လက္တီက်ဴ ႔ ႏွင့္ ေလာင္ဂ်ီက်ဴ ႔ တုိ႔အေၾကာင္း သိေကာင္းစရာ

Posted on

ေရးသားသူ – သိပၸံ သခၤ်ာ နွင့္ ရူပေဗဒ

ဒီရက္ေတြမွာ ခရီးမၾကာခဏ ထြက္ျဖစ္ေနေတာ့ (လက္/ ေလာင္ )အေၾကာင္း ပို႔စ္ေလးတစ္ခုတင္လိုက္ပါတယ္။ ဟိုး .. အရင္ ဖုန္း Tower တိုင္ေတြ ေဆာက္လုပ္ေရး လုပ္ခဲ့တုန္းက ရန္ကုန္က စထြက္ၿပီဆိုတာနဲ႔ သတ္မွတ္ တာဝါတိုင္ရဲ႕လက္ ေလာင္ ေတြကို ဖုန္းထဲမွာရိုက္ျပီး GPS ဖြင့္ ခရီးထြက္ရတာေပါ့။ ပါးစပ္ပါရြာေရာက္ဆိုသလို က်ြန္ေတာ္တို႔ေတြလည္း လမ္​းၫႊန္​ စနစ္​​ေတြ ပါေနေတာ့ ျမန္မာျပည္အႏွံ လူသူအေရာက္အေပါက္နည္းတဲ့ ရြာေလးေတြကအစ ျမိဳ႔ႀကီးေတြအဆံုး အခက္အခဲမရွိ လိုရာခရီးကို အမွားမရွိသြားႏိုင္ခဲ့ပါတယ္။

ခုပိုစ့္မွာတင္ထားတဲ့ ျမန္မာျပည္ေျမပံုေပၚ ကအစိမ္းေရာင္အမွတ္ေလးေတြက က်ြန္ေတာ္ တာဝန္ယူတည္ေဆာက္ခဲ့တဲ့ Tower တိုင္ေလးေတြပါ။ ရွမ္းျပည္ဘက္ နဲ႔ မေကြးတိုင္း ရခိုင္ ကယား တနသာရီ ဘက္က Tower ေတြကို Rec လုပ္ဖို႔ ေမ့သြားေတာ့ အခ်ိဳ႔အစိမ္းေလးေတြေတာ္ေတာ္မ်ားမ်ားက်န္ေနခဲ့ပါတယ္။ ကဲ.. လိုရင္းမေရာက္ပဲေနအံုးမယ္ (လက္/ေလာင္ ) အေၾကာင္း ဆက္ၾကစို႔…

ကြ်န္ေတာ္တို ့ကိုယ္ေရာက္ေနတဲ ့ေနရာ ကို ရွာခ်င္ရင္ ခုေခတ္မွာလြယ္သြားပါျပီ။ ဖုန္းေလးကိုဖြင့္ GPS က လက္တီက်ဴ ့ေလာင္ဂ်ီက်ဴ ့ ကို ေျမပံုေကာ တည္ေနရာနာမည္ေကာျပေပးမွာပါ ဒါေပမဲ ့ဟိုတုန္းကေတာ့ဒီကိစၥဟာမလြယ္ပါ ခုေခတ္မွာလည္း ဖုန္းမရတဲ့ ေနရာမွာဆို မလြယ္ပါ။ ဒီေတာ့ တည္ေနရာသိခ်င္ရင္ လတ္ နဲ ့ေလာင္ ကိုသိမွပါ။

လတ္ ေလာင္ ဆိုတာဘာလဲ ေျမျပန္ ့မွာ ေတာ့အေပါင္းအသင္းခ်င္းတေနရာမွာခ်ိန္းျပီဆိုပါေတာ့ ကြ်န္ေတာ္တို ့က ေနရာကို ေလးေထာင့္ကြက္မ်ား ျဖစ္ေအာင္ ေဒါင္လိုက္နဲ ့ အလ်ားလိုက္မ်ဥ္း မ်ားဆြဲ လိုက္မွာပါ။ ေဒါင္လိုက္မ်ဥ္းကိုဘ 1 2 3 စသျဖင့္ေပးျပီး အလ်ားလိုက္မ်ဥ္းကို a b c ေပးရင္ 1a 3b စသျဖင့္ တည္ေနရာ အမွတ္ကို ေဖာ္ျပနိုင္မွာပါ။

လတ္ေလာင္ကလည္း ဒီအႀကံအတိုင္းပါပဲ ကြာတာက ကမ႓ာက လံုးတဲ့ အတြက္ ေျဖာင့္တဲ့ မ်ဥ္းေတြအစား စက္ဝိုင္းေတြကိုသံုးပါတယ္။

ကမ႓ာက ကိုယ့္ဝန္ရိုးေပၚမွာ ကိုယ္လည္ေနပါတယ္။ ဒီဝန္ရိုး ကေတာင္နွင့္ေျမာက္ဝန္ရိုးစြန္းကိုျဖတ္သြားပါတယ္ ဒီဝန္ရိုးနဲ ့ေထာင့္မွန္က်ျပီး ကမ႓ာကို ေျမာက္ နဲ ့ေတာင္ျခမ္းအတိအက်ပိုင္းထားတဲ ့ စက္ဝိုင္းကို အီေကြတာ ေခၚပါတယ္။ အီေကြတာနဲ့ အျပိဳင္ စက္ဝိုင္းမ်ားဟာ ဝန္ရိုးစြန္းဘက္ကို အခ်င္းတျဖည္းျဖည္းေသးငယ္သြားပါတယ္။ ဒါကလတ္တီက်ဴ ့ ဝါ လတ္ပါ လတ္ မ်ဥ္းကို ေဒါင့္အားျဖင့္တိုင္းပါတယ္ အႀကီးဆံုး အခ်င္းရွိတဲ့ အီေကြတာစက္ဝိုင္း ရွိရာ ျပင္ညီကေန လတ္ စက္ဝိုင္းရွိ ရာ ဆြဲထားတဲ့ စိတ္မွန္း မ်ဥ္းရဲ့ ႀကားကေဒါင့္ ကို φ လို ့ေခၚပါတယ္။ ေျမာက္ျခမ္းကို φ Nနဲ ့ေတာင္ျခမ္းကို φ S လို ့ေရးပါတယ္ အီေကြတာမွာ 0° ျဖစ္ျပီးေတာင္ နဲ ့ေျမာက္ဝင္ရိုးစြန္းမွာ 90° ျဖစ္ပါတယ္ ေအာက္မွာပံုပါပါတယ္။

ေလာင္ကိုေတာ့ အီေကြတာကို ေထာင့္မွန္က်တဲ့ အထူးေနရာက စက္ဝိုင္းကို meridian လို ့ေခၚပါတယ္။ ေလာင္စက္ဝိုင္းအားလံုးဟာ အခ်င္းအတူတူပါ ဒါေႀကာင့္ လန္ဒန္ေတာင္ပိုင္း Greenwich ကိုျဖတ္တဲ့ စက္ဝိုင္းကို သတ္သတ္မွတ္မွတ္ယူပါတယ္။ ဒီစက္ဝိုင္းက ကမ႓ာ ဟိုဘက္ျခမ္းမွာ ရုရွ ပစိဖိတ္နဲ ့ ဖီဂ်ီတို ့ကိုျဖတ္ပါတယ္ ေလာင္ကိုလဲ ေဒါင့္ အားျဖင့္တိုင္းျပီး λ လို ့ေခၚႀကပါစို ့ Greenwich မွာ 0° ရွိျပီး ဖီဂ်ီမွာ 180° ရွိပါတယ္။ ဖီဂ်ီမွာျဖတ္တဲ့ 180° meridian မ်ဥ္းကို international date line လို ့ေခၚပါတယ္။ သူ ့ကိုျဖတ္ေက်ာ္ရင္ တစ္ရက္ထတိတိ ေစာျခင္း သို ့ေနာက္က်ျခင္းကိုျဖစ္ေစပါတယ္ Greenwich ရဲ ့ေရွ ့ကို λ E လို ့ေခၚျပီး ေနာက္ကို λ w လို ့ေခၚပါတယ္။

ဒီနည္းနဲ ့ပိုတိက်တဲ ့တည္ေနရာကိုရပါတယ္။ ဘာေႀကာင့္ လဲဆိုေတာ့ သင္ဟာ ကမ႓ာ့မ်က္နွာျပင္ေပၚမွာရွိတာနဲ ့ လတ္ေလာင္စက္ဝိုင္း ၂ ခု ဆံုရာ အမွတ္ေပၚေရာက္ေနမွာမို ့ပါ။ ဥပမာ Greenwich ကို 51.48° N, 0° W နဲ့ ျပနိုင္ျပီး နယူးေယာက္က 40.7484 N, 73.9857 W နဲ ့ျပနိုင္ပါတယ္။

ဒါေပမဲ့ ဒီလတ္ေလာင္ကို ဘယ္လိုရွာမလဲ ????
ဆိုပါေတာ့ သင္ဟာ ပင္လယ္ထဲမွာ ဖုန္းမပါဘဲ ဆိုရင္ ဘယ္လုိလုပ္ႀကမတုန္း ။

ဆိုပါစို ့သင္က ပင္လယ္ထဲမွာေလွတစီးနဲ ့စြန္ ့စားရွာေဖြသူ လတ္တီက်ဴ႕ကိုဘယ္လိုရွာမလဲ။ ဒါက ေရွး ကပင္လယ္ျပင္မွာ နယ္ေျမစြန့္စားရွာေဖြသူ ခရီးသြားတို ့အတြက္အေရးပါတဲ့ ကိစၥပါ။ သူတို ့ကေကာင္းကင္က ေနနဲ ့ႀကယ္မ်ားကို ႀကည့္ျပီးသြားခဲ ့ႀကပါတယ္။ ဒီလိုလုပ္ဖို ့အတြက္ ႀတိဂိုနိုေမထရီ နဲနဲ ေတာ့လိုပါတယ္။ ေအာက္မွာ ပံုေတြျပထားျပီး အစဥ္လိုက္ ႀကည့္ပါ။

ေကာင္းကင္ မွာ ႀကယ္ေတာ္မ်ားမ်ားက အခ်ိန္နဲ့ အမ်ွတည္ေနရာေျပာင္းေနပါတယ္။ ဒီမွာမေျပာင္းတဲ ့ႀကယ္အခ်ိဳ ့ရွိပါတယ္။ ေျမာက္ဝင္ရိုးစြန္းတည့္တည့္ ကဓူဝံႀကယ္လိုပါ။ သူတို ့က ကမ႓ာကေနသိပ္ေဝးလြန္း ေတာ့ မေျပာင္းလဲဘူးထင္ရတာပါ။

ကမ႓ာ့ မ်က္နွာျပင္ေပၚက အမွတ္တခုမွာ သင္ရွိေနမယ္ဆိုရင္မိုးကုတ္စက္ဝိုင္းရွိရာေရွ ့တည့္တည့္ တဆံုးကိုႀကည့္လိုက္ပါ။ ဒီ line of sight က ကမ႓ာ ကို tangent က်တဲ့ မ်ဥ္းပါ t လို ့ေခၚပါမယ္ ဒီေနရာကေန ေျမာက္ျခမ္းကိုႀကည့္ရင္ဓူဝံႀကယ္ကို ေတြ ့ရပါမယ္။ ဒီ line of sight အကဲႀကည့္မ်ဥ္း ကို l လို ့ေခၚပါမယ္။

ဒီ t နဲ ့ l ႀကားက ေဒါင့္ ကို θ လို ့ေခၚပါမယ္။ ဒီ ေဒါင့္ θ ဟာလတ္တီက်ဴ ့ ေဒါင့္ တန္ဖိုး φ နဲ ့တူတူပါပဲ။

ဒါကဘယ္လိုျဖစ္နိုင္တာလဲ???
ဒါကိုသက္ေသျပဖို ့ေအာက္က ပံုေတြကိုႀကည့္ပါ

l နဲ ့ t မ်ဥ္းကို ဆက္ဆြဲရင္ ေနာက္ထပ္ ထိပ္ဆိုင္ေဒါင့္ရပါတယ္ ထိပ္ဆိုင္ေဒါင့္၂ခုဟာတူပါတယ္။

Xအမွတ္ဟာ တိုင္းတာသူရွိမယ့္တည္ေနရာပါ Oက ကမ႓ာ့အလယ္ ဗဟိုပါ X နဲ ့ O ကိုဆက္တဲ့မ်ဥ္း r ဟာ အခ်င္းဝက္ပါ t က tangent ပါ tangent တိုင္းေပၚကို အခ်င္းဝက္ဟာ ေဒါင့္မွန္က်ပါတယ္ ဒါေႀကာင့္ θ ရဲ့ ကပ္ရက္ေဒါင့္ တန္ဖိုးက 90°- θ ပါ။

မ်ဥ္း l , အီေကြတာ e နဲ ့ r တို ့က ေဒါင့္မွန္ႀတိဂံ ကိုျဖစ္ေစပါတယ္ႀတိဂံ တခုရဲ ့အတြင္းေဒါင့္ ၃ ခုေပါင္းျခင္းက 180° ပါ ဒီမွာ လိုခ်င္တာက φ ပါ။ φ က လတ္တီက်ဴ ့ေပါ့ က်န္ ၂ ေဒါင့္ကသိျပီဆိုေတာ့ φ ကိုရွာနိုင္ပါတယ္။

φ = 180 – ( 90 + [ 90- θ ] ) = θ

ဒီနည္းနဲ ့သင္ေရာက္ေနတဲ ့ေနရာရဲ ့လတ္တီက်ဴ ့ဟာ မိုးကုတ္စက္ ဝိုင္းအထက္က ဓူဝံႀကယ္ရွိေနမဲ့ေဒါင့္ပါပဲ။ ဒါကိုဂရိ ပညာရွိ ဟစ္ပါခ်ဴ့စ္က ကမ႓ာႀကီးလံုးမွန္းမသိခင္ လြန္ခဲ့ေသာ နွစ္ ၂၀၀၀ ကပဲတြက္နိုင္ခဲ့ပါတယ္။ ေတာင္ကမ႓ာျခမ္းမွာေတာ့ ဓူဝံႀကယ္ကို မျမင္နိုင္ပါ။ ဒါေပမဲ့ southern cross constellation နဲ ့ southern pointers ဆိုတဲ့ ႀကယ္ ၂ လံုးကို သံုးနိုင္ပါတယ္။

ဒါဆိုေလာင္ဂ်ီက်ဴ ့ကေကာ ဒါကေနာက္ထပ္ ပံုျပင္တခုပါ။

လတ္ တိုင္းနည္းကို ဟစ္ပါခ်ဴ ့စ္လက္ထက္ ကတည္းက သိေပမဲ့ ေလာင္ ကေတာ့ 18 ရာစု ထိခက္ခဲတဲ ့ျပသနာပါ။ တိက်မွန္ကန္တဲ့ နည္းလမ္းကို မေတြ ့ရပါဘူး။ ေနာက္ေတာ ့နာရီေတြရဲ ့အကူအညီနဲ ့ ေျဖရွင္းနိုင္ခဲ့ပါတယ္။ လတ္တီက်ဴ ့ေျပာင္းရင္ ဓူဝံႀကယ္ ရဲ့ ေဒါင့္ကေျပာင္းပါတယ္။ ဒါေႀကာင့္လတ္ကို ဓူဝံႀကယ္ေဒါင့္ c ကို သံုးျပီးရွာလို ့ရပါတယ္။ ေလာင္ကေတာ့မရပါ ဘာေႀကာင့္လဲဆိုေတာ့ေလာင္ကိုေျပာင္းလိုက္ရင္ ေအာက္ပံုမွာ ျပထားသလို ဓူဝံႀကယ္ေဒါင့္ c က မေျပာင္းလဲလို ့ပါ။

ဒီမွာေျပာင္းလဲတာက အခ်ိန္ပါ Greenwich ကေန ေရွ့ ကို တိုးတာနဲ ့အမ်ွ 15° တိုင္းမွာ ၁ နာရီေရွ့တိုးပါတယ္။ ဥပမာ Greenwich ရဲ့အခ်ိန္က ၁၂ နာရီဆိုပါစို ့ သူ ့ေရွ ့က 15°E မ်ဥ္းမွာ အခ်ိန္က ၁ နာရီပါ။ Greenwich ရဲ ့ေနာက္
15° W မွာ ၁၁ နာရီပါ။

ဒီေတာ့ သင္က သင္ရွိေနတဲ့ ေနရာရဲ ့ေဒသ စံေတာ္ခ်ိန္ကိုလဲသိမယ္ ၊ Greenwich ရဲ ့စံေတာ္ခ်ိန္လည္းသိမယ္ဆိုရင္ ဒီစံေတာ္ခ်ိန္ ကြာျခားခ်က္ကေန ေလာင္ဂ်ီက်ဴ ့ ဒီဂရီ ကြာျခားခ်က္ကိုျပန္တြက္ယူနိုင္ပါတယ္။

ဒီမွာေဒသစံေတာ္ခ်ိန္တြက္တာက ေနကိုႀကည့္ရင္ရပါတယ္။ ဒါေပမဲ့ Greenwich စံေတာ္ခ်ိန္ကိုသိဖို ့ကေတာ ့ဒီတုန္းက နာရီ တလံုး သယ္သြားဖို ့ပါပဲ။ ဒါကခုခ်ိန္မွာလြယ္ကူ တဲ့ကိစၥ ျဖစ္ေပမဲ ့ ဒီတုန္းကေတာ့ ရွိတဲ့ နာရီေတြဟာ ခရီးဒဏ္ေႀကာင့္ လိႈင္းလူးျခင္းေဆာင့္ျခင္းမ်ားနဲ ့မမွန္ခဲ ့ပါ ။ 1707 ခုႏွစ္မွာ ဆယ္လီသေဘၤာေမွာက္မႈႀကီး ျဖစ္ပြားခဲ ့ပါတယ္။

အဂၤလိပ္ သေဘၤာ ၄ စင္းဟာ ဆယ္လီကြ်န္းနားမွာ နစ္ျမဳပ္ခဲ ့တာပါ။ သူတို ့ရဲ ့ဆိပ္ကမ္း ပို ့စ္ေမာက္နဲ ့သိပ္မေဝးေပမဲ ့ ေလာင္ဂ်ီက်ဴ ့ အတိအက်မတြက္နိုင္မႈ နဲ ့ဆိုးရြားတဲ ့ရာသီဥတုက သေဘၤာသား ၂၀၀၀ ေက်ာ္ေသဆံုးေစခဲ ့ပါတယ္။ အဂၤလိပ္သမိုင္းမွာေတာ ့အဆိုးရြားဆံုး သေဘၤာေမွာက္မႈေပါ့။

စပိန္နဲ ့ဒတ္ ခ်္ေတြက ဒီ ေလာင္ျပသနာ ကိုေျဖရွင္းနိုင္မဲ ့သူကိုဆုေငြေပးမယ္လို ့ေႀကျငာထားတယ္။ ၁၇၁၄မွာ အဂၤလိပ္ကလည္း ဒါကိုရွင္းနိုင္ရင္ ေပါင္ ၂ ေသာင္း ေပမယ္ေပါ့ နည္းအမ်ိဳးမ်ိဳးနဲ ့ရွင္းႀကပါတယ္။ အခ်ိန္မွန္ေဟာင္တဲ့ေခြးကိုေလွေပၚတင္မယ္တို ့ဘာတို ့ေပါ့။ တခ်ိဳ့ ကေတာ့ လနဲ ့ႀကယ္ေတြကိုတြက္ျပီး အခ်ိန္မွန္းမယ္ေပါ့။

၁၇၃၀ ေနာက္ပိုင္းမွ ဂြ်န္ဟယ္ရစ္ဆင္ က ေရေႀကာင္းသံုးနာရီကို တီထြင္ခဲ ့ပါတယ္။ ဆုေတာ္ေငြကေတာ့ဘုတ္အဖြဲ ့ကညစ္ထားလို ့၁၇၇၃ ႀကမွ ေဂ်ာ ့III ဆီ အယူခံဝင္မွ အကုန္ရခဲ ့ပါတယ္တဲ့။ ခုေခတ္မွာ အင္တာေနရွင္နယ္ဒိတ္လိုင္းအပါအဝင္ လတ္ေလာင္ေတြ ေကြ ့ေနတာကေတာ့ သက္ဆိုင္ရာေဒသႏၲရ အစိုးရ ေတြရဲ့ေျပာင္းလဲထားမႈေႀကာင့္ ျဖစ္ပံုရပါတယ္။

သိပၸံ သခၤ်ာ နွင့္ ရူပေဗဒ
Via : Mgmg Kyawzan

——————–

လက်တီကျူ့ နှင့် လောင်ဂျီကျူ့ တို့အကြောင်း သိကောင်းစရာ (unicode)

ရေးသားသူ – သိပ္ပံ သင်္ချာ နှင့် ရူပဗေဒ

ဒီရက်တွေမှာ ခရီးမကြာခဏ ထွက်ဖြစ်နေတော့ (လက်/ လောင် )အကြောင်း ပို့စ်လေးတစ်ခုတင်လိုက်ပါတယ်။ ဟိုး .. အရင် ဖုန်း Tower တိုင်တွေ ဆောက်လုပ်ရေး လုပ်ခဲ့တုန်းက ရန်ကုန်က စထွက်ပြီဆိုတာနဲ့ သတ်မှတ် တာဝါတိုင်ရဲ့လက် လောင် တွေကို ဖုန်းထဲမှာရိုက်ပြီး GPS ဖွင့် ခရီးထွတ်ရတာပေါ့။ ပါးစပ်ပါရွာရောက်ဆိုသလို ကျွန်တော်တို့တွေလည်း လမ်​းညွှန်​ စနစ်​​တွေ ပါနေတော့ မြန်မာပြည်အနှံ လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးတွေကအစ မြို့ကြီးတွေအဆုံး အခက်အခဲမရှိ လိုရာခရီးကို အမှားမရှိသွားနိုင်ခဲ့ပါတယ်။ ခုပိုစ့်မှာတင်ထားတဲ့ မြန်မာပြည်မြေပုံပေါ် ကအစိမ်းရောင်အမှတ်လေးတွေက ကျွန်တော် တာဝန်ယူတည်ဆောက်ခဲ့တဲ့ Tower တိုင်လေးတွေပါ။ ရှမ်းပြည်ဘက် နဲ့ မကွေးတိုင်း ရခိုင် ကယား တနသာရီ ဘက်က Tower တွေကို Rec လုပ်ဖို့ မေ့သွားတော့ အချို့အစိမ်းလေးတွေတော်တော်များများကျန်နေခဲ့ပါတယ်။ ကဲ.. လိုရင်းမရောက်ပဲနေအုံးမယ် (လက်/လောင် ) အကြောင်း ဆက်ကြစို့…

ကျွန်တော်တို့ကိုယ်ရောက်နေတဲ့နေရာ ကို ရှာချင်ရင် ခုခေတ်မှာလွယ်သွားပါပြီ။ ဖုန်းလေးကိုဖွင့် GPS က လက်တီကျူ့လောင်ဂျီကျူ့ ကို မြေပုံကော တည်နေရာနာမည်ကောပြပေးမှာပါ ဒါပေမဲ့ဟိုတုန်းကတော့ဒီကိစ္စဟာမလွယ်ပါ ခုခေတ်မှာလည်း ဖုန်းမရတဲ့ နေရာမှာဆို မလွယ်ပါ။ ဒီတော့ တည်နေရာသိချင်ရင် လတ် နဲ့လောင် ကိုသိမှပါ။

လတ် လောင် ဆိုတာဘာလဲ မြေပြန့်မှာ တော့အပေါင်းအသင်းချင်းတနေရာမှာချိန်းပြီဆိုပါတော့ ကျွန်တော်တို့က နေရာကို လေးထောင့်ကွက်များ ဖြစ်အောင် ဒေါင်လိုက်နဲ့ အလျားလိုက်မျဉ်း များဆွဲ လိုက်မှာပါ။ ဒေါင်လိုက်မျဉ်းကိုဘ 1 2 3 စသဖြင့်ပေးပြီး အလျားလိုက်မျဉ်းကို a b c ပေးရင် 1a 3b စသဖြင့် တည်နေရာ အမှတ်ကို ဖော်ပြနိုင်မှာပါ။

လတ်လောင်ကလည်း ဒီအကြံအတိုင်းပါပဲ ကွာတာက ကမ႓ာက လုံးတဲ့ အတွက် ဖြောင့်တဲ့ မျဉ်းတွေအစား စက်ဝိုင်းတွေကိုသုံးပါတယ်။

ကမ႓ာက ကိုယ့်ဝန်ရိုးပေါ်မှာ ကိုယ်လည်နေပါတယ်။ ဒီဝန်ရိုး ကတောင်နှင့်မြောက်ဝန်ရိုးစွန်းကိုဖြတ်သွားပါတယ် ဒီဝန်ရိုးနဲ့ထောင့်မှန်ကျပြီး ကမ႓ာကို မြောက် နဲ့တောင်ခြမ်းအတိအကျပိုင်းထားတဲ့ စက်ဝိုင်းကို အီကွေတာ ခေါ်ပါတယ်။ အီကွေတာနဲ့ အပြိုင် စက်ဝိုင်းများဟာ ဝန်ရိုးစွန်းဘက်ကို အချင်းတဖြည်းဖြည်းသေးငယ်သွားပါတယ်။ ဒါကလတ်တီကျူ့ ဝါ လတ်ပါ လတ် မျဉ်းကို ဒေါင့်အားဖြင့်တိုင်းပါတယ် အကြီးဆုံး အချင်းရှိတဲ့ အီကွေတာစက်ဝိုင်း
ရှိရာ ပြင်ညီကနေ လတ် စက်ဝိုင်းရှိ ရာ ဆွဲထားတဲ့ စိတ်မှန်း မျဉ်းရဲ့ ကြားကဒေါင့် ကို φ လို့ခေါ်ပါတယ်။ မြောက်ခြမ်းကို φ Nနဲ့တောင်ခြမ်းကို φ S လို့ရေးပါတယ် အီကွေတာမှာ 0° ဖြစ်ပြီးတောင် နဲ့မြောက်ဝင်ရိုးစွန်းမှာ 90° ဖြစ်ပါတယ် အောက်မှာပုံပါပါတယ်။

လောင်ကိုတော့ အီကွေတာကို ထောင့်မှန်ကျတဲ့ အထူးနေရာက စက်ဝိုင်းကို meridian လို့ခေါ်ပါတယ်။ လောင်စက်ဝိုင်းအားလုံးဟာ အချင်းအတူတူပါ ဒါကြောင့် လန်ဒန်တောင်ပိုင်း Greenwich ကိုဖြတ်တဲ့ စက်ဝိုင်းကို သတ်သတ်မှတ်မှတ်ယူပါတယ်။ ဒီစက်ဝိုင်းက ကမ႓ာ ဟိုဘက်ခြမ်းမှာ ရုရှ ပစိဖိတ်နဲ့ ဖီဂျီတို့ကိုဖြတ်ပါတယ် လောင်ကိုလဲ ဒေါင့် အားဖြင့်တိုင်းပြီး λ လို့ခေါ်ကြပါစို့ Greenwich မှာ 0° ရှိပြီး ဖီဂျီမှာ 180° ရှိပါတယ် ဖီဂျီမှာဖြတ်တဲ့ 180° meridian မျဉ်းကို international date line လို့ခေါ်ပါတယ်။ သူ့ကိုဖြတ်ကျော်ရင် တရက်ထတိတိ စောခြင်း သို့နောက်ကျခြင်းကိုဖြစ်စေပါတယ် Greenwich ရဲ့ရှေ့ကို λ E လို့ခေါ်ပြီး နောက်ကို λ w လို့ခေါ်ပါတယ်။

ဒီနည်းနဲ့ပိုတိကျတဲ့တည်နေရာကိုရပါတယ်။ ဘာကြောင့် လဲဆိုတော့ သင်ဟာ ကမ႓ာ့မျက်နှာပြင်ပေါ်မှာရှိတာနဲ့ လတ်လောင်စက်ဝိုင်း ၂ ခု ဆုံရာ အမှတ်ပေါ်ရောက်နေမှာမို့ပါ။ ဥပမာ Greenwich ကို 51.48° N, 0° W နဲ့ ပြနိုင်ပြီး နယူးယောက်က 40.7484 N, 73.9857 W နဲ့ပြနိုင်ပါတယ်။

ဒါပေမဲ့ ဒီလတ်လောင်ကို ဘယ်လိုရှာမလဲ ????
ဆိုပါတော့ သင်ဟာ ပင်လယ်ထဲမှာ ဖုန်းမပါဘဲ ဆိုရင် ဘယ်လိုလုပ်ကြမတုန်း ။

ဆိုပါစို့သင်က ပင်လယ်ထဲမှာလှေတစီးနဲ့စွန့်စားရှာဖွေသူ လတ်တီကျူ့ကိုဘယ်လိုရှာမလဲ။ ဒါက ရှေး ကပင်လယ်ပြင်မှာ နယ်မြေစွန့်စားရှာဖွေသူ ခရီးသွားတို့အတွက်အရေးပါတဲ့ ကိစ္စပါ။ သူတို့ကကောင်းကင်က နေနဲ့ကြယ်များကို ကြည့်ပြီးသွားခဲ့ကြပါတယ်။ ဒီလိုလုပ်ဖို့အတွက် တြိဂိုနိုမေထရီ နဲနဲ တော့လိုပါတယ်။ အောက်မှာ ပုံတွေပြထားပြီး အစဉ်လိုက် ကြည့်ပါ။

ကောင်းကင် မှာ ကြယ်တော်များများက အချိန်နဲ့ အမျှတည်နေရာပြောင်းနေပါတယ်။ ဒီမှာမပြောင်းတဲ့ကြယ်အချို့ရှိပါတယ်။ မြောက်ဝင်ရိုးစွန်းတည့်တည့် ကဓူဝံကြယ်လိုပါ။ သူတို့က ကမ႓ာကနေသိပ်ဝေးလွန်း တော့ မပြောင်းလဲဘူးထင်ရတာပါ။

ကမ႓ာ့ မျက်နှာပြင်ပေါ်က အမှတ်တခုမှာ သင်ရှိနေမယ်ဆိုရင်မိုးကုတ်စက်ဝိုင်းရှိရာရှေ့တည့်တည့် တဆုံးကိုကြည့်လိုက်ပါ။ ဒီ line of sight က ကမ႓ာ ကို tangent ကျတဲ့ မျဉ်းပါ t လို့ခေါ်ပါမယ် ဒီနေရာကနေ မြောက်ခြမ်းကိုကြည့်ရင်ဓူဝံကြယ်ကို တွေ့ရပါမယ်။ ဒီ line of sight အကဲကြည့်မျဉ်း ကို l လို့ခေါ်ပါမယ်။

ဒီ t နဲ့ l ကြားက ဒေါင့် ကို θ လို့ခေါ်ပါမယ်။ ဒီ ဒေါင့် θ ဟာလတ်တီကျူ့ ဒေါင့် တန်ဖိုး φ နဲ့တူတူပါပဲ။

ဒါကဘယ်လိုဖြစ်နိုင်တာလဲ???
ဒါကိုသတ်သေပြဖို့အောက်က ပုံတွေကိုကြည့်ပါ

l နဲ့ t မျဉ်းကို ဆက်ဆွဲရင် နောက်ထပ် ထိပ်ဆိုင်ဒေါင့်ရပါတယ် ထိပ်ဆိုင်ဒေါင့်၂ခုဟာတူပါတယ်။

Xအမှတ်ဟာ တိုင်းတာသူရှိမယ့်တည်နေရာပါ Oက ကမ႓ာ့အလယ် ဗဟိုပါ X နဲ့ O ကိုဆက်တဲ့မျဉ်း r ဟာ အချင်းဝက်ပါ t က tangent ပါ tangent တိုင်းပေါ်ကို အချင်းဝက်ဟာ ဒေါင့်မှန်ကျပါတယ် ဒါကြောင့် θ ရဲ့ ကပ်ရက်ဒေါင့် တန်ဖိုးက 90°- θ ပါ။

မျဉ်း l , အီကွေတာ e နဲ့ r တို့က ဒေါင့်မှန်တြိဂံ ကိုဖြစ်စေပါတယ်တြိဂံ တခုရဲ့အတွင်းဒေါင့် ၃ ခုပေါင်းခြင်းက 180° ပါ ဒီမှာ လိုချင်တာက φ ပါ။ φ က လတ်တီကျူ့ပေါ့ ကျန် ၂ ဒေါင့်ကသိပြီဆိုတော့ φ ကိုရှာနိုင်ပါတယ်။

φ = 180 – ( 90 + [ 90- θ ] ) = θ

ဒီနည်းနဲ့သင်ရောက်နေတဲ့နေရာရဲ့လတ်တီကျူ့ဟာ မိုးကုတ်စက် ဝိုင်းအထက်က ဓူဝံကြယ်ရှိနေမဲ့ဒေါင့်ပါပဲ။ ဒါကိုဂရိ ပညာရှိ ဟစ်ပါချူ့စ်က ကမ႓ာကြီးလုံးမှန်းမသိခင် လွန်ခဲ့သော နှစ် ၂၀၀၀ ကပဲတွက်နိုင်ခဲ့ပါတယ်။ တောင်ကမ႓ာခြမ်းမှာတော့ ဓူဝံကြယ်ကို မမြင်နိုင်ပါ။ ဒါပေမဲ့ southern cross constellation နဲ့ southern pointers ဆိုတဲ့ ကြယ် ၂ လုံးကို သုံးနိုင်ပါတယ်။

ဒါဆိုလောင်ဂျီကျူ့ကကော ဒါကနောက်ထပ် ပုံပြင်တခုပါ

လတ် တိုင်းနည်းကို ဟစ်ပါချူ့စ်လက်ထက် ကတည်းက သိပေမဲ့ လောင် ကတော့ 18 ရာစု ထိခက်ခဲတဲ့ပြသနာပါ။ တိကျမှန်ကန်တဲ့ နည်းလမ်းကို မတွေ့ရပါဘူး။ နောက်တော့နာရီတွေရဲ့အကူအညီနဲ့ ဖြေရှင်းနိုင်ခဲ့ပါတယ်။ လတ်တီကျူ့ပြောင်းရင် ဓူဝံကြယ် ရဲ့ ဒေါင့်ကပြောင်းပါတယ်။ ဒါကြောင့်လတ်ကို ဓူဝံကြယ်ဒေါင့် c ကို သုံးပြီးရှာလို့ရပါတယ်။ လောင်ကတော့မရပါ ဘာကြောင့်လဲဆိုတော့လောင်ကိုပြောင်းလိုက်ရင် အောက်ပုံမှာ ပြထားသလို ဓူဝံကြယ်ဒေါင့် c က မပြောင်းလဲလို့ပါ။

ဒီမှာပြောင်းလဲတာက အချိန်ပါ Greenwich ကနေ ရှေ့ ကို တိုးတာနဲ့အမျှ 15° တိုင်းမှာ ၁ နာရီရှေ့တိုးပါတယ်။ ဥပမာ Greenwich ရဲ့အချိန်က ၁၂ နာရီဆိုပါစို့ သူ့ရှေ့က 15°E မျဉ်းမှာ အချိန်က ၁ နာရီပါ။ Greenwich ရဲ့နောက်
15° W မှာ ၁၁ နာရီပါ။

ဒီတော့ သင်က သင်ရှိနေတဲ့ နေရာရဲ့ဒေသ စံတော်ချိန်ကိုလဲသိမယ် ၊ Greenwich ရဲ့စံတော်ချိန်လည်းသိမယ်ဆိုရင် ဒီစံတော်ချိန် ကွာခြားချက်ကနေ လောင်ဂျီကျူ့ ဒီဂရီ ကွာခြားချက်ကိုပြန်တွက်ယူနိုင်ပါတယ်။

ဒီမှာဒေသစံတော်ချိန်တွက်တာက နေကိုကြည့်ရင်ရပါတယ်။ ဒါပေမဲ့ Greenwich စံတော်ချိန်ကိုသိဖို့ကတော့ဒီတုန်းက နာရီ တလုံး သယ်သွားဖို့ပါပဲ။ ဒါကခုချိန်မှာလွယ်ကူ တဲ့ကိစ္စ ဖြစ်ပေမဲ့ ဒီတုန်းကတော့ ရှိတဲ့ နာရီတွေဟာ ခရီးဒဏ်ကြောင့် လှိုင်းလူးခြင်းဆောင့်ခြင်းများနဲ့မမှန်ခဲ့ပါ ။ 1707 ခုနှစ်မှာ ဆယ်လီသင်္ဘောမှောက်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။ အင်္ဂလိပ် သင်္ဘော ၄ စင်းဟာ ဆယ်လီကျွန်းနားမှာ နစ်မြုပ်ခဲ့တာပါ။ သူတို့ရဲ့ဆိပ်ကမ်း ပို့စ်မောက်နဲ့သိပ်မဝေးပေမဲ့ လောင်ဂျီကျူ့ အတိအကျမတွက်နိုင်မှု နဲ့ဆိုးရွားတဲ့ရာသီဥတုက သင်္ဘောသား ၂၀၀၀ ကျော်သေဆုံးစေခဲ့ပါတယ်။ အင်္ဂလိပ်သမိုင်းမှာတော့အဆိုးရွားဆုံး သင်္ဘောမှောက်မှုပေါ့။

စပိန်နဲ့ဒတ် ခ်ျတွေက ဒီ လောင်ပြသနာ ကိုဖြေရှင်းနိုင်မဲ့သူကိုဆုငွေပေးမယ်လို့ကြေငြာထားတယ်။ ၁၇၁၄မှာ အင်္ဂလိပ်ကလည်း ဒါကိုရှင်းနိုင်ရင် ပေါင် ၂ သောင်း ပေမယ်ပေါ့ နည်းအမျိုးမျိုးနဲ့ရှင်းကြပါတယ်။ အချိန်မှန်ဟောင်တဲ့ခွေးကိုလှေပေါ်တင်မယ်တို့ဘာတို့ပေါ့။ တချို့ ကတော့ လနဲ့ကြယ်တွေကိုတွက်ပြီး အချိန်မှန်းမယ်ပေါ့။

၁၇၃၀ နောက်ပိုင်းမှ ဂျွန်ဟယ်ရစ်ဆင် က ရေကြောင်းသုံးနာရီကို တီထွင်ခဲ့ပါတယ်။ ဆုတော်ငွေကတော့ဘုတ်အဖွဲ့ကညစ်ထားလို့၁၇၇၃ ကြမှ ဂျော့III ဆီ အယူခံဝင်မှ အကုန်ရခဲ့ပါတယ်တဲ့။ ခုခေတ်မှာ အင်တာနေရှင်နယ်ဒိတ်လိုင်းအပါအဝင် လတ်လောင်တွေ ကွေ့နေတာကတော့ သက်ဆိုင်ရာဒေသန္တရ အစိုးရ တွေရဲ့ပြောင်းလဲထားမှုကြောင့် ဖြစ်ပုံရပါတယ်။

သိပ္ပံ သင်္ချာ နှင့် ရူပဗေဒ
Via : Mgmg Kyawzan

Leave a Reply