ဒု႒ဝတီျမစ္ အေၾကာင္းသိေကာင္းစရာ

Posted on

Cover Photo : Aung Thu

ျမစ္ငယ္ျမစ္ (ေခၚ) ဒု႒ဝတီျမစ္ သည္ ဧရာဝတီျမစ္၏ ျမစ္လက္တက္တစ္ခုျဖစ္သည္။ ပါဠိဘာသာအားျဖင့္ ဒု႒ဝတီ ဆိုသည္မွာ ျမန္မာအဓိပၸါယ္ အားျဖင့္ ျမစ္ငယ္ ဟုပင္ျဖစ္သည္။

ဧရာဝတီျမစ္၏ အေရးႀကီးေသာ ျမစ္လက္တက္မ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။ မိုင္ေပါင္း ၁၃၁ ခန႔္ရွည္လ်ား၏။ ေျမာက္ပိုင္း ရွမ္းျပည္၏ ေျမာက္သိႏၷီနယ္၌ သိႏၷီအေရွ႕ဖက္ ၂၅ မိုင္အကြာ သံလြင္ ျမစ္အနီး ေတာင္ကုန္းမ်ားတြင္ ျမစ္ဖ်ားခံသည္ ။ ဦးစြာ၌ ေျမာက္သိႏၷီနယ္ကို ျဖတ္လ်က္ ေတာင္ပိုင္းနယ္သို႔ စီးဝင္ၿပီးလၽွင္ သီေပါနယ္တြင္း၌ ေတာင္ဘက္သို႔ ျဖတ္ေက်ာ္စီးဆင္းသြားေလသည္။ ေျမာက္သိႏၷီႏွင့္ သီေပါနယ္မ်ားရွိ အေရးပါေသာ ၿမိဳ႕မ်ားသည္ ထိုျမစ္၏ ကမ္းေပၚတြင္ တည္ရွိၾကသည္။

ထိုေနာက္ ျမစ္ငယ္ျမစ္သည္ သီေပါႏွင့္ ရပ္ေစာက္နယ္မ်ားကို နယ္နိမိတ္ပိုင္းျခား သတ္မွတ္ စီးဆင္းၿပီးလၽွင္ တစ္ဖန္ မႏၲေလးႏွင့္ ေက်ာက္ဆည္ ခရိုင္တို႔ကို နယ္နိမိတ္ ပိုင္းျခား စီးဆင္းျပန္၍ ေနာက္ဆုံးတြင္ မႏၲေလးၿမိဳ႕၏ ေတာင္ဘက္ ၁၂ မိုင္ခန႔္အကြာ စစ္ကိုင္းၿမိဳ႕ႏွင့္ မ်က္ႏွာခ်င္းဆိုင္ေနရာ အင္းဝၿမိဳ႕အထက္နား၌ ဧရာဝတီျမစ္အတြင္းသို႔ စီးဝင္ေလသည္။

သိႏၷီနယ္တြင္ ျဖတ္သန္းလာေသာ ျမစ္အထက္ပိုင္းကို နမၼတူျမစ္ဟု ေခၚ၍၊ သီေပါနယ္တြင္ ျဖတ္သန္းေနေသာ ျမစ္အလယ္ပိုင္းကို ဒု႒ဝတီ(တု႒ဝတီ)ဟု ေခၚၿပီးလၽွင္ ေအာက္ပိုင္းကို ျမစ္ငယ္ျမစ္ဟုေခၚသည္။ ျမစ္ငယ္ျမစ္ဟု ေခၚေသာ ေအာက္ပိုင္းတြင္ ေလွငယ္တက္ စင္းမ်ား သြားလာ စုန္ဆန္ရန္ အသုံးဝင္ေသာ္လည္း အထက္ပိုင္းတြင္ မူကား၊ ျမစ္က်ဥ္းမ်ာ၊ ေက်ာက္ေဆာင္မ်ား ေပါမ်ားေသာေၾကာင့္ ကူးသန္းသြားလာရန္ အလ်ဥ္းအသုံးမဝင္ေခ်။

သို႔ေသာ္ ၾကည္လင္ ေအးျမေသာ ေရအယဥ္ျဖင့္ တသြင္သြင္ စီးဆင္းေနေသာ ဒု႒ဝတီ (နမၼတူ)ျမစ္မွာ ရွမ္းျပည္ ေျမာက္ပိုင္း၏ အလွက်က္သေရကို ေဆာင္သည္ဟု ဆိုသင့္ေလသည္။ ရန္ကုန္ – မႏၲေလး မီးရထားလမ္းသည္ ဧရာဝတီျမစ္အတြင္းသို႔ ျမစ္ငယ္ျမစ္ စီးဝင္သည့္ ေနရာအနီးတြင္ ျဖတ္ေက်ာ္သြားသည္။ ျမစ္ငယ္ျမစ္၏ အေရးႀကီးေသာ ျမစ္လက္တက္မွာ သီေပါၿမိဳ႕၏ အေရွ႕ဘက္နားတြင္ အေရွ႕ဘက္မွ စီးဝင္လာေသာ နမ့္မျမစ္ ျဖစ္သည္။

ျမစ္လက္တက္မ်ား

– ေဇာ္ဂ်ီျမစ္သည္ ေက်ာက္ဆည္ၿမိဳ႕အနီးတြင္ ျမစ္ငယ္ျမစ္အတြင္းသို႔စီးဝင္သည္။
– ပန္းေလာင္ျမစ္သည္ အင္းဝအနီးတြင္ ျမစ္ငယ္ျမစ္ႏွင့္ ေပါင္းဆုံသည္။

ျမစ္ေၾကာင္းတစ္ေလၽွာက္ အေရးပါသည့္ၿမိဳ႕မ်ား

– နမၼတူ
– သိႏၷီ
– သီေပါ

သမိုင္းထဲကဒု႒ဝတီျမစ္

ပုဂံေခတ္ အေနာ္ရထာမင္း၏ ရွမ္းမိဖုရားေစာမြန္လွသည္ ပုဂံနန္းေတာ္မွ အထင္လႊဲႏွင္ထုတ္ခံရၿပီးေနာက္ ဖခင္ျဖစ္သူ သီေပါေစာ္ဘြား(အုန္းေဘာင္ေစာ္ဘြား) ထံသို႔အျပန္တြင္ ဒု႒ဝတီျမစ္ကမ္းေပၚ၌ ေစတီတစ္ဆူကို အဓိဌာန္ျပဳတည္ထားခဲ့ရာ ယေန႔အခါ တြင္ ထိုေစတီကို ေရႊစာရံေစတီ(သို႔) ေရႊစာရံဘုရားဟုေခၚၾကသည္။ ထိုေစတီတြင္ ႏွစ္စဥ္ႏွစ္တိုင္းက်င္းပေလ့ရွိသည့္ ေရႊစာရံဘုရားပြဲမွာ အထူးပင္စည္ကားလွေပသည္။ မင္းသမီးေစာမြန္လွအား ဖခင္ေစာ္ဘြားႀကီး ေစာင့္ႀကိဳေနေသာေနရာတြင္ တည္ထားသည့္ ေစတီ (ဘုရား)မွာ ယေန႔တြင္ ေဘာ္ႀကိဳဘုရားဟု အထူးထင္ရွားသည့္ ေစတီ(ဘုရား)ပင္ျဖစ္သည္။

ဆည္ေျမာင္းတာတမံမ်ား

ျမစ္ငယ္ျမစ္ေပၚတြင္ တည္ေဆာက္ေနသည့္ နာမည္ေက်ာ္ ရဲရြာစီမံကိန္းမွာ မႏၲေလးၿမိဳ႕၏ အေရွ႕ေတာင္ဘက္ ၃၁ မိုင္အကြာတြင္ တည္ရွိပါသည္။ ယခုစီမံကိန္းအျပင္ အထက္ရဲရြာစီမံကိန္းကိုပါ တည္ေဆာက္ခဲ့ ရွိသည္။ ၎ စီမံကိန္းၿပီးစီးပါက ၂၈၀ မဂၢါ၀ပ္ရွိ လွ်ပ္စစ္ဓာတ္အားေပးစက္ရံုမွ နွစ္စဥ္လွ်ပ္စစ္ဓာတ္အားကီလို၀ပ္နာရီသန္းေပါင္း ၁၄၀၉ ကို ဓာတ္အားကြန္ယက္မွတဆင့္ျမန္မာတစ္နိုင္ငံလံုးသို႔ျဖန္႔ျဖဴးေပးသြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။

ျမစ္ငယ္ျမစ္ကူးတံတား

မူလကရွိခဲ့သည့္ ျမစ္ငယ္ျမစ္ကူး ရထားလမ္းတံတားမွာ ဒုတိယကမၻာစစ္အတြင္းက အေမရိကန္ေလတပ္၏ ဗုံးက်ဲဖ်က္ ဆီးမွုေၾကာင့္ ပ်က္ဆီးခဲ့ရၿပီး စစ္အၿပီးတြင္ ျပန္လည္တည္ေဆာက္ခဲ့သည္။ ယခုေနာက္ဆုံး ရန္ကုန္ – မႏၲေလးကားလမ္းမေပၚရွိ တံတားသစ္ႀကီးမွာ အရွည္ ၇၀ဝ ေပ၊အက်ယ္ ၂၇ ေပ ရွိကာ၊ လူသြားလမ္းအက်ယ္ တစ္ဖက္ ၆ ေပစီရွိၿပီး ၁၉၉၉ ခုႏွစ္က ဖြင့္လွစ္ခဲ့ျခင္း ျဖစ္သည္။

ဒု႒ဝတီ(ေရႊစာရံ)တံတား

ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္း ခ႐ိုင္ခ်င္းဆက္လမ္း အမွတ္(၂)မွ တစ္ဆင့္ ဒု႒ဝတီျမစ္ကိုျဖတ္၍ ေက်ာက္ဆည္ႏွင့္ ျပင္ဦးလြင္ၿမိဳ႕သို႔ ဆက္သြယ္သြားလာ ႏိုင္ရန္အတြက္ တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ အရွည္ေပ ၆၆ဝရွိၿပီး ၂၀၁၇ခုႏွစ္က ဖြင့္လွစ္ခဲ့သည္။

ရည္ညႊန္းကိုးကား

ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၉)

———————-

ဒုဋ္ဌဝတီမြစ် အကြောင်းသိကောင်းစရာ (unicode)

မြစ်ငယ်မြစ် (ခေါ်) ဒုဋ္ဌဝတီမြစ် သည် ဧရာဝတီမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သည်။ ပါဠိဘာသာအားဖြင့် ဒုဋ္ဌဝတီ ဆိုသည်မှာ မြန်မာအဓိပ္ပါယ် အားဖြင့် မြစ်ငယ် ဟုပင်ဖြစ်သည်။

ဧရာဝတီမြစ်၏ အရေးကြီးသော မြစ်လက်တက်များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ မိုင်ပေါင်း ၁၃၁ ခန့်ရှည်လျား၏။ မြောက်ပိုင်း ရှမ်းပြည်၏ မြောက်သိန္နီနယ်၌ သိန္နီအရှေ့ဖက် ၂၅ မိုင်အကွာ သံလွင် မြစ်အနီး တောင်ကုန်းများတွင် မြစ်ဖျားခံသည် ။ ဦးစွာ၌ မြောက်သိန္နီနယ်ကို ဖြတ်လျက် တောင်ပိုင်းနယ်သို့ စီးဝင်ပြီးလျှင် သီပေါနယ်တွင်း၌ တောင်ဘက်သို့ ဖြတ်ကျော်စီးဆင်းသွားလေသည်။ မြောက်သိန္နီနှင့် သီပေါနယ်များရှိ အရေးပါသော မြို့များသည် ထိုမြစ်၏ ကမ်းပေါ်တွင် တည်ရှိကြသည်။

ထိုနောက် မြစ်ငယ်မြစ်သည် သီပေါနှင့် ရပ်စောက်နယ်များကို နယ်နိမိတ်ပိုင်းခြား သတ်မှတ် စီးဆင်းပြီးလျှင် တစ်ဖန် မန္တလေးနှင့် ကျောက်ဆည် ခရိုင်တို့ကို နယ်နိမိတ် ပိုင်းခြား စီးဆင်းပြန်၍ နောက်ဆုံးတွင် မန္တလေးမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာ စစ်ကိုင်းမြို့နှင့် မျက်နှာချင်းဆိုင်နေရာ အင်းဝမြို့အထက်နား၌ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်လေသည်။

သိန္နီနယ်တွင် ဖြတ်သန်းလာသော မြစ်အထက်ပိုင်းကို နမ္မတူမြစ်ဟု ခေါ်၍၊ သီပေါနယ်တွင် ဖြတ်သန်းနေသော မြစ်အလယ်ပိုင်းကို ဒုဋ္ဌဝတီ(တုဋ္ဌဝတီ)ဟု ခေါ်ပြီးလျှင် အောက်ပိုင်းကို မြစ်ငယ်မြစ်ဟုခေါ်သည်။ မြစ်ငယ်မြစ်ဟု ခေါ်သော အောက်ပိုင်းတွင် လှေငယ်တက် စင်းများ သွားလာ စုန်ဆန်ရန် အသုံးဝင်သော်လည်း အထက်ပိုင်းတွင် မူကား၊ မြစ်ကျဉ်းမျာ၊ ကျောက်ဆောင်များ ပေါများသောကြောင့် ကူးသန်းသွားလာရန် အလျဉ်းအသုံးမဝင်ချေ။

သို့သော် ကြည်လင် အေးမြသော ရေအယဉ်ဖြင့် တသွင်သွင် စီးဆင်းနေသော ဒုဋ္ဌဝတီ (နမ္မတူ)မြစ်မှာ ရှမ်းပြည် မြောက်ပိုင်း၏ အလှကျက်သရေကို ဆောင်သည်ဟု ဆိုသင့်လေသည်။ ရန်ကုန် – မန္တလေး မီးရထားလမ်းသည် ဧရာဝတီမြစ်အတွင်းသို့ မြစ်ငယ်မြစ် စီးဝင်သည့် နေရာအနီးတွင် ဖြတ်ကျော်သွားသည်။ မြစ်ငယ်မြစ်၏ အရေးကြီးသော မြစ်လက်တက်မှာ သီပေါမြို့၏ အရှေ့ဘက်နားတွင် အရှေ့ဘက်မှ စီးဝင်လာသော နမ့်မမြစ် ဖြစ်သည်။

မြစ်လက်တက်များ

– ဇော်ဂျီမြစ်သည် ကျောက်ဆည်မြို့အနီးတွင် မြစ်ငယ်မြစ်အတွင်းသို့စီးဝင်သည်။
– ပန်းလောင်မြစ်သည် အင်းဝအနီးတွင် မြစ်ငယ်မြစ်နှင့် ပေါင်းဆုံသည်။

မြစ်ကြောင်းတစ်လျှောက် အရေးပါသည့်မြို့များ

– နမ္မတူ
– သိန္နီ
– သီပေါ

သမိုင်းထဲကဒုဋ္ဌဝတီမြစ်

ပုဂံခေတ် အနော်ရထာမင်း၏ ရှမ်းမိဖုရားစောမွန်လှသည် ပုဂံနန်းတော်မှ အထင်လွှဲနှင်ထုတ်ခံရပြီးနောက် ဖခင်ဖြစ်သူ သီပေါစော်ဘွား(အုန်းဘောင်စော်ဘွား) ထံသို့အပြန်တွင် ဒုဋ္ဌဝတီမြစ်ကမ်းပေါ်၌ စေတီတစ်ဆူကို အဓိဌာန်ပြုတည်ထားခဲ့ရာ ယနေ့အခါ တွင် ထိုစေတီကို ရွှေစာရံစေတီ(သို့) ရွှေစာရံဘုရားဟုခေါ်ကြသည်။ ထိုစေတီတွင် နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိသည့် ရွှေစာရံဘုရားပွဲမှာ အထူးပင်စည်ကားလှပေသည်။ မင်းသမီးစောမွန်လှအား ဖခင်စော်ဘွားကြီး စောင့်ကြိုနေသောနေရာတွင် တည်ထားသည့် စေတီ (ဘုရား)မှာ ယနေ့တွင် ဘော်ကြိုဘုရားဟု အထူးထင်ရှားသည့် စေတီ(ဘုရား)ပင်ဖြစ်သည်။

ဆည်မြောင်းတာတမံများ

မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်နေသည့် နာမည်ကျော် ရဲရွာစီမံကိန်းမှာ မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁ မိုင်အကွာတွင် တည်ရှိပါသည်။ ယခုစီမံကိန်းအပြင် အထက်ရဲရွာစီမံကိန်းကိုပါ တည်ဆောက်ခဲ့ ရှိသည်။ ၎င်း စီမံကိန်းပြီးစီးပါက ၂၈၀ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ နှစ်စဉ်လျှပ်စစ်ဓာတ်အားကီလိုဝပ်နာရီသန်းပေါင်း ၁၄၀၉ ကို ဓာတ်အားကွန်ယက်မှတဆင့်မြန်မာတစ်နိုင်ငံလုံးသို့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

မြစ်ငယ်မြစ်ကူးတံတား

မူလကရှိခဲ့သည့် မြစ်ငယ်မြစ်ကူး ရထားလမ်းတံတားမှာ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်လေတပ်၏ ဗုံးကျဲဖျက် ဆီးမှုကြောင့် ပျက်ဆီးခဲ့ရပြီး စစ်အပြီးတွင် ပြန်လည်တည်ဆောက်ခဲ့သည်။ ယခုနောက်ဆုံး ရန်ကုန် – မန္တလေးကားလမ်းမပေါ်ရှိ တံတားသစ်ကြီးမှာ အရှည် ၇ဝဝ ပေ၊အကျယ် ၂၇ ပေ ရှိကာ၊ လူသွားလမ်းအကျယ် တစ်ဖက် ၆ ပေစီရှိပြီး ၁၉၉၉ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ဒုဋ္ဌဝတီ(ရွှေစာရံ)တံတား

ပုသိမ်ကြီးမြို့နယ်အတွင်း ခရိုင်ချင်းဆက်လမ်း အမှတ်(၂)မှ တစ်ဆင့် ဒုဋ္ဌဝတီမြစ်ကိုဖြတ်၍ ကျောက်ဆည်နှင့် ပြင်ဦးလွင်မြို့သို့ ဆက်သွယ်သွားလာ နိုင်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အရှည်ပေ ၆၆ဝရှိပြီး ၂၀၁၇ခုနှစ်က ဖွင့်လှစ်ခဲ့သည်။

ရည်ညွှန်းကိုးကား

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)

Leave a Reply