရပ်ကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရွာပုန်းရွာရှောင်(IDP)တွေ တဟုန်ထိုး တိုးပွားလာတာ တွေကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် မေးခွန်းထုတ်စရာဖြစ်နေတာ အမှန်ပါ။
အခုလက်ရှိမှာ ကချင်ပြည်နယ်၊ တရုတ်နယ်စပ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ နေရပ်ကို စွန့်ခွာထွက်ပြေးနေကြရတဲ့ ရွာပုန်းရွာရှောင်အရေအတွက်က တစ်သိန်းနီးပါးရှိနေတာတွေ့ရပါတယ်။

ဒါပေမဲ့ လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကတော့ အောင်မြင်လိမ့်မယ်လို့ သူက ယုံကြည်နေဆဲပါပဲ။ ဒီလုပ်ငန်းတွေကို ဒီနေ့လူကြီးတွေမလုပ်နိုင်ခဲ့ရင်တောင်မှ လူငယ်တွေက လက်ဆင့်ကမ်းပြီး ဆောင်ရွက်ဖို့လိုတယ်လို့ သူကဆိုတယ်။ ဒီအတွက်လည်း ပြည်တွင်းမှာရှိတဲ့ ကချင်လူမျိုးတွေရော၊ ပြည်ပမှာရောက်နေတဲ့ ကချင်လူမျိုးတွေအားလုံး စုစည်းလုပ်ဆောင်ဖို့တိုက်တွန်းတယ်။

“ ကချင်လူမျိုးတွေဟာ ဘယ်နေရာကိုရောက်ရောက် တူညီတဲ့မှတ်တိုင်ရှိဖို့လိုတယ်။ နိုင်ငံခြားရောက်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း ကိုယ်ရောက်နေတဲ့ နိုင်ငံရဲ့ကောင်းတဲ့အလေ့အကျင့်ကို ကိုယ့်ဒေသမှာ ဖြစ်ဖို့ကြိုးစားမှ တာဝန်ကျေပါမယ်” လို့ လဖိုင်ဆိုင်းရော်က ဆိုတယ်။

Leave a Reply