စစ္သေဘၤာႀကီး အင္ဒီယာနာပိုလစ္ ရဲ႕ ကံၾကမၼာဆုိး

Posted on

ေရးသားသူ – Andrew Soe

ဒုတိယ ကမ႓ာစစ္ အတြင္း သမိုင္း မွာ ေဖ်ာက္ဖ်က္ ထားသည့္ အခ်က္ အေတာ္မ်ားမ်ားတြင္ ဟစ္တလာ နဲ႕တတိယ ဂ်ာမနီႏိုင္ငံ ၏ ေကာင္းေၾကာင္း၊ အားသာခ်က္မ်ား သာမက မဟာမိတ္ တပ္မ်ားဖက္ မွ အားနည္းခ်က္မ်ား ႏွင့္ ဆုံးရွုံးမႈမ်ား ကို လည္း တတ္ႏိုင္သမွ် ဖုံးဖိထား ခဲ့ၾက ပါတယ္။

ထိုသုိ႔ ဆုံးရႈံးမႈမ်ားအထဲတြင္ စစ္သေဘၤာ ၾကီး USS Indianapolis ရဲ႕ျဖစ္ရပ္လည္း တစ္ခုအပါအ၀င္ျဖစ္ပါတယ္။ ( ၁၉၄၅ ) ခုႏွစ္ ( ၆ ) ရက္ ႏွင့္ ( ၉ ) ရက္၊ ဩဂုတ္ လ တြင္ ဂ်ပန္ ႏိုင္ငံ ဟီရိုရွီးမား ႏွင့္ နဂါဆာကီျမိဳ႕ ကို အဏုျမဴဗုံး ၾကဲ မခ်ခင္ ( ၁၀ ) ရက္ အလို ၌ ထို ဗုံးၾကီး အား ပိစိဖိတ္ သမုဒၵရာ ရွိ အေမရိကန္ ေလတပ္ အေျခစိုက္ စခန္း ျဖစ္ေသာ ‘ တီနီယန္ ကြၽန္း ( Tinian ) ‘ သို႕ ‘ USS Indianapolis ‘ စစ္သေဘၤာ ၾကီး ျဖင့္ ပို႕ေဆာင္ေစခဲ့ ပါတယ္။

ထိုသို႕ ပို႕ေဆာင္ျပီး အျပန္ လမ္းခုလတ္ တြင္ ဂ်ပန္ ဘုရင့္ ေရတပ္မေတာ္ ( Imperial Japanese Navy ) မွ ေရငုတ္ သေဘၤာ အိုင္-၅၈ ( Japanese Submarine I-58 ) ၏ ေတာ္ပီဒို ဗုံး ႏွင့္ တိုက္ခိုက္ ခံရ ပါတယ္။ ထို တိုက္ခိုက္မႈ႕ ေၾကာင့္ ( ၁၉၄၅ ) ခုႏွစ္၊ ဇူလိုင္ လ ( ၃၀ ) ရက္ ေန႕ ၌ ဂူအမ္ကြၽန္း အနီးတြင္ ဗုံး ( ၂ )လုံး တိုက္႐ိုက္ ထိမွန္ ခဲ့ျပီး သေဘၤာသား ( ၁,၁၉၇ ) ေယာက္ ႏွင့္ အတူ စစ္ သေဘၤာၾကီး မွာ ( ၁၂ ) မိနစ္ အတြင္း ေရေအာက္ သို႕ နစ္ျမဳပ္ ေရာက္ရွိ သြားခဲ့ ပါတယ္။

ေတာ္ပီဒို ထိမွန္သည့္ အခ်ိန္ တခဏေလး အတြင္း မွာ ပင္ သေဘၤာသား ( ၃၀၀ ) ခန္႕ ခ်က္ခ်င္း ေသဆုံးခဲ့ ပါတယ္။ ထို သူမ်ား ကံေကာင္း ၾကသည္ ဟုပင္ ဆိုရ မည္သာ။ အဘယ့္ေၾကာင့္ ဆိုေသာ္ က်န္ သေဘၤာသား ( ၉၀၀ ) ခန္႕မွာ သားစား ငါးမန္းမ်ား ေပါမ်ား သည့္ သမုဒၵရာ အတြင္း အရွင္လတ္လတ္ ဝါးမ်ိဳ စားေသာက္ ျခင္း ခံခဲ့ ရ၍ မ႐ႈမလွ အေသဆိုး ျဖင့္ အသက္ ဆုံးရွုံး ခဲ့ၾက ရ ပါတယ္။

အခ်ိဳ႕အသက္ကယ္ ရာဘာေဖာင္မ်ား ျဖင့္ လြတ္ေျမာက္ခဲ့ ေသာ္လည္း ပင္လယ္ အတြင္း ( ၄ ) ရက္ၾကာမွ် ေမွ်ာ ေနစဥ္ ေသာက္သုံးေရ၊ စားေရး ရိကၡာ ျပတ္လပ္မႈ ႏွင့္ ရာသီဥတု ဆိုးဝါးမႈ ဒဏ္ေၾကာင့္ တျဖဳတ္ျဖဳတ္ ေသဆုံး ခဲ့ၾက ရ ပါတယ္။ ေရငတ္သည့္ ဒဏ္ ကို မခံႏိုင္သည့္ အဆုံး ပင္လယ္ေရ ကို ေသာက္သုံး မိေသာ သေဘၤာသား အမ်ား အျပား မွာလည္း ေအာ့အန္ျခင္း၊ ေသြးေလ ေျခာက္ျခားျခင္း ျဖင့္ ေနာက္ဆံုး မွာေတာ့ ( ၆ ) နာရီ အတြင္း အသက္ ဆုံးရွုံး ၾကရပါေတာ့ တယ္။

ထို အျဖစ္အပ်က္ မွာ အေမရိကန္ ေရတပ္ရာဇဝင္ ၌ ဝမ္းနည္းစရာ အေကာင္းဆုံး ႏွင့္ အၾကီးမားဆုံး ဆုံးရွုံးမႈ တစ္ရပ္ ျဖစ္ခဲ့ ပါတယ္။ ထိုသို႕ အသက္မေသ က်န္ရွိ ျပီး ပင္လယ္ ထဲ ငရဲ က် ခံေန ရေသာ သေဘၤာသား ( ၉၀၀ ) ကို ( ၄ ) ရက္ေျမာက္ ေန႕မွ ကယ္ဆယ္ေရး အဖြဲ႕က ရွာေဖြ ေတြ႕ရွိ ခဲ့ျပီး ငမန္း သားရဲ တြင္း ထဲ မွ ( ၃၁၇ ) ေယာက္ ကို သာ ခက္ခက္ ခဲခဲ ကယ္တင္ ႏိုင္ခဲ့ ၾက ပါတယ္။

“ သူမ်ား မေကာင္းၾကံ ကိုယ္ခံ ရ ” ဆိုတဲ့ စကားပံု လို ဂ်ပန္ ႏိုင္ငံ ျမိဳ႕ ( ၂ ) ျမိဳ႕ မွ သိန္းခ်ီ ေသာ အျပစ္မဲ့ အရပ္သူ အရပ္သားမ်ား အေပၚ အေသဆိုး ႏွင့္ ေသေစရန္ ၾကံရြယ္ ျပီး ၾကဲခ် ရန္ အတြက္ အဏုျမဴဗုံး ကို သြားေရာက္ ပို႕ေဆာင္ ခဲ့ေသာ မေကာင္းသည့္ ရည္ရြယ္ခ်က္ ေၾကာင့္ ကံ, ကံ ၏ အက်ိဳး ဟုသာ ဆိုရ မည္လားမသိ ကိုယ္ အရင္ခံ ၾက ရတယ္ လို႕ သုံးသပ္ လွ်င္ လည္း မွားအံ့ မထင္ ပါ။

ထို ကံၾကမၼာ ဆိုး ဇတ္လမ္း သည္ ထိုမွ် ႏွင့္ အဆုံး မသတ္ေသး ဘဲ အသက္ေဘး အႏၲရာယ္ မွ လြတ္ေျမာက္ခဲ့ေသာ သေဘၤာ ဦးစီးမႉး ကပၸတိန္ ‘Charles B McVay’ အား စစ္ခံုရံုး မွ ေရတပ္သားမ်ား ႏွင့္ စစ္သေဘၤာၾကီး ဆုံးရွုံး ခဲ့ရမႈ ေၾကာင့္ အျပစ္ရွိေသာ္လည္း ျပစ္ဒဏ္ ခ်မွတ္ျခင္း မခံရ ေသးဘဲ အမႈကို ၾကာရွည္စြာ ရင္ဆိုင္ ေနခဲ့ရပါတယ္။

ထို ကာလအတြင္း အသက္ ဆုံးရွုံးခဲ့ၾက ရေသာ ေရတပ္သား သေဘၤာသား ေဆြမ်ိဳး မိဘ အသိုင္း အဝိုင္းမ်ား မွ ၎ ၏ တာဝန္မဲ့ ေပါ့ေလ်ာ့မႈ ေၾကာင့္သာ ျဖစ္ရသည္ ဟု အၾကိမ္ၾကိမ္ ဖုံးဆက္ ျပီး ရင့္သီး ႐ိုင္းစိုင္း ရုန္႔ရင္း ၾကမ္းတမ္း ေသာ စကားလုံးမ်ား ျဖင့္ ေစာ္ကားသည့္ ဒဏ္ မခံႏိုင္ ရွာဘဲ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈ ျဖစ္၍ ၁၉၆၈ ခုႏွစ္၊ ႏိုဝင္ဘာ လ ( ၆ ) ရက္ ေန႕တြင္ မိမိ ကိုယ္ ကို ေသနတ္ ျဖင့္ သတ္ေသ၍ အဆုံး စီရင္ သြားခဲ့ ပါေတာ့ တယ္။

သမၼတ ဘီလ္ ကလင္တန္ ( President Bill Clinton ) လက္ထက္ သကၠရာဇ္ ( ၂၀၀၀ ) ေရာက္ မွ သာ ၎ အား အျပစ္တင္ ျခင္း၊ အမႈ႕စြဲဆို ထားျခင္းမ်ား အားလုံးကို ပလပ္၍ ပယ္ဖ်က္ ေပးခဲ့ပါတယ္။ သမိုင္းကြင္းဆက္ အမွန္တရားေတြ ကို ႏွစ္ေပါင္းမ်ားစြာ ဖုံးကြယ္ထားခဲ့ ၾကေပမယ့္ နည္းပညာ တိုးတက္ လာသည့္ ( ၂၁ ) ရာစု ေခတ္တြင္ ဖုံးဖိဖို႕ မစြမ္းသာေတာ့ပါ။ ထို အျဖစ္အပ်က္ ႏွင့္ ပတ္သက္ ျပီး ေဟာလိဝုဒ္ မွ လည္း USS Indianapolis: Men of Courage ( 2016 ) အမည္ ျဖင့္ ရုပ္ရွင္ ႐ိုက္ကူး ခဲ႔ ပါတယ္။ ေခါင္းေဆာင္ မင္းသားကေတာ့ ‘Nicolas Cage’ ျဖစ္ပါ တယ္။

( နစ္ျမဳပ္သြားတဲ့ ဒီသေဘၤာႀကီးမ်ားကို အႀကိမ္ႀကိမ္လုိက္လံရွာေဖြေပမယ့္ မေတြ႔ခဲ့ပါဘူး။ နစ္ျမဳပ္ခ်ိန္မွ ႏွစ္ေပါင္း ၇၂ႏွစ္ ၾကာခဲ့အၿပီးမွာေတာ့ မုိက္ခရုိေဆာ့တည္ေထာင္သူ တစ္ေယာက္ျဖစ္တဲ့ ေပါအလန္ရဲ႕ ဦးေဆာင္ရွာေဖြမႈနဲ႔ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ၁၈ရက္ေန႔မွာ ျပန္လည္ရွာေဖြေတြ႔ရွိခဲ့ပါတယ္။  ဖိလစ္ပုိင္ပင္လယ္ျပင္ထဲက ဂူအမ္ကြ်န္းနဲ႔ ေလေတကြ်န္းၾကား ေရေအာက္အနက္ေပ ၁၈၀၀၀ ၀န္းက်င္မွာ သေဘၤာႀကီးဟာ လဲေလ်ာင္းေနခဲ့တာျဖစ္ပါတယ္)

သူရိယေနဝန္း ဂ်ာနယ္ – AndrewSoe ေရးသားသည့္ သမိုင္းက မေျပာေသာ ဟစ္တလာ အေၾကာင္းမ်ား အခန္းဆက္ မွ

Via : Mgmg Kyawzan

————

စစ်သင်္ဘောကြီး အင်ဒီယာနာပိုလစ် ရဲ့ ကံကြမ္မာဆိုး (unicode)

ရေးသားသူ – Andrew Soe

ဒုတိယ ကမ႓ာစစ် အတွင်း သမိုင်း မှာ ဖျောက်ဖျက် ထားသည့် အချက် အတော်များများတွင် ဟစ်တလာ နဲ့တတိယ ဂျာမနီနိုင်ငံ ၏ ကောင်းကြောင်း၊ အားသာချက်များ သာမက မဟာမိတ် တပ်များဖက် မှ အားနည်းချက်များ နှင့် ဆုံးရှုံးမှုများ ကို လည်း တတ်နိုင်သမျှ ဖုံးဖိထား ခဲ့ကြ ပါတယ်။

ထိုသို့ ဆုံးရှုံးမှုများအထဲတွင် စစ်သင်္ဘော ကြီး USS Indianapolis ရဲ့ဖြစ်ရပ်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ( ၁၉၄၅ ) ခုနှစ် ( ၆ ) ရက် နှင့် ( ၉ ) ရက်၊ ဩဂုတ် လ တွင် ဂျပန် နိုင်ငံ ဟီရိုရှီးမား နှင့် နဂါဆာကီမြို့ ကို အဏုမြူဗုံး ကြဲ မချခင် ( ၁၀ ) ရက် အလို ၌ ထို ဗုံးကြီး အား ပိစိဖိတ် သမုဒ္ဒရာ ရှိ အမေရိကန် လေတပ် အခြေစိုက် စခန်း ဖြစ်သော ‘ တီနီယန် ကျွန်း ( Tinian ) ‘ သို့ ‘ USS Indianapolis ‘ စစ်သင်္ဘော ကြီး ဖြင့် ပို့ဆောင်စေခဲ့ ပါတယ်။

ထိုသို့ ပို့ဆောင်ပြီး အပြန် လမ်းခုလတ် တွင် ဂျပန် ဘုရင့် ရေတပ်မတော် ( Imperial Japanese Navy ) မှ ရေငုတ် သင်္ဘော အိုင်-၅၈ ( Japanese Submarine I-58 ) ၏ တော်ပီဒို ဗုံး နှင့် တိုက်ခိုက် ခံရ ပါတယ်။ ထို တိုက်ခိုက်မှု့ ကြောင့် ( ၁၉၄၅ ) ခုနှစ်၊ ဇူလိုင် လ ( ၃၀ ) ရက် နေ့ ၌ ဂူအမ်ကျွန်း အနီးတွင် ဗုံး ( ၂ )လုံး တိုက်ရိုက် ထိမှန် ခဲ့ပြီး သင်္ဘောသား ( ၁,၁၉၇ ) ယောက် နှင့် အတူ စစ် သင်္ဘောကြီး မှာ ( ၁၂ ) မိနစ် အတွင်း ရေအောက် သို့ နစ်မြုပ် ရောက်ရှိ သွားခဲ့ ပါတယ်။

တော်ပီဒို ထိမှန်သည့် အချိန် တခဏလေး အတွင်း မှာ ပင် သင်္ဘောသား ( ၃၀၀ ) ခန့် ချက်ချင်း သေဆုံးခဲ့ ပါတယ်။ ထို သူများ ကံကောင်း ကြသည် ဟုပင် ဆိုရ မည်သာ။ အဘယ့်ကြောင့် ဆိုသော် ကျန် သင်္ဘောသား ( ၉၀၀ ) ခန့်မှာ သားစား ငါးမန်းများ ပေါများ သည့် သမုဒ္ဒရာ အတွင်း အရှင်လတ်လတ် ဝါးမျို စားသောက် ခြင်း ခံခဲ့ ရ၍ မရှုမလှ အသေဆိုး ဖြင့် အသက် ဆုံးရှုံး ခဲ့ကြ ရ ပါတယ်။

အချို့အသက်ကယ် ရာဘာဖောင်များ ဖြင့် လွတ်မြောက်ခဲ့ သော်လည်း ပင်လယ် အတွင်း ( ၄ ) ရက်ကြာမျှ မျှော နေစဉ် သောက်သုံးရေ၊ စားရေး ရိက္ခာ ပြတ်လပ်မှု နှင့် ရာသီဥတု ဆိုးဝါးမှု ဒဏ်ကြောင့် တဖြုတ်ဖြုတ် သေဆုံး ခဲ့ကြ ရ ပါတယ်။ ရေငတ်သည့် ဒဏ် ကို မခံနိုင်သည့် အဆုံး ပင်လယ်ရေ ကို သောက်သုံး မိသော သင်္ဘောသား အများ အပြား မှာလည်း အော့အန်ခြင်း၊ သွေးလေ ခြောက်ခြားခြင်း ဖြင့် နောက်ဆုံး မှာတော့ ( ၆ ) နာရီ အတွင်း အသက် ဆုံးရှုံး ကြရပါတော့ တယ်။

ထို အဖြစ်အပျက် မှာ အမေရိကန် ရေတပ်ရာဇဝင် ၌ ဝမ်းနည်းစရာ အကောင်းဆုံး နှင့် အကြီးမားဆုံး ဆုံးရှုံးမှု တစ်ရပ် ဖြစ်ခဲ့ ပါတယ်။ ထိုသို့ အသက်မသေ ကျန်ရှိ ပြီး ပင်လယ် ထဲ ငရဲ ကျ ခံနေ ရသော သင်္ဘောသား ( ၉၀၀ ) ကို ( ၄ ) ရက်မြောက် နေ့မှ ကယ်ဆယ်ရေး အဖွဲ့က ရှာဖွေ တွေ့ရှိ ခဲ့ပြီး ငမန်း သားရဲ တွင်း ထဲ မှ ( ၃၁၇ ) ယောက် ကို သာ ခက်ခက် ခဲခဲ ကယ်တင် နိုင်ခဲ့ ကြ ပါတယ်။

“ သူများ မကောင်းကြံ ကိုယ်ခံ ရ ” ဆိုတဲ့ စကားပုံ လို ဂျပန် နိုင်ငံ မြို့ ( ၂ ) မြို့ မှ သိန်းချီ သော အပြစ်မဲ့ အရပ်သူ အရပ်သားများ အပေါ် အသေဆိုး နှင့် သေစေရန် ကြံရွယ် ပြီး ကြဲချ ရန် အတွက် အဏုမြူဗုံး ကို သွားရောက် ပို့ဆောင် ခဲ့သော မကောင်းသည့် ရည်ရွယ်ချက် ကြောင့် ကံ, ကံ ၏ အကျိုး ဟုသာ ဆိုရ မည်လားမသိ ကိုယ် အရင်ခံ ကြ ရတယ် လို့ သုံးသပ် လျှင် လည်း မှားအံ့ မထင် ပါ။

ထို ကံကြမ္မာ ဆိုး ဇတ်လမ်း သည် ထိုမျှ နှင့် အဆုံး မသတ်သေး ဘဲ အသက်ဘေး အန္တရာယ် မှ လွတ်မြောက်ခဲ့သော သင်္ဘော ဦးစီးမှူး ကပ္ပတိန် ‘Charles B McVay’ အား စစ်ခုံရုံး မှ ရေတပ်သားများ နှင့် စစ်သင်္ဘောကြီး ဆုံးရှုံး ခဲ့ရမှု ကြောင့် အပြစ်ရှိသော်လည်း ပြစ်ဒဏ် ချမှတ်ခြင်း မခံရ သေးဘဲ အမှုကို ကြာရှည်စွာ ရင်ဆိုင် နေခဲ့ရပါတယ်။

ထို ကာလအတွင်း အသက် ဆုံးရှုံးခဲ့ကြ ရသော ရေတပ်သား သင်္ဘောသား ဆွေမျိုး မိဘ အသိုင်း အဝိုင်းများ မှ ၎င်း ၏ တာဝန်မဲ့ ပေါ့လျော့မှု ကြောင့်သာ ဖြစ်ရသည် ဟု အကြိမ်ကြိမ် ဖုံးဆက် ပြီး ရင့်သီး ရိုင်းစိုင်း ရုန့်ရင်း ကြမ်းတမ်း သော စကားလုံးများ ဖြင့် စော်ကားသည့် ဒဏ် မခံနိုင် ရှာဘဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်၍ ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာ လ ( ၆ ) ရက် နေ့တွင် မိမိ ကိုယ် ကို သေနတ် ဖြင့် သတ်သေ၍ အဆုံး စီရင် သွားခဲ့ ပါတော့ တယ်။

သမ္မတ ဘီလ် ကလင်တန် ( President Bill Clinton ) လက်ထက် သက္ကရာဇ် ( ၂၀၀၀ ) ရောက် မှ သာ ၎င်း အား အပြစ်တင် ခြင်း၊ အမှု့စွဲဆို ထားခြင်းများ အားလုံးကို ပလပ်၍ ပယ်ဖျက် ပေးခဲ့ပါတယ်။ သမိုင်းကွင်းဆက် အမှန်တရားတွေ ကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့ ကြပေမယ့် နည်းပညာ တိုးတက် လာသည့် ( ၂၁ ) ရာစု ခေတ်တွင် ဖုံးဖိ ဖို့ မစွမ်းသာ တော့ပါ။ ထို အဖြစ်အပျက် နှင့် ပတ်သက် ပြီး ဟောလိဝုဒ် မှ လည်း USS Indianapolis: Men of Courage ( 2016 ) အမည် ဖြင့် ရုပ်ရှင် ရိုက်ကူး ခဲ့ ပါတယ်။ ခေါင်းဆောင် မင်းသားကတော့ ‘Nicolas Cage’ ဖြစ်ပါ တယ်။

(နစ်မြုပ်သွားတဲ့ ဒီသင်္ဘောကြီးများကို အကြိမ်ကြိမ်လိုက်လံရှာဖွေပေမယ့် မတွေ့ခဲ့ပါဘူး။ နစ်မြုပ်ချိန်မှ နှစ်ပေါင်း ၇၂နှစ် ကြာခဲ့အပြီးမှာတော့ မိုက်ခရိုဆော့တည်ထောင်သူ တစ်ယောက်ဖြစ်တဲ့ ပေါအလန်ရဲ့ ဦးဆောင်ရှာဖွေမှုနဲ့ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၈ရက်နေ့မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။  ဖိလစ်ပိုင်ပင်လယ်ပြင်ထဲက ဂူအမ်ကျွန်းနဲ့ လေတေကျွန်းကြား ရေအောက်အနက်ပေ ၁၈၀၀၀ ဝန်းကျင်မှာ သင်္ဘောကြီးဟာ လဲလျောင်းနေခဲ့တာဖြစ်ပါတယ်)

သူရိယနေဝန်း ဂျာနယ် – AndrewSoe ရေးသားသည့် သမိုင်းက မပြောသော ဟစ်တလာ အကြောင်းများ အခန်းဆက် မှ

Via : Mgmg Kyawzan

Leave a Reply