ကမာၻကိုတုန္လႈပ္ေစခဲ့ေသာ သတင္းမ်ား

Posted on

ဟစ္တလာေသဆံုးျခင္းသတင္း

ဂ်ာမန္ဖက္ဆစ္အာဏာ ရွင္ တစ္ဦးျဖစ္ေသာ ဟစ္တလာ (၁၈၈၉- ၁၉၄၅) ႏွင့္ သူ၏ခ်စ္ ဇနီး အီဗာတို႔ ကိုယ့္ကိုယ္ကိုယ္ သတ္ေသျခင္း သတင္းသည္ ကမၻာတုန္လႈပ္ခဲ့ေသာ သတင္း ျဖစ္ခဲ့သည္။ ၁၉၄၅ ခုႏွစ္၊ ဧၿပီ လ ၃ဝရက္ေန႔တြင္ ဟစ္တလာ ႏွင့္ အီဗာတုိ႔အဆံုးစီရင္ခဲ့ျခင္း ျဖစ္ၿပီး ယင္းသတင္းကို အေမရိကန္ သတင္းစာႀကီးတစ္ခုျဖစ္ေသာ The Star and Stripes သတင္းစာႀကီးက Hitler Dead’ ဟူေသာ မ်က္ႏွာဖံုးသတင္းအျဖစ္ ၁၉၄၅ ခုႏွစ္၊ ေမလ ၂ ရက္ေန႔တြင္ေဖာ္ျပခဲ့ျခင္းျဖစ္သည္။ (ထုိအခ်ိန္က ဟစ္တလာေသခဲ့ မေသခဲ့ ကို ယေန႔တုိင္ျငင္းခုန္ေနၾကဆဲျဖစ္သည္)

ပထမဆံုးစြမ္းအင္သံုး ေလယာဥ္ပ်ံ ပ်ံသန္း

၁၉ဝ၃ ခုႏွစ္၊ ဒီဇင္ဘာလ ၁၇ ရက္ေန႔တြင္ ႐ိုက္ညီအစ္ကို ေခၚ Orville (1871- 1948) ႏွင့္ Wibar (1867- 1912) ညီအစ္ကို ႏွစ္ေယာက္တို႔သည္ အေမရိကန္ႏုိင္ငံ၊ ေျမာက္ကာ ႐ိုလိုုင္းနားျပည္နယ္ Kill Devil ေတာင္ကုန္းတြင္ ကမာၻ႔ပထမ ဆံုး စြမ္းအင္သံုး ေလယာဥ္ပ်ံ စမ္းသပ္ပ်ံသန္းခဲ့သည္။ ေနာက္ ေန႔ ဒီဇင္ဘာ ၁၈ ရက္ေန႔တြင္ ကမၻာေက်ာ္ London Herald သတင္းစာႀကီးက အေပ်ာ္တမ္းဓာတ္ပံုဆရာ John T.Daniels ႐ိုက္ကူးခ့ဲေသာ ႐ိုက္ညီေနာင္ ၏ပထမဆံုးစက္ တပ္ ေလယာဥ္ပ်ံသန္းပံု ဓာတ္ပံုႏွင့္အတူ Fly-ing machine takes to the air’ ဟူေသာ သတင္းေခါင္းစဥ္ျဖင့္ မ်က္ႏွာဖံုးသတင္း တင္ျပႏုိင္ခဲ့ သည္။

ကမၻာ့အျမင့္ဆံုးေတာင္ဧဝရက္ ေတာင္ထိပ္သို႔ ေရာက္ျခင္း

၁၉၅၃ ခုႏွစ္၊ ေမလ ၂၉ ရက္ေန႔တြင္ နယူးဇီလန္ႏုိင္ငံသား Edmund Hillary ႏွင့္ နီေပါႏုိင္ငံသား Tenzing Norgay တုိ႔ေပေပါင္း ၂၉ဝ၂၉ ျမင့္သည့္ ကမၻာ့ အျမင့္ဆံုးေတာင္ျဖစ္ ေသာဧဝရက္ (Mount Everest) ေတာင္ထိပ္သုိ႔ ေအာင္ျမင္စြာ တက္ေရာက္ႏုိင္ခဲ့ၾကသည္။ ယင္းသတင္းကို London Herald သတင္းစာႀကီးက ၁၉၅၃ ခုႏွစ္၊ ဇြန္လ ၂ ရက္ေန႔တြင္ ဟီလာရီ ကိုယ္တုိင္႐ိုက္ကူးခဲ့ေသာဓာတ္ပံုျဖင့္ Everest Conquered’ ဟူေသာ သတင္းေခါင္းစဥ္ျဖင့္ ေဖာ္ျပႏုိင္ခဲ့သည္။

သမၼတကေနဒီ လုပ္ႀကံခံရျခင္း

အေမရိကန္ႏုိင္ငံ၏ ၃၅ ေယာက္ေျမာက္သမၼတ ကေနဒီ John F.Kennedy (1917- 1963) သည္ ၁၉၆၃ ခုႏွစ္၊ ႏုိ ဝင္ဘာလ ၂၂ ရက္၊ ေဒသစံ ေတာ္ခ်ိန္ ေန႔လယ္ ၁၂ နာရီ မိနစ္ ၃ဝအခ်ိန္တြင္ တကၠဆက္ ျပည္နယ္အတြင္း ႏုိင္ငံေရး ခရီးစဥ္အျဖစ္ လွည့္လည္စဥ္ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံ ျခင္း ခံခဲ့ရသည္။ ယင္းသတင္းကို London Herald သတင္း စာႀကီးအပါအဝင္သတင္းစာမ်ားစြာကကေနဒီ လုပ္ႀကံမခံရမီ မိနစ္ပိုင္းအလိုဓာတ္ပံုျဖင့္ ေဖာ္ျပေပးခဲ့သည္။

ဘာလင္တံတိုင္းႀကီးကို ၿဖဳိခ်ျခင္း

ကမာၻ႔သမုိင္းတြင္ အလြန္ အေရးပါေသာ ဘာလင္တံတိုင္း ႀကီးကို ၁၉၈၉၊ ႏိုဝင္ဘာ ၉ ရက္ေန႔တြင္ စတင္ၿဖဳိခ်ခဲ့သည္။ ယင္း ဂ်ာမနီႏိုင္ငံရွိ ဘာလင္ တံတိုင္းႀကီးကို ဆုိဗီယက္႐ုရွား လက္ေအာက္ခံအေရွ႕ ဂ်ာမနီ အစိုးရက အေနာက္ဂ်ာမနီႏွင့္အဆက္အသြယ္ျဖတ္ရန္ ရည္ရြယ္၍ ၁၉၆၁ ခုႏွစ္၊ ၾသ ဂုတ္လ ၁၃ရက္ေန႔တြင္ စတင္တည္ေဆာက္ခဲ့ၿပီး ၉၆ မိုင္ ေက်ာ္ ရွည္လ်ား၍ ၁၂ ေပ ျမင့္သည္။ ယင္းသတင္းသည္ အင္အားႀကီးႏွစ္ႏိုင္ငံျဖစ္ေသာ အေမရိကန္ျပည္ေထာင္စုႏွင့္ ဆိုဗီယက္႐ုရွတို႔ ဦးေဆာင္ဆင္ ႏႊဲေနေသာစစ္ေအးကာလ (Cold War) အဆံုးသတ္ျခင္းလည္းျဖစ္သည္။ ယင္းသတင္းကိုလည္း ကမာၻ႔သတင္းစာႀကီးမ်ားက အေလးေပးေဖာ္ျပခဲ့သည္။

လကမာၻေပၚသို႔ လူတုိ႔ေျခခ်ျခင္း

၁၉၆၉ ခုႏွစ္၊ ဇူလိုင္လ ၂ဝရက္ေန႔တြင္ အာကာသ ယာဥ္အပိုလို ၁၁ (Apollo 11) ၏ အေမရိကန္ အာကာသ သူရဲ ေကာင္းမ်ားျဖစ္ၾကေသာ နီးလ္အမ္းစထေရာင္း (Neil Arm-strong )၊အက္ဒရင္ (Buzz Al- drin) ႏွင့္ ေကာလင္း (Michael Collin) တို႔ လေပၚသို႔ ပထမဆံုး ေျခခ်ႏုိင္ခဲ့သည္။ ယင္းသတင္း ကိုထိုေန႔မွာပင္ ကမၻာ့သတင္းစာႀကီးမ်ားက ‘Moon Walk’, ‘Men Walk on Moon’, ‘Leap for mankind’ စသည္ျဖင့္ ေခါင္းစဥ္အမ်ဳိးမ်ဳိးတပ္ကာ ဂုဏ္ယူစြာေဖာ္ျပခဲ့ၾကသည္။ (လေပၚသို႔ေျခခ်ျခင္းကို မယုံၾကည္သူအခ်ဳိ႕လည္း ယေန႔တုိင္ရွိေနဆဲျဖစ္သည္)

တိုက္တန္းနစ္သေဘၤာႀကီး နစ္ျမဳပ္ျခင္း

၁၉၁၂ ခုႏွစ္၊ ဧၿပီလ ၁၅ ရက္ေန႔တြင္ ၿဗိတိသွ်ခရီးသည္ တင္သေဘၤာႀကီးျဖစ္ေသာ တုိက္တန္းနစ္ (RMS Titanic) သေဘၤာႀကီးသည္အတၱလႏၲိတ္ သမုဒၵရာအတြင္းတြင္ ေရခဲတံုးႀကီးႏွင့္ ဝင္တုိက္မိၿပီးနစ္ျမဳပ္ခဲ့ သည္။ ယင္းေၾကာင့္ လူေပါင္း ၁၅၁၂ ေယာက္ အသက္ ဆံုး႐ႈံးခဲ့ရသည္။ ယင္းသတင္းကို ကမာၻ႔သတင္းစာႀကီးမ်ားက ‘Titanic Sinks Great Loss of Life’, ‘Titanic- The Tra-gic Story’, ‘Titanic- 9 hours to hell’ စသည္ျဖင့္ မ်က္ႏွာဖံုး သတင္းအျဖစ္ေဖာ္ျပခဲ့ၾကသည္။

ႏုိင္း/အလဲဗင္း (9/11) ႏွင့္ အိုစမာဘင္လာဒင္နိဂံုး

၂၁ ရာစု အစပိုင္း၌ ကမၻာေပၚတြင္တုန္လႈပ္ေျခာက္ ျခားစရာအေကာင္းဆံုး အၾကမ္း ဖက္မႈႀကီးမွာ ၂ဝဝ၁ခုႏွစ္၊ စက္ တင္ဘာလ ၁၁ရက္ေန႔တြင္ အေမရိကန္ႏုိင္ငံ၊နယူးေယာက္ ၿမဳိ႕ရွိ ကမၻာ့ကုန္သြယ္ေရး စင္ တာႀကီးကို အၾကမ္းဖက္သမား မ်ား အပိုင္စီးလာၾကသည့္ ခရီး သည္တင္ ေလယာဥ္ႀကီးႏွင့္ အေသခံ ဝင္တုိက္ဖ်က္ဆီးပစ္ခဲ့ ျခင္းျဖစ္သည္။ ယင္း လူ ၃ဝဝဝ နီးပါး ေသဆံုးေသာ အၾကမ္း ဖက္မႈႀကီးကို ဦးေဆာင္ခဲ့သူမွာ သန္းၾကြယ္သူေဌးႀကီး အိုစမာ ဘင္လာဒင္ (၁၉၅၇- ၂ဝ၁၁) ဆိုသူျဖစ္ၿပီး သူ႔ကိုလည္း လူအမ်ားက သိရွိခဲ့ၾကသည္။

ယင္း ေျခာက္ျခားဖြယ္ သတင္းႀကီးကို ႏုိင္ငံတကာ ႐ုပ္ သံမီဒီယာမ်ား၊ သတင္းစာမ်ား၊ စာနယ္ဇင္းမ်ားက အခ်ိန္ႏွင့္ တစ္ေျပးညီ သတင္းမ်ား ေဖာ္ျပခဲ့ၾကသည္။ ‘Apocalypse’, ‘Terror in America’, ‘US attacked’, ‘War on America’, ‘Terroe’ စသည္ျဖင့္ မ်က္ႏွာဖံုးသတင္းမ်ား ေဖာ္ျပခဲ့ၾကသည္။

အၾကမ္းဖက္ေခါင္းေဆာင္ ႀကီး အိုစမာ ဘင္လာဒင္ကုိ အေမရိကန္ အထူးတပ္ဖြဲ႕မွ ၂ဝ၁၁ ခုႏွစ္၊ ေမလ ၂ ရက္ေန႔ တြင္ ပါကစၥတန္ႏုိင္ငံ၌ အေသပစ္ခတ္ႏွိမ္နင္းခဲ့သည္။ ယင္း သတင္းကို ဝါရွင္တန္ပို႔စ္ သတင္း စာႀကီးက တရားသျဖင့္စီရင္လုိက္ၿပီ (Justice has been done) ဟူ၍လည္းေကာင္း၊ Daily News သတင္းစာႀကီးကငရဲသား (Rot in hell) ဟူ၍လည္းေကာင္း၊ နယူးေယာက္ပုိ႔စ္ ကမိၿပီ (Got him) ဟူ၍ လည္းေကာင္းအသီးသီးေဖာ္ျပခ့ဲၾကသည္။

Popular Myanmar Journal

——————–

ကမ္ဘာကိုတုန်လှုပ်စေခဲ့သော သတင်းများ (unicode)

ဟစ်တလာသေဆုံးခြင်းသတင်း

ဂျာမန်ဖက်ဆစ်အာဏာ ရှင် တစ်ဦးဖြစ်သော ဟစ်တလာ (၁၈၈၉- ၁၉၄၅) နှင့် သူ၏ချစ် ဇနီး အီဗာတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း သတင်းသည် ကမ္ဘာတုန်လှုပ်ခဲ့သော သတင်း ဖြစ်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ ဧပြီ လ ၃ဝရက်နေ့တွင် ဟစ်တလာ နှင့် အီဗာတို့အဆုံးစီရင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသတင်းကို အမေရိကန် သတင်းစာကြီးတစ်ခုဖြစ်သော The Star and Stripes သတင်းစာကြီးက Hitler Dead’ ဟူသော မျက်နှာဖုံးသတင်းအဖြစ် ၁၉၄၅ ခုနှစ်၊ မေလ ၂ ရက်နေ့တွင်ဖော်ပြခဲ့ခြင်းဖြစ်သည်။ (ထိုအချိန်က ဟစ်တလာသေခဲ့ မသေခဲ့ ကို ယနေ့တိုင်ငြင်းခုန်နေကြဆဲဖြစ်သည်)

ပထမဆုံးစွမ်းအင်သုံး လေယာဉ်ပျံ ပျံသန်း

၁၉ဝ၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရိုက်ညီအစ်ကို ခေါ် Orville (1871- 1948) နှင့် Wibar (1867- 1912) ညီအစ်ကို နှစ်ယောက်တို့သည် အမေရိကန်နိုင်ငံ၊ မြောက်ကာ ရိုလိုင်းနားပြည်နယ် Kill Devil တောင်ကုန်းတွင် ကမ္ဘာ့ပထမ ဆုံး စွမ်းအင်သုံး လေယာဉ်ပျံ စမ်းသပ်ပျံသန်းခဲ့သည်။ နောက် နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကမ္ဘာကျော် London Herald သတင်းစာကြီးက အပျော်တမ်းဓာတ်ပုံဆရာ John T.Daniels ရိုက်ကူးခဲ့သော ရိုက်ညီနောင် ၏ပထမဆုံးစက် တပ် လေယာဉ်ပျံသန်းပုံ ဓာတ်ပုံနှင့်အတူ Fly-ing machine takes to the air’ ဟူသော သတင်းခေါင်းစဉ်ဖြင့် မျက်နှာဖုံးသတင်း တင်ပြနိုင်ခဲ့ သည်။

ကမ္ဘာ့အမြင့်ဆုံးတောင်ဧဝရက် တောင်ထိပ်သို့ ရောက်ခြင်း

၁၉၅၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် နယူးဇီလန်နိုင်ငံသား Edmund Hillary နှင့် နီပေါနိုင်ငံသား Tenzing Norgay တို့ပေပေါင်း ၂၉ဝ၂၉ မြင့်သည့် ကမ္ဘာ့ အမြင့်ဆုံးတောင်ဖြစ် သောဧဝရက် (Mount Everest) တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြသည်။ ယင်းသတင်းကို London Herald သတင်းစာကြီးက ၁၉၅၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် ဟီလာရီ ကိုယ်တိုင်ရိုက်ကူးခဲ့သောဓာတ်ပုံဖြင့် Everest Conquered’ ဟူသော သတင်းခေါင်းစဉ်ဖြင့် ဖော်ပြနိုင်ခဲ့သည်။

သမ္မတကနေဒီ လုပ်ကြံခံရခြင်း

အမေရိကန်နိုင်ငံ၏ ၃၅ ယောက်မြောက်သမ္မတ ကနေဒီ John F.Kennedy (1917- 1963) သည် ၁၉၆၃ ခုနှစ်၊ နို ဝင်ဘာလ ၂၂ ရက်၊ ဒေသစံ တော်ချိန် နေ့လယ် ၁၂ နာရီ မိနစ် ၃ဝအချိန်တွင် တက္ကဆက် ပြည်နယ်အတွင်း နိုင်ငံရေး ခရီးစဉ်အဖြစ် လှည့်လည်စဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ ခြင်း ခံခဲ့ရသည်။ ယင်းသတင်းကို London Herald သတင်း စာကြီးအပါအဝင်သတင်းစာများစွာကကနေဒီ လုပ်ကြံမခံရမီ မိနစ်ပိုင်းအလိုဓာတ်ပုံဖြင့် ဖော်ပြပေးခဲ့သည်။

ဘာလင်တံတိုင်းကြီးကို ဖြိုချခြင်း

ကမ္ဘာ့သမိုင်းတွင် အလွန် အရေးပါသော ဘာလင်တံတိုင်း ကြီးကို ၁၉၈၉၊ နိုဝင်ဘာ ၉ ရက်နေ့တွင် စတင်ဖြိုချခဲ့သည်။ ယင်း ဂျာမနီနိုင်ငံရှိ ဘာလင် တံတိုင်းကြီးကို ဆိုဗီယက်ရုရှား လက်အောက်ခံအရှေ့ ဂျာမနီ အစိုးရက အနောက်ဂျာမနီနှင့်အဆက်အသွယ်ဖြတ်ရန် ရည်ရွယ်၍ ၁၉၆၁ ခုနှစ်၊ ဩ ဂုတ်လ ၁၃ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၉၆ မိုင် ကျော် ရှည်လျား၍ ၁၂ ပေ မြင့်သည်။ ယင်းသတင်းသည် အင်အားကြီးနှစ်နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ရုရှတို့ ဦးဆောင်ဆင် နွှဲနေသောစစ်အေးကာလ (Cold War) အဆုံးသတ်ခြင်းလည်းဖြစ်သည်။ ယင်းသတင်းကိုလည်း ကမ္ဘာ့သတင်းစာကြီးများက အလေးပေးဖော်ပြခဲ့သည်။

လကမ္ဘာပေါ်သို့ လူတို့ခြေချခြင်း

၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂ဝရက်နေ့တွင် အာကာသ ယာဉ်အပိုလို ၁၁ (Apollo 11) ၏ အမေရိကန် အာကာသ သူရဲ ကောင်းများဖြစ်ကြသော နီးလ်အမ်းစထရောင်း (Neil Arm-strong )၊အက်ဒရင် (Buzz Al- drin) နှင့် ကောလင်း (Michael Collin) တို့ လပေါ်သို့ ပထမဆုံး ခြေချနိုင်ခဲ့သည်။ ယင်းသတင်း ကိုထိုနေ့မှာပင် ကမ္ဘာ့သတင်းစာကြီးများက ‘Moon Walk’, ‘Men Walk on Moon’, ‘Leap for mankind’ စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဂုဏ်ယူစွာဖော်ပြခဲ့ကြသည်။ (လပေါ်သို့ခြေချခြင်းကို မယုံကြည်သူအချို့လည်း ယနေ့တိုင်ရှိနေဆဲဖြစ်သည်)

တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ခြင်း

၁၉၁၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် ဗြိတိသျှခရီးသည် တင်သင်္ဘောကြီးဖြစ်သော တိုက်တန်းနစ် (RMS Titanic) သင်္ဘောကြီးသည်အတ္တလန္တိတ် သမုဒ္ဒရာအတွင်းတွင် ရေခဲတုံးကြီးနှင့် ဝင်တိုက်မိပြီးနစ်မြုပ်ခဲ့ သည်။ ယင်းကြောင့် လူပေါင်း ၁၅၁၂ ယောက် အသက် ဆုံးရှုံးခဲ့ရသည်။ ယင်းသတင်းကို ကမ္ဘာ့သတင်းစာကြီးများက ‘Titanic Sinks Great Loss of Life’, ‘Titanic- The Tra-gic Story’, ‘Titanic- 9 hours to hell’ စသည်ဖြင့် မျက်နှာဖုံး သတင်းအဖြစ်ဖော်ပြခဲ့ကြသည်။

နိုင်း/အလဲဗင်း (9/11) နှင့် အိုစမာဘင်လာဒင်နိဂုံး

၂၁ ရာစု အစပိုင်း၌ ကမ္ဘာပေါ်တွင်တုန်လှုပ်ခြောက် ခြားစရာအကောင်းဆုံး အကြမ်း ဖက်မှုကြီးမှာ ၂ဝဝ၁ခုနှစ်၊ စက် တင်ဘာလ ၁၁ရက်နေ့တွင် အမေရိကန်နိုင်ငံ၊နယူးယောက် မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေး စင် တာကြီးကို အကြမ်းဖက်သမား များ အပိုင်စီးလာကြသည့် ခရီး သည်တင် လေယာဉ်ကြီးနှင့် အသေခံ ဝင်တိုက်ဖျက်ဆီးပစ်ခဲ့ ခြင်းဖြစ်သည်။ ယင်း လူ ၃ဝဝဝ နီးပါး သေဆုံးသော အကြမ်း ဖက်မှုကြီးကို ဦးဆောင်ခဲ့သူမှာ သန်းကြွယ်သူဌေးကြီး အိုစမာ ဘင်လာဒင် (၁၉၅၇- ၂ဝ၁၁) ဆိုသူဖြစ်ပြီး သူ့ကိုလည်း လူအများက သိရှိခဲ့ကြသည်။

ယင်း ခြောက်ခြားဖွယ် သတင်းကြီးကို နိုင်ငံတကာ ရုပ် သံမီဒီယာများ၊ သတင်းစာများ၊ စာနယ်ဇင်းများက အချိန်နှင့် တစ်ပြေးညီ သတင်းများ ဖော်ပြခဲ့ကြသည်။ ‘Apocalypse’, ‘Terror in America’, ‘US attacked’, ‘War on America’, ‘Terroe’ စသည်ဖြင့် မျက်နှာဖုံးသတင်းများ ဖော်ပြခဲ့ကြသည်။

အကြမ်းဖက်ခေါင်းဆောင် ကြီး အိုစမာ ဘင်လာဒင်ကို အမေရိကန် အထူးတပ်ဖွဲ့မှ ၂ဝ၁၁ ခုနှစ်၊ မေလ ၂ ရက်နေ့ တွင် ပါကစ္စတန်နိုင်ငံ၌ အသေပစ်ခတ်နှိမ်နင်းခဲ့သည်။ ယင်း သတင်းကို ဝါရှင်တန်ပို့စ် သတင်း စာကြီးက တရားသဖြင့်စီရင်လိုက်ပြီ (Justice has been done) ဟူ၍လည်းကောင်း၊ Daily News သတင်းစာကြီးကငရဲသား (Rot in hell) ဟူ၍လည်းကောင်း၊ နယူးယောက်ပို့စ် ကမိပြီ (Got him) ဟူ၍ လည်းကောင်းအသီးသီးဖော်ပြခဲ့ကြသည်။

Popular Myanmar Journal

Leave a Reply