အဂၤလန္က အႀကီးဆုံး ေရႊသိုေလွာင္ခန္းမ်ား

Posted on

ကမာၻမွာ အႀကီးဆုံး ဘဏ္ႀကီး တခုျဖစ္တဲ့ ICBC တ႐ုတ္ စက္မႈနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဘဏ္က လန္ဒန္ ေျမေအာက္ခန္း တခန္းက ေ႐ႊနဲ႔ အဖိုးတန္ သတၱဳေတြကို ၂၀၁၆ခုႏွစ္တည္းက ၀ယ္ယူခဲ့တာျဖစ္ပါတယ္​။ ဒီလို ေ႐ႊေတြ သိမ္းထားတဲ့ ေျမတိုက္ခန္းေတြ လန္ဒန္မွာ ဘယ္ေလာက္ရွိၿပီး ေ႐ႊဘယ္ေလာက္မ်ားမ်ားကို သိမ္းဆည္းထားသလဲ သိပါသလား ။

လန္ဒန္ေရႊတုိက္မ်ား

လန္ဒန္ၿမိဳ႕ရဲ႕ လမ္းတိုင္းကို ေ႐ႊနဲ႕ ခင္းမထားနိုင္ ေပမယ့္လည္း လန္ဒန္ ေျမေအာက္ခန္း ေတြထဲမွာ ေ႐ႊေတြ သိမ္းထားတာေတာ့ ေတာ္ေတာ္မ်ားပါတယ္။ လန္ဒန္ ၿမိဳ႕မွာ ၇ ေနရာ ခြဲၿပီး ေ႐ႊတန္ခ်ိန္ ၆၅ဝဝ သိမ္းထားတာပါ။ ဒီထဲက အမ်ားဆုံးကေတာ့ အဂၤလန္ဘဏ္မွာ ရွိပါတယ္။ အဲဒီမွာ လန္ဒန္က ေ႐ႊပိုင္ဆိုင္မႈရဲ႕ ၇၅ ရာခိုင္ႏႈန္း ျဖစ္တဲ့ တန္ ၅ဝဝဝ ေက်ာ္ ရွိပါတယ္။ ဒီေ႐ႊေတြကို ေပါင္ ၃ဝ ေလာက္စီ ေလးတဲ့ ေ႐ႊေခ်ာင္းေတြ လုပ္ၿပီး သိမ္းထားတာ ေ႐ႊေခ်ာင္း ၅ သိန္းေလာက္ ရွိပါတယ္။ အဲဒီ ေ႐ႊေခ်ာင္း တေခ်ာင္းကို ေဒၚလာ ၅ သိန္းေက်ာ္ ေလာက္ တန္ပါတယ္။

ဒါေပမဲ့ ဒီထဲမွာ ၿဗိတိသွ် ဘ႑ာေရး ဌာနက ပိုင္တဲ့ ေ႐ႊက ဆယ္ပုံ တပုံေတာင္ မရွိပါဘူး။
“အဂၤလန္ဘဏ္မွာ ရွိတဲ့ ေ႐ႊတန္ခ်ိန္ ၃ဝဝ ေလာက္ပဲ ၿဗိတိသွ် ဘ႑ာေရး ဌာနက ပိုင္တာပါ။ က်န္တာေတြက စီးပြားေရး သမားေတြ ပိုင္တာပါ ” လို႔ BullionVault  က ေအဒရီယန္ အက္ရွ္ က ေျပာပါတယ္။

လန္ဒန္ၿမိဳ႕လယ္ က သရက္နီဒယ္လမ္းရဲ႕ ေအာက္မွာ ေျမေအာက္၂ ထပ္လုပ္ၿပီး ေ႐ႊေခ်ာင္းေတြကို အခန္း ၈ ခန္း ခြဲ သိမ္းထားပါတယ္။ ဒီလို ခြဲသိမ္းရတာက အေလးခ်ိန္ ညီညီမွ်မွ် ရွိဖို႔နဲ႕ ေ႐ႊေခ်ာင္းေတြ အေလးခ်ိန္ေၾကာင့္ ဘဏ္ေအာက္ေျခက အခန္းေတြ ေျမကြၽံတာ မျဖစ္ဖို႔ ခြဲသိမ္းရတာ ျဖစ္ပါတယ္။

M25 အေဝးေျပး လမ္းမႀကီး အတြင္း ဘက္မွာ ေဂ်ပီ ေမာ္ဂန္နဲ႔ HSBC တို႔လို ဘဏ္ေတြက ပိုင္တဲ့ ေ႐ႊတိုက္ခန္း အေသးစား ၆ ခန္း ရွိပါတယ္။ ဟီးသရိုး ေလဆိပ္နားမွာ ၃ ခု ရွိပါတယ္။ ဘာကေလဘဏ္ကေန ICBC ဝယ္လိုက္တဲ့ ေ႐ႊတိုက္က M25 လမ္း အတြင္းဘက္ျခမ္းမွာပဲ ရွိပါတယ္။ ဒါေပမဲ့ ေနရာ အတိအက်ကို လွ်ို႔ဝွက္ ထားတာပါ။ အဲဒီမွာ ေ႐ႊတန္ခ်ိန္ ၂ဝဝဝ ေတာင္ရွိေတာ့ ဥေရာပမွာ ေ႐ႊအမ်ားဆုံးထားတဲ့ ေ႐ႊတိုက္တခု ျဖစ္ပါတယ္။ ဒီေ႐ႊတိုက္ကို ေဆာက္ဖို႔ တႏွစ္ၾကာတယ္လို႔ သိရပါတယ္။

လန္ဒန္မွာ ေရႊသိမ္းသူမ်ား

ပုဂၢလိက လုပ္ငန္းရွင္ေတြ လန္ဒန္ ေ႐ႊတိုက္ေတြမွာ ေ႐ႊသိမ္းထားၾကတယ္လို႔လည္း ေအဒရီယန္ အက္ရွ္ ကဆိုပါတယ္။ “ရင္းႏွီးျမႇုပ္ႏွံသူေတြ၊ စေတာ့ေစ်းကစားသူေတြ၊ သူေဌး မိသားစုေတြ နဲ႕ တျခား လုပ္ငန္းရွင္ေတြရဲ႕ ပိုင္ဆိုင္မႈ ေတြကို ေ႐ႊနဲ႕ သိမ္းထားၾကတာပါ ” လို႔ ေျပာပါတယ္။

အဂၤလန္ဘဏ္ရဲ႕ ေ႐ႊတိုက္ခန္းက ကမာၻေပၚမွာ ဒုတိယ အႀကီးဆုံး ျဖစ္ပါတယ္။ သူ႕ထက္ ေ႐ႊေခ်ာင္းေတြ ပိုမ်ားတာက ေ႐ႊတန္ခ်ိန္ ၆၃ဝဝ ရွိတဲ့ နယူးေယာ့ ၿမိဳ႕က ဖက္ဒရယ္ ရီဆာ့ဘဏ္ပါပဲ။
“လန္ဒန္က ေ႐ႊထြက္တဲ့ ေနရာလည္းမဟုတ္သလို ေ႐ႊကို ဝတ္ဆင္ သုံးစြဲၾကတဲ့ ေစ်းကြက္လည္း မရွိပါဘူး။ ဒါေပမဲ့ ကမာၻ႔ ေ႐ႊေစ်းကြက္ႀကီး တခုလုံးရဲ႕ ဗဟို ဌာန ျဖစ္ပါတယ္။ ေ႐ႊကို စတုတၳ အမ်ားဆုံး တင္သြင္းၿပီး ဒုတိယ အမ်ားဆုံး တင္ပို႔ေနတဲ့ ေစ်းကြက္ဌာနႀကီး ျဖစ္ပါတယ္။

ေ႐ႊ ေစ်းကို စနည္းနာမယ္ ဆိုရင္ ‘လန္ဒန္ေပါက္ေစ်း’ဆိုတာ စၾကားရမွာ။ လန္ဒန္မွာ ေ႐ႊအဝင္အထြက္ လုပ္တဲ့ ေပါက္ေစ်း၊ ဒီေစ်းကို အေျခခံ ထားၿပီး ေ႐ႊကစားၾကတာပါ ” လို႔ အက္ရွ္ က ေျပာပါတယ္။
“အဂၤလန္ စံေတာ္ခ်ိန္က အေမရိကန္နဲ႕ အာရွၾကား မွာ ရွိပါတယ္။ ဒီနိုင္ငံမွာ တခါက ဘဏ္ကရိုက္တဲ့ ေငြစကၠဴနဲ႕ ေ႐ႊ တန္ဖိုး အတူထားတဲ့ ေ႐ႊစံခ်ိန္ စနစ္ကို က်င့္သုံးခဲ့ပါတယ္။

ေနာက္ၿပီး ပိုင္ဆိုင္မႈ အခြင့္အေရး အာမခံမႈ၊ နိုင္ငံေရး တည္ၿငိမ္မႈ၊ လြတ္လပ္စြာ ကုန္သြယ္ခြင့္ စတာေတြမွာ အဂၤလန္က အစဥ္အလာ ရွိပါတယ္။ ေျမေအာက္ခန္း ထိန္းသိမ္းမႈ စနစ္မွာလည္း အဂၤလန္က ေကာင္းပါတယ္။” ICBC ဝယ္လိုက္တဲ့ ဘာကေလ ေ႐ႊတိုက္ကို အခြံခ်ည္းေတာ့ မေပးလိုက္ဘူးလို႔ ယူဆၾကပါတယ္။

“ေ႐ႊေတြ မပါတဲ့ ေ႐ႊတိုက္ကိုေတာ့ ဝယ္မယ္ မထင္ပါဘူး၊ နဂိုအတိုင္း ဆက္ထားမွာပါ။ “ လို႔ အက္ရွ္က ေျပာပါတယ္။ အခုေတာ့ ရင္းႏွီး ျမႇုပ္ႏွံသူေတြ၊ ရတနာ ဆိုင္ရွင္ေတြ၊ သတၱဳတြင္း ကုမၸဏီေတြနဲ႕ တျခား ေ႐ႊသိမ္းခ်င္တဲ့သူေတြ အားလုံး သူတို႔ ေ႐ႊသိမ္းခကို ဘာကေလ ဘဏ္အစား ICBC တ႐ုတ္ဘဏ္ႀကီးကို ေပးရေတာ့မွာ ျဖစ္ပါတယ္။

BBC Burmese

———————-

အင်္ဂလန်က အကြီးဆုံး ရွှေသိုလှောင်ခန်း (unicode)

ကမ္ဘာမှာ အကြီးဆုံး ဘဏ်ကြီး တခုဖြစ်တဲ့ ICBC တရုတ် စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ်က လန်ဒန် မြေအောက်ခန်း တခန်းက ရွှေနဲ့ အဖိုးတန် သတ္တုတွေကို ၂၀၁၆ခုနှစ်တည်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်​။ ဒီလို ရွှေတွေ သိမ်းထားတဲ့ မြေတိုက်ခန်းတွေ လန်ဒန်မှာ ဘယ်လောက်ရှိပြီး ရွှေဘယ်လောက်များများကို သိမ်းဆည်းထားသလဲ သိပါသလား ။

လန်ဒန်ရွှေတိုက်များ

လန်ဒန်မြို့ရဲ့ လမ်းတိုင်းကို ရွှေနဲ့ ခင်းမထားနိုင် ပေမယ့်လည်း လန်ဒန် မြေအောက်ခန်း တွေထဲမှာ ရွှေတွေ သိမ်းထားတာတော့ တော်တော်များပါတယ်။ လန်ဒန် မြို့မှာ ၇ နေရာ ခွဲပြီး ရွှေတန်ချိန် ၆၅ဝဝ သိမ်းထားတာပါ။ ဒီထဲက အများဆုံးကတော့ အင်္ဂလန်ဘဏ်မှာ ရှိပါတယ်။ အဲဒီမှာ လန်ဒန်က ရွှေပိုင်ဆိုင်မှုရဲ့ ၇၅ ရာခိုင်နှုန်း ဖြစ်တဲ့ တန် ၅ဝဝဝ ကျော် ရှိပါတယ်။ ဒီရွှေတွေကို ပေါင် ၃ဝ လောက်စီ လေးတဲ့ ရွှေချောင်းတွေ လုပ်ပြီး သိမ်းထားတာ ရွှေချောင်း ၅ သိန်းလောက် ရှိပါတယ်။ အဲဒီ ရွှေချောင်း တချောင်းကို ဒေါ်လာ ၅ သိန်းကျော် လောက် တန်ပါတယ်။

ဒါပေမဲ့ ဒီထဲမှာ ဗြိတိသျှ ဘဏ္ဍာရေး ဌာနက ပိုင်တဲ့ ရွှေက ဆယ်ပုံ တပုံတောင် မရှိပါဘူး။
“အင်္ဂလန်ဘဏ်မှာ ရှိတဲ့ ရွှေတန်ချိန် ၃ဝဝ လောက်ပဲ ဗြိတိသျှ ဘဏ္ဍာရေး ဌာနက ပိုင်တာပါ။ ကျန်တာတွေက စီးပွားရေး သမားတွေ ပိုင်တာပါ ” လို့ BullionVault  က အေဒရီယန် အက်ရှ် က ပြောပါတယ်။

လန်ဒန်မြို့လယ် က သရက်နီဒယ်လမ်းရဲ့ အောက်မှာ မြေအောက်၂ ထပ်လုပ်ပြီး ရွှေချောင်းတွေကို အခန်း ၈ ခန်း ခွဲ သိမ်းထားပါတယ်။ ဒီလို ခွဲသိမ်းရတာက အလေးချိန် ညီညီမျှမျှ ရှိဖို့နဲ့ ရွှေချောင်းတွေ အလေးချိန်ကြောင့် ဘဏ်အောက်ခြေက အခန်းတွေ မြေကျွံတာ မဖြစ်ဖို့ ခွဲသိမ်းရတာ ဖြစ်ပါတယ်။

M25 အဝေးပြေး လမ်းမကြီး အတွင်း ဘက်မှာ ဂျေပီ မော်ဂန်နဲ့ HSBC တို့လို ဘဏ်တွေက ပိုင်တဲ့ ရွှေတိုက်ခန်း အသေးစား ၆ ခန်း ရှိပါတယ်။ ဟီးသရိုး လေဆိပ်နားမှာ ၃ ခု ရှိပါတယ်။ ဘာကလေဘဏ်ကနေ ICBC ဝယ်လိုက်တဲ့ ရွှေတိုက်က M25 လမ်း အတွင်းဘက်ခြမ်းမှာပဲ ရှိပါတယ်။ ဒါပေမဲ့ နေရာ အတိအကျကို လျှို့ဝှက် ထားတာပါ။ အဲဒီမှာ ရွှေတန်ချိန် ၂ဝဝဝ တောင်ရှိတော့ ဥရောပမှာ ရွှေအများဆုံးထားတဲ့ ရွှေတိုက်တခု ဖြစ်ပါတယ်။ ဒီရွှေတိုက်ကို ဆောက်ဖို့ တနှစ်ကြာတယ်လို့ သိရပါတယ်။

လန်ဒန်မှာ ရွှေသိမ်းသူများ

ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လန်ဒန် ရွှေတိုက်တွေမှာ ရွှေသိမ်းထားကြတယ်လို့လည်း အေဒရီယန် အက်ရှ် ကဆိုပါတယ်။ “ရင်းနှီးမြှုပ်နှံသူတွေ၊ စတော့ဈေးကစားသူတွေ၊ သူဌေး မိသားစုတွေ နဲ့ တခြား လုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှု တွေကို ရွှေနဲ့ သိမ်းထားကြတာပါ ” လို့ ပြောပါတယ်။

အင်္ဂလန်ဘဏ်ရဲ့ ရွှေတိုက်ခန်းက ကမ္ဘာပေါ်မှာ ဒုတိယ အကြီးဆုံး ဖြစ်ပါတယ်။ သူ့ထက် ရွှေချောင်းတွေ ပိုများတာက ရွှေတန်ချိန် ၆၃ဝဝ ရှိတဲ့ နယူးယော့ မြို့က ဖက်ဒရယ် ရီဆာ့ဘဏ်ပါပဲ။
“လန်ဒန်က ရွှေထွက်တဲ့ နေရာလည်းမဟုတ်သလို ရွှေကို ဝတ်ဆင် သုံးစွဲကြတဲ့ ဈေးကွက်လည်း မရှိပါဘူး။ ဒါပေမဲ့ ကမ္ဘာ့ ရွှေဈေးကွက်ကြီး တခုလုံးရဲ့ ဗဟို ဌာန ဖြစ်ပါတယ်။ ရွှေကို စတုတ္ထ အများဆုံး တင်သွင်းပြီး ဒုတိယ အများဆုံး တင်ပို့နေတဲ့ ဈေးကွက်ဌာနကြီး ဖြစ်ပါတယ်။

ရွှေ ဈေးကို စနည်းနာမယ် ဆိုရင် ‘လန်ဒန်ပေါက်ဈေး’ဆိုတာ စကြားရမှာ။ လန်ဒန်မှာ ရွှေအဝင်အထွက် လုပ်တဲ့ ပေါက်ဈေး၊ ဒီဈေးကို အခြေခံ ထားပြီး ရွှေကစားကြတာပါ ” လို့ အက်ရှ် က ပြောပါတယ်။
“အင်္ဂလန် စံတော်ချိန်က အမေရိကန်နဲ့ အာရှကြား မှာ ရှိပါတယ်။ ဒီနိုင်ငံမှာ တခါက ဘဏ်ကရိုက်တဲ့ ငွေစက္ကူနဲ့ ရွှေ တန်ဖိုး အတူထားတဲ့ ရွှေစံချိန် စနစ်ကို ကျင့်သုံးခဲ့ပါတယ်။

နောက်ပြီး ပိုင်ဆိုင်မှု အခွင့်အရေး အာမခံမှု၊ နိုင်ငံရေး တည်ငြိမ်မှု၊ လွတ်လပ်စွာ ကုန်သွယ်ခွင့် စတာတွေမှာ အင်္ဂလန်က အစဉ်အလာ ရှိပါတယ်။ မြေအောက်ခန်း ထိန်းသိမ်းမှု စနစ်မှာလည်း အင်္ဂလန်က ကောင်းပါတယ်။” ICBC ဝယ်လိုက်တဲ့ ဘာကလေ ရွှေတိုက်ကို အခွံချည်းတော့ မပေးလိုက်ဘူးလို့ ယူဆကြပါတယ်။

“ရွှေတွေ မပါတဲ့ ရွှေတိုက်ကိုတော့ ဝယ်မယ် မထင်ပါဘူး၊ နဂိုအတိုင်း ဆက်ထားမှာပါ။ ” လို့ အက်ရှ်က ပြောပါတယ်။ အခုတော့ ရင်းနှီး မြှုပ်နှံသူတွေ၊ ရတနာ ဆိုင်ရှင်တွေ၊ သတ္တုတွင်း ကုမ္ပဏီတွေနဲ့ တခြား ရွှေသိမ်းချင်တဲ့သူတွေ အားလုံး သူတို့ ရွှေသိမ်းခကို ဘာကလေ ဘဏ်အစား ICBC တရုတ်ဘဏ်ကြီးကို ပေးရတော့မှာ ဖြစ်ပါတယ်။

BBC Burmese

Leave a Reply