ဉာဏ္သစ္အေရးေတာ္ပုံေခတ္ ဆုိသည္မွာ

Posted on

ဉာဏ္သစ္အေရးေတာ္ပုံ ဟူသည္မွာ ၁၃ ႏွင့္ ၁၄ ရာစုႏွစ္အတြင္း အီတလီႏိုင္ငံတြင္ စတင္ထြန္းကား၍၊ ဥေရာပႏိုင္ငံမ်ားသို႔ ပ်ံ႕ႏွံ႔သြားေသာ ရီေနဆြန္းေခတ္၏ အျခင္းအရာျဖစ္သည္။ ခရစ္ ၁၈၃ဝ- ၆ဝ ျပည့္ႏွစ္ အတြင္း၌ထင္ရွားေသာ စာေပပညာရွင္ တို႔သည္ အဆိုပါ အီတလီႏိုင္ငံတြင္ စတင္ေပၚေပါက္ခဲ့ေသာ ေခတ္၏သေဘာကို ဆင္ျခင္သုံးသပ္သည့္အခါ ထိုေခတ္၌ လူတို႔သည္ အီတလီႏိုင္ငံ၏ ေရွးေဟာင္း ယဥ္ေက်းမႈတို႔ကို ျပန္လည္ေလ့လာထုတ္ေဖၚ၍၊ အဝိဇၨာတည္းဟူေသာ အေမွာင္ကို ပညာတည္းဟူေသာ အလင္းေရာင္ျဖင့္ ၿဖိဳခြင္းလိုက္သည္ဟု ယူဆၾကသည္။ ထိုသည္မွစ၍ ဥေရာပတိုက္ရွိ တိုင္းျပည္အသီးသီးတို႔သည္ အီတလီျပည္၏ နမူနာကိုယူ၍၊ စာေပ၊ အႏုပညာ၊ ယဥ္ေက်းမႈ၊ အေတြးအေခၚ၊ အယူဝါဒစသည္တို႔ကို အသစ္ တစ္ဖန္ျပန္လည္ ထြန္းကားေအာင္ ေဆာင္႐ြက္လာၾကသည္ ဟူ၍လည္း အယူရွိၾကသည္။

ထိုေၾကာင့္ ထိုေခတ္ကို ‘ရီေနဆြန္း’ဟူ၍ အမည္ေပးသည္။ ရီေနဆြန္ဟူေသာ ေဝါဟာရသည္ ျပင္သစ္ စကားျဖစ္သည္။ အသစ္တစ္ဖန္ျပန္၍ ျဖစ္ျခင္းဟု အဓိပၸါယ္ရသည္။ အေဟာင္း ကို ဖယ္ရွား၍၊ အသစ္ကို တည္ေဆာက္ျခင္းဟု ဆိုလိုသည္။ ၁၉ ရာစုႏွစ္စာေပပညာရွင္တို႔က အထက္ပါအတိုင္း ေခတ္သေဘာကိုအကဲျဖတ္ခဲ့ရာ၊ ၂ဝ ရာစုႏွစ္စာေပ ပညာရွင္ တို႔က တစ္ဖန္ ထိုအကဲျဖတ္ခ်က္ကို ျပန္၍ေဝဖန္သုံးသပ္ၾကည့္ၾကျပန္သည္။ သမိုင္းအလိုအားျဖင့္၊ ၁၃ ႏွင့္ ၁၄ ရာစုႏွစ္ အၾကား၌တည္ေသာေခတ္ကို အလယ္ေခတ္ဟုေခၚသည္။ ၁၉ ရာစုႏွစ္စာေပပညာရွင္တို႔က ထိုေခတ္ကို ‘အေမွာင္ေခတ္’ဟု ယူဆခဲ့ၾကသည္။

၂ဝ ရာစုႏွစ္စာေပပညာရွင္တို႔ကမူ ထိုေခတ္ သည္ အသိ ပညာတိမ္ေကာေသာ အေမွာင္ေခတ္ဟု မဆိုသာ၊ အကယ္၍ အေမွာင္ေခတ္သက္သက္ဟုဆိုရပါလၽွင္၊ အလယ္ေခတ္၌ ယဥ္ေက်းမႈအေျခခံတို႔သည္ အဘယ္နည္းျဖင့္ ထြန္း ကားလာရပါသနည္းဟူ၍ ေစာဒကတက္လာၾကသည္။ ထို႔ေၾကာင့္ ရီေနဆြန္ေခတ္သည္ အလယ္ေခတ္ယဥ္ေက်းမႈ အေဆာက္အအုံေပၚတြင္ အေျချပဳကာ၊ ေႏွာင္းေခတ္ယဥ္ေက်း မႈတို႔ တစ္ဆင့္ထက္တစ္ဆင့္ အသစ္အသစ္ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ခဲ့ေသာေခတ္ ျဖစ္သည္။

ရီေနဆြန္းဟူေသာ စကားသည္ အသိဉာဏ္ဆိတ္သုန္းေသာ ေခတ္ကိုလြန္၍၊ ဉာဏ္သစ္ ပညာသစ္ ထြန္းကားလာသည္ဟူေသာ အဓိပၸါယ္ကို ေဆာင္သည္ထက္၊ အသိဉာဏ္ပညာတို႔သည္ ေရွးေဟာင္းယဥ္ေက်းမႈ ကိုအေျချပဳကာ၊ အသစ္အသစ္ဖြံ႕ၿဖိဳးတိုးတက္လာသည္ဟူေသာ အဓိပၸါယ္ကိုသာေဆာင္အပ္သည္ဟု ယူဆလာ ၾကကုန္သည္။

ထိုေၾကာင့္ မ်က္ေမွာက္ေခတ္ ပညာရွင္တို႔၏ အလိုအားျဖင့္ ဉာဏ္သစ္အေရးပုံ၏ သေဘာအက်ဥ္းခ်ဳပ္ကား၊ ေရွးေဟာင္း ယဥ္ေက်းမႈတို႔ကို စူးစမ္းရွာေဖြေလ့လာၿပီးလၽွင္၊ ယင္းတို႔ကို တစ္ဖန္ျပန္လည္ ဆန္းသစ္ေစေသာ သေဘာျဖစ္ေလသည္။ အလယ္ေခတ္၏ လူမႈေရးရာတို႔သည္ ကံေကၽြးခ်စနစ္အရ ေပၚေပါက္လာေသာ လူမႈေရးရာတို႔ျဖစ္သည္။ ကံေကၽြးခ်စနစ္ေခတ္တြင္ တိုင္းကားျပည္႐ြာတို႔ကို မထူေထာင္ႏိုင္ေသးမီ၊ လူတို႔သည္ ၿမိဳ႕စား႐ြာစားတို႔၏ နယ္ပယ္ မ်ားတြင္ မိမိတို႔လူမ်ိဳးစုႏွင့္ မိမိသီးျခားေနထိုင္ေလ့ရွိၾကသည္။ ထိုေခတ္လူမႈ ဆက္ဆံေရးစနစ္သည္ ၿမိဳ႕စား႐ြာစားတို႔ေနထိုင္ရာ ၿဗဲတိုက္ႏွင့္ သာသနာေရး ဂိုဏ္းခ်ဳပ္ ဂိုဏ္းအုပ္တို႔ေနထိုင္ရာ နန္းေတာ္ပမာတမၽွရွိေသာ ေက်ာင္းတို႔ကို အဓိကျပဳရသည္။ ထိုစဥ္က လူမႈေရးသည္ ႐ႈပ္ေထြးျမားေျမာင္ျခင္းမရွိ၊ ဘာသာ အယူဝါဒ၏ အဆုံးအမ၌သာလၽွင္ တည္ေနၾကေလရာ၊ လူတို႔ သည္ မိမိတို႔ရပ္တည္ရာ ေလာကအျခင္းအရာကို သတိမူဘဲ၊ ေကာင္းကင္ဘုံကိုသာလၽွင္ ရည္စူးၾကကုန္သည္။

ဉာဏ္သစ္ အေရးပုံ ေပၚေပါက္လာေသာအခါ၌မူကား လူတို႔သည္ ဘာသာ အယူဝါဒအေရးထက္ ေလာကီအေရးတို႔ကို ပိုမို စိတ္ၫြတ္လာ ၾကသည္။ ေလာကီ၊ ေလာကုတၱရာႏွစ္ျဖာရွိသည္တြင္၊ ေရွးက ေလာကုတၱရာဖက္သို႔ စိတ္ၫြတ္ခဲ့ၾကေသာ္လည္း၊ ယခုအခါ ေလာကီဖက္သို႔စိတ္ၫြတ္လာၾကသည္။ ထိုေၾကာင့္ ေလာကပတ္ ဝန္းက်င္ကို လက္ေတြ႕ဆင္ျခင္ သုံးသပ္လာၾကသည္။ မူလက လူသည္ ထာဝရဘုရားသခင္ကိုသာ ဆည္းကပ္ခဲ့ရာမွ၊ ယခု အခါ လူလၽွင္လူခ်င္း ပိုမိုခ်ဥ္းကပ္လာၿပီးလၽွင္၊ ေလာက၏ တိုးတက္မႈကို ႀကံေဆာင္လာၾကသည္။ ဤ၌ ဥေရာပတိုက္သား တို႔သည္ ခရစ္ေတာ္၏ သာသနာအယူဝါဒကို ပစ္ပယ္သည္ ဟုမမွတ္ရာ၊ သာသနာေရးဆိုင္ရာ အယူဝါဒႏွင့္ အျခား ေရွး႐ိုး အစဥ္အလာ အယူဝါဒတို႔ကို ေလာက၏ျဖစ္စဥ္ႏွင့္ ႏႈိင္းၾကည့္ ျခင္းကို ဆိုလိုေပသည္။ ဤသို႔ ေလာကုတၱရာအေရးကို လိုက္ စားခဲ့ရာမွ၊ ေလာကီအေရးကို လိုက္စားလာၾကသည့္အျခင္းအရာ ကို ဥေရာပသမိုင္းအလိုအရ ေလာကတၳစရိယလမ္းစဥ္ဟုေခၚဆို ၾကသည္။

အလယ္ေခတ္မွ လြန္သည္ရွိေသာ္၊ ၿမိဳ႕စား႐ြာစား နယ္ပယ္တို႔သည္ ႏိုင္ငံေရးအရ ပူးေပါင္းလာၾကၿပီးလၽွင္၊ တိုင္း ျပည္ႏိုင္ငံမ်ားျဖစ္ေပၚလာသည္။ ေရွးက မိမိအစုႏွင့္မိမိ သီးျခား ေနထိုင္ခဲ့ေသာ သူတို႔သည္ ယခုအခါ ကူးသန္းေရာင္းဝယ္ေရး ဖြံ႕ၿဖိဳးမႈတို႔ေၾကာင့္၊ တစ္ဦးႏွင့္ တစ္ဦး ကူးလူးဆက္ဆံလာၾက ေလရကား၊ အသိဉာဏ္ပညာ ဗဟုသုတတို႔သည္ ဖြံ႕ၿဖိဳးတိုးတက္လာၾကကုန္သည္။ မူလက ႏိုင္ငံေရးအာဏာသည္ သာသနာေရး အဖြဲ႕အစည္းတို႔၏လက္တြင္ အခ်ဳပ္အခ်ာအားျဖင့္ တည္ရွိခဲ့ရာ၊ ယခုမွာမူ ထိုႏိုင္ငံေရးအာဏာသည္ ေရေျမစိုးပိုင္သူတို႔၏လက္ ထဲသို႔ သာသနာေရးကိစၥမွတစ္ပါး အားလုံးလိုလိုပင္ ကူးေျပာင္း လာခဲ့သည္။

ဤအေျခတြင္ လူတို႔သည္ သာသနာေရးဆိုင္ရာ အယူဝါဒတို႔၌ပင္လၽွင္ စူးစမ္းဆင္ျခင္ေသာအားျဖင့္ စစ္ေဆးသမႈျပဳလာၾကသည္။ ထိုေၾကာင့္လည္း ခရစ္ယာန္သာသနာအေရးပုံဟူ၍ ေပၚေပါက္လာခဲ့ျခင္းျဖစ္သည္။ ထိုကဲ့သို႔ ေခတ္ေျပာင္းလာသည္တြင္၊ လူတို႔သည္ ေခတ္ႏွင့္ေလ်ာ္ေသာ လူေနမႈစနစ္တစ္ရပ္ကို ေရွးေဟာင္းစံျပစာေပႏွင့္ အႏုပညာယဥ္ေက်းမႈတို႔တြင္ စူးစမ္းရွာေဖြလာၾကသည္။

ဤတြင္ ဂရိႏွင့္ေရာမ ေရွးေဟာင္းစံျပစာေပႏွင့္ အႏုပညာယဥ္ေက်းမႈတို႔၌ မိမိတို႔လိုရာကို ေတြ႕ရွိလာၾကသည္။ ထိုေၾကာင့္ ထိုေခတ္ တြင္ အထက္ကျပဆိုခဲ့ေသာ ေလာကတၳစရိယလမ္းစဥ္ ထြန္းကားလာသည့္အျပင္၊ ေရွးေဟာင္းစာေပ ေလ့လာျခင္းသည္လည္း ေခတ္၏သေဘာျဖစ္လာေလသည္။ ရီေနဆြန္းေခတ္မတိုင္းမီက ဥေရာပတိုက္ရွိ တိုင္းျပည္တို႔ သည္ လက္တင္ဘာသာျဖင့္ေရးသားေသာ စာေပကိုမွ စာေပေျမာက္သည္ဟု ယူဆၾကသည္။ ထိုေၾကာင့္ စာေပျပဳစုရာ၌ တိုင္းရင္းဘာသာျဖင့္ မျပဳစုဘဲ၊ လက္တင္ဘာသာျဖင့္သာ ျပဳစုေလ့ရွိသည္။ ထိုကဲ့သို႔ေသာ အေျခတြင္ အီတာလ်ံလူမ်ိဳး ကဗ်ာ ဆရာႀကီး ဒန္တီ (ခရစ္ ၁၂၆၅-၁၃၂၁)သည္ ‘ဒီဗိုင္းေကာ္မီဒီ’ လကၤာကို အီတာလ်ံဘာသာျဖင့္ စီကုံးေရးသားေလသည္။ ဤ အတြက္ေၾကာင့္ ဒန္တီကို ဉာဏ္သစ္အေရးပုံ၏ ေရွ႕ေျပးပုဂၢိဳလ္ ဟုေခၚဆိုၾကသည္။ ဒန္တီ၊ အလီဂ်ာရီ

သို႔ရာတြင္ စာေပ ေလာက၌ ဉာဏ္သစ္အေရးပုံကို စတင္ခဲ့သူကား ပီးထရတ္ (ခရစ္ ၁၃ဝ၄-၇၄)ျဖစ္သည္ဟု စာေပပညာရွင္တို႔ကဆိုၾက သည္။ ပီးထရတ္သည္ ကြန္စတန္တီႏိုပယ္ၿမိဳ႕မွ ျပန္႔ပြားလာ ေသာ ဂရိႏွင့္ေရာမ စံျပစာေပတို႔၏ အဖြဲ႕အႏြဲ႕ႏွင့္ အေတြးအေခၚ တို႔ကို ေကာင္းစြာ ေလ့လာခဲ့သူျဖစ္သည့္အေလ်ာက္၊ မိမိကိုယ္တိုင္ အီတာလ်ံဘာသာျဖင့္ ကဗ်ာလကၤာတို႔ကို စပ္ဆိုသည္တြင္၊ ဂရိႏွင့္ေရာမစံျပစာေပတို႔၏ သေဘာတရားသည္ အသစ္တစ္ဖန္ ျပန္လည္ ထြန္းကားလာေလသည္။

ပီးထရတ္ႏွင့္ ပီးထရတ္၏ နမူနာကိုယူေသာ အေဖာ္အေပါင္းတို႔သည္ ပတ္ဝန္းက်င္လူ႕ ေလာက၏အက်ိဳးကို ေဆာင္ေသာသေဘာရွိသည့္ စာေပတို႔ကို ေရးသားျပဳစုၾကသျဖင့္၊ ေႏွာင္းလူတို႔က ယင္းတို႔ကို ေလာကတၳစရိယလမ္းစဥ္ခ်မွတ္သူမ်ားဟူ၍ အသိအမွတ္ျပဳၾကသည္။ ထို ပုဂၢိဳလ္တို႔သည္ ေရွးေဟာင္းစံျပစာေပတို႔ကို အေျချပဳ၍၊ စာေပသစ္ကို ဖန္တီးၾကသည္။ ဤသို႔လၽွင္ အီတလီႏိုင္ငံ၌ ရီေနဆြန္း ေခတ္သည္ အထြတ္အထိပ္သို႔ ေရာက္ခဲ့ေလသည္။ ခရစ္ ၁၄၅၃ ခုႏွစ္တြင္ ကြန္စတန္တီႏိုပယ္ၿမိဳ႕သည္ တူရကီလူမ်ိဳးတို႔၏ လက္ထဲသို႔က်ေရာက္ေလသည္။ ထိုအခါ မ်ားစြာကုန္ ေသာ ဂရိပညာရွိတို႔သည္အီတလီ ႏိုင္ငံသို႔ ဝင္ေရာက္ခိုလႈံၾက ၿပီးလၽွင္၊ ဂရိဘာသာစာေပတို႔ကို သင္ၾကားပို႔ခ်ၾကေလသည္။

ဤအခ်က္ေၾကာင့္ ေရွးေဟာင္းစံျပစာေပကို ေလ့လာေသာဓေလ့ သည္ ပိုမိုျပန္႔ပြားလာျပန္သည္။ ခရစ္ ၁၄၅ဝ ျပည့္ႏွစ္တြင္ စာပုံႏွိပ္စက္ေပၚလာသည္။ ထိုႏွစ္၌ပင္လၽွင္ အီရက္ဇမပ္အမည္ ရွိ ပညာရွင္တစ္ဦးထြန္းကားသည္။ ထိုပညာရွင္သည္ ျပင္သစ္၊ အဂၤလန္၊ ဆြစ္ဇာလန္၊ ဂ်ာမနီစေသာ တိုင္းျပည္တို႔တြင္ ဂရိႏွင့္ လက္တင္စာေပျပန္႔ပြားေအာင္ သင္ၾကားပို႔ခ်ေပးခဲ့သည္။ ၁၅၁၆ ခုႏွစ္တြင္ အီရက္ဇမပ္သည္ ဂရိဘာသာျဖင့္ ဓမၼသစ္က်မ္းစာကို တည္းျဖတ္ သုတ္သင္သည္။ စာပုံႏွိပ္စက္၏ ေက်းဇူးေၾကာင့္၊ ထိုဓမၼသစ္က်မ္းစာသည္ လူအမ်ားထံသို႔ ပ်ံ႕ႏွံ႔ခဲ့ေလသည္။ ဤ အခ်က္သည္ သမၼာက်မ္းစာကို လူအမ်ားစနစ္တက်သိရွိ တတ္ ကၽြမ္းေအာင္ ဖန္တီးေပးေသာအခ်က္ ျဖစ္ေလသည္။ အထက္ပါ အေၾကာင္းတို႔ေၾကာင့္၊ ဉာဏ္သစ္အေရးပုံသည္ အီတလီႏိုင္ငံမွ ဥေရာပရွိ အရပ္ရပ္တို႔သို႔ ပ်ံႏွံ႔သြားေလသည္။

စာေပဖြံ႕ၿဖိဳးတိုးတက္သည့္နည္းတူ ပန္းခ်ီ၊ ႐ုပ္ထု၊ ဗိသုကာစေသာ အႏုပညာတို႔သည္လည္း ဖြံ႕ၿဖိဳးတိုးတက္လာေလ သည္။ ၁၅ ရာစုႏွစ္ႏွင့္ ၁၆ ရာစုႏွစ္အၾကားတြင္ ရက္ဖီအယ္၊ လီယိုနာဒို ဒါဗင္းခ်ိ၊ မိုက္ကယ္အန္ ဂ်လို၊ တစ္ရွန္တို႔၏ ပန္းခ်ီလက္ရာတို႔သည္ ဉာဏ္သစ္အေရးပုံ ထိပ္ဆုံးသို႔ ေရာက္ခဲ့သည္ကိုျပေလသည္။ ဖလန္းဒါး၊ ေဟာ္လန္၊ ဂ်ာမနီႏိုင္ငံတို႔တြင္ ဗန္အိုက္၊ ဒူရာေဟာလဗိုင္းစေသာ ပန္းခ်ီ ပညာရွင္တို႔သည္ သူတို႔ႏွင့္ဆိုင္ရာ တိုင္းျပည္တြင္ ဉာဏ္သစ္ အေရးပုံကို တည္ေထာင္ခဲ့ၾကသည္။

အသစ္တည္ေထာင္ေသာ သေဘာတို႔ကိုျပရလၽွင္၊ ျပင္သစ္ႏိုင္ငံတြင္ ရက္ဗီေလး အက္(ဖ)၊ ( ရက္ဗီေလး အက္(ဖ)။) စပိန္ႏိုင္ငံတြင္ သာဗင္ေတး၊ အဂၤလန္ျပည္ တြင္ ရွိတ္စပီးယားဟူေသာ ပုဂၢိဳလ္တို႔၏ အေရးအသားကို ျပရမည္ ျဖစ္၏။ သိပၸံပညာရပ္တို႔၌ အသိဉာဏ္ဆန္းသစ္ထြန္းကားလာပုံကို မူကား ေကာ့ပါးနီကပ္၊ ဗိေဆးလိယပ္၊ ဂယ္လီေလအိုဟူေသာ ပညာရွင္တို႔၏ ရွာေဖြစမ္းသပ္ခ်က္တို႔၌ ေတြ႕ျမင္ႏိုင္သည္။ ဒီးအတ္၊ ဗတ္ရွကူးသဂါမ၊ ကိုလံဗပ္၊ မဂ်ဲလန္စေသာ ခရီးသည္ တို႔၏ စူးစမ္းရွာေဖြမႈတို႔သည္လည္း ဉာဏ္သစ္အေရးပုံတည္ ေဆာက္ရာ၌ အက်ဳံးဝင္ေလသည္။

ဥေရာပသမိုင္း အလိုအားျဖင့္၊ ထိုဉာဏ္သစ္အေရးပုံသည္ အဂၤလန္ျပည္ အယ္လစ္ဇဗက္ဘုရင္မကြယ္လြန္ေသာ ခရစ္ ၁၆ဝ၃ ခုႏွစ္မွ လြန္ေလေသာ္ ေခတ္ကုန္ျခင္းသို႔ေရာက္သည္ဟု ဆိုသည္။ စင္စစ္၊ ဉာဏ္သစ္အေရးပုံသည္ အသိဉာဏ္ ထြန္းကားေသာ ေခတ္သို႔ ေရာက္ၿပီးလၽွင္၊ ျပင္သစ္ေတာ္လွန္ေရးေခတ္သို႔ ေရွး႐ႈေလသည္။

ျမန္မာစြယ္စုံက်မ္း ၊ အတြဲ(၄)

—————

ဉာဏ်သစ် အရေးတော်ပုံခေတ် ဆိုသည်မှာ (unicode)

ဉာဏ်သစ်အရေးတော်ပုံ ဟူသည်မှာ ၁၃ နှင့် ၁၄ ရာစုနှစ်အတွင်း အီတလီနိုင်ငံတွင် စတင်ထွန်းကား၍၊ ဥရောပနိုင်ငံများသို့ ပျံ့နှံ့သွားသော ရီနေဆွန်းခေတ်၏ အခြင်းအရာဖြစ်သည်။ ခရစ် ၁၈၃ဝ- ၆ဝ ပြည့်နှစ် အတွင်း၌ထင်ရှားသော စာပေပညာရှင် တို့သည် အဆိုပါ အီတလီနိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့သော ခေတ်၏သဘောကို ဆင်ခြင်သုံးသပ်သည့်အခါ ထိုခေတ်၌ လူတို့သည် အီတလီနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှုတို့ကို ပြန်လည်လေ့လာထုတ်ဖေါ်၍၊ အဝိဇ္ဇာတည်းဟူသော အမှောင်ကို ပညာတည်းဟူသော အလင်းရောင်ဖြင့် ဖြိုခွင်းလိုက်သည်ဟု ယူဆကြသည်။ ထိုသည်မှစ၍ ဥရောပတိုက်ရှိ တိုင်းပြည်အသီးသီးတို့သည် အီတလီပြည်၏ နမူနာကိုယူ၍၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ အယူဝါဒစသည်တို့ကို အသစ် တစ်ဖန်ပြန်လည် ထွန်းကားအောင် ဆောင်ရွက်လာကြသည် ဟူ၍လည်း အယူရှိကြသည်။

ထိုကြောင့် ထိုခေတ်ကို ‘ရီနေဆွန်း’ဟူ၍ အမည်ပေးသည်။ ရီနေဆွန်ဟူသော ဝေါဟာရသည် ပြင်သစ် စကားဖြစ်သည်။ အသစ်တစ်ဖန်ပြန်၍ ဖြစ်ခြင်းဟု အဓိပ္ပါယ်ရသည်။ အဟောင်း ကို ဖယ်ရှား၍၊ အသစ်ကို တည်ဆောက်ခြင်းဟု ဆိုလိုသည်။ ၁၉ ရာစုနှစ်စာပေပညာရှင်တို့က အထက်ပါအတိုင်း ခေတ်သဘောကိုအကဲဖြတ်ခဲ့ရာ၊ ၂ဝ ရာစုနှစ်စာပေ ပညာရှင် တို့က တစ်ဖန် ထိုအကဲဖြတ်ချက်ကို ပြန်၍ဝေဖန်သုံးသပ်ကြည့်ကြပြန်သည်။ သမိုင်းအလိုအားဖြင့်၊ ၁၃ နှင့် ၁၄ ရာစုနှစ် အကြား၌တည်သောခေတ်ကို အလယ်ခေတ်ဟုခေါ်သည်။ ၁၉ ရာစုနှစ်စာပေပညာရှင်တို့က ထိုခေတ်ကို ‘အမှောင်ခေတ်’ဟု ယူဆခဲ့ကြသည်။

၂ဝ ရာစုနှစ်စာပေပညာရှင်တို့ကမူ ထိုခေတ် သည် အသိ ပညာတိမ်ကောသော အမှောင်ခေတ်ဟု မဆိုသာ၊ အကယ်၍ အမှောင်ခေတ်သက်သက်ဟုဆိုရပါလျှင်၊ အလယ်ခေတ်၌ ယဉ်ကျေးမှုအခြေခံတို့သည် အဘယ်နည်းဖြင့် ထွန်း ကားလာရပါသနည်းဟူ၍ စောဒကတက်လာကြသည်။ ထို့ကြောင့် ရီနေဆွန်ခေတ်သည် အလယ်ခေတ်ယဉ်ကျေးမှု အဆောက်အအုံပေါ်တွင် အခြေပြုကာ၊ နှောင်းခေတ်ယဉ်ကျေး မှုတို့ တစ်ဆင့်ထက်တစ်ဆင့် အသစ်အသစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သောခေတ် ဖြစ်သည်။ ရီနေဆွန်းဟူသော စကားသည် အသိဉာဏ်ဆိတ်သုန်းသော ခေတ်ကိုလွန်၍၊ ဉာဏ်သစ် ပညာသစ် ထွန်းကားလာသည်ဟူသော အဓိပ္ပါယ်ကို ဆောင်သည်ထက်၊ အသိဉာဏ်ပညာတို့သည် ရှေးဟောင်းယဉ်ကျေးမှု ကိုအခြေပြုကာ၊ အသစ်အသစ်ဖွံ့ဖြိုးတိုးတက်လာသည်ဟူသော အဓိပ္ပါယ်ကိုသာဆောင်အပ်သည်ဟု ယူဆလာ ကြကုန်သည်။

ထိုကြောင့် မျက်မှောက်ခေတ် ပညာရှင်တို့၏ အလိုအားဖြင့် ဉာဏ်သစ်အရေးပုံ၏ သဘောအကျဉ်းချုပ်ကား၊ ရှေးဟောင်း ယဉ်ကျေးမှုတို့ကို စူးစမ်းရှာဖွေလေ့လာပြီးလျှင်၊ ယင်းတို့ကို တစ်ဖန်ပြန်လည် ဆန်းသစ်စေသော သဘောဖြစ်လေသည်။ အလယ်ခေတ်၏ လူမှုရေးရာတို့သည် ကံကျွေးချစနစ်အရ ပေါ်ပေါက်လာသော လူမှုရေးရာတို့ဖြစ်သည်။ ကံကျွေးချစနစ်ခေတ်တွင် တိုင်းကားပြည်ရွာတို့ကို မထူထောင်နိုင်သေးမီ၊ လူတို့သည် မြို့စားရွာစားတို့၏ နယ်ပယ် များတွင် မိမိတို့လူမျိုးစုနှင့် မိမိသီးခြားနေထိုင်လေ့ရှိကြသည်။ ထိုခေတ်လူမှု ဆက်ဆံရေးစနစ်သည် မြို့စားရွာစားတို့နေထိုင်ရာ ဗြဲတိုက်နှင့် သာသနာရေး ဂိုဏ်းချုပ် ဂိုဏ်းအုပ်တို့နေထိုင်ရာ နန်းတော်ပမာတမျှရှိသော ကျောင်းတို့ကို အဓိကပြုရသည်။ ထိုစဉ်က လူမှုရေးသည် ရှုပ်ထွေးမြားမြောင်ခြင်းမရှိ၊ ဘာသာ အယူဝါဒ၏ အဆုံးအမ၌သာလျှင် တည်နေကြလေရာ၊ လူတို့ သည် မိမိတို့ရပ်တည်ရာ လောကအခြင်းအရာကို သတိမူဘဲ၊ ကောင်းကင်ဘုံကိုသာလျှင် ရည်စူးကြကုန်သည်။

ဉာဏ်သစ် အရေးပုံ ပေါ်ပေါက်လာသောအခါ၌မူကား လူတို့သည် ဘာသာ အယူဝါဒအရေးထက် လောကီအရေးတို့ကို ပိုမို စိတ်ညွတ်လာ ကြသည်။ လောကီ၊ လောကုတ္တရာနှစ်ဖြာရှိသည်တွင်၊ ရှေးက လောကုတ္တရာဖက်သို့ စိတ်ညွတ်ခဲ့ကြသော်လည်း၊ ယခုအခါ လောကီဖက်သို့စိတ်ညွတ်လာကြသည်။ ထိုကြောင့် လောကပတ် ဝန်းကျင်ကို လက်တွေ့ဆင်ခြင် သုံးသပ်လာကြသည်။ မူလက လူသည် ထာဝရဘုရားသခင်ကိုသာ ဆည်းကပ်ခဲ့ရာမှ၊ ယခု အခါ လူလျှင်လူချင်း ပိုမိုချဉ်းကပ်လာပြီးလျှင်၊ လောက၏ တိုးတက်မှုကို ကြံဆောင်လာကြသည်။ ဤ၌ ဥရောပတိုက်သား တို့သည် ခရစ်တော်၏ သာသနာအယူဝါဒကို ပစ်ပယ်သည် ဟုမမှတ်ရာ၊ သာသနာရေးဆိုင်ရာ အယူဝါဒနှင့် အခြား ရှေးရိုး အစဉ်အလာ အယူဝါဒတို့ကို လောက၏ဖြစ်စဉ်နှင့် နှိုင်းကြည့် ခြင်းကို ဆိုလိုပေသည်။ ဤသို့ လောကုတ္တရာအရေးကို လိုက် စားခဲ့ရာမှ၊ လောကီအရေးကို လိုက်စားလာကြသည့်အခြင်းအရာ ကို ဥရောပသမိုင်းအလိုအရ လောကတ္ထစရိယလမ်းစဉ်ဟုခေါ်ဆို ကြသည်။

အလယ်ခေတ်မှ လွန်သည်ရှိသော်၊ မြို့စားရွာစား နယ်ပယ်တို့သည် နိုင်ငံရေးအရ ပူးပေါင်းလာကြပြီးလျှင်၊ တိုင်း ပြည်နိုင်ငံများဖြစ်ပေါ်လာသည်။ ရှေးက မိမိအစုနှင့်မိမိ သီးခြား နေထိုင်ခဲ့သော သူတို့သည် ယခုအခါ ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးမှုတို့ကြောင့်၊ တစ်ဦးနှင့် တစ်ဦး ကူးလူးဆက်ဆံလာကြ လေရကား၊ အသိဉာဏ်ပညာ ဗဟုသုတတို့သည် ဖွံ့ဖြိုးတိုးတက်လာကြကုန်သည်။ မူလက နိုင်ငံရေးအာဏာသည် သာသနာရေး အဖွဲ့အစည်းတို့၏လက်တွင် အချုပ်အချာအားဖြင့် တည်ရှိခဲ့ရာ၊ ယခုမှာမူ ထိုနိုင်ငံရေးအာဏာသည် ရေမြေစိုးပိုင်သူတို့၏လက် ထဲသို့ သာသနာရေးကိစ္စမှတစ်ပါး အားလုံးလိုလိုပင် ကူးပြောင်း လာခဲ့သည်။ ဤအခြေတွင် လူတို့သည် သာသနာရေးဆိုင်ရာ အယူဝါဒတို့၌ပင်လျှင် စူးစမ်းဆင်ခြင်သောအားဖြင့် စစ်ဆေးသမှုပြုလာကြသည်။ ထိုကြောင့်လည်း ခရစ်ယာန်သာသနာအရေးပုံဟူ၍ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ခေတ်ပြောင်းလာသည်တွင်၊ လူတို့သည် ခေတ်နှင့်လျော်သော လူနေမှုစနစ်တစ်ရပ်ကို ရှေးဟောင်းစံပြစာပေနှင့် အနုပညာယဉ်ကျေးမှုတို့တွင် စူးစမ်းရှာဖွေလာကြသည်။

ဤတွင် ဂရိနှင့်ရောမ ရှေးဟောင်းစံပြစာပေနှင့် အနုပညာယဉ်ကျေးမှုတို့၌ မိမိတို့လိုရာကို တွေ့ရှိလာကြသည်။ ထိုကြောင့် ထိုခေတ် တွင် အထက်ကပြဆိုခဲ့သော လောကတ္ထစရိယလမ်းစဉ် ထွန်းကားလာသည့်အပြင်၊ ရှေးဟောင်းစာပေ လေ့လာခြင်းသည်လည်း ခေတ်၏သဘောဖြစ်လာလေသည်။ ရီနေဆွန်းခေတ်မတိုင်းမီက ဥရောပတိုက်ရှိ တိုင်းပြည်တို့ သည် လက်တင်ဘာသာဖြင့်ရေးသားသော စာပေကိုမှ စာပေမြောက်သည်ဟု ယူဆကြသည်။ ထိုကြောင့် စာပေပြုစုရာ၌ တိုင်းရင်းဘာသာဖြင့် မပြုစုဘဲ၊ လက်တင်ဘာသာဖြင့်သာ ပြုစုလေ့ရှိသည်။ ထိုကဲ့သို့သော အခြေတွင် အီတာလျံလူမျိုး ကဗျာ ဆရာကြီး ဒန်တီ (ခရစ် ၁၂၆၅-၁၃၂၁)သည် ‘ဒီဗိုင်းကော်မီဒီ’ လင်္ကာကို အီတာလျံဘာသာဖြင့် စီကုံးရေးသားလေသည်။ ဤ အတွက်ကြောင့် ဒန်တီကို ဉာဏ်သစ်အရေးပုံ၏ ရှေ့ပြေးပုဂ္ဂိုလ် ဟုခေါ်ဆိုကြသည်။ ဒန်တီ၊ အလီဂျာရီ

သို့ရာတွင် စာပေ လောက၌ ဉာဏ်သစ်အရေးပုံကို စတင်ခဲ့သူကား ပီးထရတ် (ခရစ် ၁၃ဝ၄-၇၄)ဖြစ်သည်ဟု စာပေပညာရှင်တို့ကဆိုကြ သည်။ ပီးထရတ်သည် ကွန်စတန်တီနိုပယ်မြို့မှ ပြန့်ပွားလာ သော ဂရိနှင့်ရောမ စံပြစာပေတို့၏ အဖွဲ့အနွဲ့နှင့် အတွေးအခေါ် တို့ကို ကောင်းစွာ လေ့လာခဲ့သူဖြစ်သည့်အလျောက်၊ မိမိကိုယ်တိုင် အီတာလျံဘာသာဖြင့် ကဗျာလင်္ကာတို့ကို စပ်ဆိုသည်တွင်၊ ဂရိနှင့်ရောမစံပြစာပေတို့၏ သဘောတရားသည် အသစ်တစ်ဖန် ပြန်လည် ထွန်းကားလာလေသည်။

ပီးထရတ်နှင့် ပီးထရတ်၏ နမူနာကိုယူသော အဖော်အပေါင်းတို့သည် ပတ်ဝန်းကျင်လူ့ လောက၏အကျိုးကို ဆောင်သောသဘောရှိသည့် စာပေတို့ကို ရေးသားပြုစုကြသဖြင့်၊ နှောင်းလူတို့က ယင်းတို့ကို လောကတ္ထစရိယလမ်းစဉ်ချမှတ်သူများဟူ၍ အသိအမှတ်ပြုကြသည်။ ထို ပုဂ္ဂိုလ်တို့သည် ရှေးဟောင်းစံပြစာပေတို့ကို အခြေပြု၍၊ စာပေသစ်ကို ဖန်တီးကြသည်။ ဤသို့လျှင် အီတလီနိုင်ငံ၌ ရီနေဆွန်း ခေတ်သည် အထွတ်အထိပ်သို့ ရောက်ခဲ့လေသည်။ ခရစ် ၁၄၅၃ ခုနှစ်တွင် ကွန်စတန်တီနိုပယ်မြို့သည် တူရကီလူမျိုးတို့၏ လက်ထဲသို့ကျရောက်လေသည်။ ထိုအခါ များစွာကုန် သော ဂရိပညာရှိတို့သည်အီတလီ နိုင်ငံသို့ ဝင်ရောက်ခိုလှုံကြ ပြီးလျှင်၊ ဂရိဘာသာစာပေတို့ကို သင်ကြားပို့ချကြလေသည်။

ဤအချက်ကြောင့် ရှေးဟောင်းစံပြစာပေကို လေ့လာသောဓလေ့ သည် ပိုမိုပြန့်ပွားလာပြန်သည်။ ခရစ် ၁၄၅ဝ ပြည့်နှစ်တွင် စာပုံနှိပ်စက်ပေါ်လာသည်။ ထိုနှစ်၌ပင်လျှင် အီရက်ဇမပ်အမည် ရှိ ပညာရှင်တစ်ဦးထွန်းကားသည်။ ထိုပညာရှင်သည် ပြင်သစ်၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ ဂျာမနီစသော တိုင်းပြည်တို့တွင် ဂရိနှင့် လက်တင်စာပေပြန့်ပွားအောင် သင်ကြားပို့ချပေးခဲ့သည်။ ၁၅၁၆ ခုနှစ်တွင် အီရက်ဇမပ်သည် ဂရိဘာသာဖြင့် ဓမ္မသစ်ကျမ်းစာကို တည်းဖြတ် သုတ်သင်သည်။ စာပုံနှိပ်စက်၏ ကျေးဇူးကြောင့်၊ ထိုဓမ္မသစ်ကျမ်းစာသည် လူအများထံသို့ ပျံ့နှံ့ခဲ့လေသည်။ ဤ အချက်သည် သမ္မာကျမ်းစာကို လူအများစနစ်တကျသိရှိ တတ် ကျွမ်းအောင် ဖန်တီးပေးသောအချက် ဖြစ်လေသည်။ အထက်ပါ အကြောင်းတို့ကြောင့်၊ ဉာဏ်သစ်အရေးပုံသည် အီတလီနိုင်ငံမှ ဥရောပရှိ အရပ်ရပ်တို့သို့ ပျံနှံ့သွားလေသည်။

စာပေဖွံ့ဖြိုးတိုးတက်သည့်နည်းတူ ပန်းချီ၊ ရုပ်ထု၊ ဗိသုကာစသော အနုပညာတို့သည်လည်း ဖွံ့ဖြိုးတိုးတက်လာလေ သည်။ ၁၅ ရာစုနှစ်နှင့် ၁၆ ရာစုနှစ်အကြားတွင် ရက်ဖီအယ်၊ လီယိုနာဒို ဒါဗင်းချိ၊ မိုက်ကယ်အန် ဂျလို၊ တစ်ရှန်တို့၏ ပန်းချီလက်ရာတို့သည် ဉာဏ်သစ်အရေးပုံ ထိပ်ဆုံးသို့ ရောက်ခဲ့သည်ကိုပြလေသည်။ ဖလန်းဒါး၊ ဟော်လန်၊ ဂျာမနီနိုင်ငံတို့တွင် ဗန်အိုက်၊ ဒူရာဟောလဗိုင်းစသော ပန်းချီ ပညာရှင်တို့သည် သူတို့နှင့်ဆိုင်ရာ တိုင်းပြည်တွင် ဉာဏ်သစ် အရေးပုံကို တည်ထောင်ခဲ့ကြသည်။

အသစ်တည်ထောင်သော သဘောတို့ကိုပြရလျှင်၊ ပြင်သစ်နိုင်ငံတွင် ရက်ဗီလေး အက်(ဖ)၊ ( ရက်ဗီလေး အက်(ဖ)။) စပိန်နိုင်ငံတွင် သာဗင်တေး၊ အင်္ဂလန်ပြည် တွင် ရှိတ်စပီးယားဟူသော ပုဂ္ဂိုလ်တို့၏ အရေးအသားကို ပြရမည် ဖြစ်၏။ သိပ္ပံပညာရပ်တို့၌ အသိဉာဏ်ဆန်းသစ်ထွန်းကားလာပုံကို မူကား ကော့ပါးနီကပ်၊ ဗိဆေးလိယပ်၊ ဂယ်လီလေအိုဟူသော ပညာရှင်တို့၏ ရှာဖွေစမ်းသပ်ချက်တို့၌ တွေ့မြင်နိုင်သည်။ ဒီးအတ်၊ ဗတ်ရှကူးသဂါမ၊ ကိုလံဗပ်၊ မဂျဲလန်စသော ခရီးသည် တို့၏ စူးစမ်းရှာဖွေမှုတို့သည်လည်း ဉာဏ်သစ်အရေးပုံတည် ဆောက်ရာ၌ အကျုံးဝင်လေသည်။

ဥရောပသမိုင်း အလိုအားဖြင့်၊ ထိုဉာဏ်သစ်အရေးပုံသည် အင်္ဂလန်ပြည် အယ်လစ်ဇဗက်ဘုရင်မကွယ်လွန်သော ခရစ် ၁၆ဝ၃ ခုနှစ်မှ လွန်လေသော် ခေတ်ကုန်ခြင်းသို့ရောက်သည်ဟု ဆိုသည်။ စင်စစ်၊ ဉာဏ်သစ်အရေးပုံသည် အသိဉာဏ် ထွန်းကားသော ခေတ်သို့ ရောက်ပြီးလျှင်၊ ပြင်သစ်တော်လှန်ရေးခေတ်သို့ ရှေးရှုလေသည်။

မြန်မာစွယ်စုံကျမ်း ၊ အတွဲ(၄)

Leave a Reply