နာမည္ေက်ာ္ ေတာပုန္းႀကီး ဗုိလ္စံဖဲ ဆုိသည္မွာ

Posted on

ၿမန္မာႏုိင္ငံကုိ နယ္ခ်ဲ႔တုိ႔သိမ္းပုိက္စဥ္ ဆုေငြထုတ္ခံရသူ ၃ ဦး ရွိခဲ့ဖူးသည္။ ဗုိလ္ခ်ဳပ္ေအာင္ဆန္း၊ဆရာစံ ႏွင္႔ ဗုိလ္စံဖဲ တုိ႔ၿဖစ္သည္။ ထုိအထဲတြင္ ပထမဆုံး ဆုေငြထုတ္ခံရသူမွာ ဗုိလ္စံဖဲျဖစ္သည္။ ၿမန္မာၿပည္သူေတြ က ဗုိလ္စံဖဲကုိ ခ်စ္စႏုိးနဲ႔ ၿမန္မာႏုိင္ငံရဲ႕ ေရာ္ဘင္ဟုလုိ႔ေခၚႀကသည္။

ငယ္စဥ္ဘ၀

ဗိုလ္စံဖဲကို၁၉၀၆ ခုႏွစ္ ဧၿပီလ ၁၇ ရက္ အဂၤါေန႔တြင္ သာစည္ၿမိဳ႕နယ္ ဂုံညင္းႏြယ္ဘြဲ႕ျခား႐ြာ၌ အဘဦးဖိုးသိန္း၊ အမိေဒၚစံမယ္တို႔မွ ဖြားျမင္ခဲ့သည္။ ဦးဖိုးသိန္း ေဒၚစံမယ္တို႔တြင္ သားသမီး ခုနစ္ေယာက္ (မသင္း၊ မေအးခ်မ္း၊ ကိုသူေတာ္၊ မေစာခင္၊ ကိုစံဖဲႏွင့္ မေစာရွင္) ရွိရာ ကိုစံဖဲမွာ ႏို႔ၫွာျဖစ္သည္။ ထို႔ေနာက္ မိဘမ်ားသည္ ဂုံညင္းႏြယ္ဘြဲ႕ျခား႐ြာမွာ အေရွ႕ဘက္ မဲေတာ႐ြာသို႔ ေျပာင္းေ႐ႊ႕ခဲ့သည္။ စံဖဲ၏ ေယာက္ဖ ကိုလုံးသည္ သာစည္ၿမိဳ႕ သားေရကုမၸဏီပိုင္ရွင္ ဂ်ာမန္အမ်ိဳးသား မစၥတာတရစ္ထံတြင္ အလုပ္ဝင္လုပ္ခဲ့သည္။

ေနာက္ပိုင္းတြင္ မစၥတာတရစ္က စံဖဲကို ေမြးစား၍ ေက်ာင္းထားေပးသည္။ ၄ တန္းသာ ေနခဲ့သည္။ စံဖဲကို မစၥတာ တရစ္က အမဲလိုက္ရာသို႔ ေခၚ၍ ေသနတ္ပစ္သင္ေပးခဲ့ရာ မ်ားမၾကာမီ စံဖဲသည္ လက္ေျဖာင့္ေသနတ္သမားပမာ ေသနတ္ပစ္ကၽြမ္းက်င္သြားသည္။ ယင္းေနာက္ စံဖဲသည္ မဲေတာ႐ြာမွ ဦးစံလွ ေဒၚမယ္လွတို႔၏ သမီး မသိန္းရင္ႏွင့္ အိမ္ေထာင္က်ခဲ့သည္။ ထုိအခ်ိန္ထိ ကိုစံဖဲ၏ဘ၀မွာ ေအးေအးခ်မ္းခ်မ္းရွိခဲ့သည္။

စံဖဲဆုေငြအထုတ္ခံရျခင္း

မသိန္းရင္သည္ ႐ုပ္ရည္ေခ်ာေမာလွပသျဖင့္ ႐ြာ၏ ကြမ္းေတာင္ကိုင္ျဖစ္သည္။ မသိန္းရင္ကို မဲေတာ႐ြာသူႀကီး ဦးရာပိုင္၏ သား ငပုဆိုသူက တဖက္သတ္ခ်စ္ႀကိဳက္ေနရာ မသိန္းရင္ကို စံဖဲလက္ထပ္ယူခဲ့သျဖင့္ စံဖဲအေပၚ မေက်မနပ္ျဖစ္ေနသူျဖစ္သည္။ ထိုစဥ္အတြင္း သာစည္ၿမိဳ႕တြင္ ဓားျပမႈတစ္ခုတြင္ ဓားျပမ်ားထံမွ တူမီးေသနတ္တစ္လက္ သိမ္းဆည္းရမိသည္။ ထိုေသနတ္မွာ သားေရကုမၸဏီပိုင္ရွင္ မစၥတာတရစ္ အိမ္မွ ေပ်ာက္သြားေသာ ေသနတ္ျဖစ္ေနသည္။ ဤတြင္ ငပုက နယ္ခ်ဲ႕ပုလိပ္ႏွင့္ေပါင္းကာ စံဖဲအား မသကၤာမႈျဖင့္ ေခ်ာက္တြန္း၍ ေထာင္ ၆ လ ခ်လိုက္သည္။

စံဖဲေထာင္က်ေနခိုက္ ငပုက မသိန္းရင္အား အရယူလို၍ မသိန္းရင္၏ မိဘမ်ားကို အမ်ိဳးမ်ိဳးဒုကၡေပး၍ ႏွိပ္စက္ခဲ့သည္။ ေနာက္ဆုံးတြင္ မသိန္းရင္အား စံဖဲထံ ကြာရွင္းစာေတာင္းခိုင္းၿပီး မသိန္းရင္အား သိမ္းပိုက္လိုက္သည္။ မဲေတာသူႀကီးသား ငပုသည္ စံဖဲေထာင္က်ေနစဥ္အတြင္း အဂၤလိပ္အလိုေတာ္ရိ အရာရွိအခ်ိဳ႕ႏွင့္ ပူးေပါင္းကာ စံဖဲေထာင္မွ ျပန္လြတ္ခ်ိန္တြင္ ျပန္လည္ဒုကၡေပးမည့္ရန္မွ ေၾကာက္႐ြံ႕သည့္အတြက္ ႀကိဳတင္ကာကြယ္သည့္အေနျဖင့္ အက္တူးလူဆိုးစာရင္းဝင္ျဖစ္ရန္ လာဘ္ေပးဖန္တီးထားျပန္သည္။ တဖန္ စံဖဲအား မဲေတာ႐ြာ၌ ျပန္လည္ေနထိုင္ခြင့္မေပးဘဲ သဲေတာၿမိဳ႕နယ္ ဆူးပန္းေက်း႐ြာသို႔ အက္တူးစာရင္းဝင္လူဆိုးအျဖစ္ ေျပာင္းေ႐ႊ႕ထားရန္ စီမံထားခဲ့သည္။

ဤသို႔ အႀကိမ္ႀကိမ္မတရားျပဳခံရသျဖင့္ စိတ္နာက်ည္းေနေသာ စံဖဲသည္ ေထာင္မွလြတ္၍ သာဂရ႐ြာေရာက္ေနေသာ စံဖဲအား ရာဇဝတ္အုပ္ ဦးညီေမာင္သည္ ၁၉၂၆ ခုႏွစ္ ဒီဇင္ဘာလ ၃ ရက္ေန႔တြင္ ဖမ္းဆီး၍ စစ္ေဆးရန္ သာဂရသူႀကီး ဦးလာဘအိမ္သို႔ ေခၚေဆာင္လာသည္။ သူႀကီးကေတာ္ ေဒၚနန္းႏြယ္က ရာဇဝတ္အုပ္စားရန္ ေျမပဲေလွာ္ႏွင့္ လက္ဖက္ရည္ၾကမ္းခ်ထားရာ ဗုိက္ဆာေနသည့္ စံဖဲက ေကာက္ယူစားလိုက္ရာ ရာဇဝတ္အုပ္ ဦးညီေမာင္က တရားခံစားရန္မဟုတ္ဟု ေငါက္သျဖင့္ စံဖဲသည္ စိတ္မထိန္းႏိုင္ေတာ့ဘဲ သူႏွင့္ ႏွစ္ေတာင္ကြာေလာက္တြင္ရွိေသာ ဓားကိုယူ၍ လက္ထိပ္ခတ္ထားေသာ လက္ႏွစ္ဖက္ျဖင့္စုံကိုင္၍ ဦးညီေမာင္ကို ခုတ္သတ္လိုက္သည္။ အေစာင့္အျဖစ္ လိုက္ပါလာေသာ ပုလိပ္ငႂကြယ္မွာလည္း စံဖဲ၏ဓားခ်က္မိ၍ ထြက္ေျပးသြားသည္။

ထိုေန႔မွစ၍ စံဖဲသည္ ဝရမ္းေျပးေတာပုန္းျဖစ္သြားေလ၏။ ထိုအခါ ဗႏၶဳလသတင္းစာတိုက္က အထူးသတင္းေထာက္မ်ားလႊတ္၍ စံဖဲသတင္းကို ဗႏၶဳလတြင္ အပတ္စဥ္ တခမ္းတနား ထည့္သြင္းရာ စံဖဲသတင္းသည္ ဟိုးေလးတေက်ာ္ ျဖစ္သြားေတာ့သည္။ အစိုးရက စစ္ပုလိပ္မ်ားလႊတ္ကာ စံဖဲကို ဖမ္းခိုင္းသည္။ မမိ။ ဖမ္းေလ၊ မမိေလျဖစ္၍ တျဖည္းျဖည္း ၾကာလာေသာအခါ စံဖဲသည္ ဆုေငြ ၅၀၀၀ ထုတ္ထား ရေသာ ဝရမ္းေျပးေတာပုန္းျဖစ္လာသည္။

သူရဲေကာင္းဗုိလ္စံဖဲ

ထိုသို႔ စံဖဲသတင္းႀကီးေနစဥ္ ဗႏၶဳလသတင္းစာ၊ ဂ်ာနယ္တို႔က “စံဖဲဒိုင္ယာရီ” ဟူ၍ လည္းေကာင္း၊ “စံဖဲဇာတာေဗဒင္ေဟာစတမ္း” ဟူ၍ တဖုံ စံဖဲသတင္းကို တခမ္းတနား ေရးၾကေလသည္။ စံဖဲဓာတ္ပုံ၊ စံဖဲမိခင္ဓာတ္ပုံ၊ စံဖဲေနရစ္ခဲ့ေသာ ေက်ာင္းပုံ စသျဖင့္ စုံလွသည္။ ပုသိမ္ဦးဘေသာ္ ဆိုသူကလည္း အဂၤလိပ္ဒ႑ာရီပါ “ေတာပုန္းႀကီးေရာ္ဘင္ဟု” အေၾကာင္းကို ဘာသာျပန္၍ ဗႏၶဳလသတင္းစာတြင္ အပတ္စဥ္ထည့္ကာ စံဖဲကို ခ်ီးေျမႇာက္ခဲ့ၾကသည္။ ထိုမၽွမကေသး ဗႏၶဳလသတင္းစာႏွင့္ ဂ်ာနယ္တိုက္ပိုင္ရွင္ ဗႏၶဳလဦးစိန္က “သတိုးစိန္” ကေလာင္ခြဲျဖင့္ စံဖဲအေၾကာင္းကို ဝတၳဳေရး၍ ခ်ီးေျမႇာက္ခဲ့ျပန္သည္။ ဆရာက်င္ခဲ(ေ႐ႊတိုင္ၫႊန္႔ဖခင္)ႏွင့္ နန္းေတာ္ေရွ႕ ဆရာတင္တို႔ကလည္း စံဖဲသီခ်င္း ကိုေရး၍ တိုင္းျပည္ကို ျဖန္႔လိုက္ေသးသည္။

ဆရာႀကီး သခင္ကိုယ္ေတာ္မႈိင္းသည္ စံဖဲႏွင့္ ပတ္သက္ေသာ “ပုံေတာ္ႏိုင္ေမာ္ကြန္းဋီကာ” တြင္လည္းေကာင္း၊ “တ႐ုတ္ဒီပနီ ေဆာင္ပါးမ်ား” တြင္လည္းေကာင္း စံဖဲအေၾကာင္း ေဆာင္းပါးကို ေရးေလသည္။ ဆရာႀကီးသည္ ဓူဝံမဂၢဇင္းတြင္ “စုံေတာ္မူမွာတမ္း” အမည္ျဖင့္ စံဖဲ၏ မ်ိဳး႐ိုးႏွင့္ ပတ္သက္ေသာ အေၾကာင္းကို ေရးသားခဲ့သည္။

ထိုအခ်ိန္မွစ၍ စံဖဲသတင္းသည္ ျမန္မာတစ္ႏိုင္ငံလုံးတြင္ ဟိုးေလးတေက်ာ္ျဖစ္သြားသည္။ စံဖဲသည္ သာဂရ႐ြာမွ ထြက္ေျပးၿပီး ေတာပုန္းဘဝျဖင့္ တစ္႐ြာတည္းသား ငနီ၊ ခ်စ္ေကာင္း၊ ကံႀကီးေမာင္တို႔ႏွင့္အတူ ေတာပုန္းဘဝျဖင့္ အဂၤလိပ္အလိုေတာ္ရိလက္ပါးေစမ်ားအား ဒုကၡအမ်ိဳးမ်ိဳးေပးေတာ့သည္။ ပုလိပ္စိန္႐ိုး၏ ျမင္းႏွင့္ေသနတ္အား အိမ္ေပၚတက္သိမ္းျခင္း၊ ႏွမ္းကန္သူႀကီး ဦးပန္းရည္၏ ေသနတ္အား လုယူျခင္း စသည္မ်ား ကို ဆက္တိုက္ျပဳလုပ္ခဲ့သည္။

စံဖဲသည္ မယားခိုးငပုအား သတ္ရန္အတြက္ အတင့္ရဲစြာ သာစည္ၿမိဳ႕ေပၚထိ တက္ေရာက္လာသည္။ စံဖဲသည္ သာစည္နယ္ပိုင္ဝန္ ေထာက္ ဦးေအာင္ေက်ာ္ အိမ္ေရွ႕အနီးမွ ေသနတ္ပစ္ေဖာက္ ထြက္သြားေလ့ရွိသည္။ သတၱိရွိၿပီး လက္ေျဖာင့္တပ္သားစံဖဲကို ပုလိပ္တို႔က ထြက္၍ မတိုက္ဝံ့ဘဲျဖစ္ေနသည္။ စံဖဲသည္ မယားခိုးငပုအား မသတ္ရေသာအခါ မဲေတာ႐ြာေန ငပု၏ အစ္မေတာ္သူ မပုအား ၁၉၂၇ ခုႏွစ္ ဇန္နဝါရီလ ၂၇ ရက္ေန႔ ညက ေသနတ္ျဖင့္ ပစ္သတ္သြားရာ ပုလိပ္တို႔လည္း မ်က္လုံးျပဴးၾကရသည္။

စံဖဲအား အမိဖမ္းႏိုင္သူအား ဆုေတာ္ေငြ ၅၀၀၀ က်ပ္ ထုတ္ထားေသာ္လည္း မည္သူမၽွ မဖမ္းဝံ့ဘဲ ျဖစ္ေနသည္။ ဤကဲ့သို႔ ဆုေတာ္ေငြ ထုတ္ျပန္သည္ကို တန္ျပန္သည့္အေနျဖင့္ စံဖဲကလည္း မယားခိုးငပုႏွင့္ သာစည္နယ္ပိုင္ဝန္ေထာက္တို႔၏ ဦးေခါင္းကို ရရွိေအာင္ မိမိအားကူညီလၽွင္ ဆုေတာ္ေငြ ၁၀၀၀ က်ပ္ေပးမည္ဟု (၁၀)တန္ေငြစကၠဴတြင္ေရး၍ သာစည္ၿမိဳ႕ပိုင္႐ုံးတြင္ ရဲရဲဝံ့ဝံ့ ကပ္ထားေလသည္။ ထိုအခ်ိန္မွစ၍ စံဖဲက အဂၤလိပ္အစိုးရအား စိန္ေခၚရာမွ ဗိုလ္စံဖဲအမည္တြင္ခဲ့သည္။

အဂၤလိပ္တုိ႔အား ဒုကၡေပးျခင္း

ေတာပုန္းႀကီးစံဖဲသည္ ေတာပုန္းဘဝတြင္ မဲေတာ႐ြာမွ ခ်စ္သူ မေငြႏုအိမ္သို႔ ညအခါ လာေလ့ရွိေၾကာင္း သတင္းရရွိထားေသာ မိတၳီလာအပိုင္မွ ရာဇဝတ္အုပ္ဝန္ေထာက္ကေလး ေအာင္ေက်ာ္မိုး၊ ရာဇဝတ္အုပ္ ဦးေ႐ႊခဲ၊ ရာဇဝတ္အုပ္ ဦးေ႐ႊေအာင္ႏွင့္ ပုလိပ္တပ္ဖြဲ႕ဝင္မ်ား သည္ ၁၉၂၇ ခုႏွစ္ မတ္လ ၁၃ ရက္ေန႔ ညတြင္ မဲေတာ႐ြာသို႔ စံဖဲအား ဖမ္းဆီးရန္ေရာက္ရွိလာၾကသည္။ မဲေတာ႐ြာရွိ ၎၏ခ်စ္သူေနအိမ္သို႔အလာ ပုလိပ္အဖြဲ႕ႏွင့္ ဗိုလ္စံဖဲတို႔ ရင္ဆိုင္တိုက္ပြဲျဖစ္ပြားရာ၊ ရာဇဝတ္ဝန္ေထာက္ ေအာင္ေက်ာ္မိုးမွာ လက္တြင္ ေသနတ္ဒဏ္ရာ ရရွိၿပီး ပုလိပ္တပ္သားခ်စ္မိုးမွာ ဗိုလ္စံဖဲလက္ခ်က္ျဖင့္ ေသဆုံးသြားေလသည္။ ဗိုလ္စံဖဲသည္ မည္သည့္ဒဏ္ရာမွမရရွိဘဲ လြတ္ေျမာက္သြားသည္။ ဤသို႔ျဖင့္ ဗိုလ္စံဖဲသည္ ေတာပုန္းဘဝျဖင့္ ေက်ာက္ဆည္ခ႐ိုင္၊ ရမည္းသင္းခ႐ိုင္၊ မိတၳီလာခ႐ိုင္အတြင္း သြားလာလႈပ္ရွားၿပီး အဂၤလိပ္တို႔၏ လက္နက္တုတ္ပုလိပ္တပ္ဖြဲ႕အား နည္းမ်ိဳးစုံျဖင့္ ဒုကၡေပးေလသည္။

ဗိုလ္စံဖဲသည္ ဤကဲ့သို႔ စစ္ပုလိပ္မ်ား၊ စုံေထာက္မ်ား ဝန္းရံခ်ထားသည့္ၾကားမွ ႐ုပ္အမ်ိဳးမ်ိဳးေျပာင္း၍ သာစည္ၿမိဳ႕ေပၚတက္၍ ဆံပင္ၫွပ္ျခင္း၊ လက္ဖက္ရည္ေသာက္ျခင္း၊ ေညာင္ရမ္းေဈးသြားျခင္း၊ ေ႐ႊဂူႀကီးဘုရားပြဲလာျခင္း စသည္ျဖင့္ ဝင္ေရာက္သြားလာကာ ပုလိပ္မ်ားအား လက္တစ္လုံးျခားလွည့္စားသြားေလ့ရွိသည္။

ဗိုလ္စံဖဲသည္ ၁၉၂၇ ခုႏွစ္ မတ္လ ၁၅ ရက္ေန႔ညတြင္ ေ႐ႊရင္ေမၽွာ္ဘုရားပြဲသို႔လာမည္ျဖစ္ေၾကာင္း ႀကိဳတင္သတင္းလႊင့္ထားသည္။ အစိုးရဘက္မွ ေ႐ႊရင္ေမၽွာ္ဘုရားပြဲအတြင္း ပုလိပ္မ်ားထူထပ္စြာ လုံၿခဳံေရးခ်ထားလိုက္သည္။ ဗိုလ္စံဖဲသည္ ႐ုပ္ဖ်က္၍ ေ႐ႊရင္ေမၽွာ္ဘုရားအား ေအးေအးေဆးေဆး ဖူးေျမာ္ကာ ပန္းဆီမီးကပ္လႉပူေဇာ္၍ ဘုရားေ႐ႊခ်ကာ ျပန္လည္ထြက္ခြာသြားရာ မည္သူမၽွ မသိလိုက္ေခ်။ ဗိုလ္စံဖဲသည္ အေဝးေရာက္မွ ေသနတ္ေဖာက္၍ အသံေပးမွ စံဖဲ ပြဲေတာ္တြင္းသို႔ လာသြားေၾကာင္း ပုလိပ္တို႔ သိရွိၾကရသည္။

ဗိုလ္စံဖဲအား ထုတ္ျပန္ထားေသာ ဆုေတာ္ေငြကို မက္၍ လိုင္စင္ေသနတ္ကိုင္ထားသူ ဝမ္းတြင္းၿမိဳ႕မွ နယ္ခ်ဲ႕အစိုးရအလိုေတာ္ရိ ေရွ႕ေန ဦးေ႐ႊဗ်ိဳင္းႏွင့္ စာေရးႀကီး ဦးသက္ထြန္းတို႔သည္ စံဖဲအား ဖမ္းရန္ သာဂရ႐ြာမွ ဦးသက္ထြန္း၏ ညီတဝမ္းကြဲ ကိုကံစ၏အိမ္သို႔ လာေရာက္ စုေဝးၾကသည္။ ထိုေန႔ကား ၁၉၂၇ ခုႏွစ္ ေမလ ၅ ရက္ေန႔ျဖစ္သည္။ ထိုသတင္းကို ဗိုလ္စံဖဲၾကားထားသည့္အတြက္ ကိုကံစ၏ အိမ္ကို ဝင္ေရာက္တိုက္ခိုက္ရာ ေရွ႕ေနႀကီး ဦးေ႐ႊဗ်ိဳင္းမွာ ဆုေငြမရလိုက္ဘဲ စံဖဲလက္ခ်က္ျဖင့္ အသက္ပါသြားခဲ့သည္။ စာေရးႀကီး ကိုသက္ထြန္း၊ ကိုကံစတို႔မွာ ဒဏ္ရာရၿပီး ကိုသက္ထြန္း၏ ဇနီး မပုမွာ အေခ်ာင္ေသဆုံးသြားခဲ့ေလသည္။

ေတာပုန္းႀကီးဗိုလ္စံဖဲ၏ ရဲစြမ္းသတၱိေၾကာင့္ နယ္ခ်ဲ႕အစိုးရမွာလည္း သိကၡာက်ဆင္းၿပီးရင္း က်လာကာ လုံၿခဳံေရးပါ ထိခိုက္လာသျဖင့္ သာစည္တြင္ ပုလိပ္တပ္ဖြဲ႕မ်ားစုေပါင္း၍ စီမံခ်က္ခ်ကာ အမိအရ ဖမ္းဆီးေရးအတါက္ ျမင္းစီးပုလိပ္တပ္ဖြဲ႕မ်ားျဖင့္ ေတာနင္းပိုက္စိပ္တိုက္ ရွာေဖြၾကေတာ့သည္။

ဗိုလ္စံဖဲလြတ္ေျမာက္ေနကာ အစိုးရအား အမ်ိဳးမ်ိဳးေႏွာင့္ယွက္ေနသျဖင့္ ႂကြက္မႏိုင္က်ီမီးႏွင့္႐ႈိ႕ဆိုသလို စံဖဲဝင္ထြက္သြားလာရာ ေက်း႐ြာမ်ားကိုလည္း အစိုးရက အမ်ိဳးမ်ိဳးႏွိပ္ကြပ္ေတာ့သည္။ ဗိုလ္စံဖဲအား ဖမ္းဆီးႏိုင္ေရးအတြက္ ေက်း႐ြာမ်ားတြင္ လာေရာက္တပ္စခန္းခ် ေနေသာ စစ္ဗာရီစစ္ပုလိပ္မ်ားအတြက္ ထင္း၊ ေရ၊ ၾကက္ ဟင္းခ်က္စရာ ေန႔စဥ္ေပးပို႔ေနရ႐ုံမၽွမက လွည္းကူလီ၊ လူကူလီလိုက္ရလြန္းသျဖင့္ ေက်း႐ြာသားတို႔သည္ မိမိအလုပ္ကိုမိမိ မလုပ္ႏိုင္ေတာ့ေခ်။ ထို႔အျပင္ ဗိုလ္စံဖဲထြက္ေျပးလြတ္ေျမာက္သြားျခင္းသည္ သာဂရ႐ြာသားမ်ား သူႀကီးကို အကူအညီမေပးျခင္းေၾကာင့္ဟု ဆိုကာ ေက်း႐ြာအက္ဥပေဒပုဒ္မ (၁၃)အရ တ႐ြာလုံးကို ဒဏ္ေငြ ၆၆၅ က်ပ္ ဒဏ္႐ိုက္ေတာ့သည္။

ဗိုလ္စံဖဲ၏ဘဝနိဂုံး

၁၉၂၇ ခုႏွစ္ ဩဂုတ္လ ၂၅ ရက္ ၾကာသပေတးေန႔က်ပ္ သာစည္ၿမိဳ႕နယ္ ေမာင္းမဆည္႐ြာအနီး ေတာထဲတြင္ ေသနတ္ေခါင္းအုံး၍ ငွက္ဖ်ားေရာဂါျဖင့္ လဲေနေသာ ဗိုလ္စံဖဲကို အစိုးရတပ္မ်ားက ေတာနင္းရွာေဖြရာ ရွာမေတြ႕ဘဲျဖစ္ေနရာ ဗိုလ္စံဖဲက ပုလိပ္ကို လက္ယပ္ေခၚၿပီး ‘ငါစံဖဲျဖစ္တယ္’ ဟု သူကိုယ္တိုင္ အဖမ္းခံရမွ ဖမ္းမိေတာ့သည္။ အစိုးရအစြမ္းေၾကာင့္ ဖမ္းမိျခင္းမဟုတ္ဘဲ ငွက္ဖ်ားေရာဂါေၾကာင့္သာ ဖမ္းမိခဲ့ျခင္းျဖစ္သည္။

ေတာပုန္းႀကီးဗိုလ္စံဖဲ၏ အမႈကို မိတၳီလာၿမိဳ႕တရား႐ုံးတြင္ တရားသူႀကီး မစၥတာမက္ကေနာ ဦးေဆာင္၍ တစ္ႏွစ္ၾကာ စစ္ေဆးခဲ့သည္။ ေတာပုန္းႀကီးဗိုလ္စံဖဲအမႈတြင္ ပါဝင္ခဲ့ေသာ ကံႀကီးေမာင္ႏွင့္ငနီတို႔ကို အားေပးကူညီပူးေပါင္းမႈျဖင့္ ေထာင္ဒဏ္ (၄၁) ႏွစ္စီ က်ခံရန္ စီရင္ခ်က္ခ်ခဲ့သည္။ ေနာက္ပိုင္း အယူခံဝင္၍ ကံႀကီးေမာင္အား ေထာင္ဒဏ္တသက္တကၽြန္း (ႏွစ္ ၂၀) ေျပာင္းလဲသတ္မွတ္ေပး ခဲ့သည္။

ဗိုလ္စံဖဲအား ျပစ္မႈထင္ရွားသည္ဟုဆိုကာ ၁၉၂၈ ခုႏွစ္ ဧၿပီလ ၁၁ ရက္ေန႔တြင္ အသက္ ၂၂ ႏွစ္အ႐ြယ္သာရွိေသးေသာ ဗိုလ္စံဖဲအား နံနက္ ၆ နာရီခြဲအခ်ိန္တြင္ ျမင္းၿခံေထာင္တြင္ ႀကိဳးေပးကြပ္မ်က္လိုက္ေလေတာ့သည္။

သန္းသၽွင္ (သုံးဆယ္) – “ဆရာႀကီးသခင္ကိုယ္ေတာ္မႈိင္းႏွင့္ေတာပုန္းႀကီစံဖဲ”.
ကိုတင္လႈိင္ (မိတၳီလာ) – “နယ္ခ်ဲ႕အစိုးရ၏ ပထမဆုံးဆုေငြအထုတ္ခံရသည့္ ေတာ္လွန္ေရးသမား စံဖဲ”.
သန္းဝင္းလႈိင္ – အႏွစ္ခ်ဳပ္ျမန္မာ့သမိုင္းအဘိဓာန္, ပထမအႀကိမ္ ပထမအတြဲ
Myanmar Wikipedia

———————–

နာမည်ကျော် တောပုန်းကြီး ဗိုလ်စံဖဲ ဆိုသည်မှာ (unicode)

မြန်မာနိုင်ငံကို နယ်ချဲ့တို့သိမ်းပိုက်စဉ် ဆုငွေထုတ်ခံရသူ ၃ ဦး ရှိခဲ့ဖူးသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ဆရာစံ နှင့် ဗိုလ်စံဖဲ တို့ဖြစ်သည်။ ထိုအထဲတွင် ပထမဆုံး ဆုငွေထုတ်ခံရသူမှာ ဗိုလ်စံဖဲဖြစ်သည်။ မြန်မာပြည်သူတွေ က ဗိုလ်စံဖဲကို ချစ်စနိုးနဲ့ မြန်မာနိုင်ငံရဲ့ ရော်ဘင်ဟုလို့ခေါ်ကြသည်။

ငယ်စဉ်ဘ၀

ဗိုလ်စံဖဲကို၁၉၀၆ ခုနှစ် ဧပြီလ ၁၇ ရက် အင်္ဂါနေ့တွင် သာစည်မြို့နယ် ဂုံညင်းနွယ်ဘွဲ့ခြားရွာ၌ အဘဦးဖိုးသိန်း၊ အမိဒေါ်စံမယ်တို့မှ ဖွားမြင်ခဲ့သည်။ ဦးဖိုးသိန်း ဒေါ်စံမယ်တို့တွင် သားသမီး ခုနစ်ယောက် (မသင်း၊ မအေးချမ်း၊ ကိုသူတော်၊ မစောခင်၊ ကိုစံဖဲနှင့် မစောရှင်) ရှိရာ ကိုစံဖဲမှာ နို့ညှာဖြစ်သည်။ ထို့နောက် မိဘများသည် ဂုံညင်းနွယ်ဘွဲ့ခြားရွာမှာ အရှေ့ဘက် မဲတောရွာသို့ ပြောင်းရွှေ့ခဲ့သည်။ စံဖဲ၏ ယောက်ဖ ကိုလုံးသည် သာစည်မြို့ သားရေကုမ္ပဏီပိုင်ရှင် ဂျာမန်အမျိုးသား မစ္စတာတရစ်ထံတွင် အလုပ်ဝင်လုပ်ခဲ့သည်။

နောက်ပိုင်းတွင် မစ္စတာတရစ်က စံဖဲကို မွေးစား၍ ကျောင်းထားပေးသည်။ ၄ တန်းသာ နေခဲ့သည်။ စံဖဲကို မစ္စတာ တရစ်က အမဲလိုက်ရာသို့ ခေါ်၍ သေနတ်ပစ်သင်ပေးခဲ့ရာ များမကြာမီ စံဖဲသည် လက်ဖြောင့်သေနတ်သမားပမာ သေနတ်ပစ်ကျွမ်းကျင်သွားသည်။ ယင်းနောက် စံဖဲသည် မဲတောရွာမှ ဦးစံလှ ဒေါ်မယ်လှတို့၏ သမီး မသိန်းရင်နှင့် အိမ်ထောင်ကျခဲ့သည်။ ထိုအချိန်ထိ ကိုစံဖဲ၏ဘဝမှာ အေးအေးချမ်းချမ်းရှိခဲ့သည်။

စံဖဲဆုငွေအထုတ်ခံရခြင်း

မသိန်းရင်သည် ရုပ်ရည်ချောမောလှပသဖြင့် ရွာ၏ ကွမ်းတောင်ကိုင်ဖြစ်သည်။ မသိန်းရင်ကို မဲတောရွာသူကြီး ဦးရာပိုင်၏ သား ငပုဆိုသူက တဖက်သတ်ချစ်ကြိုက်နေရာ မသိန်းရင်ကို စံဖဲလက်ထပ်ယူခဲ့သဖြင့် စံဖဲအပေါ် မကျေမနပ်ဖြစ်နေသူဖြစ်သည်။ ထိုစဉ်အတွင်း သာစည်မြို့တွင် ဓားပြမှုတစ်ခုတွင် ဓားပြများထံမှ တူမီးသေနတ်တစ်လက် သိမ်းဆည်းရမိသည်။ ထိုသေနတ်မှာ သားရေကုမ္ပဏီပိုင်ရှင် မစ္စတာတရစ် အိမ်မှ ပျောက်သွားသော သေနတ်ဖြစ်နေသည်။ ဤတွင် ငပုက နယ်ချဲ့ပုလိပ်နှင့်ပေါင်းကာ စံဖဲအား မသင်္ကာမှုဖြင့် ချောက်တွန်း၍ ထောင် ၆ လ ချလိုက်သည်။

စံဖဲထောင်ကျနေခိုက် ငပုက မသိန်းရင်အား အရယူလို၍ မသိန်းရင်၏ မိဘများကို အမျိုးမျိုးဒုက္ခပေး၍ နှိပ်စက်ခဲ့သည်။ နောက်ဆုံးတွင် မသိန်းရင်အား စံဖဲထံ ကွာရှင်းစာတောင်းခိုင်းပြီး မသိန်းရင်အား သိမ်းပိုက်လိုက်သည်။ မဲတောသူကြီးသား ငပုသည် စံဖဲထောင်ကျနေစဉ်အတွင်း အင်္ဂလိပ်အလိုတော်ရိ အရာရှိအချို့နှင့် ပူးပေါင်းကာ စံဖဲထောင်မှ ပြန်လွတ်ချိန်တွင် ပြန်လည်ဒုက္ခပေးမည့်ရန်မှ ကြောက်ရွံ့သည့်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် အက်တူးလူဆိုးစာရင်းဝင်ဖြစ်ရန် လာဘ်ပေးဖန်တီးထားပြန်သည်။ တဖန် စံဖဲအား မဲတောရွာ၌ ပြန်လည်နေထိုင်ခွင့်မပေးဘဲ သဲတောမြို့နယ် ဆူးပန်းကျေးရွာသို့ အက်တူးစာရင်းဝင်လူဆိုးအဖြစ် ပြောင်းရွှေ့ထားရန် စီမံထားခဲ့သည်။

ဤသို့ အကြိမ်ကြိမ်မတရားပြုခံရသဖြင့် စိတ်နာကျည်းနေသော စံဖဲသည် ထောင်မှလွတ်၍ သာဂရရွာရောက်နေသော စံဖဲအား ရာဇဝတ်အုပ် ဦးညီမောင်သည် ၁၉၂၆ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီး၍ စစ်ဆေးရန် သာဂရသူကြီး ဦးလာဘအိမ်သို့ ခေါ်ဆောင်လာသည်။ သူကြီးကတော် ဒေါ်နန်းနွယ်က ရာဇဝတ်အုပ်စားရန် မြေပဲလှော်နှင့် လက်ဖက်ရည်ကြမ်းချထားရာ ဗိုက်ဆာနေသည့် စံဖဲက ကောက်ယူစားလိုက်ရာ ရာဇဝတ်အုပ် ဦးညီမောင်က တရားခံစားရန်မဟုတ်ဟု ငေါက်သဖြင့် စံဖဲသည် စိတ်မထိန်းနိုင်တော့ဘဲ သူနှင့် နှစ်တောင်ကွာလောက်တွင်ရှိသော ဓားကိုယူ၍ လက်ထိပ်ခတ်ထားသော လက်နှစ်ဖက်ဖြင့်စုံကိုင်၍ ဦးညီမောင်ကို ခုတ်သတ်လိုက်သည်။ အစောင့်အဖြစ် လိုက်ပါလာသော ပုလိပ်ငကြွယ်မှာလည်း စံဖဲ၏ဓားချက်မိ၍ ထွက်ပြေးသွားသည်။

ထိုနေ့မှစ၍ စံဖဲသည် ဝရမ်းပြေးတောပုန်းဖြစ်သွားလေ၏။ ထိုအခါ ဗန္ဓုလသတင်းစာတိုက်က အထူးသတင်းထောက်များလွှတ်၍ စံဖဲသတင်းကို ဗန္ဓုလတွင် အပတ်စဉ် တခမ်းတနား ထည့်သွင်းရာ စံဖဲသတင်းသည် ဟိုးလေးတကျော် ဖြစ်သွားတော့သည်။ အစိုးရက စစ်ပုလိပ်များလွှတ်ကာ စံဖဲကို ဖမ်းခိုင်းသည်။ မမိ။ ဖမ်းလေ၊ မမိလေဖြစ်၍ တဖြည်းဖြည်း ကြာလာသောအခါ စံဖဲသည် ဆုငွေ ၅၀၀၀ ထုတ်ထား ရသော ဝရမ်းပြေးတောပုန်းဖြစ်လာသည်။

သူရဲကောင်းဗိုလ်စံဖဲ

ထိုသို့ စံဖဲသတင်းကြီးနေစဉ် ဗန္ဓုလသတင်းစာ၊ ဂျာနယ်တို့က “စံဖဲဒိုင်ယာရီ” ဟူ၍ လည်းကောင်း၊ “စံဖဲဇာတာဗေဒင်ဟောစတမ်း” ဟူ၍ တဖုံ စံဖဲသတင်းကို တခမ်းတနား ရေးကြလေသည်။ စံဖဲဓာတ်ပုံ၊ စံဖဲမိခင်ဓာတ်ပုံ၊ စံဖဲနေရစ်ခဲ့သော ကျောင်းပုံ စသဖြင့် စုံလှသည်။ ပုသိမ်ဦးဘသော် ဆိုသူကလည်း အင်္ဂလိပ်ဒဏ္ဍာရီပါ “တောပုန်းကြီးရော်ဘင်ဟု” အကြောင်းကို ဘာသာပြန်၍ ဗန္ဓုလသတင်းစာတွင် အပတ်စဉ်ထည့်ကာ စံဖဲကို ချီးမြှောက်ခဲ့ကြသည်။ ထိုမျှမကသေး ဗန္ဓုလသတင်းစာနှင့် ဂျာနယ်တိုက်ပိုင်ရှင် ဗန္ဓုလဦးစိန်က “သတိုးစိန်” ကလောင်ခွဲဖြင့် စံဖဲအကြောင်းကို ဝတ္ထုရေး၍ ချီးမြှောက်ခဲ့ပြန်သည်။ ဆရာကျင်ခဲ(ရွှေတိုင်ညွှန့်ဖခင်)နှင့် နန်းတော်ရှေ့ ဆရာတင်တို့ကလည်း စံဖဲသီချင်း ကိုရေး၍ တိုင်းပြည်ကို ဖြန့်လိုက်သေးသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် စံဖဲနှင့် ပတ်သက်သော “ပုံတော်နိုင်မော်ကွန်းဋီကာ” တွင်လည်းကောင်း၊ “တရုတ်ဒီပနီ ဆောင်ပါးများ” တွင်လည်းကောင်း စံဖဲအကြောင်း ဆောင်းပါးကို ရေးလေသည်။ ဆရာကြီးသည် ဓူဝံမဂ္ဂဇင်းတွင် “စုံတော်မူမှာတမ်း” အမည်ဖြင့် စံဖဲ၏ မျိုးရိုးနှင့် ပတ်သက်သော အကြောင်းကို ရေးသားခဲ့သည်။

ထိုအချိန်မှစ၍ စံဖဲသတင်းသည် မြန်မာတစ်နိုင်ငံလုံးတွင် ဟိုးလေးတကျော်ဖြစ်သွားသည်။ စံဖဲသည် သာဂရရွာမှ ထွက်ပြေးပြီး တောပုန်းဘဝဖြင့် တစ်ရွာတည်းသား ငနီ၊ ချစ်ကောင်း၊ ကံကြီးမောင်တို့နှင့်အတူ တောပုန်းဘဝဖြင့် အင်္ဂလိပ်အလိုတော်ရိလက်ပါးစေများအား ဒုက္ခအမျိုးမျိုးပေးတော့သည်။ ပုလိပ်စိန်ရိုး၏ မြင်းနှင့်သေနတ်အား အိမ်ပေါ်တက်သိမ်းခြင်း၊ နှမ်းကန်သူကြီး ဦးပန်းရည်၏ သေနတ်အား လုယူခြင်း စသည်များ ကို ဆက်တိုက်ပြုလုပ်ခဲ့သည်။

စံဖဲသည် မယားခိုးငပုအား သတ်ရန်အတွက် အတင့်ရဲစွာ သာစည်မြို့ပေါ်ထိ တက်ရောက်လာသည်။ စံဖဲသည် သာစည်နယ်ပိုင်ဝန် ထောက် ဦးအောင်ကျော် အိမ်ရှေ့အနီးမှ သေနတ်ပစ်ဖောက် ထွက်သွားလေ့ရှိသည်။ သတ္တိရှိပြီး လက်ဖြောင့်တပ်သားစံဖဲကို ပုလိပ်တို့က ထွက်၍ မတိုက်ဝံ့ဘဲဖြစ်နေသည်။ စံဖဲသည် မယားခိုးငပုအား မသတ်ရသောအခါ မဲတောရွာနေ ငပု၏ အစ်မတော်သူ မပုအား ၁၉၂၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ ညက သေနတ်ဖြင့် ပစ်သတ်သွားရာ ပုလိပ်တို့လည်း မျက်လုံးပြူးကြရသည်။

စံဖဲအား အမိဖမ်းနိုင်သူအား ဆုတော်ငွေ ၅၀၀၀ ကျပ် ထုတ်ထားသော်လည်း မည်သူမျှ မဖမ်းဝံ့ဘဲ ဖြစ်နေသည်။ ဤကဲ့သို့ ဆုတော်ငွေ ထုတ်ပြန်သည်ကို တန်ပြန်သည့်အနေဖြင့် စံဖဲကလည်း မယားခိုးငပုနှင့် သာစည်နယ်ပိုင်ဝန်ထောက်တို့၏ ဦးခေါင်းကို ရရှိအောင် မိမိအားကူညီလျှင် ဆုတော်ငွေ ၁၀၀၀ ကျပ်ပေးမည်ဟု (၁၀)တန်ငွေစက္ကူတွင်ရေး၍ သာစည်မြို့ပိုင်ရုံးတွင် ရဲရဲဝံ့ဝံ့ ကပ်ထားလေသည်။ ထိုအချိန်မှစ၍ စံဖဲက အင်္ဂလိပ်အစိုးရအား စိန်ခေါ်ရာမှ ဗိုလ်စံဖဲအမည်တွင်ခဲ့သည်။

တောပုန်းကြီးစံဖဲသည် တောပုန်းဘဝတွင် မဲတောရွာမှ ချစ်သူ မငွေနုအိမ်သို့ ညအခါ လာလေ့ရှိကြောင်း သတင်းရရှိထားသော မိတ္ထီလာအပိုင်မှ ရာဇဝတ်အုပ်ဝန်ထောက်ကလေး အောင်ကျော်မိုး၊ ရာဇဝတ်အုပ် ဦးရွှေခဲ၊ ရာဇဝတ်အုပ် ဦးရွှေအောင်နှင့် ပုလိပ်တပ်ဖွဲ့ဝင်များ သည် ၁၉၂၇ ခုနှစ် မတ်လ ၁၃ ရက်နေ့ ညတွင် မဲတောရွာသို့ စံဖဲအား ဖမ်းဆီးရန်ရောက်ရှိလာကြသည်။ မဲတောရွာရှိ ၎င်း၏ချစ်သူနေအိမ်သို့အလာ ပုလိပ်အဖွဲ့နှင့် ဗိုလ်စံဖဲတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ၊ ရာဇဝတ်ဝန်ထောက် အောင်ကျော်မိုးမှာ လက်တွင် သေနတ်ဒဏ်ရာ ရရှိပြီး ပုလိပ်တပ်သားချစ်မိုးမှာ ဗိုလ်စံဖဲလက်ချက်ဖြင့် သေဆုံးသွားလေသည်။ ဗိုလ်စံဖဲသည် မည်သည့်ဒဏ်ရာမှမရရှိဘဲ လွတ်မြောက်သွားသည်။ ဤသို့ဖြင့် ဗိုလ်စံဖဲသည် တောပုန်းဘဝဖြင့် ကျောက်ဆည်ခရိုင်၊ ရမည်းသင်းခရိုင်၊ မိတ္ထီလာခရိုင်အတွင်း သွားလာလှုပ်ရှားပြီး အင်္ဂလိပ်တို့၏ လက်နက်တုတ်ပုလိပ်တပ်ဖွဲ့အား နည်းမျိုးစုံဖြင့် ဒုက္ခပေးလေသည်။

ဗိုလ်စံဖဲသည် ဤကဲ့သို့ စစ်ပုလိပ်များ၊ စုံထောက်များ ဝန်းရံချထားသည့်ကြားမှ ရုပ်အမျိုးမျိုးပြောင်း၍ သာစည်မြို့ပေါ်တက်၍ ဆံပင်ညှပ်ခြင်း၊ လက်ဖက်ရည်သောက်ခြင်း၊ ညောင်ရမ်းဈေးသွားခြင်း၊ ရွှေဂူကြီးဘုရားပွဲလာခြင်း စသည်ဖြင့် ဝင်ရောက်သွားလာကာ ပုလိပ်များအား လက်တစ်လုံးခြားလှည့်စားသွားလေ့ရှိသည်။

ဗိုလ်စံဖဲသည် ၁၉၂၇ ခုနှစ် မတ်လ ၁၅ ရက်နေ့ညတွင် ရွှေရင်မျှော်ဘုရားပွဲသို့လာမည်ဖြစ်ကြောင်း ကြိုတင်သတင်းလွှင့်ထားသည်။ အစိုးရဘက်မှ ရွှေရင်မျှော်ဘုရားပွဲအတွင်း ပုလိပ်များထူထပ်စွာ လုံခြုံရေးချထားလိုက်သည်။ ဗိုလ်စံဖဲသည် ရုပ်ဖျက်၍ ရွှေရင်မျှော်ဘုရားအား အေးအေးဆေးဆေး ဖူးမြော်ကာ ပန်းဆီမီးကပ်လှူပူဇော်၍ ဘုရားရွှေချကာ ပြန်လည်ထွက်ခွာသွားရာ မည်သူမျှ မသိလိုက်ချေ။ ဗိုလ်စံဖဲသည် အဝေးရောက်မှ သေနတ်ဖောက်၍ အသံပေးမှ စံဖဲ ပွဲတော်တွင်းသို့ လာသွားကြောင်း ပုလိပ်တို့ သိရှိကြရသည်။

ဗိုလ်စံဖဲအား ထုတ်ပြန်ထားသော ဆုတော်ငွေကို မက်၍ လိုင်စင်သေနတ်ကိုင်ထားသူ ဝမ်းတွင်းမြို့မှ နယ်ချဲ့အစိုးရအလိုတော်ရိ ရှေ့နေ ဦးရွှေဗျိုင်းနှင့် စာရေးကြီး ဦးသက်ထွန်းတို့သည် စံဖဲအား ဖမ်းရန် သာဂရရွာမှ ဦးသက်ထွန်း၏ ညီတဝမ်းကွဲ ကိုကံစ၏အိမ်သို့ လာရောက် စုဝေးကြသည်။ ထိုနေ့ကား ၁၉၂၇ ခုနှစ် မေလ ၅ ရက်နေ့ဖြစ်သည်။ ထိုသတင်းကို ဗိုလ်စံဖဲကြားထားသည့်အတွက် ကိုကံစ၏ အိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ ရှေ့နေကြီး ဦးရွှေဗျိုင်းမှာ ဆုငွေမရလိုက်ဘဲ စံဖဲလက်ချက်ဖြင့် အသက်ပါသွားခဲ့သည်။ စာရေးကြီး ကိုသက်ထွန်း၊ ကိုကံစတို့မှာ ဒဏ်ရာရပြီး ကိုသက်ထွန်း၏ ဇနီး မပုမှာ အချောင်သေဆုံးသွားခဲ့လေသည်။

တောပုန်းကြီးဗိုလ်စံဖဲ၏ ရဲစွမ်းသတ္တိကြောင့် နယ်ချဲ့အစိုးရမှာလည်း သိက္ခာကျဆင်းပြီးရင်း ကျလာကာ လုံခြုံရေးပါ ထိခိုက်လာသဖြင့် သာစည်တွင် ပုလိပ်တပ်ဖွဲ့များစုပေါင်း၍ စီမံချက်ချကာ အမိအရ ဖမ်းဆီးရေးအတါက် မြင်းစီးပုလိပ်တပ်ဖွဲ့များဖြင့် တောနင်းပိုက်စိပ်တိုက် ရှာဖွေကြတော့သည်။

ဗိုလ်စံဖဲလွတ်မြောက်နေကာ အစိုးရအား အမျိုးမျိုးနှောင့်ယှက်နေသဖြင့် ကြွက်မနိုင်ကျီမီးနှင့်ရှို့ဆိုသလို စံဖဲဝင်ထွက်သွားလာရာ ကျေးရွာများကိုလည်း အစိုးရက အမျိုးမျိုးနှိပ်ကွပ်တော့သည်။ ဗိုလ်စံဖဲအား ဖမ်းဆီးနိုင်ရေးအတွက် ကျေးရွာများတွင် လာရောက်တပ်စခန်းချ နေသော စစ်ဗာရီစစ်ပုလိပ်များအတွက် ထင်း၊ ရေ၊ ကြက် ဟင်းချက်စရာ နေ့စဉ်ပေးပို့နေရရုံမျှမက လှည်းကူလီ၊ လူကူလီလိုက်ရလွန်းသဖြင့် ကျေးရွာသားတို့သည် မိမိအလုပ်ကိုမိမိ မလုပ်နိုင်တော့ချေ။ ထို့အပြင် ဗိုလ်စံဖဲထွက်ပြေးလွတ်မြောက်သွားခြင်းသည် သာဂရရွာသားများ သူကြီးကို အကူအညီမပေးခြင်းကြောင့်ဟု ဆိုကာ ကျေးရွာအက်ဥပဒေပုဒ်မ (၁၃)အရ တရွာလုံးကို ဒဏ်ငွေ ၆၆၅ ကျပ် ဒဏ်ရိုက်တော့သည်။

ဗိုလ်စံဖဲ၏ဘဝနိဂုံး

၁၉၂၇ ခုနှစ် ဩဂုတ်လ ၂၅ ရက် ကြာသပတေးနေ့ကျပ် သာစည်မြို့နယ် မောင်းမဆည်ရွာအနီး တောထဲတွင် သေနတ်ခေါင်းအုံး၍ ငှက်ဖျားရောဂါဖြင့် လဲနေသော ဗိုလ်စံဖဲကို အစိုးရတပ်များက တောနင်းရှာဖွေရာ ရှာမတွေ့ဘဲဖြစ်နေရာ ဗိုလ်စံဖဲက ပုလိပ်ကို လက်ယပ်ခေါ်ပြီး ‘ငါစံဖဲဖြစ်တယ်’ ဟု သူကိုယ်တိုင် အဖမ်းခံရမှ ဖမ်းမိတော့သည်။ အစိုးရအစွမ်းကြောင့် ဖမ်းမိခြင်းမဟုတ်ဘဲ ငှက်ဖျားရောဂါကြောင့်သာ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

တောပုန်းကြီးဗိုလ်စံဖဲ၏ အမှုကို မိတ္ထီလာမြို့တရားရုံးတွင် တရားသူကြီး မစ္စတာမက်ကနော ဦးဆောင်၍ တစ်နှစ်ကြာ စစ်ဆေးခဲ့သည်။ တောပုန်းကြီးဗိုလ်စံဖဲအမှုတွင် ပါဝင်ခဲ့သော ကံကြီးမောင်နှင့်ငနီတို့ကို အားပေးကူညီပူးပေါင်းမှုဖြင့် ထောင်ဒဏ် (၄၁) နှစ်စီ ကျခံရန် စီရင်ချက်ချခဲ့သည်။ နောက်ပိုင်း အယူခံဝင်၍ ကံကြီးမောင်အား ထောင်ဒဏ်တသက်တကျွန်း (နှစ် ၂၀) ပြောင်းလဲသတ်မှတ်ပေး ခဲ့သည်။

ဗိုလ်စံဖဲအား ပြစ်မှုထင်ရှားသည်ဟုဆိုကာ ၁၉၂၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် အသက် ၂၂ နှစ်အရွယ်သာရှိသေးသော ဗိုလ်စံဖဲအား နံနက် ၆ နာရီခွဲအချိန်တွင် မြင်းခြံထောင်တွင် ကြိုးပေးကွပ်မျက်လိုက်လေတော့သည်။

သန်းသျှင် (သုံးဆယ်) – “ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့်တောပုန်းကြီစံဖဲ”.
ကိုတင်လှိုင် (မိတ္ထီလာ) – “နယ်ချဲ့အစိုးရ၏ ပထမဆုံးဆုငွေအထုတ်ခံရသည့် တော်လှန်ရေးသမား စံဖဲ”.
သန်းဝင်းလှိုင် – အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန်, ပထမအကြိမ် ပထမအတွဲ
Myanmar Wikipedia

Leave a Reply