ကမာၻ႔အေမြအႏွစ္ ၀ယ္စတန္ဂတ္ေတာအုပ္ႀကီးက မီးစိမ္းလင္းေနေသာအပင္မ်ား

Posted on

ေရးသားသူ – သမန္းက်ား(ရတနာပုံေန႔စဥ္)

အိႏၵိယနိုင္ငံမွာ ထူးျခားတဲ့ မုတ္သံုေတာအုပ္ၾကီးတစ္ခု ရွိပါတယ္။ ျမိဳ ့ေတာ္မြန္ဘိုင္းရဲ ့ အေရွ ့ဘက္ကီလိုမီတာ ၁၀၀ ခန္ ့မွာရွိတဲ့ ၀ယ္စတန္ဂတ္ေတာအုပ္ၾကီးပါ။ ေႏြရာသီမွာ လြင္တီးေခါင္ျပင္ျပင္ ျဖစ္ေနေလ့ရွိျပီး ဖုန္းဆိုးေတာၾကီး ပမာ မတင့္မတယ္ထီးထီးၾကီး ျဖစ္ေလ့ရွိေပမယ့္ မုတ္သုန္မိုးက်တာနဲ ့တျပိဳက္နက္ ၀ယ္စတန္ဂတ္ေတာအုပ္ၾကီးဟာ အသက္ျပန္၀င္လာတဲ့လူတစ္ေယာက္လို စိမ္းစိုေတာက္ပလာေလ့ရွိပါတယ္။ အခုလည္း မုတ္သုန္မိုးအဆက္မျပတ္ရြာသြန္းျဖိဳးတာ ၂-လေက်ာ္ၾကာျပီိမို ့ ပတ္ၾကားအက္ေနတဲ့ ေျမျပင္ေပၚမွာ အစိမ္းေရာင္ျမက္စိုနုေလးေတြက ေနရာမလပ္ ဖုံုးလႊမ္းေနျပီး ျခံဳပင္၊ႏြယ္ပင္၊ သစ္ပင္ေတြဟာလည္း အကိုင္းအခက္ေတြစိမ္းျမ၊ အဖူးအရြက္ေတြလွပလို ့ေနပါတယ္။

ဒီအလွေတြကို မ်က္ျမင္ကိုယ္ေတြ ့ ျမင္ေတြ ့ရေတာ့ ကၽြန္ေတာ့္ရင္ထဲမွာ အတုိင္းမသိ ေက်နပ္မိပါတယ္။ လူတစ္ရာ မွာ တစ္ေယာက္ မရနိုင္တဲ့အခြင့္အေရးမ်ိဳးကို ကၽြန္ေတာ္ရထားတာေလ။ တစ္ခ်က္တစ္ခ်က္ေပၚလာတတ္တဲ့ ကၽြတ္ေကာင္ေတြကိုက္ခဲတာကိုလည္း စိတ္မဆိုးနိုင္၊ ဆင္ေျခေလွ်ာေတြမွာ ဗိုင္းခနဲပစ္လဲက်တာကိုလည္း ဂရုမစိုက္ နိုင္၊ ရႊဲရႊဲစိုေအာင္ ရြာခ်ေနတဲ့မိုးေၾကာင့္လည္း စိတ္ဓါတ္မက်နိုင္ဘဲ ၀ယ္စတန္ဂတ္ေတာအုပ္ၾကီးရဲ ့အလွကို စူးစမ္းလိုစိတ္က ေဆာင္ေနပါတယ္။

ကၽြန္ေတာ္ဟာ သုေတသီတစ္ဖြဲ ့နဲ ့ ၀ယ္စတန္ဂတ္ေတာအုပ္ၾကီးကို ေျခလ်င္ျဖတ္ေလွ်ာက္ျပီး စူးစမ္းေလ့လာေရး ျပဳလုပ္ၾကမွာ ျဖစ္ပါတယ္။ ၀ယ္စတန္ဂတ္ေတာအုပ္ၾကီးကို ယူနက္စကိုကေန ကမာၻ႔အေမြအႏွစ္အျဖစ္ သတ္မွတ္ ထားပါတယ္။ ကမၻာေပၚက ဇီ၀မ်ိဳးစိပ္အစံုလင္ဆံုး တည္ေနရာ (၈) ခုထဲမွာ တစ္ခုအပါအ၀င္ ျဖစ္ပါတယ္။

အိႏၵိယနိုင္ငံ အေနာက္ဘက္ကမ္းရိုးတန္းတေလွ်ာက္ ကီလိုမီတာ ၁၆၀၀ ခန္ ့ရွည္လ်ားတဲ့ ၀ယ္စတန္ဂတ္ ေတာအုပ္ၾကီးမွာ သစ္ပင္၊ သီးပင္၊ ပန္းပင္ အမ်ိဳးအစား ေရတြက္မကုန္ႏိုင္ေအာင္ရွိပါတယ္။ ဒါ့အျပင္ ကမၻာေပၚမွာ ရွားပါးေနျပီျဖစ္တဲ့ က်ား၊ က်ားသစ္၊ က်ားသစ္နက္တို ့ရဲ ့အိမ္လည္းျဖစ္သလို ကမၻာေပၚမွာ အမ်ားဆံုးေသာ အာရွ ဆင္ေတြ ေနထိုင္က်က္စားရာ ေတာအုပ္ၾကီးလည္း ျဖစ္ပါတယ္။ ၂၀၁၄ ဒီဇင္ဘာလအထိမွာ သတၱ၀ါမ်ိဳးႏြယ္စု အသစ္ေတြကို ေတြ ့ရွိေနတုန္းပါပဲ။ ဒီေလာက္ထူးျခားတဲ့ေတာအုပ္ၾကီးကို ေလ့လာခြင့္ရတဲ့အတြက္လည္း ကၽြန္ေတာ္ ဟာ ဘာေတြမ်ားထူးထူးျခားျခား ေတြ ့ရဦးမလဲဆုိတဲ့အေတြးနဲ ့ အရမ္းကို တက္ၾကြေနခဲ့ပါတယ္။

ကမူတစ္ခုကို က်ဥ္းေျမာင္းတဲ့လမ္းကေလးအတိုင္း ျဖတ္ေက်ာ္ဖို ့ၾကိဳးစားရင္း ကၽြန္ေတာ့္ခႏၶာကိုယ္ဟာ မိုးေရနဲ ့ေခၽြး ေရာေနပါတယ္။ ေန ့ခင္းကတည္းက ေတာလမ္းအတိုင္း အာဟူပီရြာငယ္ေလးကိုဦးတည္ထြက္လာတဲ့ ကၽြန္ေတာ္တို ့ဟာ ညေနေစာင္းတဲ့အခ်ိန္အထိ ရြာကိုမေရာက္နုိင္ေသးပါဘူး။ မိုးသည္းလြန္းေတာ့ ထင္တိုင္းမေပါက္ ျဖစ္ေနပါတယ္။ ပိုျပီးေမွာင္လာတနဲ ့ လက္နွိပ္ဓါတ္မီးေတြ ထုတ္ထြန္းလိုက္ရပါတယ္။ ေတာလည္းတိုး၊ မိုးလည္း တိုးရင္း ဆက္ေလွ်ာက္လာလိုက္တာ ေနာက္မွာတစ္ဖြဲ ့ ျပတ္က်န္ခဲ့တဲ့အတြက္ ရပ္ေစာင့္လိုက္ရင္း လက္နွိပ္ဓါတ္မီး ကို ပိတ္လိုက္ေတာ့ ထူးဆန္းတာတစ္ခုကို သြားသတိထားမိပါတယ္။

ကၽြန္ေတာ္တို ့ရဲ ့ပတ္၀န္းက်င္က အပင္တခ်ိဳ ့ဟာ မီးစုန္းလင္းသလို လင္းေနပါတယ္။ ေသခ်ာၾကည့္လိုက္ေတာ့ အပင္ေတြ၊ အကိုင္းေတြမွာ အစိမ္းေရာင္အလင္းကြက္ေလးေတြထြက္ေနပါတယ္။ တစ္ပင္၊ နွစ္ပင္ မဟုတ္ပါဘူး တစ္ေတာလံုးနီးပါးကို အစိမ္းေရာင္လင္းေနတာပါ။ ေမွာက္မိုက္ေနတဲ့မိုးသည္းညမွာ အစိမ္းေရာင္လင္းေနတဲ့ အပင္ေတြၾကား ေရာက္ေနတဲ့ကၽြန္ေတာ္တို ့ဟာ အံ့ၾသရမလား၊ ေၾကာက္ရြံ ့တုန္လွဳပ္ရမလား ဆိုတာေတာင္ မသိေတာ့ပါဘူး။

ေနာက္မွေရာက္လာတဲ့ သုေတသီေတြက ရွင္းျပပါတယ္။ မုတ္သံုရာသီဟာ ဇြန္လကေန ေအာက္တိုဘာလအထိ ျဖစ္ပါတယ္။ မုတ္သံုမိုးေၾကာင့္ ရႊဲနစ္ေနတဲ့ေတာအုပ္ၾကီးထဲက အပင္ေတြမွာ မိႈတစ္မ်ိဳး စြဲကပ္လာပါတယ္။ ပုပ္သိုး ေဆြးေျမ့ေနတဲ့ သစ္ကိုင္းေျခာက္ေတြ၊ သစ္ပင္ေခါက္ေတြမွာ စြဲကပ္ေလ့ရွိတဲ့ ဒီမိႈမွာ ေတာက္ပျပီးအလင္းထြက္တဲ့ bioluminescent သတၱိ ရွိပါတယ္။

ဒီမႈိေတြစြဲကပ္ဖို ့၊ ေတာက္ပျပီးအလင္းထြက္ဖို ့ဆိုတာ ေလထုစိုထိုင္းဆနဲ ့ ေရခိုးေရေငြ ့ပါ၀င္မႈအခ်ိဳးအစား အတိုင္း အတာ တစ္ခုအထိ မွန္သြားျပီဆိုမွ ျဖစ္ေပၚလာတာပါ။ ကမၻာေပၚမွာ ဒီလိုအလင္းထြက္တဲ့မႈိေတြရွိလို ့ ညဆိုရင္ လင္းေနတဲ့ ေတာအုပ္ေတြကို ရွားရွားပါးပါး ေတြ ့ရတတ္ပါတယ္။ အိႏၵိယမွာေတာ့ ၀ယ္စတန္ဂတ္ေတာအုပ္ရဲ ့ မဟာရာရွတရာနဲ ့ ဂိုအာအပိုင္းေတြမွာ မီးစိမ္းလင္းသစ္ေတာေတြကို ေတြ ့ေနရတာပါ။

ဒီမီးစိမ္းလင္းသစ္ေတာျဖစ္စဥ္ကို အလြယ္တကူေတြ ့ရေလ့ မရွိပါဘူး။ မူလဗီဇဓါတုပစၥည္းနဲ ့ေလထုေရခိုးေရေငြ ့ စိုထိုင္းဆတို ့ ဓါတ္ျပဳျပီး အေရာင္ထြက္တဲ့ေရ၊ အေရာင္ထြက္တဲ့ေရေအာက္သတၱ၀ါေတြကို အလြယ္တကူ ေတြ ့နိုင္ ေပမယ့္ အခုလို သစ္ပင္ေတြမီးစိမ္းလင္းတာကေတာ့ ရွားပါးျဖစ္စဥ္တစ္ခု ျဖစ္ပါတယ္။ အခုအခ်ိန္အထိ မီးစုန္းလင္း တယ္လို ့ ကမၻာကသိထားတဲ့အင္းဆက္ ၂ မ်ိဳးပဲရွိပါတယ္။ ပိုးစုန္းၾကဴးနဲ ့ အလင္းထြက္ပိုးေကာင္ ျဖစ္ပါတယ္။ အလင္းထြက္တဲ့မႈိအမ်ိဳးအစားေပါင္း ၁၀၀၀၀၀ ထက္မနည္း ရွိပါတယ္။ တခ်ိဳ ့မိႈေတြက အပြင့္ၾကီးလို ့ အပင္လိုပဲ ေတြ ့ျမင္ေနရေပမယ့္ တခ်ိဳ ့က်ေတာ့လည္း အပင္ေသးလြန္းတဲ့အတြက္ မိႈစြဲေနသလိုမ်ိဳးပဲ ျမင္ေတြ ့ရတာ ျဖစ္ပါတယ္။
ဒီမႈိေတြဟာ အလင္းထြက္တယ္ဆိုတာကို သိတာကလြဲရင္ သိပၸံပညာရွင္ေတြဟာ အဲဒီမႈိေတြ ဘာေၾကာင့္ အလင္းထြက္တာလဲ ဆိုတာကိုေတာ့ မေျဖနိုင္ၾကေသးပါဘူး။

ဘာပဲျဖစ္ျဖစ္ အိႏၵိယနိုင္ငံ၊ မြန္ဘိုင္းျမိဳ ့ကေန ကီလိုမီတာ ၁၀၀ ေလာက္အေ၀းမွာရွိတဲ့ ကီလိုမီတာ ၁၆၀၀ ေလာက္ ရွည္လ်ားက်ယ္၀န္းတဲ့၊ အင္းဆက္ပိုးမႊားတိရိစၦာန္နဲ ့အတူ သစ္ပင္၊ သီးပင္၊ ႏြယ္ပင္၊ စားပင္ အမ်ိဳးစံုလင္လွလို ့ ယူနက္စကိုက ကမၻာ့အေမြအႏွစ္အျဖစ္သတ္မွတ္ထားတဲ့ ၀ယ္စတန္ဂတ္ေတာအုပ္ၾကီးမွာ မီးစိမ္းလင္းေနတဲ့ ေတာေတြလည္း ပါရွိေနေသးတယ္ဆိုတာကို ထူးထူးျခားျခား ကမၻာတစ္လႊား ေလ့လာရန္ေနရာမ်ားအျဖစ္ ေလ့လာ ေရးသား တင္ျပလိုက္ရပါတယ္။

သမန္းက်ား
ရတနာပုံေန႔စဥ္

——————-

 ဝယ်စတန်ဂတ်တောအုပ်ကြီးရှိ မီးစိမ်းလင်းနေသောအပင်များ။ (unicode)

ရေးသားသူ – သမန်းကျား(ရတနာပုံနေ့စဉ်)

အိန္ဒိယနိုင်ငံမှာ ထူးခြားတဲ့ မုတ်သုံတောအုပ်ကြီးတစ်ခု ရှိပါတယ်။ မြို့တော်မွန်ဘိုင်းရဲ့ အရှေ့ဘက်ကီလိုမီတာ ၁၀၀ ခန့်မှာရှိတဲ့ ဝယ်စတန်ဂတ်တောအုပ်ကြီးပါ။ နွေရာသီမှာ လွင်တီးခေါင်ပြင်ပြင် ဖြစ်နေလေ့ရှိပြီး ဖုန်းဆိုးတောကြီး ပမာ မတင့်မတယ်ထီးထီးကြီး ဖြစ်လေ့ရှိပေမယ့် မုတ်သုန်မိုးကျတာနဲ့တပြိုက်နက် ဝယ်စတန်ဂတ်တောအုပ်ကြီးဟာ အသက်ပြန်ဝင်လာတဲ့လူတစ်ယောက်လို စိမ်းစိုတောက်ပလာလေ့ရှိပါတယ်။ အခုလည်း မုတ်သုန်မိုးအဆက်မပြတ်ရွာသွန်းဖြိုးတာ ၂-လကျော်ကြာပြိမို့ ပတ်ကြားအက်နေတဲ့ မြေပြင်ပေါ်မှာ အစိမ်းရောင်မြက်စိုနုလေးတွေက နေရာမလပ် ဖုံးလွှမ်းနေပြီး ခြုံပင်၊နွယ်ပင်၊ သစ်ပင်တွေဟာလည်း အကိုင်းအခက်တွေစိမ်းမြ၊ အဖူးအရွက်တွေလှပလို့နေပါတယ်။

ဒီအလှတွေကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရတော့ ကျွန်တော့်ရင်ထဲမှာ အတိုင်းမသိ ကျေနပ်မိပါတယ်။ လူတစ်ရာ မှာ တစ်ယောက် မရနိုင်တဲ့အခွင့်အရေးမျိုးကို ကျွန်တော်ရထားတာလေ။ တစ်ချက်တစ်ချက်ပေါ်လာတတ်တဲ့ ကျွတ်ကောင်တွေကိုက်ခဲတာကိုလည်း စိတ်မဆိုးနိုင်၊ ဆင်ခြေလျှောတွေမှာ ဗိုင်းခနဲပစ်လဲကျတာကိုလည်း ဂရုမစိုက် နိုင်၊ ရွှဲရွှဲစိုအောင် ရွာချနေတဲ့မိုးကြောင့်လည်း စိတ်ဓါတ်မကျနိုင်ဘဲ ဝယ်စတန်ဂတ်တောအုပ်ကြီးရဲ့အလှကို စူးစမ်းလိုစိတ်က ဆောင်နေပါတယ်။

ကျွန်တော်ဟာ သုတေသီတစ်ဖွဲ့နဲ့ ဝယ်စတန်ဂတ်တောအုပ်ကြီးကို ခြေလျင်ဖြတ်လျှောက်ပြီး စူးစမ်းလေ့လာရေး ပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ဝယ်စတန်ဂတ်တောအုပ်ကြီးကို ယူနက်စကိုကနေ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ် ထားပါတယ်။ ကမ္ဘာပေါ်က ဇီဝမျိုးစိပ်အစုံလင်ဆုံး တည်နေရာ (၈) ခုထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတလျှောက် ကီလိုမီတာ ၁၆၀၀ ခန့်ရှည်လျားတဲ့ ဝယ်စတန်ဂတ် တောအုပ်ကြီးမှာ သစ်ပင်၊ သီးပင်၊ ပန်းပင် အမျိုးအစား ရေတွက်မကုန်နိုင်အောင်ရှိပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ ရှားပါးနေပြီဖြစ်တဲ့ ကျား၊ ကျားသစ်၊ ကျားသစ်နက်တို့ရဲ့အိမ်လည်းဖြစ်သလို ကမ္ဘာပေါ်မှာ အများဆုံးသော အာရှ ဆင်တွေ နေထိုင်ကျက်စားရာ တောအုပ်ကြီးလည်း ဖြစ်ပါတယ်။
၂၀၁၄ ဒီဇင်ဘာလအထိမှာ သတ္တဝါမျိုးနွယ်စု အသစ်တွေကို တွေ့ရှိနေတုန်းပါပဲ။ ဒီလောက်ထူးခြားတဲ့တောအုပ်ကြီးကို လေ့လာခွင့်ရတဲ့အတွက်လည်း ကျွန်တော် ဟာ ဘာတွေများထူးထူးခြားခြား တွေ့ရဦးမလဲဆိုတဲ့အတွေးနဲ့ အရမ်းကို တက်ကြွနေခဲ့ပါတယ်။

ကမူတစ်ခုကို ကျဉ်းမြောင်းတဲ့လမ်းကလေးအတိုင်း ဖြတ်ကျော်ဖို့ကြိုးစားရင်း ကျွန်တော့်ခန္ဓာကိုယ်ဟာ မိုးရေနဲ့ချွေး ရောနေပါတယ်။ နေ့ခင်းကတည်းက တောလမ်းအတိုင်း အာဟူပီရွာငယ်လေးကိုဦးတည်ထွက်လာတဲ့ ကျွန်တော်တို့ဟာ ညနေစောင်းတဲ့အချိန်အထိ ရွာကိုမရောက်နိုင်သေးပါဘူး။ မိုးသည်းလွန်းတော့ ထင်တိုင်းမပေါက် ဖြစ်နေပါတယ်။ ပိုပြီးမှောင်လာတနဲ့ လက်နှိပ်ဓါတ်မီးတွေ ထုတ်ထွန်းလိုက်ရပါတယ်။ တောလည်းတိုး၊ မိုးလည်း တိုးရင်း ဆက်လျှောက်လာလိုက်တာ နောက်မှာတစ်ဖွဲ့ ပြတ်ကျန်ခဲ့တဲ့အတွက် ရပ်စောင့်လိုက်ရင်း လက်နှိပ်ဓါတ်မီး ကို ပိတ်လိုက်တော့ ထူးဆန်းတာတစ်ခုကို သွားသတိထားမိပါတယ်။

ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်က အပင်တချို့ဟာ မီးစုန်းလင်းသလို လင်းနေပါတယ်။ သေချာကြည့်လိုက်တော့ အပင်တွေ၊ အကိုင်းတွေမှာ အစိမ်းရောင်အလင်းကွက်လေးတွေထွက်နေပါတယ်။ တစ်ပင်၊ နှစ်ပင် မဟုတ်ပါဘူး တစ်တောလုံးနီးပါးကို အစိမ်းရောင်လင်းနေတာပါ။ မှောက်မိုက်နေတဲ့မိုးသည်းညမှာ အစိမ်းရောင်လင်းနေတဲ့ အပင်တွေကြား ရောက်နေတဲ့ကျွန်တော်တို့ဟာ အံ့ဩရမလား၊ ကြောက်ရွံ့တုန်လှုပ်ရမလား ဆိုတာတောင် မသိတော့ပါဘူး။

နောက်မှရောက်လာတဲ့ သုတေသီတွေက ရှင်းပြပါတယ်။ မုတ်သုံရာသီဟာ ဇွန်လကနေ အောက်တိုဘာလအထိ ဖြစ်ပါတယ်။ မုတ်သုံမိုးကြောင့် ရွှဲနစ်နေတဲ့တောအုပ်ကြီးထဲက အပင်တွေမှာ မှိုတစ်မျိုး စွဲကပ်လာပါတယ်။ ပုပ်သိုး ဆွေးမြေ့နေတဲ့ သစ်ကိုင်းခြောက်တွေ၊ သစ်ပင်ခေါက်တွေမှာ စွဲကပ်လေ့ရှိတဲ့ ဒီမှိုမှာ တောက်ပပြီးအလင်းထွက်တဲ့ bioluminescent သတ္တိ ရှိပါတယ်။

ဒီမှိုတွေစွဲကပ်ဖို့၊ တောက်ပပြီးအလင်းထွက်ဖို့ဆိုတာ လေထုစိုထိုင်းဆနဲ့ ရေခိုးရေငွေ့ပါဝင်မှုအချိုးအစား အတိုင်း အတာ တစ်ခုအထိ မှန်သွားပြီဆိုမှ ဖြစ်ပေါ်လာတာပါ။ ကမ္ဘာပေါ်မှာ ဒီလိုအလင်းထွက်တဲ့မှိုတွေရှိလို့ ညဆိုရင် လင်းနေတဲ့ တောအုပ်တွေကို ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။ အိန္ဒိယမှာတော့ ဝယ်စတန်ဂတ်တောအုပ်ရဲ့ မဟာရာရှတရာနဲ့ ဂိုအာအပိုင်းတွေမှာ မီးစိမ်းလင်းသစ်တောတွေကို တွေ့နေရတာပါ။

ဒီမီးစိမ်းလင်းသစ်တောဖြစ်စဉ်ကို အလွယ်တကူတွေ့ရလေ့ မရှိပါဘူး။ မူလဗီဇဓါတုပစ္စည်းနဲ့လေထုရေခိုးရေငွေ့ စိုထိုင်းဆတို့ ဓါတ်ပြုပြီး အရောင်ထွက်တဲ့ရေ၊ အရောင်ထွက်တဲ့ရေအောက်သတ္တဝါတွေကို အလွယ်တကူ တွေ့နိုင် ပေမယ့် အခုလို သစ်ပင်တွေမီးစိမ်းလင်းတာကတော့ ရှားပါးဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ အခုအချိန်အထိ မီးစုန်းလင်း တယ်လို့ ကမ္ဘာကသိထားတဲ့အင်းဆက် ၂ မျိုးပဲရှိပါတယ်။ ပိုးစုန်းကြူးနဲ့ အလင်းထွက်ပိုးကောင် ဖြစ်ပါတယ်။ အလင်းထွက်တဲ့မှိုအမျိုးအစားပေါင်း ၁၀၀၀၀၀ ထက်မနည်း ရှိပါတယ်။ တချို့မှိုတွေက အပွင့်ကြီးလို့ အပင်လိုပဲ တွေ့မြင်နေရပေမယ့် တချို့ကျတော့လည်း အပင်သေးလွန်းတဲ့အတွက် မှိုစွဲနေသလိုမျိုးပဲ မြင်တွေ့ရတာ ဖြစ်ပါတယ်။
ဒီမှိုတွေဟာ အလင်းထွက်တယ်ဆိုတာကို သိတာကလွဲရင် သိပ္ပံပညာရှင်တွေဟာ အဲဒီမှိုတွေ ဘာကြောင့် အလင်းထွက်တာလဲ ဆိုတာကိုတော့ မဖြေနိုင်ကြသေးပါဘူး။

ဘာပဲဖြစ်ဖြစ် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ကနေ ကီလိုမီတာ ၁၀၀ လောက်အဝေးမှာရှိတဲ့ ကီလိုမီတာ ၁၆၀၀ လောက် ရှည်လျားကျယ်ဝန်းတဲ့၊ အင်းဆက်ပိုးမွှားတိရိစ္ဆာန်နဲ့အတူ သစ်ပင်၊ သီးပင်၊ နွယ်ပင်၊ စားပင် အမျိုးစုံလင်လှလို့ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ထားတဲ့ ဝယ်စတန်ဂတ်တောအုပ်ကြီးမှာ မီးစိမ်းလင်းနေတဲ့ တောတွေလည်း ပါရှိနေသေးတယ်ဆိုတာကို ထူးထူးခြားခြား ကမ္ဘာတစ်လွှား လေ့လာရန်နေရာများအဖြစ် လေ့လာ ရေးသား တင်ပြလိုက်ရပါတယ်။

သမန်းကျား
ရတနာပုံနေ့စဉ်

Leave a Reply