သမုိင္း၀င္ အင္း၀တံတား (သုိ႔) စစ္ကုိင္းတံတား

Posted on

သမုိင္း၀င္ အင္း၀တံတားဟာ ၁၉၉၀ မတုိင္မီအထိ တစ္ခုတည္းရွိေသာဧရာ၀တီျမစ္ကူး တံတားႀကီးျဖစ္ပါတယ္။ စစ္ကုိင္းၿမဳိ႕နဲ႔ အင္း၀ၿမဳိ႕ေဟာင္းကို ဆက္သြယ္ေပးထားတဲ့ တံတားျဖစ္ပါတယ္။ ဒါေၾကာင့္ စစ္ကုိင္းတံတားလုိ႔လည္းေခၚၾကပါတယ္။ ကုိလုိနီေခတ္အတြင္းက ေဖာက္လုပ္ခဲ့တဲ့တံတားမ်ားအနက္ အေက်ာ္ႀကားဆုံးတံတားလည္းျဖစ္ပါတယ္။ ၁၈၉၈ခုႏွစ္တည္းက မီးရထားလမ္းေဖာက္လုပ္ရန္အစီအစဥ္ခ်ခဲ့ေပမဲ့ မေဆာက္ျဖစ္ပဲ ၁၉၂၄မွ သာ စတင္ေဆာက္လုပ္ႏုိင္ခဲ့ပါတယ္။

အစက မီးရထားလမ္းခ်ည္းသက္သက္ေဆာက္ရန္ႀကံခဲ့ေသာ္လည္း တကယ္ေဆာက္လုပ္တဲ့အခါမွာ တစ္ဖက္တစ္ခ်က္မွာ ၁၂ေပက်ယ္ေသာကားလမ္းပါ တံတားျဖစ္လာပါတယ္။ တံတားအရွည္မွာ ၃၉၄၈ ေပ ရွိပါတယ္။ ျမန္မာႏုိင္ငံရဲ႕ ပထမဆုံးဘုရင္ခံ ဆာဟာကုတ္ ဘတ္တလာက ၁၉၂၇မွ အုတ္ျမစ္ခ်ခဲ့တာပါ။ ေပ ၃၅၀ရွည္ေသာ ေပါင္းကူးႀကီး ၉ခု ၊ ေပ ၂၅၀ ရွည္ေသာေပါင္းကူးတစ္ခုအျပင္ ၊ ေပ ၆၀စီရွည္ေသာသံရက္မ ၆ ခန္းလည္းပါရွိပါတယ္။

တံတားႀကီးေအာက္ေျခႏွင့္ သံထည္ပုိင္းဒီဇုိင္းကုိ Rendel Palmer & Tritton ကုမၸဏီက ေရးဆြဲေပးၿပီး အိႏၵိယ Braitwaite ကုမၸဏီကုိ ကံထရုိက္ေပး၍ လုပ္ကိုင္ေစခဲ့တာပါ။ တံတားေပၚခင္းထားတဲ့ သံလမ္းမ်ားမွာ ေပါင္ ၆၀ အေလးခ်ိန္ရွိတဲ့ သံလမ္းအမ်ဳိးအစားပါ။ စုစုေပါင္း ရူပီးေငြ ၁၄၃သိန္းကုန္က်ခဲ့ၿပီး ၁၉၃၄ခုႏွစ္ ၊ ဇန္န၀ါရီလ ၂ ရက္ေန႔မွာ စတင္ဖြင့္လွစ္ႏုိင္ခဲ့ပါတယ္။

ဒုတိယကမာၻစစ္ ျမန္မာႏိုင္ငံသို႔ကူးစက္လာၿပီး ၿဗိတိသွ်တပ္မ်ား ျမန္မာႏုိင္ငံမွ ဆုတ္ခြာေနစဥ္ ဂ်ပန္တပ္ေတြရဲ႕ အႀကီးအက်ယ္ဗုံးႀကဲျခင္းကုိ ခံရပါတယ္။ ၁၉၄၂ခုႏွစ္ ဧၿပီလ ၃ ရက္ေန႔ ည၁၂နာရီ ထုိးရန္ တစ္မိနစ္အလုိမွာ အဂၤလိပ္ဗုိလ္ခ်ဳပ္ ဂ်င္နယ္ ၀ီလ်ံစတင္းက တံတားႀကီးကုိ မုိင္းခြဲဖ်က္စီးပစ္လုိက္ပါတယ္။

ဒီေဖာက္ခြဲမႈေၾကာင့္ အမွတ္ ၇ ႏွင့္ အမွတ္ ၈ ေပါင္းကူးႀကီးႏွစ္ခုမွာ ျမစ္တြင္း သုိ႔ က်ဳိးက်ပ်က္စီးခဲ့ရပါတယ္။ လြတ္လပ္ေရးရၿပီးသည္အထိ ဒီတံတားႀကီးကုိ ျပင္ဆင္ႏုိင္ျခင္းမရွိခဲ့ပါ။ ခရီးသြားအားလုံးမွာ တံတားကုိမသုံးေတာ့ပဲ ကုတုိ႔ျဖင့္သာ ျမစ္ကုိကူးၾကရပါတယ္။

၀န္ႀကီးခ်ဳပ္ဦးႏု၏ ၾကပ္မတ္မႈ ၊ မီးရထားဌာန၏ စီမံမႈႏွင့္ ျမန္မာျပည္သူတုိ႔၏ အားႀကဳိးမာန္တက္ႀကဳိးစားမႈေၾကာင့္ ၁၉၅၃ခုႏွစ္ ေမလတြင္စတင္ျပင္ဆင္ခဲ့ၿပီး ၁၉၅၄ခုႏွစ္ ေအာက္တုိဘာလ ၇ ရက္ေန႔ သမၼတႀကီးဦးဘဦးက အင္း၀တံတားႀကီးကုိ ျပန္လည္ဖြင့္လွစ္ေပးႏုိင္ခဲ့ပါတယ္။ ထုိစဥ္က စုစုေပါင္းကုန္က်ေငြမွာ ၅၇သိန္းေက်ာ္ျဖစ္ပါတယ္။

ထုိတံတားႀကီးကုိ အစဥ္အဆက္သုံးခဲ့ေသာ္လည္း သက္တမ္းၾကာျမင့္လာမႈေၾကာင့္ ၁၉၉၂ခုႏွစ္မွစ၍ ၁၅တန္ေအာက္ ကားမ်ားကိုသာ သြားခြင့္ျပဳပါေတာ့တယ္။ အင္း၀တံတားအနီးမွာပဲ ဧရာ၀တီတံတား(ရတနာပုံ) ကုိတည္ေဆာက္ဖြင့္လွစ္ခဲ့ၿပီးျဖစ္ပါတယ္။

အင္း၀တံတားႀကီးသည္ ကမာၻလွည့္ခရီးသည္မ်ား စိတ္၀င္စားတဲ့ တံတားတစ္ခုျဖစ္ၿပီး ျမန္မာ့ေရွးေဟာင္းၿမဳိ႕ေတာ္အင္း၀သုိ႔လာေရာက္လည္ပတ္ၾကေသာ ျပည္တြင္းျပည္ပခရီးသည္မ်ားအား ခန္႔ညားစြာႀကဳိဆုိလွ်က္ရွိပါတယ္။

 

————-

သမိုင်းဝင် အင်းဝတံတား (သို့) စစ်ကိုင်းတံတား (unicode)

သမိုင်းဝင် အင်းဝတံတားဟာ ၁၉၉၀ မတိုင်မီအထိ တစ်ခုတည်းရှိသောဧရာဝတီမြစ်ကူး တံတားကြီးဖြစ်ပါတယ်။ စစ်ကိုင်းမြို့နဲ့ အင်း၀မြို့ဟောင်းကို ဆက်သွယ်ပေးထားတဲ့ တံတားဖြစ်ပါတယ်။ ဒါကြောင့် စစ်ကိုင်းတံတားလို့လည်းခေါ်ကြပါတယ်။ ကိုလိုနီခေတ်အတွင်းက ဖောက်လုပ်ခဲ့တဲ့တံတားများအနက် အကျော်ကြားဆုံးတံတားလည်းဖြစ်ပါတယ်။ ၁၈၉၈ခုနှစ်တည်းက မီးရထားလမ်းဖောက်လုပ်ရန်အစီအစဉ်ချခဲ့ပေမဲ့ မဆောက်ဖြစ်ပဲ ၁၉၂၄မှ သာ စတင်ဆောက်လုပ်နိုင်ခဲ့ပါတယ်။

အစက မီးရထားလမ်းချည်းသက်သက်ဆောက်ရန်ကြံခဲ့သော်လည်း တကယ်ဆောက်လုပ်တဲ့အခါမှာ တစ်ဖက်တစ်ချက်မှာ ၁၂ပေကျယ်သောကားလမ်းပါ တံတားဖြစ်လာပါတယ်။ တံတားအရှည်မှာ ၃၉၄၈ပေ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးဘုရင်ခံ ဆာဟာကုတ် ဘတ်တလာက ၁၉၂၇မှ အုပ်မြစ်ချခဲ့တာပါ။ ပေ ၃၅ဝရှည်သော ပေါင်းကူးကြီး ၉ခု ၊ ပေ ၂၅၀ ရှည်သောပေါင်းကူးတစ်ခုအပြင် ၊ ပေ ၆ဝစီရှည်သောသံရက်မ ၆ ခန်းလည်းပါရှိပါတယ်။

တံတားကြီးအောက်ခြေနှင့် သံထည်ပိုင်းဒီဇိုင်းကို Rendel Palmer & Tritton ကုမ္ပဏီက ရေးဆွဲပေးပြီး အိန္ဒိယ Braitwaite ကုမ္ပဏီကို ကံထရိုက်ပေး၍ လုပ်ကိုင်စေခဲ့တာပါ။ တံတားပေါ်ခင်းထားတဲ့ သံလမ်းများမှာ ပေါင် ၆၀ အလေးချိန်ရှိတဲ့ သံလမ်းအမျိုးအစားပါ။ စုစုပေါင်း ရူပီးငွေ ၁၄၃သိန်းကုန်ကျခဲ့ပြီး ၁၉၃၄ခုနှစ် ၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ် မြန်မာနိုင်ငံသို့ကူးစက်လာပြီး ဗြိတိသျှတပ်များ မြန်မာနိုင်ငံမှ ဆုတ်ခွာနေစဉ် ဂျပန်တပ်တွေရဲ့ အကြီးအကျယ်ဗုံးကြဲခြင်းကို ခံရပါတယ်။ ၁၉၄၂ခုနှစ် ဧပြီလ ၃ ရက်နေ့ ည၁၂နာရီ ထိုးရန် တစ်မိနစ်အလိုမှာ အင်္ဂလိပ်ဗိုလ်ချုပ် ဂျင်နယ် ဝီလျံစတင်းက တံတားကြီးကို မိုင်းခွဲဖျက်စီးပစ်လိုက်ပါတယ်။

ဒီဖောက်ခွဲမှုကြောင့် အမှတ် ၇ နှင့် အမှတ် ၈ ပေါင်းကူးကြီးနှစ်ခုမှာ မြစ်တွင်း သို့ ကျိုးကျပျက်စီးခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီးသည်အထိ ဒီတံတားကြီးကို ပြင်ဆင်နိုင်ခြင်းမရှိခဲ့ပါ။ ခရီးသွားအားလုံးမှာ တံတားကိုမသုံးတော့ပဲ ကုတို့ဖြင့်သာ မြစ်ကိုကူးကြရပါတယ်။

ဝန်ကြီးချုပ်ဦးနု၏ ကြပ်မတ်မှု ၊ မီးရထားဌာန၏ စီမံမှုနှင့် မြန်မာပြည်သူတို့၏ အားကြိုးမာန်တက်ကြိုးစားမှုကြောင့် ၁၉၅၃ခုနှစ် မေလတွင်စတင်ပြင်ဆင်ခဲ့ပြီး ၁၉၅၄ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ သမ္မတကြီးဦးဘဦးက အင်းဝတံတားကြီးကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ထိုစဉ်က စုစုပေါင်းကုန်ကျငွေမှာ ၅၇သိန်းကျော်ဖြစ်ပါတယ်။

ထိုတံတားကြီးကို အစဉ်အဆက်သုံးခဲ့သော်လည်း သက်တမ်းကြာမြင့်လာမှုကြောင့် ၁၉၉၂ခုနှစ်မှစ၍ ၁၅တန်အောက် ကားများကိုသာ သွားခွင့်ပြုပါတော့တယ်။ အင်းဝတံတားအနီးမှာပဲ ဧရာဝတီတံတား(ရတနာပုံ) ကိုတည်ဆောက်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။

အင်းဝတံတားကြီးသည် ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားတဲ့ တံတားတစ်ခုဖြစ်ပြီး မြန်မာ့ရှေးဟောင်းမြို့တော်အင်းဝသို့လာရောက်လည်ပတ်ကြသော ပြည်တွင်းပြည်ပခရီးသည်များအား ခန့်ညားစွာကြိုဆိုလျှက်ရှိပါတယ်။

Leave a Reply