အေမရိကန္ရဲ႕ အေကာင္းဆုံးအထူးတပ္ဖြဲ႔ ေနဗီဆီးလ္ အဖြဲ႔ ၆

Posted on

ေရးသားသူ – ေအာင္ခမ္း

ပံုမွာ ျပထားတာကေတာ့ ရုပ္ရွင္ထဲက Navy SEAL ပါ။ တကယ့္ အျပင္မွာ အိုစမာဘင္လာဒင္ကို တိုက္ခိုက္ႏိွမ္ႏွင္းသြားတဲ့ Navy SEAL နဲ႔ Team 6 တို႔ရဲ ႔ အခ်က္အလက္အခ်ိဳ ႔က ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

– Navy SEALs ကို အေမရိကန္သမၼတ John F. Kennedy မွ ၁၉၆၂ ခုႏွစ္မွ စတင္ ဖန္တီးခဲ့ပါတယ္။ အေမရိကန္မွ အေတာ္ဆံုး ကြန္မန္ဒိုစစ္သားမ်ား ေမြးထုတ္ေပးျပီး စစ္ပြဲေတြမွာ အသံုးျပဳဖို႔ ျဖစ္ပါတယ္။

– ဒုတိယကမၻာစစ္ကို အေျခခံ ဖြဲ႔စည္းခဲ့သည့္ အေမရိကန္ေရတပ္၏ အမ်ဳိးသားမ်ားသာ ပါ၀င္ခြင့္ရွိေသာ အထူး တပ္ဖြဲ႔ျဖစ္သည္။

– SEAL ရဲ ႔ အနက္ကေတာ့ Sea-Air-Land ျဖစ္ျပီး ေရေၾကာင္း ၊ ေလေၾကာင္း၊ ေျမေၾကာင္း စစ္ေၾကာင္း သံုးေၾကာင္းလံုးကို ပိုင္ႏိုင္တဲ့ စစ္သားမ်ား လို႔ ဆုိလိုျခင္း ျဖစ္ပါတယ္။ တိုက္ေလယာဥ္ေမာင္းႏိုင္တယ္၊ စစ္သေဘၤာ၊ ေရငုပ္သေဘာ္၊ ကုန္းေပၚ စက္ယႏၱရား အစံုအလင္ အသံုးျပဳႏိုင္ျပီး စစ္စြယ္စံုက်မ္းလို႔ေတာင္ နာမည္ေျပာင္ ေပးထားပါတယ္။

– ယေန႔အခ်ိန္အထိ Navy SEAL အဖြဲ႔မွာ တပ္သား အင္အား ၃ေထာင္ ရွိပါတယ္။ စံုဂဏန္းတပ္သားမ်ားကို ဗာဂ်ီနီးယားကမ္းေျခ၊ မဂဏန္း တပ္သား မ်ားကို ေကာ္ရြန္နဒိုမွာ ထားပါတယ္။

– ကမၻာအႏွံ႔ စစ္ဆင္ႏုိင္ၿပီး CIA အတြက္ ေအးဂ်င့္အျဖစ္ Navy Seals တပ္ဖြဲ႔၀င္မ်ားထဲမွ ေရြးခ်ယ္ေလ့ရွိပါတယ္။

-ဗီယက္နမ္စစ္အတြင္း CIA ႏွင့္ Navy Seals မ်ား ပူးတြဲစစ္ဆင္ေရးမ်ားစြာ ျပဳလုပ္ခဲ့ပါတယ္။

– Navy Seal ေလ့က်င့္သင္တန္းဟာ အေျပး ၊ ေရငုပ္ ၊ တာေ၀းေရကူး ၊ ေရကူးနည္းေပါင္းစုံ ၊ ရာဘာေလွကုိထမ္းကာ ၁၃မုိင္လမ္းေလွ်ာက္တဲ့ခရီး ၊ ၁၅ေပအျမင့္မွ နည္းစနစ္မွန္မွန္ခုန္ခ်ျခင္း ၊ ၁၂မုိင္ခရီးကို ၁မုိင္ ၈မိနစ္စံခ်ိန္ရေအာင္ေျပးရျခင္း ၊ ရြံပုပ္ေတြထဲမွာ တြားသြားျခင္း စသည္ျဖင့္ ၾကမ္းတမ္းခက္ခဲတဲ့ ေလ့က်င့္ခန္းေတြကိုေလ့က်င့္ရပါတယ္။ ေလ့က်င့္ခန္းအကုန္ၿပီး လုိ႔ စံခ်ိန္မီမွာမွ သင္တန္းသားအျဖစ္ စတင္သတ္မွတ္ပါတယ္။ အဲဒီေနာက္ေတာ့ အထူးတုိက္ခုိက္ေရးသင္တန္းကို ၄လၾကာတက္ေရာက္ရပါတယ္။

– Seal Team Six ကို ၁၉၈၀ ခုႏွစ္က အီရန္ႏိုင္ငံက အေမရိကန္ ဓားစားခံမ်ားအား ကယ္ဆယ္ဖို႔အတြက္ Eagle Claw စစ္ဆင္ေရးကာလအတြင္း(၁၉၇၉ခုႏွစ္)မွာ စတင္ဖြဲ႔စည္းခဲ့ပါတယ္။

– Seal Team Six ရဲ႕ ဌာနခ်ဳပ္ကေတာ့ အေမရိကန္ ဗာဂ်ီးနီးယားျပည္နယ္ ဗာဂ်ီးနီးယားကမ္းေျခ Dam Neck Annex မွာ တည္ရွိပါတယ္။

– Team 6 ဟာ သမုိင္းမွာ ေရေၾကာင္းစစ္ဆင္ေရးမ်ားျပီး ၂၀၀၁ ေနာက္ပိုင္းက်ေတာ့ အီရတ္နဲ႔ အာဖဂန္တို႔မွာပါ ပါဝင္လာပါတယ္။

– Team 6 ရဲ ႔ တည္ရွိမွုကို ပင္တဂြန္နဲ႔ အိမ္ျဖဴေတာ္ ကိုေတာင္ ေတာ္ရံုလူ ေပးမသိပါဘူး။ အိုစမာဘင္လာဒင္ကို ႏွိမ္ႏွင္းျပီးမွ Team 6 ရွိတာကို အားလံုး သတိထားမိ လာခဲ့ၾကပါတယ္။

– Team 6 ကို စတင္ဖြဲ႔စည္းခဲ့ခ်ိန္မွာ အဖြဲ႔၀င္ ၉၀ သာရွိေပမယ့္  လက္ရွိမွာေတာ့ တာဝန္ထမ္းေဆာင္ေသာ စစ္သား အေယာက္ ၃၀၀ ဝန္းက်င္ရွိေနၿပီျဖစ္ၿပီး အားလုံးဟာ အသက္ ၂၀ နဲ႔ ၃၀ၾကားအရြယ္ေတြ ျဖစ္ ပါတယ္။ ေခတ္အဆက္ ဆက္လည္း ယင္းအင္အားေလာက္သာ ထားရွိပါတယ္။

– Team 6 ဟာ အျခားေသာ Seal 1,2,3 အစရွိသျဖင့္မ်ားထက္ ျပင္းထန္ေသာ ေလ့က်င့္မႈမ်ားကို ခံယူရပါတယ္။ ဥပမာ – ေလအျမင့္ ေပ ၃ေသာင္းမွ ေအာက္စီဂ်င္ဘူးနဲ႔ ခံုခ်ရတာမ်ိဳး၊ ပင္လယ္မွာ ေရကူးခိုင္းတာမ်ိဳးေလာက္ထိကို ၾကမ္းပါတယ္။

– လက္ရွိ အဖြဲ႔ ၁၀ ခုမွာ Team 6 ဟာ နာမည္အၾကီးဆံုး၊ အေတာ္ဆံုး အေမရိကန္ ကြန္မန္ဒိုမ်ားအျဖစ္ အသိအမွတ္ျပဳ ခံထားရေၾကာင္း သိရပါတယ္။

VIDEO

Ref: Warfacts
ေအာင္ခမ္း (ရိုးရာေလး)

—————

အမေရိကန်ရဲ့ အကောင်းဆုံးအထူးတပ်ဖွဲ့ နေဗီဆီးလ် အဖွဲ့ ၆ (unicode)

ရေးသားသူ – အောင်ခမ်း(ရိုးရာလေး)

ပုံမှာ ပြထားတာကတော့ ရုပ်ရှင်ထဲက Navy SEAL ပါ။ တကယ့် အပြင်မှာ အိုစမာဘင်လာဒင်ကို တိုက်ခိုက်နှိမ်နှင်းသွားတဲ့ Navy SEAL နဲ့ Team 6 တို့ရဲ့ အချက်အလက်အချို့က အောက်ပါအတိုင်း ဖြစ်ပါတယ်။

– Navy SEALs ကို အမေရိကန်သမ္မတ John F. Kennedy မှ ၁၉၆၂ ခုနှစ်မှ စတင် ဖန်တီးခဲ့ပါတယ်။ အမေရိကန်မှ အတော်ဆုံး ကွန်မန်ဒိုစစ်သားများ မွေးထုတ်ပေးပြီး စစ်ပွဲတွေမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။

– ဒုတိယကမ္ဘာစစ်ကို အခြေခံ ဖွဲ့စည်းခဲ့သည့် အမေရိကန်ရေတပ်၏ အမျိုးသားများသာ ပါဝင်ခွင့်ရှိသော အထူး တပ်ဖွဲ့ဖြစ်သည်။

– SEAL ရဲ့ အနက်ကတော့ Sea-Air-Land ဖြစ်ပြီး ရေကြောင်း ၊ လေကြောင်း၊ မြေကြောင်း စစ်ကြောင်း သုံးကြောင်းလုံးကို ပိုင်နိုင်တဲ့ စစ်သားများ လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ တိုက်လေယာဉ်မောင်းနိုင်တယ်၊ စစ်သင်္ဘော၊ ရေငုပ်သဘော်၊ ကုန်းပေါ် စက်ယန္တရား အစုံအလင် အသုံးပြုနိုင်ပြီး စစ်စွယ်စုံကျမ်းလို့တောင် နာမည်ပြောင် ပေးထားပါတယ်။

– ယနေ့အချိန်အထိ Navy SEAL အဖွဲ့မှာ တပ်သား အင်အား ၃ထောင် ရှိပါတယ်။ စုံဂဏန်းတပ်သားများကို ဗာဂျီနီးယားကမ်းခြေ၊ မဂဏန်း တပ်သား များကို ကော်ရွန်နဒိုမှာ ထားပါတယ်။

– ကမ္ဘာအနှံ့ စစ်ဆင်နိုင်ပြီး CIA အတွက် အေးဂျင့်အဖြစ် Navy Seals တပ်ဖွဲ့ဝင်များထဲမှ ရွေးချယ်လေ့ရှိပါတယ်။

-ဗီယက်နမ်စစ်အတွင်း CIA နှင့် Navy Seals များ ပူးတွဲစစ်ဆင်ရေးများစွာ ပြုလုပ်ခဲ့ပါတယ်။

– Navy Seal လေ့ကျင့်သင်တန်းဟာ အပြေး ၊ ရေငုပ် ၊ တာဝေးရေကူး ၊ ရေကူးနည်းပေါင်းစုံ ၊ ရာဘာလှေကိုထမ်းကာ ၁၃မိုင်လမ်းလျှောက်တဲ့ခရီး ၊ ၁၅ပေအမြင့်မှ နည်းစနစ်မှန်မှန်ခုန်ချခြင်း ၊ ၁၂မိုင်ခရီးကို ၁မိုင် ၈မိနစ်စံချိန်ရအောင်ပြေးရခြင်း ၊ ရွံပုပ်တွေထဲမှာ တွားသွားခြင်း စသည်ဖြင့် ကြမ်းတမ်းခက်ခဲတဲ့ လေ့ကျင့်ခန်းတွေကိုလေ့ကျင့်ရပါတယ်။ လေ့ကျင့်ခန်းအကုန်ပြီး လို့ စံချိန်မီမှာမှ သင်တန်းသားအဖြစ် စတင်သတ်မှတ်ပါတယ်။ အဲဒီနောက်တော့ အထူးတိုက်ခိုက်ရေးသင်တန်းကို ၄လကြာတက်ရောက်ရပါတယ်။

– Seal Team Six ကို ၁၉၈၀ ခုနှစ်က အီရန်နိုင်ငံက အမေရိကန် ဓားစားခံများအား ကယ်ဆယ်ဖို့အတွက် Eagle Claw စစ်ဆင်ရေးကာလအတွင်း(၁၉၇၉ခုနှစ်)မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

– Seal Team Six ရဲ့ ဌာနချုပ်ကတော့ အမေရိကန် ဗာဂျီးနီးယားပြည်နယ် ဗာဂျီးနီးယားကမ်းခြေ Dam Neck Annex မှာ တည်ရှိပါတယ်။

– Team 6 ဟာ သမိုင်းမှာ ရေကြောင်းစစ်ဆင်ရေးများပြီး ၂၀၀၁ နောက်ပိုင်းကျတော့ အီရတ်နဲ့ အာဖဂန်တို့မှာပါ ပါဝင်လာပါတယ်။

– Team 6 ရဲ့ တည်ရှိမှုကို ပင်တဂွန်နဲ့ အိမ်ဖြူတော် ကိုတောင် တော်ရုံလူ ပေးမသိပါဘူး။ အိုစမာဘင်လာဒင်ကို နှိမ်နှင်းပြီးမှ Team 6 ရှိတာကို အားလုံး သတိထားမိ လာခဲ့ကြပါတယ်။

– Team 6 ကို စတင်ဖွဲ့စည်းခဲ့ချိန်မှာ အဖွဲ့ဝင် ၉၀ သာရှိပေမယ့်  လက်ရှိမှာတော့ တာဝန်ထမ်းဆောင်သော စစ်သား အယောက် ၃၀၀ ဝန်းကျင်ရှိနေပြီဖြစ်ပြီး အားလုံးဟာ အသက် ၂၀ နဲ့ ၃၀ကြားအရွယ်တွေ ဖြစ် ပါတယ်။ ခေတ်အဆက် ဆက်လည်း ယင်းအင်အားလောက်သာ ထားရှိပါတယ်။

– Team 6 ဟာ အခြားသော Seal 1,2,3 အစရှိသဖြင့်များထက် ပြင်းထန်သော လေ့ကျင့်မှုများကို ခံယူရပါတယ်။ ဥပမာ – လေအမြင့် ပေ ၃သောင်းမှ အောက်စီဂျင်ဘူးနဲ့ ခုံချရတာမျိုး၊ ပင်လယ်မှာ ရေကူးခိုင်းတာမျိုးလောက်ထိကို ကြမ်းပါတယ်။

– လက်ရှိ အဖွဲ့ ၁၀ ခုမှာ Team 6 ဟာ နာမည်အကြီးဆုံး၊ အတော်ဆုံး အမေရိကန် ကွန်မန်ဒိုများအဖြစ် အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။

Ref: Warfacts
အောင်ခမ်း (ရိုးရာလေး)

Leave a Reply