ေ႐ႊလီျမစ္ အေၾကာင္း သိေကာင္းစရာ

Posted on

Cover Photo : ဆရာ ဗန္းေမာ္သိန္းေဖ

ေ႐ႊလီျမစ္ကို ရွမ္းျပည္နယ္တြင္နမ့္ေမာင္း၊ တ႐ုတ္ႏိုင္ငံတြင္ ၏ ေ႐ြ႕လိက်န္း ဟုေခၚၾကသည္။ ျမစ္၏အစပိုင္းေနရာအခ်ိဳ႕သည္ တ႐ုတ္-ျမန္မာနယ္နိမိတ္မ်ဥ္းအျဖစ္ စီးဆင္းသည္။ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ရွိ ကုန္းျမင့္ေဒသမ်ားတြင္ စတင္ျမစ္ဖ်ားခံကာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ႏွင့္ စစ္ကိုင္းတိုင္း တို႔ကိုျဖတ္သန္း၍ တေကာင္းၿမိဳ႕ေျမာက္ဘက္ ကီလိုမီတာ ၆၀ ခန္႔အကြာ၊ ကသာၿမိဳ႕အနီးရွိ အင္း႐ြာတြင္ ႏိုင္ငံ၏ အႀကီးဆုံးျမစ္ျဖစ္သည့္ ဧရာဝတီျမစ္အတြင္းသို႔ စီးဝင္သည္။

သမိုင္းထဲက ေ႐ႊလီျမစ္

ေ႐ႊလီျမစ္သည္ တိုင္အႏြယ္မ်ားဟုလည္းေခၚသည့္ ျမန္မာႏိုင္ငံတြင္းရွိ ရွမ္းလူမ်ိဳးမ်ား ႏွင့္ ႀကီးမားေသာ ဆက္ႏြယ္မႈရွိသည္။ ေမာဝ္ရွမ္းတို႔သည္ ပုဂံေခတ္ဦးတည္းကပင္ ေ႐ႊလီျမစ္မွတစ္ဆင့္ ျမန္မာႏိုင္ငံ အလယ္ပိုင္းရပ္ဝန္းေဒသမ်ားကို ထိုးေဖာက္ဝင္ေရာက္ရန္ ႀကိဳးပမ္းခဲ့ၾကၿပီး ပုဂံမွ အေနာ္ရထာမင္း၏ ဟန္႔တားမႈေၾကာင့္ မူလေနရာမ်ားသို႔ ျပန္လည္ေရာက္ရွိသြားခဲ့ၾကသည္။ သို႔ေသာ္ ပုဂံေခတ္မကုန္ဆုံးမွီကပင္ ရွမ္းတို႔၏ ဩဇာအင္အားမွာ တစတစႀကီးထြားလာကာ ပုဂံေခတ္ကုန္ဆုံးၿပီးေနာက္တြင္ ေပၚထြန္းလာသည့္ ပင္းယ-စစ္ကိုင္းေခတ္မ်ားတြင္ အထြတ္အထိပ္သို႔ေရာက္ရွိခဲ့သည္။

ရွမ္းညီေနာင္သုံးဦးတြင္ ေနာင္ေတာ္ ရာဇသႀကၤန္သည္ ျမင္စိုင္းတြင္ ေရႊနန္းတည္ေလသည္။ ညီေတာ္အလတ္ အသခၤယာသည္ မကၡရာၿမိဳ႕တြင္ ေရႊနန္းတည္ေလသည္။ ညီငယ္ တစ္စီးရွင္သီဟသူကား ပင္းယၿမဳိ႕တြင္နန္းတည္ခဲ့သည္။ ကုန္းေဘာင္ေခတ္ ဆင္ျဖဴရွင္မင္းလက္ထက္တြင္ျဖစ္ပြားခဲ့သည့္ တ႐ုတ္-ျမန္မာစစ္ပြဲမ်ားတြင္လည္း ေ႐ႊလီျမစ္သည္ ျမန္မာတို႔၏ နယ္ခ်ဲ႕တြန္းလွန္ေရးသမိုင္းတြင္ ပါဝင္ခဲ့ျပန္သည္။

ေ႐ႊလီနယ္ေဒသကို ေရွးနယ္ရွင္ေစာ္ဘြားႀကီးမ်ားေခတ္တြင္ ၿမိဳ႕စားေပါင္း ၁၅ ဦးတို႔ျဖင့္ ခြဲေဝအုပ္ခ်ဳပ္ခဲ့ေလသည္။ လြတ္ လပ္ေရးရၿပီးေနာက္ နယ္ရွင္ သိႏၷီေစာ္ဘြားႀကီးက ေ႐ႊလီနယ္ ေဒသရွိ နမ့္ခမ္းၿမိဳ႕တြင္ ေ႐ႊလီအမတ္တစ္ဦးထားရွိကာ ၿမိဳ႕စား မ်ားကို အုပ္ခ်ဳပ္ေစသည္။ ေစာ္ဘြားမ်ား အာဏာစြန္႔လႊတ္ ၿပီးေနာက္၌မူ နမ့္ခမ္းၿမိဳ႕တြင္ နယ္ပိုင္ဝန္ေထာက္တစ္ဦးႏွင့္ ၿမိဳ႕ပိုင္တစ္ဦး၊ မူဆယ္ၿမိဳ႕တြင္ ၿမိဳ႕ပိုင္တစ္ဦးႏွင့္ လက္ေထာက္ ၿမိဳ႕ပိုင္တစ္ဦး ထားရွိၿပီးလၽွင္ ယခင္ၿမိဳ႕စားမ်ားကို တိုက္သူႀကီး မ်ားအျဖစ္ ေဆာင္႐ြက္ေစသည္။

ေ႐ႊလီျမစ္

တ႐ုတ္ႏိုင္ငံတြင္ ျမစ္ဖ်ားခံၿပီးလၽွင္ ျမန္မာႏိုင္ငံ ဧရာဝတီ ျမစ္ႀကီးထဲသို႔ စီးဝင္ေသာ ထင္ရွားသည့္ ျမစ္လက္တက္ႀကီး တစ္ခုမွာ ေ႐ႊလီျမစ္ျဖစ္၍ ျမန္မာႏိုင္ငံ၏အေရွ႕တံခါးေပါက္ႀကီး တစ္ခု ျဖစ္သည္။ မိုင္ေပါင္း ၃၅ဝ ခန္႔ ရွည္လ်ား၏။ ေ႐ႊလီ ျမစ္စဥ္အတိုင္း ဆန္တက္ပါက တ႐ုတ္-ျမန္မာ နယ္နိမိတ္ကို ျဖတ္သန္း၍ တ႐ုတ္ႏိုင္ငံတြင္းသို႔ ေပါက္သည္။ တ႐ုတ္-ျမန္မာ လမ္းမႀကီးသည္ မ်ားေသာအပိုင္းတြင္ ေ႐ႊလီျမစ္ႏွင့္ ယွဥ္ၿပိဳင္ သြယ္တန္းလ်က္ ရွိ၏။

တ႐ုတ္ႏိုင္ငံ ထိန္ေယြး(မိုးမ်ဥ္း)နယ္ အေရွ႕ေျမာက္ဘက္ မိုင္ ၆ဝ ခန္႔အကြာမွ ျမစ္ဖ်ားခံခဲ့ၿပီးေနာက္၊ အေနာက္ေတာင္ ဘက္သို႔ စီးဆင္းကာ မိုင္းေမာ၊ နမ့္ခမ္းၿမိဳ႕မ်ားအနီးမွ ျဖတ္ သန္း၍ မိုးမိတ္နယ္သို႔ ဝင္ၿပီးလၽွင္ ျမစ္ဆုံ႐ြာအနီး ေရာက္ေသာ အခါ ေျမာက္ဘက္သို႔ ျမစ္ေၾကာင္းတစ္ဖန္လွည့္၍ ကသာၿမိဳ႕ ေတာင္ဘက္ မိုင္ ၂ဝ ခန္႔ကြာေဝးေသာ အင္း႐ြာနားမွ ဧရာဝတီ ျမစ္ထဲသို႔ ေပါင္းဆုံစီးဝင္သည္။ ထိုေၾကာင့္ ေ႐ႊလီျမစ္သည္ တ႐ုတ္၊ ရွမ္းႏွင့္ ကခ်င္ေဒသမ်ားကို ဆက္သြယ္ေပးေသာ တံခါးေပါက္ႀကီးဟု ဆိုရေပမည္။

ေ႐ႊလီျမစ္ကို ခ်ီဖင္လြင္ျပင္သို႔ မေရာက္မီ တ႐ုတ္တို႔က လြန္က်န္၊ လြန္ခၽြန္က်န္ျမစ္ဟု ေခၚ၍ ရွမ္းတို႔က နမ့္ယန္ျမစ္ ဟု ေခၚသည္။ ခ်ီဖင္လြင္ျပင္ကို ေက်ာ္လာေသာအခါ နမ့္ေမာ ျမစ္ဟု ေခၚၾကျပန္သည္။ အရွည္အားျဖင့္ မိုင္ ၂၆ဝ ရွိ၍ ေတာေတာင္စိမ့္စမ္း လၽွိဳေျမာင္ၾကားမွ ျဖတ္စီးရေသာေၾကာင့္ ျမစ္က်ဥ္းမ်ား ေရတံခြန္မ်ား ေပါမ်ားသျဖင့္ အခ်ိဳ႕ေနရာ၌ ကူးသန္းသြားလာေရး ခက္ခဲသည္။ ျမစ္ဆုံ႐ြာေအာက္ဘက္တြင္ ျမစ္ေၾကာင္းသည္ အလြန္က်ဥ္းသည္။ မိုးကုတ္နယ္ ေ႐ႊေညာင္ ပင္႐ြာနားမွ စီးဆင္းလာေသာ ကင္းေခ်ာင္းႏွင့္ မိုးမိတ္ၿမိဳ႕ကို ျဖတ္သန္းစီးဆင္းလာေသာ နမ့္မိတ္ျမစ္တို႔သည္ ေပါင္းဆုံၿပီး ေနာက္ ျမစ္ဆုံ႐ြာနားတြင္ ေ႐ႊလီျမစ္ထဲသို႔ လက္ဝဲဘက္မွ စီးဝင္သည္။ အျခားထင္ရွားေသာ ျမစ္လက္တက္ဟူ၍ကား မရွိေခ်။

ျမစ္ေၾကာင္းတစ္ေလၽွာက္ အေရးပါသည့္ၿမိဳ႕မ်ား

မူဆယ္
နမ့္ခမ္း
မိုးမိတ္
မဘိမ္း

ေ႐ႊလီျမစ္သည္ ကူးသန္းသြားလာရန္ မ်ားစြာ အသုံး မဝင္ေသာ္လည္း ယင္းကို သစ္ဝါးေမၽွာရန္ အသုံးျပဳၾကသည္။ နမ့္ခမ္းၿမိဳ႕အနီး ဆြပ္ခမ္း႐ြာ ေအာက္နားတြင္ ေ႐ႊလီျမစ္သည္ ေတာင္ကုန္းကို ျဖတ္၍ စီးဆင္းရသျဖင့္ ကိုက္ ၁ဝဝ ခန္႔သာ က်ယ္၍ ေရတံခြန္မ်ား အလြန္မ်ားျပားသျဖင့္ ေလွ သေဘၤာမ်ား သြားလာျခင္းမျပဳႏိုင္ေခ်။ ခ်ီဖင္ေဒသ မန္ပင္႐ြာ ႏွင့္ ဆြပ္ခမ္း႐ြာၾကား၌သာ ကူးသန္းသြားလာရန္ အသုံးဝင္ေလ သည္။ ဧရာဝတီျမစ္သို႔ စီးဝင္ခါနီး ေ႐ႊလီျမစ္၏ ေအာက္ပိုင္း ေဒသ၌ သစ္ေတာႀကီးမ်ား ရွိသည္။

ေ႐ႊလီျမစ္ေပၚရွိ ထင္ရွားေသာ ကူးတို႔ဆိပ္မ်ားမွာ ေနာင္ခမ္း၊ ဆြပ္ခမ္း၊ တက်ယ္၊ ေအေအာကာ၊ တာလီ၊ ပိန္းခ၊ ဖ်ီေပါ၊ မန္းဆတ္တို႔ ျဖစ္ၾကသည္။ အခ်ိဳ႕သည္ အိမ္ေျခႏွစ္ဆယ္ အစိတ္သာ ျဖစ္သည္။ မိုင္းေမာႏွင့္ နမ့္ခမ္းလြင္ျပင္ေဒသတြင္ ေ႐ႊလီျမစ္သည္ လြင္ျပင္ကို စီးဆင္းရေသာ္လည္း အေကြ႕အေကာက္မ်ားသျဖင့္ ေရစုန္၌ပင္ အသြားအလာ အလြန္ေႏွာင့္ေႏွးေသာေၾကာင့္ ကုန္း လမ္းခရီးျဖင့္သာ အသြားမ်ားသည္။ ထိုေနရာရွိ ေ႐ႊလီျမစ္ဝွမ္း ေဒသသည္ အေရွ႕ႏွင့္ အေနာက္မိုင္ ၃ဝ ခန္႔၊ ေတာင္ႏွင့္ေျမာက္ ခုနစ္မိုင္ခန္႔ ရွည္လ်ားသည္။ ေရမ်က္ႏွာျပင္မွ ေပ ၂၄ဝဝ ျမင့္ေသာ ခ်ိဳင့္ဝွမ္းေဒသျဖစ္၍ မိုးရာသီတြင္ ေရလႊမ္းေနတတ္သည္။ ထိုေဒသသည္ ေ႐ႊလီျမစ္တစ္ေလၽွာက္တြင္ လူဦးေရအမ်ားဆုံးေဒသ ျဖစ္သည္။ လူဦးေရ တစ္သိန္းေက်ာ္ခန္႔ ရွိသည္။

ေ႐ႊလီျမစ္ဝွမ္းေဒသတြင္ ရွမ္းလူမ်ိဳး အမ်ားဆုံး ေနထိုင္ သည္။ က်န္လူမ်ိဳးတို႔မွာ ကခ်င္၊ ပေလာင္၊ လီဆူမ်ားျဖစ္၍ တ႐ုတ္လူမ်ိဳးလည္း အမ်ားအျပား လာေရာက္ေနထိုင္ၾကသည္။ ေ႐ႊလီေဒသ ရွမ္းမ်ားသည္ တစ္ေနရာမွ တစ္ေနရာသို႔ ေျပာင္း ေ႐ြ႕ စီးပြားရွာေလ့ ရွိၾကသည္။ အထူးသျဖင့္ ရွမ္းျပည္ေျမာက္ ပိုင္းရွိ လား႐ႈိး၊ တန္႔ယန္း၊ နမၼတူၿမိဳ႕မ်ား၊ ရွမ္းျပည္ေတာင္ပိုင္း ရွိ လင္းေခး၊ ပင္လုံ၊ က်ိဳင္းတုံ စေသာ ၿမိဳ႕မ်ားသို႔ သြားေရာက္ စီးပြားရွာၾကသည္။ ထိုၿမိဳ႕မ်ား၌မူ နမ့္ခမ္းရွမ္းဟု တြင္သည္။ ယင္းတို႔သည္ မ်ားေသာအားျဖင့္ ဗုဒၶဘာသာ၀င္မ်ား ျဖစ္ၾကၿပီး တစ္ရာခိုင္ႏႈန္းခန္႔သာ အျခားဘာသာ ႏွင့္ နတ္ကိုးကြယ္သူမ်ား ျဖစ္ၾကသည္။ ထိုေဒသရွိ လူအေပါင္း တို႔သည္ ျမန္မာႏိုင္ငံထက္ တ႐ုတ္ႏိုင္ငံႏွင့္ အဆက္အသြယ္ လြယ္ကူသျဖင့္ အေနအထိုင္ ဓေလ့ထုံးစံ ယဥ္ေက်းမႈတို႔သည္ တ႐ုတ္ဆန္သည္။ တ႐ုတ္ႏွစ္သစ္ကူးခ်ိန္တြင္ ပြဲလမ္းသဘင္ ဆင္ယင္က်င္းပေလ့ရွိၾကသည္။ စားေသာက္ရာ၌လည္း တူျဖင့္ပင္ စား၍၊ ဝတ္ဆင္ရာ၌ တ႐ုတ္ႏိုင္ငံျဖစ္ ပစၥည္းမ်ားကို ဝတ္ဆင္ေလ့ ရွိၾကသည္။

ထိုေဒသသို႔ ခရီးသြားၾကသူမ်ားသည္ တ႐ုတ္ျပည္သူ႕ သမၼတႏိုင္ငံဘက္ရွိ ဝမ္တိမ္ၿမိဳ႕ကေလးႏွင့္ တံတားကေလးသာ ျခားလ်က္ရွိေသာ ပန္ဆိုင္းၿမိဳ႕သို႔၎၊ နမ့္ခမ္းၿမိဳ႕ရွိ ခြဲစိတ္ကုသ မႈတြင္ အထူးေက်ာ္ၾကားေသာ ေဒါက္တာဆီးဂေရ႕၏ နမ့္ခမ္း ေဆး႐ုံသို႔၎ လာေရာက္လည္ပတ္ၾကည့္႐ႈၾကရသည္။ ထင္ရွားေသာၿမဳိ႕မွာ တရုတ္ဘက္ကမ္းရွိ ေရႊလီၿမဳိ႕ျဖစ္သည္။ ေ႐ႊလီၿမိဳ႕ကို ေရွးယခင္က မိုင္းေမာၿမိဳ႕ ဟုေခၚဆိုသည္။ ယခုအမည္ျဖစ္ေသာ ေ႐ႊလီကို တ႐ုတ္ဘာသာစကားအားျဖင့္ ေ႐ြ႕လိ ဟုေခၚဆိုသည္။ ေ႐ြ႕မွာ ကံေကာင္းျခင္း ဟု အဓိပၸါယ္ရၿပီး၊ လိမွာ လွပျခင္း ဟု အဓိပၸါယ္ရသည္။

ေ႐ႊလီျမစ္ဝွမ္းေဒသတြင္ မ်ားေသာအားျဖင့္ လယ္ယာ ကိုင္းကၽြန္း လုပ္ကိုင္စားေသာက္ၾကသည္။ ထင္ရွားေသာ ထြက္ကုန္မ်ားမွာ လက္ဖက္ေျခာက္၊ ေက်ာက္ေက်ာ၊ မက္မုံသီး၊ သစ္ေသာ့သီး၊ သစ္အယ္သီး၊ တယ္သီး၊ ဓား၊ လြယ္အိတ္၊ ခေမာက္ စသည္တို႔ ျဖစ္ၾကသည္။ ရွားပါးမ်ဳိးစိတ္မ်ားကို ေ႐ႊလီျမစ္အတြင္းေတြ႕ရွိရသည္။ ထို႔ျပင္ ဧရာဝတီျမစ္ႏွင့္ နီးေသာအရပ္မ်ားတြင္ ေ႐ႊ႕ေျပာင္းသြားလာေနသည့္ ဧရာဝတီလင္းပိုင္မ်ားကိုလည္း ရံဖန္ရံခါေတြ႕ရေလ့ရွိသည္။

ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၁)
Myanmar Wikipedia

——————

ရွှေလီမြစ် အကြောင်း သိကောင်းစရာ (unicode)

ရွှေလီမြစ်ကို ရှမ်းပြည်နယ်တွင်နမ့်မောင်း၊ တရုတ်နိုင်ငံတွင် ၏ ရွေ့လိကျန်း ဟုခေါ်ကြသည်။ မြစ်၏အစပိုင်းနေရာအချို့သည် တရုတ်-မြန်မာနယ်နိမိတ်မျဉ်းအဖြစ် စီးဆင်းသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကုန်းမြင့်ဒေသများတွင် စတင်မြစ်ဖျားခံကာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် စစ်ကိုင်းတိုင်း တို့ကိုဖြတ်သန်း၍ တကောင်းမြို့မြောက်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာ၊ ကသာမြို့အနီးရှိ အင်းရွာတွင် နိုင်ငံ၏ အကြီးဆုံးမြစ်ဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။

သမိုင်းထဲက ရွှေလီမြစ်

ရွှေလီမြစ်သည် တိုင်အနွယ်များဟုလည်းခေါ်သည့် မြန်မာနိုင်ငံတွင်းရှိ ရှမ်းလူမျိုးများ နှင့် ကြီးမားသော ဆက်နွယ်မှုရှိသည်။ မောဝ်ရှမ်းတို့သည် ပုဂံခေတ်ဦးတည်းကပင် ရွှေလီမြစ်မှတစ်ဆင့် မြန်မာနိုင်ငံ အလယ်ပိုင်းရပ်ဝန်းဒေသများကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြပြီး ပုဂံမှ အနော်ရထာမင်း၏ ဟန့်တားမှုကြောင့် မူလနေရာများသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြသည်။ သို့သော် ပုဂံခေတ်မကုန်ဆုံးမှီကပင် ရှမ်းတို့၏ ဩဇာအင်အားမှာ တစတစကြီးထွားလာကာ ပုဂံခေတ်ကုန်ဆုံးပြီးနောက်တွင် ပေါ်ထွန်းလာသည့် ပင်းယ-စစ်ကိုင်းခေတ်များတွင် အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။

ရှမ်းညီနောင်သုံးဦးတွင် နောင်တော် ရာဇသင်္ကြန်သည် မြင်စိုင်းတွင် ရွှေနန်းတည်လေသည်။ ညီတော်အလတ် အသင်္ခယာသည် မက္ခရာမြို့တွင် ရွှေနန်းတည်လေသည်။ ညီငယ် တစ်စီးရှင်သီဟသူကား ပင်းယမြို့တွင်နန်းတည်ခဲ့သည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက်တွင်ဖြစ်ပွားခဲ့သည့် တရုတ်-မြန်မာစစ်ပွဲများတွင်လည်း ရွှေလီမြစ်သည် မြန်မာတို့၏ နယ်ချဲ့တွန်းလှန်ရေးသမိုင်းတွင် ပါဝင်ခဲ့ပြန်သည်။

ရွှေလီနယ်ဒေသကို ရှေးနယ်ရှင်စော်ဘွားကြီးများခေတ်တွင် မြို့စားပေါင်း ၁၅ ဦးတို့ဖြင့် ခွဲဝေအုပ်ချုပ်ခဲ့လေသည်။ လွတ် လပ်ရေးရပြီးနောက် နယ်ရှင် သိန္နီစော်ဘွားကြီးက ရွှေလီနယ် ဒေသရှိ နမ့်ခမ်းမြို့တွင် ရွှေလီအမတ်တစ်ဦးထားရှိကာ မြို့စား များကို အုပ်ချုပ်စေသည်။ စော်ဘွားများ အာဏာစွန့်လွှတ် ပြီးနောက်၌မူ နမ့်ခမ်းမြို့တွင် နယ်ပိုင်ဝန်ထောက်တစ်ဦးနှင့် မြို့ပိုင်တစ်ဦး၊ မူဆယ်မြို့တွင် မြို့ပိုင်တစ်ဦးနှင့် လက်ထောက် မြို့ပိုင်တစ်ဦး ထားရှိပြီးလျှင် ယခင်မြို့စားများကို တိုက်သူကြီး များအဖြစ် ဆောင်ရွက်စေသည်။

ရွှေလီမြစ်

တရုတ်နိုင်ငံတွင် မြစ်ဖျားခံပြီးလျှင် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ကြီးထဲသို့ စီးဝင်သော ထင်ရှားသည့် မြစ်လက်တက်ကြီး တစ်ခုမှာ ရွှေလီမြစ်ဖြစ်၍ မြန်မာနိုင်ငံ၏အရှေ့တံခါးပေါက်ကြီး တစ်ခု ဖြစ်သည်။ မိုင်ပေါင်း ၃၅ဝ ခန့် ရှည်လျား၏။ ရွှေလီ မြစ်စဉ်အတိုင်း ဆန်တက်ပါက တရုတ်-မြန်မာ နယ်နိမိတ်ကို ဖြတ်သန်း၍ တရုတ်နိုင်ငံတွင်းသို့ ပေါက်သည်။ တရုတ်-မြန်မာ လမ်းမကြီးသည် များသောအပိုင်းတွင် ရွှေလီမြစ်နှင့် ယှဉ်ပြိုင် သွယ်တန်းလျက် ရှိ၏။

တရုတ်နိုင်ငံ ထိန်ယွေး(မိုးမျဉ်း)နယ် အရှေ့မြောက်ဘက် မိုင် ၆ဝ ခန့်အကွာမှ မြစ်ဖျားခံခဲ့ပြီးနောက်၊ အနောက်တောင် ဘက်သို့ စီးဆင်းကာ မိုင်းမော၊ နမ့်ခမ်းမြို့များအနီးမှ ဖြတ် သန်း၍ မိုးမိတ်နယ်သို့ ဝင်ပြီးလျှင် မြစ်ဆုံရွာအနီး ရောက်သော အခါ မြောက်ဘက်သို့ မြစ်ကြောင်းတစ်ဖန်လှည့်၍ ကသာမြို့ တောင်ဘက် မိုင် ၂ဝ ခန့်ကွာဝေးသော အင်းရွာနားမှ ဧရာဝတီ မြစ်ထဲသို့ ပေါင်းဆုံစီးဝင်သည်။ ထိုကြောင့် ရွှေလီမြစ်သည် တရုတ်၊ ရှမ်းနှင့် ကချင်ဒေသများကို ဆက်သွယ်ပေးသော တံခါးပေါက်ကြီးဟု ဆိုရပေမည်။

ရွှေလီမြစ်ကို ချီဖင်လွင်ပြင်သို့ မရောက်မီ တရုတ်တို့က လွန်ကျန်၊ လွန်ချွန်ကျန်မြစ်ဟု ခေါ်၍ ရှမ်းတို့က နမ့်ယန်မြစ် ဟု ခေါ်သည်။ ချီဖင်လွင်ပြင်ကို ကျော်လာသောအခါ နမ့်မော မြစ်ဟု ခေါ်ကြပြန်သည်။ အရှည်အားဖြင့် မိုင် ၂၆ဝ ရှိ၍ တောတောင်စိမ့်စမ်း လျှိုမြောင်ကြားမှ ဖြတ်စီးရသောကြောင့် မြစ်ကျဉ်းများ ရေတံခွန်များ ပေါများသဖြင့် အချို့နေရာ၌ ကူးသန်းသွားလာရေး ခက်ခဲသည်။ မြစ်ဆုံရွာအောက်ဘက်တွင် မြစ်ကြောင်းသည် အလွန်ကျဉ်းသည်။ မိုးကုတ်နယ် ရွှေညောင် ပင်ရွာနားမှ စီးဆင်းလာသော ကင်းချောင်းနှင့် မိုးမိတ်မြို့ကို ဖြတ်သန်းစီးဆင်းလာသော နမ့်မိတ်မြစ်တို့သည် ပေါင်းဆုံပြီး နောက် မြစ်ဆုံရွာနားတွင် ရွှေလီမြစ်ထဲသို့ လက်ဝဲဘက်မှ စီးဝင်သည်။ အခြားထင်ရှားသော မြစ်လက်တက်ဟူ၍ကား မရှိချေ။

မြစ်ကြောင်းတစ်လျှောက် အရေးပါသည့်မြို့များ

မူဆယ်
နမ့်ခမ်း
မိုးမိတ်
မဘိမ်း

ရွှေလီမြစ်သည် ကူးသန်းသွားလာရန် များစွာ အသုံး မဝင်သော်လည်း ယင်းကို သစ်ဝါးမျှောရန် အသုံးပြုကြသည်။ နမ့်ခမ်းမြို့အနီး ဆွပ်ခမ်းရွာ အောက်နားတွင် ရွှေလီမြစ်သည် တောင်ကုန်းကို ဖြတ်၍ စီးဆင်းရသဖြင့် ကိုက် ၁ဝဝ ခန့်သာ ကျယ်၍ ရေတံခွန်များ အလွန်များပြားသဖြင့် လှေ သင်္ဘောများ သွားလာခြင်းမပြုနိုင်ချေ။ ချီဖင်ဒေသ မန်ပင်ရွာ နှင့် ဆွပ်ခမ်းရွာကြား၌သာ ကူးသန်းသွားလာရန် အသုံးဝင်လေ သည်။ ဧရာဝတီမြစ်သို့ စီးဝင်ခါနီး ရွှေလီမြစ်၏ အောက်ပိုင်း ဒေသ၌ သစ်တောကြီးများ ရှိသည်။

ရွှေလီမြစ်ပေါ်ရှိ ထင်ရှားသော ကူးတို့ဆိပ်များမှာ နောင်ခမ်း၊ ဆွပ်ခမ်း၊ တကျယ်၊ အေအောကာ၊ တာလီ၊ ပိန်းခ၊ ဖျီပေါ၊ မန်းဆတ်တို့ ဖြစ်ကြသည်။ အချို့သည် အိမ်ခြေနှစ်ဆယ် အစိတ်သာ ဖြစ်သည်။ မိုင်းမောနှင့် နမ့်ခမ်းလွင်ပြင်ဒေသတွင် ရွှေလီမြစ်သည် လွင်ပြင်ကို စီးဆင်းရသော်လည်း အကွေ့အကောက်များသဖြင့် ရေစုန်၌ပင် အသွားအလာ အလွန်နှောင့်နှေးသောကြောင့် ကုန်း လမ်းခရီးဖြင့်သာ အသွားများသည်။ ထိုနေရာရှိ ရွှေလီမြစ်ဝှမ်း ဒေသသည် အရှေ့နှင့် အနောက်မိုင် ၃ဝ ခန့်၊ တောင်နှင့်မြောက် ခုနစ်မိုင်ခန့် ရှည်လျားသည်။ ရေမျက်နှာပြင်မှ ပေ ၂၄ဝဝ မြင့်သော ချိုင့်ဝှမ်းဒေသဖြစ်၍ မိုးရာသီတွင် ရေလွှမ်းနေတတ်သည်။ ထိုဒေသသည် ရွှေလီမြစ်တစ်လျှောက်တွင် လူဦးရေအများဆုံးဒေသ ဖြစ်သည်။ လူဦးရေ တစ်သိန်းကျော်ခန့် ရှိသည်။

ရွှေလီမြစ်ဝှမ်းဒေသတွင် ရှမ်းလူမျိုး အများဆုံး နေထိုင် သည်။ ကျန်လူမျိုးတို့မှာ ကချင်၊ ပလောင်၊ လီဆူများဖြစ်၍ တရုတ်လူမျိုးလည်း အများအပြား လာရောက်နေထိုင်ကြသည်။ ရွှေလီဒေသ ရှမ်းများသည် တစ်နေရာမှ တစ်နေရာသို့ ပြောင်း ရွေ့ စီးပွားရှာလေ့ ရှိကြသည်။ အထူးသဖြင့် ရှမ်းပြည်မြောက် ပိုင်းရှိ လားရှိုး၊ တန့်ယန်း၊ နမ္မတူမြို့များ၊ ရှမ်းပြည်တောင်ပိုင်း ရှိ လင်းခေး၊ ပင်လုံ၊ ကျိုင်းတုံ စသော မြို့များသို့ သွားရောက် စီးပွားရှာကြသည်။ ထိုမြို့များ၌မူ နမ့်ခမ်းရှမ်းဟု တွင်သည်။ ယင်းတို့သည် များသောအားဖြင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး တစ်ရာခိုင်နှုန်းခန့်သာ အခြားဘာသာ နှင့် နတ်ကိုးကွယ်သူများ ဖြစ်ကြသည်။ ထိုဒေသရှိ လူအပေါင်း တို့သည် မြန်မာနိုင်ငံထက် တရုတ်နိုင်ငံနှင့် အဆက်အသွယ် လွယ်ကူသဖြင့် အနေအထိုင် ဓလေ့ထုံးစံ ယဉ်ကျေးမှုတို့သည် တရုတ်ဆန်သည်။ တရုတ်နှစ်သစ်ကူးချိန်တွင် ပွဲလမ်းသဘင် ဆင်ယင်ကျင်းပလေ့ရှိကြသည်။ စားသောက်ရာ၌လည်း တူဖြင့်ပင် စား၍၊ ဝတ်ဆင်ရာ၌ တရုတ်နိုင်ငံဖြစ် ပစ္စည်းများကို ဝတ်ဆင်လေ့ ရှိကြသည်။

ထိုဒေသသို့ ခရီးသွားကြသူများသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်ရှိ ဝမ်တိမ်မြို့ကလေးနှင့် တံတားကလေးသာ ခြားလျက်ရှိသော ပန်ဆိုင်းမြို့သို့၎င်း၊ နမ့်ခမ်းမြို့ရှိ ခွဲစိတ်ကုသ မှုတွင် အထူးကျော်ကြားသော ဒေါက်တာဆီးဂရေ့၏ နမ့်ခမ်း ဆေးရုံသို့၎င်း လာရောက်လည်ပတ်ကြည့်ရှုကြရသည်။ ထင်ရှားသောမြို့မှာ တရုတ်ဘက်ကမ်းရှိ ရွှေလီမြို့ဖြစ်သည်။ ရွှေလီမြို့ကို ရှေးယခင်က မိုင်းမောမြို့ ဟုခေါ်ဆိုသည်။ ယခုအမည်ဖြစ်သော ရွှေလီကို တရုတ်ဘာသာစကားအားဖြင့် ရွေ့လိ ဟုခေါ်ဆိုသည်။ ရွေ့မှာ ကံကောင်းခြင်း ဟု အဓိပ္ပါယ်ရပြီး၊ လိမှာ လှပခြင်း ဟု အဓိပ္ပါယ်ရသည်။

ရွှေလီမြစ်ဝှမ်းဒေသတွင် များသောအားဖြင့် လယ်ယာ ကိုင်းကျွန်း လုပ်ကိုင်စားသောက်ကြသည်။ ထင်ရှားသော ထွက်ကုန်များမှာ လက်ဖက်ခြောက်၊ ကျောက်ကျော၊ မက်မုံသီး၊ သစ်သော့သီး၊ သစ်အယ်သီး၊ တယ်သီး၊ ဓား၊ လွယ်အိတ်၊ ခမောက် စသည်တို့ ဖြစ်ကြသည်။ ရှားပါးမျိုးစိတ်များကို ရွှေလီမြစ်အတွင်းတွေ့ရှိရသည်။ ထို့ပြင် ဧရာဝတီမြစ်နှင့် နီးသောအရပ်များတွင် ရွှေ့ပြောင်းသွားလာနေသည့် ဧရာဝတီလင်းပိုင်များကိုလည်း ရံဖန်ရံခါတွေ့ရလေ့ရှိသည်။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
Myanmar Wikipedia

Leave a Reply