၂၀၁၉ မွာ ေရာင္းခ်ဖုိ႔ အသင့္ျဖစ္ေနတဲ့ မုိးပ်ံကား

Posted on

မုိးပ်ံကားေတြကို ထြင္ခဲ့ၾကတာဟာ ဆယ္စုႏွစ္ တစ္ခုေလာက္ရွိခဲ့ၿပီျဖစ္ေပမယ့္ ေစ်းကြက္ေပၚကိုေရာက္ကာ လူတုိင္း၀ယ္စီးႏုိင္တဲ့ မုိးပ်ံကားကေတာ့ ထြက္ေပၚမလာေသးပါဘူး။ ဒါေပမယ့္ Volvo ကုမၸဏီရဲ႕ သတင္းထုတ္ျပန္မႈအရ လာမယ့္ႏွစ္မွာ မုိးပ်ံကားေတြကုိ လူေတြ၀ယ္စီးလာႏုိင္ေတာ့မယ္လုိ႔ သိရပါတယ္။

နာမည္ႀကီး ကားကုမၸဏီျဖစ္တဲ့ Volvo ရဲ႕လက္ေအာက္မွာရွိတဲ့ Terrafugia ကုမၸဏီကေန ဒီမုိးပ်ံကားေတြကို ထုတ္လုပ္ေရာင္းခ်သြားမွာပဲျဖစ္ပါတယ္။ Terrafugia ကို ၂၀၀၆ခုႏွစ္တည္းက MIT က အေတာ္ဆုံးေက်ာင္းသားငါးေယာက္နဲ႔အတူဖြဲ႔စည္းခဲ့ၿပီး မုိးပ်ံကားပေရာဂ်က္ေတြကုိ တစုိက္မတ္မတ္လုပ္ခဲ့တဲ့ ကုမၸဏီျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေအာင္ျမင္သြားၿပီျဖစ္တဲ့ သူတုိ႔ရဲ႕ မိုးပ်ံကားေတြကို ၂၀၁၉ခုႏွစ္္မွာ ေစ်းကြက္ေပၚကိုေရာက္ရွိေတာ့မယ္ လုိ႔ သိရပါတယ္။

ႏွစ္ေယာက္စီး ဒီ hybrid လွ်ပ္စစ္ မုိးပ်ံကားေတြရဲ႕ လုံၿခဳံေရးစနစ္ နဲ႔ ပ်ံသန္းမႈစနစ္ေတြကို အႀကိမ္ႀကိမ္စမ္းသပ္ခဲ့ပါတယ္။ ေလေၾကာင္းဌာန FAA ရဲ႕ ခြင့္ျပဳခ်က္ကိုရရွိထားၿပီျဖစ္ကာ နည္းပညာျမွင့္ထားတဲ့ထုိင္ခုံေတြနဲ႔ အတူ အသက္ကယ္ ေလအိတ္ေတြကိုလည္း ထည့္သြင္းထားပါေသးတယ္။

ဒီကားပ်ံကုိ ပုံအင္စက္အင္ဂ်င္ နဲ႔ေမာင္းႏွင္ႏုိင္သလုိ လွ်ပ္စစ္နဲ႔ေမာင္းႏွင္ႏုိင္ဖုိ႔ lithium phosphate ဓာတုဘက္ထရီကုိလည္း တပ္ဆင္ေပးထားပါတယ္။

ဒီကားပ်ံေတြဟာ ၁နာရီကုိ မုိင္ ၁၀၀ အျမန္ႏႈန္းအထိ နဲ႔ မုိင္ ၄၀၀အထိေမာင္းႏွင္ႏုိင္ပါတယ္။ အျမင့္ဆုံးေမာင္းႏွင္ႏုိင္တဲ့ အျမင့္ကေတာ့ အျမင့္ေပ ၁ေသာင္းအထိျဖစ္ပါတယ္။ မုိးပ်ံကားဆုိေပမယ့္ ဒီကားကုိ၀ယ္ယူေမာင္းႏွင္တဲ့သူေတြဟာ ေလယာဥ္ေမာင္းလုိင္စင္ ေတာ့ရွိဖုိ႔ လိုအပ္ပါတယ္။

ကားပ်ံဆုိေပမယ့္ ေတာင္ပံတပ္ထားတဲ့အတြက္ ေလယာဥ္နဲ႔တူပါတယ္။ ဒါေပမယ့္ ေလယာဥ္လုိ အရွိန္ယူပ်ံသန္းဖုိ႔ ေျပးလမ္းေၾကာင္းမလုိအပ္ပဲ ပုံမွန္လမ္းေတြေပၚမွ တုိက္ရုိက္ေမာင္းႏွင္ႏုိင္ပါတယ္။ ဒါ့အျပင္ လမ္းေပၚေရာက္တဲ့အခါ ဒီအေတာင္ပံေတြကို ေခါက္သိမ္းကာ ပုံမွန္ကားတစ္စီးလုိ ေမာင္းႏွင္ႏုိင္မွာ ျဖစ္ပါတယ္။ Terrafugia မုိးပ်ံကားေတြကုိ ဒီဇုိင္းမ်ဳိးစုံဖန္တီးထားတာျဖစ္ပါတယ္။

ဒီမုိးပ်ံကားဟာ အလြန္ေပါ့ပါးပါတယ္။ အေလးခ်ိန္ ၁၃၀၀ေပါင္သာရွိၿပီး ေအာ္တုိဂီယာစနစ္ကို အသုံးျပဳထားပါတယ္။ လက္ရွိအခ်ိန္အထိေတာ့ Terrafugia ဟာ ဒီကားပ်ံေတြရဲ႕ ေစ်းႏႈန္းကို ထုတ္ေဖာ္ေျပာၾကားျခင္း မရွိခဲ့ေသးပါဘူး။

တကယ္လုိ႔သာ ေၾကျငာထားတဲ့အတုိင္း ေစ်းကြက္ေပၚေရာက္ရွိခဲ့မယ္ဆုိရင္ေတာ့ ပထမဆုံး လူေတြ၀ယ္စီးလုိ႔ရတဲ့ မုိးပ်ံကားျဖစ္လာမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီမုိးပ်ံကားေတြကုိ ဘယ္လုိဥပေဒေတြနဲ႔ ထိမ္းခ်ဳပ္မလဲဆုိတာကေတာ့ စိတ္၀င္စားဖုိ႔ေကာင္းပါတယ္။ ပညာရွင္အခ်ဳိ႕ကေတာ့ ဒီမုိးပ်ံကားေတြကို ေစ်းကြက္တင္ေရာင္းခ်ႏုိင္ဖုိ႔ ျဖစ္ႏုိင္ေခ်နည္းတယ္လုိ႔ ဆုိၾကပါတယ္။

ဘာပဲျဖစ္ျဖစ္ တစ္ႏွစ္ထက္ တစ္ႏွစ္ နည္းပညာေတြ တုိးတက္လာမႈကေတာ့ အရွိန္အဟုန္ျပင္းလာတယ္ဆုိတာ ျငင္းလုိ႔မရပါဘူး။ ဒီမုိးပ်ံကားေတြသာ လူေတြလက္ထဲ တကယ္ေရာင္းခ်ႏုိင္ခဲ့မယ္ဆုိရင္ မၾကာေတာ့တဲ့ႏွစ္ေတြမွာ ေကာင္းကင္ျပင္မွာ ကားေတြကိုျမင္ရေတာ့ျဖစ္ပါတယ္။

VIDEO

Ref:
Terrafugia
Daily Mail

—————–

၂၀၁၉ မှာ ရောင်းချဖို့ အသင့်ဖြစ်နေတဲ့ မိုးပျံကား ( unicode)

မိုးပျံကားတွေကို ထွင်ခဲ့ကြတာဟာ ဆယ်စုနှစ် တစ်ခုလောက်ရှိခဲ့ပြီဖြစ်ပေမယ့် ဈေးကွက်ပေါ်ကိုရောက်ကာ လူတိုင်းဝယ်စီးနိုင်တဲ့ မိုးပျံကားကတော့ ထွက်ပေါ်မလာသေးပါဘူး။ ဒါပေမယ့် Volvo ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်မှုအရ လာမယ့်နှစ်မှာ မိုးပျံကားတွေကို လူတွေဝယ်စီးလာနိုင်တော့မယ်လို့ သိရပါတယ်။

နာမည်ကြီး ကားကုမ္ပဏီဖြစ်တဲ့ Volvo ရဲ့လက်အောက်မှာရှိတဲ့ Terrafugia ကုမ္ပဏီကနေ ဒီမိုးပျံကားတွေကို ထုတ်လုပ်ရောင်းချသွားမှာပဲဖြစ်ပါတယ်။ Terrafugia ကို ၂၀၀၆ခုနှစ်တည်းက MIT က အတော်ဆုံးကျောင်းသားငါးယောက်နဲ့အတူဖွဲ့စည်းခဲ့ပြီး မိုးပျံကားပရောဂျက်တွေကို တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အောင်မြင်သွားပြီဖြစ်တဲ့ သူတို့ရဲ့ မိုးပျံကားတွေကို ၂၀၁၉ခုနှစ်မှာ ဈေးကွက်ပေါ်ကိုရောက်ရှိတော့မယ် လို့ သိရပါတယ်။

နှစ်ယောက်စီး ဒီ hybrid လျှပ်စစ် မိုးပျံကားတွေရဲ့ လုံခြုံရေးစနစ် နဲ့ ပျံသန်းမှုစနစ်တွေကို အကြိမ်ကြိမ်စမ်းသပ်ခဲ့ပါတယ်။ လေကြောင်းဌာန FAA ရဲ့ ခွင့်ပြုချက်ကိုရရှိထားပြီဖြစ်ကာ နည်းပညာမြှင့်ထားတဲ့ထိုင်ခုံတွေနဲ့ အတူ အသက်ကယ် လေအိတ်တွေကိုလည်း ထည့်သွင်းထားပါသေးတယ်။
ဒီကားပျံကို ပုံအင်စက်အင်ဂျင် နဲ့မောင်းနှင်နိုင်သလို လျှပ်စစ်နဲ့မောင်းနှင်နိုင်ဖို့ lithium phosphate ဓာတုဘက်ထရီကိုလည်း တပ်ဆင်ပေးထားပါတယ်။

ဒီကားပျံတွေဟာ ၁နာရီကို မိုင် ၁၀၀ အမြန်နှုန်းအထိ နဲ့ မိုင် ၄၀ဝအထိမောင်းနှင်နိုင်ပါတယ်။ အမြင့်ဆုံးမောင်းနှင်နိုင်တဲ့ အမြင့်ကတော့ အမြင့်ပေ ၁သောင်းအထိဖြစ်ပါတယ်။ မိုးပျံကားဆိုပေမယ့် ဒီကားကိုဝယ်ယူမောင်းနှင်တဲ့သူတွေဟာ လေယာဉ်မောင်းလိုင်စင် တော့ရှိဖို့ လိုအပ်ပါတယ်။

ကားပျံဆိုပေမယ့် တောင်ပံတပ်ထားတဲ့အတွက် လေယာဉ်နဲ့တူပါတယ်။ ဒါပေမယ့် လေယာဉ်လို အရှိန်ယူပျံသန်းဖို့ ပြေးလမ်းကြောင်းမလိုအပ်ပဲ ပုံမှန်လမ်းတွေပေါ်မှ တိုက်ရိုက်မောင်းနှင်နိုင်ပါတယ်။ ဒါ့အပြင် လမ်းပေါ်ရောက်တဲ့အခါ ဒီအတောင်ပံတွေကို ခေါက်သိမ်းကာ ပုံမှန်ကားတစ်စီးလို မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ Terrafugia မိုးပျံကားတွေကို ဒီဇိုင်းမျိုးစုံဖန်တီးထားတာဖြစ်ပါတယ်။

ဒီမိုးပျံကားဟာ အလွန်ပေါ့ပါးပါတယ်။ အလေးချိန် ၁၃၀၀ပေါင်သာရှိပြီး အော်တိုဂီယာစနစ်ကို အသုံးပြုထားပါတယ်။ လက်ရှိအချိန်အထိတော့ Terrafugia ဟာ ဒီကားပျံတွေရဲ့ ဈေးနှုန်းကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သေးပါဘူး။

တကယ်လို့သာ ကြေငြာထားတဲ့အတိုင်း ဈေးကွက်ပေါ်ရောက်ရှိခဲ့မယ်ဆိုရင်တော့ ပထမဆုံး လူတွေဝယ်စီးလို့ရတဲ့ မိုးပျံကားဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုးပျံကားတွေကို ဘယ်လိုဥပဒေတွေနဲ့ ထိမ်းချုပ်မလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပညာရှင်အချို့ကတော့ ဒီမိုးပျံကားတွေကို ဈေးကွက်တင်ရောင်းချနိုင်ဖို့ ဖြစ်နိုင်ချေနည်းတယ်လို့ ဆိုကြပါတယ်။

ဘာပဲဖြစ်ဖြစ် တစ်နှစ်ထက် တစ်နှစ် နည်းပညာတွေ တိုးတက်လာမှုကတော့ အရှိန်အဟုန်ပြင်းလာတယ်ဆိုတာ ငြင်းလို့မရပါဘူ။ ဒီမိုးပျံကားတွေသာ လူတွေလက်ထဲ တကယ်ရောင်းချနိုင်ခဲ့မယ်ဆိုရင် မကြာတော့တဲ့နှစ်တွေမှာ ကောင်းကင်ပြင်မှာ ကားတွေကိုမြင်ရတော့ဖြစ်ပါတယ်။

Leave a Reply