ကမာၻ႔သမုိင္းထဲက မက္ဆုိပိုေတးမီးယား ဆုိသည္မွာ

Posted on

ေရးသားသူ – Academy Page

“ မက္ဆုိပိုေတးမီးယား ” ဆိုသည္မွာ ဂရိဘာသာၿဖင့္ “between the rivers.” ( ျမစ္ ႏွစ္သြယ္ၾကားေျမ) ဟု အဓိပၸါယ္ရသည္ ။ တခ်ိန္က “မက္ဆိုပိုေတးမီးယား ” ေခတ္သည္ ယေန႔ အာရွအေနာက္ပုိင္း ေဒသတြင္ တည္ရွိခဲ့သည္ ။ ယေန႔အီရတ္နိင္ငံ Tigris ႏွင့္ Euphrates ၿမစ္ အၾကားရွိ ေဒသၿဖစ္သည္ ။

အေနာက္ဘက္တြင္ ေျမထဲပင္လယ္မွသည္ အေရွ႕ဘက္တြင္ ပါးရွင္းပင္လယ္ေကြ႕အထိ က်ယ္ျပန္႔လ်က္၊ ေရွးယဥ္ေက်းမႈေပၚထြန္းလာရာ ေျမဩဇာေကာင္းသည့္ လျခမ္း ပုံသဏၭာန္ ရပ္ဝန္းႀကီးတြင္ တိုင္းဂရစ္ျမစ္ႏွင့္ ယူဖေရးတီးျမစ္ တို႔အၾကားရွိ မက္ဆိုပိုေတးမီးယား တည္ရာေဒသသည္ ေျမဩ ဇာ အေကာင္းဆုံးျဖစ္သည္။ ေရွးေခတ္ မက္ဆိုပိုေတးမီးယားနယ္၏ အက်ယ္အဝန္း သည္ စတုရန္းမိုင္ ၁၄၃,ဝဝဝ မၽွသာရွိသည္။

လြန္ခဲ့သည့္ႏွစ္ေထာင္ေပါင္းမ်ားစြာ အခ်ိန္က ေရွးေခတ္ အီဂ်စ္လူမ်ိဳးမ်ား ႏွင့္ ေခတ္ၿပိဳင္ ယဥ္ေက်းမွဳထြန္းကားခဲ့ရာ ကမာၻ႔ေရွးအက်ဆံုး ေဒသၿဖစ္သည္ ။ တခ်ဳိ႕က “ မက္ဆီပိုေတးမီးယား ” ေဒသသည္ ကမာၻေပၚ ရွိလူမ်ိဳးေပါင္းမ်ားစြာ၏ အေစာဆံုးေနရပ္ ၿဖစ္သည္ဟုဆိုၾကသည္ ။

ထိုေဒသမွလူမ်ားသည္ ကမာၻေပၚတြင္ ပထမဆံုး စာအေရးအသားမ်ား ၊ ဥပေဒမ်ား ကို စတင္ တည္ထြင္ျပဌာန္းခဲ့ၾကၿပီးၿမိဳ ့ရြာမ်ားကိုလည္း အေစာဆံုး ထူေထာင္ ခဲ့ၾကသည္ ။ ယေန ့လူအမ်ားသံုးစြဲေခၚဆိုေနသည့္ နာရီ ၊ မိနစ္ ၊ စကၠန္ ့မ်ားကို လည္း ေဖၚထုတ္ေပးခဲ့သည္ ။

သမုိင္း

ဘီစီ ၆၀၀၀ အခ်ိန္ ့မွစ၍ဆည္မ်ား ၊ တူးေၿမာင္းမ်ားဖန္တီးကာ သီးႏွံစိုက္ကြင္းမ်ား ထူေထာင္ခဲ့ၾကသည္ ။ ထိုအခ်ိန္ကတည္းက လူမ်ားသည္ အ၀တ္အထည္မ်ား ၊ လက္၀တ္ရတနာမ်ား ၊ ေၾကးလက္နက္မ်ားကို စတင္သံုးစြဲေနၾကၿပီၿဖစ္သည္ ။ ဘီစီ ၃၅၀၀ အခ်ိန္ခန္ ့မွစ၍ ၿမိဳ ့ရြာမ်ားကိုစတင္ထူေထာင္ခဲ့ၾကကာ က်ဴးေက်ာ္သူမ်ားရန္မွကာကြယ္ရန္ ၿမိဳ ့နံရံမ်ားကိုရႊံအုတ္မ်ားႏွင့္ ကာရံ ထားခဲ့ၾကသည္ ။ ထိုအထဲတြင္ Eridu, Erech, Ur, ႏွင့္ Nippur ၿမိဳ မ်ား ပါ၀င္ခဲ့သည္ ။

” ေဘဘီလံု ၿမိဳ႕” သည္ မက္ဆီပိုေတးမီးယားေခတ္ သမိုင္းတြင္ ထင္ရွားခဲ့ၿပီး ေရွးေခတ္ ကမာၻ႔ အံ့ဖြယ္ ၇-ခုတြင္ပါ၀င္သည့္ မုိးပ်ံဥယ်ာဥ္တည္ရွိခဲ့ရာ အရပ္ျဖစ္ခဲ့သည္။ ထုိေခတ္ကာလတြင္ ဘာသာေရးမ်ားလည္း ထြန္းကားခဲ့ကာ ၾကီးမားသည့္ဘာသာေရး အေဆာက္အဦးမ်ားကို လည္း တည္ေဆာက္ခဲ့ၾကသည္ ။ ထိုအေဆာက္အဦးမ်ားကို ziggurats ဟုေခၚၿပီး အထင္ရွားဆံုးမွာဘီစီ ၂၁၀၀ အခ်ိန္က တည္ေဆာက္ခဲ့သည့္ Ur ၿမိဳ ့မွ ziggurats ၿဖစ္သည္ ။

ဘီစီ ၃၀၀၀ မွစတင္ၿပီး ဥပေဒမ်ား ၊ အခြန္မ်ား ၊ ကဗ်ာ စာေပမ်ား ေပၚထြန္းေနၿပီဟုဆိုသည္ ။ ဘီစီ ( ၁၇၉၂ – ၁၇၅၀ ) တြင္ ဤေဒသ၌ အုပ္ခ်ဳပ္ခဲ့သည့္ ဟမ္မူရာဘီဘုရင္မွာ မက္ဆီပိုေတးမီးယားေခတ္၏ အထင္ရွားဆံုး ဘုရင္ၿဖစ္သည္ ။ ဟမ္မူရာဘီ၏ ကုိယ္ဓဥပေဒမွာ ကမာၻ႔သမိုင္းတြင္ အေစာဆံုးေရးထိုးၿပဌာန္းထားသည့္ ဥပေဒ ဟုသမိုင္းပညာရွင္မ်ားမွ သတ္မွတ္ထားၾကသည္ ။

အၿမင့္ ၇ေပ ၅လကၼရွိ မီးေတာင္ေခ်ာ္ေက်ာက္တံုးတြင္ ” ေနဘုရား” မွ ” ဟန္မူရာဘီ” အား “ဥပေဒ” လႊဲအပ္ေနပံု ႏွင့္ ေအာက္ေၿခတြင္” ဥပေဒမ်ား”ကို ေရးထြင္းထားခဲ့ၾကသည္ ။ ထိုရုပ္ထုသည္ယေန႔ ၿပင္သစ္နိင္ငံ Louvre ၿပတိုက္
တြင္တည္ ရွိသည္။

ဘီစီ ၁၃၅၀ ခန္႔ အခ်ိန္မွစ၍ ” မက္ဆိုပိုတီးမီးယား” ဘုရင္မ်ား ၾသဇာအာဏာက်ဆင္းလာခဲ့သည္ ။ ဘီစီ ၉၁၀ တြင္ ဤေဒသသည္ Assyrian Empire ၊ ဘီစီ ၆ – ရာစုတြင္ပါရွန္အင္ပါယာ ေဒသၿဖစ္လာခဲ့သည္ ။ ဘီစီ ၃၃၁ တြင္ မက္ဆီဒုိးနီးယား ဘုရင္ Alexander the Great’s မွ စစ္ေအာင္နိင္ၿပီး ေရာမအင္ပါယာေဒသၿဖစ္လာ ခဲ့သည္ ။

ေအဒီ ၆၃၇ ခုႏွစ္တြင္ အာရပ္တို႔သည္ ပါးရွင္းလူမ်ိဳးမ်ားအေပၚ ေအာင္ျမင္ခဲ့၍ ထိုနယ္ ကို ေနာက္တစ္ႏွစ္တြင္ သိမ္းယူၿပီးေသာ္ ႏွစ္ေပါင္း ၄ဝဝ ေက်ာ္ အုပ္စိုးလ်က္ ဘဂၢဒက္ကို ၿမိဳ႕ေတာ္ျပဳခဲ့ေပသည္။ ေအဒီ ၁၂၅၈ တြင္မြန္ဂိုဘုရင္မ်ားမွ ၀င္ေရာက္ ဖ်က္ဆီးသြားခဲ့သည္ ။ ၁၅၁၆ ခုႏွစ္တြင္ မက္ဆိုပိုေတးမီးယားသည္ တူရကီတို႔၏ လက္ေအာက္သို႔ ေရာက္ခဲ့ေလရာ၊ ပထမ ကမၻာစစ္ႀကီး ၿပီးဆုံးသည္အထိပင္ တူရကီတို႔၏ လက္ေအာက္ခံ ျဖစ္ေနခဲ့ေလသည္။ ေအဒီ ၁၉၃၂ အခ်ိန္ေရာက္မွ ဤ ေဒသသည္ အီရတ္နိင္ငံ၏ အစိတ္အပိုင္းၿဖစ္လာခဲ့ေလသည္ ။

Academy

—————–

ကမ္ဘာ့သမိုင်းထဲက မက်ဆိုပိုတေးမီးယား ဆိုသည်မှာ (unicode)

ရေးသားသူ – Academy Page
“ မက်ဆိုပိုတေးမီးယား ” ဆိုသည်မှာ ဂရိဘာသာဖြင့် “between the rivers.” ဟု အဓိပ္ပါယ်ရသည် ။ တချိန်က “မက်ဆိုပိုတေးမီးယား ” ခေတ်သည် ယနေ့ အာရှအနောက်ပိုင်း ဒေသတွင် တည်ရှိခဲ့သည် ။ ယနေ့အီရတ်နိင်ငံ Tigris နှင့် Euphrates မြစ် အကြားရှိ ဒေသဖြစ်သည် ။

လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာ အချိန်က ရှေးခေတ် အီဂျစ်လူမျိုးများ နှင့် ခေတ်ပြိုင် ယဉ်ကျေးမှုထွန်းကားခဲ့ရာ ကမ္ဘာ့ရှေးအကျဆုံး ဒေသဖြစ်သည် ။ တချို့က “ မက်ဆီပိုတေးမီးယား ” ဒေသသည် ကမ ၻာပေါ် ရှိလူမျိုးပေါင်းများစွာ၏ အစောဆုံးနေရပ် ဖြစ်သည်ဟုဆိုကြသည် ။

ထိုဒေသမှလူများသည် ကမ္ဘာပေါ်တွင် ပထမဆုံး စာအရေးအသားများ ၊ ဥပဒေများ ကို စတင် တည်ထွင်ပြဌာန်းခဲ့ကြပြီးမြို့ရွာများကိုလည်း အစောဆုံး ထူထောင် ခဲ့ကြသည် ။ ယနေ့လူအများသုံးစွဲခေါ်ဆိုနေသည့် နာရီ ၊ မိနစ် ၊ စက္ကန့်များကို လည်း ဖေါ်ထုတ်ပေးခဲ့သည် ။

သမိုင်း

ဘီစီ ၆၀၀၀ အချိန့်မှစ၍ဆည်များ ၊ တူးမြောင်းများဖန်တီးကာ သီးနှံစိုက်ကွင်းများ ထူထောင်ခဲ့ကြသည် ။ ထိုအချိန်ကတည်းက လူများသည် အဝတ်အထည်များ ၊ လက်ဝတ်ရတနာများ ၊ ကြေးလက်နက်များကို စတင်သုံးစွဲနေကြပြီဖြစ်သည် ။ ဘီစီ ၃၅၀၀ အချိန်ခန့်မှစ၍ မြို့ရွာများကိုစတင်ထူထောင်ခဲ့ကြကာ ကျူးကျော်သူများရန်မှကာကွယ်ရန် မြို့နံရံများကိုရွှံအုတ်များနှင့် ကာရံ ထားခဲ့ကြသည် ။ ထိုအထဲတွင် Eridu, Erech, Ur, နှင့် Nippur မြို များ ပါဝင်ခဲ့သည် ။

” ဘေဘီလုံ မြို့” သည် မက်ဆီပိုတေးမီးယားခေတ် သမိုင်းတွင် ထင်ရှားခဲ့ပြီး ရှေးခေတ် ကမ္ဘာ့ အံ့ဖွယ် ၇-ခုတွင်ပါဝင်သည့် မိုးပျံဦးယျာဉ်တည်ရှိခဲ့ရာ အရပ်ဖြစ်ခဲ့သည်။ ထိုခေတ်ကာလတွင် ဘာသာရေးများလည်း ထွန်းကားခဲ့ကာ ကြီးမားသည့်ဘာသာရေး အဆောက်အဦးများကို လည်း တည်ဆောက်ခဲ့ကြသည် ။ ထိုအဆောက်အဦးများကို ziggurats ဟုခေါ်ပြီး အထင်ရှားဆုံးမှာဘီစီ ၂၁၀၀ အချိန်က တည်ဆောက်ခဲ့သည့် Ur မြို့မှ ziggurats ဖြစ်သည် ။

ဘီစီ ၃၀၀၀ မှစတင်ပြီး ဥပဒေများ ၊ အခွန်များ ၊ ကဗျာ စာပေများ ပေါ်ထွန်းနေပြီဟုဆိုသည် ။ ဘီစီ ( ၁၇၉၂ – ၁၇၅၀ ) တွင် ဤဒေသ၌ အုပ်ချုပ်ခဲ့သည့် ဟမ်မူရာဘီဘုရင်မှာ မက်ဆီပိုတေးမီးယားခေတ်၏ အထင်ရှားဆုံး ဘုရင်ဖြစ်သည် ။ ဟမ်မူရာဘီ၏ ကိုယ်ဓဥပဒေမှာ ကမ္ဘာ့သမိုင်းတွင် အစောဆုံးရေးထိုးပြဌာန်းထားသည့် ဥပဒေ ဟုသမိုင်းပညာရှင်များမှ သတ်မှတ်ထားကြသည် ။

အမြင့် ၇ပေ၅လက္မရှိ မီးတောင်ချော်ကျောက်တုံးတွင် ” နေဘုရား” မှ ” ဟန်မူရာဘီ” အား “ဥပဒေ” လွှဲအပ်နေပုံ နှင့် အောက်ခြေတွင်” ဥပဒေများ”ကို ရေးထွင်းထားခဲ့ကြသည် ။ ထိုရုပ်ထုသည်ယနေ့ ပြင်သစ်နိင်ငံ Louvre ပြတိုက်
တွင်တည် ရှိသည်။

ဘီစီ ၁၃၅၀ ခန့် အချိန်မှစ၍ ” မက်ဆိုပိုတီးမီးယား” ဘုရင်များ ဩဇာအာဏာကျဆင်းလာခဲ့သည် ။ ဘီစီ ၉၁၀ တွင် ဤဒေသသည် Assyrian Empire ၊ ဘီစီ ၆ – ရာစုတွင်ပါရှန်အင်ပါယာ ဒေသဖြစ်လာခဲ့သည် ။ ဘီစီ ၃၃၁ တွင် ရောမဘုရင် Alexander the Great’s မှ စစ်အောင်နိင်ပြီး ရောမအင်ပါယာဒေသဖြစ်လာ ခဲ့သည် ။

အေဒီ ၆၄၁ တွင် အာရပ်မူဆလင်များ၏ဒေသဖြစ်လာပြီး အေဒီ ၁၂၅၈ တွင်မွန်ဂိုဘုရင်များမှ ဝင်ရောက် ဖျက်ဆီးသွားခဲ့သည် ။ အေဒီ ၁၅၃၄ မှ ၁၉၁၄ အထိ အော်တိုမင် အင်ပါယာဒေသဖြစ်ခဲ့သည် ။ အေဒီ ၁၉၃၂ အချိန်ရောက်မှ
ဤ ဒေသသည် အီရတ်နိင်ငံ၏ အစိတ်အပိုင်းဖြစ်လာခဲ့လေသည် ။

Academy

Leave a Reply