ျမန္မာ့ေျမေပၚက မဟာမိတ္ စစ္သခၤ်ဳိင္းမ်ား

Posted on

ေရးသားသူ – ေမာင္သာ(ေရွးေဟာင္းသုေတသန)

ကမာၻ႔ာ့သမိုင္းတြင္ ျဖစ္ပြားခဲ့သည့္ ကမာၻစစ္ႀကီး ႏွစ္ပြဲအနက္ ပထမကမာၻစစ္ႀကီး( ၁၉၁၄ခုႏွစ္-၁၉၁၈ခုႏွစ္)အတြင္း လူ ၁၇ သန္းေသဆုံး ၍ သန္း၂၀ ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ဒုတိယကမာၻစစ္ႀကီး(ခရစ္ႏွစ္၁၉၃၉-၁၉၄၅ )အတြင္း လူဦးေရ သန္း ၆၀ေက်ာ္ ေသေက်၊ ဒဏ္ရာရရွိခဲ့ၾကသည္။ ျမန္မာႏိုင္ငံအပါ အ၀င္ ကမာၻအႏွံ႔စစ္ေျမျပင္ အသီးသီးတြင္ စစ္သည္မ်ားသာမက အရပ္သား ျပည္သူမ်ား လည္း ေသေက်ခဲ့ၾကရေပသည္။ စစ္ပြဲႀကီးမ်ားအၿပီးတြင္ အနိ႒ာရုံမ်ားစြာက်န္ရွိခဲ့ရာ စစ္သခၤ်ဳိင္းမ်ားကို စစ္၏ျပယုဂ္မ်ားအျဖစ္ ျမင္ေတြ႕ႏိုင္ၾကသည္။

ကမာၻာစစ္ႀကီး ႏွစ္ခုၿပီးဆုံးၿပီးေနာက္ စစ္အတြင္းကေပါင္းစည္းခဲ့သည့္ မဟာမိတ္ႏိုင္ငံမ်ားသည္ စစ္ပြဲမ်ားတြင္ က်ဆုံးခဲ့သည့္ မိမိတို႕စစ္သည္မ်ား၏ အထိမ္းအမွတ္ဂူမ်ားထားရွိရန္ ႏိုင္ငံအသီးသီး၌ မဟာ မိတ္စစ္သခၤ်ဳိင္းမ်ားကို တည္ေဆာက္ ခဲ့ၾက သည္။ ထို႕ေၾကာင့္ က်ဆုံးစစ္သည္မ်ား၏ က်န္ရစ္သူမိသားစုမ်ားသည္ စစ္သခ်ၤိဳင္းမ်ားရွိ အထိမ္းအမွတ္ အုတ္ဂူမ်ား၌ မိမိ တို႕ကိုး ကြယ္ရာဘာသာထုံးတမ္းမ်ားအတိုင္း သြားေရာက္ဂါ၀ရျပဳႏိုင္ခဲ့ၾကၿပီး ႏွစ္ကာလ ၾကာရွည္လာခ်ိန္တြင္ သမိုင္း၀င္ စစ္သခၤ်ဳိင္းမ်ား အျဖစ္ ထင္ရွားလာခဲ့သည္။

ျမန္မာႏိုင္ငံ ႏွင့္ စစ္သခၤ်ဳိင္းမ်ား

ဒုတိယကမာၻစစ္အၿပီးတြင္ ၿဗိတိသွ်တို႔သည္ ရန္ကုန္ၿမိဳ႕၌ စစ္သခၤ်ဳိင္းႏွစ္ခုႏွင့္ သံျဖဴဇရပ္ၿမိဳ႕ ၌ စစ္ သခၤ်ဳိင္းတစ္ခု တည္ ေဆာက္ဖြင့္လွစ္ခဲ့သည္။ ရန္ကုန္ၿမိဳ႕၊ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ ျမန္မာႏိုင္ငံ၏ ပထမဆုံး မဟာမိတ္ စစ္ သခၤ်ဳိင္း ျဖစ္သည့္ ရန္ကုန္ စစ္သခၤ်ဳိင္းကို ၁၉၄၅ ခုႏွစ္တြင္ ဖြင့္လွစ္၍ အထိမ္းအမွတ္ အုတ္ဂူ ၁၃၈၁ ခု ထားရွိခဲ့သည္။ စစ္သခၤ်ဳိင္းသုံးခုအနက္ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၌ ၁၉၅၁ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့သည့္ ေထာက္ၾကန္႔စစ္ သခၤ်ဳိင္းသည္ အႀကီးဆုံးျဖစ္ၿပီး ပထမကမာၻစစ္ႏွင့္ ဒုတိယကမာၻစစ္ပြဲမ်ားအတြင္း ျမန္မာႏိုင္ငံ စစ္ေျမျပင္အသီးသီးတြင္ က်ဆုံးခဲ့ သည့္ မဟာမိတ္စစ္သည္ ၆၃၇၄ ဦး၏ အထိမ္းအမွတ္ အုတ္ဂူငယ္မ်ားကို ထားရွိသည္။ ထို႕အတူ မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕တြင္ အုတ္ဂူငယ္ ၃၇၇၁ ခု ရွိသည့္ မဟာမိတ္ စစ္သခၤ်ဳိင္း တစ္ခုကို ၁၉၄၆ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့သည္။

ရန္ကုန္စစ္သခၤ်ဳိင္း

ျမန္မာႏိုင္ငံ၏ ပထမဆုံး မဟာမိတ္သခၤ်ဳိင္းျဖစ္သည့္ ရန္ကုန္ စစ္သခၤ်ဳိင္းကို စမ္းေခ်ာင္းၿမိဳ႕နယ္၊ ယခုဟံသာ၀တီ အ၀ိုင္း အနီးတြင္ ဒုတိယကမာၻစစ္အၿပီး ၁၉၄၅ ခုႏွစ္က ဖြင့္လွစ္ခဲ့သည္။ ၿဗိတိသွ်တို႕သည္ ဂ်ပန္မ်ား လက္ေအာက္မွ ရန္ကုန္ၿမိဳ႕ကို ၁၉၄၅ ခုႏွစ္ေမလတြင္ ျပန္လည္ရယူခဲ့ၿပီးေနာက္ ရန္ကုန္စစ္သခၤ်ဳိင္းေနရာကို သခၤ်ဳိင္းအျဖစ္ စတင္အသုံးျပဳခဲ့သည္။ ရန္ကုန္ ေထာင္ အတြင္း ကြယ္လြန္ခဲ့သည့္ မဟာမိတ္စစ္သုံ႕ပန္းမ်ားအပါအ၀င္ ရန္ကုန္ၿမိဳ႕ႏွင့္အနီး၀န္းက်င္ ေဒသမ်ား တြင္ ျမွဳပ္ႏွံခဲ့သည့္ မဟာ မိတ္စစ္သည္ အေလာင္းမ်ားကို ရန္ကုန္စစ္သခၤ်ဳိင္း သို႕ေျပာင္းေရႊ႕ခဲ့သည္။

ပထမကမာၻစစ္အတြင္း ရန္ကုန္ၿမိဳ႕ တြင္ ေသဆုံးခဲ့ၿပီး ရန္ကုန္ တပ္ေျမ သခၤ်ဳိင္းတြင္ျမွဳပ္ႏွံထားသည့္ မဟာမိတ္စစ္သည္ ၃၅ ဦးႏွင့္ ပုဇြန္ေတာင္တြင္ ျမွဳပ္ႏွံထားသူ တစ္ဦးကို ၁၉၄၈ ခုႏွစ္တြင္ ရန္ကုန္သခၤ်ဳိင္းသို႕ ထပ္မံေျပာင္းေရႊ႕ခဲ့သည္။ ရန္ကုန္စစ္သခၤ်ဳိင္းတြင္ အထိမ္းအမွတ္ဂူ ၁၃၈၁ ခုကို ထားရွိသည့္အနက္ ၈၆ ခုကို အမည္မွတ္တမ္းမရွိေခ်။ စစ္ သခၤ်ဳိင္း အ၀တြင္ ၁၉၃၉ ခုႏွစ္ မွ ၁၉၄၅ ခုႏွစ္အတြင္း ကြယ္လြန္ခဲ့သူမ်ားကို ရည္ညႊန္းလ်က္ `ဤေနရာ၌ ဂုဏ္ျပဳအပ္ သည့္ ေရတပ္၊ ကုန္း တပ္ႏွင့္ေလတပ္သားမ်ားနိယာမ ေခါင္းခ်ဘို႕ရန္ ဤသုႆန္တည္ရွိေသာေျမေနရာသည္ကား ျမန္မာလူမ်ိဳးတို႕၏ ေကာင္းမႈတည္း` ဟု ျမန္မာ အဂၤလိပ္ႏွစ္ဘာသာျဖင့္ ကမၺည္းေရးထိုးထားသည္။

သံျဖဴဇရပ္ စစ္သခၤ်ဳိင္း

သံျဖဴဇရပ္စစ္သခၤ်ဳိငးးသည္ သံျဖဴဇရပ္ ေမာင္းမကန္ကားလမ္းေဘးတြင္တည္ရွိၿပီး ၂၅ ဧက ေက်ာ္က်ယ္၀န္းသည္။ ဒုတိယ ကမာၻစစ္ပြဲကာလအတြင္းက ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံကို ဆက္သြယ္သည့္ ေသမင္းတမန္ရထား ေဖာက္လုပ္ရာတြင္ ေသဆုံးခဲ့သည့္ မဟာမိတ္စစ္သည္ ၃၁၄၉ ဦး ႏွင့္ ဒတ္ခ်္ စစ္သည္ ၆၂၁ ဦးတို႕၏ အထိမ္းအမွတ္ အုတ္ဂူမ်ားကို သံျဖဴဇရပ္ စစ္သခၤ်ဳိင္းတြင္ ထားရွိ သည္။ သံျဖဴဇရပ္ စစ္သခၤ်ဳိင္း ကို ၁၉၄၆ ခုႏွစ္ ဒီဇင္ဘာ ၁၈ ရက္တြင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ႏွင့္ ဘုရင္ခံ ဆာဟူးဘရန္႔႔တုိ႔က ဖြင့္ လွစ္ ေပးခဲ့သည္။

သံျဖဴဇရပ္ၿမိဳ႕ရွိ မဟာမိတ္ စစ္သခၤ်ဳိင္းသည္ မြန္ျပည္နယ္သို႕ လာေရာက္လည္ပတ္သည့္ ျပည္ပ ခရီးသြား မ်ား သြားေရာက္ေလ့ရွိသည့္ ခရီးသြား နယ္ေျမ တစ္ခု အျဖစ္ ထင္ရွားသည္။ သံျဖဴဇရပ္ၿမိဳ႕သည္ ရန္ကုန္ ထား၀ယ္မီးရထားလမ္း၊ရန္ကုန္ ေကာ့ေသာင္ ေမာ္ေတာ္ကားလမ္းႏွင့္ ေမာ္လၿမိဳင္ က်ိဳကၡမီ ေမာ္ေတာ္ကားလမ္းတို႕ ဆုံသည့္ ေနရာတြင္တည္ရွိၿပီး ေမာ္လၿမိဳင္ၿမိဳ႕မွ ေတာင္ဘက္သို႕မိုင္ ၄၀ ကြာေ၀း၍ ေရးၿမိဳ႕မွ ေျမာက္ ဘက္ သို႕ ၅၇ မိုင္ကြာေ၀းသည္။

ဂ်ပန္ႏိုင္ငံသည္ ျမန္မာႏွင့္ထိုင္း ႏွစ္ႏိုင္ငံနယ္စပ္ကို ျဖတ္ေက်ာ္၍မိုင္ ၂၅၀ ေက်ာ္ရွည္သည့္ မီးရထားလမ္းကို ဒုတိယ ကမာၻ စစ္အတြင္း ၁၉၄၂ ခုႏွစ္ ေအာက္တိုဘာလတြင္ စတင္ေဖာက္လုပ္ခဲ့ၿပီး ၁၄ လ စီမံကိန္းေဆာင္ရြက္ခဲ့ရာ ၁၉၄၃ ခုႏွစ္ ဒီဇင္ဘာ လ တြင္ ၿပီးစီးခဲ့သည္။ မီးရထားလမ္းသည္ ျမန္မာႏိုင္ငံ သံျဖဴဇရပ္ ၿမိဳ႕မွစတင္၍ ထိုင္းႏိုင္ငံ ဘန္ေပါင္းတြင္ အဆုံးသတ္ခဲ့ရာ ျမန္မာ ႏိုင္ငံဘက္ျခမ္း တြင္ မိုင္ ၇၀ ေက်ာ္ ရွည္လ်ားသည္။ ရထားလမ္းေဖာက္လုပ္ခဲ့စဥ္ ျမန္မာျပည္သူမ်ားႏွင့္ စစ္သုံ႕ပန္းမ်ားစြာ အသက္ဆုံးရႈံးခဲ့သျဖင့္ ေသမင္းတမန္ရထားလမ္း ဟု အမည္တြင္ခဲ့သည္။

သံျဖဴဇရပ္ၿမိဳ႕မွ ဘုရားသုံးဆူ နယ္စပ္ ေတာင္ၾကားကို ျဖတ္သန္းလ်က္ ထိုင္းႏိုင္ငံ ဘန္ေပါင္းရွိ ဘန္ေကာက္ စကၤာပူ မီးရထားလမ္းႏွင့္ ခ်ိတ္ဆက္သည့္ ေသမင္းတမန္မီးရထားလမ္းကို ထိုင္းႏိုင္ငံဘက္ျခမ္းတြင္တစ္စု၊ ျမန္မာႏိုင္ငံဘက္ျခမ္းတြင္ တစ္စုခြဲကာ စစ္သုံ႕ပန္းမ်ားႏွင့္ ျပည္သူမ်ားက ေဖာက္လုပ္ခဲ့ၾကရသည္။ ရထားလမ္းေဖာက္လုပ္စဥ္ အစာအာဟာရ မျပည့္စုံမႈ၊ ရာသီဥတု ဆိုးရြားမႈ၊ က်န္းမာေရးေစာင့္ေရွာက္မႈ မရရွိမႈ၊ဖက္ဆစ္မ်ား ၏ ညွဥ္းပမ္းမႈစသည့္ အေၾကာင္းမ်ားစြာေၾကာင့္ ျမန္မာတုိင္းရင္းသား ၈၀၀၀၀ ေက်ာ္ႏွင့္ မဟာမိတ္တပ္သား ၁၃၀၀၀ ေက်ာ္ အသက္ ဆုံးရႈံးခဲ့ရၿပီး ေသဆုံးသူမ်ားကို ရထားလမ္း တစ္ေလ်ာက္ ျမွဳပ္ႏွံခဲ့သည္ဟု စစ္သခၤ်ဳိင္းမ်ား မွတ္တမ္းတြင္ ေရးသားထားသည္။

ျမန္မာ ႏိုင္ငံေဒသအသီးသီးမွ က်န္းမာသန္စြမ္း ေသာ အမ်ိဳးသားမ်ားကို မရ ရသည့္ နည္းျဖင့္ စုေဆာင္းခဲ့သျဖင့္ ေခၽြးတပ္ဆြဲသည္ဟု ထင္ ရွားခဲ့ၿပီး မီးရထားလမ္း ေဖာက္လုပ္ေရး ေဆာင္ရြက္ခဲ့ရာတြင္ လုပ္သားေပါင္း ၈၀ ၀၀၀ မွ ၁၀၀ ၀၀၀ အၾကားေသဆုံးခဲ့သည္။ ေသမင္းတမန္ မီးရထားလမ္းေဖာက္လုပ္ရာတြင္ အလုပ္လုပ္ခဲ့ရသည့္ မဟာမိတ္စစ္သုံ႕ပန္း ၆၁၀၀၀ ဦးအနက္ ၁၂၃၉၉ ဦး ေသဆုံးခဲ့သည္။ မီးရထားလမ္းေဖာက္လုပ္ရာတြင္ ျမန္မာတိုင္းရင္းသားမ်ားအပါအ၀င္ အာရွ တိုင္းရင္းသား ၂၇၀၀၀၀ အနက္ ၉၀၀၀၀ ေက်ာ္ ေသဆုံးခဲ့ၾကရေၾကာင္း ထိုင္းျမန္မာမီးရထားလမ္း ကိုယ္ေတြ႕ေခၽြးတပ္မွတ္တမ္းတြင္ေဖာ္ျပထားသည္။

ရထားလမ္း မိုင္ ၂၆၀ ခန္႕ရွိ ရာ တစ္မိုင္လွ်င္မဟာမိတ္စစ္သုံ႕ပန္း ၄၇ ဦးႏွင့္ အာရွတိုက္သား ေခၽြးတပ္ အလုပ္သမား ၃၄၆ ဦး ေသဆုံးခဲ့ရေၾကာင္း ကိုယ္ေတြ႕ ေခၽြးတပ္မွတ္တမ္း ျပဳစုခဲ့သူ စာေရးဆရာ လင္းယုန္သစ္လြင္က ေရးသားခဲ့သည္။ သံျဖဴဇရပ္စစ္သခၤ်ဳိင္းသည္ လွပေအးခ်မ္းသည့္ အသြင္ကို ေဆာင္ေနေသာ္လည္း စစ္၏အနိ႒ာရုံ တစ္ရပ္အျဖစ္ ႏိုင္ငံမ်ား အႀကား ရန္မီးေတာက္ေလာင္ခဲ့မႈ ရလာဒ္ဆိုး တစ္ခုကို သက္ေသျပလ်က္ရွိေနေပသည္။

ေထာက္ၾကန္႕စစ္သခၤ်ဳိင္း

ေထာက္ၾကန္႕စစ္သခၤ်ဳိင္းသည္ ရန္ကုန္ ျပည္ ကားလမ္းမ၏ အေရွ႕ဘက္ျခမ္း၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ တည္ရွိၿပီး ရန္ကုန္ၿမိဳ႕ မွ ေျမာက္ဘက္သို႕ ၂၅ ကီလိုမီတာ (၁၆ မိုင္) ကြာေ၀းၿပီး မဂၤလာဒုံၿမိဳ႕နယ္၊ေထာက္ ၾကန္႕ေက်းရြာအနီးတြင္ တည္ရွိသျဖင့္ ေထာက္ ၾကန္႕သခၤ်ဳိင္းဟု ထင္ရွားခဲ့သည္။ ေထာက္ၾကန္႕ၿမိဳ႕သည္ ယခင္က ရြာႀကီးတစ္ရြာသာျဖစ္ေသာ္လည္း ရန္ကုန္ ပဲခူး ကားလမ္း ႏွင့္ ရန္ကုန္ျပည္ ကားလမ္းဆုံ ျဖစ္သျဖင့္ စည္ကားေသာ ေနရာတစ္ခုျဖစ္သည္။

စစ္သခၤ်ဳိင္းအ၀တြင္ စိုက္ထူထားသည့္ အစိမ္းေရာင္ ဆိုင္းဘုတ္ေပၚတြင္“ ဤသခၤ် ိဳင္းတည္ရွိရာ ေျမသည္ကား ပထမႏွင့္ ဒုတိယကမာၻစစ္ အတြင္း က်ဆုံး ခဲ့ေသာ ကုန္းတပ္၊ေရတပ္၊ေလတပ္သားတို႕၏ ထာ၀ရလဲေလ်ာင္းရာႏွင့္က်န္ရစ္သူတို႕ လာေရာက္ ဂါ၀ရ ျပဳရာ ဆိပ္ၿငိမ္ပရ၀ဏ္ ျဖစ္သည္” ဟု ျမန္မာ အဂၤလိပ္ႏွစ္ဘာသာျဖင့္ ေရးသားထားသည္။ ေထာက္ၾကန္႕စစ္သခ်ၤိဳင္းတြင္ ပထမကမာၻစစ္ႏွင့္ ဒုတိယ ကမာၻစစ္အတြင္းက ျမန္မာႏိုင္ငံ စစ္ေျမျပင္ အသီးသီးတြင္က်ဆုံး ခဲ့သည့္ မဟာမိတ္စစ္သည္ ၆၃၇၄ ဦးတို႕၏ အထိမ္းအမွတ္ အုတ္ဂူငယ္ေလးမ်ားကို ျပဳလုပ္ထားသည္။

အုတ္ဂူ ၅၂ ခု သည္ ပထမ ကမာၻစစ္အတြင္း က်ဆုံးခဲ့သူမ်ား၏ ဂူမ်ားျဖစ္ၿပီး အုတ္ဂူ ၈၆၇ ခု သည္ အမည္မသိ စစ္သည္မ်ား၏ ဂူမ်ားျဖစ္သည္။ယင္းဂူမ်ားတြင္ အိႏၵိယ လူမ်ိဳးစစ္သည္ ၁၈၁၉ ဦးတို႕၏ အမွတ္တရ ဂူ မ်ားပါ၀င္ၿပီး ၁၉၄၅ ခုႏွစ္ ဇန္န၀ါရီလ ၂၁ ရက္တြင္က်ဆုံးခဲ့သည့္ ျမန္မာ အင္ ဂ်င္နီယာတပ္(BURMA SAPPER & MINERS) မွ အသက္ ၃၁ ႏွစ္ အရြယ္ ဗိုလ္ႀကီးစိန္ထြန္း၏ အမွတ္တရ အုတ္ဂူကို လည္း ျမင္ ေတြ႕ႏိုင္ေပသည္။

ေသဆုံးသူအမ်ားစုသည္ ခရစ္ယာန္ဘာသာ၀င္မ်ားျဖစ္ၾကသျဖင့္ အထိမ္းအမွတ္ဂူငယ္မ်ားေပၚတြင္ ခရစ္ယာန္ ဘာသာ အထိမ္းအမွတ္ လက္၀ါးကပ္တိုင္ပုံမ်ားကို ျပဳလုပ္ထားသည္။ထို႕အတူ စစ္သခၤ်ဳိင္းမ်ား၏ အလယ္တြင္လက္၀ါးကပ္တိုင္ၾကီးမ်ားကို ေထာင္ထားသည္။ဗုဒၶဘာသာ၀င္မ်ား၏ အထိမ္းအမွတ္ဂူမ်ားတြင္ အမည္ႏွင့္ ယွဥ္တြဲလ်က္ ေစတီပုံမ်ားကိုျမင္ၾကရေပသည္။ အစၥလာမ္ ဘာသာကိုးကြယ္သူမ်ား၏ အုတ္ဂူမ်ားကို အာရဗီ ဘာသာျဖင့္ မွတ္တမ္းေရးထိုးထားကာ ေနရာသီးသန္႕ ျပဳလုပ္ ေပးထား သည္။

စစ္သည္အမ်ားစုသည္ ျမန္မာႏိုင္ငံ စစ္ေျမျပင္ေလးခုျဖစ္သည့္ မိတၳီလာ၊စစ္ေတြ၊ မႏၱေလးႏွင့္ ဆားေမွာ္တို႕တြင္ က်ဆုံး ခဲ့ ၾကသူမ်ားျဖစ္ကာ စစ္သည္မ်ား၏ ရုပ္ၾကြင္းမ်ားအား အဆိုပါေဒသ သုႆန္မ်ားတြင္ေရရွည္ထိန္းသိမ္းရန္ ခက္ခဲမႈရွိသျဖင့္ ရန္ကုန္ ၿမိဳ႕သို႕ သယ္ယူကာ ေထာက္ၾကန္႕ စစ္သခၤ ်ိဳင္းတြင္ ျမွဳပ္ႏွံခဲ့သည္။ ျမစ္ႀကီးနား တိုက္ပြဲတြင္က်ဆုံးခဲ့ၿပီး ျမစ္ႀကီးနား ခ်င္ဒစ္ သုႆန္ တြင္ျမွဳပ္ႏွံထားေသာ စစ္သည္ ရုပ္ ၾကြင္းမ်ားကို ေထာက္ၾကန္႕ စစ္သခၤ်ဳိင္းသို႕ေနာက္ဆုံး သယ္ယူခဲ့သည္။

ပထမကမာၻစစ္အတြင္းက်ဆုံးခဲ့သည့္ မဟာမိတ္စစ္သည္မ်ားအနက္ ဟသၤာတမွ ရုပ္အေလာင္းတစ္ခု၊မိတၳီလာ စစ္တပ္ နယ္ေျမမွ ရုပ္အေလာင္း ရွစ္ခု၊ သရက္ မွ ေလးခု၊ တန္မခန္ မွ ေလးခု၊ မႏၱေလးစစ္တပ္မွ ၁၂ ခု ႏွင့္ ေမၿမိဳ႕ တပ္နယ္မွ ၂၂ ခု စုစု ေပါင္း ရုပ္အေလာင္း ၅၁ ခု ကို ၁၉၅၀ ျပည့္ႏွစ္တြင္ ေထာက္ၾကန္႕စစ္သခၤ်ဳိင္း သို႕သယ္ယူ ခဲ့သည္။ပထမကမာၻစစ္ အတြင္း က်ဆုံး စစ္သည္ ၁၉ ဦးတို႕၏ ရုပ္ၾကြင္းမ်ားကို ေအာင္ပန္း၊ ပုသိမ္၊ကြမ္းၿခံကုန္း၊လြိဳင္ေကာ္၊မိုင္းတုံ၊ျပည္၊ပ်ဥ္းမနားႏွင့္ေရႊဘိုသခၤ်ဳိင္းမ်ားတြင္ ျမွဳပ္ႏွံခဲ့သည္။ ဒုတိယ ကမာၻစစ္အတြင္းက ျမန္မာႏိုင္ငံေတာတြင္း ႏွင့္ ၿမိဳ႕ရြာမ်ား၏ လမ္းေဘးသခၤ်ဳိင္းမ်ားတြင္ ျမွဳပ္ႏွံထားသည့္ စစ္သည္အခ်ိဳ႕၏ ရုပ္အေလာင္းမ်ားကိုလည္း ေထာက္ၾကန္႕စစ္သခၤ်ဳိင္းသို႕သယ္ယူခဲ့သည္။

ေထာက္ၾကန္႕ ၿဗိတိသွ် ဓနသယာယ စစ္သခၤ်ဳိင္းရွိ အမွတ္တရ ဂူငယ္မ်ားတြင္ အဂၤလိပ္အစိုးရက ခ်ီးျမွင့္ေသာ ဗစ္တိုရီး ယားတံဆိပ္ (Victoria Cross) ရရွိသူ ခုနစ္ဦးပါ၀င္ရာ ႏွစ္ဦးမွာ အိႏၵိယစစ္သည္မ်ားျဖစ္ၾကသည္။ အမွတ္တရ ေက်ာက္စာတိုင္ ေပၚတြင္ ရန္ကုန္စစ္ေျမျပင္တြင္က်ဆုံးခဲ့သူမ်ား၏ အမည္မ်ားကို ေမြးသကၠရာဇ္မ်ား ၊ က်ဆုံးရက္မ်ားႏွင့္ အတူ မွတ္တမ္းတင္ထား သည္။ သူတို႕သည္ လြတ္လပ္ေသာ ျပည္သူအားလုံးအတြက္ က်ဆုံးခဲ့ၾကသည္ (They died for all free men) ဟု အဓိပၸာယ္ရ ေသာ စာတန္းကို အဂၤလိပ္၊ဟင္ဒီ၊ အူရဒူ၊ျမန္မာဘာသာမ်ားျဖင့္ ေက်ာက္စာတိုင္ေပၚတြင္ ေရးသားထားသည္။

စစ္သခၤ်ဳိင္း အလယ္ရွိ အထိမ္းအမွတ္ ေက်ာက္စာတိုင္ႀကီးမ်ားေပၚတြင္ ဒုတိယ ကမာၻစစ္အတြင္း ျမန္မာႏိုင္ငံ စစ္ေျမျပင္ မ်ား၌ က်ဆုံးခဲ့ေသာ စစ္သည္ ၂၇၀၀၀ ၏ အမည္မ်ားကိုေရးသားထားသည္။ ေထာက္ၾကန္႕ မဟာမိတ္ စစ္သခၤ်ဳိင္းကို ၁၉၅၁ ခုႏွစ္ တြင္ ဖြင့္လွစ္ခဲ့ ၿပီး အာရွ စစ္ဘက္ဆိုင္ရာ အမွတ္တရ ေနရာမ်ားတြင္ လာေရာက္ၾကည့္ရႈသူ အမ်ားဆုံးေနရာတစ္ခုျဖစ္လာခဲ့ကာ ႏိုင္ငံတကာတြင္ Taukkyan War Cemetery ဟု ထင္ရွားခဲ့သည္။

ျမန္မာႏိုင္ငံရွိ မဟာမိတ္စစ္သခၤ်ဳိင္းမ်ားကို တနဂၤေႏြ ေန႕ မွ လြဲ၍ ေန႕စဥ္ နံနက္ ၇ နာရီ မွ ညေန ၅ နာရီအထိ ဖြင့္လွစ္ ထားရာ လာေရာက္ၾကည့္ရႈ အပမ္းေျဖၾကသူမ်ားကို ေန႕စဥ္ျမင္ေတြ႕ၾကရေပသည္။ ယင္းစစ္သခၤ်ဳိင္းမ်ားကို ဓနသဟာယ စစ္ သခၤ်ဳိင္း ေကာ္မရွင္က ထိန္းသိမ္းေစာင့္ေရွာက္ၿပီး သခၤ်ဳိင္းအသုံးစရိတ္မ်ားကို ၿဗိတိသွ် ဓနသဟာယအဖြဲ႕၀င္ ႏိုင္ငံမ်ားက မိမိတို႕ ႏိုင္ငံသားမ်ား၏ အုတ္ဂူအေရအတြက္အတိုင္း အခ်ိဳးက် ရံပုံေငြ ထည့္၀င္ၾကရသည္။ စစ္သခၤ်ဳိင္းမ်ား အေထြေထြ စရိတ္ အားလုံးကို ၿဗိတိသွ် ဓနသဟာယ ရံပုံေငြမွ က်ခံၿပီး စစ္သခၤ်ဳိင္းသို႕ လာေရာက္ႀကည့္ရႈ ၾက ေသာ ျပည္သူမ်ားအား ၀င္ေၾကး မယူဘဲ ဖြင့္လွစ္ျပသ ထားသည္။

စစ္သခၤ်ဳိင္းမ်ားသို႕ ႏိုင္ငံေပါင္းစုံမွ က်ဆုံးစစ္သည္မ်ား၏ မိသားစုမ်ားက လာေရာက္ဂါရ၀ျပဳေလ့ရွိၾကၿပီး ေအာက္ေမ့ဘြယ္ အခမ္းအနားမ်ား လာေရာက္ ျပဳ လုပ္ၾကသကဲ့သို႕ ျပည္တြင္းမွ ခရီးသြားမ်ားသည္လည္း စစ္သခၤ်ဳိင္းမ်ားသို႕ သြားကာ အနားယူ အပမ္းေျဖ ေလ့လာေလ့ရွိၾကသည္။ စစ္သခၤ်ဳိင္းသို႕လာေရာက္ၾကသူမ်ားသည္ စစ္ပြဲမ်ားအတြင္းက်ဆုံးခဲ့သူမ်ား၏ အထိမ္းအမွတ္ဂူမ်ားကို ၾကည့္ရႈလ်က္ စစ္ပြဲ၏ အနိ႒ာရုံမ်ားကို သတိမူမိသကဲ့သို႕စစ္ပြဲမ်ားမရွိေသာ ၿငိမ္းခ်မ္းသည့္ လူမႈဘ၀မ်ားကို ေတာင့္တမိၾကမည္သာျဖစ္ေပသည္။ စစ္သခၤ်ဳိင္းမ်ားကို လွပစြာ မြမ္းမံလ်က္ အပမ္းေျဖ ဥယ်ာဥ္မ်ားသဖြယ္ ျပဳလုပ္ထားေသာ္လည္း စစ္သခၤ်ဳိင္းမ်ားသည္ လူသား အခ်င္းခ်င္းျဖစ္ ပြားခဲ့သည့္ ရန္မီး ေတာက္ေလာင္ျခင္း၏ သမိုင္း ရလာဒ္မ်ားကို သက္ေသျပလ်က္ရွိေနေပသည္။

ကိုးကား
ျမန္မာ့စြယ္စုံက်မ္း အတြဲ(၁၃)
ထိုင္းျမန္မာ မီးရထားလမ္း ကိုယ္ေတြ႕ေခၽြးတပ္မွတ္တမ္း (လင္းယုန္သစ္လြင္)
World Cemeteries in Myanmar (CWGC)

ေမာင္သာ(ေရွးေဟာင္းသုေတသန)
၂၀၁၇ ခုႏွစ္ ဇူလိုင္လ ၄ ရက္ ထုတ္ ျမန္မာ့အလင္းသတင္းစာမွ

—————

မြန်မာ့မြေပေါ်က မဟာမိတ် စစ်သင်္ချိုင်းကြီးများ (unicode)

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

ကမ္ဘာ့ာ့သမိုင်းတွင် ဖြစ်ပွားခဲ့သည့် ကမ္ဘာစစ်ကြီး နှစ်ပွဲအနက် ပထမကမ္ဘာစစ်ကြီး( ၁၉၁၄ခုနှစ်-၁၉၁၈ခုနှစ်)အတွင်း လူ ၁၇ သန်းသေဆုံး ၍ သန်း၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီး(ခရစ်နှစ်၁၉၃၉-၁၉၄၅ )အတွင်း လူဦးရေ သန်း ၆၀ကျော် သေကျေ၊ ဒဏ်ရာရရှိခဲ့ကြသည်။ မြန်မာနိုင်ငံအပါ အဝင် ကမ္ဘာအနှံ့စစ်မြေပြင် အသီးသီးတွင် စစ်သည်များသာမက အရပ်သား ပြည်သူများ လည်း သေကျေခဲ့ကြရပေသည်။ စစ်ပွဲကြီးများအပြီးတွင် အနိဋ္ဌာရုံများစွာကျန်ရှိခဲ့ရာ စစ်သင်္ချိုင်းများကို စစ်၏ပြယုဂ်များအဖြစ် မြင်တွေ့နိုင်ကြသည်။

ကမ္ဘာာစစ်ကြီး နှစ်ခုပြီးဆုံးပြီးနောက် စစ်အတွင်းကပေါင်းစည်းခဲ့သည့် မဟာမိတ်နိုင်ငံများသည် စစ်ပွဲများတွင် ကျဆုံးခဲ့သည့် မိမိတို့စစ်သည်များ၏ အထိမ်းအမှတ်ဂူများထားရှိရန် နိုင်ငံအသီးသီး၌ မဟာ မိတ်စစ်သင်္ချိုင်းများကို တည်ဆောက် ခဲ့ကြ သည်။ ထို့ကြောင့် ကျဆုံးစစ်သည်များ၏ ကျန်ရစ်သူမိသားစုများသည် စစ်သင်္ချိုင်းများရှိ အထိမ်းအမှတ် အုတ်ဂူများ၌ မိမိ တို့ကိုး ကွယ်ရာဘာသာထုံးတမ်းများအတိုင်း သွားရောက်ဂါဝရပြုနိုင်ခဲ့ကြပြီး နှစ်ကာလ ကြာရှည်လာချိန်တွင် သမိုင်းဝင် စစ်သင်္ချိုင်းများ အဖြစ် ထင်ရှားလာခဲ့သည်။

မြန်မာနိုင်ငံ နှင့် စစ်သင်္ချိုင်းများ

ဒုတိယကမ္ဘာစစ်အပြီးတွင် ဗြိတိသျှတို့သည် ရန်ကုန်မြို့၌ စစ်သင်္ချိုင်းနှစ်ခုနှင့် သံဖြူဇရပ်မြို့ ၌် စစ် သင်္ချိုင်းတစ်ခု တည် ဆောက်ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး မဟာမိတ် စစ် သင်္ချိုင်း ဖြစ်သည့် ရန်ကုန် စစ်သင်္ချိုင်းကို ၁၉၄၅ ခုနှစ်တွင် ဖွင့်လှစ်၍ အထိမ်းအမှတ် အုတ်ဂူ ၁၃၈၁ ခု ထားရှိခဲ့သည်။ စစ်သင်္ချိုင်းသုံးခုအနက် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ၁၉၅၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ထောက်ကြန့်စစ် သင်္ချိုင်းသည် အကြီးဆုံးဖြစ်ပြီး ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ပွဲများအတွင်း မြန်မာနိုင်ငံ စစ်မြေပြင်အသီးသီးတွင် ကျဆုံးခဲ့ သည့် မဟာမိတ်စစ်သည် ၆၃၇၄ ဦး၏ အထိမ်းအမှတ် အုတ်ဂူငယ်များကို ထားရှိသည်။ ထို့အတူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် အုတ်ဂူငယ် ၃၇၇၁ ခု ရှိသည့် မဟာမိတ် စစ်သင်္ချိုင်း တစ်ခုကို ၁၉၄၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

ရန်ကုန်စစ်သင်္ချိုင်း

မြန်မာနိုင်ငံ၏ ပထမဆုံး မဟာမိတ်သင်္ချိုင်းဖြစ်သည့် ရန်ကုန် စစ်သင်္ချိုင်းကို စမ်းချောင်းမြို့နယ်၊ ယခုဟံသာဝတီ အဝိုင်း အနီးတွင် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ ဗြိတိသျှတို့သည် ဂျပန်များ လက်အောက်မှ ရန်ကုန်မြို့ကို ၁၉၄၅ ခုနှစ်မေလတွင် ပြန်လည်ရယူခဲ့ပြီးနောက် ရန်ကုန်စစ်သင်္ချိုင်းနေရာကို သင်္ချိုင်းအဖြစ် စတင်အသုံးပြုခဲ့သည်။ ရန်ကုန် ထောင် အတွင်း ကွယ်လွန်ခဲ့သည့် မဟာမိတ်စစ်သုံ့ပန်းများအပါအဝင် ရန်ကုန်မြို့နှင့်အနီးဝန်းကျင် ဒေသများ တွင် မြှုပ်နှံခဲ့သည့် မဟာ မိတ်စစ်သည် အလောင်းများကို ရန်ကုန်စစ်သင်္ချိုင်း သို့ပြောင်းရွှေ့ခဲ့သည်။

ပထမကမ္ဘာစစ်အတွင်း ရန်ကုန်မြို့ တွင် သေဆုံးခဲ့ပြီး ရန်ကုန် တပ်မြေ သင်္ချိုင်းတွင်မြှုပ်နှံထားသည့် မဟာမိတ်စစ်သည် ၃၅ ဦးနှင့် ပုဇွန်တောင်တွင် မြှုပ်နှံထားသူ တစ်ဦးကို ၁၉၄၈ ခုနှစ်တွင် ရန်ကုန်သင်္ချိုင်းသို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။ ရန်ကုန်စစ်သင်္ချိုင်းတွင် အထိမ်းအမှတ်ဂူ ၁၃၈၁ ခုကို ထားရှိသည့်အနက် ၈၆ ခုကို အမည်မှတ်တမ်းမရှိချေ။ စစ် သင်္ချိုင်း အဝတွင် ၁၉၃၉ ခုနှစ် မှ ၁၉၄၅ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သူများကို ရည်ညွှန်းလျက် `ဤနေရာ၌ ဂုဏ်ပြုအပ် သည့် ရေတပ်၊ ကုန်း တပ်နှင့်လေတပ်သားများနိယာမ ခေါင်းချဘို့ရန် ဤသုဿန်တည်ရှိသောမြေနေရာသည်ကား မြန်မာလူမျိုးတို့၏ ကောင်းမှုတည်း` ဟု မြန်မာ အင်္ဂလိပ်နှစ်ဘာသာဖြင့် ကမ္ဗည်းရေးထိုးထားသည်။

သံဖြူဇရပ်စစ်သင်္ချိုင်း

သံဖြူဇရပ်စစ်သင်္ချိုငးသည် သံဖြူဇရပ် မောင်းမကန်ကားလမ်းဘေးတွင်တည်ရှိပြီး ၂၅ ဧက ကျော်ကျယ်ဝန်းသည်။ ဒုတိယ ကမ္ဘာစစ်ပွဲကာလအတွင်းက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကို ဆက်သွယ်သည့် သေမင်းတမန်ရထား ဖောက်လုပ်ရာတွင် သေဆုံးခဲ့သည့် မဟာမိတ်စစ်သည် ၃၁၄၉ ဦး နှင့် ဒတ်ခ်ျ စစ်သည် ၆၂၁ ဦးတို့၏ အထိမ်းအမှတ် အုတ်ဂူများကို သံဖြူဇရပ် စစ်သင်္ချိုင်းတွင် ထားရှိ သည်။ သံဖြူဇရပ် စစ်သင်္ချိုင်း ကို ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဗိုလ်ချုပ် အောင်ဆန်း နှင့် ဘုရင်ခံ ဆာဟူးဘရန့်တို့က ဖွင့် လှစ် ပေးခဲ့သည်။

သံဖြူဇရပ်မြို့ရှိ မဟာမိတ် စစ်သင်္ချိုင်းသည် မွန်ပြည်နယ်သို့ လာရောက်လည်ပတ်သည့် ပြည်ပ ခရီးသွား များ သွားရောက်လေ့ရှိသည့် ခရီးသွား နယ်မြေ တစ်ခု အဖြစ် ထင်ရှားသည်။ သံဖြူဇရပ်မြို့သည် ရန်ကုန် ထားဝယ်မီးရထားလမ်း၊ရန်ကုန် ကော့သောင် မော်တော်ကားလမ်းနှင့် မော်လမြိုင် ကျိုက္ခမီ မော်တော်ကားလမ်းတို့ ဆုံသည့် နေရာတွင်တည်ရှိပြီး မော်လမြိုင်မြို့မှ တောင်ဘက်သို့မိုင် ၄၀ ကွာဝေး၍ ရေးမြို့မှ မြောက် ဘက် သို့ ၅၇ မိုင်ကွာဝေးသည်။

ဂျပန်နိုင်ငံသည် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်၍မိုင် ၂၅၀ ကျော်ရှည်သည့် မီးရထားလမ်းကို ဒုတိယ ကမ္ဘာ စစ်အတွင်း ၁၉၄၂ ခုနှစ် အောက်တိုဘာလတွင် စတင်ဖောက်လုပ်ခဲ့ပြီး ၁၄ လ စီမံကိန်းဆောင်ရွက်ခဲ့ရာ ၁၉၄၃ ခုနှစ် ဒီဇင်ဘာ လ တွင် ပြီးစီးခဲ့သည်။ မီးရထားလမ်းသည် မြန်မာနိုင်ငံ သံဖြူဇရပ် မြို့မှစတင်၍ ထိုင်းနိုင်ငံ ဘန်ပေါင်းတွင် အဆုံးသတ်ခဲ့ရာ မြန်မာ နိုင်ငံ ဘက်ခြမ်း တွင် မိုင် ၇၀ ကျော် ရှည်လျားသည်။ ရထားလမ်းဖောက်လုပ်ခဲ့စဉ် မြန်မာပြည်သူများနှင့် စစ်သုံ့ပန်းများစွာ အသက်ဆုံးရှုံးခဲ့သဖြင့် သေမင်းတမန်ရထားလမ်း ဟု အမည်တွင်ခဲ့သည်။

သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူ နယ်စပ် တောင်ကြားကို ဖြတ်သန်းလျက် ထိုင်းနိုင်ငံ ဘန်ပေါင်းရှိ ဘန်ကောက် စင်္ကာပူ မီးရထားလမ်းနှင့် ချိတ်ဆက်သည့် သေမင်းတမန်မီးရထားလမ်းကို ထိုင်းနိုင်ငံဘက်ခြမ်းတွင်တစ်စု၊ မြန်မာနိုင်ငံဘက်ခြမ်းတွင် တစ်စုခွဲကာ စစ်သုံ့ပန်းများနှင့် ပြည်သူများက ဖောက်လုပ်ခဲ့ကြရသည်။ ရထားလမ်းဖောက်လုပ်စဉ် အစာအာဟာရ မပြည့်စုံမှု၊ ရာသီဥတု ဆိုးရွားမှု၊ ကျန်းမာရေးစောင့်ရှောက်မှု မရရှိမှု၊ဖက်ဆစ်များ ၏ ညှဉ်းပမ်းမှုစသည့် အကြောင်းများစွာကြောင့် မြန်မာတိုင်းရင်းသား ၈၀၀၀၀ ကျော်နှင့် မဟာမိတ်တပ်သား ၁၃၀၀၀ ကျော် အသက် ဆုံးရှုံးခဲ့ရပြီး သေဆုံးသူများကို ရထားလမ်း တစ်လျောက် မြှုပ်နှံခဲ့သည်ဟု စစ်သင်္ချိုင်းများ မှတ်တမ်းတွင် ရေးသားထားသည်။

မြန်မာ နိုင်ငံဒေသအသီးသီးမှ ကျန်းမာသန်စွမ်း သော အမျိုးသားများကို မရ ရသည့် နည်းဖြင့် စုဆောင်းခဲ့သဖြင့် ချွေးတပ်ဆွဲသည်ဟု ထင် ရှားခဲ့ပြီး မီးရထားလမ်း ဖောက်လုပ်ရေး ဆောင်ရွက်ခဲ့ရာတွင် လုပ်သားပေါင်း ၈၀ ၀၀၀ မှ ၁၀၀ ၀၀၀ အကြားသေဆုံးခဲ့သည်။ သေမင်းတမန် မီးရထားလမ်းဖောက်လုပ်ရာတွင် အလုပ်လုပ်ခဲ့ရသည့် မဟာမိတ်စစ်သုံ့ပန်း ၆၁၀၀၀ ဦးအနက် ၁၂၃၉၉ ဦး သေဆုံးခဲ့သည်။ မီးရထားလမ်းဖောက်လုပ်ရာတွင် မြန်မာတိုင်းရင်းသားများအပါအဝင် အာရှ တိုင်းရင်းသား ၂၇၀၀၀၀ အနက် ၉၀၀၀၀ ကျော် သေဆုံးခဲ့ကြရကြောင်း ထိုင်းမြန်မာမီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်းတွင်ဖော်ပြထားသည်။

ရထားလမ်း မိုင် ၂၆၀ ခန့်ရှိ ရာ တစ်မိုင်လျှင်မဟာမိတ်စစ်သုံ့ပန်း ၄၇ ဦးနှင့် အာရှတိုက်သား ချွေးတပ် အလုပ်သမား ၃၄၆ ဦး သေဆုံးခဲ့ရကြောင်း ကိုယ်တွေ့ ချွေးတပ်မှတ်တမ်း ပြုစုခဲ့သူ စာရေးဆရာ လင်းယုန်သစ်လွင်က ရေးသားခဲ့သည်။ သံဖြူဇရပ်စစ်သင်္ချိုင်းသည် လှပအေးချမ်းသည့် အသွင်ကို ဆောင်နေသော်လည်း စစ်၏အနိဋ္ဌာရုံ တစ်ရပ်အဖြစ် နိုင်ငံများ အကြား ရန်မီးတောက်လောင်ခဲ့မှု ရလာဒ်ဆိုး တစ်ခုကို သက်သေပြလျက်ရှိနေပေသည်။

ထောက်ကြန့်စစ်သင်္ချိုင်း

ထောက်ကြန့်စစ်သင်္ချိုင်းသည် ရန်ကုန် ပြည် ကားလမ်းမ၏ အရှေ့ဘက်ခြမ်း၊ မင်္ဂလာဒုံမြို့နယ်တွင် တည်ရှိပြီး ရန်ကုန်မြို့ မှ မြောက်ဘက်သို့ ၂၅ ကီလိုမီတာ (၁၆ မိုင်) ကွာဝေးပြီး မင်္ဂလာဒုံမြို့နယ်၊ထောက် ကြန့်ကျေးရွာအနီးတွင် တည်ရှိသဖြင့် ထောက် ကြန့်သင်္ချိုင်းဟု ထင်ရှားခဲ့သည်။ ထောက်ကြန့်မြို့သည် ယခင်က ရွာကြီးတစ်ရွာသာဖြစ်သော်လည်း ရန်ကုန် ပဲခူး ကားလမ်း နှင့် ရန်ကုန်ပြည် ကားလမ်းဆုံ ဖြစ်သဖြင့် စည်ကားသော နေရာတစ်ခုဖြစ်သည်။

စစ်သင်္ချိုင်းအဝတွင် စိုက်ထူထားသည့် အစိမ်းရောင် ဆိုင်းဘုတ်ပေါ်တွင်“ ဤသင်္ချ ိဳင်းတည်ရှိရာ မြေသည်ကား ပထမနှင့် ဒုတိယကမ္ဘာစစ် အတွင်း ကျဆုံး ခဲ့သော ကုန်းတပ်၊ရေတပ်၊လေတပ်သားတို့၏ ထာဝရလဲလျောင်းရာနှင့်ကျန်ရစ်သူတို့ လာရောက် ဂါဝရ ပြုရာ ဆိပ်ငြိမ်ပရဝဏ် ဖြစ်သည်” ဟု မြန်မာ အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားထားသည်။ ထောက်ကြန့်စစ်သင်္ချိုင်းတွင် ပထမကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ စစ်မြေပြင် အသီးသီးတွင်ကျဆုံး ခဲ့သည့် မဟာမိတ်စစ်သည် ၆၃၇၄ ဦးတို့၏ အထိမ်းအမှတ် အုတ်ဂူငယ်လေးများကို ပြုလုပ်ထားသည်။

အုတ်ဂူ ၅၂ ခု သည် ပထမ ကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သူများ၏ ဂူများဖြစ်ပြီး အုတ်ဂူ ၈၆၇ ခု သည် အမည်မသိ စစ်သည်များ၏ ဂူများဖြစ်သည်။ယင်းဂူများတွင် အိန္ဒိယ လူမျိုးစစ်သည် ၁၈၁၉ ဦးတို့၏ အမှတ်တရ ဂူ များပါဝင်ပြီး ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင်ကျဆုံးခဲ့သည့် မြန်မာ အင် ဂျင်နီယာတပ်(BURMA SAPPER & MINERS) မှ အသက် ၃၁ နှစ် အရွယ် ဗိုလ်ကြီးစိန်ထွန်း၏ အမှတ်တရ အုတ်ဂူကို လည်း မြင် တွေ့နိုင်ပေသည်။

သေဆုံးသူအများစုသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသဖြင့် အထိမ်းအမှတ်ဂူငယ်များပေါ်တွင် ခရစ်ယာန် ဘာသာ အထိမ်းအမှတ် လက်ဝါးကပ်တိုင်ပုံများကို ပြုလုပ်ထားသည်။ထို့အတူ စစ်သင်္ချိုင်းများ၏ အလယ်တွင်လက်ဝါးကပ်တိုင်ကြီးများကို ထောင်ထားသည်။ဗုဒ္ဓဘာသာဝင်များ၏ အထိမ်းအမှတ်ဂူများတွင် အမည်နှင့် ယှဉ်တွဲလျက် စေတီပုံများကိုမြင်ကြရပေသည်။ အစ္စလာမ် ဘာသာကိုးကွယ်သူများ၏ အုတ်ဂူများကို အာရဗီ ဘာသာဖြင့် မှတ်တမ်းရေးထိုးထားကာ နေရာသီးသန့် ပြုလုပ် ပေးထား သည်။

စစ်သည်အများစုသည် မြန်မာနိုင်ငံ စစ်မြေပြင်လေးခုဖြစ်သည့် မိတ္ထီလာ၊စစ်တွေ၊ မန္တလေးနှင့် ဆားမှော်တို့တွင် ကျဆုံး ခဲ့ ကြသူများဖြစ်ကာ စစ်သည်များ၏ ရုပ်ကြွင်းများအား အဆိုပါဒေသ သုဿန်များတွင်ရေရှည်ထိန်းသိမ်းရန် ခက်ခဲမှုရှိသဖြင့် ရန်ကုန် မြို့သို့ သယ်ယူကာ ထောက်ကြန့် စစ်သင်္ခ ်ိဳင်းတွင် မြှုပ်နှံခဲ့သည်။ မြစ်ကြီးနား တိုက်ပွဲတွင်ကျဆုံးခဲ့ပြီး မြစ်ကြီးနား ချင်ဒစ် သုဿန် တွင်မြှုပ်နှံထားသော စစ်သည် ရုပ် ကြွင်းများကို ထောက်ကြန့် စစ်သင်္ချိုင်းသို့နောက်ဆုံး သယ်ယူခဲ့သည်။

ပထမကမ္ဘာစစ်အတွင်းကျဆုံးခဲ့သည့် မဟာမိတ်စစ်သည်များအနက် ဟင်္သာတမှ ရုပ်အလောင်းတစ်ခု၊မိတ္ထီလာ စစ်တပ် နယ်မြေမှ ရုပ်အလောင်း ရှစ်ခု၊ သရက် မှ လေးခု၊ တန်မခန် မှ လေးခု၊ မန္တလေးစစ်တပ်မှ ၁၂ ခု နှင့် မေမြို့ တပ်နယ်မှ ၂၂ ခု စုစု ပေါင်း ရုပ်အလောင်း ၅၁ ခု ကို ၁၉၅၀ ပြည့်နှစ်တွင် ထောက်ကြန့်စစ်သင်္ချိုင်း သို့သယ်ယူ ခဲ့သည်။ပထမကမ္ဘာစစ် အတွင်း ကျဆုံး စစ်သည် ၁၉ ဦးတို့၏ ရုပ်ကြွင်းများကို အောင်ပန်း၊ ပုသိမ်၊ကွမ်းခြံကုန်း၊လွိုင်ကော်၊မိုင်းတုံ၊ပြည်၊ပျဉ်းမနားနှင့်ရွှေဘိုသင်္ချိုင်းများတွင် မြှုပ်နှံခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံတောတွင်း နှင့် မြို့ရွာများ၏ လမ်းဘေးသင်္ချိုင်းများတွင် မြှုပ်နှံထားသည့် စစ်သည်အချို့၏ ရုပ်အလောင်းများကိုလည်း ထောက်ကြန့်စစ်သင်္ချိုင်းသို့သယ်ယူခဲ့သည်။

ထောက်ကြန့် ဗြိတိသျှ ဓနသယာယ စစ်သင်္ချိုင်းရှိ အမှတ်တရ ဂူငယ်များတွင် အင်္ဂလိပ်အစိုးရက ချီးမြှင့်သော ဗစ်တိုရီး ယားတံဆိပ် (Victoria Cross) ရရှိသူ ခုနစ်ဦးပါဝင်ရာ နှစ်ဦးမှာ အိန္ဒိယစစ်သည်များဖြစ်ကြသည်။ အမှတ်တရ ကျောက်စာတိုင် ပေါ်တွင် ရန်ကုန်စစ်မြေပြင်တွင်ကျဆုံးခဲ့သူများ၏ အမည်များကို မွေးသက္ကရာဇ်များ ၊ ကျဆုံးရက်များနှင့် အတူ မှတ်တမ်းတင်ထား သည်။ သူတို့သည် လွတ်လပ်သော ပြည်သူအားလုံးအတွက် ကျဆုံးခဲ့ကြသည် (They died for all free men) ဟု အဓိပ္ပာယ်ရ သော စာတန်းကို အင်္ဂလိပ်၊ဟင်ဒီ၊ အူရဒူ၊မြန်မာဘာသာများဖြင့် ကျောက်စာတိုင်ပေါ်တွင် ရေးသားထားသည်။

စစ်သင်္ချိုင်း အလယ်ရှိ အထိမ်းအမှတ် ကျောက်စာတိုင်ကြီးများပေါ်တွင် ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ စစ်မြေပြင် များ၌ ကျဆုံးခဲ့သော စစ်သည် ၂၇၀၀၀ ၏ အမည်များကိုရေးသားထားသည်။ ထောက်ကြန့် မဟာမိတ် စစ်သင်္ချိုင်းကို ၁၉၅၁ ခုနှစ် တွင် ဖွင့်လှစ်ခဲ့ ပြီး အာရှ စစ်ဘက်ဆိုင်ရာ အမှတ်တရ နေရာများတွင် လာရောက်ကြည့်ရှုသူ အများဆုံးနေရာတစ်ခုဖြစ်လာခဲ့ကာ နိုင်ငံတကာတွင် Taukkyan War Cemetery ဟု ထင်ရှားခဲ့သည်။

မြန်မာနိုင်ငံရှိ မဟာမိတ်စစ်သင်္ချိုင်းများကို တနင်္ဂနွေ နေ့ မှ လွဲ၍ နေ့စဉ် နံနက် ၇ နာရီ မှ ညနေ ၅ နာရီအထိ ဖွင့်လှစ် ထားရာ လာရောက်ကြည့်ရှု အပမ်းဖြေကြသူများကို နေ့စဉ်မြင်တွေ့ကြရပေသည်။ ယင်းစစ်သင်္ချိုင်းများကို ဓနသဟာယ စစ် သင်္ချိုင်း ကော်မရှင်က ထိန်းသိမ်းစောင့်ရှောက်ပြီး သင်္ချိုင်းအသုံးစရိတ်များကို ဗြိတိသျှ ဓနသဟာယအဖွဲ့ဝင် နိုင်ငံများက မိမိတို့ နိုင်ငံသားများ၏ အုတ်ဂူအရေအတွက်အတိုင်း အချိုးကျ ရံပုံငွေ ထည့်ဝင်ကြရသည်။ စစ်သင်္ချိုင်းများ အထွေထွေ စရိတ် အားလုံးကို ဗြိတိသျှ ဓနသဟာယ ရံပုံငွေမှ ကျခံပြီး စစ်သင်္ချိုင်းသို့ လာရောက်ကြည့်ရှု ကြ သော ပြည်သူများအား ဝင်ကြေး မယူဘဲ ဖွင့်လှစ်ပြသ ထားသည်။

စစ်သင်္ချိုင်းများသို့ နိုင်ငံပေါင်းစုံမှ ကျဆုံးစစ်သည်များ၏ မိသားစုများက လာရောက်ဂါရ၀ပြုလေ့ရှိကြပြီး အောက်မေ့ဘွယ် အခမ်းအနားများ လာရောက် ပြု လုပ်ကြသကဲ့သို့ ပြည်တွင်းမှ ခရီးသွားများသည်လည်း စစ်သင်္ချိုင်းများသို့ သွားကာ အနားယူ အပမ်းဖြေ လေ့လာလေ့ရှိကြသည်။ စစ်သင်္ချိုင်းသို့လာရောက်ကြသူများသည် စစ်ပွဲများအတွင်းကျဆုံးခဲ့သူများ၏ အထိမ်းအမှတ်ဂူများကို ကြည့်ရှုလျက် စစ်ပွဲ၏ အနိဋ္ဌာရုံများကို သတိမူမိသကဲ့သို့စစ်ပွဲများမရှိသော ငြိမ်းချမ်းသည့် လူမှုဘဝများကို တောင့်တမိကြမည်သာဖြစ်ပေသည်။ စစ်သင်္ချိုင်းများကို လှပစွာ မွမ်းမံလျက် အပမ်းဖြေ ဥယျာဉ်များသဖွယ် ပြုလုပ်ထားသော်လည်း စစ်သင်္ချိုင်းများသည် လူသား အချင်းချင်းဖြစ် ပွားခဲ့သည့် ရန်မီး တောက်လောင်ခြင်း၏ သမိုင်း ရလာဒ်များကို သက်သေပြလျက်ရှိနေပေသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၃)
ထိုင်းမြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း (လင်းယုန်သစ်လွင်)
World Cemeteries in Myanmar (CWGC)

မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၇ ခုနှစ် ဇူလိုင်လ ၄ ရက် ထုတ် မြန်မာ့အလင်းသတင်းစာမှ

Leave a Reply