ဆာမူရိုင္းတုိ႔ရဲ႕ စိတ္ဓါတ္ နဲ႔ ဂ်ပန္ႏုိင္ငံ

Posted on

ေရးသားသူ – ကိုေဇာ္မင္း

သမုိင္းမွတ္တမ္းမ်ားအရ ဂ်ပန္ႏုိင္ငံရဲ့ အေျပာင္းအလဲေတြကို စတင္ခဲ့တဲ့ မီဂ်ီေခတ္ဟာ ျမန္မာႏုိင္ငံက မင္းတုန္းမင္း ေခတ္နဲ႔ ေခတ္ၿပိဳင္ေတြလို႔ ေျပာႏုိင္ပါတယ္။ အဲသည့္ေနာက္ပုိင္း ႏွစ္မ်ားမွာေတာ့ ဂ်ပန္ႏုိင္ငံဟာ အေမရိကန္ေတြရဲ့ အကူအညီေၾကာင့္ အာရွတုိက္မွာ ပထမဆုံး စက္မႈထြန္းကားၿပီး တုိးတက္ခ်မ္းသာတဲ့ ႏုိင္ငံတခု ျဖစ္လာခဲ့ပါတယ္။

ဒီေနရာမွာ ေျပာခ်င္တဲ့ အဓိက အေၾကာင္းကေတာ့ ဂ်ပန္ေတြရဲ့ ဆာမူရုိင္း စိတ္ဓာတ္ဆိုတာ ျဖစ္ပါတယ္။ ဆာမူရုိင္း စိတ္ဓာတ္ ဆိုတာဘာလဲ။ ဘယ္သူေတြ က်င့္သံုးတာလဲ။ ဘယ္သူ႔အတြက္လဲ။

ေရွးထံုးတမ္းစဥ္လာအရ ဆာမူရုိင္းျဖစ္ဖို႔ဆိုရင္ ဆာမူရုိင္းမ်ဳိးရိုးက ဆင္းသက္ဖို႔လိုပါတယ္။ လယ္သမားတဦးဟာ ဆာမူရုိင္း ျဖစ္ခ်င္လုိ႔မရပါ။ လယ္သမားဟာ လယ္သမားမ်ဳိးရိုးကိုပဲ ပုိင္ဆုိင္ပါတယ္။ ထို႔အတူ အထည္ခ်ဳပ္တဲ့သူ၊ အိုးခြက္လုပ္တဲ့သူ ေတြ ဟာလည္း ဆာမူရုိင္းျဖစ္ခ်င္လို႔ မရပါ။ ဆိုလိုျခင္တာကေတာ့ ကုိယ့္ဟာ့ကိုယ္ ေလ့က်င့္တာ ေကာင္းလို႔ ဓါးခုတ္ ေကာင္းတာနဲ႔ ဆာမူရုိင္းျဖစ္ခ်င္လို႔ မရဖူးလို႔ ဆိုလုိခ်င္တာျဖစ္ပါတယ္။

စက္မႈထြန္းကားလာတာနဲ႔အမွ် ေနာက္ပုိင္းမွာ ဂ်ပန္အုပ္စိုးသူ လူတန္းစားဟာ စက္မႈလုပ္ငန္းအတြက္ အရင္းအျမစ္ ေတြလိုလာ ပါတယ္။ သံ၊ ေက်ာက္မီးေသြး၊ ေရနံ အစရိွတဲ့ ပစၥည္းေတြက မရိွမျဖစ္လိုလာပါတယ္။ အဲသည့္ အရင္းအ ျမစ္ေတြကို သူ႔ထက္ စက္မႈေစာၿပီး ထြန္းကားေနတဲ့ အေနာက္ႏုိင္ငံေတြကေနတဆင့္ ဝယ္ယူရင္ ေစ်းႀကီးလွပါတယ္။ ဒါ ေၾကာင့္ ဂ်ပန္ဟာ အာရွ တုိက္အတြင္းမွာပဲ နီးနီးနားနား လိုအပ္တဲ့ အရင္းအျမစ္မ်ားကို ရွာေဖြရပါတယ္။ သို႔ေသာ္ အဂၤလိပ္၊ ျပင္သစ္နဲ႔ ဒပ္ခ်္ေတြက အာရွႏုိင္ငံအေတာ္မ်ားမ်ားကို ကိုလိုနီ လုပ္ထားၿပီး ျဖစ္ေလတာ့ အဲသည့္နယ္ေတြမွာ ဝင္စြက္ဖက္ ဖို႔ဆိုတာ ဂ်ပန္အတြက္ မလြယ္ကူပါ။ သို႔ေသာ္ အဲသည့္အခ်ိန္မွာ ဂ်ပန္ေတြအတြက္ ဝင္ေရာက္ စြက္ဖက္ဖို႔ ကိုလုိနီလုပ္ဖို႔ အလြယ္ဆံုး ေဒသကေတာ့ မန္းခ်ဴးကိုးေဒသ အပါအဝင္ တရုတ္ျပည္ႀကီး ျဖစ္ပါတယ္။ ေနာက္တႏုိင္ငံကေတာ့ သူတို႔နဲ႔ အနီးဆံုးမွာ တည္ရိွေနတဲ့ ကိုရီးယားႏုိင္ငံပဲ ျဖစ္ပါတယ္။ အဲသလို ဝင္ေရာက္ခ်ယ္လွယ္ဖို႔ တဖက္မွာလည္း အင္အား ေကာင္းတဲ့ ေခတ္မီွစစ္တပ္ႀကီးတခု လိုလာပါတယ္။

ဂ်ပန္ႏုိင္ငံဟာ စက္မႈထြန္းကားလာတဲ့ ေခတ္ဦးကတဲက အေနာက္ႏုိင္ငံမ်ား ပံုစံအတုိင္း ၾကည္းတပ္၊ ေရတပ္ေတြ ထူေထာင္ ၿပီးသား ျဖစ္ေနပါတယ္။ အဲတာေၾကာင့္ ၁၉ဝ၄-၁၉ဝ၅ ခုႏွစ္မွာ ရုရွားဇာဘုရင္နဲ႔ စစ္ျဖစ္ေတာ့ ရုရွားေရတပ္ကို ေခ်မႈန္း ေအာင္ျမင္ခဲ့ပါတယ္။ အဲသည့္အက်ဳိးဆက္ေၾကာင့္ ဂ်ပန္ေတြဟာ မိမိကိုယ္ကို ယံုၾကည္မႈ ျမင့္မားလာခဲ့ပါတယ္။

ဆာမူရုိင္းစိတ္ဓာတ္ကို ျပန္ေကာက္ရမယ္ဆိုရင္ အၾကမ္းဖ်ဥ္းအားျဖင့္ ဆာမူရုိင္းဆိုတာ ရန္သူကိုတုိက္ရင္းနဲ႔ အသက္သာ အေသခံမယ္ လက္နက္ခ် ဒူးေထာက္ျခင္း မျပဳရဖူးဆိုတဲ့ စိတ္ဓာတ္မ်ဳိးကို ဆိုလုိတာပါ။ သို႔ေသာ္ အျခား ေျမာက္မ်ားလွတဲ့ ေကာင္းမြန္တဲ့ ဆာမူရုိင္း က်င့္စဥ္မ်ားလည္း ရိွပါေသးတယ္။ ဒီလို စိတ္ဓာတ္က်င့္စဥ္မ်ဳိးဟာ ဆာမူရုိင္းမ်ဳိးရိုး သူရဲေကာင္း ေတြ အတြက္ အလြန္အေရးႀကီးပါတယ္။ ဒီလိုဆာမူရုိင္း စိတ္ဓာတ္နဲ႔က်င့္စဥ္ဟာ လယ္သမား သူဆင္းရဲမ်ဳိးရိုးေတြနဲ႔ လားလားမွ မသက္ဆုိင္ခဲ့ပါ။ ေျပာရရင္ ဆာမူရုိင္း မ်ဳိးရိုးဆိုတာ ေရွးတံုးက ဂ်ပန္ ႏုိင္ငံမွာ ဇတ္ျမင့္လူတန္းစား တရပ္ ျဖစ္ပါတယ္။ ဓား ေခတ္၊ ဒုတ္ေခတ္တံုးက စစ္တုိက္ဖို႔ ဆာမူရုိင္းမ်ား စစ္သား စုေဆာင္းရင္ သာမန္လူတန္းစား ေတြလည္း တဖက္မွာ ပါဝင္ၿပီး တုိက္ခုိက္ရေလ့ ရိွပါတယ္။

အေၾကာင္းေၾကာင္းေတြေၾကာင့္ တဖက္ ဆာမူရုိင္းအုပ္စုက ရံႈးနိမ့္လို႔ ရံႈးတဲ့အုပ္စုဖက္က ေခါင္းေဆာင္ဆာမူရိုင္းဟာ ကိုယ့္ကိုယ္ကို သတ္ေသရင္း သူရဲ့ဂုဏ္သိကၡာကို ထိန္းရပါတယ္။ လယ္သမားမ်ဳိးစစ္မႈထမ္းေတြ ထြက္ေျပးရင္၊ လက္နက္ခ်ရင္ ဆန္းတယ္လို႔ မဆိုႏုိင္ပါ။ သူတို႔က နဂိုကတည္းကက ဆာမူရုိင္းမ်ဳိးရုိးမွ မဟုတ္တာကိုး။ ဆာမူရုိင္း စိတ္ဓာတ္ကို ထိန္းသိမ္း ဖို႔ဆိုတာ သာမန္စစ္သားေတြနဲ႔ မဆုိင္ပါဖူး။ တကယ့္ဆာမူရုိင္းေတြလို အရံႈးနဲ႔ရင္ဆုိင္ရလို႔ သူမ်ားဆီမွာ ဒူးမေထာက္ခ်င္လို႔ ကိုယ့္ကိုယ္ကို သတ္ေသတာမ်ဳိးလဲ လုပ္ဖို႔ မလုိအပ္ပါ။

ေခတ္မီစစ္တပ္ ဖြဲ႔လာရၿပီဆိုေတာ့ စစ္ထဲမွာ ပါလာတဲ့ စစ္သားအမ်ားစုဟာ လယ္သမား မ်ဳိးရိုးေတြ ျဖစ္ပါတယ္။ အဲသည္ေတာ့ ဆာမူရုိင္းမ်ဳိးရိုး စစ္ေခါင္းေဆာင္ေတြက စဥ္းစားပါတယ္။ သူတို႔စစ္သားေတြအတြက္ စိတ္ဓတ္ေရးရာကို ျမႇင့္တင္ဖို႔ ဘယ္လုိ လုပ္မလဲ ဆိုတာ တြက္ခ်က္ရပါတယ္။ ဒါက စစ္တပ္တခုအတြက္ အေရးႀကီးတာကိုး။

ဒါေၾကာင့္ ၁၉ရာစု မကုန္ခင္ ႏွစ္မ်ားကစလို႔ ေခတ္မီွစစ္တပ္ေတြ စဖြဲ႔ေတာ့ ဒို႔ဂ်ပန္ေတြဟာ သမုိင္းအရ ဆာမူရုိင္း မ်ဳိးရိုး ေတြ ျဖစ္တယ္။ ဒါေၾကာင့္ ဂ်ပန္မွန္ရင္ ဘယ္အမ်ဳိးက ဆင္းသက္ဆင္းသက္ ဆာမူရုိင္းျဖစ္တယ္ ဆိုတဲ့ အုိင္ဒီယာကို ရုိက္သြင္းရ ပါတယ္။ ဆာမူရုိင္းစိတ္ဓာတ္ကို ကုိင္စြဲၿပီး တင္ေနာ္ေဟကာ၊ သို႔မဟုတ္ ဘုရင္မင္းျမတ္နဲ႔ တုိင္းျပည္အတြက္ တုိက္ပြဲဝင္ရ မယ္လို႔ အဲသည့္စိတ္ဓာတ္ကို သြတ္သြင္းလာခဲ့ပါတယ္။ ဆာမူရုိင္းဆိုတာ အသက္ပဲ အေသခံတယ္ လက္နက္မခ်ဖူးဆိုတဲ့ စိတ္ဓာတ္ပါ။ ေရွးတံုးက သာမန္အရပ္သူ အရပ္သားမ်ား၊ လယ္သမားမ်ဳိးရိုးမ်ား မပုိင္ဆုိင္ခဲ့တဲ့၊ မရရိွခဲ့တဲ့ ဆာမူရုိင္းအဆင့္ အတန္းကို လူထုအၾကား ခ်ေပးလိုက္တဲ့ သေဘာပါပဲ။

ဒီလိုနည္းနဲ႔ ဒုတိယ ကမၻာစစ္တံုးက ဂ်ပန္စစ္သားေတြ စစ္တုိက္ရာမွာ သတၱိေကာင္းလြန္းလို႔ အသက္ကို ပဓာနမထားလို႔ အေနာက္ႏုိင္ငံ စစ္တပ္မ်ား ဖိန္႔ဖိန္႔ တုန္ခဲ့ရတာ လူတုိင္းၾကားဖူးပါတယ္။ မဟာမိတ္ စစ္သေဘၤာေတြကို တုိက္ေလယာဥ္နဲ႔ အေသခံၿပီး ထိုးခ်တုိက္ခိုက္ခဲ့တဲ့ ဂ်ပန္ေလသူရဲေတြ အမ်ားအျပား ရိွခဲ့ပါတယ္။ အဲသည့္ေလသူရဲ အမ်ားစုဟာ မ်ဳိးရိုးအားျဖင့္ ဆာမူရုိင္းမ်ဳိးရိုးက ဆင္းသက္ လာသူမ်ား မဟုတ္ၾကပါ။ သာမန္အရပ္သူ အရပ္ သား အဆင့္အတန္းက ေပါက္ဖြားလာတဲ့သူမ်ားသာ ျဖစ္ပါတယ္။

ျမန္မာျပည္ စစ္မ်က္ႏွာမွာ အဲသည့္တံုးက တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဂ်ပန္စစ္သားဦးေရဟာ သံုးသိန္းေက်ာ္ ရိွပါတယ္။ မဟာ မိတ္တပ္မ်ားရဲ့ စာရင္းဇယားအရ အေမရိကန္နဲ႔ အဂၤလိပ္တပ္ေတြ တုိက္လို႔ေသခဲ့တဲ့ ဂ်ပန္စစ္သားက တသိန္း ရွစ္ေသာင္း ေက်ာ္ ရိွတယ္လို႔ ဆိုပါတယ္။ ျမန္မာေျပာက္က်ားမ်ား အထူးသျဖင့္ ကရင္ေျပာက္က်ားမ်ား တုိက္လို႔ စစ္ေတာင္းျမစ္ဝွမ္း တဝိုက္မွာ ေသဆံုးခဲ့တဲ့ ဂ်ပန္စစ္သား အေရအတြက္က ႏွစ္ေသာင္းေက်ာ္တယ္လို႔ ဆိုပါတယ္။ လက္နက္ခ်ခဲ့တဲ့ ဂ်ပန္ စစ္သား မ်ားကေတာ့ စုစုေပါင္း ရွစ္ေသာင္းပတ္ဝန္းက်င္မွာ ရိွတယ္လို႔ သိရပါတယ္။ ဒီေနရာမွာ စဥ္းစားမိတာက အဲသည့္ လက္နက္ခ် ခဲ့တဲ့ ဂ်ပန္စစ္သား ရွစ္ေသာင္းေက်ာ္မွာ ဆာမူရုိင္းမ်ဳိးရိုး ဘယ္ႏွစ္ေယာက္ပါၿပီး၊ ဆာမူရုိင္း မ်ဳိးရိုး မဟုတ္တဲ့သူေတြ က ဘယ္ ႏွစ္ေယာက္မ်ား ရိွမလဲ ဆိုတာပါပဲ။

ေနာက္တခုကို ျပန္ၾကည့္မယ္ဆိုရင္ ၁၈၅၃ ခုႏွစ္မွာ အေမရိကန္ ေရတပ္ဗိုလ္ခ်ဳပ္ ကိုမိုဒိုပယ္ရီ ဦးေဆာင္တဲ့ စစ္သေဘၤာ ေတြ ဂ်ပန္ကို ေရာက္လာေတာ့ ဆာမူရုိင္းေတြ အသက္အေသခံၿပီး ခံမတုိက္ပါဖူး။ ကူးသန္းေရာင္းဝယ္ေရး အတြက္ တံခါးဖြင့္ ေပး လုိက္ရပါတယ္။ တကယ္လို႔ အဲသည္တံုးက ဆာမူရုိင္းေတြ ခံတုိက္မယ္ဆိုလည္း အေမရိကန္ ေရတပ္ကို ႏုိင္ေအာင္တုိက္ႏုိင္တဲ့ အေျခအေန ဂ်ပန္ႏုိင္ငံမွာ မရိွပါ။ ဆာမူရုိင္းအုပ္စုကြဲေတြ မ်ားလြန္းလို႔ သူတို႔ အခ်င္းခ်င္း စည္းလံုးညီၫြတ္မႈ ၿပိဳကြဲေနတာ ကလည္း တပုိင္းျဖစ္ပါတယ္။

တကယ္တန္း ေျပာရရင္ ဆာမူရုိင္းမွာလည္း အသက္နဲ႔ပါပဲ။ မ်ဳိးရုိးဂုဏ္ျဒပ္ကို ထိန္းသိမ္းဖို႔ ေသလမ္းကို ေရြးၾကရတာပါ။ သို႔ေသာ္ ဆာမူရုိင္းစိတ္ဓာတ္နဲ႔ စစ္ဝါဒကို ေပါင္းၿပီး အလြန္အကၽြံေတြ ျဖစ္လာေတာ့ တခ်ိန္မွာ ဖက္ဆစ္ ျဖစ္ခဲ့ၾကပါတယ္။ ဆာမူရုိင္းစိတ္ဓာတ္မ်ဳိးဟာ အသံုးဝင္တဲ့ေနရာရိွသလို အသံုးမဝင္တဲ့ ေနရာေတြ ရိွတာကိုလည္း သတိ ခ်ပ္သင့္ပါတယ္။

ဆာမူရုိင္းစိတ္ဓာတ္ကို အလြန္အကၽြံ အသံုးခ်လို႔ မွားခဲ့ဖူးပါတယ္။ ဒါကို လမ္းမွန္မွန္နဲ႔ ေရြးတတ္ဖို႔ လိုမယ္ ထင္ပါတယ္။ ရံႈးမယ္ မွန္းသိလို႔ လက္နက္ခ်ရမယ္လို႔လည္း အျမဲမဆိုလုိပါ။ ရံႈးမယ္မွန္း သိရက္သားနဲ႔ ဂုဏ္သိကၡာအတြက္ တုိက္ပြဲ ဝင္ရ တာ ေတြလည္း လူ႔သမုိင္း တည္စကတည္းက အမ်ားအျပား ရိွခဲ့ပါတယ္။

စစ္ႀကီးၿပီးေတာ့လည္း ဂ်ပန္ေတြဟာ သူတို႔ရဲ့ ဆာမူရုိင္းစိတ္ဓာတ္ကို မစြန္႔လႊတ္ပါဖူး။ သို႔ေသာ္ ဒီတခါမွာေတာ့ ဆာမူရုိင္း စိတ္ဓာတ္ကို ဓားတဝင့္ဝင့္ လုပ္တဲ့ေနရာမွာ အသံုးမျပဳဘဲ ျပာပံုထဲကတုိင္းျပည္ ျပန္လည္ ထူေထာင္ေရးနဲ႔ ဖြံ႔ၿဖိဳး တုိးတက္ ေရး အတြက္သာ အသံုးခ်ပါေတာ့တယ္။ ဒါဟာ နမူနာေကာင္း တခုလို႔ ေျပာရမွာပါ။ အရံႈးထဲကေန သင္ခန္းစာ ယူတတ္တဲ့ စိတ္ေန သေဘာထားမ်ဳိး ရိွတာဟာ ေကာင္းတဲ့လုပ္ရပ္လို႔ ဆိုႏုိင္ပါတယ္။

ေဇာ္မင္း(လူ ့ေဘာင္သစ္)

—————–

ဆာမူရိုင်းတို့ရဲ့ စိတ်ဓါတ် နဲ့ ဂျပန်နိုင်ငံ (unicode)

ရေးသားသူ – ကိုဇော်မင်း

သမိုင်းမှတ်တမ်းများအရ ဂျပန်နိုင်ငံရဲ့ အပြောင်းအလဲတွေကို စတင်ခဲ့တဲ့ မီဂျီခေတ်ဟာ မြန်မာနိုင်ငံက မင်းတုန်းမင်း ခေတ်နဲ့ ခေတ်ပြိုင်တွေလို့ ပြောနိုင်ပါတယ်။ အဲသည့်နောက်ပိုင်း နှစ်များမှာတော့ ဂျပန်နိုင်ငံဟာ အမေရိကန်တွေရဲ့ အကူအညီကြောင့် အာရှတိုက်မှာ ပထမဆုံး စက်မှုထွန်းကားပြီး တိုးတက်ချမ်းသာတဲ့ နိုင်ငံတခု ဖြစ်လာခဲ့ပါတယ်။

ဒီနေရာမှာ ပြောချင်တဲ့ အဓိက အကြောင်းကတော့ ဂျပန်တွေရဲ့ ဆာမူရိုင်း စိတ်ဓာတ်ဆိုတာ ဖြစ်ပါတယ်။ ဆာမူရိုင်း စိတ်ဓာတ် ဆိုတာဘာလဲ။ ဘယ်သူတွေ ကျင့်သုံးတာလဲ။ ဘယ်သူ့အတွက်လဲ။

ရှေးထုံးတမ်းစဉ်လာအရ ဆာမူရိုင်းဖြစ်ဖို့ဆိုရင် ဆာမူရိုင်းမျိုးရိုးက ဆင်းသက်ဖို့လိုပါတယ်။ လယ်သမားတဦးဟာ ဆာမူရိုင်း ဖြစ်ချင်လို့မရပါ။ လယ်သမားဟာ လယ်သမားမျိုးရိုးကိုပဲ ပိုင်ဆိုင်ပါတယ်။ ထို့အတူ အထည်ချုပ်တဲ့သူ၊ အိုးခွက်လုပ်တဲ့သူ တွေ ဟာလည်း ဆာမူရိုင်းဖြစ်ချင်လို့ မရပါ။ ဆိုလိုခြင်တာကတော့ ကိုယ့်ဟာ့ကိုယ် လေ့ကျင့်တာ ကောင်းလို့ ဓါးခုတ် ကောင်းတာနဲ့ ဆာမူရိုင်းဖြစ်ချင်လို့ မရဖူးလို့ ဆိုလိုချင်တာဖြစ်ပါတယ်။

စက်မှုထွန်းကားလာတာနဲ့အမျှ နောက်ပိုင်းမှာ ဂျပန်အုပ်စိုးသူ လူတန်းစားဟာ စက်မှုလုပ်ငန်းအတွက် အရင်းအမြစ် တွေလိုလာ ပါတယ်။ သံ၊ ကျောက်မီးသွေး၊ ရေနံ အစရှိတဲ့ ပစ္စည်းတွေက မရှိမဖြစ်လိုလာပါတယ်။ အဲသည့် အရင်းအ မြစ်တွေကို သူ့ထက် စက်မှုစောပြီး ထွန်းကားနေတဲ့ အနောက်နိုင်ငံတွေကနေတဆင့် ဝယ်ယူရင် ဈေးကြီးလှပါတယ်။ ဒါ ကြောင့် ဂျပန်ဟာ အာရှ တိုက်အတွင်းမှာပဲ နီးနီးနားနား လိုအပ်တဲ့ အရင်းအမြစ်များကို ရှာဖွေရပါတယ်။ သို့သော် အင်္ဂလိပ်၊ ပြင်သစ်နဲ့ ဒပ်ခ်ျတွေက အာရှနိုင်ငံအတော်များများကို ကိုလိုနီ လုပ်ထားပြီး ဖြစ်လေတာ့ အဲသည့်နယ်တွေမှာ ဝင်စွက်ဖက် ဖို့ဆိုတာ ဂျပန်အတွက် မလွယ်ကူပါ။ သို့သော် အဲသည့်အချိန်မှာ ဂျပန်တွေအတွက် ဝင်ရောက် စွက်ဖက်ဖို့ ကိုလိုနီလုပ်ဖို့ အလွယ်ဆုံး ဒေသကတော့ မန်းချူးကိုးဒေသ အပါအဝင် တရုတ်ပြည်ကြီး ဖြစ်ပါတယ်။ နောက်တနိုင်ငံကတော့ သူတို့နဲ့ အနီးဆုံးမှာ တည်ရှိနေတဲ့ ကိုရီးယားနိုင်ငံပဲ ဖြစ်ပါတယ်။ အဲသလို ဝင်ရောက်ချယ်လှယ်ဖို့ တဖက်မှာလည်း အင်အား ကောင်းတဲ့ ခေတ်မှီစစ်တပ်ကြီးတခု လိုလာပါတယ်။

ဂျပန်နိုင်ငံဟာ စက်မှုထွန်းကားလာတဲ့ ခေတ်ဦးကတဲက အနောက်နိုင်ငံများ ပုံစံအတိုင်း ကြည်းတပ်၊ ရေတပ်တွေ ထူထောင် ပြီးသား ဖြစ်နေပါတယ်။ အဲတာကြောင့် ၁၉ဝ၄-၁၉ဝ၅ ခုနှစ်မှာ ရုရှားဇာဘုရင်နဲ့ စစ်ဖြစ်တော့ ရုရှားရေတပ်ကို ချေမှုန်း အောင်မြင်ခဲ့ပါတယ်။ အဲသည့်အကျိုးဆက်ကြောင့် ဂျပန်တွေဟာ မိမိကိုယ်ကို ယုံကြည်မှု မြင့်မားလာခဲ့ပါတယ်။

ဆာမူရိုင်းစိတ်ဓာတ်ကို ပြန်ကောက်ရမယ်ဆိုရင် အကြမ်းဖျဉ်းအားဖြင့် ဆာမူရိုင်းဆိုတာ ရန်သူကိုတိုက်ရင်းနဲ့ အသက်သာ အသေခံမယ် လက်နက်ချ ဒူးထောက်ခြင်း မပြုရဖူးဆိုတဲ့ စိတ်ဓာတ်မျိုးကို ဆိုလိုတာပါ။ သို့သော် အခြား မြောက်များလှတဲ့ ကောင်းမွန်တဲ့ ဆာမူရိုင်း ကျင့်စဉ်များလည်း ရှိပါသေးတယ်။ ဒီလို စိတ်ဓာတ်ကျင့်စဉ်မျိုးဟာ ဆာမူရိုင်းမျိုးရိုး သူရဲကောင်း တွေ အတွက် အလွန်အရေးကြီးပါတယ်။ ဒီလိုဆာမူရိုင်း စိတ်ဓာတ်နဲ့ကျင့်စဉ်ဟာ လယ်သမား သူဆင်းရဲမျိုးရိုးတွေနဲ့ လားလားမှ မသက်ဆိုင်ခဲ့ပါ။ ပြောရရင် ဆာမူရိုင်း မျိုးရိုးဆိုတာ ရှေးတုံးက ဂျပန် နိုင်ငံမှာ ဇတ်မြင့်လူတန်းစား တရပ် ဖြစ်ပါတယ်။ ဓား ခေတ်၊ ဒုတ်ခေတ်တုံးက စစ်တိုက်ဖို့ ဆာမူရိုင်းများ စစ်သား စုဆောင်းရင် သာမန်လူတန်းစား တွေလည်း တဖက်မှာ ပါဝင်ပြီး တိုက်ခိုက်ရလေ့ ရှိပါတယ်။

အကြောင်းကြောင်းတွေကြောင့် တဖက် ဆာမူရိုင်းအုပ်စုက ရှုံးနိမ့်လို့ ရှုံးတဲ့အုပ်စုဖက်က ခေါင်းဆောင်ဆာမူရိုင်းဟာ ကိုယ့်ကိုယ်ကို သတ်သေရင်း သူရဲ့ဂုဏ်သိက္ခာကို ထိန်းရပါတယ်။ လယ်သမားမျိုးစစ်မှုထမ်းတွေ ထွက်ပြေးရင်၊ လက်နက်ချရင် ဆန်းတယ်လို့ မဆိုနိုင်ပါ။ သူတို့က နဂိုကတဲက ဆာမူရိုင်းမျိုးရိုးမှ မဟုတ်တာကိုး။ ဆာမူရိုင်း စိတ်ဓာတ်ကို ထိန်းသိမ်း ဖို့ဆိုတာ သာမန်စစ်သားတွေနဲ့ မဆိုင်ပါဖူး။ တကယ့်ဆာမူရိုင်းတွေလို အရှုံးနဲ့ရင်ဆိုင်ရလို့ သူများဆီမှာ ဒူးမထောက်ချင်လို့ ကိုယ့်ကိုယ်ကို သတ်သေတာမျိုးလဲ လုပ်ဖို့ မလိုအပ်ပါ။

ခေတ်မီစစ်တပ် ဖွဲ့လာရပြီဆိုတော့ စစ်ထဲမှာ ပါလာတဲ့ စစ်သားအများစုဟာ လယ်သမား မျိုးရိုးတွေ ဖြစ်ပါတယ်။ အဲသည်တော့ ဆာမူရိုင်းမျိုးရိုး စစ်ခေါင်းဆောင်တွေက စဉ်းစားပါတယ်။ သူတို့စစ်သားတွေအတွက် စိတ်ဓတ်ရေးရာကို မြှင့်တင်ဖို့ ဘယ်လို လုပ်မလဲ ဆိုတာ တွက်ချက်ရပါတယ်။ ဒါက စစ်တပ်တခုအတွက် အရေးကြီးတာကိုး။

ဒါကြောင့် ၁၉ရာစု မကုန်ခင် နှစ်များကစလို့ ခေတ်မှီစစ်တပ်တွေ စဖွဲ့တော့ ဒို့ဂျပန်တွေဟာ သမိုင်းအရ ဆာမူရိုင်း မျိုးရိုး တွေ ဖြစ်တယ်။ ဒါကြောင့် ဂျပန်မှန်ရင် ဘယ်အမျိုးက ဆင်းသက်ဆင်းသက် ဆာမူရိုင်းဖြစ်တယ် ဆိုတဲ့ အိုင်ဒီယာကို ရိုက်သွင်းရ ပါတယ်။ ဆာမူရိုင်းစိတ်ဓာတ်ကို ကိုင်စွဲပြီး တင်နော်ဟေကာ၊ သို့မဟုတ် ဘုရင်မင်းမြတ်နဲ့ တိုင်းပြည်အတွက် တိုက်ပွဲဝင်ရ မယ်လို့ အဲသည့်စိတ်ဓာတ်ကို သွတ်သွင်းလာခဲ့ပါတယ်။ ဆာမူရိုင်းဆိုတာ အသက်ပဲ အသေခံတယ် လက်နက်မချဖူးဆိုတဲ့ စိတ်ဓာတ်ပါ။ ရှေးတုံးက သာမန်အရပ်သူ အရပ်သားများ၊ လယ်သမားမျိုးရိုးများ မပိုင်ဆိုင်ခဲ့တဲ့၊ မရရှိခဲ့တဲ့ ဆာမူရိုင်းအဆင့် အတန်းကို လူထုအကြား ချပေးလိုက်တဲ့ သဘောပါပဲ။

ဒီလိုနည်းနဲ့ ဒုတိယ ကမ္ဘာစစ်တုံးက ဂျပန်စစ်သားတွေ စစ်တိုက်ရာမှာ သတ္တိကောင်းလွန်းလို့ အသက်ကို ပဓာနမထားလို့ အနောက်နိုင်ငံ စစ်တပ်များ ဖိန့်ဖိန့် တုန်ခဲ့ရတာ လူတိုင်းကြားဖူးပါတယ်။ မဟာမိတ် စစ်သင်္ဘောတွေကို တိုက်လေယာဉ်နဲ့ အသေခံပြီး ထိုးချတိုက်ခိုက်ခဲ့တဲ့ ဂျပန်လေသူရဲတွေ အများအပြား ရှိခဲ့ပါတယ်။ အဲသည့်လေသူရဲ အများစုဟာ မျိုးရိုးအားဖြင့် ဆာမူရိုင်းမျိုးရိုးက ဆင်းသက် လာသူများ မဟုတ်ကြပါ။ သာမန်အရပ်သူ အရပ် သား အဆင့်အတန်းက ပေါက်ဖွားလာတဲ့သူများသာ ဖြစ်ပါတယ်။

မြန်မာပြည် စစ်မျက်နှာမှာ အဲသည့်တုံးက တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျပန်စစ်သားဦးရေဟာ သုံးသိန်းကျော် ရှိပါတယ်။ မဟာ မိတ်တပ်များရဲ့ စာရင်းဇယားအရ အမေရိကန်နဲ့ အင်္ဂလိပ်တပ်တွေ တိုက်လို့သေခဲ့တဲ့ ဂျပန်စစ်သားက တသိန်း ရှစ်သောင်း ကျော် ရှိတယ်လို့ ဆိုပါတယ်။ မြန်မာပြောက်ကျားများ အထူးသဖြင့် ကရင်ပြောက်ကျားများ တိုက်လို့ စစ်တောင်းမြစ်ဝှမ်း တဝိုက်မှာ သေဆုံးခဲ့တဲ့ ဂျပန်စစ်သား အရေအတွက်က နှစ်သောင်းကျော်တယ်လို့ ဆိုပါတယ်။ လက်နက်ချခဲ့တဲ့ ဂျပန် စစ်သား များကတော့ စုစုပေါင်း ရှစ်သောင်းပတ်ဝန်းကျင်မှာ ရှိတယ်လို့ သိရပါတယ်။ ဒီနေရာမှာ စဉ်းစားမိတာက အဲသည့် လက်နက်ချ ခဲ့တဲ့ ဂျပန်စစ်သား ရှစ်သောင်းကျော်မှာ ဆာမူရိုင်းမျိုးရိုး ဘယ်နှစ်ယောက်ပါပြီး၊ ဆာမူရိုင်း မျိုးရိုး မဟုတ်တဲ့သူတွေ က ဘယ် နှစ်ယောက်များ ရှိမလဲ ဆိုတာပါပဲ။

နောက်တခုကို ပြန်ကြည့်မယ်ဆိုရင် ၁၈၅၃ ခုနှစ်မှာ အမေရိကန် ရေတပ်ဗိုလ်ချုပ် ကိုမိုဒိုပယ်ရီ ဦးဆောင်တဲ့ စစ်သင်္ဘော တွေ ဂျပန်ကို ရောက်လာတော့ ဆာမူရိုင်းတွေ အသက်အသေခံပြီး ခံမတိုက်ပါဖူး။ ကူးသန်းရောင်းဝယ်ရေး အတွက် တံခါးဖွင့် ပေး လိုက်ရပါတယ်။ တကယ်လို့ အဲသည်တုံးက ဆာမူရိုင်းတွေ ခံတိုက်မယ်ဆိုလည်း အမေရိကန် ရေတပ်ကို နိုင်အောင်တိုက်နိုင်တဲ့ အခြေအနေ ဂျပန်နိုင်ငံမှာ မရှိပါ။ ဆာမူရိုင်းအုပ်စုကွဲတွေ များလွန်းလို့ သူတို့ အချင်းချင်း စည်းလုံးညီညွတ်မှု ပြိုကွဲနေတာ ကလည်း တပိုင်းဖြစ်ပါတယ်။

တကယ်တန်း ပြောရရင် ဆာမူရိုင်းမှာလည်း အသက်နဲ့ပါပဲ။ မျိုးရိုးဂုဏ်ဒြပ်ကို ထိန်းသိမ်းဖို့ သေလမ်းကို ရွေးကြရတာပါ။ သို့သော် ဆာမူရိုင်းစိတ်ဓာတ်နဲ့ စစ်ဝါဒကို ပေါင်းပြီး အလွန်အကျွံတွေ ဖြစ်လာတော့ တချိန်မှာ ဖက်ဆစ် ဖြစ်ခဲ့ကြပါတယ်။ ဆာမူရိုင်းစိတ်ဓာတ်မျိုးဟာ အသုံးဝင်တဲ့နေရာရှိသလို အသုံးမဝင်တဲ့ နေရာတွေ ရှိတာကိုလည်း သတိ ချပ်သင့်ပါတယ်။

ဆာမူရိုင်းစိတ်ဓာတ်ကို အလွန်အကျွံ အသုံးချလို့ မှားခဲ့ဖူးပါတယ်။ ဒါကို လမ်းမှန်မှန်နဲ့ ရွေးတတ်ဖို့ လိုမယ် ထင်ပါတယ်။ ရှုံးမယ် မှန်းသိလို့ လက်နက်ချရမယ်လို့လည်း အမြဲမဆိုလိုပါ။ ရှုံးမယ်မှန်း သိရက်သားနဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲ ဝင်ရ တာ တွေလည်း လူ့သမိုင်း တည်စကတည်းက အများအပြား ရှိခဲ့ပါတယ်။

စစ်ကြီးပြီးတော့လည်း ဂျပန်တွေဟာ သူတို့ရဲ့ ဆာမူရိုင်းစိတ်ဓာတ်ကို မစွန့်လွှတ်ပါဖူး။ သို့သော် ဒီတခါမှာတော့ ဆာမူရိုင်း စိတ်ဓာတ်ကို ဓားတဝင့်ဝင့် လုပ်တဲ့နေရာမှာ အသုံးမပြုဘဲ ပြာပုံထဲကတိုင်းပြည် ပြန်လည် ထူထောင်ရေးနဲ့ ဖွံ့ဖြိုး တိုးတက် ရေး အတွက်သာ အသုံးချပါတော့တယ်။ ဒါဟာ နမူနာကောင်း တခုလို့ ပြောရမှာပါ။ အရှုံးထဲကနေ သင်ခန်းစာ ယူတတ်တဲ့ စိတ်နေ သဘောထားမျိုး ရှိတာဟာ ကောင်းတဲ့လုပ်ရပ်လို့ ဆိုနိုင်ပါတယ်။

ဇော်မင်း(လူ့ဘောင်သစ်)

Leave a Reply