နည္းပညာျမင့္ ကမာၻ႔ပထမဆုံး ေရေပၚႏြားၿခံ

Posted on

ဥေရာပတိုက္က နယ္သာလန္အေျခစိုက္ စားေသာက္ကုန္ ကုမၸဏီတစ္ခုျဖစ္တဲ့ Belado ကေတာ့ ပင္လယ္ဆိပ္ကမ္းျမိဳ႔ျဖစ္တဲ့၊ရိုသာဟန္ျမိဳ႔မွာ ကမာၻပထမဆံုးေသာ ေရေပၚ ေမြးျမဴေရးျခံတစ္ခုကိုတည္ေဆာက္ဖြင့္လွစ္ဖို႔ တရားဝင္ေၾကျငာခဲ့ပါတယ္။ ကမာၻေျမၾကီးက ေပးအပ္ထားတဲ့ သယံဇာတေတြကို နည္းပညာနဲ႔ေပါင္းစပ္ျပီး ေျမျပင္ ကေမြးျမဴေရး ျခံတစ္ျခံပမာ ဖန္တီးခဲ့တဲ့ဒီနည္းဟာ မ်က္ေမွာက္ေခတ္မွာၾကံဳေတြ႔ေန ရတဲ့ စိုက္ပ်ိဳး/ေမြးျမဴရန္ေျမဧရိယာ မရွိသေလာက္ ရွားပါးတဲ့အခက္အခဲကို အေကာင္းဆံုးေက်ာ္ျဖတ္နိုင္ေတာ့မယ့္သိပၸံနည္းပညာဆိုင္ရာအနာဂက္ေျခလွမ္းလည္းျဖစ္ေကာင္း၊ျဖစ္နိုင္ပါတယ္။

အလြန္ရွည္လ်ားတဲ့ဝမ္းျပားေရယာဥ္ေပၚမွာ ေျမမဲ့စိုက္ပ်ိဳးျခင္းနည္းပညာ (Hydroponic)နည္းအတိုင္း ျပဳလုပ္ထားတဲ့ ေရေပၚစိုက္ခင္းေတြပါတဲ့ ေမြးျမဴေရးျခံဟာ နယ္သာလန္နိုင္ငံရဲ့ စိုက္ပ်ိဳး/ေမြးျမဴေရးက႑ကို မ်ားစြာ အေထာက္အကူျပဳေပးနိုင္မယ္လို႔ ပညာရွင္ေတြက ယံုၾကည္ေနၾကပါတယ္။ ေရေပၚမွာေပၚေနတဲ့ ေမြးျမဴေရးျခံဆိုတဲ့အခ်က္နဲ႔တင္ လူအမ်ားစုရဲ့ အာရံုစိုက္မႈကို မ်ားစြာ ခံယူေနရတဲ့ အဲဒီ ျခံဟာ သမရိုးက် ေျမေပၚမွာ၇ွိေနတဲ့ေမြးျမဴေရးျခံေတြနဲ႔ ဘယ္လို ကြဲျပားမႈရွိေနသလဲနဲ႔ အနာဂတ္မွာ ေတာက္ေလ်ာက္စခန္းသြားလို႔ ျဖစ္ပါ့မလားဆိုတဲ့ ေမးခြန္းေတြဟာလည္း မေရွးမေနွာင္းမွာပဲ ေပၚထြက္လာခဲ့ပါတယ္။

အဲဒီေရေပၚ ေမြးျမဴေရးျခံကို စတင္ဖန္တီးခဲ့တဲ့ ကုမၸဏီကေတာ့ နယ္သာလန္နိုင္ငံ အေျခစိုက္လယ္ယာ ေမြးျမဴေရးလုပ္ငန္း ကုမၸဏီတစ္ခုျဖစ္တဲ့ Belado ကျဖစ္ျပီး ေရေပၚေမြးျမဴေရးျခံလို႔အမည္ရတဲ့ပေရာဂ်က္တစ္ခုကိုေရးဆြဲအေကာင္အထည္ေဖာ္ခဲ့တာ ျဖစ္ပါတယ္။ ယခုဖြင့္လွစ္ေတာ့မဲ့ ေရေပၚေမြးျမဴေရးျခံဟာ ႏြားအေကာင္(၄၀)ေလာက္ ကိုျခံသြင္းေမြးျမဴနိုင္မွာျဖစ္ပါတယ္။ အဲဒီနို႔စားႏြားေတြကတစ္ဆင့္ တစ္ေန႔ကို ႏြားနို႔ (၈၀၀) Liters ေလာက္ထုတ္လုပ္နိုင္မွာလည္းျဖစ္ပါတယ္။

Belado ကုမၸဏီအေနနဲ႔ ရိုသာဟန္ဆိပ္ကမ္းျမိဳ႕က ျမိဳ႔ေတာ္ဧရိယာအတြင္းမွာပဲ အဲဒီေရ ေပၚေမြးျမဴေရးျခံကို ဖန္တီးခဲ့ရတဲ့အေၾကာင္းရင္းကေတာ့ နည္းပညာသစ္ရဲ့ ပထမဆံုး ေျခလွမ္းကို လူသိမ်ားေစလိုတဲ့ရည္ရြယ္ခ်က္နဲ႔ျဖစ္ပါတယ္။ ၿမိဳ႕ျပစိုက္ပ်ိဳး/ေမြးျမဴေရးကို အေကာင္အထည္ေဖာ္လိုျပီး တစ္ဖက္ကလည္း ရိုသာဟန္ဆိပ္ကမ္းဟာ သဘာဝပထဝီဝင္ အေနအထားအရ ဟာရီကိန္းစတဲ့ မုန္တိုင္း ဒဏ္ကို အကာအကြယ္ေပးနိုင္တဲ့ ေဒသျဖစ္တာေၾကာင့္လည္း ျဖစ္ပါတယ္။

ၿမိဳ႕ျပစိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းကို အေကာင္အထည္ေဖာ္ဖို႔ တပ္လွန္႔လိုက္ျခင္းလား ေရေပၚစိုက္ပ်ိဳး/ေမြးျမဴေရးလုပ္ငန္း အစီအစဥ္ဟာျမိဳ႔ျပ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းကို အေကာင္ အထည္ေဖာ္ရန္ၾကိဳးပမ္းမႈျဖစ္တာေၾကာင့္္ တစ္ဖက္ကလည္း ဒါဟာသမရိုးက်ျဖစ္စဥ္ မဟုတ္တာေၾကာင့္ တိုးခ်ဲ႕ေဆာင္ရြက္ဖို႔ မသင့္ေတာ္တဲ့ အစီစဥ္ျဖစ္ေၾကာင္း ေထာက္ျပ ေျပာဆိုၾကပါတယ္။ (ကမာၻျမိဳ႔ေတာ္ အေတာ္မ်ားမ်ားက ျမိဳ႔ေတာ္နယ္နိမိတ္အတြင္း စီးပြားျဖစ္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းေတြကို မျပဳလုပ္ဖို႔ ဥပေဒအရ တားျမစ္ထားပါ တယ္။) တစ္ဖက္ကလည္း ဒါဟာ တစ္ေန႔တစ္ျခား မ်ားျပားလာတဲ့ ကမာၻလူဦးေရ အတြက္ လိုအပ္တဲ့အစာအဟာရကို အေကာင္းဆံုးအေထာက္အကူ ေပးနိုင္မွာ ျဖစ္ျပီး အနာဂက္မွာ ယွဥ္ဆိုင္လာရနိုင္တဲ့ အစားအဟာရ ျပတ္ေတာက္မႈ ျဖစ္စဥ္ေတြကို ေျဖရွင္းဖို႔ အေကာင္းဆံုး အေျဖျဖစ္တယ္လို႔လည္း ဆိုၾကပါတယ္။

Belardo ကုမၸဏီက ေရေပၚေမြးျမဴေရးလုပ္ငန္းအစီစဥ္ကို ဦးေဆာင္ေရးဆြဲခဲ့တဲ့ ေဟာ္လန္လူမ်ဳိး Peter Van Wingerden ကေတာ့ ကၽြန္ေတာ္တို႔ရဲ့ ေရေပၚေမြးျမဴေရးလုပ္ငန္းေတြကေနတစ္ဆင့္ တစ္နွစ္ကို ႏြားနို႔ (၃၂၀၀၀၀) Liters နဲ႔ ၾကက္ဥ/ဘဲဥ တစ္ေန႔ကို အလံုးေပါင္း(၇၀၀၀)ေလာက္ထုတ္လုပ္နိုင္မွာပါ။ ဒါအျပင္ ေျမမဲ့စိုက္ပ်ိဳးမႈနည္းစနစ္သံုး စိုက္ခင္းေတြကလည္း တစ္နွစ္ကို ဟင္းသီးဟင္းရြက္ တန္ခ်ိန္ သန္းနဲ႔ခ်ီျပီးထုတ္လုပ္ေပးနိုင္မွာပဲ ျဖစ္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမ်ွ ဒီထက္ပိုမ်ားတဲ့ ပမာဏကိုထုတ္လုပ္ေပးနိုင္မွာလည္း ျဖစ္ပါတယ္။

ေျပာခ်င္တာက ေတာ့ အေျခခံလိုအပ္ခ်က္ျဖစ္တဲ့အစားအေသာက္ကို ရိုသာဟန္ျမိဳ႕ေတာ္တြင္းကပဲ ထုတ္လုပ္ေပးနိုင္မွာျဖစ္လို႔ျမိဳ႔ေတာ္တာဝန္ရွိသူေတြအေနနဲ႔ အျခားေသာနယ္ပယ္ေတြမွာ ပိုမိုအားစိုက္ထုတ္လို႔ ရမွာပါ။ ရိုသာဟန္ျမိဳ႔ဟာ ကၽြန္ေတာ္တို႔ရဲ့ ေရေပၚစိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း အေျခခ်ဖို႔အေကာင္းဆုံးေနရာ ျဖစ္လို႔ ေရြးခ်ယ္ခဲ့ တာပါ။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ရဲ့အစီစဥ္ဟာ အာရွနဲ႔ အာဖရိကတိုက္ေတြမွာေတာ့ ပိုမို သင့္ေတာ္ပါလိမ့္မယ္။ မ်ားမၾကာမီကာလေတြမွာလည္း ငတ္မြတ္ေခါင္းပါးမႈ မ်ားစြာ ျဖစ္ေနတဲ့ အာရွနဲ႔ အာဖရိကတိုက္ေတြဆီ ေရေပၚစိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းအစီစဥ္ ေတြကို သယ္ေဆာင္သြားနိ္ုင္မယ္လို႔ ေမ်ွာ္လင့္ပါေၾကာင္း Holland Herald သတင္းဌာ နနဲ႔ ေတြ႕ဆံုခန္းမွာ Peter Van Wingerdenက ေျပာၾကားခဲ့တာပါ။

သူကပဲဆက္လက္ျပီး “ကမာၻနိုင္ငံေတြအားလံုးဟာ စီးပြားေရးနဲ႔ နည္းပညာ က႑မွာ တစ္နိုင္ငံနဲ႔ တစ္နိုင္ငံ မွီတည္ေနတာကိုေတြ႔ျမင္ရမွာျဖစ္ျပီး အထူးသျဖင့္အိမ္နီးခ်င္း နိုင္ငံ ေတြရဲ့ တိုးတက္မႈအနည္း/အမ်ားဟာ ပတ္ဝန္းက်င္နိုင္ငံေတြအေပၚမ်ားစြာ ရိုက္ခတ္ မႈရွိေနတာကို ျမင္ေတြ႔ရမွာလည္းျဖစ္ပါတယ္။အထူးသျဖင့္ တစ္ေန႔တစ္ျခား တိုးတက္ လာတဲ့ လူဦးေရေၾကာင့္ စိုက္ပ်ိဳးေရးနည္းစနစ္ေတြကို နည္းပညာနဲ႔ ယွဥ္တြဲျပီး အထြက္တိုးလာေအာင္ ျပဳလုပ္လာၾကတာကိုေတြ႕ရပါတယ္။ စိုက္ပ်ိဳးေျမဧရိယာ ကိုေနရာ အနွံ႔ ခ်ဲ႕ထြင္လာခဲ့ရာ အခ်ိန္ကာလၾကာလာတာနဲ႔အညီ သစ္ေတာဧရိယာ ေတြရွားပါးလာတဲ့ ဘက္ကိုေရာက္သြားပါလိမ့္မယ္။

ကမာၻၾကီးပူေႏြးလာမႈရဲ့ အေၾကာင္း တစ္ရပ္ျဖစ္တဲ့ သစ္ေတာေတြ ျပဳန္းတီးလာမႈဟာ ယခုဆိုရင္ အေတာ္ေလးကို ဆိုးရြား ေနျပီျဖစ္ပါတယ္။ အထူးသျဖင့္ အာရွနဲ႔ အာဖရိကက ဆင္းရဲတဲ့ ႏုိင္ငံ အေတာ္မ်ားမ်ား မွာ သစ္ေတာျပဳန္းတီးမႈ အက်ိဳးဆက္ကို ၾကံဳေတြ႕ေနရပါုပီ။ ဒီအခက္အခဲကို ကၽြန္ေတာ္ တို႔ရဲ့ ေရေပၚစိုက္ပ်ိဳးေမြးျမဴေရးျခံ နည္းစနစ္နဲ႔ ေက်ာ္လႊားနိုင္ဖိုံ ရည္ရြယ္ထား ပါတယ္။ ကၽြန္ေတာ္တို႔ရဲ့ ေရေပၚစိုက္ပ်ိဳးေမြးျမဴေရးျခံ နည္းစနစ္ဟာ အနာဂက္မွာ ေျမဆီလႊာ ကိုမသံုးစြဲပဲ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းေတြကို အေကာင္အထည္ေဖာ္သြားနိုင္ဖို႔လည္း ရည္ရြယ္ထားပါတယ္။

VIDEO

ျဖစ္ေစခ်င္တာကေတာ့ ကမာၻထိပ္သီးေခါင္းေဆာင္ေတြ အေနနဲ႔ ကၽြန္ေတာ္တို႔ရဲ့ ေရေပၚစိုက္ပ်ိဳးေမြးျမဴေရးၿခံ နည္းစနစ္ကို အေကာင္းဘက္ကျမင္ျပီး လက္တြဲေခၚေဆာင္ေပးၾကဖို႔ပါ။ ဒါမွ ကၽြန္ေတာ္တို႕ရဲ့ အစီစဥ္ကို ကမာၻၿမိဳ႕ေတာ္ၾကီးေတြ မွာအေကာင္အထည္ေဖာ္ေဆာင္ရြက္နိုင္မွာပါ။ မၾကာေသးခင္ကေတာ့ စင္ကာပူနိုင္ငံ က ကၽြန္ေတာ္တို႔နဲ႔လက္တြဲၿပီးလုပ္ေဆာင္ဖုိ႔ ဖိတ္ေခၚထားပါတယ္။ ၿပီးေတာ့  ၂၀၂၀ တိုက်ိဳအိုလံပစ္ပြဲေတာ္မွာ လာေရာက္ၾကတဲ့ အားကစားသမားေတြ အတြက္ လတ္ဆတ္သန္႔ရွင္းလွတဲ့ သဘာဝ အဟာရေတြကို ေထာက္ပ့ံဖို႔ အားကစားေကာ္မတီကလည္း အက်ိဳးတူပူးေပါင္းဖို႔ ဖိတ္ေခၚထားပါတယ္။ ဒါ့အျပင္ အလယ္အေမရိက က Nicaragua အစိုးရကလည္း ညစ္ညမ္းေနၿပီျဖစ္တဲ့ ၿမဳိ႕ေတာ္၀န္းက်င္က ေရအုိင္ေတြကို သန္႔ရွင္းေပးမယ့္နည္းစနစ္ကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ေပးဖို႔ ကြ်န္ေတာ္တုိ႔ကုိ ဖိတ္ေခၚထားပါတယ္” လို႔ Peter Van Wingerdenက အတည္ျပဳေျပာၾကားခဲ့ပါတယ္။

သုတဇုန္

———————

နည်းပညာမြင့် ကမ္ဘာ့ပထမဆုံး ရေပေါ်နွားခြံ (unicode)

ဥရောပတိုက်က နယ်သလန်အခြေစိုက် စားသောက်ကုန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Belado ကတော့ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့၊ရိုသာဟန်မြို့မှာ ကမ္ဘာပထမဆုံးသော ရေပေါ် မွေးမြူရေးခြံတစ်ခုကိုတည်ဆောက်ဖွင့်လှစ်ဖို့ တရားဝင်ကြေငြာခဲ့ပါတယ်။ ကမ္ဘာမြေကြီးက ပေးအပ်ထားတဲ့ သယံဇာတတွေကို နည်းပညာနဲ့ပေါင်းစပ်ပြီး မြေပြင် ကမွေးမြူရေး ခြံတစ်ခြံပမာ ဖန်တီးခဲ့တဲ့ဒီနည်းဟာ မျက်မှောက်ခေတ်မှာကြုံတွေ့နေ ရတဲ့ စိုက်ပျိုး/မွေးမြူရန်မြေဧရိယာ မရှိသလောက် ရှားပါးတဲ့အခက်အခဲကို အကောင်းဆုံးကျော်ဖြတ်နိုင်တော့မယ့်သိပ္ပံနည်းပညာဆိုင်ရာအနာဂက်ခြေလှမ်းလည်းဖြစ်ကောင်း၊ဖြစ်နိုင်ပါတယ်။

အလွန်ရှည်လျားတဲ့ဝမ်းပြားရေယာဉ်ပေါ်မှာ မြေမဲ့စိုက်ပျိုးခြင်းနည်းပညာ (Hydroponic)နည်းအတိုင်း ပြုလုပ်ထားတဲ့ ရေပေါ်စိုက်ခင်းတွေပါတဲ့ မွေးမြူရေးခြံဟာ နယ်သာလန်နိုင်ငံရဲ့ စိုက်ပျိုး/မွေးမြူရေးကဏ္ဍကို များစွာ အထောက်အကူပြုပေးနိုင်မယ်လို့ ပညာရှင်တွေက ယုံကြည်နေကြပါတယ်။ ရေပေါ်မှာပေါ်နေတဲ့ မွေးမြူရေးခြံဆိုတဲ့အချက်နဲ့တင် လူအများစုရဲ့ အာရုံစိုက်မှုကို များစွာ ခံယူနေရတဲ့ အဲဒီ ခြံဟာ သမရိုးကျ မြေပေါ်မှာရှိနေတဲ့မွေးမြူရေးခြံတွေနဲ့ ဘယ်လို ကွဲပြားမှုရှိနေသလဲနဲ့ အနာဂတ်မှာ တောက်လျောက်စခန်းသွားလို့ ဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းတွေဟာလည်း မရှေးမနှောင်းမှာပဲ ပေါ်ထွက်လာခဲ့ပါတယ်။

အဲဒီရေပေါ် မွေးမြူရေးခြံကို စတင်ဖန်တီးခဲ့တဲ့ ကုမ္ပဏီကတော့ နယ်သာလန်နိုင်ငံ အခြေစိုက်လယ်ယာ မွေးမြူရေးလုပ်ငန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Belado ကဖြစ်ပြီး ရေပေါ်မွေးမြူရေးခြံလို့အမည်ရတဲ့ပရောဂျက်တစ်ခုကိုရေးဆွဲအကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ယခုဖွင့်လှစ်တော့မဲ့ ရေပေါ်မွေးမြူရေးခြံဟာ နွားအကောင်(၄၀)လောက် ကိုခြံသွင်းမွေးမြူနိုင်မှာဖြစ်ပါတယ်။ အဲဒီနို့စားနွားတွေကတစ်ဆင့် တစ်နေ့ကို နွားနို့ (၈၀၀) Liters လောက်ထုတ်လုပ်နိုင်မှာလည်းဖြစ်ပါတယ်။

Belado ကုမ္ပဏီအနေနဲ့ ရိုသာဟန်ဆိပ်ကမ်းမြို့က မြို့တော်ဧရိယာအတွင်းမှာပဲ အဲဒီရေ ပေါ်မွေးမြူရေးခြံကို ဖန်တီးခဲ့ရတဲ့အကြောင်းရင်းကတော့ နည်းပညာသစ်ရဲ့ ပထမဆုံး ခြေလှမ်းကို လူသိများစေလိုတဲ့ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။ မြို့ပြစိုက်ပျိုး/မွေးမြူရေးကို အကောင်အထည်ဖော်လိုပြီး တစ်ဖက်ကလည်း ရိုသာဟန်ဆိပ်ကမ်းဟာ သဘာဝပထဝီဝင် အနေအထားအရ ဟာရီကိန်းစတဲ့ မုန်တိုင်း ဒဏ်ကို အကာအကွယ်ပေးနိုင်တဲ့ ဒေသဖြစ်တာကြောင့်လည်း ဖြစ်ပါတယ်။

မြို့ပြစိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အကောင်အထည်ဖော်ဖို့ တပ်လှန့်လိုက်ခြင်းလား ရေပေါ်စိုက်ပျိုး/မွေးမြူရေးလုပ်ငန်း အစီအစဉ်ဟာမြို့ပြ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အကောင် အထည်ဖော်ရန်ကြိုးပမ်းမှုဖြစ်တာကြောင့် တစ်ဖက်ကလည်း ဒါဟာသမရိုးကျဖြစ်စဉ် မဟုတ်တာကြောင့် တိုးချဲ့ဆောင်ရွက်ဖို့ မသင့်တော်တဲ့ အစီစဉ်ဖြစ်ကြောင်း ထောက်ပြ ပြောဆိုကြပါတယ်။ (ကမ္ဘာမြို့တော် အတော်များများက မြို့တော်နယ်နိမိတ်အတွင်း စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို မပြုလုပ်ဖို့ ဥပဒေအရ တားမြစ်ထားပါ တယ်။) တစ်ဖက်ကလည်း ဒါဟာ တစ်နေ့တစ်ခြား များပြားလာတဲ့ ကမ္ဘာလူဦးရေ အတွက် လိုအပ်တဲ့အစာအဟာရကို အကောင်းဆုံးအထောက်အကူ ပေးနိုင်မှာ ဖြစ်ပြီး အနာဂက်မှာ ယှဉ်ဆိုင်လာရနိုင်တဲ့ အစားအဟာရ ပြတ်တောက်မှု ဖြစ်စဉ်တွေကို ဖြေရှင်းဖို့ အကောင်းဆုံး အဖြေဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

Belardo ကုမ္ပဏီက ရေပေါ်မွေးမြူရေးလုပ်ငန်းအစီစဉ်ကို ဦးဆောင်ရေးဆွဲခဲ့တဲ့ ဟော်လန်လူမျိုး Peter Van Wingerden ကတော့ ကျွန်တော်တို့ရဲ့ ရေပေါ်မွေးမြူရေးလုပ်ငန်းတွေကနေတစ်ဆင့် တစ်နှစ်ကို နွားနို့ (၃၂၀၀၀၀) Liters နဲ့ ကြက်ဥ/ဘဲဥ တစ်နေ့ကို အလုံးပေါင်း(၇၀၀၀)လောက်ထုတ်လုပ်နိုင်မှာပါ။ ဒါအပြင် မြေမဲ့စိုက်ပျိုးမှုနည်းစနစ်သုံး စိုက်ခင်းတွေကလည်း တစ်နှစ်ကို ဟင်းသီးဟင်းရွက် တန်ချိန် သန်းနဲ့ချီပြီးထုတ်လုပ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီထက်ပိုများတဲ့ ပမာဏကိုထုတ်လုပ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။

ပြောချင်တာက တော့ အခြေခံလိုအပ်ချက်ဖြစ်တဲ့အစားအသောက်ကို ရိုသာဟန်မြို့တော်တွင်းကပဲ ထုတ်လုပ်ပေးနိုင်မှာဖြစ်လို့မြို့တော်တာဝန်ရှိသူတွေအနေနဲ့ အခြားသောနယ်ပယ်တွေမှာ ပိုမိုအားစိုက်ထုတ်လို့ ရမှာပါ။ ရိုသာဟန်မြို့ဟာ ကျွန်တော်တို့ရဲ့ ရေပေါ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အခြေချဖို့အကောင်းဆုံးနေရာ ဖြစ်လို့ ရွေးချယ်ခဲ့ တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့အစီစဉ်ဟာ အာရှနဲ့ အာဖရိကတိုက်တွေမှာတော့ ပိုမို သင့်တော်ပါလိမ့်မယ်။ များမကြာမီကာလတွေမှာလည်း ငတ်မွတ်ခေါင်းပါးမှု များစွာ ဖြစ်နေတဲ့ အာရှနဲ့ အာဖရိကတိုက်တွေဆီ ရေပေါ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအစီစဉ် တွေကို သယ်ဆောင်သွားန်ိုင်မယ်လို့ မျှော်လင့်ပါကြောင်း Holland Herald သတင်းဌာ နနဲ့ တွေ့ဆုံခန်းမှာ Peter Van Wingerdenက ပြောကြားခဲ့တာပါ။

သူကပဲဆက်လက်ပြီး “ကမ္ဘာနိုင်ငံတွေအားလုံးဟာ စီးပွားရေးနဲ့ နည်းပညာ ကဏ္ဍမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မှီတည်နေတာကိုတွေ့မြင်ရမှာဖြစ်ပြီး အထူးသဖြင့်အိမ်နီးချင်း နိုင်ငံ တွေရဲ့ တိုးတက်မှုအနည်း/အများဟာ ပတ်ဝန်းကျင်နိုင်ငံတွေအပေါ်များစွာ ရိုက်ခတ် မှုရှိနေတာကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။အထူးသဖြင့် တစ်နေ့တစ်ခြား တိုးတက် လာတဲ့ လူဦးရေကြောင့် စိုက်ပျိုးရေးနည်းစနစ်တွေကို နည်းပညာနဲ့ ယှဉ်တွဲပြီး အထွက်တိုးလာအောင် ပြုလုပ်လာကြတာကိုတွေ့ရပါတယ်။ စိုက်ပျိုးမြေဧရိယာ ကိုနေရာ အနှံ့ ချဲ့ထွင်လာခဲ့ရာ အချိန်ကာလကြာလာတာနဲ့အညီ သစ်တောဧရိယာ တွေရှားပါးလာတဲ့ ဘက်ကိုရောက်သွားပါလိမ့်မယ်။

ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကြောင်း တစ်ရပ်ဖြစ်တဲ့ သစ်တောတွေ ပြုန်းတီးလာမှုဟာ ယခုဆိုရင် အတော်လေးကို ဆိုးရွား နေပြီဖြစ်ပါတယ်။ အထူးသဖြင့် အာရှနဲ့ အာဖရိကက ဆင်းရဲတဲ့ နိုင်ငံ အတော်များများ မှာ သစ်တောပြုန်းတီးမှု အကျိုးဆက်ကို ကြုံတွေ့နေရပါုပီ။ ဒီအခက်အခဲကို ကျွန်တော် တို့ရဲ့ ရေပေါ်စိုက်ပျိုးမွေးမြူရေးခြံ နည်းစနစ်နဲ့ ကျော်လွှားနိုင်ဖိုံ ရည်ရွယ်ထား ပါတယ်။ ကျွန်တော်တို့ရဲ့ ရေပေါ်စိုက်ပျိုးမွေးမြူရေးခြံ နည်းစနစ်ဟာ အနာဂက်မှာ မြေဆီလွှာ ကိုမသုံးစွဲပဲ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်သွားနိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။

ဖြစ်စေချင်တာကတော့ ကမ္ဘာထိပ်သီးခေါင်းဆောင်တွေ အနေနဲ့ ကျွန်တော်တို့ရဲ့ ရေပေါ်စိုက်ပျိုးမွေးမြူရေးခြံ နည်းစနစ်ကို အကောင်းဘက်ကမြင်ပြီး လက်တွဲခေါ်ဆောင်ပေးကြဖို့ပါ။ ဒါမှ ကျွန်တော်တို့ရဲ့ အစီစဉ်ကို ကမ္ဘာမြို့တော်ကြီးတွေ မှာအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာပါ။ မကြာသေးခင်ကတော့ စင်ကာပူနိုင်ငံ က ကျွန်တော်တို့နဲ့လက်တွဲပြီးလုပ်ဆောင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ပြီးတော့  ၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော်မှာ လာရောက်ကြတဲ့ အားကစားသမားတွေ အတွက် လတ်ဆတ်သန့်ရှင်းလှတဲ့ သဘာဝ အဟာရတွေကို ထောက်ပံ့ဖို့ အားကစားကော်မတီကလည်း အကျိုးတူပူးပေါင်းဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒါ့အပြင် အလယ်အမေရိက က Nicaragua အစိုးရကလည်း ညစ်ညမ်းနေပြီဖြစ်တဲ့ မြို့တော်ဝန်းကျင်က ရေအိုင်တွေကို သန့်ရှင်းပေးမယ့်နည်းစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ထားပါတယ်” လို့ Peter Van Wingerdenက အတည်ပြုပြောကြားခဲ့ပါတယ်။

Leave a Reply