ပုဂံက ထင္ရွားတဲ့ ဥမင္မ်ားအေၾကာင္း

Posted on

ေရးသားသူ – ေမာင္သာ(ေရွးေဟာင္းသုေတသန)

ျမန္မာ့ယဥ္ေက်းမႈ အေမြအႏွစ္ နယ္ေျမတစ္ခုျဖစ္သည့္ ပုဂံကိုကမၻာ့ကုလသမဂၢ၊ယူနက္စ္ကိုအဖြဲ႕၏ ကမၻာ့အေမြအႏွစ္စာရင္း တင္သြင္း ရန္ ႏိုင္ငံေတာ္ အစိုးရက စီစဥ္ ေဆာင္ရြက္လ်က္ရွိသည္။ ပုဂံတြင္ ေရွးေဟာင္း အေဆာက္အအုံမ်ားသည္ အရြယ္မ်ိဳးစုံ၊ပုံသ႑ာန္မ်ိဳးစုံ တည္ရွိေနရာ ေျမ ေပၚအေဆာက္အအုံမ်ား သာမက ေျမေအာက္ အေဆာက္အအုံ မ်ားဟုဆိုႏိုင္မည့္ လိုဏ္၊ဂူ ၊ဥမင္မ်ား လည္းပါ၀င္ သည္။ ဥမင္သည္ ပါဠိေ၀ါဟာရ ဥမဂၤမွ ဆင္းသက္လာသည့္ စကားလုံးျဖစ္ၿပီး ျမန္မာ အဘိဓာန္တြင္ လိုဏ္ေခါင္းဟုအဓိပၸါယ္ဖြင့္ဆိုသည္။

ပုဂံေခတ္တြင္ ေစတီ၊ ဘုရား၊ ပုထိုး၊ေက်ာင္း အေဆာက္အအုံမ်ားကို ေျမေပၚတြင္ တည္ေဆာက္ခဲ့ၾကၿပီး ဥမင္မ်ားကို သဘာ၀ ေျမကုန္းမ်ားအား တူးေဖာ္ ေဖာက္လုပ္ခဲ့ၾကရာ မွတ္တမ္းမ်ားအရ ပုဂံတြင္ ဥမင္ ၂၁ ခု ရွိသည္။ ဥမင္မ်ားသည္ ေျမမာကမ္းပါးမ်ား၊ ေျမ ကုန္းမ်ားကို တူး၍ အခန္းမ်ားဖြဲ႕ထားသည့္ လိုဏ္မ်ားျဖစ္သည္။ အခိ်ဳ႕ ဥမင္မ်ား ၏ မ်က္ႏွာစာတြင္ အုတ္အေဆာက္အအုံ မ်ား ျပဳ လုပ္ ထားၿပီး ဥမင္အခ်ိဳ႕တြင္ အတြင္း၌ ဆင္းတုမ်ားထုလုပ္ ၿပီး အဂၤေတျဖင့္ အေခ်ာကိုင္ ထားသည္ကို ျမင္ ေတြ႕ ႏိုင္သည္။

ပုဂံရွိ ဥမင္အမ်ားစုသည္ ေျမမာကမ္းပါးမ်ား၊ကုန္းစြန္းမ်ားကို တူးကာ အုတ္နံရံမ်ား ျပဳလုပ္ထားေလ့ရွိသည့္ အနက္ နႏၵမညာ ဥမင္မွာမူ ေျမျပင္တြင္ ေလးေထာင့္ပုံ ခ်ိဳင့္ကို ထူးေဖာ္ၿပီး ယင္းခ်ိဳင့္၏နံရံမ်ားမွ အတြင္းဘက္သို႕ ဥမင္တူးထားသည္။ ပုဂံေဒသ၌ ေညာင္ဦး ၿမိဳ႕အနီးရွိ ငွက္ပစ္ေတာင္၀န္းက်င္တြင္ ဥမင္မ်ားကို အမ်ားဆုံး ျမင္ေတြ႕ႏိုင္ၿပီး ေက်ာက္ဂူဥမင္၊ က်န္စစ္သားဥမင္၊ သမီး၀ွက္ဥမင္ႏွင့္ ျမာသဥမင္ တို႕ သည္ ပုဂံ၏ ထင္ရွားေသာ ဥမင္မ်ားျဖစ္ၾကေပသည္။

ငွက္ပစ္ေတာင္၊ သမီး၀ွက္ႏွင့္ ျမားသ ဥမင္

သမီး၀ွက္ဥမင္ႏွင့္ ျမားသ ဥမင္တို႕သည္ ေညာင္ဦးၿမဳိ႕ အ၀င္ ဆပဒ ေစတီအနီးရွိ ငွက္ပစ္ေတာင္ ၀န္းက်င္တြင္တည္ရွိသည္။ ငွက္ပစ္ေတာင္သည္ ပုဂံႏႈတ္ေျပာရာဇ၀င္တြင္ ထင္ရွားခဲ့သည့္ ပ်ဴေစာထီးမင္းႏွင့္ ဆက္စပ္ေနသည္။ ပုဂံရာဇ၀င္ အခ်ိဳ႕တြင္ပါရွိသည့္ ပ်ဴ ေစာထီးမင္းသားက ငွက္ႀကီးရန္ကုိ ျဖိဳခြင္းသည္ ဟူသည့္ အစဥ္အလာေျပာစကားမ်ားႏွင့္ ဆက္စပ္၍ ငွက္ပစ္ေတာင္ဟု ထင္ရွားသည့္ ေနရာသည္ ေတာင္ဟု ေခၚဆိုႏိုင္ေလာက္သည့္ ျမင့္မားေသာ ေနရာတစ္ခု မဟုတ္ေခ်။

ေျမမ်က္ႏွာျပင္ အထက္ ၂၅ ေပျမင့္သည့္ ကုန္းမို႕ေနရာကို ေတာင္ဟု တင္စားေခၚဆိုသည့္ ငွက္ပစ္ေတာင္ ဟူသည့္ အမည္ကို ပုဂံ ေက်ာက္စာတစ္ခ်ပ္တြင္ ေတြ႕ရွိရေၾကာင္း ပုဂံသုေတသန လမ္းညႊန္စာအုပ္တြင္ ဖတ္ရႈရသည္။ ငွက္ပစ္ေတာင္ေဒသ ၌ ရဟန္း ေတာ္မ်ား သီတင္းသုံးသည့္ ေက်ာင္းမ်ားသည္ အေနာ္ရထာမင္း လက္ထက္ကပင္ ရွိခဲ့ၿပီး ပုဂံေခတ္၊ အင္း၀ေခတ္မွ ကုန္းေဘာင္ေခတ္ အထိ ျပည့္ရွင္မင္းတို႕၏ ဘြဲ႕တံဆိပ္ေတာ္မ်ားႏွင့္ေက်ာင္းမ်ားကို ငွက္ပစ္ေတာင္ သံဃာ အစဥ္အဆက္ တင္လွဴခဲ့ ေၾကာင္း သမိုင္း မွတ္ တမ္းမ်ားရွိခဲ့သည္။ ပုဂံေခတ္တြင္ ငွက္ပစ္ေတာင္၌ ရဟန္းသံဃာမ်ား သီတင္းသုံးေနထိုင္ခဲ့ၾကရာမွ ငွက္ပစ္ေတာင္ သံဃာဂိုဏ္းေပၚ ေပါက္ ခဲ့သည္။

ငွက္ပစ္ေတာင္ရွိ ေဂါတမရုပ္ပြား ေတာ္ပူေဇာ္ထားသည့္ တိုက္အတြင္း ၌ ကုန္းေဘာင္ဘုရင္ အေလာင္းမင္းတရား ဦးေအာင္ေဇ ယ် လက္ထက္တြင္ ငွက္ပစ္ေတာင္ေက်ာင္းတိုက္သို႕ တံဆိပ္ကပ္လွဴ ၿပီး ငွက္ပစ္ေတာင္အနီး၀န္းက်င္ကို အဘယဒါနေဘးမဲ့ေပးေၾကာင္း ေရးထိုးထားသည့္ ေက်ာက္စာ စိုက္ထူခဲ့သည္။ အေလာင္းမင္းတရားသည္ မိမိအလွဴဒါနကို ငွက္ပစ္ေတာင္ ဂိုဏ္းဆရာေတာ္ ရွင္ဓမၼသာန ကိတၱိထံ ဆက္ကပ္ခဲ့ၿပီး ၁၇၅၈ ခုႏွစ္ ဇန္န၀ါရီလ ၂၇ ရက္တြင္ ေက်ာက္စာေရးထိုးခဲ့သည္ ဟု ဆရာတင္ႏိုင္တိုးက ေရးသားခဲ့သည္။

ငွက္ပစ္ေတာင္အနီးရွိ ဥမင္မ်ားသည္ မမာလြန္း၊ မပြလြန္းေသာ ေျမကုန္းေစာင္းမ်ားကို ေဖာက္ထြင္းျပဳလုပ္ထားသည့္ ဂူမ်ား ျဖစ္ ၾကၿပီး အတြင္း၌ အခန္းမ်ားဖြဲ႕စည္းထားကာ တစ္ေနရာမွ တစ္ေနရာသြားလာႏိုင္ရန္ ေလွ်ာက္လမ္းမ်ားဆက္သြယ္ထားသည္။ တူး ထား သည့္ လိုဏ္မ်ားကို အျပင္မွ အုတ္မ်ားစီ၍ အခိုင္အမာျပဳလုပ္ထားသျဖင့္ ဥမင္မ်ားသည္ ပုဂံေဒသ၏ အပူဒဏ္ကိုေကာင္းစြာ ကာကြယ္ႏိုင္ ေပသည္။ ရဟန္းေတာ္မ်ားသည္ ပုဂံေဒသ၏ ပူျပင္းေသာ အပူရွိန္ဒဏ္မွ သက္သာေစသည့္ ဥမင္မ်ားအတြင္း သီတင္းသုံး၍ တရား ဘာ၀နာမ်ား အား ထုတ္ႏိုင္ရန္ ငွက္ပစ္ေတာင္ေက်ာင္းမ်ားအနီးတြင္ ဥမင္မ်ားကို ျပဳလုပ္ခဲ့ဟန္ရွိေၾကာင္း ယူဆၾကသည္။

ငွက္ပစ္ ေတာင္အနီးရွိ ဥမင္မ်ား အနက္ ငွက္ပစ္ေတာင္၏ အေရွ႕ေျမာက္ယြန္းယြန္းတြင္ တူးေဖာ္ထားသည့္ သမီး၀ွက္ ဥမင္ႏွင့္ ျမာသ ဥမင္တို႕ သည္ ပ်ဴေစာထီးမင္းသား၊ ငွက္ႀကီးတို႕ႏွင့္ ဆက္စပ္လ်က္ အထင္ရွားဆုံး ဥမင္မ်ား ျဖစ္လာခဲ့ၾကသည္။ ျမာသဥမင္သည္ သမီး၀ွက္ဥမင္၏ ေျမာက္ဘက္တြင္ တည္ရွိၿပီး ၁၂ ရာစုတြင္ တူးေဖာ္ခဲ့ေၾကာင္း ယူဆၾကသည္။ ရာဇ၀င္မ်ား အလိုအရ သမုဒၵရာဇ္ မင္းလက္ထက္တြင္ ပ်ဴေစာထီးသည္ ပုဂံတြင္ ေပၚေပါက္ေနသည့္ က်ားႀကီး၊၀က္ႀကီး၊ ငွက္ၾကီးႏွင့္ ရွဴးပ်ံႀကီးတို႕ကို ႏွိမ္နင္းရန္ လာခဲ့စဥ္ ျမားခၽြန္ခဲ့သည့္ ေနရာသည္ ျမားသဥမင္ျဖစ္သည္ဟု ဆိုေပသည္။ ပါးစပ္ရာဇ၀င္မ်ားသည္ ခိုင္မာေသာ အေထာက္အထားနည္းပါးေလ့ရွိသျဖင့္ ပညာရွင္ႏွင့္ သုေတသီမ်ား အကိုးအကားျပဳႏိုင္သည့္ သမိုင္းအခ်က္အလက္မ်ား ျဖစ္လာေလ့ မရွိၾကပါေခ်။

ျမားသဥမင္ ဂူေပါက္ အခန္းမ်ားကို တူးေဖာ္ခဲ့စဥ္ ဗုဒၶရုပ္ပြားေတာ္မ်ားကိုပါ တစ္ပါတည္း ထုလုပ္ခဲ့ၾကသည္။ ဥမင္ အတြင္းရွိ အခ်ိဳ႕ ဂူေပါက္၀မ်ားတြင္ အုတ္မ်ားစီ၍ မ်က္ႏွာ၀မ်ား ျပဳလုပ္ထားသည္။ျမာသဥမင္ အေရွ႕ဘက္ ပိုင္း ဂူနံရံမ်ားေပၚတြင္ ပုဂံ ေခတ္ လက္ရာ နံရံ ေဆးပန္းခ်ီအခ်ိဳ႕က်န္ရွိေနသည္။ သမီး၀ွက္ဥမင္သည္ ငွက္ပစ္ေတာင္၏ အေရွ႕ေျမာက္တြင္တည္ရွိၿပီး ပုဂံေခတ္ ငွက္ႀကီးရန္ကုိ ေၾကာက္ရြံ႕သျဖင့္ ပုဂံ ျပည္သူ ျပည္သားမ်ားသည္ မိမိတို႕၏သမီးကညာမ်ားကို ၀ွက္ခဲ့သည့္ ေနရာဟု အစဥ္အဆက္ ေျပာဆိုခဲ့ၾကသည္။

ဥမင္အတြင္းမွ ေတြ႕ရွိခဲ့ရသည့္ အင္း၀မိုးညွင္းမင္းတရား(ခရစ္ႏွစ္ ၁၄၂၇-၁၄၄၀) လက္ထက္၊ ေတာင္တြင္းမင္း သခၤယာေက်ာက္စာ(ခရစ္ႏွစ္ ၁၄၃၅ )တြင္သမီး၀ွက္ ဥမင္ကို ၀မ္းဘဲက် ဥမင္ဟု ေရးထိုးထားသည္။ သမီး၀ွက္ဥမင္၏ ေတာင္ဘက္ ကမ္းပါးရံတြင္ ၀င္ေပါက္ ခုနစ္ေပါက္ေဖာက္လုပ္ထားၿပီး ဥမင္အတြင္း၌ ဘဲဥပုံဂႏၶကုဋိတိုက္ငါးခု ျပဳလုပ္ထားသည္။ဂႏၶကုဋိတိုက္မ်ားအတြင္း၌ ဗုဒၶရုပ္ပြားေတာ္ႏွင့္ ပုဂံေခတ္ႏွင့္ အင္း၀ေခတ္လက္ရာ နံရံေဆးေရးပန္းခ်ီအခ်ိဳ႕ကို ျမင္ေတြ႕ ႏိုင္ေပသည္။

က်န္စစ္သားဥမင္

က်န္စစ္သားဥမင္သည္ ေညာင္ဦးၿမိဳ႕ရွိ ၊ ေရႊစည္းခုံေစတီ ေတာင္ဘက္ေစာင္းတန္းထိပ္၏ အေနာက္ဘက္တြင္တည္ရွိသည္။ က်န္စစ္သားဥမင္ကို ၁၁ ရာစုတြင္ ေဖာက္လုပ္ခဲ့သည္ဟု ယူဆၾကၿပီး က်န္စစ္သားဥမင္ဟု အမည္တြင္ေနေသာ္လည္း အေနာ္ရထာ မင္းလက္ထက္ကပင္ ရွိခဲ့ေၾကာင္း မွတ္ယူခဲ့ၾကသည္။ က်န္စစ္သားဥမင္၏အ၀င္ မုခ္ေပါက္ႏွစ္ခုအၾကား ဥမင္အလယ္ရွိ အခန္း၌ တရားေဟာပလႅင္္ရွိၿပီး ဥမင္အတြင္း စၾကံပတ္ လမ္း မ်ားႏွင့္ တရားအားထုတ္ရန္ အခန္းမ်ားကို ျပဳလုပ္ထားသည္။

က်န္စစ္သားဥမင္၏ ထူးျခားခ်က္မွာ ဥမင္ေဖာက္လုပ္ရာတြင္ အျခား ဥမင္ မ်ားႏွင့္ မတူဘဲ ေျမေပၚတစ္၀က္၊ေျမေအာက္တစ္၀က္ အုတ္မ်ားစီကာ တည္ေဆာက္ထားျခင္းျဖစ္သည္။ဥမင္အတြင္းပိုင္းသည္ ဘုန္း ေတာ္ ႀကီးေက်ာင္းတစ္ေက်ာင္း ႏွင့္ တူေနသျဖင့္ အခ်ိဳ႕က ဥမင္ေက်ာင္း(Cave Monastery)ဟု ေခၚဆိုခဲ့ၾကသည္။က်န္စစ္သား ဥမင္၏ မ်က္ႏွာ၀ ျဖစ္သည့္ ေျမာက္ဘက္ ဥပစာတြင္ဓမၼ သာလာ ေဆာင္တစ္ခု ရွိခဲ့သည္။ေတာင္ဘက္တြင္လည္း ဓမၼသာလာေဆာင္ အရာရွိ ၿပီး ေအာက္ခံေက်ာက္တုံးမ်ားက်န္ရွိေနသည္။

က်န္စစ္သားဥမင္ ေျမာက္ဘက္တြင္ တံတိုင္းပတ္လည္ႏွင့္ တံတိုင္းမုခ္ရွိၿပီး ဥမင္အတြင္း၌ ေရွးေဟာင္းနံရံေဆးေရး ပန္းခ်ီမ်ား ရွိသည္။ပန္းခ်ီမ်ားတြင္ ျပာသာဒ္မ်ား၊ျမင့္မိုရ္ေတာင္၊မြန္ဂိုစစ္သည္မ်ား၊စစ္သူႀကီး စသည့္ ပုံမ်ားကို ေရးဆြဲထားရာ ေျမာက္ဘက္မုခ္ မ်က္ ႏွာၾကက္ေပၚတြင္ ဆြမ္းစားေနသည့္ ရွင္ဥပဂုတၱမေထရ္ပုံကို ျမင္ေတြ႕ႏိုင္ေပသည္။ ဥမင္အတြင္း က်န္စစ္သားပုန္းေအာင္းေနထိုင္ခဲ့ေၾကာင္းအဆိုရွိေသာ္လည္းက်န္စစ္သားဥမင္သည္ ဗုဒၶဘာသာ၀င္ ရဟန္း သံဃာမ်ားသီတင္း သုံးေနထိုင္ခဲ့သည့္ ေနရာတစ္ခုသာ ျဖစၿ္ပီး အေနာ္ရထာ ဥမင္ဟု ေခၚဆိုမႈမ်ားလည္း ရွိခဲ့သည္။

က်န္စစ္သားဥမင္ေရွ႕တြင္ စိုက္ထူထားသည့္ အညႊန္းစာ ဆိုင္းဘုတ္တြင္ က်န္စစ္သား ဥမင္အေဆာက္အအုံသည္ အုတ္ျဖင့္ တည္ေဆာက္ထားေသာ ဥမင္ပုံသ႑ာန္ လိုဏ္ဂူေက်ာင္းျဖစ္ဟန္ရွိေၾကာင္း ၊အတြင္းလိုဏ္ပတ္ ၀ကၤပါလမ္းနံရံႏွင့္ေပါင္းကူး မ်ား တြင္ ၁၁ ရာစုမွ ၁၃ ရာစု အတြင္းေရးဆြဲထားသည္ဟု ခန္႕မွန္းရေသာ နံရံပန္းခ်ီမ်ားရွိေၾကာင္း၊ကုဗလိုင္ခန္၏ မြန္ဂိုစစ္သည္ ေတာ္မ်ား ပုဂံသို႕ ေရာက္ရွိခဲ့ၿပီး နံရံပန္းခ်ီ ေဆးေရးအခ်ိဳ႕ကို ေရးဆြဲမွတ္တမ္းတင္ခဲ့သည္ဟု ယူဆရေၾကာင္းႏွင့္ အေဆာက္အအုံနံရံတြင္ မြန္ဂို စစ္ဗိုလ္ စစ္သားမ်ားႏွင့္ အျခားသူေကာင္းမ်ိဳးစုံမ်ား ေရးဆြဲထားသည္ကို ေတြ႕ရွိရေၾကာင္း ဖတ္ရႈရေပသည္။

ေက်ာက္ဂူဥမင္

ေက်ာက္ဂူဥမင္သည္ ပုဂံေခတ္တြင္ ေက်ာက္ျဖင့္ တည္ေဆာက္ခဲ့သည့္ အေဆာက္အအုံ ေလးခုအနက္ တစ္ခုတည္း ေသာ ဥမင္ ျဖစ္ၿပီး ေညာင္ဦးၿမိဳ႕မွ အေရွ႕ေျမာက္ဘက္ ႏွစ္မိုင္အကြာ ဧရာ၀တီ ျမစ္ကမ္းေဘးတြင္ တည္ရွိၿပီး ပုဂံ တစ္၀ိုက္ရွိ ဥမင္မ်ား အနက္ အႀကီးဆုံးျဖစ္သည္။ ေက်ာက္ဂူဥမင္ကို ဧရာ၀တီျမစ္ကမ္းမွ မနီးမေ၀းရွိ ကုန္းေစာင္းတစ္ခုကို လိုဏ္တူး၍ ေရွ႕ခန္းမေဆာင္ကို ေက်ာက္ခ်ပ္မ်ားျဖင့္ ဖဲြ႕စည္းထားသည္။ သဲေက်ာက္ကမ္းပါးယံကို ထြင္း၍ အုတ္၊ေက်ာက္မ်ားျဖင့္ ဥမင္တည္ထားသျဖင့္ ေက်ာက္ဂူ ဥမင္ ဟု ထင္ရွားခဲ့ၿပီး အဆင့္ သုံးဆင့္ ရွိသည့္ ေက်ာက္ဂူဥမင္၏ ေအာက္ပိုင္းကို ေက်ာက္အုတ္မ်ားျဖင့္ တည္ေဆာက္ၿပီး အေပၚပိုင္းႏွစ္ဆင့္ကို ရိုးရိုး အုတ္မ်ား ျဖင့္ ေဆာက္လုပ္ထား သည္။ ဥမင္ကို ခရစ္ႏွစ္ ၁၁၁၈ ခုႏွစ္ တြင္ တူးေဖာ္ တည္ေဆာက္ခဲ့သည္။

ေက်ာက္ဂူဥမင္သည္ ေျမာက္ဘက္သို႕ မ်က္ႏွာမူေနၿပီး ေရွ႕မ်က္ႏွာစာတြင္ ဂႏၶကုဋိတိုက္မႏွင့္ ေျမာက္ ဘက္တြင္ အ၀င္မုခ္ႏွင့္ အာရုံခံ ခန္းမေဆာင္ရွိသည္။အေရွ႕၊အေနာက္ႏွင့္ေျမာက္ဘက္တြင္ စၾကၤ ံပတ္လမ္းမ်ားျပဳလုပ္ထားၿပီး ဥမင္ အတြင္းရွိ လမ္းေၾကာင္း မ်ားကို ၀ကၤပါ ပုံစံ အေကြ႕အေကာက္မ်ားေဖာက္လုပ္ထားကာ တရားအားထုတ္သည့္ေနရာမ်ားဟု ယူဆႏိုင္ ဖြယ္ ရွိသည့္ အခန္းငယ္ မ်ားရွိသည္။ ေက်ာက္ဂူဥမင္၏ ထူးျခားသည့္ ဗိသုကာလက္ရာ မွာ ဥမင္၏ ေအာက္ထပ္လိုဏ္အတြင္းသို႕ အလင္းေရာင္၀င္ေရာက္ ေစရန္ မြန္းတည့္ေပါက္မ်ား ေဖာက္လုပ္ထားျခင္းျဖစ္သည္။ အလင္းေရာင္ က ဥမင္အေပၚထပ္အမိုးမွ တစ္ဆင့္ အတြင္းသို႕ ၀င္ေရာက္ သျဖင့္ အတြင္း၌ ေမွာင္မိုက္ေနျခင္းမရွိေစရန္ စီစဥ္ထားသည္။

ေက်ာက္ခ်ပ္ႀကီးတစ္ခ်ပ္ကို ညီညာသပ္ရပ္ေသာ အေပါက္မ်ားေဖာက္ထားသည့္ ေက်ာက္ျပဳတင္းမ်ားကို ေက်ာက္ဂူဥမင္တြင္ ယခုတိုင္ျမင္ေတြ႕ႏိုင္သည္။ယင္းေက်ာက္ျပဴတင္းမ်ားကို နန္းဘုရားတြင္လည္း ေတြ႕ရွိႏိုင္သည္။ခန္းမအတြင္း၌ သဲေက်ာက္ျဖင့္ ထြင္း ထုထားသည့္ ဗုဒၶရုပ္ပြားေတာ္ႀကီးတစ္ဆူရွိၿပီး ၀ဲယာႏွစ္ဖက္တြင္ ေဖာင္းႀကြထုထားသည့္ အဂၢသာ၀က ႏွစ္ပါးရုပ္ထုမ်ားရွိသည္။ေက်ာက္ဂူ ဥမင္မ်က္ႏွာၾကက္တြင္လည္းရဟႏၱာ ႏွစ္ပါး ရုပ္ထုတို႕ကိုေဖာင္းႀကြ ထုလုပ္ ထားသည္။

ေက်ာက္ဂူဥမင္အတြင္းေတြ႕ရွိရသည့္ ေက်ာက္စာအရ သကၠရာဇ္ ၅၅၀ ျပည့္ႏွစ္တြင္ စည္သူမင္းႀကီးသည္ နတ္ထမင္းရေသာ သခင္ထံပါ ၏ ဘုရားကိုကၽြန္စသည္တို႕ လွဴဒါန္းခဲ့ေၾကာင္းႏွင့္ ဥဇနာမင္းလက္ထက္တြင္လည္းဆက္လက္လွဴဒါန္းေၾကာင္းေရး ထိုးထား သည္ဟု ပုဂံသုေတသနလမ္းညႊန္စာအုပ္တြင္ ဖတ္ရႈရသည္။ေက်ာက္စာပါ စာသားမ်ားအရ နရပတိစည္သူမင္းလက္ထက္ တြင္ ေက်ာက္ ဂူဥမင္၌ သခင္ထံပါ ဘြဲ႕အမည္ရွိေသာ မေထရ္ သီတင္းသုံးခဲ့ေၾကာင္း ပညာရွင္မ်ားက ယူဆခဲ့ၾကသည္။ ဥမင္အျပင္ နံရံအေပၚပိုင္းတြင္ ဘီလူးပန္းဆြဲမ်ား၊ေအာက္ပိုင္းတြင္ ရြက္ခၽြန္းပုံ ပန္းေထာင္မ်ားျဖင့္အလွဆင္ထားသည္။ အ၀င္ မုခ္၀ ၀ဲယာ ႏွစ္ဖက္တြင္ ယကၡ ဂု မၻဏ္ရုပ္ႏွင့္ ႀကာပန္းမ်ားၾကား၌ ကိႏၷရီ၊ကိႏၷရာရုပ္၊ျခေသၤ့၊က်ား၊သမင္စေသာပုံမ်ားကို ေက်ာက္ အုတ္ မ်ားစီ၍ ထြင္းထုထားသည္။ အာရုံခံတိုက္မ ပတ္လည္တြင္လည္း ေက်ာက္ပန္းခက္ႀကီးမ်ားကို လွပစြာ ျပဳလုပ္ထားေပသည္။

အစဥ္အလာ ဆိုစကားမ်ားအရ နရပတိစည္သူမင္းလက္ထက္တြင္ အရွင္ပ႑ိတမေထရ္သည္ မိမိ၏ စင္ၾကယ္ေသာ သီလ ကို သစၥာဆိုလ်က္ ဓားေသြးေက်ာက္ႏွင့္ ဓားမကို ဧရာ၀တီ ျမစ္အတြင္းသို႕ ပစ္ခ်ခဲ့ရာ ေက်ာက္ႏွင့္ဓားသည္ ေရတြင္ကူးခတ္သြားခဲ့ သည္။ နရပတိစည္သူသည္ မေထရ္ျမတ္ကို ႀကည္ညိဳကာ ဧရာ၀တီျမစ္ေခ်ာက္ကမ္းပါးတြင္ဥမင္တူး၍လွဴဒါန္းခဲ့ၿပီး ဓားေသြးေက်ာက္ ေရကူး သြားခဲ့သည္ကို အစြဲျပဳ၍ ေက်ာက္ကူးဥမင္ဟုလည္း ေခၚဆိုခဲ့ေၾကာင္း ေျပာဆိုၾကေသာ္လည္း ပညာရွင္မ်ားက ဥမင္ ႏွင့္ ေက်ာက္ဆင္းတု လက္ရာမ်ားအရ ေက်ာက္ဂူဥမင္သည္ နရပတိစည္သူမင္း လက္ထက္မတိုင္မီ ႏွစ္ ၁၀၀ ၀န္းက်င္ကပင္ တည္ရွိ ႏိုင္ခဲ့ေၾကာင္း သုံးသပ္ခဲ့ ၾကသည္။

ဥမင္ လိုဏ္ဂူမ်ားသည္ ပုဂံေဒသ၏ ျပင္းထန္ေသာ အပူဒဏ္ကို ေကာင္းစြာ ကာကြယ္ႏိုင္သည့္ ေျမေအာက္ အေဆာက္ အအုံ မ်ားျဖစ္ၾကေပရာ ႏႈတ္ေျပာစကားမ်ားက မည္သို႕ပင္ဆိုေစေသာ္လည္း ပုဂံေဒသတြင္ ေနထိုင္ခဲ့သည့္ ရဟန္းသံဃာမ်ား သီတင္းသုံးခဲ့ သည့္ ေနရာမ်ားျဖစ္ႏိုင္ေၾကာင္း ယူဆႏိုင္ေပသည္။ထို႕အတူပင္ စစ္သည္မ်ားအပါအ၀င္ လူပုဂၢိဳလ္မ်ားသည္လည္း ဥမင္မ်ားအတြင္း ခိုေအာင္းခဲ့ဖြယ္ရွိေပသည္။ ဥမင္မ်ားအတြင္းေတြ႕ရွိရသည့္ တရားေဟာ ပလႅင္မ်ားသည္ တစ္ခ်ိန္ေသာ အခါက ဥမင္မ်ားအတြင္း ရဟန္းသံဃာမ်ား ရွိခဲ့ ေၾကာင္း သက္ေသျပလ်က္ရွိေနသည္။ထို႕အတူပင္ ဥမင္နံရံမ်ားတြင္ ေရးဆြဲခဲ့သည့္ ေက်ာက္စာႏွင့္နံရံေဆးေရး ပန္းခ်ီမ်ားသည္ ပုဂံ၏ သမိုင္း တစ္စြန္းတစ္စကို ေဖာ္ျပလ်က္ရွိေနေပသည္။

ေမာင္သာ (ေရွးေဟာင္း သုေတသန)

———————

ပုဂံက ထင်ရှားတဲ့ ဥမင်များအကြောင်း (unicode)

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် နယ်မြေတစ်ခုဖြစ်သည့် ပုဂံကိုကမ္ဘာ့ကုလသမဂ္ဂ၊ယူနက်စ်ကိုအဖွဲ့၏ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်း ရန် နိုင်ငံတော် အစိုးရက စီစဉ် ဆောင်ရွက်လျက်ရှိသည်။ ပုဂံတွင် ရှေးဟောင်း အဆောက်အအုံများသည် အရွယ်မျိုးစုံ၊ပုံသဏ္ဍာန်မျိုးစုံ တည်ရှိနေရာ မြေ ပေါ်အဆောက်အအုံများ သာမက မြေအောက် အဆောက်အအုံ များဟုဆိုနိုင်မည့် လိုဏ်၊ဂူ ၊ဥမင်များ လည်းပါဝင် သည်။ ဥမင်သည် ပါဠိဝေါဟာရ ဥမင်္ဂမှ ဆင်းသက်လာသည့် စကားလုံးဖြစ်ပြီး မြန်မာ အဘိဓာန်တွင် လိုဏ်ခေါင်းဟုအဓိပ္ပါယ်ဖွင့်ဆိုသည်။

ပုဂံခေတ်တွင် စေတီ၊ ဘုရား၊ ပုထိုး၊ကျောင်း အဆောက်အအုံများကို မြေပေါ်တွင် တည်ဆောက်ခဲ့ကြပြီး ဥမင်များကို သဘာ၀ မြေကုန်းများအား တူးဖော် ဖောက်လုပ်ခဲ့ကြရာ မှတ်တမ်းများအရ ပုဂံတွင် ဥမင် ၂၁ ခု ရှိသည်။ ဥမင်များသည် မြေမာကမ်းပါးများ၊ မြေ ကုန်းများကို တူး၍ အခန်းများဖွဲ့ထားသည့် လိုဏ်များဖြစ်သည်။ အချို့ ဥမင်များ ၏ မျက်နှာစာတွင် အုတ်အဆောက်အအုံ များ ပြု လုပ် ထားပြီး ဥမင်အချို့တွင် အတွင်း၌ ဆင်းတုများထုလုပ် ပြီး အင်္ဂတေဖြင့် အချောကိုင် ထားသည်ကို မြင် တွေ့ နိုင်သည်။

ပုဂံရှိ ဥမင်အများစုသည် မြေမာကမ်းပါးများ၊ကုန်းစွန်းများကို တူးကာ အုတ်နံရံများ ပြုလုပ်ထားလေ့ရှိသည့် အနက် နန္ဒမညာ ဥမင်မှာမူ မြေပြင်တွင် လေးထောင့်ပုံ ချိုင့်ကို ထူးဖော်ပြီး ယင်းချိုင့်၏နံရံများမှ အတွင်းဘက်သို့ ဥမင်တူးထားသည်။ ပုဂံဒေသ၌ ညောင်ဦး မြို့အနီးရှိ ငှက်ပစ်တောင်ဝန်းကျင်တွင် ဥမင်များကို အများဆုံး မြင်တွေ့နိုင်ပြီး ကျောက်ဂူဥမင်၊ ကျန်စစ်သားဥမင်၊ သမီးဝှက်ဥမင်နှင့် မြာသဥမင် တို့ သည် ပုဂံ၏ ထင်ရှားသော ဥမင်များဖြစ်ကြပေသည်။

ငှက်ပစ်တောင်၊ သမီးဝှက်နှင့် မြာသ ဥမင်

သမီးဝှက်ဥမင်နှင့် မြာသ ဥမင်တို့သည် ညောင်ဦးမြို့ အဝင် ဆပဒ စေတီအနီးရှိ ငှက်ပစ်တောင် ဝန်းကျင်တွင်တည်ရှိသည်။ ငှက်ပစ်တောင်သည် ပုဂံနှုတ်ပြောရာဇဝင်တွင် ထင်ရှားခဲ့သည့် ပျူစောထီးမင်းနှင့် ဆက်စပ်နေသည်။ ပုဂံရာဇဝင် အချို့တွင်ပါရှိသည့် ပျူ စောထီးမင်းသားက ငှက်ကြီးရန်ကို ဖြိုခွင်းသည် ဟူသည့် အစဉ်အလာပြောစကားများနှင့် ဆက်စပ်၍ ငှက်ပစ်တောင်ဟု ထင်ရှားသည့် နေရာသည် တောင်ဟု ခေါ်ဆိုနိုင်လောက်သည့် မြင့်မားသော နေရာတစ်ခု မဟုတ်ချေ။

မြေမျက်နှာပြင် အထက် ၂၅ ပေမြင့်သည့် ကုန်းမို့နေရာကို တောင်ဟု တင်စားခေါ်ဆိုသည့် ငှက်ပစ်တောင် ဟူသည့် အမည်ကို ပုဂံ ကျောက်စာတစ်ချပ်တွင် တွေ့ရှိရကြောင်း ပုဂံသုတေသန လမ်းညွှန်စာအုပ်တွင် ဖတ်ရှုရသည်။ ငှက်ပစ်တောင်ဒေသ ၌ ရဟန်း တော်များ သီတင်းသုံးသည့် ကျောင်းများသည် အနော်ရထာမင်း လက်ထက်ကပင် ရှိခဲ့ပြီး ပုဂံခေတ်၊ အင်း၀ခေတ်မှ ကုန်းဘောင်ခေတ် အထိ ပြည့်ရှင်မင်းတို့၏ ဘွဲ့တံဆိပ်တော်များနှင့်ကျောင်းများကို ငှက်ပစ်တောင် သံဃာ အစဉ်အဆက် တင်လှူခဲ့ ကြောင်း သမိုင်း မှတ် တမ်းများရှိခဲ့သည်။ ပုဂံခေတ်တွင် ငှက်ပစ်တောင်၌ ရဟန်းသံဃာများ သီတင်းသုံးနေထိုင်ခဲ့ကြရာမှ ငှက်ပစ်တောင် သံဃာဂိုဏ်းပေါ် ပေါက် ခဲ့ သည်။

ငှက်ပစ်တောင်ရှိ ဂေါတမရုပ်ပွား တော်ပူဇော်ထားသည့် တိုက်အတွင်း ၌ ကုန်းဘောင်ဘုရင် အလောင်းမင်းတရား ဦးအောင်ဇေ ယျ လက်ထက်တွင် ငှက်ပစ်တောင်ကျောင်းတိုက်သို့ တံဆိပ်ကပ်လှူ ပြီး ငှက်ပစ်တောင်အနီးဝန်းကျင်ကို အဘယဒါနဘေးမဲ့ပေးကြောင်း ရေးထိုးထားသည့် ကျောက်စာ စိုက်ထူခဲ့သည်။ အလောင်းမင်းတရားသည် မိမိအလှူဒါနကို ငှက်ပစ်တောင် ဂိုဏ်းဆရာတော် ရှင်ဓမ္မသာန ကိတ္တိထံ ဆက်ကပ်ခဲ့ပြီး ၁၇၅၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် ကျောက်စာရေးထိုးခဲ့သည် ဟု ဆရာတင်နိုင်တိုးက ရေးသားခဲ့ သည်။

ငှက်ပစ်တောင်အနီးရှိ ဥမင်များသည် မမာလွန်း၊ မပွလွန်းသော မြေကုန်းစောင်းများကို ဖောက်ထွင်းပြုလုပ်ထားသည့် ဂူများ ဖြစ် ကြပြီး အတွင်း၌ အခန်းများဖွဲ့စည်းထားကာ တစ်နေရာမှ တစ်နေရာသွားလာနိုင်ရန် လျှောက်လမ်းများဆက်သွယ်ထားသည်။ တူး ထား သည့် လိုဏ်များကို အပြင်မှ အုတ်များစီ၍ အခိုင်အမာပြုလုပ်ထားသဖြင့် ဥမင်များသည် ပုဂံဒေသ၏ အပူဒဏ်ကိုကောင်းစွာ ကာကွယ်နိုင် ပေသည်။ ရဟန်းတော်များသည် ပုဂံဒေသ၏ ပူပြင်းသော အပူရှိန်ဒဏ်မှ သက်သာစေသည့် ဥမင်များအတွင်း သီတင်းသုံး၍ တရား ဘာဝနာများ အား ထုတ်နိုင်ရန် ငှက်ပစ်တောင်ကျောင်းများအနီးတွင် ဥမင်များကို ပြုလုပ်ခဲ့ဟန်ရှိကြောင်း ယူဆကြသည်။

ငှက်ပစ် တောင်အနီးရှိ ဥမင်များ အနက် ငှက်ပစ်တောင်၏ အရှေ့မြောက်ယွန်းယွန်းတွင် တူးဖော်ထားသည့် သမီးဝှက် ဥမင်နှင့် မြာသ ဥမင်တို့ သည် ပျူစောထီးမင်းသား၊ ငှက်ကြီးတို့နှင့် ဆက်စပ်လျက် အထင်ရှားဆုံး ဥမင်များ ဖြစ်လာခဲ့ကြသည်။ မြာသဥမင်သည် သမီးဝှက်ဥမင်၏ မြောက်ဘက်တွင် တည်ရှိပြီး ၁၂ ရာစုတွင် တူးဖော်ခဲ့ကြောင်း ယူဆကြသည်။ ရာဇဝင်များ အလိုအရ သမုဒ္ဒရာဇ် မင်းလက်ထက်တွင် ပျူစောထီးသည် ပုဂံတွင် ပေါ်ပေါက်နေသည့် ကျားကြီး၊ဝက်ကြီး၊ ငှက်ကြီးနှင့် ရှူးပျံကြီးတို့ကို နှိမ်နင်းရန် လာခဲ့စဉ် မြားချွန်ခဲ့သည့် နေရာသည် မြာသဥမင်ဖြစ်သည်ဟု ဆိုပေသည်။ ပါးစပ်ရာဇဝင်များသည် ခိုင်မာသော အထောက်အထားနည်းပါးလေ့ရှိသဖြင့် ပညာရှင်နှင့် သုတေသီများ အကိုးအကားပြုနိုင်သည့် သမိုင်းအချက်အလက်များ ဖြစ်လာလေ့ မရှိကြပါချေ။

မြာသဥမင် ဂူပေါက် အခန်းများကို တူးဖော်ခဲ့စဉ် ဗုဒ္ဓရုပ်ပွားတော်များကိုပါ တစ်ပါတည်း ထုလုပ်ခဲ့ကြသည်။ ဥမင် အတွင်းရှိ အချို့ ဂူပေါက်ဝများတွင် အုတ်များစီ၍ မျက်နှာဝများ ပြုလုပ်ထားသည်။မြာသဥမင် အရှေ့ဘက် ပိုင်း ဂူနံရံများပေါ်တွင် ပုဂံ ခေတ် လက်ရာ နံရံ ဆေးပန်းချီအချို့ကျန်ရှိနေသည်။ သမီးဝှက်ဥမင်သည် ငှက်ပစ်တောင်၏ အရှေ့မြောက်တွင်တည်ရှိပြီး ပုဂံခေတ် ငှက်ကြီးရန်ကို ကြောက်ရွံ့သဖြင့် ပုဂံ ပြည်သူ ပြည်သားများသည် မိမိတို့၏သမီးကညာများကို ဝှက်ခဲ့သည့် နေရာဟု အစဉ်အဆက် ပြောဆိုခဲ့ကြသည်။

ဥမင်အတွင်းမှ တွေ့ရှိခဲ့ရသည့် အင်းဝမိုးညှင်းမင်းတရား(ခရစ်နှစ် ၁၄၂၇-၁၄၄၀) လက်ထက်၊ တောင်တွင်းမင်း သင်္ခယာကျောက်စာ(ခရစ်နှစ် ၁၄၃၅ )တွင်သမီးဝှက် ဥမင်ကို ဝမ်းဘဲကျ ဥမင်ဟု ရေးထိုးထားသည်။ သမီးဝှက်ဥမင်၏ တောင်ဘက် ကမ်းပါးရံတွင် ဝင်ပေါက် ခုနစ်ပေါက်ဖောက်လုပ်ထားပြီး ဥမင်အတွင်း၌ ဘဲဥပုံဂန္ဓကုဋိတိုက်ငါးခု ပြုလုပ်ထားသည်။ဂန္ဓကုဋိတိုက်များအတွင်း၌ ဗုဒ္ဓရုပ်ပွားတော်နှင့် ပုဂံခေတ်နှင့် အင်း၀ခေတ်လက်ရာ နံရံဆေးရေးပန်းချီအချို့ကို မြင်တွေ့ နိုင်ပေသည်။

ကျန်စစ်သားဥမင်

ကျန်စစ်သားဥမင်သည် ညောင်ဦးမြို့ရှိ ၊ ရွှေစည်းခုံစေတီ တောင်ဘက်စောင်းတန်းထိပ်၏ အနောက်ဘက်တွင်တည်ရှိသည်။ ကျန်စစ်သားဥမင်ကို ၁၁ ရာစုတွင် ဖောက်လုပ်ခဲ့သည်ဟု ယူဆကြပြီး ကျန်စစ်သားဥမင်ဟု အမည်တွင်နေသော်လည်း အနော်ရထာ မင်းလက်ထက်ကပင် ရှိခဲ့ကြောင်း မှတ်ယူခဲ့ကြသည်။ ကျန်စစ်သားဥမင်၏အဝင် မုခ်ပေါက်နှစ်ခုအကြား ဥမင်အလယ်ရှိ အခန်း၌ တရားဟောပလ္လင်ရှိပြီး ဥမင်အတွင်း စကြံပတ် လမ်း များနှင့် တရားအားထုတ်ရန် အခန်းများကို ပြုလုပ်ထားသည်။

ကျန်စစ်သားဥမင်၏ ထူးခြားချက်မှာ ဥမင်ဖောက်လုပ်ရာတွင် အခြား ဥမင် များနှင့် မတူဘဲ မြေပေါ်တစ်ဝက်၊မြေအောက်တစ်ဝက် အုတ်များစီကာ တည်ဆောက်ထားခြင်းဖြစ်သည်။ဥမင်အတွင်းပိုင်းသည် ဘုန်း တော် ကြီးကျောင်းတစ်ကျောင်း နှင့် တူနေသဖြင့် အချို့က ဥမင်ကျောင်း(Cave Monastery)ဟု ခေါ်ဆိုခဲ့ကြသည်။ကျန်စစ်သား ဥမင်၏ မျက်နှာ၀ ဖြစ်သည့် မြောက်ဘက် ဥပစာတွင်ဓမ္မ သာလာ ဆောင်တစ်ခု ရှိခဲ့သည်။တောင်ဘက်တွင်လည်း ဓမ္မသာလာဆောင် အရာရှိ ပြီး အောက်ခံကျောက်တုံးများကျန်ရှိနေသည်။

ကျန်စစ်သားဥမင် မြောက်ဘက်တွင် တံတိုင်းပတ်လည်နှင့် တံတိုင်းမုခ်ရှိပြီး ဥမင်အတွင်း၌ ရှေးဟောင်းနံရံဆေးရေး ပန်းချီများ ရှိသည်။ပန်းချီများတွင် ပြာသာဒ်များ၊မြင့်မိုရ်တောင်၊မွန်ဂိုစစ်သည်များ၊စစ်သူကြီး စသည့် ပုံများကို ရေးဆွဲထားရာ မြောက်ဘက်မုခ် မျက် နှာကြက်ပေါ်တွင် ဆွမ်းစားနေသည့် ရှင်ဥပဂုတ္တမထေရ်ပုံကို မြင်တွေ့နိုင်ပေသည်။ ဥမင်အတွင်း ကျန်စစ်သားပုန်းအောင်းနေထိုင်ခဲ့ကြောင်းအဆိုရှိသော်လည်းကျန်စစ်သားဥမင်သည် ဗုဒ္ဓဘာသာဝင် ရဟန်း သံဃာများသီတင်း သုံးနေထိုင်ခဲ့သည့် နေရာတစ်ခုသာ ဖြစၿ္ပီး အနော်ရထာ ဥမင်ဟု ခေါ်ဆိုမှုများလည်း ရှိခဲ့သည်။

ကျန်စစ်သားဥမင်ရှေ့တွင် စိုက်ထူထားသည့် အညွှန်းစာ ဆိုင်းဘုတ်တွင် ကျန်စစ်သား ဥမင်အဆောက်အအုံသည် အုတ်ဖြင့် တည်ဆောက်ထားသော ဥမင်ပုံသဏ္ဍာန် လိုဏ်ဂူကျောင်းဖြစ်ဟန်ရှိကြောင်း ၊အတွင်းလိုဏ်ပတ် ဝင်္ကပါလမ်းနံရံနှင့်ပေါင်းကူး များ တွင် ၁၁ ရာစုမှ ၁၃ ရာစု အတွင်းရေးဆွဲထားသည်ဟု ခန့်မှန်းရသော နံရံပန်းချီများရှိကြောင်း၊ကုဗလိုင်ခန်၏ မွန်ဂိုစစ်သည် တော်များ ပုဂံသို့ ရောက်ရှိခဲ့ပြီး နံရံပန်းချီ ဆေးရေးအချို့ကို ရေးဆွဲမှတ်တမ်းတင်ခဲ့သည်ဟု ယူဆရကြောင်းနှင့် အဆောက်အအုံနံရံတွင် မွန်ဂို စစ်ဗိုလ် စစ်သားများနှင့် အခြားသူကောင်းမျိုးစုံများ ရေးဆွဲထားသည်ကို တွေ့ရှိရကြောင်း ဖတ်ရှုရပေသည်။

ကျောက်ဂူဥမင်

ကျောက်ဂူဥမင်သည် ပုဂံခေတ်တွင် ကျောက်ဖြင့် တည်ဆောက်ခဲ့သည့် အဆောက်အအုံ လေးခုအနက် တစ်ခုတည်း သော ဥမင် ဖြစ်ပြီး ညောင်ဦးမြို့မှ အရှေ့မြောက်ဘက် နှစ်မိုင်အကွာ ဧရာဝတီ မြစ်ကမ်းဘေးတွင် တည်ရှိပြီး ပုဂံ တစ်ဝိုက်ရှိ ဥမင်များ အနက် အကြီးဆုံးဖြစ်သည်။ ကျောက်ဂူဥမင်ကို ဧရာဝတီမြစ်ကမ်းမှ မနီးမဝေးရှိ ကုန်းစောင်းတစ်ခုကို လိုဏ်တူး၍ ရှေ့ခန်းမဆောင်ကို ကျောက်ချပ်များဖြင့် ဖွဲ့စည်းထားသည်။ သဲကျောက်ကမ်းပါးယံကို ထွင်း၍ အုတ်၊ကျောက်များဖြင့် ဥမင်တည်ထားသဖြင့် ကျောက်ဂူ ဥမင် ဟု ထင်ရှားခဲ့ပြီး အဆင့် သုံးဆင့် ရှိသည့် ကျောက်ဂူဥမင်၏ အောက်ပိုင်းကို ကျောက်အုတ်များဖြင့် တည်ဆောက်ပြီး အပေါ်ပိုင်းနှစ်ဆင့်ကို ရိုးရိုး အုတ်များ ဖြင့် ဆောက်လုပ်ထား သည်။ ဥမင်ကို ခရစ်နှစ် ၁၁၁၈ ခုနှစ် တွင် တူးဖော် တည်ဆောက်ခဲ့သည်။

ကျောက်ဂူဥမင်သည် မြောက်ဘက်သို့ မျက်နှာမူနေပြီး ရှေ့မျက်နှာစာတွင် ဂန္ဓကုဋိတိုက်မနှင့် မြောက် ဘက်တွင် အဝင်မုခ်နှင့် အာရုံခံ ခန်းမဆောင်ရှိသည်။အရှေ့၊အနောက်နှင့်မြောက်ဘက်တွင် စင်္ကြ ံပတ်လမ်းများပြုလုပ်ထားပြီး ဥမင် အတွင်းရှိ လမ်းကြောင်း များကို ဝင်္ကပါ ပုံစံ အကွေ့အကောက်များဖောက်လုပ်ထားကာ တရားအားထုတ်သည့်နေရာများဟု ယူဆနိုင် ဖွယ် ရှိသည့် အခန်းငယ် များရှိသည်။ ကျောက်ဂူဥမင်၏ ထူးခြားသည့် ဗိသုကာလက်ရာ မှာ ဥမင်၏ အောက်ထပ်လိုဏ်အတွင်းသို့ အလင်းရောင်ဝင်ရောက် စေရန် မွန်းတည့်ပေါက်များ ဖောက်လုပ်ထားခြင်းဖြစ်သည်။ အလင်းရောင် က ဥမင်အပေါ်ထပ်အမိုးမှ တစ်ဆင့် အတွင်းသို့ ဝင်ရောက် သဖြင့် အတွင်း၌ မှောင်မိုက်နေခြင်းမရှိစေရန် စီစဉ်ထားသည်။

ကျောက်ချပ်ကြီးတစ်ချပ်ကို ညီညာသပ်ရပ်သော အပေါက်များဖောက်ထားသည့် ကျောက်ပြုတင်းများကို ကျောက်ဂူဥမင်တွင် ယခုတိုင်မြင်တွေ့နိုင်သည်။ယင်းကျောက်ပြူတင်းများကို နန်းဘုရားတွင်လည်း တွေ့ရှိနိုင်သည်။ခန်းမအတွင်း၌ သဲကျောက်ဖြင့် ထွင်း ထုထားသည့် ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူရှိပြီး ဝဲယာနှစ်ဖက်တွင် ဖောင်းကြွထုထားသည့် အဂ္ဂသာဝက နှစ်ပါးရုပ်ထုများရှိသည်။ကျောက်ဂူ ဥမင်မျက်နှာကြက်တွင်လည်းရဟန္တာ နှစ်ပါး ရုပ်ထုတို့ကိုဖောင်းကြွ ထုလုပ် ထားသည်။

ကျောက်ဂူဥမင်အတွင်းတွေ့ရှိရသည့် ကျောက်စာအရ သက္ကရာဇ် ၅၅၀ ပြည့်နှစ်တွင် စည်သူမင်းကြီးသည် နတ်ထမင်းရသော သခင်ထံပါ ၏ ဘုရားကိုကျွန်စသည်တို့ လှူဒါန်းခဲ့ကြောင်းနှင့် ဥဇနာမင်းလက်ထက်တွင်လည်းဆက်လက်လှူဒါန်းကြောင်းရေး ထိုးထား သည်ဟု ပုဂံသုတေသနလမ်းညွှန်စာအုပ်တွင် ဖတ်ရှုရသည်။ကျောက်စာပါ စာသားများအရ နရပတိစည်သူမင်းလက်ထက် တွင် ကျောက် ဂူဥမင်၌ သခင်ထံပါ ဘွဲ့အမည်ရှိသော မထေရ် သီတင်းသုံးခဲ့ကြောင်း ပညာရှင်များက ယူဆခဲ့ကြသည်။ ဥမင်အပြင် နံရံအပေါ်ပိုင်းတွင် ဘီလူးပန်းဆွဲများ၊အောက်ပိုင်းတွင် ရွက်ချွန်းပုံ ပန်းထောင်များဖြင့်အလှဆင်ထားသည်။ အဝင် မုခ်၀ ဝဲယာ နှစ်ဖက်တွင် ယက္ခ ဂု မ္ဘဏ်ရုပ်နှင့် ကြာပန်းများကြား၌ ကိန္နရီ၊ကိန္နရာရုပ်၊ခြင်္သေ့၊ကျား၊သမင်စသောပုံများကို ကျောက် အုတ် များစီ၍ ထွင်းထုထားသည်။ အာရုံခံတိုက်မ ပတ်လည်တွင်လည်း ကျောက်ပန်းခက်ကြီးများကို လှပစွာ ပြုလုပ်ထားပေသည်။

အစဉ်အလာ ဆိုစကားများအရ နရပတိစည်သူမင်းလက်ထက်တွင် အရှင်ပဏ္ဍိတမထေရ်သည် မိမိ၏ စင်ကြယ်သော သီလ ကို သစ္စာဆိုလျက် ဓားသွေးကျောက်နှင့် ဓားမကို ဧရာဝတီ မြစ်အတွင်းသို့ ပစ်ချခဲ့ရာ ကျောက်နှင့်ဓားသည် ရေတွင်ကူးခတ်သွားခဲ့ သည်။ နရပတိစည်သူသည် မထေရ်မြတ်ကို ကြည်ညိုကာ ဧရာဝတီမြစ်ချောက်ကမ်းပါးတွင်ဥမင်တူး၍လှူဒါန်းခဲ့ပြီး ဓားသွေးကျောက် ရေကူး သွားခဲ့သည်ကို အစွဲပြု၍ ကျောက်ကူးဥမင်ဟုလည်း ခေါ်ဆိုခဲ့ကြောင်း ပြောဆိုကြသော်လည်း ပညာရှင်များက ဥမင် နှင့် ကျောက်ဆင်းတု လက်ရာများအရ ကျောက်ဂူဥမင်သည် နရပတိစည်သူမင်း လက်ထက်မတိုင်မီ နှစ် ၁၀၀ ဝန်းကျင်ကပင် တည်ရှိ နိုင်ခဲ့ကြောင်း သုံးသပ်ခဲ့ ကြသည်။

ဥမင် လိုဏ်ဂူများသည် ပုဂံဒေသ၏ ပြင်းထန်သော အပူဒဏ်ကို ကောင်းစွာ ကာကွယ်နိုင်သည့် မြေအောက် အဆောက် အအုံ များဖြစ်ကြပေရာ နှုတ်ပြောစကားများက မည်သို့ပင်ဆိုစေသော်လည်း ပုဂံဒေသတွင် နေထိုင်ခဲ့သည့် ရဟန်းသံဃာများ သီတင်းသုံးခဲ့ သည့် နေရာများဖြစ်နိုင်ကြောင်း ယူဆနိုင်ပေသည်။ထို့အတူပင် စစ်သည်များအပါအဝင် လူပုဂ္ဂိုလ်များသည်လည်း ဥမင်များအတွင်း ခိုအောင်းခဲ့ဖွယ်ရှိပေသည်။ ဥမင်များအတွင်းတွေ့ရှိရသည့် တရားဟော ပလ္လင်များသည် တစ်ချိန်သော အခါက ဥမင်များအတွင်း ရဟန်းသံဃာများ ရှိခဲ့ ကြောင်း သက်သေပြလျက်ရှိနေသည်။ထို့အတူပင် ဥမင်နံရံများတွင် ရေးဆွဲခဲ့သည့် ကျောက်စာနှင့်နံရံဆေးရေး ပန်းချီများသည် ပုဂံ၏ သမိုင်း တစ်စွန်းတစ်စကို ဖော်ပြလျက်ရှိနေပေသည်။

မောင်သာ (ရှေးဟောင်း သုတေသန)

Leave a Reply