အဂၤလိပ္စကားကို မသင္ပဲတတ္ေနတဲ့ ငါးႏွစ္သား ကေလး

Posted on

ေမြးကတည္းက မသင္ပဲ ပညာရပ္ေတြကုိတတ္ေနတဲ့သူေတြကို ကြ်န္ေတာ္တုိ႔က ပါရမီရွင္ေတြလုိ႔ ဆုိေလ့ရွိၾကပါတယ္။ ပါရမီရွင္ေတြဟာ ရွားေတာ့ရွားေပမယ့္ ကမာၻအႏွံ႔မွာ ရွိေနတတ္ပါတယ္။ အဲဒီသူေတြထဲမွာ ဗီယက္နမ္က Le Le Nguyen Bao Trung ဆုိတဲ့ေကာင္ေလးလည္း ပါ၀င္ပါတယ္။ ငါးႏွစ္သားပဲရွိေသးတဲ့ ဒီေကာင္ေလးဟာ အဂၤလိပ္စာကို ကြ်မ္းကြ်မ္းက်င္က်င္ ေျပာႏုိင္ ဖတ္ႏုိင္ပါသတဲ့။

သူ႔ကို ဗီယက္နမ္ႏုိင္ငံ Ha Tinh ျပည္နယ္ ၊ Dong Van ေက်းရြာမွာေနထုိင္တဲ့ ဗီယက္နမ္မိဘႏွစ္ပါးကေန ေမြးဖြားခဲ့တာပါ။ သူတုိ႔ေတြဟာ သာမန္ဗီယက္နမ္လူမ်ဳိးေတြသာျဖစ္ၿပီး အတန္းပညာလည္းသိပ္မတတ္ၾကသလုိ အဂၤလိပ္စကားကိုလည္း မေျပာတတ္ၾကပါဘူး။ ဒါေပမယ့္ သူတုိ႔ရဲ႕သားျဖစ္သူ Bao Trung ေလးကေတာ့ အဂၤလိပ္စကားကို မသင္ပဲ ၊ ဘယ္သူဆီကမွ ၾကားေလ့မရွိပဲ နဲ႔ အလုိလုိတတ္ေနတာ အံၾသစရာပါ။

မိခင္ျဖစ္သူဟာ Bao Trung ေလး အဂၤလိပ္လုိတတ္ေနတာကို ၂ႏွစ္သားအရြယ္ကတည္းက စေတြ႔ခဲ့တာပါ။ အဲဒီတုန္းက Bao Trung ေလးက နံရံကျပကၡဒိန္ကို လက္ညဳိးထုိးရင္း အလဲဗင္း..အလဲဗင္း လုိ႔ေအာ္ေနပါသတဲ့။ သူ႔အေမက အဂၤလိပ္လုိမတတ္ေတာ့ ဘာေျပာေနမွန္းမသိပါဘူး။ ဒါနဲ႔ အတန္းေက်ာင္းတက္ေနတဲ့သူမရဲ႕ သမီးႀကီးကို “ဟဲ့နင္ေမာင္ေလးက အလဲဗင္း အလဲဗင္းလုိ႔ေျပာေနတယ္ အဲဒါဘာေျပာတာလဲ” လုိ႔ေမးေတာ့မွ သမီးျဖစ္သူက ၁၁ ဂဏန္းကိုေျပာတာျဖစ္ေၾကာင္း ရွင္းျပပါတယ္။ ဒါနဲ႔ မိခင္ျဖစ္သူက ျပကၡဒိန္ကိုၾကည့္လုိက္တဲ့အခါ ၁၁ရက္ျဖစ္ေနတာကိုေတြ႔လုိက္ေတာ့ အံၾသသြားပါတယ္။

၂ႏွစ္သားေလးက ဘယ္သူမွ မသင္ပဲ အဂၤလိပ္ဂဏန္းေတြကို သိေနေျပာေနတဲ့အတြက္ သူတုိ႔ထပ္စမ္းၾကည့္ၾကပါတယ္။ ဂဏန္း ၁ ကေန ၃၀ အထိကုိ အဂၤလိပ္လုိေျပာေစတဲ့အခါ Bao Trung ေလးက အကုန္လုံးကိုျမန္ျမန္ဆန္ဆန္ပဲ ရြတ္ျပပါတယ္။ ဒါနဲ႔ ကေလးေရာင္စုံပုံဆြဲစာအုပ္ေတြထဲက ပုံေတြကိုေထာက္ျပရင္း ထပ္စမ္းၾကျပန္ပါတယ္။ အဲဒီတုန္းကလည္း ကေလးငယ္က ေတာ္ရုံလူႀကီးေတာင္မသိတဲ့ အဂၤလိပ္စာလုံးေတြကို မွန္မွန္ကန္ကန္ပဲ ရြတ္ျပႏုိင္ခဲ့ပါတယ္။ ယေန႔ေတာ့ ငါးႏွစ္ရွိေနၿပီျဖစ္တဲ့ Bao Trung ေလးဟာ အဂၤလိပ္စကားကိုေရေရလည္လည္ ေျပာတတ္ေနပါၿပီ။ ဒါေပမယ့္ သူဟာ ဘယ္သူမွ မသင္ပဲအဂၤလိပ္စကားကိုတတ္ေနေပမယ့္ သူ႔ေရွ႕မွာအၿမဲေျပာေနၾကတဲ့ ဗီယက္နမ္စကားကို လုံး၀ မတတ္ပါဘူးတဲ့။

VIDEO

ကေလးငယ္က ဗီယက္နမ္စကားမတတ္ပဲ အဂၤလိပ္စကားပဲ တတ္ေနတဲ့အတြက္ ဒုကၡေရာက္ရသူက အဂၤလိပ္စကား မတတ္တဲ့ မိခင္ပဲ ျဖစ္ပါတယ္။ တစ္ေယာက္စကားကုိ တစ္ေယာက္နားမလည္တဲ့အတြက္ ကေလးနဲ႔ ဆက္ဆံတဲ့အခါမွာ အမူအရာနဲ႔ပဲ ဆက္ဆံခဲ့ရတယ္လုိ႔ ဆုိပါတယ္။

“သူက သူလုပ္ခ်င္တဲ့ဟာေတြကို အဂၤလိပ္လုိေျပာေနတယ္ ။ ဒါေပမယ့္ က်မက နားမလည္ေတာ့ ေခါင္းခ်ည္းပဲခါေနရတယ္။ အရမ္းဒုကၡေရာက္ပါတယ္” လုိ႔ မိခင္ျဖစ္သူက ဆုိပါတယ္။ ဒါေပမယ့္ သူမ ဒီအတုိင္းမေနပါဘူး။ သားျဖစ္သူနဲ႔ ေျပာဆုိဆက္ဆံႏုိင္ဖုိ႔အတြက္ ညဘက္ေတြမွာ အဂၤလိပ္စကားကို အေျခခံကေန သြားေရာက္သင္ယူခဲ့ရပါတယ္။ လအနည္းငယ္အၾကာမွာေတာ့ သူမဟာ အဂၤလိပ္စကားကို အနည္းငယ္ေျပာတတ္လာတာေၾကာင့္ သားျဖစ္သူနဲ႔ အျပန္အလွန္ဆက္ဆံႏုိင္ခဲ့ပါတယ္။

Bao Trung ကို မူႀကဳိေက်ာင္းပို႔ေတာ့လည္း အဆင္မေျပပါဘူး။ မူႀကဳိမွာက ဗီယက္နမ္လုိပဲေျပာလုိ႔ျဖစ္ပါတယ္။ ဒါ့အျပင္ စာသင္တဲ့ဆရာက အဂၤလိပ္လုိေျပာတဲ့အခါမွာ ဆရာထြက္ေနတဲ့ အသံထြက္မမွန္တဲ့အေၾကာင္း သူက ေထာက္ျပခဲ့ပါေသးတယ္။ ဒါေၾကာင့္ မူႀကဳိကဆရာက Bao Trung ေလးကို အဂၤလိပ္ေက်ာင္း ေကာင္းေကာင္းမွာ သြားစစ္ေစဖုိ႔ သူ႔မိခင္ကို လမ္းညႊန္ခဲ့ပါတယ္။

ဒါေၾကာင့္ မိခင္ျဖစ္သူက သားျဖစ္သူကိုေခၚၿပီး ဟိုခ်ီမင္းၿမဳိ႕က အဆင့္ျမင့္အဂၤလိပ္သင္တန္းေက်ာင္းတစ္ခုကို သြားခဲ့ပါတယ္။ အဂၤလိပ္ဆရာ နဲ႔ Bao Trung တုိ႔ေတြ႔ၾကတဲ့အခါ အဂၤလိပ္ဆရာက ေမးခြန္းေပါင္း ၄၉ခုကို အဂၤလိပ္လုိေမးခဲ့ပါတယ္။ Bao Trung ေလးက ေမးခြန္းတုိင္းကုိ ခပ္ျမန္ျမန္နဲ႔ မွန္ကန္ေအာင္ေျဖႏုိင္ခဲ့ပါတယ္။ အဂၤလိပ္ဆရာက ငါးႏွစ္သား Bao Trung ဟာ အဂၤလိပ္စကားကို ပိုင္ပိုင္ႏုိင္ႏုိင္တတ္ေနၿပီျဖစ္ေၾကာင္း ေထာက္ခံရင္း သူတုိ႔ေက်ာင္းမွာ အျခားသူေတြနဲ႔အတူ တက္ေရာက္ခြင့္ျပဳလုိက္ပါတယ္။

ဒါေပမယ့္ သင္တန္းေၾကးက တစ္လကို အေမရိကန္ေဒၚလာ ၃၀၀ က်သင့္မွာျဖစ္တာေၾကာင့္ မိခင္ျဖစ္သူ စိတ္ဓာတ္က်သြားခဲ့ပါတယ္။ ဒီေလာက္မ်ားတဲ့ကုန္က်ေငြကို မတတ္ႏုိင္တဲ့အတြက္ သားျဖစ္သူကို ရြာကိုျပန္ေခၚလာခဲ့ရပါတယ္။ ကံေကာင္းတယ္လုိ႔ ဆုိရပါမယ္။ အခုေတာ့ Bao Trung ေလးဟာ ဗီယက္နမ္စကားကို စသင္ေနၿပီး တစ္လုံးစ ႏွစ္လုံးစေျပာႏုိင္ေနၿပီလုိ႔ သိရပါတယ္။ ဒါေပမယ့္ မိခင္ျဖစ္သူကေတာ့ သားျဖစ္သူရဲ႕ ေမြးရာပါအရည္အခ်င္းကို ကူညီျမွင့္တင္ေပးႏုိင္မယ့္ တစုံတစ္ေယာက္ကို ေမွ်ာ္လင့္လွ်က္ရွိပါတယ္။

ကေလးေတြဟာ ေမြးကတည္းက ပညာရပ္အခ်ဳိ႕ကိုတတ္ၿပီးျဖစ္ေနတာဟာ ကမာၻမွာသာမက ကြ်န္ေတာ္တုိ႔ႏုိင္ငံမွာလည္း ရွိခဲ့ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာက ျမန္မာတစ္ျပည္လုံးေက်ာ္ၾကားခဲ့တဲ့ ပိဋကတ္ေမာင္ထြန္းႀကဳိင္ ဆုိတဲ့ ငါးႏွစ္သား ကေလးေပၚခဲ့ဖူးတယ္ ဆုိတာအားလုံးသိၿပီးျဖစ္ၾကမွာပါ။ အဲဒီေမာင္ထြန္းႀကဳိင္ေလးဟာ ခက္ခဲနက္နဲတဲ့ ပိဋကတ္က်မ္းဂန္ေတြကို အသံေနအသံထားနဲ႔ ၀ါေတာ္ ၃-၄၀ရ ဆရာေတာ္ႀကီးတစ္ပါးလုိ ရြတ္ဆုိႏုိင္လုိ႔ တစ္ျပည္လုံးပတ္ကာ တရားေတာင္ေဟာခဲ့ဖူးပါေသးတယ္။

VIDEO

သုတဇုန္

——————

အင်္ဂလိပ်စကားကို မသင်ပဲတတ်နေတဲ့ ငါးနှစ်သား ဗီယက်နမ်ကလေး (unicode)

မွေးကတည်းက မသင်ပဲ ပညာရပ်တွေကိုတတ်နေတဲ့သူတွေကို ကျွန်တော်တို့က ပါရမီရှင်တွေလို့ ဆိုလေ့ရှိကြပါတယ်။ ပါရမီရှင်တွေဟာ ရှားတော့ရှားပေမယ့် ကမ္ဘာအနှံ့မှာ ရှိနေတတ်ပါတယ်။ အဲဒီသူတွေထဲမှာ ဗီယက်နမ်က Le Nguyen Bao Trung ဆိုတဲ့ကောင်လေးလည်း ပါဝင်ပါတယ်။ ငါးနှစ်သားပဲရှိသေးတဲ့ ဒီကောင်လေးဟာ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင် ဖတ်နိုင်ပါသတဲ့။

သူ့ကို ဗီယက်နမ်နိုင်ငံ Ha Tinh ပြည်နယ် ၊ Dong Van ကျေးရွာမှာနေထိုင်တဲ့ ဗီယက်နမ်မိဘနှစ်ပါးကနေ မွေးဖွားခဲ့တာပါ။ သူတို့တွေဟာ သာမန်ဗီယက်နမ်လူမျိုးတွေသာဖြစ်ပြီး အတန်းပညာလည်းသိပ်မတတ်ကြသလို အင်္ဂလိပ်စကားကိုလည်း မပြောတတ်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့သားဖြစ်သူ Bao Trung လေးကတော့ အင်္ဂလိပ်စကားကို မသင်ပဲ ၊ ဘယ်သူဆီကမှ ကြားလေ့မရှိပဲ နဲ့ အလိုလိုတတ်နေတာ အံဩစရာပါ။

မိခင်ဖြစ်သူဟာ Bao Trung လေး အင်္ဂလိပ်လိုတတ်နေတာကို ၂နှစ်သားအရွယ်ကတည်းက စတွေ့ခဲ့တာပါ။ အဲဒီတုန်းက Bao Trung လေးက နံရံကပြက္ခဒိန်ကို လက်ညိုးထိုးရင်း အလဲဗင်း..အလဲဗင်း လို့အော်နေပါသတဲ့။ သူ့အမေက အင်္ဂလိပ်လိုမတတ်တော့ ဘာပြောနေမှန်းမသိပါဘူး။ ဒါနဲ့ အတန်းကျောင်းတက်နေတဲ့သူမရဲ့ သမီးကြီးကို “ဟဲ့နင်မောင်လေးက အလဲဗင်း အလဲဗင်းလို့ပြောနေတယ် အဲဒါဘာပြောတာလဲ” လို့မေးတော့မှ သမီးဖြစ်သူက ၁၁ ဂဏန်းကိုပြောတာဖြစ်ကြောင်း ရှင်းပြပါတယ်။ ဒါနဲ့ မိခင်ဖြစ်သူက ပြက္ခဒိန်ကိုကြည့်လိုက်တဲ့အခါ ၁၁ရက်ဖြစ်နေတာကိုတွေ့လိုက်တော့ အံဩသွားပါတယ်။

၂နှစ်သားလေးက ဘယ်သူမှ မသင်ပဲ အင်္ဂလိပ်ဂဏန်းတွေကို သိနေပြောနေတဲ့အတွက် သူတို့ထပ်စမ်းကြည့်ကြပါတယ်။ ဂဏန်း ၁ ကနေ ၃၀ အထိကို အင်္ဂလိပ်လိုပြောစေတဲ့အခါ Bao Trung လေးက အကုန်လုံးကိုမြန်မြန်ဆန်ဆန်ပဲ ရွတ်ပြပါတယ်။ ဒါနဲ့ ကလေးရောင်စုံပုံဆွဲစာအုပ်တွေထဲက ပုံတွေကိုထောက်ပြရင်း ထပ်စမ်းကြပြန်ပါတယ်။ အဲဒီတုန်းကလည်း ကလေးငယ်က တော်ရုံလူကြီးတောင်မသိတဲ့ အင်္ဂလိပ်စာလုံးတွေကို မှန်မှန်ကန်ကန်ပဲ ရွတ်ပြနိုင်ခဲ့ပါတယ်။ ယနေ့တော့ ငါးနှစ်ရှိနေပြီဖြစ်တဲ့ Bao Trung လေးဟာ အင်္ဂလိပ်စကားကိုရေရေလည်လည် ပြောတတ်နေပါပြီ။ ဒါပေမယ့် သူဟာ ဘယ်သူမှ မသင်ပဲအင်္ဂလိပ်စကားကိုတတ်နေပေမယ့် သူ့ရှေ့မှာအမြဲပြောနေကြတဲ့ ဗီယက်နမ်စကားကို လုံး၀ မတတ်ပါဘူးတဲ့။

ကလေးငယ်က ဗီယက်နမ်စကားမတတ်ပဲ အင်္ဂလိပ်စကားပဲ တတ်နေတဲ့အတွက် ဒုက္ခရောက်ရသူက အင်္ဂလိပ်စကား မတတ်တဲ့ မိခင်ပဲ ဖြစ်ပါတယ်။ တစ်ယောက်စကားကို တစ်ယောက်နားမလည်တဲ့အတွက် ကလေးနဲ့ ဆက်ဆံတဲ့အခါမှာ အမူအရာနဲ့ပဲ ဆက်ဆံခဲ့ရတယ်လို့ ဆိုပါတယ်။

“သူက သူလုပ်ချင်တဲ့ဟာတွေကို အင်္ဂလိပ်လိုပြောနေတယ် ။ ဒါပေမယ့် ကျမက နားမလည်တော့ ခေါင်းချည်းပဲခါနေရတယ်။ အရမ်းဒုက္ခရောက်ပါတယ်” လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ ဒါပေမယ့် သူမ ဒီအတိုင်းမနေပါဘူး။ သားဖြစ်သူနဲ့ ပြောဆိုဆက်ဆံနိုင်ဖို့အတွက် ညဘက်တွေမှာ အင်္ဂလိပ်စကားကို အခြေခံကနေ သွားရောက်သင်ယူခဲ့ရပါတယ်။ လအနည်းငယ်အကြာမှာတော့ သူမဟာ အင်္ဂလိပ်စကားကို အနည်းငယ်ပြောတတ်လာတာကြောင့် သားဖြစ်သူနဲ့ အပြန်အလှန်ဆက်ဆံနိုင်ခဲ့ပါတယ်။

Bao Trung ကို မူကြိုကျောင်းပို့တော့လည်း အဆင်မပြေပါဘူး။ မူကြိုမှာက ဗီယက်နမ်လိုပဲပြောလို့ဖြစ်ပါတယ်။ ဒါ့အပြင် စာသင်တဲ့ဆရာက အင်္ဂလိပ်လိုပြောတဲ့အခါမှာ ဆရာထွက်နေတဲ့ အသံထွက်မမှန်တဲ့အကြောင်း သူက ထောက်ပြခဲ့ပါသေးတယ်။ ဒါကြောင့် မူကြိုကဆရာက Bao Trung လေးကို အင်္ဂလိပ်ကျောင်း ကောင်းကောင်းမှာ သွားစစ်စေဖို့ သူ့မိခင်ကို လမ်းညွှန်ခဲ့ပါတယ်။

ဒါကြောင့် မိခင်ဖြစ်သူက သားဖြစ်သူကိုခေါ်ပြီး ဟိုချီမင်းမြို့က အဆင့်မြင့်အင်္ဂလိပ်သင်တန်းကျောင်းတစ်ခုကို သွားခဲ့ပါတယ်။ အင်္ဂလိပ်ဆရာ နဲ့ Bao Trung တို့တွေ့ကြတဲ့အခါ အင်္ဂလိပ်ဆရာက မေးခွန်းပေါင်း ၄၉ခုကို အင်္ဂလိပ်လိုမေးခဲ့ပါတယ်။ Bao Trung လေးက မေးခွန်းတိုင်းကို ခပ်မြန်မြန်နဲ့ မှန်ကန်အောင်ဖြေနိုင်ခဲ့ပါတယ်။ အင်္ဂလိပ်ဆရာက ငါးနှစ်သား Bao Trung ဟာ အင်္ဂလိပ်စကားကို ပိုင်ပိုင်နိုင်နိုင်တတ်နေပြီဖြစ်ကြောင်း ထောက်ခံရင်း သူတို့ကျောင်းမှာ အခြားသူတွေနဲ့အတူ တက်ရောက်ခွင့်ပြုလိုက်ပါတယ်။

ဒါပေမယ့် သင်တန်းကြေးက တစ်လကို အမေရိကန်ဒေါ်လာ ၃၀၀ ကျသင့်မှာဖြစ်တာကြောင့် မိခင်ဖြစ်သူ စိတ်ဓာတ်ကျသွားခဲ့ပါတယ်။ ဒီလောက်များတဲ့ကုန်ကျငွေကို မတတ်နိုင်တဲ့အတွက် သားဖြစ်သူကို ရွာကိုပြန်ခေါ်လာခဲ့ရပါတယ်။ ကံကောင်းတယ်လို့ ဆိုရပါမယ်။ အခုတော့ Bao Trung လေးဟာ ဗီယက်နမ်စကားကို စသင်နေပြီး တစ်လုံးစ နှစ်လုံးစပြောနိုင်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် မိခင်ဖြစ်သူကတော့ သားဖြစ်သူရဲ့ မွေးရာပါအရည်အချင်းကို ကူညီမြှင့်တင်ပေးနိုင်မယ့် တစုံတစ်ယောက်ကို မျှော်လင့်လျှက်ရှိပါတယ်။

ကလေးတွေဟာ မွေးကတည်းက ပညာရပ်အချို့ကိုတတ်ပြီးဖြစ်နေတာဟာ ကမ္ဘာမှာသာမက ကျွန်တော်တို့နိုင်ငံမှာလည်း ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မြန်မာတစ်ပြည်လုံးကျော်ကြားခဲ့တဲ့ ပိဋကတ်မောင်ထွန်းကြိုင် ဆိုတဲ့ ငါးနှစ်သား ကလေးပေါ်ခဲ့ဖူးတယ် ဆိုတာအားလုံးသိပြီးဖြစ်ကြမှာပါ။ အဲဒီမောင်ထွန်းကြိုင်လေးဟာ ခက်ခဲနက်နဲတဲ့ ပိဋကတ်ကျမ်းဂန်တွေကို အသံနေအသံထားနဲ့ ဝါတော် ၃-၄ဝရ ဆရာတော်ကြီးတစ်ပါးလို ရွတ်ဆိုနိုင်လို့ တစ်ပြည်လုံးပတ်ကာ တရားတောင်ဟောခဲ့ဖူးပါသေးတယ်။

သုတဇုန်

Leave a Reply